Fair Deal
FAIRDEAL is one of Myanmar's oldest pharmaceutical and consumer goods distributor. Covering over 17,000 distribution channels nation wide. Caring and Sharing
29/08/2026
"ဝမ်းနည်းခြင်းအထိမ်းအမှတ်"
FairDeal Co., Ltd. မှ Assistant IT Manager ဖြစ်သူ ဦးဇော်လင်းထက် သည် ၂၇-၈-၂၀၂၆ (ကြာသပတေးနေ့) တွင် ကွယ်လွန်သွားခြင်းအတွက် အထူးဝမ်းနည်းကြေကွဲရပါသည်။
FairDeal အဖွဲ့အစည်းအတွက် ပေးအပ်ခဲ့သော ဝန်ဆောင်မှုများနှင့် ပံ့ပိုးကူညီမှုများကို လေးစားစွာ အမှတ်ရနေမည်ဖြစ်ပါသည်။
ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြအပ်ပါသည်။
ကောင်းရာသုဂတိလားပါစေ 🕊️
In Loving Memory
We are deeply saddened by the passing of U Zaw Lin Htet, Assistant IT Manager at FairDeal Co., Ltd.
We will respectfully remember and honor his dedicated service and valuable contributions to the FairDeal team.
Our heart felt condolences go out to his family and loved ones during this difficult time.
May he rest in peace🕊️
24/08/2026
အလုပ်များလို့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိဘူးလား?
တစ်နေ့ကို ၅ မိနစ်သာ အချိန်ပေးပြီး လည်ပင်း၊ ပခုံး၊ လက်ကောက်ဝတ်၊ ခါးနဲ့ ခြေထောက်ကို အကြောလျှော့ပေးခြင်းက Office Syndrome ကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။
💚 အချိန် ၅ မိနစ်စာ အကြောလျှော့လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက
Office Syndrome ကို ကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်ကို ပိုမိုသက်သောင့်သက်သာ ဖြစ်စေပါသည်။
လည်ပင်း အကြောလျှော့ခြင်း (Neck Stretch)
ပြုလုပ်နည်း
• ဦးခေါင်းကို ဘေးတစ်ဖက်သို့ ဖြည်းဖြည်းချင်း စောင်းပါ။
• လက်ဖြင့်၁၀–၁၅ စက္ကန့် တင်းနေအောင်ထိန်းထားပြီးပါ။
• အခြားဘက်ကိုလည်းထိုနည်းလမ်းအတိုင်းပြုလုပ်ပေးပါ။
အကျိုးကျေးဇူးများ
• Office Syndrome ကြောင့်ဖြစ်သော လည်ပင်းနာကျင်မှုကို သက်သာစေသည်။
• လည်ပင်း လှုပ်ရှားနိုင်မှု (Neck Mobility) ကို ကောင်းမွန်စေပါသည်။
• ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေသည်။
ပခုံးအကြောလျှော့ခြင်း (Shoulder Stretch)
• လက်ချောင်းများကို ချိတ်ထား ပြီး လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်ပါ။
• ကျောအပေါ်ပိုင်းကိ ကွေးနေအောင်တင်းထားပြီး ၁၅ စက္ကန့် ထိန်းထားပါ။
အကျိုးကျေးဇူး
• ပခုံးကြွက်သားတင်းမာမှုကို လျော့နည်းစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေသည်။
• Office Syndrome ကြောင့်ဖြစ်သော ကျောအပေါ်ပိုင်းနာကျင်မှုကို သက်သာစေသည်။
လက်ကောက်ဝတ် အကြောလျှော့ခြင်း (Wrist Stretch)
• လက်တစ်ဖက်ကို ရှေ့သို့ ဆန့်ပါ။
• အခြားလက်ဖြင့် လက်ချောင်းများကို နောက်သို့ ဖြည်းဖြည်းချင်း ဆွဲပါ။
• ၁၀–၁၅ စက္ကန့် တင်းနေအောင်ထိန်းထားပါ။
အခြားဘက်ကိုလည်းထိုနည်းလမ်းအတိုင်းပြုလုပ်ပေးပါ။
အကျိုးကျေးဇူး
• Office Syndrome ကြောင့်ဖြစ်သော လက်ကောက်ဝတ်နာကျင်မှုကို လျော့နည်းစေသည်။
• ထုံကျင်မှုကို သက်သာပေးသည်။
ခါးနှင့် ခြေထောက် အကြောလျှော့ခြင်း
ခါးအကြောလျှော့ခြင်း (Back Stretch)
• ထိုင်ခုံပေါ်တွင် တည့်တည့်ထိုင်၍ လက်များကိုဒူးပေါ်တွင်ထားပါ။
• ကိုယ်ကို ဘေးတစ်ဖက်သို့ ဖြည်းဖြည်းချင်း လှည့်ပြီး ပခုံးကနေကျော် ကြည့်ပါ။
• ၁၀–၁၅ စက္ကန့် တင်းနေအောင်ထိန်းထားပါ။
အခြားဘက်ကိုလည်းထိုနည်းလမ်းအတိုင်းပြုလုပ်ပေးပါ။
အကျိုးကျေးဇူး
• Office Syndrome ကြောင့်ဖြစ်သော ခါးနာကျင်မှုကို သက်သာစေသည်။
• ကျောရိုး လှုပ်ရှားနိုင်မှုကို တိုးတက်စေသည်။
• ကြွက်သားတင်းမာမှုကို လျော့နည်းစေသည်။
ခြေထောက် အကြောလျှော့ခြင်း (Leg Stretch)
ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပါ။
ခြေထောက်တစ်ဖက်ကို ရှေ့သို့ဆန့်ပြီး ခြေဖနောင့်ကို မြေပြင်ပေါ်ထားပါ။
ခါးကို မကုန်းဘဲ တင်ပါးမှ အနည်းငယ်ရှေ့သို့ ကိုင်းပါ။
၂၀–၃၀ စက္ကန့် ထိန်းထားပါ။
ဘယ်/ညာ တစ်ဖက်စီ ပြုလုပ်ပါ။
အကျိုးကျေးဇူး
• သွေးလည်ပတ်မှုကို ကောင်းမွန်စေသည်။
ခြေထောက်ညောင်းညာမှုကို လျော့နည်းစေသည်။
အကြောလျှော့ခြင်းကို နေ့စဉ်အလေ့အကျင့်ဖြစ်အောင်နေ့စဉ် မိနစ်အနည်းငယ်သာ အချိန်ပေး ဖို့လိုပါတယ်
• နေ့စဉ် နာရီတိုင်း အနည်းဆုံး Break တစ်ကြိမ် ယူပါ။
• မကြာခဏ ထ၍ လမ်းလျှောက်ပါ။
• ကိုယ်ခန္ဓာကို ပုံမှန် လှုပ်ရှားပေးပါ။
ယနေ့ပြုလုပ်သော အကြောလျှော့လေ့ကျင့်ခန်း အနည်းငယ်က နောက်ရက်များရဲ့ နာကျင်မှုကို သက်သာစေနိုင်ပါသည်။
ကျန်းမာသော ခန္ဓာကိုယ်၊ ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်၊ ပိုမိုကောင်းမွန်သော ဘဝကို အတူတကွ တည်ဆောက်ကြပါစို့။
22/08/2026
On August 21, FairDeal marked Senior Citizens Day by visiting Hnin Zingone Home for the Aged and spending time with its residents.
As part of our CSR activities, the FairDeal team donated essential care and daily-use items for the 134 senior residents of the home.
Beyond the donation, the occasion was an opportunity for our team to show appreciation and respect for our senior citizens and the contributions they have made throughout their lives.
FairDeal remains committed to contributing meaningfully to the communities we serve.
ဩဂုတ်လ (၂၁) ရက်နေ့တွင် ကျရောက်သည့် သက်ကြီးရွယ်အိုများနေ့၌ FairDeal ကုမ္ပဏီသည် နှင်းဆီကုန်း ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ဘိုးဘွားများနှင့်အတူ အချိန်ပေး ဖြတ်သန်းခဲ့ကြပါသည်။
ကျွန်ုပ်တို့၏ လူမှုအကျိုးပြု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် FairDeal မိသားစုသည် ရိပ်သာရှိ ဘိုးဘွား (၁၃၄) ဦးအတွက် လိုအပ်သော ထောက်ပံ့ရေး ပစ္စည်းများနှင့် နေ့စဉ်သုံး ပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။
ထိုသို့ လှူဒါန်းမှုအပြင်၊ ဤအခမ်းအနားသည် ဘိုးဘွားများ ၎င်းတို့၏ တစ်သက်တာလုံး လူ့အဖွဲ့အစည်းအပေါ် ပေးဆပ်ခဲ့မှုများနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ အဖွဲ့အနေဖြင့် လေးစားဂုဏ်ပြုကြောင်း ပြသခွင့်ရသည့် အခွင့်အရေးလည်း ဖြစ်ခဲ့ပါသည်။
FairDeal အနေဖြင့် ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးနေသော လူ့အဖွဲ့အစည်းများအတွက် အဓိပ္ပာယ်ရှိသော ကူညီထောက်ပံ့မှုများကို ဆက်လက်လုပ်ဆောင်သွားရန် သန္နိဋ္ဌာန်ချထားပါသည်။
17/08/2026
✨လည်ပင်းနာခြင်း၊ ပခုံးတောင့်ခြင်း၊ ခါးနာခြင်း၊ မျက်စိညောင်းခြင်းတွေကို ခံစားနေရရင် ဒါတွေဟာ
အလုပ်များလို့ ဖြစ်တာပဲလို့ မထင်လိုက်ပါနဲ့နော်။ 🥲
ဒီလိုလက္ခဏာတွေက Office Syndrome နဲ့ ဆက်စပ်နိုင်တဲ့ အစောပိုင်းလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
🔎 ကိုယ်တိုင် Check လုပ်ကြည့်ပါ —
• လည်ပင်း သို့မဟုတ် ပခုံး တောင့်တင်းနာကျင်ခြင်း
• ခါးအပေါ်ပိုင်း / ခါးအောက်ပိုင်း နာကျင်ခြင်း
• မကြာခဏ ခေါင်းကိုက်ခြင်း
• လက် သို့မဟုတ် လက်ချောင်းများ ထုံကျင်ခြင်း
• မျက်စိညောင်းခြင်း၊ အမြင်ဝေဝါးခြင်း
• အလုပ်လုပ်ရင်း ပင်ပန်းနွမ်းနယ်ပြီး အားအင်လျော့နည်းခြင်း
💡 အခုလိုလက္ခဏာတွေ ခံစားနေရပြီဆိုရင် ဘာလုပ်မလဲ?
👀 20-20-20 Rule ကို စမ်းသုံးကြည့်ပါ။
မိနစ် ၂၀ တိုင်း ၂၀ ပေခန့်အကွာရှိ အရာဝတ္ထုတစ်ခုကို အနည်းဆုံး စက္ကန့် ၂၀ ကြာ ကြည့်ပေးပါ။
🚶 မိနစ် ၃၀ တိုင်း ထိုင်နေရာကနေ ထပြီး ခဏလမ်းလျှောက်ပါ။
🙆♀️ ပခုံးနဲ့ လက်တွေကို ဖြေလျှော့ပေးပါ။
🤸♀️ လည်ပင်း၊ ခါးနဲ့ လက်ကောက်ဝတ်ကို ပေါ့ပေါ့ပါးပါး Stretch လုပ်ပေးပါ။
⚠️ ဘယ်အချိန်မှာ ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်သင့်လဲ?
နာကျင်မှုက ရက်အနည်းငယ်ကြာပြီး မသက်သာတာ၊ မကြာခဏ ပြန်ဖြစ်တာ၊ လက်/ခြေထောက် ထုံကျင်တာ၊ နေ့စဉ်လုပ်ငန်းဆောင်တာနဲ့ အိပ်စက်မှုကို ထိခိုက်စေတာ၊ ပြင်းထန်တဲ့ ခေါင်းကိုက်ခြင်း သို့မဟုတ် မူးဝေခြင်းတွေရှိရင် ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်စစ်ဆေးသင့်ပါတယ်။
💪 နာကျင်လာမှ ဖြေရှင်းတာထက် စောစီးစွာ ဂရုစိုက်တာက ပိုကောင်းပါတယ်။
💬 သင်ကရော?
တစ်နေ့လုံး Office မှာထိုင်ပြီး အလုပ်လုပ်တဲ့အခါ “လည်ပင်းနာ / ပခုံးတောင့် / ခါးနာ / မျက်စိညောင်း” ထဲက ဘယ်တစ်ခုကို အများဆုံးခံစားရလဲ? 👇
Comment မှာ 1, 2, 3, 4 နဲ့ ဖြေခဲ့လို့ရပါတယ်။
📌 နောက်အပတ်မှာတော့ Office မှာ အလွယ်တကူ လုပ်နိုင်တဲ့ Stretching Exercises တွေနဲ့ သူတို့ရဲ့ အကျိုးကျေးဇူးတွေကို ဆက်လက်မျှဝေပေးသွားမှာဖြစ်ပါတယ်။ Stay tuned! 💚
10/08/2026
**Ergonomic Workstation တစ်ခု ဖန်တီးကြရအောင် 💻✨**
Ergonomics ဆိုတာ ဈေးကြီးတဲ့ ရုံးသုံးပစ္စည်းတွေ ဝယ်ယူရမယ်လို့ မဆိုလိုပါဘူး။ ထိုင်ခုံ၊ Monitor၊ Keyboard နဲ့ Mouse ကို မှန်ကန်စွာ စီစဉ်အသုံးပြုခြင်း၊ ကိုယ်နေဟန်ထား (Posture) ကို ဂရုစိုက်ခြင်းတို့က လည်ပင်းနာ၊ ပခုံးနာ၊ ခါးနာစတဲ့ Office Syndrome ပြဿနာတွေကို လျော့နည်းစေနိုင်ပါတယ်။
ဒီတစ်ပတ်မှာတော့ ကျန်းမာပြီး သက်သောင့်သက်သာ အလုပ်လုပ်နိုင်မယ့် Ergonomic Workstation တစ်ခု တည်ဆောက်နိုင်ဖို့ အခြေခံနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။
**Better Health. Better Workplace. Better You.**
Ergonomics (အာဂိုနောမစ်) ဆိုတာဘာလဲ?
Ergonomics ဆိုတာ အလုပ်လုပ်တဲ့နေရာ (Workstation) ကို ကိုယ်ခန္ဓာနဲ့ ကိုက်ညီအောင် စနစ်တကျ ပြင်ဆင်ထားခြင်းဖြစ်ပြီး သက်သောင့်သက်သာ အလုပ်လုပ်နိုင်စေသလို ထိခိုက်ဒဏ်ရာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
✨ Chair (ထိုင်ခုံ)
• ခြေဖဝါးနှစ်ဖက်လုံး ကြမ်းပြင်ပေါ် အပြည့်အဝ ထိစေရန် ထိုင်ခုံအမြင့်ကို ချိန်ညှိပါ။
• ဒူးကို ၉၀–၁၀၀ ဒီဂရီအတွင်း ရှိစေပါ။
• ခါးအောက်ပိုင်းကို ထောက်ပံ့ပေးနိုင်တဲ့ Back Support ပါတဲ့ ထိုင်ခုံကို ရွေးချယ်ပါ။
• Armrest ကို အသုံးပြုပြီး ပခုံးကို သက်သောင့်သက်သာ အနားပေးပါ။
✨ Monitor
• Monitor အပေါ်ဘက်အစွန်းကို မျက်လုံးအမြင့်နဲ့ ညီစေပါ သို့မဟုတ် အနည်းငယ်နိမ့်စေပါ။
• Monitor နဲ့ မျက်လုံးအကွာအဝေးကို ၅၀–၇၀ စင်တီမီတာခန့် ထားပါ။
• Monitor ကို မျက်နှာတည့်တည့်တွင် ထားအသုံးပြုပါ။
✨ Keyboard
• Keyboard ကို တံတောင်ဆစ်အမြင့်နဲ့ ညီအောင်ထားပါ။
• လက်ကောက်ဝတ်ကို ကွေးမထားဘဲ တည့်တည့်ထားပါ။
✨ Mouse
• Mouse ကို Keyboard အနီးတွင်ထားပြီး အသုံးပြုပါ။
• Mouse ကို ရွှေ့တဲ့အခါ လက်ကောက်ဝတ်တစ်ခုတည်း မသုံးဘဲ လက်တစ်ခုလုံးဖြင့် ရွှေ့ပါ။
✨ Posture
• ခါးကို မတ်မတ်ထိုင်ပါ။
• ပခုံးကို ဖြေလျှော့ထားပါ။
• မိနစ် ၃၀ ခန့်အလုပ်လုပ်ပြီးတိုင်း မတ်တပ်ရပ်ကာ လမ်းလျှောက်ခြင်း၊ အကြောလျှော့ခြင်းများ ပြုလုပ်ပါ။
💪 နေ့စဉ်လုပ်နေတဲ့ အလေ့အကျင့်လေးတွေကို အနည်းငယ် ပြောင်းလဲပေးရုံနဲ့ ကိုယ်ခန္ဓာပိုမိုသက်သောင့်သက်သာဖြစ်စေပြီး အလုပ်လုပ်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
📌 **နောက်အပတ်မှာတော့ Office Syndrome ရဲ့ အစောပိုင်းလက္ခဏာများ၊ သတိပြုသင့်တဲ့ Warning Signs တွေနဲ့ ဘယ်အချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူသင့်သလဲဆိုတာကို ဆက်လက်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။**
03/08/2026
“ တစ်နေ့တာလုံး ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ရင်း...
လည်ပင်းနာ၊ ပုခုံးအကြောတက်၊ ခါးနာနေပါသလား?”
ဒါဟာ Office Syndrome ရဲ့ အစပြုလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
Office Syndrome ဆိုတာဘာလဲ?
Office Syndrome ဆိုသည်မှာ ရုံးတွင် အချိန်ကြာမြင့်စွာ ထိုင်၍လုပ်ခြင်း၊ ကိုယ်နေဟန်မမှန်ခြင်း၊ လှုပ်ရှားမှုနည်းပါးခြင်းနှင့် အလုပ်စားပွဲ/ကုလားထိုင် အနေအထားမသင့်လျော်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ကြွက်သားနှင့် အရိုးအဆစ်ဆိုင်ရာ ရောဂါလက္ခဏာပေါင်းစုများကို ဆိုလိုပါသည်။
Office Syndrome ဘာကြောင့်ဖြစ်သလဲ?
✔️ အချိန်ကြာမြင့်စွာ ထိုင်အလုပ်လုပ်ခြင်း
✔️ ကိုယ်နေဟန် (Posture) မမှန်ခြင်း
✔️ လှုပ်ရှားမှုနည်းပါးခြင်း
✔️ Ergonomics မမှန်သော Workstation အသုံးပြုခြင်း
✔️ တူညီသော လှုပ်ရှားမှုများကို ထပ်ခါတလဲလဲ ပြုလုပ်ခြင်း
✔️ အလုပ်ဖိအားနှင့် စိတ်ဖိစီးမှုများခြင်း
အဖြစ်များသော လက္ခဏာများ
🔹 လည်ပင်းနာခြင်း
🔹 ပုခုံးနာခြင်း
🔹 ခါးနာခြင်း
🔹 ခေါင်းကိုက်ခြင်း
🔹 မျက်စိညောင်းခြင်း
🔹 လက်ကောက်ဝတ်နာခြင်း
ဘယ်သူတွေ အန္တရာယ်ပိုများသလဲ?
• ရုံးဝန်ထမ်းများ
• IT Professionals
• Designers
• ကျောင်းသား၊ ကျောင်းသူများ
• ယာဉ်မောင်းများ
• Call Centre ဝန်ထမ်းများ
• Gamers
• ကျန်းမာရေးဝန်ထမ်းများ
ကာကွယ်ခြင်းက ဘာကြောင့် အရေးကြီးသလဲ?
မှန်ကန်သော ကိုယ်နေဟန်နှင့် ပုံမှန်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက—
✅ နာကျင်မှုကို လျော့နည်းစေသည်
✅ အလုပ်လုပ်နိုင်စွမ်းနှင့် Productivity ကို တိုးတက်စေသည်
✅ အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းမွန်စေသည်
✅ အိပ်စက်မှုအရည်အသွေးကို ကောင်းမွန်စေပြီး လန်းဆန်းသော မနက်ခင်းကို ပိုင်ဆိုင်စေသည်
✨ Office Syndrome ကို လျစ်လျူမရှုပါနဲ့။
ဒီနေ့ကစပြီး—
⏰ နာရီတိုင်း ၂–၃ မိနစ်ခန့် ထပြီး လှုပ်ရှားပါ။
🪑 ကိုယ်နေဟန်ကို မှန်ကန်အောင် ဂရုစိုက်ပါ။
💪 သေးငယ်တဲ့ အလေ့အကျင့်လေးတွေက ရေရှည်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။
📌 နောက်အပတ်တွေမှာတော့ Office Syndrome ကို ကာကွယ်နိုင်မယ့် လွယ်ကူပြီး ထိရောက်တဲ့ Stretching Exercises တွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။”
29/07/2026
"ဝါဆိုလပြည့်နေ့ အခါသမယလေးမှာ မိဘပြည်သူများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ဖြင့် ပြည့်စုံပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဝါဆိုလပြည့်အခါသမယကို ဖြတ်သန်းနိုင်ကြပါစေကြောင်း Fair Deal Co., Ltd မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်" 🙏
28/07/2026
FairDeal & Getz Pharma
Renewing a Trusted Partnership Since 2007
22 July 2026
"FairDeal and Getz Pharma Renew a Trusted Partnership Since 2007"
FairDeal Co., Ltd. is pleased to announce the renewal of its distribution agreement with Getz Pharma, continuing a trusted partnership that has grown since 2007.
The agreement was signed on 22 July 2026 at FairDeal's Head Office in Yangon by U Javed Lujee, Managing Director of FairDeal Co., Ltd., and Mr. Abid Mahmood Saleemi (Director Marketing & Sales – International Business), Getz Pharma, in the presence of senior representatives from both companies.
In addition to the signing ceremony, both teams held constructive discussions on the way forward, including practical strategies to navigate the current import challenges and strengthen collaboration to ensure a more consistent supply of quality pharmaceutical products to the Myanmar market.
For nearly two decades, the partnership between FairDeal and Getz Pharma has been built on mutual trust, close collaboration, and a shared commitment to improving access to quality healthcare products across Myanmar.
We sincerely appreciate Getz Pharma's continued confidence in FairDeal and look forward to strengthening our partnership and achieving many more milestones together.
"FairDeal နှင့် Getz Pharma တို့အကြား ၂၀၀၇ ခုနှစ်မှ စတင်ခဲ့သော ခိုင်မာသည့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံသက်တမ်းတိုးခြင်း"
FairDeal Co., Ltd သည် ၂၀၀၇ခုနှစ်ကတည်းက ယုံကြည်စိတ်ချစွာ ပူးပေါင်းဆောင်ရွက်လာခဲ့သော မိတ်ဖက်ကုမ္ပဏီ ဖြစ်သည့် Getz Pharma နှင့် ကာလရှည်ကြာ ပူးပေါင်းဆောင်ရွက်မှု၊ ဖြန့်ချိရေးသဘောတူညီချက်ကို ထပ်မံသက်တမ်းတိုးမြှင့်လိုက်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။
အဆိုပါ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၂၂ရက်နေ့တွင် ရန်ကုန်မြို့ရှိ FairDeal ရုံးချုပ်၌ ကျင်းပခဲ့ပြီး FairDeal Co., Ltd. ၏ Managing Director ဖြစ်သူ U Javed Lujee နှင့် Getz Pharma ၏ Director Marketing & Sales – International Business ဖြစ်သူ Mr. Abid Mahmood Saleemi တို့က အဓိကစီမံခန့်ခွဲ့မှု့ ဆိုင်ရာ အဖွဲ့ဝင်များ၏ ရှေ့မှောက်တွင် သဘောတူစာချုပ် ရေးထိုးခဲ့ကြပါသည်။
လက်မှတ်ရေးထိုးပွဲအပြင် လက်ရှိကြုံတွေ့နေရသော သွင်းကုန်ဆိုင်ရာ အခက်အခဲများကို ကျော်လွှားနိုင်မည့် လက်တွေ့ကျသော မဟာဗျူဟာများနှင့် မြန်မာ့ဆေးဝါးဈေးကွက်သို့ အရည်အသွေးမြင့် ဆေးဝါးများကို ပိုမို ဖြန့်ဖြူးပေးနိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို နှစ်ဖက်အဖွဲ့အစည်းအကြား အကျိုးရှိစွာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ဆယ်စုနှစ် နှစ်ခုနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော FairDeal နှင့် Getz Pharma တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဦးနှစ်ဖက် ယုံကြည်မှု၊ ကောင်းမွန်စွာ လက်တွဲလုပ်ဆောင်မှုနှင့် မြန်မာနိုင်ငံတစ်ဝှမ်း အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များကို ပိုမိုလွယ်ကူစွာ ရရှိနိုင်စေရန်ဆိုသည့် ဘုံရည်မှန်းချက်များအပေါ် အခြေခံထားခြင်း ဖြစ်ပါသည်။
FairDeal အပေါ် ဆက်လက်ယုံကြည်မှုပေးသည့် Getz Pharma အား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပြီး နောင်အနာဂတ်တွင်လည်း ပိုမိုခိုင်မာသော မိတ်ဖက်ဆက်ဆံရေးနှင့်အတူ အောင်မြင်မှုမှတ်တိုင်သစ်များကို အတူတကွ စိုက်ထူသွားနိုင်ရန် မျှော်လင့်ပါသည်၊၊
19/07/2026
၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျ
ရောက်သည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အား ရိုသေလေးစားစွာဖြင့် ဦးညွတ်ဂါရဝပြုအပ်ပါသည်။
24/06/2026
"Leading by Example in Preventive Healthcare"
At FairDeal, we believe that healthcare begins from within.
This month, 166 employees across our Yangon and Mandalay operations received their annual flu vaccination as part of our ongoing commitment to employee health and wellbeing.
As a healthcare company serving Myanmar for more than three decades, we recognize the importance of preventive care — not only for the communities we serve, but also for the people who make our success possible.
By investing in the health of our team, we are building a stronger, safer, and more resilient organization, especially during the peak flu season.
Because when our people thrive, we are better equipped to fulfill our mission of improving health and enhancing lives.
ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ဆိုတဲ့အတိုင်း ကျန်းမာရေးစောင့်ရှောက်မှုဟာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းကနေပဲ စတင်တယ်လို့ FairDeal က လက်ခံယုံကြည်ပါတယ်။
ဒါကြောင့်မို့လို့ ဒီလထဲမှာပဲ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို မြှင့်တင်ရန်အတွက် စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်မှုအနေနဲ့ ရန်ကုန်နဲ့ မန္တလေးရုံးခွဲတွေက ဝန်ထမ်းဦးရေ (၁၆၆) ဦးကို နှစ်ပတ်လည် တုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ပါတယ်။ 💉
မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို လုပ်ကိုင်လာတာ ဆယ်စုနှစ် သုံးခုကျော်လာပြီဖြစ်တဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ ကျွန်တော်တို့ဟာ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးစောင့်ရှောက်မှုရဲ့ အရေးပါပုံကို ကောင်းကောင်းနားလည်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေတဲ့ လူထုအတွက်သာမကဘဲ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေကို ပုံဖော်ပေးနေတဲ့ ဝန်ထမ်းတွေအတွက်လည်း အလွန်အရေးကြီးပါတယ်။
အခုလို တုပ်ကွေးရာသီ အမြင့်ဆုံးအချိန်မှာ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို အလေးထား ရင်းနှီးမြှုပ်နှံပေးခြင်းဟာ ပိုမိုကျန်းမာကြံ့ခိုင်ပြီး ဘေးကင်းလုံခြုံတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို တည်ဆောက်နေခြင်းပဲ ဖြစ်ပါတယ်။✨
ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေ ကျန်းမာရွှင်လန်းနေမှသာ “ပြည်သူတွေရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးပြီး လူနေမှုဘဝတွေကို ပိုမိုကောင်းမွန်စေရမယ်” ဆိုတဲ့ မိမိတို့ရဲ့ ရည်မှန်းချက်ကို ပိုမိုထိရောက်စွာ ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No (40), Yan Naing Swe (2) Street, Tharkayta Industrial Zone, Tharkayta Township
Yangon
11231
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |