Hlaing Htate Htar Hair & Beauty Salon
Elegant Beauty with Love
28/07/2026
"ဝါဆိုလပြည့်နေ့" ကတော့ သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာဆိုတဲ့ ထူးမြတ်တဲ့ ဂုဏ်ဒြပ် လေးရပ်အပြင် ဗုဒ္ဓမြတ်စွာက
- ဘုရားဖြစ်ကြောင်း ဝန်ခံသောနေ့
- တရားရတနာ စတင်ပေါ်ပေါက် လာသောနေ့
-သံဃာရတနာ စတင်ပေါ်ပေါက်လာသောနေ့
- ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံလာသောနေ့
- မြတ်ဗုဒ္ဓရဲ့ "ဧဟိဘိက္ခု" ဆိုတဲ့ စကားကို စတင်ကြားရသော နေ့ စတဲ့ ထူးမြတ်ဂုဏ်အင် ၉ ပါးနဲ့ ပြည့်စုံတဲ့နေ့ဖြစ်ပါတယ်
မြတ်စွာဘုရား အဖြစ်နဲ့ ပထမဦးဆုံး ဟောကြားတော်မူခဲ့တဲ့ "ဓမ္မစကြာတရားတော်" ဆိုတာ သစ္စာလေးပါး အမှန်တရားကို စက်ကဲ့သို့ အဖန်ဖန် အထပ်ထပ်ဟောတော်မူတဲ့ တရားတော်လို့ အဓိပ္ပာယ်ရပါတယ်
ဓမ္မစကြာတရားတော်ရဲ့ အနှစ်ချုပ်မှာ သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါး ဖြစ်ပါတယ်
သစ္စာလေးပါး -
၁။ ဒုက္ခသစ္စာ(ဆင်းရဲခြင်းအဖုံဖုံကို သိမြင်လာနိုင်သည်)
၂။သမုဒယသစ္စာ(ဒုက္ခဖြစ်သော အကြောင်းများကို ပယ်ဖျောက်လာနိုင်သည်)
၃။ နိရောဓသစ္စာ( ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်သည်)
၄။ မဂ္ဂသစ္စာ(ဒုက္ခချုပ်ငြိမ်းကြောင်း မဂ္ဂင်ရှစ်ပါးပွားများနိုင်သည်)
နိဗ္ဗာန်ရောက်ကြောင်းမဂ္ဂင်ရှစ်ပါး-
၁။ သမ္မာဒိဋ္ဌိ(ကောင်းစွာမြင်ခြင်း)
၂။ သမ္မာသင်္ကပ္ပေါ (ကောင်းစွာကြံခြင်း)
၃။ သမ္မာဝါစာ (ကောင်းစွာပြောဆိုခြင်း)
၄။ သမ္မာကမ္မန္တော (ကောင်းစွာပြုလုပ်ခြင်း)
၅။ သမ္မာအာဇီဝေါ (ကောင်းစွာအသက်မွေးခြင်း)
၆။ သမ္မာဝါယာမော(ကောင်းစွာ အားထုတ်ခြင်း)
၇။ သမ္မာသတိ (ကောင်းစွာအောက်မေ့ခြင်း)
၈။ သမ္မာသမာဓိ(ကောင်းစွာတည်ကြည်ခြင်း)
ယနေ့ကျရောက်တဲ့ ဝါဆိုလပြည့် အခါသမယမှာ -
" ကောင်းသောအသိ၊ ကောင်းဘိအကြံ၊ ကောင်းသံဆိုပြော၊ ကောင်းသောအပြု၊ ကောင်းမှုသက်မွေး၊ ကောင်းရေးလုံ့လ၊ ကောင်းထသတိ၊ ကောင်းဘိတည်ကြည် ဤရှစ်မည် " ဖြင့် ကျင့်ကြံ အားထုတ်ကြလျှက် ကောင်းမှုကုသိုလ်များ တိုးပွားနိုင်ကြပါစေကြောင်း လှိုင်ထိပ်ထား Beauty Salon မိသားစုမှ ဆုတောင်း မေတ္တာပို့သလိုက်ရပါတယ်ရှင်
#ဝါဆိုလပြည့်
#သန္ဓေတောထွက်ဓမ္မစက်တစ်ချက်ပြာဋိဟာ
#ဓမ္မစကြာအခါတော်နေ့
28/07/2026
29.07.2026 ဗုဒ္ဓဟူးနေ့တွင်ကျရောက်သော ဝါဆိုလပြည့် ဓမ္မစကြာနေ့ အခါသမယတွင် ကောင်းမှုကုသိုလ်များပွားများနိုင်စေရန် ....
လှိုင်ထိပ်ထား Beauty Salon ၏ ဝန်ဆောင်မှုများ တစ်ရက်နားမည်ဖြစ်ကြောင်း ရိုသေလေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။
08/06/2026
ဆံပင်လေးက အိစက်နေရုံတင်မကဘဲ
လိုက်ဖက်တဲ့ ကာလာလေးနဲ့ဆိုတော့ အလှဆုံးလေးပေါ့ !!
ယုံကြည်စွာနဲ့ လာရောက်အားပေးတဲ့ ညီမလေး သီရိ Beauty By Thiri အများကြီးအောင်မြင်ပါစေနော် !
Hlaing Htate Htar
Beauty Salon
"Elegant Beauty With Love"
No 13, Ingapu Street , Sanchaung Township .
15/05/2026
အမြဲ အားပေးဝန်းရံတဲ့ ချစ်ရသော မပွင့် Pwint Phyu Win - Pharmacist ဒီထက်မက အောင်မြင်ပါစေရှင်
သားအမိနှစ်ယောက်
စမ်းချောင်Hlaing Htate Htar Hair & Beauty Salononမှာပါရှင်
ပြီးရင် ပုံလာပြမယ်နော်🥰
01/05/2026
အောင်မြင်မှုတိုင်းရဲ့နောက်ကွယ်မှာ လက်မလျှော့ဘဲ အစဥ်တစိုက် ကြိုးစားခဲ့သူ တစ်ယောက်စီ ရှိပါတယ်။
ဒီနေ့မှာတော့ အလုပ်အမျိုးမျိုးအတွင်းက ကြိုးစားအားထုတ်မှု၊ ကျွမ်းကျင်မှုနှင့် ဂုဏ်သိက္ခာတွေရှိကြတဲ့ အလုပ်သမားများကို လေးစားဂုဏ်ပြုလိုက်ကြရအောင်...
ယနေ့ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ကို လှိုင်ထိပ်ထား Beauty Salon မှ လေးစားစွာဖြင့် ဂုဏ်ပြု ကြိုဆိုအပ်ပါတယ်
30/04/2026
ဗျာ ဖွား ပွင့် စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့
~~~~~~~~~~~~~~~~~~~~~~~~~
ယနေ့ကျရောက်သော ကဆုန်လပြည့်နေ့ နေ့ထူးနေ့မြတ် အခါသမယတွင် မိတ်ဟောင်းမိတ်သစ်များနှင့် တကွ ခုနရက်သားသမီး အပေါင်း ကိုယ်စိတ်နှစ်ပါး ရွှင်လန်း အေးချမ်းကြလျှက် တရားထူးကုသိုလ်များ ရရှိနိုင်ကြပါစေကြောင်း လှိုင်ထိပ်ထားမိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်
လှိုင်ထိပ်ထားရဲ့ မိတ်ဟောင်း မိတ်သစ်များအားလုံး နှစ်သစ်မှစတင်ပြီး စိတ်သစ်လူသစ် အားအင်သစ်များနှင့် ကျန်းမာရွှင်လန်းကာ ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ကြပြီး ဘာသာ သာသနာအကျိုးကို သယ်ပိုးထမ်းရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်
#နှစ်ဆန်း၁ရက်နေ့
#၁၃၈၈ခုနစ်
#သင်္ကြန်
16/04/2026
နှစ်ဟောင်းကုန်ဆုံးခါနီးဖြစ်တဲ့ ယနေ့ သင်္ကြန်အတက်နေ့မှာ တစ်ဦးကို တစ်ဦး အပြန်အလှန် သင်္ကြန်ရေ ပက်ဖျန်းကြပြီး ယခင်နှစ်က ဖြစ်ပျက်ခဲ့သော မကောင်းမှုများ၊ အပူအပင်များ၊ စိတ်ညစ်စရာများနှင့် အညစ်အကြေးများအားလုံးကို ဆေးကြောစင်ကြယ်စေပြီး၊ သန့်ရှင်းသောစိတ်နှလုံးဖြင့် နှစ်သစ်သို့ ကူးပြောင်းနိုင်ကြပါစေကြောင်း လှိုင်ထိပ်ထား မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် 🙏🙏🙏
#သင်္ကြန်
#အတက်နေ့
15/04/2026
သင်္ကြန် နဲ့ စတုဒီသာ
~~~~~~~~~~~~
စတုဆိုတာ လေးဂဏန်း၊ လေးခုမြောက်၊ လေးကြိမ်၊ လေးခါ, ဒိသာဆိုသည်မှာ အရှေ့၊ အနောက်၊ တောင်၊မြောက်ဟူသော အရပ်လေးမျက်နှာကိုရည်ညွှန်းတယ်လို့ဆိုပါတယ်
ဒါကြောင့် အရပ်လေးမျက်နှာမှ လာတဲ့ မည်သည့် အလှူခံမျိုးကိုမဆို အတန်းအစား မခွဲခြားပဲ စေတနာ သဒ္ဓါ ထက်ထက် သန်သန် ရက်ရက် ရောရော ပျော်ပျော်ပါးပါး လှူဒါန်းတဲ့ အလှူကို မြန်မာလူမျိုးများက "စတုဒိသာ" လို့ ခေါ်ကြပါတယ်
စတုဒိသာ အလှူဟာ အလွန်ဖြူစင်ပြီး အလွန် သဒ္ဓါအား ကောင်းပါတယ်။ သဒ္ဓါအား ကောင်းတော့ အကျိုးပေးလည်းကြီးလှပါတယ်။ စတုဒိသာအလှူဟာ သံဃာကို လှူဒါန်းရတဲ့ သံဃိဃဒါန အကျိုးလိုပဲ အလွန်ကျိုးများလှပါကြောင်း "သင်္ကြန် နဲ့ စတုဒီသာ" အကြောင်း မျှဝေရင်း ယနေ့ကျရောက်တဲ့ သင်္ကြန် အတက်နေ့မှာလည်းသဒ္ဓွါကြည်ရွှင် ဖြူစင်လန်းဆန်း လှူဒါန်းနိုင်ကြပါစေ… နှစ်သစ်မှာ ကောင်းသော လိုအင် ဆန္ဒများလည်း ပြည့်ဝကြပါစေကြောင်း လှိုင်ထိပ်ထားမိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်နော် 🙏🙏🙏
#အကြတ်နေ့
#စတုဒိသာ
#သင်္ကြန်
ကျမ်းကိုး။ မြန်မာ့ ဓလေ့ပွဲတော်များ (ဓမ္မာစရိယ ဦးအေးနိုင် ဘီအေ)။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 13, In Ga Pu Street, Sanchaung Township
Yangon
Opening Hours
| Monday | 08:00 - 20:00 |
| Tuesday | 08:00 - 20:00 |
| Wednesday | 08:00 - 20:00 |
| Thursday | 08:00 - 20:00 |
| Friday | 08:00 - 20:00 |
| Saturday | 08:00 - 20:00 |
| Sunday | 08:00 - 20:00 |