Workout Lote Mal
From healthy to beauty
ကျွန်တော့်ရဲ့နေ့လည်စာလေးပေါ့ 😊
Leo🦁
27/08/2026
ပုံထဲက အရာဟာ သင် အခုGym မှာတွေ့မြင်နေရတဲ့ Dumbbell ဆိုတဲ့အလေးတွေမပေါ်ခင်က ရှေးခေတ်ဂရိအားကစားသမားတွေလေ့ကျင့်ကြတဲ့အရာပါ “Halteres” (ဟယ်လ်တာရေးစ်) လို့ခေါ်ပါတရ်.
Halteres ဆိုတာဘာလဲ?
ဘီစီ ၅ ရာစုဝန်းကျင်က ရှေးဂရိအားကစားသမားတွေက Halteres လို့ခေါ်တဲ့ အလေးတုံးတွေကို အသုံးပြုခဲ့ကြပါတရ်.
Halters တွေကို များသောအားဖြင့် ကျောက် သို့မဟုတ် သတ္တုတွေနဲ့ပြုလုပ်ထားပါတရ်.
ဒီဟာတွေက ယနေ့ Dumbbell နဲ့ ပုံစံတွေနဲ့ အတော်လေးဆင်တူပြီး အဓိကအားဖြင့် အားကစားလေ့ကျင့်ခြင်း၊ ခုန်ခြင်း စတာတွေအတွက် အသုံးပြုခဲ့ကြပါတရ်.
၁၈–၁၉ ရာစုလောက်တွင်
Europe မှာ Gymnastics နဲ့ Strength Training ပိုမိုဖွံ့ဖြိုးလာတဲ့အခါ အလေးတုံးတွေကို Training အတွက် ပိုပြီးအသုံးပြုလာကြပါတရ်
အဲဒီကာလမှာ ယနေ့လို Dumbbell ပုံစံ တွေ တဖြည်းဖြည်းပေါ်လာပြီး ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ တဖြည်းဖြည်းအဆင့်မြင့်ရာမှာ ဒီနေ့ခေတ်ရဲ့ Dumbbell တွေဖြစ်လာပါတော့တရ်.
Dumbbell ရဲ့ ရှေးခေတ်အစောပိုင်းပုံစံလို့ လဲပြောနိုင်ပါတရ်.
ဗဟုသုတအနေနဲ့ကျွန်တော်လေ့လာမိသလောက်တင်ပေးလိုက်ရပါ.
Leo🦁
“ဘီလူးတစ်ကောင်ရဲ့ကကြိုး”
Leo🦁
🇲🇲
🦁 𝙎𝙞𝙧.𝙇𝙚𝙤 𝙜𝙪𝙞𝙙𝙖𝙣𝙘𝙚 : 100 % 💪🏻
👩🏻🦰 𝙎𝙝𝙚 𝙚𝙛𝙛𝙤𝙧𝙩 : 1000 % 💪🏻
Leo🦁
11/07/2026
Pizza 4 ချပ်မစားလို့ကျေးဇူးအများကြီးတင်ပါတရ်နော် 😏
Trainer 🦁 : “ Gym မလာဖြစ်ရင်အစား
ထိန်းစားနော် “
Client : “ ဟုတ်ကဲ့ “
“ ထိန်းစားပါတရ်” “ ဆရာ “
Trainer 🦁 : “ ဟုတ်လား “
“ ဘရ်လိုတွေထိန်းစားလဲ
ပြောပြပါဦး “
Client : “ Pizza 4 ချပ်စားမှာကို 3 ချပ်ပဲစား
လိုက်တရ် ဆရာ “
Sir.Leo 🦁
09/07/2026
ဒီ Post က Gym နဲ့တော့ မဆိုင်ပေမဲ့ ဒီနေ့ ကျွန်တော် Gym လာရင်းနဲ့ YBS ကားပေါ်မှာ ခါးပိုက်နှိုက်က ကောင်မလေးတစ်ယောက်ရဲ့ ဖုန်းကို နှိုက်သွားတရ် .
ဖုန်းဆက်ကြည့်တော့ ဆက်ပိတ်ထားတရ် .ကားသမားကရဲစခန်းကိုမောင်းပေးပင်မဲ့လဲ ကောင်မလေးကတော့ ထားလိုက်ပါတော့ဆိုပြီး ကိစ္စကဒီမှာတင်ပြီးသွားခဲ့တရ် .
ခါးပိုက်နှိုက်က ဆင်းသွားပြီလား ဆက်ရှိနေလား ဆိုတာတော့ ဘရ်သူမှမသိနိုင်ပါဘူး.
ဒါကြောင့် … ကားစစီးပြီးဆိုထဲက သတိနဲ့နေပြီး ကိုရ့်ရဲ့ ပစ္စည်းတွေကို အတတ်နိုင်ဆုံးဂရုစိုက်သင့်ပါကြောင်းနှင့် ကားပေါ်မှာခါးပိုက်အနှိုက်မခံရအောင်ဘရ်လိုအချက်တွေသိထားသင့်လဲဆိုတာကို ကျွန်တော်သိသလောက်မျှဝေပေးလိုက်ပါတရ်.
ကားစီးတဲ့အခါ (Bus, YBS, ခရီးဝေးကား စတာတွေ) မှာ ခါးပိုက်နှိုက်မခံရအောင်အောက်ပါအချက်တွေကို သတိထားသင့်ပါတရ်.
🚌 ကားစီးတဲ့အခါ ဆင်းရလွရ်တဲ့ နေရာမှာမနေပါနဲ့
🚌 လူတစ်ယောက်က တခြားနေရာမှာနေလို့အဆင်ပြေရဲ့သားနဲ့ ကိုရ့်အနားမှာပဲနေနေတရ်ဆို သတိထားပါ.
🚌 ကားပေါ်စတက်တဲ့အခါမှာလဲ ကိုရ်ပစ္စည်းတွေကိုဂရုစိုက်ပါ ( လူတွေက ထိုင်ခုံရဖို့ ပဲတွေးတတ်လို့ပါ )
🎒 အိတ်ကို ကျောနောက်မပိုးဘဲ ရင်ဘက်ရှေ့ဘက်မှာ ကိုင်ထားပါ.
📱 ဖုန်း၊ ပိုက်ဆံအိတ်ကို ရှေ့အိတ် (Front Pocket) သို့မဟုတ် ဇစ်ပါတဲ့ အိတ်ထဲ ထည့်ပါ.
🔒 အိတ်ဇစ်ကို အမြဲပိတ်ထားပြီး လက်တစ်ဖက်နဲ့ ထိန်းထားပါ.
💳 ငွေသား၊ ဘဏ်ကတ်တွေကို တစ်နေရာတည်း မထားဘဲ ခွဲထားပါ.
👀 လူအရမ်းကြပ်တဲ့အချိန်မှာ ကိုယ့်ပစ္စည်းကို အမြဲသတိထားကြည့်ပါ.
❌ ဖုန်းကို နောက်အိတ် (Back Pocket) ထဲ မထည့်ပါနဲ့.
❌ ပိုက်ဆံအများကြီးကို လက်ထဲထုတ်ရေတွက်တာ၊ လူရှေ့မှာ ပြတာကို ရှောင်ပါ.
❌ ကျောပိုးအိတ်ကို နောက်ကျောမှာထားပြီး လူကြပ်တဲ့နေရာကို မဝင်ပါနဲ့.
❌ အာရုံပျံ့စေမယ့်အရာ (ဖုန်းအလွန်သုံးခြင်း၊ အိပ်ပျော်သွားခြင်း ၊ သီချင်းနားထောင်နေခြင်း )တွေ ကို သတိထားပါ.
❌ မသိတဲ့သူက မလိုအပ်ဘဲ တိုက်မိ၊ စကားအများကြီးလာပြော၊ အာရုံလွှဲဖို့ ကြိုးစားရင် သတိထားပါ.
❗️ ခါးပိုက်နှိုက်သူတွေရဲ့ လှည့်ကွက်တွေက ❗️
လူတစ်ယောက်က တမင်တိုက်မိပြီး နောက်တစ်ယောက်က ပစ္စည်းယူသွားခြင်း.
ကားတက်၊ ကားဆင်းတဲ့ လူရှုပ်ချိန်ကို အခွင့်ကောင်းယူခြင်း.
အဝတ်အစား၊ အိတ်၊ သတင်းစာ စတာတွေနဲ့ လက်ကို ဖုံးကာ ပစ္စည်းယူခြင်း.
ခါးပိုက်နှိုက်ခံရပြီဆိုရင်
ATM/ဘဏ်ကတ်တွေကို ချက်ချင်းပိတ်ပါ.
ဖုန်းပါသွားရင် SIM ကို ပိတ်ပြီး Find My Device/Find My iPhone နဲ့ ရှာကြည့်ပါ.
အနီးဆုံး ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားပါ.
‼️ ဒီအချက်တွေကို သိထားမရ် ဂရုစိုက်မရ်ဆိုရင် ခါးပိုက်နှိုက်ခံရမှာမဟုတ်ပါဘူး ‼️
‼️‼️ အရမ်းအရေးကြီးတဲ့အချက်ရှိပါတရ် ‼️‼️
ခါးပိုက်နှိုက်က တခြားတစ်ယောက်ကိုနှိုက်နေတာ တွေ့တရ်ဆို “ ခါးပိုက်နှိုက် “ ဘာ ညာ မအော်လိုက်ပါနဲ့ .
❗️ ခါးပိုက်နှိုက်တွေက တစ်ယောက်ထဲ ဘရ်တော့မှမလာပါ ❗️
အတတ်နိုင်ဆုံး ခါးပိုက်အနှိုက်ခံရသူကို လက်တို့တာ သို့မဟုတ် ကားသမားဆီကိုအမြန်သွားပြီး အကျိုးအကြောင်းသွားပြောတာလုပ်သင့်ပါတရ်.
‼️ မဟုတ်ရင် အသင်အန္တရာရ်ပြုနိုင်ပါတရ် ‼️
“ အားလုံးပဲ ခါးပိုက်နှိုက်ရန်မှကင်းဝေးကြပါစေ “
“ ခါးပိုက်နှိုက်ခံရတဲ့အတွေ့အကြုံလေးတွေရှိရင်လဲ ရင်ဖွင့်သွားခဲ့ပါဦးခင်ဗျ “ 😊
Leo🦁
အထူးသဖြင့် လကို ရ ဇစ်အမြဲပထားရင် ခါးပိုက်နှိုက်ခံရနိုင်ခြေကို အတော်လေး လျှေိ
Monday နဲ့တင် ဇာတ်သိမ်းပြီး အကရ်ဒမီပါရသွားပါသော 🏆
Sir.Leo 🦁
06/07/2026
“ ခဏနေလေ့ကျင့်ခန်းလုပ်တော့မရ် Gym ထဲဝင်လာတော့မှ ပေါင်မုန့်တွေအမြန်စား ပဲနို့တွေ ဒိန်ချဉ်တွေ ကြက်ဥတွေ စားပြီး လေ့ကျင့်ခန်းလုပ်ကြသူများ အဆုံးထိဖတ်ပါ “ 👇🏻👇🏻👇🏻
လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ အားရှိနေဖို့လိုပါတရ် . အားရှိဖို့အတွက်လဲ အစာစားရပါတရ် . အားရှိဖို့အတွက် အစားစားတဲ့အခါမှာ အစားအစာတွေဆီက အာဟာရတွေကိုရဖို့ အစားအစာတွေကို အစာအိမ်မှာချေဖျက်ရပါသေးတရ် . ချေဖျက်လို့ရလာတဲ့ အာဟာရတွေကိုမှသွေးထဲကနေတဆင့် ပို့ဆောင်ပေးပြီး သိမ်းရမဲ့နေရာတွေမှာ သိမ်းဆည်း ထုတ်ယူအသုံးချပါတရ်.
Gym ဆော့တော့မယ့်အချိန်မှာ အစာအများကြီးစားပြီး ချက်ချင်းလေ့ကျင့်ရင် ဒီလိုဖြစ်နိုင်ပါတရ် .
🤢 ဗိုက်လေးပြီး မအီမသာဖြစ်နိုင်တရ်.
😣 ဗိုက်အောင့်တာ၊ ဘေးနံရိုးနား နာတာ (stitch) ဖြစ်နိုင်တရ်.
🤮 အန်ချင်တာ၊ အစာပြန်တက်တာ (acid reflux) ဖြစ်နိုင်တရ်.
💪 စွမ်းဆောင်ရည်ကျပြီး အလေးမတင်နိုင်၊ မပြေးနိုင်လောက်အောင် ပင်ပန်းလွယ်တရ်.
ဘာကြောင့်လဲ? 🤷🏻♂️
အစာစားပြီးချိန်မှာ ခန္ဓာကိုယ်က အစာအိမ်ကို သွေးပိုပို့ပြီး အစာကြေဖျက်နေပါတရ်.
အဲဒီအချိန်မှာ Gym ဆော့လိုက်ရင် ကြွက်သားတွေလည်း သွေးလိုအပ်တာကြောင့် ခန္ဓာကိုယ်က အလုပ်နှစ်ခုကို တစ်ပြိုင်နက် လုပ်ရပြီး မအီမသာဖြစ်နိုင်ပါတရ်.
အစာခြေတဲ့အကြောင်း အဆင့်လိုက် ရှင်းပြရမရ်ဆို
1. ပါးစပ် 👄
သွားနဲ့ ဝါးကြေပါတရ်.တံတွေးထဲက Enzyme (Amylase) က Carbohydrate (ထမင်း၊ ပေါင်မုန့်) ကို စတင်ချေဖျက်လိုက်တရ်.
2. အစာအိမ် 🫃
အစာအိမ်အက်ဆစ် (Hydrochloric acid) နဲ့ Enzyme တွေက Protein (အသား၊ ဥ) ကို ချေဖျက်ပါတရ်.
အစာက အရည်ပုံစံ (Chyme) ဖြစ်လာပါတရ်.
ဒီအဆင့်မှာ ၂–၄ နာရီလောက် ကြာတတ်ပါတရ်.
3. အူသေး (Small Intestine)
ဒီနေရာက အာဟာရအများစုကို စုပ်ယူတဲ့ နေရာပါ. အသည်းက ထုတ်တဲ့ Bile က အဆီကို ခွဲပေးပါတရ်
ပန်ကရိယ (Pancreas) က Enzyme တွေ ထုတ်ပေးပြီး
Carbohydrate → Glucose
Protein → Amino Acids
Fat → Fatty Acids + Glycerol
အဖြစ် ချေဖျက်ပါတရ်.
4. အာဟာရစုပ်ယူခြင်း 🩸
အူသေးရဲ့ နံရံမှာရှိတဲ့ သေးငယ်တဲ့ အမွှေးလေးတွေ (Villi) က အာဟာရကို သွေးထဲ စုပ်ယူပါတရ်.
🍚 Carbohydrate → Glucose → စွမ်းအင်အဖြစ် သုံးပါတရ်.
🍗 Protein → Amino Acids → ကြွက်သား၊ အရိုး၊ အရေပြား ပြန်လည်တည်ဆောက်ရာမှာ သုံးပါတယ်။
🥑 Fat → Fatty Acids → စွမ်းအင်၊ ဟော်မုန်းထုတ်လုပ်မှုနဲ့ ဗီတာမင် A, D, E, K စုပ်ယူရာမှာ ကူညီပါတရ်.
5. အူမကြီး (Large Intestine)
ရေနဲ့ သတ္တုဓာတ်အချို့ကို ပြန်စုပ်ယူပါတရ်.
ကျန်တဲ့ အစာအကြွင်းအကျန်တွေကို မစင်အဖြစ် ထုတ်ပေးပါတရ်.
ဥပမာ အနေဖြင့် ပေါင်မုန့်စားရင်
Carbohydrate → Glucose ဖြစ်သွားပြီး သွေးထဲဝင်လာတရ်. Glucose ကို ကြွက်သားနဲ့ အသည်းမှာ Glycogen အဖြစ် သိမ်းထားပါတရ်.Gym ဆော့တဲ့အချိန်မှာ အဲဒီ Glycogen ကို ပြန်အသုံးပြုလိုက်တာပါ.
ဒါကြောင့် Gym မဝင်ခင် Carbohydrate အနည်းငယ်စားတာက စွမ်းအင်ပေးနိုင်ပေမယ့်၊ အစာကြီးစားပြီး ချက်ချင်းဆော့တာက အစာမကြေသေးလို့ မအီမသာဖြစ်နိုင်ပါတယ်Gym မဝင်ခင် အစာပေါ့ပေါ့ဆို ၃၀–၆၀ မိနစ်၊ အစာအပြည့်ဆို ၂–၃ နာရီလောက် စောင့်တာက အကောင်းဆုံးဖြစ်ပါတရ်
ဒီလောက်ဆို …
လေ့ကျင့်ခန်း လုပ်ခါနီးမှာ အစားစားသင့်လား ?
စားထားတရ်ဆို ဘရ်လောက်ခြားပြီးမှ လေ့ကျင့်ခန်းလုပ်ရမလဲ သိလောက်ပြီ ထင်ပါတရ် .
“ အားလုံးပဲ Gym မှာ ဆန်ပြုတ်တွေမရောင်းကြပါစေနဲ့ “ 😁
Leo🦁
02/07/2026
ရပါတရ်ခင်ဗျာ 👍🏻
ဒါပေမရ့် …
လူတိုင်းအတွက်တော့ မသင့်တော်ပါဘူး.
အကရ်၍ မနက်စာမစားဘဲ (Intermittent Fasting လုပ်တဲ့ပုံစံ) နေနိုင်ပြီး
- တစ်နေ့တာ စားသုံးတဲ့ Calories နဲ့ Protein လုံလောက်တယ် ✔️
- အားမနည်းဘူး ✔️
- အလုပ်လုပ်ရတာ အဆင်ပြေတယ် ✔️
ဆိုရင် ကျန်းမာတဲ့လူအချို့အတွက် ပြဿနာမရှိနိုင်ပါဘူး 👍🏻
ဒါပေမယ့် …
Gym ဆော့သူ Weight Training လုပ်သူဆိုရင်တော့ သတိထားရပါတရ်.မနက် Gym ဆော့မယ်ဆိုရင် မစားဘဲဆော့ရင်
အားနည်းနိုင်တရ် ❗️
လေ့ကျင့်ခန်း Performance ကျနိုင်တရ် ❗️
Muscle ထိန်းသိမ်းဖို့ Protein ရဖို့ အချိန်နောက်ကျသွားနိုင်တရ် ❗️.
✅ မနက်စာမစားလို့ အဆင်ပြေနိုင်သူတွေကတော့…
- မနက်ပိုင်း ဗိုက်မဆာတဲ့သူ
- တစ်နေ့တာ ကယ်လိုရီကို ကျန်အချိန်မှာ လုံလောက်အောင်စားနိုင်သူ
- ကျန်းမာရေးပြဿနာမရှိသူ တွေဖြစ်ကြပြီး
🚨 မနက်စာမစားလို့ မဖြစ်တဲ့သူတွေကတော့
- သွေးချိုရှိသူ
- ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်မိခင်
- မကြာခဏ ခေါင်းမူး၊ သွေးပေါင်ကျတတ်သူ
- အလွန်ပြင်းထန်တဲ့ Gym Training ကို မနက်အစောကြီးလုပ်သူ တွေပဲဖြစ်ပါတရ်.
Weight Loss အတွက်ဆိုရင်
မနက်စာစားတာ မစားတာထက် တစ်နေ့လုံး Calories Deficit ဖြစ်နေတာ က ပိုအရေးကြီးပါတရ်.🚨
ကျွန်တော် Trainer တစ်ယောက်အနေနဲ့ အကြံပေးရမရ်ဆိုရင်
မနက် Gym မဆော့ရင် မနက်စာမစားဘဲ နေလဲနေလို့ရပါတရ် 👍🏻
ဒါပေမဲ့ ❗️❗️
❗️ကိုရ့်ရဲ့ကျန်းမာရေးအခြေအနေ ခံနိုင်ရည်ရှိမှုတွေကိုတော့ ဂရုစိုက် သိထားဖို့တော့လိုပါမရ် ❗️
မနက် Gym ဆော့မယ်ဆိုရင်တော့ Workout မတိုင်ခင်
- ကြက်ဥပြုတ် 🥚
- ငှက်ပျောသီး 🍌
- Greek Yogurt 🥣
- Whey Protein 🥛
- ပေါင်မုန့် 🍞
စတာမျိုးကို အနည်းငယ်စားပြီး ဆော့တာက ပိုကောင်းပါတရ်လို့ အကြံပြုချင်ပါတရ်.
“ အားလုံးပဲ ကျန်းမာကြပါစေ “ 🙏🏻
Leo🦁
𝑆𝑙𝑒𝑒𝑝𝑖𝑛𝑔 𝑠𝑡𝑎𝑏𝑖𝑙𝑖𝑡𝑦 𝑜𝑛 𝑡ℎ𝑒 𝐷𝐵 𝑖𝑛 𝑡ℎ𝑒 𝑚𝑜𝑟𝑛𝑖𝑛𝑔 😎☀️
Leo🦁
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon