Nwe

Nwe

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nwe, Yangon.

09/03/2022

ပန်းတိုင်ကို ရောက်ဖို့အတွက်⛳
လူတွေရဲ့မျက်လုံးတွေကိုမကြည့်ပါနဲ့
ကိုယ့်လမ်းကိုသာကြည့်ပါ ...

အောင်မြင်မှု ရဖို့အတွက်
လူတွေရဲ့စကားတွေကို
နားထောင်မနေပါနဲ့
ကိုယ့်ဆုံးဖြတ်ချက်ကိုသာ
ခိုင်ခိုင်မာမာချပါ .....

ဘဝတက်လမ်းအတွက်
လူတွေရဲ့အမူအရာတွေကိုဂရုမစိုက်ပါနဲ့
ကိုယ်လုပ်သင့်တာကိုရဲရဲဝံ့ဝံ့လုပ်ပါ ...

စကားများများပြောမိရင်
ရူးနေလားလို့အထင်ခံရလိမ့်မယ် ..

စကားပြန်မပြောရင်လည်း
မာနကြီးတယ်လို့အထင်ခံရလိမ့်မယ်

အမြဲတမ်းပြုံးနေရင်
ပေါတောတောလို့အထင်ခံရလိမ့်မယ် ....

တည်တည်ကြည်ကြည်နေမိရင်လည်း
ဘဝင်မြင့်နေတယ်လို့အထင်ခံရလိမ့်မယ် ...

ကိုယ့်ဘဝကို ကိုယ်တိုင်သိနေတာပဲ
သူတစ်ပါးမထိခိုက်ပဲ
ကိုယ်အဆင်ပြေသလို
နေတက်ဖို့ကအရေးကြီးပါတယ် ....

သူတစ်ပါးလဲကျနေရင်စေတနာသန့်သန့်နဲ့
ကိုယ်တက်နိုင်သလောက်
ဆွဲထူပေးလိုက်ပါ ...

ကိုယ်လဲကျနေရင်တော့
ကိုယ်ကိုတိုင်ပဲ ပြန်ထနိုင်အောင်ကြိုးစားပါ
ဘာကြောင့်လဲဆိုတော့
ကိုယ့်လိုစိတ်ဓာတ်မျိုးက
သူတစ်ပါးဆီမှာရှိချင်မှရှိမှာ ...

မနေ့ကဆိုတာအတိတ်တစ်ခုပါ
မနက်ဖန်ဆိုတာလဲအိပ်မက်တစ်ခုပါပဲ
ဒီနေ့သာလျှင်ဘဝတစ်ခုပဲလေ ...
ဘဝဆိုတာ
ပျော်လည်းတစ်နေ့
မပျော်လည်းတစ်နေ့ပါပဲ ....

အကောင်းဆုံးဖြစ်အောင်
ဘယ်လိုဖြတ်သန်းရမှာလည်းဆိုတာ
ကိုယ့်အပေါ်မှာပဲမူတည်တယ် ....

အရိုးသားဆုံး လူတစ်ယောက်
မဖြစ်သေးရင်တောင်
ကိုယ့်ကိုယ်ကို မလိမ်မိပါစေနဲ့
ယုံကြည်မှုမပျက်စေနဲ့
ကိုယ့်အတွက် ကိုယ်ယုံကြည်ရဆုံးက
ကိုယ်တစ်ယောက်တည်းပဲရှိတယ်

16/10/2021

လူအများစုရဲ့အထင်က ဗိုက်ပူတာဟာ
ဝမ်းဗိုက်မှာအဆီတွေ စုပါများပြီး
အဆီတွေအခေါက်တွေ ထူလာလို့ဖြစ်ရတာလို့ပဲ
ထင်နေကြပါတယ်။
အဲဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။
လူတွေ သတိမထားမိကြသေးတဲ့
အကြောင်းတစ်ခု ရှိနေပါသေးတယ်။
အဲဒါကတော့ အူမကြီးတွေ
ကြီးမားတုတ်ခိုင်လွန်း နေလို့
ဗိုက်ပူထွက်နေကြရခြင်း ပဲဖြစ်ပါတယ်။
အထူးသဖြင့် အသက်ကြီးလာလို့
ဗိုက်ပူထွက် လာကြရသူတွေဟာ
အဲဒီ့အူမကြီးတွေ တုတ်ခိုင်ကြီးမားလာလို့
ဖြစ်ရတာ များပါတယ်။

အူမကြီးတွေ ဘာကြောင့် ကြီးမား
တုတ်ခိုင်လာကြရတာလဲ။ဖြစ်စဉ်ကတော့
အနှစ်နှစ်အလလ အစားအစာတွေကို
စားလာခဲ့ရာကနေ ဖြစ်လာရတာပါပဲ။
အစာစားလိုက်တဲ့ အခါမှာ အစာဟောင်းတွေဟာ
အူမကြီးထဲကို ရောက်ရှိပြီး အထိုင်ချပါတယ်။
အဲဒီ အစာဟောင်းတွေဟာ
ရှေ့ကိုမြန်မြန်တိုးပြီး မစင်အဖြစ်
ခန္ဓာကိုယ်ပြင်ပကို ထွက်သွားဖို့လိုပါတယ်။

သို့သော်လဲ လူက ရေသောက်နည်းခြင်း
အမျှင်စာ စားတာနည်းခြင်း
လှုပ်ရှားမှု နည်းခြင်းတွေကြောင့်
အစာဟောင်းတွေဟာရှေ့ကို
မြန်မြန် မတိုးနိုင်ကြဘူး။
အဲဒီ့အခါမှာ အူမကြီး အတွင်းနံရံတွေမှာ
မစင်တွေကချိုး(ဂျိုး)အဖြစ် ကပ်ကပ်လာပါတယ်။
ဒီဖြစ်စဉ်မျိုးက အမြဲတန်းဖြစ်လာရာက
ကြာတော့ အူမကြီးတွေ အလုံးတုတ်တုတ်လာပြီး
ဗိုက်ကြီးက ပူထွက်လာတော့ တာပေါ့။
ထင်ရှားတဲ့ ဥပမာနဲ့ ပြောရရင်
သံကောင်တွေ အများကြီးရှိတဲ့ ကလေးတွေ
ဗိုက်ပူနေတဲ့ ပုံစံမျိုးပါပဲ။

အမေရိကန်နိုင်ငံက ဗိုက်အလွန်ပူတဲ့
လူတစ်ယောက်သေသွားလို့ သူ့အလောင်းကို
ခွဲစိတ်ကြည့်ကြပါတယ်။ဗိုက်ကို ခွဲလိုက်ရာမှာ
သူ့ရဲ့အူမကြီးတွေဟာ အလွန်ကိုကြီးမား
တုတ်ခိုင်နေတာကို တွေ့ကြပါတယ်။
အဲဒီအူမကြီးကို ခွဲလိုက်ရာမှာတော့
ကြောက်စရာကောင်းလောက်အောင်
နံစော်နေတဲ့ မစင်ချိုးတွေ ကပ်နေတာကို
တွေ့ရတယ်လို့ဆိုပါတယ်။အနှစ်နှစ်အလလက
စုအောင်းလာတဲ့ မစင်ချိုးတွေကြောင့်
အူမကြီးတွေ တုတ်ခိုင်ကြီးမားပြီး
ဗိုက်ပူထွက်လာခြင်းဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့အူအရှည်ဟာ
၂၆ ပေကနေ ပေ ၃၀ လောက်အထိ ရှည်ပါတယ်။
အဲ့လောက်ရှည်တဲ့ အူတွေတုတ်ခိုင်ကြီးမားနေတော့
ဝမ်းဗိုက်ကလည်း ပူထွက်လာတော့တာပေါ့။

အူမကြီးတွေမှာမစင်ချိုးတွေ များနေခြင်းဟာ
လူကိုရောဂါများစေပြီး အသက်လည်း
တိုတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့
အဲဒီမစင်ချိုးတွေကနေ ထွက်လာတဲ့
အဆိပ်အတောက်တွေဟာ အူနံရံတွေကနေ
ဝင်ပြီးတစ်ကိုယ်လုံးကို ပျံ့နှံ့ရောက်ရှိပြီး
ရောဂါဖြစ်စေလို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် အဲဒီ မစင်ချိုးတွေကို
ဖယ်ရှားရှင်းလင်းဖို့ လိုအပ်ပါတယ်။
မစင်ချိုးတွေကို ဘယ်လို ရှင်းလင်း
ဖယ်ရှားပစ်ရမလဲ။

နိုင်ငံခြားမှာတော့ဝမ်းချူတဲ့ စက်တွေနဲ့
စအိုကနေ ဆေးရည်သွင်းပြီး ဖယ်ရှားကြပါတယ်။
၇ကြိမ်လောက် ဝမ်းချူလိုက်ပြီးနောက်မှာ
မစင်ချိုးတွေ ရှင်းသွားပြီး ဗိုက်လည်းချပ်
နေလို့ထိုင်လို့လည်း ကောင်းသွားကြတယ်လို့
ဆိုပါတယ်။ကျနော်တို့ တိုင်းပြည်မှာတော့
အဲ့ဒီ့လောက် ခေတ်မမှီသေးဘူး
ဒါကြောင့်မြန်မာ့နည်းမြန်မာ့ဟန်နဲ့ပဲလုပ်ကြတာပေါ့။

မြန်မာတွေ အလွန်နှစ်သက်တဲ့
ဟင်းအမယ်တွေရှိပါတယ်။
အဲဒီ့ထဲမှာ ထမင်းကို အလွန်မြိန်စေတတ်တဲ့
ကင်ပွန်းချည်ကို မကြိုက်သူ မရှိသလောက်ပါပဲ။
ကြော်ချက်အဖြစ်၄င်း ဟင်းချိုအဖြစ်၄င်း
ချက်စားကြပါတယ်။ကင်ပွန်းသီးကိုလည်း
တရော်နဲ့ တွဲပြီးခေါင်းလျှော်ကြပါတယ်။
ကင်ပွန်းပင်ဟာ ဆပ်ပြာကဲ့သို့
ဆေးကြောပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
ကင်ပွန်းချဉ်ရွက်ကို ဟင်းချိုအဖြစ်
အရသာရှိအောင် ခပ်ပျစ်ပျစ်ချက်ပြီး
နေ့လယ် ထမင်းစားချိန်မှာ ထမင်းနဲ့အတူ
အားရပါးရစားပါသောက်ပါ။
တစ်ပန်းကန်လုံး ကုန်အောင်သောက်ပစ်လိုက်ပေါ့။
အဲဒီကင်ပွန်းချဉ်က အူမကြီးထဲရောက်ရင်
မစင်ချိုးတွေကို နှူးပေးပါလိမ့်မယ်။

ရှေ့ကဆပ်ပြာနဲ့ နှူးထားပြီးရင်
နောက်က တံမြက်စည်းနဲ့လှဲပြီး
သန့်ရှင်းရေး လုပ်ပေးရပါတယ်။
ဒါကြောင့်ညနေဘက်မှာ အမျှင်ဓါတ်ကြွယ်ဝတဲ့
ဂေါရခါးညွန့်လို အရွက်အညွန့်တွေ
ဗိုက်ဝတဲ့ အထိ ကြော်စားပေးပါ။
ညအိပ်ယာမဝင်ခင် ပန်းသီးတစ်လုံးစားပြီး
အိပ်လိုက်ပါ။အူတွေ လှိုင်းထအောင်
ညနေဘက်မှာ လမ်းလျှောက်ထွက်ပေးပြီး
ရေများများသောက်ဖို့လည်း လိုပါတယ်။

အဲ……နောက်နေ့ မနက်မှာတော့
တကွီကွီတစီစီနဲ့ E ပါပြီး အူမကြီးထဲက
မစင်ချိုးတွေ အကျိအချွဲတွေအရိအရွဲတွေ
ထွက်ကျလာလိမ့်မယ်။
ဝမ်းခိုင်တဲ့ သူတွေကတော့ ဝမ်းနူးပါလိမ့်မယ်။
တစ်ပတ်တစ်ခါလောက် ပုံမှန်လေးလုပ်ပေးရင်
၁ နှစ်လောက်အကြာမှာ
သိသိသာသာ ဗိုက်ချပ်ပါတယ်။
နေလို့လည်း ကောင်းသွားလိမ့်မယ်။
အသက်ကြီးလာလို့ ဗိုက်ပူလာပြီး
အစားလျှော့ပေမဲ့ ဗိုက်မချပ်သူများ
ဒီနည်းကို စမ်းကြည့်နိုင်ပါတယ်။
ဗိုက်လေးချပ်မှလည်း
ကြည့်ကောင်းတာ မဟုတ်လား……………

မူရင်းရေးသူ ကို credit ပေးပါတယ်

04/10/2021

ငွေကျိန်စာတဲ့... ပရိတ်သတ်ရေ ‼️
အမှန်ဘဲ။ချယ်ကတော့ကတိတည်သူမို့ဒါတွေယုံတယ်။

ငွေနဲ့ပတ်သက်ပြီးကတိမတည်တတ်တဲ့သူတွေ
ကြီးပွားချမ်းသာနေတာ တခါမှမတွေ့ဖူးသေးဘူး။

‼️Money mind-set ‼️
◾◾◾◾◾◾◾◾

‼️ပိုက်ဆံ ကသခင်ရှိတယ် ။

‼️ပိုက်ဆံမှာကျိန်စာရှိတယ်။

‼️ပိုက်ဆံကိုချေးရင်ပြန်ဆပ်ပါ ။

‼️ပိုက်ဆံကိုပေးမယ်ပြောပြီးကတိတည်တည်ပြန်ပေးပါ။

⛔အခက်အခဲဆိုတာလူ့ဘဝသက်တမ်းတလျောက်မှာ
မခက်ခဲဖူးဆိုတဲ့လူမရှိပါဘူး ။ အနည်းနဲ့ အများ ကြုံကြမယ်။

⛔ပိုက်ဆံ ကို ကတိပျက်အောင်လုပ်ရင် သင့်ဆီမှာ ပိုက်ဆံတည် မြဲတော့မှာမဟုတ်ဘူး။

‼️ပိုက်ဆံ ကိုကပ်စေးနည်း ချွေးကုတ်ပြီး
စုနေမှမြဲနေတာ မဟုတ်ပါဘူး။

⛔ကတိတည်တည်နဲ့ပေးစရာရှိပေး ယူစရာရှိယူပါ။ လက်ခက်ရင်ငွေပါခက်တယ် ။

⛔ကတိမတည်သူက ဘယ်တော့မှမတိုးတက်ပါဘူး။

⛔ပိုက်ဆံကိုပြန်မဆပ်ချင်တဲ့သူတွေဆီမှာ
ငွေလဲမမြဲပါဘူး

⛔လက်ခက်သူတွေ ဘာလုပ်လုပ်မအောင်မြင်ပါ။

ပြန်လည်မျှဝေသည်
Sayarma Ni MoMo

ူရင်းပို့စ်

29/09/2021

အကျွန်ုပ်မှ အစပြု၍
အကျွန်ုပ်နှင့် ဆက်စပ်ပတ်သက်ကြကုန်သော
အကျွန်ုပ်၏ ကျေးဇူးရှင်များဖြစ်ကြကုန်သော
လူ နတ် ဗြဟ္မာ သတ္တဝါ ဝေနေယျာ အပေါင်းတို့သည်

ကိုယ် စိတ် နှစ်ဖြာ

ကျန်းမာကြပါစေ
ကျန်းမာကြပါစေ
ကျန်းမာကြပါစေ

ချမ်းသာကြပါစေ
ချမ်းသာကြပါစေ
ချမ်းသာကြပါစေ

သူတော်ကောင်း သူမြတ်လောင်းတို့ ပို့သသော မေတ္တာကို ခံယူပါ၏။

22/09/2021

သူများထက်ခြေတလှမ်းပိုသာချင်တယ်ဆိုရင်
============================

သူများအိပ်တဲ့အခါ
ကိုယ်က လေ့လာပါ ~~~

သူများ တွေဝေနေတဲ့အခါ
ကိုယ်က ဆုံးဖြတ်ပါ ~~~

သူများ လေထဲ တိုက်ဆောက်နေတဲ့အခါ
ကိုယ်က ပြင်ဆင်ပါ ~~~

သူများ အချိန်ဆွဲနေတဲ့အခါ
ကိုယ်က စတင်ပါ ~~~

သူများ ဆုတောင်းနေတဲ့အခါ
ကိုယ်က လက်တွေ့လုပ်ပါ ~~~

သူများ ဖြုန်းနေတဲ့အခါ
ကိုယ်က စုပါ ~~~

သူများပြောနေတဲ့အခါ
ကိုယ်က နားထောင်ပါ ~~~

သူများမျက်နှာကြောတင်းနေတဲ့အခါ
ကိုယ်က ပြုံးပါ ~~~

သူများရပ်လိုက်တဲ့အခါ
ကိုယ်က ဇွဲရှိပါ ~~~
. မဖြုန်းသင့်သည့်အရာ ( ၃ )ခု. ငွေကို ဖြုန်းလျှင် ...... ဥစ္စာကို ဆုံးရှုံးရတတ်သည် ....''
. စကားကို ဖြုန်းလျှင်. သိက္ခာကို ဆုံးရှုံးရတတ်သည် .... ''
. အချိန်ကို ဖြုန်းလျှင်. ဘဝကို ဆုံးရှုံးရတတ်သည် .......

Credit- Original Writer

21/09/2021

သောက်တော်ရေ အမြဲ ကပ်ပါ


ဂါထာတွေ , မန္တာန်တွေ
အမြှုပ်ထွက်အောင် မရွတ်ချင်နေပါ …

ဘုရားပန်း
အမြဲတမ်း လန်းလန်းဆန်းဆန်း ဖြစ်အောင်
ထားမယ် …

သောက်တော် ရေချမ်းလေးကိုလည်း
အမြဲတမ်း အေးနေအောင်ထားမယ် ဆိုရင်
အိမ်တွင်းရေးလည်း အေးချမ်း
စီးပွားလမ်းလည်းဖြောင့်
အစစအရာရာ အဆင်ပြေမှာပါ …

သောက်တော်ရေ
တနေ့ ဘယ်နှစ်ခါလဲတုန်း
❝ နှစ်ခါ ❞ …

နှစ်ခါလဲတဲ့ သူ
တော်တော်နည်းမယ် ထင်တယ်နော် …

ကဲ ကိုယ်ကတော့
❝ ရေ ❞ တနေ့ဘယ်နှစ်ခါ သောက်တုန်း
❝ ဆယ်ခါ ❞ …

တော်တော် တရားတယ်
ဘုရားကျတော့ ရေငတ်ထားတယ်
ကိုယ်ကျတော့ ဆာတိုင်း သောက်တယ် …

အမှန်ကတော့
ကိုယ် ရေသောက်တိုင်း ဘုရားကို
သောက်တော်ရေ လဲပြီးကပ်မယ် ဆိုရင်
ပိုကောင်းတယ်နော် …

အဲဒီလောက်ကြီး အထိ
မလဲနိုင်ဘူး ဆိုရင်တောင်မှ
❝ မနက်တခါ , နေ့လယ်တစ်ခါ , ညတစ်ခါ ❞
တစ်နေ့ သုံးကြိမ် လောက်တော့
သောက်တော်ရေလေး
လဲပြီး ကပ်ရင်ကောင်းတာပေါ့ …

ကိုယ် ရေသောက်တိုင်း , သောက်တိုင်းလည်းပဲ
ကိုယ်ပါးစပ်ထဲ ရေမထည့်ခင်
ကိုယ်သောက်မယ့် ခွက်ကို
လက်ကလေးနဲ့ ကိုင်ထားပြီးတော့
❝ မြတ်စွာဘုရားရှင်အား
သောက်တော်ရေ လှူဒါန်းပါတယ် ❞ လို့
စိတ်ကအာရုံပြုပြီးတော့
မြတ်စွာဘုရားရှင်ကို
သောက်တော်ရေ ကပ်လိုက်ပေါ့ …

ကိုယ် သောက်တဲ့
ရေအိုးစင်နားလေးက နေပြီးတော့
ကပ်လိုက်ရုံပါပဲ
ဘုရားဆီ သွားပြီး ကပ်စရာမလိုပါဘူး …

ဘယ်နေရာမှာပဲ ရပ်ပြီးတော့
ရေသောက် သောက်
ကိုယ် ရေသောက်တိုင်း မြတ်စွာဘုရားကို
သောက်တော်ရေချမ်း လှူဒါန်းပြီးမှ
ကိုယ်က စွန့်သောက်ပါ …

အရက်သမား ,
ဘီယာသမား တချို့တောင်
အရက် သောက်ခါနီး , ဘီယာ သောက်ခါနီး
ကိုယ်သောက်မယ့်
အရက်ပုလင်း , ဘီယာပုလင်းကို
အရက်သမားနတ် ကိုကြီးကျော် ကို
ပသတဲ့ အနေနဲ့
နဖူးရှေ့ လက်နဲ့ မြှောက်ပြီး
အာရုံပြုကြသေးတယ် မဟုတ်လား ? …

ကိုကြီးကျော် တပည့်တွေထက်
ဘုရားတပည့်တွေက သာမှ ဖြစ်မှာနော် …

သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ဘူး
ဘာပဲ စားစား
သကြားလုံးလေး ငုံတာပဲ ဖြစ်ဖြစ်
နေကြာစေ့လေး တစ်ထုပ် စားတာပဲ ဖြစ်ဖြစ်
မြတ်စွာဘုရားကို
စိတ်က အာရုံပြု ကပ်ပြီးတော့မှ စား …

မစားခင်
❝ သရဏဂုံလေး ဘာလေး ❞ လည်း ရွတ်ပေါ့
သရဏဂုံ ရွတ်နေတဲ့ အချိန်က
မြတ်စွာဘုရား ဘုဉ်းပေးနေတဲ့ အချိန်လို့
သဘောထားပေါ့ …

သရဏဂုံလေး
❝ သုံးခေါက် ရွတ်ပြီးသွားပြီ ဆိုတော့မှ ❞
မြတ်စွာဘုရား မြတ်စွာဘုရား
ဘုဉ်းပေးပြီပြီးဖြစ်လို့ တပည့်တော်ကို
ဆေးအဖြစ် စွန့်တော်မူပါဘုရား လို့
စွန့်ပြီး စားပေါ့နော် …

မြတ်စွာဘုရားရှင်က -
တန်ခိုးနဲ့ဘုဉ်းပေးလိုက်တာ ဆိုတော့
ခဏလေးနဲ့ ပြီးပြီးပေါ့ …

ယောဂီတို့ က
စွန့်စားတာ ကြိုက်တယ် မို့လား ?

အဲဒီတော့
ဘုရားကပ်ပြီးတော့ စွန့်စားလိုက်တော့
စွန့်စားတဲ့သူ ဖြစ်သွားတာပေါ့ …

နိဗ္ဗာန် ဆိုတာ
စွန့်စားတဲ့သူတွေမှ ရောက်တာနော် …

အဲဒီတော့
ဘုရားပန်း မညှိုးပါစေနဲ့
သောက်တော် ရေချမ်းမနွေးပါစေနဲ့
ဒါ အရေးကြီးပါတယ် …

#ဆရာတော်_အရှင်_ဆန္ဒာဓိက ( ရွှေပါရမီတောရ )

📌 အမှောင်ပျောက်၍ အလင်းရောက်ပါစေ။📌
Credit , Original Uploader

Photos from Nwe's post 14/09/2021

ပန်းလေးတွေက ကိုယ့်ရဲ့စိတ်ကိုပျော်ရွှင်စေတယ် 🌸

09/09/2021

ဝိတ်ကျချင်သူလေးတွေ လိုက်နာရမယ့် အချက် (၁၁)ချက်

ဝိတ်ချ မယ်ဆို ပြီး ဝိတ်ချနည်းအမှားတွေ
ကိုယ်ကို တိုင်တောင် မသိဘဲ လုပ်မိနေတဲ့
သူတွေ ရှိတတ်ပါတယ်...
အဲတော့ ဝိတ်က ကျသင့်သလောက်မကျပဲ
ဝိတ်ချတဲ့ အချိန်က ကြာလာရင် စိတ်မှာ
Preesure တွေ ရလာတတ်ပါတယ်..
မင်မင် လည်းဖြစ်ဖူးပါတယ်..
ဒါကြောင့် ....
ချစ်လေးတို့သတိထားရအောင် ဝိတ်ချတဲ့အခါ ဆာင်ရန်/ရှောင်ရန် လေးတွေ ရေးပေးလိုက်ပါတယ်နော်....

1•☑️ Don't skip your breakfast
မနက်စာ ကို မစားပဲ မနေပါနဲ့ .မနက်စာမစားပဲ နေတာက ဝိတ်ချတဲ့အချိန်မှာ အထောက်အကူမပြု ပါဘူး. မနက်စာကို
မစားပဲ နေလိုက်တဲ့အတွက် ကျန်တဲ့အချိန်တွေမှာ ဗိုက်ပိုဆာပြီး အလွယ်တစ်ကူ
ဝစေတဲ့ Snack တွေ cookies တွေ ပိုပြီးစားမိနိုင်ပါတယ်..

2•☑️ Eat Regular Meals
အစားအသောက်ကို အမြဲပုံမှန် စားသောက်ပေးပါ.. အစားအသောက်ကို အချိန်မှန်စားသောက်ပေးခြင်းက ခန္ဓာကိုယ်ရဲ့ထဲမှာရှိတဲ့ သကြားနဲ့ ကာဗွန်ဟိုက်ဒရိတ် တွေ လျော့ချပေးပြီး ကယ်လိုရီ လောင်ကျွမ်းဖို့ ပိုပြီးအားပေးပါတယ်.

3•☑️ Eat Plenty of Fruit and Veg
အသီးအနှံတွေ နဲ့အသီးအရွက်ကိုများများစားပေးပါ. အသီးအရွက်တွေမှာ Vitamin & Minerals ဓာတ်တွေ အများကြီးပါဝင်ပါတယ်..ပြီးတော့ ကယ်လိုရီ ပါဝင်မှု နည်းတယ်/အဆီပါဝင်မှု နည်းတယ်/Fibre အမျှင်ဓာတ် တွေ အများကြီးပါပါတယ်.. ဒီ ဓာတ်သုံးခုကြောင့် weight loss Goal နိုင်ပါတယ်နော်...

4•☑️ Get More Active
လှုပ်လှုပ်ရှားရှား သွက်သွက်လက်လက် နေထိုင်ပါ. Active ဖြစ်တာက ဝိတ်ကိုကျစေနိုင်ပြီး ကျန်းမာရေးအတွက် လည်းသင့်တော်ပါတယ်..ကယ်လိုရီတွေ လည်းပုံမှန်ထက်လောင်ကျွမ်းစေနိုင်ပါတယ်..ဝိတ်ချတယ်ဆို ပြီး Diet ပဲ လုပ်နေတာက ဝိတ်ကျဖို့ခက်ပါတယ်...

5•☑️ Drink Plenty of water
ရေများများသောက်ပါ.တစ်ခါတစ်လေ မှာ လူတွေကမခွဲ ခြားနိုင်ပါဘူး ကိုယ့်ကိုကိုယ်
ရေဆာနေတာလား?ရေငတ်နေတာလား
ဆိုတာကိုပါ..ခန္ဓာကိုယ်မှာ တစ်ကယ်လိုအပ်တဲ့ရေပမာဏ ကို သောက်သုံးပေးခြင်းဖြင့် မလိုအပ် တဲ့ကယ်လိုရီအပိုတွေ ကို
လျော့ချ စေနိုင်ပါတယ်..

6•☑️ Eat High-fibre Foods
အမျှင် ဓာတ်များတဲ့ အစားအသောက်တွေ
စားပေးပါ။ အမျှင်ဓာတ်များတဲ့အစားအသောက်တွေက အဆာခံတာကြောင့် ဝိတ်ချတဲ့နေရာ မှာ အထောက်အကူပြု ပါတယ်..
ဥပမာ - နာနတ်သီး,ကီဝီသီး ,ကညွတ် ,
Oats /whole grain bread,brown rice and pasta, beans and Peas တို့ဖြစ်ပါတယ်..

7•☑️ Read Food Labels
ကိုယ်စားမဲ့အစားအသောက်ရဲ့ အကျိူ း
အာနိသင် တွေ အရင်လေ့လာပြီးမှစားပါ။
ကိုယ်စားမဲ့ အစားအစာ က ကျန်းမာရေးနဲ့
ညီညွှတ်ရဲ့လား /ကယ်လိုရီ ဘယ်လောက်ပါလဲ ဆိုတာမျိူ းသိရအောင် စာအညွှန်း
ကို ဖတ်ပြီးမှစားပါ ။နေ့စဉ် ကယ်လိုရီဘယ်လောက်စားပြီပြီလဲ ဆို တာ တွက်ချက်စားတာက ဝိတ်ချတဲ့နေရာမှာ အထောက်အကူ ဖြစ်ပါတယ်။

8.☑️ Use A Small Plate
ပန်းကန် အသေးနဲ့စားပါ။
ပန်းကန်အသေးနဲ့စားတာက နည်းနည်းပဲ ထည့် လို့ရတော့ နည်းနည်းပဲစားဖြစ်တယ်
စားတဲ့အခါမှာဖြည်းဖြည်းစားပါ. အစာအိမ်က တဖြည်းဖြည်းပြည့်လာတဲ့ ခံစားမှု မျိူ းရရင် စားတာရပ်လိုက်ပါ..
ဒီနည်းလမ်းက မဆာပဲနဲ့စားတာမျိူ းမဖြစ်တော့ပါဘူး..

9.☑️ Don't Stock Junk Food
သရေစာတွေ ကို အိမ်မှာ ဝယ်မထားပါနဲ့။
Junk Food တွေဖြစ်တဲ့ chocolate,biscuits,chips တွေနဲ့ sweet drink တွေ အိမ်မှာဝယ်ထားရင် အလွယ်တကူစားမိနေပါလိမ့်မယ်။အိမ်မှာ ဝယ်ထားသင့်တာက healthy ဖြစ်တဲ့အသီးအနှံတွေ /Oat bar/Cracker တွေကိုပဲ
ဝယ်ထားပါ။

10.☑️ Cut Down on Alcohol
အရက်ဖြတ်ပါ ။
အရက်တို့ ဘီယာတို့က သောက်တာများရင် လွယ်လွယ်ကူကူ ဝိတ်တက်နိုင်လို့ပါ..

11.☑️ Plan Your Meals
ကိုယ့်စားမဲ့အစားအသောက်ကို ကိုယ်ကိုယ်တိုင် စီစဉ်ပါ
Breakfast,lunch,Dinner တွေကို ဘယ်နေ့မှာ ဘာစားမယ်ဆိုတာ ကြိုတင်ပြီး ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပါ..
ကယ်လိုရီနည်း တဲ့အစားအသောက်နဲ့
Fibre ဓာတ်များတဲ့ အစားအသောက်ကို သင့်တင်မျှတအောင်စားဖို့ စာရင်းကြို ရေးထားပါ။ အဲစာရင်းက တစ်ပတ်စာ အတွက်စျေးဝယ်ထွက်ရင် အထောက်အကူ ပြုပါလိမ့်မယ်။

👆👆အပေါ်က အချက်တွေကတော့
ဝိတ်ချနေတဲ့သူတွေ အတွက်
ဆောင်ရန်/ရှောင်ရန် လေးတွေ ရေးထားပေးတာပါ..
သိပြီးသားသူတွေ လည်း လိုက်နာအောင် ကြိုးစားပေးပါ။
မသိသေးတဲ့သူတွေ သိရအောင်
အချင်းချင်း Mention ခေါ်ပြီး သတိပေးလိုက်
ပါဦးနော်...😄👋

credit

04/09/2021

စကားပြောနည်း
=========

အရေးကြီးသည့်ကိစ္စ - ရှင်းရှင်းလင်းလင်းပြောပါ။
အရေးမကြီးသည့်ကိစ္စ - ဟာသနှော၍ ပြောပါ။

မပိုင်နိုင်သောကိစ္စ - ဆင်ဆင်ခြင်ခြင် ပြောပါ။
ပိုင်နိုင်သောကိစ္စ - အကိုးအကားနှင့် ပြောပါ။

ပျော်ရွှင်ဖွယ်ကိစ္စ - အချိန်နှင့် အခါကို ကြည့်ပြောပါ။
မပျော်ရွှင်ဖွယ်ကိစ္စ - လူနှင့် နေရာကို ကြည့်ပြောပါ။

သူတစ်ပါးကိစ္စ - သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ - သူများပြောတာနားထောင်ပါ။

မဖြစ်ပျက်သေးသည့်ကိစ္စ - လက်လွတ်စပယ်မပြောသင့်။
မလုပ်နိုင်သေးသည့်ကိစ္စ - ကတိလွယ်လွယ်မပေးသင့်။
အကျိုးယုတ်မည့်ကိစ္စ - လုံးဝမပြောသင့်။

မသိနိုင်သည့်ကိစ္စ - လစ်လျူရှုပါ။
မဖြစ်နိုင်သည့်ကိစ္စ - လစ်လျူရှုပါ။

မကူနိုင်သည့်ကိစ္စ - လမ်းပြပါ။
မတတ်နိုင်သည့်ကိစ္စ - အရှုံးပေးပါ။

သူတစ်ပါးစကားမှားသော် - ဖော့ပေးပါ။
မိမိစကားမှားသော် - ထောက်ခိုင်းပါ။

သူတစ်ပါးစကားလမ်းလွဲသော် - ပြန်တည့်ပေးပါ။
မိမိစကားလမ်းလွဲသော် - တောင်းပန်ပါ။

Credit... ✍
ပြန်လည်ဝေမျှခြင်း... 👩‍💻

31/08/2021

ဘာကြောင့်လာဘ်တွေပိတ်နေသလဲ?
=================================
အိမ်တစ်အိမ်မှာ ယတြာဘယ်လောက်ချေချေ...
ကံကိုမကောင်းဘူး... လာဘ်တွေပိတ်နေသေးတယ်။
စီးပွားတွေတိုးတက်မလာဘူးဆိုရင်... အောက်ပါအချက်တချို့နဲ့ ငြိနေလို့လည်း
ဖြစ်နိုင်ပါတယ်။

( ၁ ) ဘုရားစင်တွင်ပြဿနာရှိခြင်း
===============================
( က ) ဘုရားပန်းအမြဲညိုးနေခြင်း။
( ခ ) ဘုရားသောက်တော်ရေ ခမ်းနေခြင်း။
( ဂ ) ဘုရားစင်ရှုပ်ပွနေခြင်း ( သို့ ) ဘုရားနှင့်မဆိုင်သောပစ္စည်းတင်ထားခြင်း

( ၂ ) မီးဖိုချောင်တွင်ပြဿနာရှိခြင်း
===============================
( က ) မီးဖိုချောင်တွင် မြင့်မြတ်သောပစ္စည်းများရှိနေခြင်း။ ဥပမာ ဘုရားပန်းအိုး။
( ခ ) အိမ်ထောင်ဦးစီး၏ အင်္ကျီအား လက်နှီးလုပ်ထားခြင်း။
( ဂ ) မီးဖိုချောင်သုံးပစ္စည်းများကို နေရာတကျ မထားမိခြင်း။

( ၃ ) ဖိနပ်စင်တွင်ပြဿနာရှိခြင်း
==============================
( က ) ဖိနပ်များကြုံသလိုချွတ်သဖြင့် မှောက်လှန်ဖြစ်နေခြင်း။
( ခ ) ဖိနပ်များပေါ် နင်း၍လျှောက်ခြင်း။
( ဂ ) မိမိခါးထက်မြင့်သော ဖိနပ်စင်ပေါ် ဖိနပ်များတင်နေခြင်း။

( ၄ ) လူတွင်ပြဿနာရှိခြင်း
==========================
( က ) မနက်စောစော အမင်္ဂလာစကားဖြင့် နိုးထခြင်း။
( ခ ) မရှိစကား ပြောလွန်းခြင်း။ ( သို့ ) အတင်းပြောလွန်းခြင်း။
( ဂ ) အိမ်တွင်းရှိမင်္ဂလာအရပ်တွင် မင်္ဂလာမဲ့အောင်နေမိခြင်း

31/08/2021

#သံပုရာသီး အသုံး၀င်ပုံ (၁၀) ချက်

၁။ ခံတွင်း ကျန်းမာရေး

သံပုရာသီးဟာ သွားကို ဖြူစေ ပါတယ်။ သံပုရာသီး အခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေ ရုံတင် မကဘူး။ တောက်ပ စေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေ ပါတယ်။ သွားကိုက် နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်း ပေးပါ။

၂။ နှုတ်ခမ်းကွဲခြင်း

မျက်နှာ လိမ်းခရင်မ် တစ်ဇွန်း (လက်ဖက်ရည် သောက်ဇွန်း)နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါ လိမ့်မယ်။

၃။ ဆံပင်ကျွတ်ခြင်း

အုန်းရည် လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

၄။ ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်

ကြက်ဥ အကာရည်နှင့် သံပရာရည် (သံပုရာသီး တစ်လုံးစာ) တို့ရောပြီး ဆံနွယ် အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီး ဆေးကြော ပေးပါ။ တစ်လလောက် လုပ်ပေး ရုံနဲ့တင် ဦးရေပြား သန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင် သွားပါ လိမ့်မယ်။

၅။ အသားအရေ ခြောက်သွေ့ခြင်းအတွက်

ငှက်ပျောသီးမှည့် တစ်လုံးကို ယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာရည် တစ်စက် နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီး တို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။ နောက်တစ်နည်း ကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း)ကို ဟင်းသီး ဟင်းရွက် ဆီနဲ့ ရောပေးပါ။ ပြီးရင် သံပုရာရည် တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊ တံတောင်ဆစ် တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော် နေတဲ့ နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြား အလှအပ အတွက် အကောင်းဆုံး ပေးစွမ်း စေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဝက်ခြံနဲ့ ယားနာတွေကို ပျောက်ကင်း စေတဲ့ သတ္တိ ရှိပါတယ်။ မှဲ့ခြောက် တွေကိုလည်း ပျောက်ကင်း စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

၆။ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်များအတွက်

သံပုရာရည် နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက် ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကို ချေပြီး ပျော့ဖတ် သဖွယ် ရအောင် လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြော ပေးပါ။

၇။ တံတောင်ဆစ် မည်းခြင်းအတွက်

သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ တွေဟာ မှောင်မှောင် မှိုင်းမှိုင်းနဲ့ ခြောက်ခြောက် သွေ့သွေ့ ဖြစ်နေ တတ်ပါတယ်။ အရောင်အဝါ လင်းလက် ချင်တယ် ဆိုရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင် ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်း ထန်းနဲ့ မအိပ်ချင်ဘူး ဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည် တစ်ခွက် တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့ စိမ်ချိုးပေးပါ။

၈။ လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်

သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကို စိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်း တွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။ ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ် ဆိုရင်လည်း ပိုပြီး တောက်ပြောင် လာပါ လိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရ်ှနဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက် ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြော ပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင် စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရ်ှနဲ့ တိုက်ပေးရင် ပိုကောင်း ပါတယ်။

၉။ ခြေထောက်

သံပုရာရည် တစ်ခွက်စာ (ကော်ဖီခွက် တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင် ပါတယ်၊ အနည်း၊ အများ အရေး မကြီးပါ)တို့ ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူး ဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြု နိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ် ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။ တစ်ပတ်လောက် လုပ်ကြည့် လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာ ချောမွေ့ လာပါ လိမ့်မယ်။

၁၀။ နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး

ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီလို ဥတုမျိုးမှာ ချွေးထွက် သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူ သက်သာအောင် လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည် တစ်ဇွန်းနဲ့ ရောပြီး သောက်ပေးပါ။ သွေးလေ လည်ပတ်မှုကို ကောင်းမွန် စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက်သာ စေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့ သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင် ပေးပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon