Green Nature
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Green Nature, Skin Care Service, Yangon.
31/10/2020
05/10/2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
အမိန့်အမှတ် ၁၁၃/၂၀၂၀
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
အမိန့်အမှတ် ၁၁၃/၂၀၂၀
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်)
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
24/09/2020
ော့ မရေးတော့ဘူးလို့ လုပ်နေတာ
ပိုပိုဆိုးလာတယ် ဆေးဆိုင်တွေမှာ အဝယ်လိုက်လာတယ်
ဘာကြောင့်မှန်းမသိပဲ Covid ကာကွယ်ဆေးဆိုပြီး လာဝယ်နေကြတယ် ။ လိုင်းပေါ်ကတွေ့လို့ ( Facebook ) လာဝယ်တာ တဲ့
ဆေးရဲ့ ကောင်းကျိုး ဆိုးကျိုး ဘာမှမသိပဲ သောက်နေကြတော့မှာလား
** တန်ဆေး လွန်ဘေး **
ပုံမှန်ပြထားတဲ့ဆေးတွေရဲ့ ကောင်းခြင်း ဆိုးခြင်းတွေသာ ရေးပါမည် ။ သောက်မသောက် တော့ ကိုယ်တိုင်ဆုံးဖြတ်ကြပါ ။
Cevit ....
Cevit ဆိုတာ လူအတော်များများနဲ့ ရင်းနှီးပြီးသားမို့ သိပ်မပြောလိုတော့
နှာစေး ၊ ယားယံ ၊ အအေးမိခြင်းကို ကာကွယ်တယ် ။ အနာကျက်တဲ့နေရာအတွက်လဲ သုံးတယ် ။
လူတစ်ယောက်အတွက် တစ်နေ့တာ Cevit လိုအပ်ချက်က 30 ကနေ 50 mg အထိ ပဲလိုတယ် ။
ဘာလို့လဲ ဆိုတော့ အစားအသောက် တွေထဲကနေ ရနေလို့ပဲ ။
အဲ့ဒီတော့ သောက်ချင်တဲ့သူတွေအနေနဲ့ 100 mg ကနေ 200 mg အထိ ပဲ သောက်ကြပါ ။ 500 mg ဆိုရင်ကို များနေပြီ ။
Cevit ( BPI or MPF ) တစ်လုံးမှာ 100 mg ပါတယ် ။
Vitacee / Vicee / Limcee တို့မှာ 500 mg ပါပြီး
ကလေးစားတဲ့ Cevit ချိုချဥ်တွေမှာ 25mg ပါပါတယ်
ဆေးအချိန်အဆများများ နဲ့ နေ့တိုင်းသောက်နေမယ် ဆိုရင် ကျောက်ကပ် ထိခိုက်နိုင်တယ် ။ ကျောက်ကပ်မှာ ကျောက်တည်နိုင်တယ် ။
Vitamin D ...
Vitamin D ဆိုတာလဲ လူတွေနဲ့ မစိမ်းတဲ့အရာပါပဲ ။ သူလဲ အစားအစာထဲက အသည်းတို့ ငါးကြီးဆီ တို့ကနေ ရတယ် ။
Vitamin D ချို့တဲ့ခြင်းကို ကာကွယ်ရန်အတွက် 400 IU သာ သောက်ရန်လိုအပ်တယ် ။
အရိုးပျော့ရောဂါတို့ ရစ်ကတ်ရောဂါတို့မှာ Vitamin D ကိုသုံးတယ် ။ အရိုး အတွက် သွားအတွက် Immunity အတွက် ကောင်းတယ် ဆိုပေမယ့် ဆေးပမာဏ များရင် အစားအသောက်ပျက်မယ် ၊ နွမ်းနယ်မယ် ၊ ကိုယ်အလေးချိန်ကျမယ် ၊ ခေါင်းကိုက်မယ် ။
သွေးတွင်း ကယ်လ်ဆီယမ် များနေသူတွေမသောက်သင့်သလို ဆီးကျိတ်ရောဂါသည်တွေ မသောက်သင့်ဘူး ။ ရေများများသောက်ပေးပါ ။
CoQ 10....
ဒီဆေးက Antioxidant ဆေးဖြစ်တယ် ။
နှလုံးသွေးကြော ရောဂါတွေ ၊ အိုမင်းရင့်ရော်မှုတွေကို ကာကွယ်ပေးတယ် ။ ဘေးထွက်ဆိုးကျိုး သိပ်မရှိပေမယ့် ကိုယ်ဝန်ဆောင် မိခင်တွေ ၊ နို့တိုက်မိခင်တွေ နဲ့ ကလေးငယ်တွေ မသုံးသင့်ပါဘူး ။
Zinc ...
ဇင့် ဆေးကို ဝမ်းပျက် ဝမ်းလျှော နဲ့ အသက်ရူလမ်းကြောင်းပိုးဝင်တဲ့နေရာမှာသုံးတယ် ။
ဆေးပမာဏများရင် ဘေးထွက်ဆိုးကျိုး အနေနဲ့ ဖျားမယ် ပျို့တာ အန်တာ ရှိမယ် အသက်ရူမဝတာဖြစ်မယ် ။
ဒီဆေးတွေ အကုန်သောက်နေမယ့်အစား
အိမ်ထဲနေပါ
မဖြစ်သာလို့ အပြင်ထွက်ရင် Mask တပ်ပါ
ခဏခဏ လက်ဆေးပါ
Covid 19 မှ ကင်းဝေးကြပါစေ
Photo မူရင်းပိုင်ရှင်ကို credit ပေးပါတယ် ။
22/09/2020
BREAKING
------------------
ပြည်သူတွေ တောင်းဆိုနေကြသလို
ကပ်ရောဂါ ပျံ့နှံ့နေမှုကြောင့်
အခွန်ဆောင်ရမည့် နောက်ဆုံးရက်ကို
စက်တင်ဘာ ၃၀ အစား
ဒီဇင်ဘာ ၃၀ အထိ ရက်တိုးမြှင့်ပေးလိုက်ပါသည်
အခွန်ရုံးမှာ စုပြုံမတိုးပဲ
အိမ်မှာပဲ နေပေးကြပါ ...
21/09/2020
အဖက်ဖက်ကစဉ်းစားပေးထားတဲ့အမိန့်ကိုကြိုဆိုပါတယ်။ သိပ်မရှင်းတဲ့သူတွေရှိလို့ နားလည်သလောက်ရှင်းပြပါမယ်။
၁) ပထမဆုံးအနေနဲ့ "Stay at Home" အိမ်မှာနေခိုင်းတာဖြစ်ပါတယ်။ Lockdown မဟုတ်ပါဘူး။
၂) အစိုးရဝန်ထမ်းတွေ ၁၄/၀၉ လက ထုတ်ပြန်တဲ့ညွှန်ကြားချက်အတိုင်း နှစ်ပတ်ရုံးတက် နှစ်ပတ်အိမ်မှာနေရုံးလုပ်ငန်းဆောင်ရွက်ရပါမယ်။ အစိုးရယန္တယားရပ်မသွားပါဘူး။
၃) ဘဏ် နဲ့ ငွေကြေးဝန်ဆောင်မှုတွေ(နိုင်ငံခြားငွေလဲ၊ အသေးစားငွေချေးလုပ်ငန်းစသည်) မပိတ်ပါဘူး။ ငွေလွှဲ။ ငွေထုတ်ရပါတယ်။
၄) စက်သုံးဆီဆိုင်တွေမပိတ်ပါဘူး။
၅) စားသောက်ကုန်၊ ဆေးဝါး၊ ရေသန့်၊ တကိုယ်ရေသုံးပစ္စည်း(အမျိုးသမီးသုံးပစ္စည်း၊ ဆပ်ပြာ၊ လက်သန့်ဆေးစသည်) ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရေး လုပ်ငန်းတွေပိတ်စရာမလိုပါဘူး။ အဆိုပါစက်ရုံတွေ၊ ဆိုင်တွေ ဖွင့်လို့ရပါတယ်။ အခြေခံလိုအပ်ချက်တွေ ဝယ်လို့ရမှာပါ။ ပြုံတိုးလုယက်ပြီးဝယ်ထားစရာမလိုပါဘူး။
၆) ပုဂ္ဂလိကကုမ္ပဏီရုံးနဲ့ အဖွဲ့အစည်းတွေအနေနဲ့တော့ ၂၁ ရက်နေ့ကစပြီး အိမ်မှာပဲအလုပ်လုပ်ရပါမယ်။
၇) ကုန်ကြမ်းပေး ကုန်ချောယူ လက်ခစားအလုပ်များ (အထည်ချုပ်၊ ဖိနပ်ချုပ်၊ ရန်ကုန်တိုင်းတွင်းစပါးပေးဆန်ယူဆန်စက်၊ ပစ္စည်းတပ်ဆင်ပေးသောလက်ခစား နဝလီအလုပ်များ) ၂၄.၀၉ လမှ ၇.၁၀ လထိ စက်ရုံပိတ်ရပါမယ်။ လူများလို့ဖြစ်ပါတယ်။
၈) ဈေးဝယ် တအိမ်တဦး မဖြစ်မနေဆိုထွက်လို့ရပါတယ်။ ထွက်စရာမလိုအောင် လျော့ချနိုင်ရင်ကောင်းပါတယ်။
၉) ဆေးရုံဆေးခန်းသွားလို့ရပါတယ် (သွားလို့ရတယ်ဆိုတဲ့နောက် GP တွေဖွင့်လို့ရပါတယ်)။ နှစ်ဦးထွက်လို့ပါတယ်။
၁၀) ဘာကြောင့်ပဲထွက်ထွက် Mask တပ်ရပါမယ်။
၁၁) အထက်ဖော်ပြပါတာဝန်ထမ်းဆောင်မှုသွားတဲ့သူတွေကို ကြိုပို့တဲ့ကားတွေ ရပ်ကွက်ကျော်သွားလာခွင့်ရှိပြီး အခြား အလုပ်၊ ဈေးဝယ်၊ ဆေးခန်းပြ မဟုတ်သောအကြောင်းများဖြင့် မည်သည့်ကားမှ ရပ်ကွက်ကျော်သွားလာခွင့်မပြုပါ။
၁၂) ကားဖြင့်ဈေးဝယ်ပါက ယာဉ်မောင်းပါဆို ၂ ဦး၊ ဆေးခန်းပြပါက ယာဉ်မောင်းပါဆို ၃ ဦးထိခွင့်ပြုပါတယ်။
၁၃) ဈေးဝယ်ခြင်းနှင့်ဆေးခန်းပြခြင်းအတွက် ခွင့်ပြုဦးရေထက်ပိုမိုရန်ရှိပါက ရပ်ကွက်တာဝန်ရှိသူကိုသတင်းပို့ခွင့်ပြချက်ယူရန်။
၁၄) ရပ်ကွက်တာဝန်ရှိသူများက အထက်ပါခွင့်ပြုထားသည့် လုပ်ငန်း၊ ဝန်ဆောင်မှုများ သို့သွားရောက်၊ ပြန်လာသည့် သူများမှအပ ကျန်သူများကို ရပ်ကွက်တွင်း ဝင်ထွက်ခွင့်မပြုရန်။
၁၅) အထက်ပါအချက်များကို ၂၁.၀၉ တနင်္လာနေ့မှစတင် အကောင်အထည်ဖော်ရန်ဖြစ်ပါတယ်။
12/09/2020
ကျွန်တော်တို့ဆေးရုံမှာတက်နေတဲ့ COVID လူနာတွေကို ဆေးရုံဘယ်တော့ဆင်းရမလဲဆိုတာနဲ့ မိသားစုတွေ ဘယ်တော့ Quarantine ကထွက်ရမလဲဆိုတာ ဒီပုံလေးနဲ့ ရှင်းပြဖြစ်ပါတယ်။ ဒါကို အများလည်းသိသင့်တယ်ထင်လို့ တင်လိုက်တာပါ။
ပိုးတွေ့တဲ့လူကတော့ ရှင်းပါတယ်။ ဆယ့်တစ်ရက်ဆိုရင် သူများကို မကူးစက်နိုင်တော့ဘူး။ ရောဂါ လက္ခဏာလည်း သက်သာပြီဆိုရင် နှစ်ပတ်ဆိုရင် ဆင်းခွင့်ရပြီ။ ရောဂါလက္ခဏာပြင်းထန်ရင်တော့ သုံးပတ်လောက် အနည်းဆုံးနေပြီးမှ ဆင်းရပါမယ်။
ပိုးရှိသူနဲ့ ထိတွေ့မိသူတွေကတော့ ရောဂါပျိုးရက်က အများဆုံး ၁၄ ရက်အထိကြာနိုင်တာမို့ ထိတွေ့မိတာကနေ ၁၄ ရက်ထိ Q ဝင် ရပါတယ်။
ပြီးရင် ပို စိတ်ချရအောင် ပိုးတွေ့သူရော ထိတွေ့မိသူရော အိမ်မှာ Home Q ၇ ရက် ထပ်နေဖို့သတ်မှတ်ထားပါတယ်။
ပိုးတွေ့သူရော ထိတွေ့မိသူရော နှစ်ပတ်ဖြတ်ကျော်ပြီးရင် ပြီးပါပြီ။ စိတ်အေးအေးထားပြီး စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ဖြတ်ကျော်ကြပါ။ အောင်မြင်စွာဖြတ်ကျော်နိုင်ကြမယ်လို့ယုံကြည်ပါတယ်။
ကမ္ဘာကြီးလည်း အမြန်ကျန်းမာပါစေ။
Crd:
08/09/2020
06/09/2020
05/09/2020
# ဂုတ် ခါး ဒူး ဖနောင့်
အရိုးကျီးပေါင်း ( အရိုးအတက်) ထွက်ခြင်း
အရိုးကျိုးသည့်နေရာ အရိုးကျီးပေါင်းတက် အရိုးအဖုဖြစ်နေသည့် သူများအတွက် လက်တွေ့ဆေးနည်း
၁ ။ ဟင်းနုနွယ်ဆူးပေါက်ပင် ပဉ္စငါးပါး လက်တစ်ဆုပ် ။ ( ဟင်းနုနွယ်အရိုင်းပင် ဆူးများပါပါသည် )
၂ ။ ထမင်း လက်တစ်ဆုပ် ။
ဟင်းနုနွယ်ဆူးပေါက် လက်တစ်ဆုပ် အပင်အရွက် အမြစ် ပါ ( ပဉ္စငါးပါးရေသေခြာဆေး ) ဓားဖြင့်စင်းပြီး ထမင်းလက်တစ်စုပ် ဆတူကို ဆုံးတစ်ခုမှာ ထည့်ထောင်းပါ ။
( မိမိ အရိုးနာနေတဲ့နေရာကို တအုပ်စာခန့်မှန်းပြီး နှစ်မျိုးပေါင်းကို ညက်အောင်ထောင်းပါ )
ထောင်းပြီးရင် ပတ္တီးစခေါက်ပြီး အနာဆေးထည့်သလို ဆေးကိုအရင်အုပ် ပြီးတော့ ကျီးပေါင်းဖြစ်သည့် နာကျင်သောနေရာ ဂုတ် သို့ ခါး တို့အား ပတ်တီးစကို အဲ့ဒီ အပေါ်ကအုပ်ပြီး စက္ကူတိတ်ကပ်ပေးထားပါ ။
ခြေဖနောင့် တတောင်ဆစ် ဒူးတို့အတွက် ဆေးအုံပြီး ပတ်တီးဖြင့်စီးပေးထားလျှင်ရပါသည် ။
မနက် တစ်နာရီကပ် အသစ်ပြန်ထောင်း ညဖက် တစ်နာရီကပ် တနေ့ ၂ ခါကပ်ပေးပါ ။
( အချိန်ပိုလည်းရပါတယ် )
ကျီးပေါင်း ( အရိုးအတက်ထွက်ခြင်းအတွက် ထိရောက်ပါတယ်)
တပတ်ခန့်စိတ်ရှည်ရှည်နှင့် ပုံမှန်လုပ်ပေးပါက အရိုးကျီးပေါင်းအတွက်အမှန်တကယ်ထူးခြားလာပါလိမ့်မယ် ။
13/05/2020
နေအိမ်တွင်နေထိုင်ခြင်း (Stay at Home)
ကာလအတွင်း ကျန်းမာစွာနေထိုင်နိုင်ရေးအတွက်
လိုက်နာဆောင်ရွက်ရန်အချက်များ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
6676126