May Thet Lwin
May online business
အမျိုးသမီးများကျန်းမာရေးနှင့် အလှပရေးရာ
Oh my zing & little Fairy skin လက်လီလက္ကားရ
09250086271 Yangon
22/08/2026
တစ်ခါတလေ လူတွေက
ကိုယ်ဘယ်လောက်ကံကောင်းနေပြီးသားလဲဆိုတာ
မေ့နေတတ်တယ်…
စားစရာအစားအစာ ရှိတယ် 🍚
နားခိုစရာ အိမ်တစ်လုံးရှိတယ် 🏡
ချစ်ရတဲ့သူတွေ ရှိတယ် 🤍
ကျန်းမာတဲ့ခန္ဓာကိုယ် ရှိတယ်
နေ့တိုင်း အသစ်တွေကို ဆက်လေ့လာနိုင်တဲ့
စိတ်ရှိတယ်
ပြီးတော့ အခက်အခဲတွေကို
ကိုယ်တိုင်တောင် မသိလိုက်ဘဲ ကျော်ဖြတ်လာနိုင်ခဲ့တဲ့
ခွန်အားတစ်ခုလည်း ရှိတယ်
တစ်ခါတလေ ကိုယ်မရှိသေးတာတွေကိုပဲ
ကြည့်ပြီး“ငါ့မှာ ဘာမှမရှိသေးဘူး” လို့
ထင်မိတတ်တယ်
တကယ်တော့…
ကိုယ်လိုချင်တဲ့အရာတွေ မရသေးတာနဲ့
ကိုယ့်မှာ ဘာမှမရှိတာ မတူပါဘူးနော်
ဒီနေ့ ကိုယ့်မှာရှိနေတဲ့အရာလေးတွေကို
ခဏလောက် ရပ်ပြီး ပြန်ကြည့်ကြည့်ပါ
ကိုယ်ထင်ထားတာထက်
ကိုယ်က အများကြီးချမ်းသာနေပြီးသား
ဖြစ်နိုင်ပါတယ် 🤍
Sometimes, we just need to pause and remember how blessed we already are.
22/08/2026
အကြင်မည်သူမဆိုရက်(၄၀)တိတိတနေ့(၄၁)ကြိမ်ဖတ်ပါကအင်ရှာအလ္လာဟ်ချမ်းသာကြွယ်ဝလာစေမယ်။
“ချစ်လို့လိုက်ခဲ့တဲ့မိန်းကလေးတစ်ယောက်ရဲ့ ဘဝက… သူမထင်ထားတာထက် အများကြီးပိုခက်ခဲခဲ့တယ်။”
သီရိက သူချစ်တဲ့ယောက်ျားကို ယုံကြည်ပြီး အိမ်ကသဘောမတူတဲ့ကြားကနေ ချစ်ခြင်းနောက်လိုက်ခဲ့တယ်။
သူ့မိသားစုဘက်ကလည်း အစပိုင်းမှာ သဘောမတူခဲ့ကြဘူး။ ဒါပေမယ့် အဆုံးမှာတော့ “ယူပြီးပြီပဲ… လက်မခံလို့လည်းမရတော့ဘူး” ဆိုတဲ့သဘောနဲ့ လက်ခံခဲ့ကြတယ်။
အဲ့ဒီနေ့ကစပြီး သီရိက သူ့ယောက်ျားရဲ့မိသားစုနဲ့အတူ နေခဲ့တယ်။
အိမ်မှာ ယောက္ခမ၊ ယောက္ခထီး၊ အိမ်ထောင်ကွဲအမတစ်ယောက်၊ အပျိုကြီးအမတစ်ယောက်နဲ့ ယောက်ျားရဲ့ညီတစ်ယောက်… အားလုံးအတူနေကြတယ်။
သူတို့မိသားစုက ပိုက်မီးလုပ်ပြီး ဈေးထဲမှာ ပြန်သွင်းရောင်းကြတယ်။
သီရိလည်း အော်ဒါရှိသလောက် လုပ်ပေးရတယ်။
ဈေးသွားရင် လိုက်သွားပြီး ပစ္စည်းတွေ ကူသယ်ပေးရတယ်။
ဈေးကပြန်ရောက်ရင် ဟင်းချက်ဖို့ ဝိုင်းလုပ်ရတယ်။
ဒါပေမယ့် အဲ့ဒီအလုပ်တွေနဲ့ မပြီးသေးဘူး…
မနက်၊ နေ့လယ်၊ ည…
အိမ်ကလူတွေအားလုံး စားသမျှပန်းကန်တွေကို သီရိတစ်ယောက်တည်း ဆေးရတယ်။
ရေနွေးတည်ပြီး ဓာတ်ဘူးထဲထည့်ရတယ်။
သောက်ရေတွေ ဖြည့်ရတယ်။
အဝတ်တွေ လျှော်ပြီးရင် လှန်းရတယ်။
အဝတ်လျှော်စက်နဲ့ လျှော်တာက သူတို့အဝတ်တွေချည်းပဲ။
သီရိရဲ့အဝတ်တွေတော့ မပါဘူး။
ဒါပေမယ့် အဲ့ဒီအိမ်က လူတွေအားလုံးရဲ့ အဝတ်တွေကိုတော့ မီးပူတိုက်ပေးရတာ သီရိပဲ။
အိမ်အလုပ်တွေ ဒီလောက်များနေပေမယ့်…
သူမရဲ့ယောက်ျားကတော့ တစ်ခုတောင် ဝင်ကူမပေးခဲ့ဘူး။
မသိသလိုပဲ နေခဲ့တယ်။
အဲ့ဒီအချိန်မှာ သီရိက ကိုယ်ဝန်နဲ့…
အလုပ်အော်ဒါတွေ များလာရင် ည ၂ နာရီ၊ ၃ နာရီထိ အလုပ်လုပ်ရတယ်။
ကိုယ်ဝန်ရှိတဲ့မိန်းမတစ်ယောက်အတွက် အားရှိအောင် စားရမယ်၊ အာဟာရပြည့်အောင် နေရမယ်ဆိုတဲ့စကားတစ်ခွန်းတောင် သူမအတွက် မရှိခဲ့ဘူး။
သူတို့သမီးအလှည့်ကျတော့ နို့တိုက်တယ်။
သီရိအလှည့်ကျတော့…
“ကလေးထွားသွားမယ်” ဆိုပြီး မတိုက်ခိုင်းဘူး။
ငှက်ပျောသီးတောင် မစားခိုင်းခဲ့ဘူး။
ကိုယ်ဝန်ကြောင့် ပါးစပ်ပျက်ပြီး ထမင်းစားရင် ပြန်အန်တယ်။
စားမရတော့ ထမင်းလည်း မစားနိုင်ဘူး။
ဒါပေမယ့် သီရိက ဘာမှမပြောဘဲ အငတ်ခံပြီး နေခဲ့တယ်။
နောက်ဆုံး…
ကလေးမွေးပြီးတဲ့အချိန်မှာ သီရိဟာ အားအင်ကုန်ခမ်းပြီး အိပ်ရာထဲ လဲသွားခဲ့တယ်။
တချို့ကတော့ “မီးရပ်ကိုင်တာ” လို့ ပြောကြတယ်။
ဒါပေမယ့် ဆရာဝန်တွေကတော့…
“အာဟာရချို့တဲ့တာ” လို့ ပြောခဲ့ကြတယ်။
သီရိရဲ့ဘဝမှာ ဒီအဖြစ်အပျက်တွေက နောက်ထပ်ကြုံရမယ့်အရာတွေရဲ့ အစပဲ ဖြစ်နေခဲ့တယ်…
အဲ့ဒီနောက် ဘာတွေထပ်ဖြစ်ခဲ့လဲဆိုတာ…
နောက်အပိုင်းမှာ ဆက်ပြောပြမယ်။
#ပြန်လည်ကူးယူခွင့်မပြုပါ
ို့ရပါတယ်
#ဘဝအကြောင်း
21/08/2026
🌸 ရေချိုးပြီးတိုင်း Jasmine ပန်းရနံ့လေး သင်းနေချင်လား? 🌸
Fairy Jasmine Soap 🧼
✨ Handmade Soap ✨
Jasmine ရဲ့ နူးညံ့တဲ့ရနံ့လေးနဲ့
ရေချိုးချိန်တိုင်း ကိုယ့်ကိုယ်ကို ပိုပြီးဂရုစိုက်ပေးလိုက်ပါ 💕
နေ့တိုင်းသုံးရင်း
🫧 သန့်ရှင်းလန်းဆန်း
🌸 မွှေးရနံ့သင်းပျံ့
💗 ကိုယ့်ကိုယ်ကို ချစ်တတ်လာစေမယ့် Soap လေး
150g တစ်ခဲ 25000ks
📩 မှာယူချင်ရင် Messenger မှာ Order တင်လို့ရပါတယ်ရှင့် 💕
Fairy lipstick No 6
Chocolate brown colour
တချက်ခုပ် နှချက်ပျ က်ချင်ရင်fairy essences toner လေးသုံးပါ
ဘယ်လိုနေနေချစ်စရာကောင်းတာနော်😁😁
20/08/2026
အသက် ၄၀ ကျော်တွေအတွက် အရမ်းအဆင်ပြေတဲ့ Skincare Set လေး 💕
✨ Essence Toner
✨ Essence Emulsion
✨ Prepair Cream
နေ့စဉ်ပုံမှန်လိမ်းပေးရုံနဲ့ အသားအရေကို စိုပြေတင်းရင်းပြီး တင်းတိတ်တွေကို သက်သာအောင် ထိန်းသိမ်းပေးနိုင်တဲ့ ၃ မျိုးတွဲ 💗
အသက် ၄၀ ကျော်မှ ပိုဂရုစိုက်သင့်တဲ့ အသားအရေအတွက် ရွေးချယ်သင့်တဲ့ Set လေးပါရှင့်
၅ ဘူးယူရင်လက်ကားစျေးရပါတယ်
အိမ်အရောက်ငွေချေရပါတယ်
#လက်လီလက်ကား
#လက်လီလက်ကားမှာယူလိုပါက
#09250086271ကိုမှာယူနိင်ပါတယ်ရှင့်
20/08/2026
Sunscreen ပရီအော်တာတင်ထား သူတွေ
အတွက်ပျော်စရာသတင်းလေးပါ။မရသေးဘူးလားလိုခဏခဏလာလာမေးနေတဲ့သူလေးတွေလဲပရီအော်တာမတင်ရသေးရင်တင်ထားလိုက်တော့ပစ္စည်းရောက်တာနဲ့ချက်ချင်းပို့ပေးပါမယ်။
#စရံငွေကြိုပေးစရာမလို❌
Fairy founder ကိုယ်တိုင်းရှင်းပြပေးနေပြီနော်
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon