SKY barber shop

SKY barber shop

Share

hair style

14/06/2025

အိမ်ကိုလွမ်းတယ် အရင်ချိန်တွေကိုသတိရတယ်

09/06/2024

ဘဝက ခက်ခဲ ခဲ့လွန်းလို့
စိတ်ပျက်မိတဲ့ အကြောင်း
သူငယ်ချင်းတယောက်ကို
ရင်ဖွင့်မိတုန်းက သူပြန်ပြောတာလေး
သဘောကျမိတယ်။

သူက " မင်းမှာနေစရာရှိလား "
မေးတော့ ...

" ရှိတယ်။ ငါ့အိမ်တော့မဟုတ်ဘူး။
ငါ့ မိဘအိမ် " လို့ ဖြေတော့ ..

သူက " မင်းမှာ နေစရာ ရှိသေးတာဘဲတဲ့။
နေစရာမိဘအိမ်တောင် မရှိတော့တဲ့
လူတွေအများကြီးဘဲ " တဲ့။

" မင်းမှာ စားဖို့ကောရှိလား " မေးတော့ ..

" အမေ့အိမ်ရှိတော့ စားစရာလည်းရှိတယ်"
လို့ ဖြေတော့ ...

သူက " တနေ့တနေ့ မိသားစု ဝဝလင်လင်
စားဖို့တောင် အနိုင်နိုင် ရုန်းကန်နေကြရတဲ့
မိသားစုတွေ အများကြီးဘဲ " တဲ့။

" မင်းမှာ ဝတ်ဖို့ကောရှိလား " လို့
ဆက်ပြီး မေးတော့ ...

" ရှိတယ်။ ဟောင်းနေပေမယ့် လူလူသူသူ
ဝတ်ဖို့တော့ ရှိပါသေးတယ် " ဖြေတော့

" အရမ်းအေးတဲ့ ဒေသမှာတောင်
ဝတ်စရာမရှိလို့ အအေးဒါဏ်ကို
အံကြိတ်ပြီး ခံနေရတဲ့
လူတွေအများကြီးဘဲ " တဲ့။

ပြီးတော့ သူက ဆက်ပြောတယ် ...

" မင်းကသာ မင်းဘဝကို
စိတ်ပျက်ပြီး အလိုမကျဖြစ်နေတာ

ဒီကမ္ဘာမှာ မင်း အခုရနေတဲ့
ခံစားခွင့်လေးကို ရချင်နေတဲ့
လူတွေ အများကြီးဘဲ "တဲ့။

" မင်းအခု စိတ်ပျက်နေတဲ့
မင်းဘဝက တချို့လူတွေရဲ့
အိပ်မက် ဖြစ်နေတတ်တယ်ဆိုတာကို
မမေ့ပါနဲ့ " တဲ့။

" အပေါ်ကို မော့ကြည့်တာများသွားရင်
မင်းဘဝက ဘယ်တော့မှ
အလို ပြည့်စုံပြီး ပျော်ရွှင်ရမှာမဟုတ်ဘူး။

အောက်ခြေက ဘဝတွေကို
ငုံ့ကြည့်ပြီး စာနာသနားတတ်ရင်
မင်းအခုနေတဲ့ ဘဝကို
မင်းပိုပြီး ကျေနပ်ပျော်ရွှင်လာလိမ့်မယ် "တဲ့။

စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ အဲဒီလို
တကယ်ကို တန်ဖိုးရှိတဲ့စကားတွေ
ကြားလိုက်ရတော့ တော်တော်ကို
အားတွေပြည့်ခဲ့ရပါတယ်။

သူ့ဆီက အဲဒီစကားကို
ကြားပြီးနောက်ပိုင်း ဘဝကဘယ်လောက်ဘဲ
ခက်ခဲ ခက်ခဲ ကျွန်တော် ဘယ်တော့မှ
မငြီးငြူ ဖြစ်တော့ဘူး။

တခုခုဆိုးဝါးတာကြုံရင်တောင်
" ငါ့ထက် ခက်ခဲနေတဲ့သူတွေတောင်
ဒါတွေ ကျော်ဖြတ်နေကြတာဘဲ

ငါလည်းကျော်ဖြတ်နိုင်မှာပါလို့
တွေးတတ်သွားတယ် "

ကျွန်တော် ခံစားခဲ့ရဖူးသလို
ကိုယ့်ဘဝကိုယ် စိတ်ပျက်ပြီး
အလိုမကျ ၊ အားမလိုအားမရ
ဖြစ်နေနိုင်တဲ့သူတွေ ရှိနေနိုင်လို့ ။

Happy Entertainment Channel 👍👍👍

07/06/2024

ဘဝအတွက်သော့ချက်

ရိုးသားပါ။သို့သော်အမှန်တရားနှင့်လွဲချော်သွားတဲ့
အထိမတုံးအပါနှင့်။

မြင့်မြင့်ကြံပါ။သို့သော် ခြေကုပ်မမြဲဘဲ အောက်ခြေက
ယိုင်လဲသွားတဲ့အထိ သတိမကင်းလွတ်ပါစေနှင့်။

ဟုတ်မှန်သောစကားကိုဆိုပါ။ သို့သော် "ပရိယာယ်
မပါ၊လင်္ကာမချော" ဟူသောစကားပုံကို အလျဉ်းသင့်သလိုအသုံးချဖို့ မမေ့ပါနှင့်။

ဇွဲ၊လုံ့လ၊ဝီရိယ ရှိပါ။သို့သော် ဘဝအတွက်အရေးမပါ
သောကိစ္စများတွင် အင်အားကိုအချည်းနည်း မကုန်ဆုံးပါစေနှင့်။

အချိန်ကိုတန်ဖိုးထားပါ။ သင်၏ဘဝသက်တမ်းအား
အချိန်များဖြင့်တည်ဆောက်ထားတာကို ဘယ်တော့
မှ မမေ့ပါနှင့်။

သိက္ခာရှိပါ။ သိက္ခာတရားဆိုသည်မှာ သင့်ကိုယ်တွင်း
၌မွေးကတည်းကပါလာသော အဖိုးတန်အရင်းအမြစ်
တစ်ခုဖြစ်ပြီး၊ သင့်ကိုဘဝတစ်လျှောက်လုံးနွေးထွေး
လုံခြုံမှုပေးနိုင်သော တစ်ခုတည်းသောဝတ်ရုံဖြစ်တာ
ကို မမေ့လိုက်ပါနှင့်။

ဘာသာတရားကိုင်းရှိုင်းပါ။သင့်ဘဝ၏အမှောင်ဆုံး
အချိန်မှာတောင် အလင်းရောင်ကိုပြနိုင်သော ဘာသာ
တရားကို ဘယ်တော့မှလက်မလွတ်ပါစေနှင့်။

Credit

07/06/2024

မင်း အကြိမ်တစ်ရာ ကောင်းခဲ့တာကို
လူတွေသိတယ်
ဒါပေမယ့်
လူတိုင်းက မင်း ကောင်းကြောင်းကို
ပြောချင်ကြမှာ မဟုတ်ပါဘူး ...

ဘာဖြစ်လို့လဲဆိုတော့ ....
မင်း မကောင်းကြောင်းကို ပြောဖို့
မင်း မှားမယ့် တကြိမ်ကို
သူတို့
စောင့်နေကြလို့ပါပဲ....။

မင်း အကြိမ်ကြိမ် ကူညီပေးခဲ့ဘူးတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းရဲ့ပေးဆပ်မှုကို
မှတ်သားထားကြမှာ မဟုတ်ပါဘူး

ဘာဖြစ်လို့လဲ ဆိုတော့ ....,
မင်းကို အပြစ်တင်ပြောဖို့
မင်း မကူညီ နိုင်မယ့် တစ်ကြိမ်ကို
သူတို့
စောင့်နေကြလို့ပါပဲ... ။

မင်း တော်တယ် ဆိုတာကို
လူတွေ သိတယ်
ဒါပေမယ့်
လူတိုင်းက မင်းအတွက်
ဂုဏ်ယူ ချီးမွမ်း ချင်နေကြမှာ မဟုတ်ပါဘူး

ဘာဖြစ်လို့လဲ ဆိုတော့....,
မင်းကို ကဲ့ရဲ့ မေးငေါ့ကြဖို့
မင်း ခြေချော်ပြီး ပြန်မထ နိုင်မယ့်နေ့ကို
သူတို့
စောင့်နေကြလို့ပါပဲ....။

07/05/2024

ထိုင်နိုင်ငံ ဘန်​ဘော​စျေး မှာဆံပင်ညှပ်ချင်သူ​တွေ လာလို့ရပီ​နော် မိတ်​ဆွေများ

14/04/2024
30/03/2024

SKY barber shop
Trying is't shame.

30/03/2024

SKY barber shop
Sorry,We r not Perfect

Photos from SKY barber shop's post 14/03/2024

SKY barber shop
What do u think?

Photos from SKY barber shop's post 14/03/2024

SKY barber shop
What do you think?

Photos from SKY barber shop's post 10/03/2024

SKY barber shop
Do you know
Your hair style is your second face.
Change !!!

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11421