Pharma Care Myanmar

Pharma Care Myanmar

Share

Better health starts here

23/11/2023

🤍အချစ် နှင့် ကျန်းမာရေး ဘယ်လို ဆက်စပ်?🤍

💌ကမ္ဘာပေါ်မှာ မချစ်တတ်တဲ့ သူရယ်လို့ မရှိပါဘူး 😇
ဒီနေရာမှာ ၁၅၀၀ နဲ့ ချစ်တဲ့ အချစ်ကို ဆိုလိုခြင်းသာ ဖြစ်ပါတယ် ( မိဘ ၊ မောင်နှမ ချစ်ခြင်းမျိုးကို မဆိုလိုပါဘူးနော် 😂)

Healthy relationship မှာရှိတဲ့ အချစ်ကနေပဲ ကျန်းမာရေးကောင်းကျိုးတွေကို ရရှိနိုင်တာဖြစ်ပါတယ်နော် ၊
တချို့ Toxic relationship တွေကနေတော့ သောကတွေပဲ ရပါလိမ့်မယ် 🤷🏻‍♀️

ဒီလို လူတိုင်းနဲ့ မကင်းတဲ့ ချစ်ခြင်းဟာ ကျန်းမာရေးအပေါ် အကျိူးသက်ရောက်မှုတွေ ဘယ်လိုရှိတယ်ဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ် 💁‍♀️

❣️စိုးရိမ်သောကဖြစ်ခြင်း ၊ စိတ်ဓာတ်ကျခြင်း ၊ စိတ်ဖိစီးမှုများခြင်း တို့ကို လျော့ကျစေနိုင်ပါတယ်✅
ကိုယ့်ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ ကိုယ့်ကို အားပေးမယ့်သူ ၊ ဖေးမမယ့်သူ ၊ လိုက်ပြီး ခံစားပေးမယ့်သူ တစ်စုံတစ်ယောက်ရှိနေခြင်းဟာ ကိုယ့်အတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုပေးစွမ်းနိုင်ပါတယ် ၊
အထူးသဖြင့် ခက်ခဲတဲ့အချိန်တွေမှာ *** မင်းဘေးမှာ ငါရှိတယ်နော်*** ဆိုပြီး ပြောမယ့်သူတစ်ယောက်ပေါ့ ၊ ဒီလိုလူတစ်ယောက်ရှိနေခြင်းအားဖြင့် ကိုယ့်မှာ အဆင်မပြေတာဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် ဘဝမှာ ခက်ခဲတဲ့အခါ စိတ်ဓာတ်ကျတာ ၊ စိတ်ဖိစီးတာတွေ စိတ်အားငယ်တာတွေကို သက်သာစေနိုင်ပါတယ် ✅

❣️ရုပ်ပိုင်းဆိုင်ရာ activity တွေ ပိုမိုလုပ်ဆောင်နိုင်ခြင်း🚴‍♀️⛳️✅
ဝါသနာပါတဲ့ အားကစားသော်၄င်း ၊ (ဉပမာ- Gym အတူတူသွားတာမျိုး ၊ စက်ဘီးတူတူစီးတာမျိုး ၊ Hiking တူတူတက်တာမျိုး ၊ Golf တူတူရိုက်တာမျိုး) စတဲ့ နှစ်ယောက်ဝါသနာတူတဲ့ physical activity တွေကို လုပ်ဆောင်ခြင်းအားဖြင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်ပြီး self-confidence ကို မြင့်စေနိုင်ပါတယ် ✅

❣️အသက်ရှည်ရှည်နေနိုင်ခြင်း💪🏼✅
☑️သွေးပေါင်ချိန်လျော့ကျစေနိုင်ခြင်း
☑️နှလုံးနှင့်ပက်သက်တဲ့ရောဂါတွေဖြစ်နိုင်ချေကို လျော့ကျစေနိုင်ခြင်း
☑️recovery time မြန်စေခြင်း
တခါတလေမှာ stressful ဖြစ်လွန်းတဲ့အခြေနေတွေကြောင့် ဖျားနာတာမျိုး ကြုံဖူးကြလား? တကယ်လို့ သင်ဟာ Supportive relationship မှာရှိတယ်ဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်ကနေ Oxytocin လို့ခေါ်တဲ့ **love hormone** တွေကို ပိုမိုထုတ်လုပ်ပေးတဲ့အတွက် ထို Hormone လေးတွေကြောင့် ဖျားနာမှုကို မြန်မြန်ပျောက်ကင်းစေနိုင်ပါတယ်
( ဒီအခြေနေမှာ အချစ်ရှိရင် အထက်ပါ ရောဂါတွေ မဖြစ်နိုင်တော့ဘူးလို့ အပြည့်အဝ ဆိုလိုခြင်း မဟုတ်ပါ🙅🏼‍♀️)

✨မိတ်ဆွေများအားလုံး ပြီးပြည့်စုံသောချစ်ခြင်းဖြင့် ချစ်နိုင်ကြပါစေရှင် 💌🫶🏻🤍✨

🤍

02/03/2023

“တောင်သူလယ်သမားနေ့🌾”

၂၀၂၃ခုနှစ် ၊ မတ်လ ၂ရက်နေ့တွင် ကျရောက်သောတောင်သူလယ်သမားနေ့အား ကျွန်မတို့ Pharma Care မှ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်ရှင့်💚”
ထမင်းရှင် တောင်သူဦးကြီးများကို အထူးပင်ကျေးဇူးတင်ရှိပါသည် 🙏💚

19/02/2023

“လူတိုင်းသိထားရမယ့် Premenstrual Syndrome(PMS)အကြောင်း”

Premenstrual syndrome ဆိုတာ အမျိုးသမီးတွေ ရာသီလာခါနီးအချိန်မှာ ဟော်မုန်း အပြောင်းအလဲတွေကြောင့် ခံစားရတဲ့ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကိုခေါ်တာဖြစ်ပါတယ်၊
ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီး ၄ယောက်မှာ ၃ယောက်ဟာ ဒီလို Premenstrual syndromeဝေဒနာကို ခံစားနေကြရပါတယ်၊အမျိုးသမီးတစ်ဦးနဲ့တစ်ဦး ခံစားရတဲ့ ဝေဒနာတွေကတော့ တူညီလေ့မရှိပါဘူး၊
များသောအားဖြင့် အောက်ပါဝေဒနာတွေကို ခံစားကြရပါတယ်

(၁)စိတ်ပိုင်းဆိုင်ရာ ဝေဒနာများ

- စိတ်ဖိစီးမှုများခြင်း😰
- စိတ်ဓာတ်ကျခြင်း☹️
- အားအားရှိ ငိုချင်နေခြင်း 🥹
- စိတ်အတက်အကျမြန်ခြင်း၊ဒေါသဖြစ်လွယ်ခြင်း၊စိတ်ဆတ်ခြင်း
- အစာစားချင်စိတ်တိုးလာခြင်း 😋
- အိပ်ဖို့ရန် ခက်ခဲခြင်း၊အချို့မှာ အမြဲ အိပ်ငိုက်နေခြင်း 🥱
- အာရံုစူးစိုက်မှုအားနည်းခြင်း 🙇‍♀️

(၂)ရုပ်ပိုင်းဆိုင်ရာဝေဒနာများ

- ကြွက်သားနာကျင်ခြင်း😖
- ခေါင်းကိုက်ခြင်း 🤕
- မောပန်းလွယ်ခြင်း၊ နုံးခြင်း 😪
- ဝ လာခြင်း
- ရင်သားများတင်း၍နာကျဉ်ခြင်း
- ဝက်ခြံထွက်လာခြင်း
- လေပွခြင်း၊ဗိုက်အောင့်ခြင်း
- ခါးကိုက်ခြင်း
- ဝမ်းချုပ်ခြင်း (သို့) ဝမ်းလျှောခြင်း

Premenstrual syndrome ရဲ့ ဝေဒနာတွေဟာ အချို့သောအမျိုးသမီးတွေမှာ နေ့စဉ်ဘဝကို ထိခိုက်လာတဲ့အထိ ဆိုးရွားစွာ ခံစားနေရပါတယ်၊သိုပေမယ့် ဒီလို ဝေဒနာတွေဟာ များသောအားဖြင့် ရာသီစလာတဲ့အချိန်ကနေ ၄ ရက်အတွင်း ပျောက်ကင်းနိုင်ပါတယ်
အကယ်၍ ဒီလို ဝေဒနာတွေကို လစဉ်ဆိုးရွားစွာခံစားနေရပြီဆိုရင် Premenstrual dysphoric disorder(PMDD)လို့ခေါ်ပါတယ်၊ဒိလိုအခြေအနေမှာဆိုရင်တော့ ဆရာဝန်နဲ့ စနစ်တကျ ကုသမှုခံယူဖို့လိုအပ်ပါတယ်
Premenstrual syndrome ရဲ့ ဝေဒနာတွေကို ပံုမှန်အားဖြင့် Treatment များနှင့်သော်လည်းကောင်း၊ အစားအသောက်၊နေထိုင်မှုပံုစံပြောင်းလဲထိန်းညှိခြင်းဖြင့်သော်လည်းကောင်း သက်သာအောင်ပြုလုပ်လို့ရနိုင်ပါတယ်

Treatments(ကုသမှုပံုစံများ)✅
NSAIDs (အကိုက်အခဲပျောက်ဆေးများ)
Eg.Ibuprofen
အကိုက်အခဲပျောက်ဆေးတွေဟာ ရာသီလာချိန်ခံစားရတဲ့ နာကျဉ်မှုဝေဒနာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်

စိတ်အတက်အကျအတွက် ဖြည့်စွက်စာများ(Supplements for Mood Swings)✅
Eg.Calcium
Magnesium
Vitamin B-6
Ginkgo Biloba
Evening primose Oil etc…

ရာသီလာစဉ်ရှောင်ကျဉ်သင့်တဲ့ အစားအစာများ❌ကော်ဖီအရက်၊ဘီယာအငန်များသောအစားအစာများSpicy Foods,etc…

ဘေးပတ်ဝန်းကျင် မိသားစုတွေအနေနဲ့လဲ ဒီလို ရာသီမလာခင် ခံစားရတဲ့ PMS ရဲ့ ဝေဒနာတွေကိုသိရှိထားပြီး ဒီလိုခံစားနေရတဲ့အမျိုးသမီးတွေကို ကိုယ်ချင်းစာပြီး သာမာန်အချိန်ထက် ပိုမိုနားလည်ပေးပြီး၊ ဂရုစိုက်ပေးကြဖို့ လိုအပ်ပါတယ်ဆိုတဲ့အကြောင်း ဒီကနေ ပြောကြားလိုက်ရပါတယ်ရှင့်
အမျိုးသမီးတွေအားလံုး ကျန်းမာလှပတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်❤️

26/01/2023

“Coenzyme Q10အကြောင်း သိကောင်းစရာ”

Coenzyme Q10 ကို CoQ10လို့လဲ အတိုကောက်ခေါ်နိုင်ပါတယ်၊CoQ10ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း(Antioxidant)အဖြစ်နဲ့ ကျွန်မတို့ခန္ဓာကိုယ်မှာ သဘာဝအတိုင်းတွေ့နိုင်ပါတယ်
အသက်အရွယ်ကြီးလာခြင်းနှင့် အခြားသောရောဂါတွေကြောင့် ခန္ဓာကိုယ်မှာ CoQ1 ပမာဏ လျော့နည်းလာတတ်ပါတယ်၊ဒီလိုအခြေအနေမျိုးတွေမှာဆိုရင် CoQ10ကို ဖြည့်စွက်စာအနေနဲ့ သောက်ပေးလို့ရပါတယ်

CoQ10ကို အောက်ပါအစားအစာတွေကနေလဲ ရရှိနိုင်ပါတယ်ငါးအမျိုးမျိုး🐟🐠🍣ဟင်းရွက်ဆီအသားအမျိုးမျိုး🥓🥩

CoQ10ဟာ
✅သွေးတိုးရောဂါကို ကျဆင်းစေပါတယ်
✅နှလံုးရောဂါရှင်တွေမှာ နှလံုးအားကောင်းစေဖို့ နောက်ဆက်တွဲ နှလံုးရောဂါရဲ့ဆိုးကျိုးတွေကို ကာကွယ်ဖို့အတွက် ပံုမှန်သောက်နေကျ နှလံုးဆေးတွေနဲ့လဲ တွဲဖက်သောက်သံုးလို့ရပါတယ်
✅သွေးတွင်းအဆီကျဆေး သောက်သံုးနေတဲ့သူတွေမှာ ဖြစ်တတ်တဲ့ ကြွက်သားများနာကျင်ခြင်းကိုလဲ သက်သာစေနိုင်ပါတယ်

CoQ10ကို တစ်နေ့လျှင် ပံုမှန် (100mg - 200mg)အထိ သောက်သံုးနိုင်ပါတယ်
ပိုပြီးလိုအပ်လျှင်လဲ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း သောက်သံုးနိုင်ပါတယ်ရှင်
အားလံုးကိုကျေးဇူးတင်ပါသည်❣️

31/12/2022

“Happy New Year 2023”✨🫶🏻💚
“နှစ်သစ်မှာ စိတ်သစ်လူသစ်၊အားအင်အသစ်တွေနဲ့ မိမိတို့ အလိုရှိရာမှန်သမျှ စွမ်းဆောင်နိုင်ပြီး စာဖတ်သူအားလံုး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါရတယ်ရှင့်….💚”

25/12/2022

🎄”Merry Christmas To You All”🎄❣️

“ပျော်ရွှင်စရာ Christmas အချိန်အခါမှာ စာဖတ်သူအားလံုး ကောင်းချီးမင်္ဂလာအဖြာဖြာနဲ့ပြည့်စံုကြပါစေလို့ ကျွန်မတို့ Pharma Care မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်🫶🏻❣️🎄✨”

27/11/2022

“Stress(စိတ်ဖိစီးမှု)😩😰😵‍💫”
ဒီကာလမှာ နိုင်ငံရေး၊စီးပွါးရေး ၊ပညာရေး၊သူခိုးဓားပြရန် စတာတွေကြောင့် လူတိုင်းလိုလို စိတ်ဖိစီးခြင်းကို ပိုမို ခံစားလာကြရပါတယ်
ဒါကြောင့် ဒီကနေ့မှာတော့ စိတ်ဖိစီးမှုများနေရင် ကျွန်မတို့ ခန္ဓာကိုယ်ကနေ ဘယ်လို လက္ခဏာတွေပြမလဲဆိုတာ ပြောပြပေးသွားပါမယ်ရှင့်💁🏼‍♀️

(၁)ကြွက်သားနာကျဉ်ခြင်း၊ခေါင်းကိုက်ခြင်း
(၂)တခါတရံအသက်ရူရခက်ခဲခြင်း
(၃)ပင်ပန်းလွယ်ခြင်း
(၄)အအိပ်လွန်ခြင်း (သို့) အိပ်မရခြင်း
(၅)ရင်ဘတ်အောင့်ခြင်း
(၆)ရုတ်တရတ်ကိုယ်အလေးချိန် ထိုးတက်ခြင်း (သို့) ကိုယ်အလေးချိန် ထိုးကျခြင်း
(၇)ခန္ဓာကိုယ်အနှံ့ယားယံခြင်း၊အနီကွက်များဖြစ်ခြင်း
(၈)အစာမကြေဖြစ်ခြင်း၊ရင်ပူခြင်း
(၉)အမျိုးသမီးများတွင် ဓမ္မတာမမှန်ခြင်း
(၁၀)သွေးပေါင်တက်ခြင်း
(၁၁)နဖူးနှင့် မေးရိုးတစ်လျှောက် ဝက်ခြံပေါက်ခြင်း

ထိုအချက်တွေထဲက အချက်တော်တော်များများ ခံစားနေရပြီဆိုရင်တော့ သင်ဟာ စိတ်ဖိစီးမှု(Stress)ခံစားနေရပြီလို့ ပြောလို့ရပါတယ်၊ဒီလို စိတ်ဖိစီးတာခံစားနေရပြီဆိုရင် လုပ်ဆောင်ရမယ့်အချက်တွေကို နောက် contentမှာပြောပြပေးသွားပါမယ်ရှင့်
စာဖတ်သူတို့ရော ဘယ်နှစ်ချက်တွေများ ကိုက်ညီနေသလဲရှင့်?စာရေးသူကတော့ (၇)ချက်လောက်နဲ့ကို ကိုက်ညီနေတဲ့အတွက် ကိုယ်တိုင် စိတ်ဖိစီးမှုဒဏ်ကို တော်တော်ခံစားနေရပါတယ်🥹
နောက် contentတစ်ခုနဲ့ ပြန်ဆံုကြပါမယ်၊အားလံုးကိုကျေးဇူးတင်ပါတယ်ရှင့်❤️

25/11/2022

“အိပ်မပျော်ခြင်းကို သက်သာစေဖို့ လုပ်ဆောင်ရမယ့် အချက် (၆)ချက်”
စိတ်ဖိစီးမှုတွေဟာ ယခုကာလမှာ ပိုပြီး လူတိုင်းလိုလိုခံစားလာကြရပါတယ်၊ဒီလိုစိတ်ဖိစီးတာတွေကြောင့် လူတော်တော်များများဟာ အိပ်မပျော်တဲ့ဝေဒနာခံစားလာကြရပါတယ်၊အိပ်ဆေးတွေသောက်လို့ရပေမယ့် ဆေးမကူခင်အရင်လုပ်ဆောင်သင့်တဲ့အချက်(၆)ချက်ကိုဝေမျှပေးသွားပါမယ်ရှင်၊
ဒါတွေကို လုပ်ဆောင်ကြည့်ပြီး မသက်သာတော့မှသာ ဆေးဝါးကိုမှီဝဲဖို့လဲ ဒီကနေ တိုက်တွန်းပါရစေရှင့်

(၁) အနားယူဖို့အချိန်သီးသန့်ဖယ်ထားခြင်း🧘‍♀️
နေ့တဒူဝ လှုပ်ရှားရုန်းကန်နေရတဲ့ ကျွန်မတို့ဟာ တခါတလေမှာ ကိုယ့်ကိုကိုယ်အနားယူဖို့အတွက် အချိန်ပေးဖို့မေ့လျှော့နေတတ်ကြပါတယ်၊ဒါကြောက့် တစ်နေ့တာမှာ မိမိအတွက် အနားယူဖို့ အချိန်သီးသန့်တစ်ခုထားထားပေးပါ

(၂)အာဟာရပြည့်ဝမျှတအောင်စားသံုးပါ🥗
အာဟာရပြည့်ဝါမျှတအောင်စားသံုးပါဆိုတဲ့နေရာမှာ ကြိုက်တာတွေချည်းစွတ်စားခိုင်းတာမဟုတ်ပါ၊ သင့်တင့်မျှတတဲ့ ပမာဏမှာ အစာအုပ်စု(၃)စုနဲ့ ညီမျှအောင်စားပါ၊အသီးအနှံများများစားသံုးပါ

(၃)မိမိအိပ်ခန်းကို သက်တောင့်သက်သာရှိအောင် ဖန်တီးပါ🛏
ဉပမာ- မိမိအိပ်ခန်းကို အနံ့မွှေးနေအောင်ထားခြင်း၊အိပ်ယာခင်း ၊ခေါင်းအံုးစသည်တို့ကို သန့်ရှင်းအောင်ထားခြင်းစတာတွေလုပ်နိုင်ပါတယ်

(၄)အရက်သေစာသောက်စားခြင်းကိုလျှော့ချပါ🍻

(၅)အကောင်းမြင်တဲ့အတွေးတွေတွေးပြီးမှ အိပ်စက်ပါ✅
ဥပမာ - မိမိပိုင်ဆိုင်ထားတဲ့ကောင်းတဲ့အရာတွေ၊ချစ်ရတဲ့သူတွေအကြောင်းတွေးပါ

(၆)အိပ်ယာမဝင်ခင် ဆေးလိပ်သောက်ခြင်းကိုရှောင်ကျဉ်ပါ❌

စာဖတ်သူအားလံုး ကျန်းမာကြပါစေရှင်
ကျေးဇူးတင်ပါသည်…..❤️

17/11/2022

“Nutritional Supplements For ADHD”☀️💊
“(ADHD)အာရံုစူးစိုက်မှုအားနည်းပြီး တက်ကြွလွန်ရောဂါခံစားနေရသူတွေအတွက် အာဟာရဖြည့်စွက်စာများအကြောင်း “

ADHD(Attention-Deficit Hyperactivity Disorder) (ခေါ်) အာရံုစူးစိုက်မှုအားနည်းပြီး တက်ကြွလွန်ရောဂါဟာ ကလေးဘဝမှာ ဖြစ်ပေါ်လေ့ရှိပြီး သင်ကြားရေးမှာ များစွာအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်
ဒီရောဂါကို ငယ်စဉ်ထဲက စောသိပြီး အထူးကုဆရာဝန်များနှင့်ထိရောက်စွာကုသခြင်း၊ကျွမ်းကျင်သူများနဲ့ အမူအကျင့်ကုထံုးများ ကုသခြင်းဖြင့် အသက်ကြီးလာတာနဲ့အမျှ လျှော့ပါးသွားနိုင်ပါတယ်

ရှာဖွေတွေ့ရှိချက်တွေအရ ဆေးဝါးများဖြင့်ကုသခြင်းဟာ ADHDရဲ့ ရောဂါလက္ခဏာတွေကို များစွာအထောက်အကူပြုတယ်လို့သိရပါတယ်၊သို့သော် လက်တစ်ဖက်နှင့်တစ်ဖက်ဖိချေခြင်း၊ တစ်ခုခုသဘောတူဖို့ရာအတွက် အလွန်အမင်းစဉ်းစားလွန်းပြီး သဘောတူရန်ခက်ခဲခြင်း စတဲ့ ဆိုးကျိုးတွေဟာ ခံစားနေရဆဲဖြစ်ပါတယ်၊မည့်သို့ပင် ဆေးဝါးကုသမှုဟာကောင်းနေပါစေ ကလေးတစ်ယောက်နဲ့တစ်ယောက်မှာလဲ အကျိုးရှိပံုခြင်းကွာခြားနိုင်ပါသေးတယ်
ထို့အတွက် ကျွန်မတို့ဟာ အခြားသော အထောက်အကူဖြစ်စေမယ့် အာဟာရမှန်ကန်အောင်ကျွေးခြင်း၊အမျိုး”သောလေ့ကျင့်ခန်းများ ပြုလုပ်စေခြင်းနှင့် ဖြည့်စွက်စာများတိုက်ကျွေးခြင်း စတာတွေကို ပြုလုပ်ပေးဖို့ လိုအပ်လာပါတယ်

ဒါကြောင့် ဒီကနေ့မှာတော့ ADHDလက္ခဏာတွေကိုသက်သာစေဖို့အကျိုးပြုမယ့် ဗီတာမင်နှင့် သတ္တူဓာတ်အချို့ကို ပြောပြပေးသွားပါမယ်ရှင်၊ ဒါတွေ မိမိကလေးကိုမတိုက်ခင် အကောင်းဆံုးကတော့ ဆရာဝန်(သို့)ဆေးဝါးပညာရှင်တွေဆီမှာ ဆွေးနွေးကုသမှုတွေကို ကောင်းစွာခံယူသင့်ပါတယ်၊အဘယ်ကြောင့်ဆိုရင် ‘တန်ဆေးလွန်ဘေး’ဆိုတဲ့စကားအတိုင်း ချင့်ချိန်တိုက်ကျွေးသင့်တဲ့အတွက်ဖြစ်ပါတယ်

(၁) Omega-3 Fatty Acids💊🐟
Onega-3 Fatty acidsကို စျေးကွက်ထဲမှာ ငါးကြီးဆီလို့အလွယ်တကူပြောဝယ်လို့ရပါတယ်
Omega-3 fatty acidsတွေက EPA(Eicosapentaenoic acid)နှင့် DHA(Docosahexaenoic acid)တို့ဖြစ်ပါတယ်၊စျေးကွက်ထဲမှာ EPAနဲ့ DHA ကို တစ်မျိုးချင်းစီလဲ မှတ်ဉာဏ်အားဆေးအဖြစ်ဝယ်ယူလို့ရနိုင်ပါတယ်
Onega-3 fatty acidsဟာ မှတ်ဉာဏ်စူးစိုက်ခြင်း၊အလွန်အကျူးတက်ကြွမှုဖြစ်ခြင်းကိုလျှော့စေခြင်းစတာတွေမှာ ကူညီပေးပါတယ်

(၂)Zinc(ဇင့်ဓာတ်)💊
Zinc ဓာတ်ဟာလဲ ADHDရဲ့ လက္ခဏာတွေကို သက်သာစေဖို့ အထောက်အကူပြုပါတယ်

(၃)Vitamin D☀️
ပံုမှန်အားဖြင့် ကျွန်မတို့ အရေပြားကနေ မနက်ခင်းနေရောင်ခြည်နဲ့ထိတွေ့ချိန်မှာ Vitamin Dကိုထုတ်လုပ်ပေးပါတယ်၊သို့သော် ADHD ခံစားရတဲ့ကလေးတွေမှာ Vitamin Dပမာဏဟာ သာမာန်ကလေးတွေထက် နည်းနိုင်တဲ့အတွက် Vitamin Dပမာဏကို စစ်ဆေးပြီး နည်းနေလျှင် တိုက်ကျွေးသင့်ပါတယ်

(၄)Iron(သံဓာတ်)❤️
သံဓာတ်ဟာ ကျွန်မတို့ ဦးနှောက်ရဲ့ ပံုမှန်လုပ်ငနိးစဉ်တွေလုပ်ဆောင်ရန် များစွာအထောက်အကူပြုတဲ့အတွက် ADHDကလေးတစ်ယောက်မှာ သံဓာတ်ပြည့်ဝနေမှ ပိုပြီး လက္ခဏာတွေသက်သာစေမှာဖြစ်ပါတယ်၊သံဓာတ်ဖြည့်စွက်စာကို မမှီဝဲခင်မှာ သွေးထဲမှာရှိတဲ့ သံဓာတ်ကိုတိုင်းတာဖို့ကလဲ အလွန်အရေးကြီးပါတယ်
ဒါဆိုရင် ကိုယ့်ကလေးဟာ ADHDရောဂါခံစားနေခဲ့ရရင် ဘယ်လိုအားဆေးတွေကို ပိုရွေးချယ်သင့်လဲဆိုတာ အကြမ်းဖျင်းသိပြီလို့ ယူဆလို့ရပါပြီရှင်
အားလံုးကိုကျေးဇူးတင်ပါသည်….❤️

14/11/2022

“World Diabetes Day 2022”💉
ဒီကနေ့ နိုဝင်ဘာလ (၁၄)ရက်နေ့ဟာ ကမ္ဘာ့ဆီးချိုသွေးချိုဆိုင်ရာနေ့(World Diabetes Day)ပဲဖြစ်ပါတယ်၊ နှစ်စဉ်နှစ်တိုင်း ဒီနေ့မှာ ဆီးချိုသွေးချိူရောဂါကို သတိထား ဂရုပြုမိကြစေဖို့ Theme လေးတွေ သတ်မှတ်ပြီး ကျင်းပလေ့ရှိပါတယ်
ဒီနှစ်ရဲ့ Theme ကတော့
“ Access to Care;Access to Diabetes Education” ပဲ ဖြစ်ပါတယ်.
ယနေ့ခေတ်မှာဆိုရင် ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေ၊ လူနေမှုပံုစံတွေကြောင့်ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေရဲ့ ၁၀% လောက်ဟာ ဆီးချိုသွေးချိုရောဂါကို ခံစားနေကြရပါတယ်၊မျိုးရိုးဗီဇကြောင့် ဆီးချိုသွေးချိူရောဂါခံစားနေရသူတွေလဲ အများပြားရှိနေပါတယ်၊
ဒါပေမယ့် ဆီးချိူသွေးချိူရောဂါနဲ့ပက်သက်ပြီး ဘယ်လိုဂရုစိုက်ရမယ်၊ဘာတွေကို ရှောင်ကျဉ်ရမယ် စတာတွေကိုတော့ လူအများစုဟာ မသိကြပါဘူး
ဒါကြောင့် ဒီနှစ် Diabetes Campaign ရဲ့ ရည်ရွယ်ချက်ဟာ လူများစွာက ဆီးချိုသွေးချိူရောဂါနဲ့ပက်သက်ပြီး ဘယ်လိုဂရုစိုက်ရမယ်၊ဘယ်လိုစစ်ဆေးမှုတွေပြုလုပ်ရမယ်၊မိမိပတ်ဝန်းကျင်မှာ ဆီးချိူသွေးချိူရောဂါရှင်ရှိပါကလဲ ဘယ်လိုဂရုစိုက်မှုတွေ ပြုလုပ်ပေးသင့်တယ်ဆိုတဲ့ အချက်တွေကို သိရှိသွားစေဖို့ ရည်ရွယ်ပါတယ်၊
Covid-19ရောဂါဟာ ယခုထက်တိုင် ပျံနှံ့ဖြစ်ပွါးလျက်ရှိတဲ့အတွက် ဆီးချိူသွေးချိူရောဂါရှင်တွေဟာ ကူးစက်ခံရရင် သာမာန်လူတွေထက် ပိုပြီးရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်
ဒါကြောင့် ဆီးချိုသွေးချိုရောဂါ မိမိမှာရှိတာဖြစ်စေ၊မိမိပတ်ဝန်းကျင်၊မိသားစုထဲမှာ ဆီးချိုသွေးချိုဝေဒနာရှင်ရှိခဲ့ရင်ဖြစ်စေ အစားအသောက်၊နေထိုင်မှုပံုစံ၊ ပံုမှန်ဆေးစစ်ခြင်း စတာတွေကို အမြဲဂရုတစိုက်နဲ့ ဆောင်ရွက်ကြဖို့ ဒီကနေ တိုက်တွန်းလိုက်ရပါတယ်ရှင်…
စာဖတ်သူအားလံုး ကျန်းမာကြပါစေ…🫶🏻

03/11/2022

“Memory Loss;7 Tips To Improve Your Memory❕”

“မှတ်ဉာဏ် ပိုကောင်းဖို့ လုပ်ဆောင်ရမယ့် အချက် (၇)ချက်💁🏼‍♀️”

မေ့တတ်တာဟာ လူကြီးတွေပဲ မဟုတ်ပါဘူး၊လူငယ်တွေမှာပါ ဖြစ်တတ်ကြပါတယ်၊Covid 19 ဖြစ်ပြီးတဲ့ ဆိုးကျိုးတစ်ခုအနေနဲ့ပါ အခုနောက်ပိုင်း ခဏ ခဏ သတိမေ့တာတွေ အားလံုးခံစားလာကြရပါတယ်
တခါတလေမေ့တတ်တာဟာ သဘာဝကျပေမယ့် ခဏ ခဏ မေ့တတ်လာပြီဆိုရင် မိတ်ဆွေတို့အနေနဲ့ ကျွန်မပြောပြသွားမယ့် အချက်တွေကိုလိုက်လုပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်ရှင်💁🏼‍♀️✔️

(၁) စိတ်ကိုအမြဲ သတိကပ်နေအောင်ပြုလုပ်ခြင်း🧎‍♀️
သတိကပ်နေဖို့ဆို တရားထိုင်ခြင်း၊Puzzle game များဆော့ခြင်း၊ ဖျော်ဖြေရေးတူရိယာတစ်ခုခုကိုလေ့လာတီးခတ်ခြင်း စတာတွေ ပြုလုပ်ပေးလို့ရပါတယ်

(၂) Social Activity များပြုလုပ်ခြင်း🙋‍♂️
ချစ်ခင်ရသူတွေ၊သူငယ်ချင်းမိတ်ဆွေတွေနဲ့ မကြာခဏ တွေ့ဆံုပေးပါ၊ထိုသူတွေအတွက်အချိန်ပေးပါ

(၃)လုပ်ရမယ့်အလုပ်များကို To do listလုပ်၍ဆောင်ရွက်ခြင်း📝
မကြာခဏမေ့တတ်သူများဟာ အရေးကြီးတဲ့ပွဲလမ်းသဘင်တွေကိုတောင် မေ့လျော့တတ်ကြပါတယ်၊
ဒါကြောင့် ၁ပတ်စာ (သို့)၅ရက်စာ To do listပြုလုပ်ပြီး ထိုအလုပ်ပြီးရင် အမှန်ခြစ်ပြီး မှတ်သားထားတာမျိုး ပြုလုပ်သင့်ပါတယ်

(၄)တစ်ကြိမ်ကို အလုပ်တစ်ခုအတွက်သာ အာရံုစူးစိုက်၍ ပြုလုပ်ခြင်း🤹‍♂️
မိမိလုပ်ရမယ့်အလုပ်တွေကို ပထမဦးစားပေး ၊ဒုတိယဦးစားပေး စသဖြင့် သတ်မှတ်ပြီး အရေးကြီးဆံုးတစ်ခုအပေါ်ကိုသာ အာရံုစိုက်လုပ်ဆောင်ပါ၊
တစ်ကြိမ်တည်းနဲ့ အကုန်လံုးကို စုပေါင်းပြုလုပ်ခြင်းမျိုး ရှောင်ကျဉ်ပါ

(၅) အာဟာရမျှတအောင်စားပါ🍇🥑🥓
- အသီးအနှံများ၊ဟင်းသီးဟင်းရွက်များ၊အစေ့အဆန်များ၊အဆီနည်းသောအစားအစာများကို များများစားသံုးပေးပါ✅
- ရေကို လံုလောက်စွာသောက်သံုးပါ✅
- အရက်သေစာအလွန်အကျွံသောက်သံုးခြင်းကို အထူးရှောင်ကျဉ်ပါ❌

(၆)နေ့စဉ်လေ့ကျင့်ခန်းတစ်ခုခုပြုလုပ်ခြင်း🚴‍♂️🏃‍♂️
လေ့ကျင့်ခန်းပြုလုပ်တာဟာ သွေးလည်ပတ်မှုကို ပိုပြီးကောင်းစေပါတယ်၊အခြားသောလေ့ကျင့်ခန်းများ မပြုလုပ်နိုင်လျှင် တစ်နေ့ကို ၁၀မိနစ်လောက် လမ်းလျှောက်ပေးလို့ရပါတယ်

(၇) ဆီချို၊သွေးတိုး၊စိတ်ကျရောဂါ စသဖြင့် ခံစားရနေသူတွေအနေနဲ့ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးကို သေချာစွာ လိုက်နာသောက်သံုးပေးပါ၊မိမိကိုယ်ကို ဂရုစိုက်လေ မှတ်ဉာဏ်အားကောင်းဖို့ အထောက်ကူပြုလေဖြစ်ပါတယ်

အကယ်၍ သတိမေ့တာဟာ ပိုဆိုးတဲ့အခြေနေဖြစ်လာပြီး နေ့တစ်ဒူဝအလုပ်တွေကိုပါ ထိခိုက်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြပါလို့တိုက်တွန်းချင်ပါတယ်ရှင်
စာဖတ်သူအားလံုး ကျန်းမာကြပါစေရှင်❤️

14/10/2022

“Our Mission And Goal🏆”

“Pharma Care will provide an unparalleled experience with various pharmaceutical knowledges to become a better society.”

“ကျွန်မတို့ Pharma Care ရဲ့ ရည်မှန်းချက်ပန်းတိုင်ကတော့ ဆေးဝါးနဲ့ပက်သက်တဲ့ ဗဟုသုတများစွာကို ဝေမျှပေးသွားမှာဖြစ်ပြီး ပိုပြီးကောင်းမွန်တဲ့ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်လာဖို့ပဲ ဖြစ်ပါတယ်”

💚

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Insein
Yangon