Health Digest Journal

Health Digest Journal

Share

Health Related Issues

Photos from Health Digest Journal's post 02/03/2023

ဒဂုံအထူးကုဆေးရုံကြီး စာနယ်ဇင်းမိတ်ဆက်
================================

ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်ခဲ့သည့် ၂၀၂၁ ခုနှစ်နှစ်လယ်ပိုင်းတွင် စတင်သန္ဓေတည်ခဲ့သော ဒဂုံအထူးကုဆေးရုံကြီးအား စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ၂. ၃. ၂၀၂၃ ရက်နေ့က အဆိုပါဆေးရုံကြီးတည်ရှိရာ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၂၇) ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ်(2A/2B) ၌ ပြုလုပ်ခဲ့ပါတယ်။

"ဒဂုံဆေးရုံကြီးက ကိုဗစ်ကာလမှာ နိုင်ငံတော်ရဲ့လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ဆေးရုံကြီးဖြစ်ပါတယ်။ ကိုဗစ်တတိယလှိုင်းမှာ လူနာ (၈၇) ဦးကို ကုသပေးနိုင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ခရီးသွား နိုင်ငံခြားသားတွေကိုကုပေးခဲ့သလို ကိုဗစ်စမ်းသပ်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ကိုဗစ်ကာကွယ်ဆေးတွေကို တစ်နှစ်ကျော်ကြာ ထိုးပေးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့မှာ ပြင်ပလူနာဌာနဖွင့်ခဲ့ပါတယ်။၂၀၂၂ မတ်/ ဧပြီလမှာ အထွေထွေရောဂါတွေစကုခဲ့ပါတယ်။ ဒီဒဂုံဆေးရုံကြီးဟာ လူတိုင်းမျှော်လင့်နေတဲ့ အကောင်းဆုံးကျန်းမာရေးဝန်ဆောင်မှုတွေကို သင့်တင့်မျှတတဲ့စျေးနှုန်းနဲ့ ရရှိခံစားနိုင်ဖို့ ပြိုးစားဆောင်ရွက်နေတဲ့ဆေးရုံကြီးပါ။" ဟု ဒဂုံဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကြီးမြင့်က အဆိုပါအခမ်းအနား၌ ပြောကြားခဲ့ပါတယ်။

ဒဂုံအထူးကုဆေးရုံကြီးမှာ ကုတင် (၇၀) ဆံ့ဆေးရုံကြီးဖြစ်ပြီး ယခုလောလောဆယ်တွင် ကလေးရောဂါအထူးကုဆရာဝန်ကြီးများ၊ ဦးနှောက်နှင့် အာရုံကြောသမားတော်နှင့် ခွဲစိတ်ဆရာဝန်ကြိးများ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၊ အထွေထွေ နှင့် ဆီးချိုဟော်မုန်းဆိုင်ရာအထူးကုဆရာဝန်ကြီးများ၊ ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီးများ၊ အသည်းအထူးကုဆရာဝန်ကြီးများ၊ အရိုးအကြောအဆစ်နှင့် ထိခိုက်ဒဏ်ရာခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ ​အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီးများ၊ မျက်နှာမေးရိုးနှင့်ခံတွင်းခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်ကြီးများ၊က ကုသဝန်ဆောင်ပေးလျှက်ရှိကြောင်းသိရပါတယ်။

ထိုဆေးရုံ၌ အရေးပါ် ခွဲစိတ်ခန်း (၂ ) ခန်းနှင့် နိုင်ငံတကာအဆင့်မီခွဲစိတ်ခန်း ၄ ခန်း စုစုပေါင်း
ခွဲစိတ်ခန်း၆ ခန်းရှိကြောင်းလည်း သိရပါတယ်။

ထိုဆေးရုံတွင် မြန်မာနိုင်ငံတွင် တစ်ခုတည်းသာရှိသည့် ဦးနှောက်နှင့်အာရုံကြော အသံလှိုင်းလွန် ပုံရိပ်ဖော်စက် (Neuro Ultrasound) စက်ကြီးလည်း တပ်ဆင်ထားကြောင်းသိရပါတယ်။

ဒဂုံအထူးကုဆေးရုံကြီး၌ အတွင်းလူနာ အခန်းအမျိုးအစား (၄) မျိုးရှိပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အထိ တက်ရောက်ကုသသောသူများအား အခန်းခများကို ၄၀ % လျှော့ပေးမှာဖြစ်ကြောင်းသိရပါတယ်။

Photos from Health Digest Journal's post 12/05/2022

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
===============================

"ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်းအပေါ်ကူညီသွား"(Be Human KIND) ဆောင်ပုဒ်ဖြင့် ကျင်းပသော ၂၀၂၂ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ၈.၅.၂၂ ရက်နေ့က ရန်ကုန်မြို့ရှိ Sule Shangri-La Hotel ၌ Physical and Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်ကော်မတီများအနေဖြင့် မိမိတို့ဒေသလိုအပ်ချက်အလိုက် ကြက်ခြေနီလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လူမှုကရုဏာလုပ်ငန်းသက်သက်ကိုသာ ဆောင်ရွက်ပေးနေကြသော လူမှုကရုဏာအဖွဲ့အစည်းဖြစ်ကြောင်းကို အများပြည်သူ ပိုမိုယုံကြည်လက်ခံလာအောင် ကြင်နာစိတ် အရင်းခံကာ ဦးဆောင် လမ်းညွှန်ပံ့ပိုးပေးကြရန် တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephen Pierre Sakalian နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia KHOURY တို့က နှုတ်ခွန်းဆက်စကားများပြောကြားကြပြီး ကြက်ခြေနီ‌စေတနာလုပ်အားရှင်များ၏ လှုပ်ရှားမှုပုံရိပ် မှတ်တမ်းဗီဒီယိုအားပြသပါတယ်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် အသက်(၆၅)နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခဲ့ကြသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်(၁၂)ဦးတို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများက ပေးအပ်ချီးမြှင့်ခဲ့ပြီး ကြက်ခြေနီစေတနာလုပ်အားရှင်များ၏စကားသံဗီဒီယိုအား ပြသပါတယ်။

ဆက်လက်ပြီး ပြည်နယ်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲများ၏ လိုအပ်ချက်များကို အစဉ်တစိုက် ဖြည့်ဆည်းပေးသည့် အလှူရှင်များဖြစ်ကြသောအဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်း(ကိုလှထွန်း ငရုတ်သီးမှုန့်လုပ်ငန်းစု)နှင့် ဦးထွန်းထွန်းဦး (T .T .O Pharm Co, ltd:)တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ကြက်ခြေနီလူမှုကရုဏာကွန်ယက်စတင်အုတ်မြစ်ချပေးခဲ့သူ ဟင်နရီဒူနန့်ကို ဂုဏ်ပြုသည့်အနေဖြင့် သူ၏မွေးနေ့ဖြစ်သည့် မေလ(၈) ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ်သတ်မှတ်ပြီး ၁၉၄၈ ခုနှစ်မှ စတင်ကာ နှစ်စဉ် မေလ(၈)ရက်နေ့တိုင်း ကမ္ဘာ့ကြက်ခြေနီနေ့ကို ကမ္ဘာ့တဝန်း၌ ကျင်းပခဲ့ရာ ယခုနှစ်တွင်(၇၄)နှစ်ရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

Photos from Health Digest Journal's post 23/03/2022

"ကျိန်စာသင့်နှင်းဆီ"
==============

🥀 ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံရေးသားထားပြီး စိတ်ကျန်းမာရေးနဲ့ ဆက်နွယ်နေတဲ့ "ကျိန်စာသင့်နှင်းဆီ" ဝတ္ထုမိတ်ဆက်ပွဲကို ၂၃. ၃. ၂၀၂၂ ရက်နေ့က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ စင်္ကာပူကျောင်းတိုက်၌ ပြုလုပ်ခဲ့ပါတယ်။

🥀 ထိုစာအုပ်မှာ စာရေးဆရာမ ချိုခိုင်၏ ပထမဆုံး လုံးချင်းဝတ္ထုစာအုပ်ဖြစ်ပြီး မိခင်ဖြစ်သူက သား၊ သမီးချင်းအတူတူ ခွဲခြားချစ်တာခံရတဲ့ မိသားစုအပယ်ခံသမီးလတ်လေးတစ်ဦးအကြောင်း၊ မိသားစုအတွင်း ဖိနှိပ်ခံရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖော်ကျူးရေးသားထားသော စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

🥀 စာအုပ်မိတ်ဆက်ပွဲ၌ စာရေးဆရာဟိန်းလတ်၊ သန်လျင်မောင်မောင်ဦး၊ ဆရာကောင်းကျော်တို့က မုဒိတာစကားများပြောကြားခဲ့ကြပါတယ်။

🥀 " ဒီဝတ္ထုကိုဖတ်ပြီး မိမိရင်သွေးတွေကို ခွဲခြားဆက်ဆံခြင်းရဲ့အကျိုးဆက်၊ မိဘတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေကို သိမြင်ခဲ့ရင်ပဲ ကျေနပ်မိပါတယ်" ဟု ဆရာမခိုင်ချိုက ပြောပြခဲ့ပါတယ်။

🥀 "ကျိန်စာသင့်နှင်းဆီ" စာအုပ်ကို တစ်အုပ်လျှင် ငွေကျပ် (၃၀၀၀) ဖြင့် ရောင်းချမှာဖြစ်ပြီး ဖတ်ရှုလိုသူများအနေဖြင့် ကိုလတ်စာပေ၊ ဖုန်း- ၀၉၅၀၂၀၀၆၈ သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်းသိရှိရပါတယ်။

Photos from Health Digest Journal's post 16/03/2022

CLL ကာကွယ်ဆေးထိုးစင်တာဖွင့်လှစ်
===========================

Sea Lion Group စီးပွားရေးလုပ်ငန်းစုမှ လုပ်ငန်းခွဲသစ်တစ်ခုဖြစ်သည့် CLL ကာကွယ်ဆေးထိုးစင်တာကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ပေါ်ဆန်းမွှေးလမ်းတွင် ဖွင့်လှစ်လိုက်ပြီဖြစ်ရာ စင်တာမိတ်ဆက်ပွဲကို ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

CLL ကာကွယ်ဆေးထိုးစင်တာမှာ မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ကာကွယ်ဆေးထိုးခြင်း သီးသန့်စင်တာ တစ်ခုဖြစ်ပြီး မြေ (၇) ဧကခန့် ကျယ်ဝန်းပြီး ကားအစီးရေ (၃၀၀) ကျော်ရပ်နားနိုင်သောနေရာ၌ ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။

ထိုစင်တာ၌ ယခုလောလောဆယ်တွင် တရုတ်နိုင်ငံ၊ ဘေဂျင်းမှ ထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ဆေး Sinovac ကို ထိုးနှံနိုင်ပြီး ဆေးတစ်ကြိမ်ထိုး (one dose) လျှင် ၃၂၅၀၀ ကျပ်ကျသင့်မှာဖြစ်ကြောင်းသိရပါတယ်။

" ဒီဆေးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်ထိုးနှံခွင့်ပြုပေးထားတဲ့ ဆေးဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာလည်း ထိုးနှံကြပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ စာရင်းကောက်ယူမှုအရ ကမ္ဘာပေါ်မှာ ထိုးနှံမှုအများဆုံး ကိုဗစ်ကာကွယ်ဆေးဖြစ်ပါတယ်။ ပြီးတော့ ဒီဆေးက အသက် ၁၂ နှစ်ကစပြီး ထိုးနှံနိုင်သလို ကိုယ်ဝန်ဆောင်တွေလည်း ထိုးနှံလို့ရပါတယ်။" ဟု CLL မှ ဒေါက်တာရတနာမျိုးညွန့်က ပြောပြခဲ့ပါတယ်။

မိတ်ဆက်ပွဲပထမနေ့တွင် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်နှင့် CLL ကာကွယ်ဆေးထိုးစင်တာတို့အကြား အသင်းချုပ်၏အသင်းဝင်များ၊ ညီနောင်/မိတ်ဖွဲ့အသင်းနှင့် အဖွဲ့အစည်းများအတွက် ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

SEA LION လုပ်ငန်းစု၏ Group CEO ဒေါက်တာဝင်းဇော်အောင်ကလည်း “ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ စိန်ခေါ်မူ တွေနဲ့ အရည်အသွေး ပြည့်ဝတဲ့ကာကွယ်ဆေးတွေထိုးနှံဖို့ လိုအပ်ချက်မြင့်တက်လာတဲ့အတွက် ကိုဗစ်-၁၉ ရောဂါအပါအဝင် ကာကွယ်ဆေးနဲ့ကြိုတင်ကာကွယ်နိုင်တဲ့အခြားရောဂါတွေ ကူးစက်ဖြစ်ပွားခြင်းကိုလျှော့ချ နိုင်ဖို့ရည်ရွယ်ပြီး CLL ကာကွယ်ဆေးထိုးစင်တာကို တည်ထောင်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။” ဟု ပြောကြား သွားခဲ့ပါတယ်။

စင်တာ၌ တစ်ရက်လျှင် လူဦးရေ (၂၀၀၀) ကျော်အထိ ကာကွယ်ဆေးများထိုးနှံနိုင်ရန် စီစဉ်ထားရှိပြီး ကာကွယ်ဆေး မထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးထိုးနှံခြင်းတို့ကို တစ်ဦးချင်း Privacy ရှိစေရန် သီးသန့်အခန်းငယ်များ စီစဉ်ထားရှိပါတယ်။

ထို့ပြင် အသက်အရွယ်ကြီးသူများ၊ လမ်းလျှောက်ရန်ခက်ခဲသူများနှင့် တစ်ဦးနှင့်တစ်ဦးရောဂါကူးစက်ခြင်းအား အလွန်အမင်းစိုးရိမ်သူများအတွက် Drive Through Vaccination (မိမိကားပေါ်တွင်ပင် ကာကွယ်ဆေးထိုးနှံခြင်း) ဝန်ဆောင်မှုများကိုလည်း CLL တွင်ရရှိနိုင်ကြောင်းသိရပါတယ်။

ကာကွယ်ဆေးများကို သိမ်းဆည်းရာ တွင်လည်း သတ်မှတ်အပူချိန် အတွင်း ရှိ/မရှိ (၂၄) နာရီ အချိန်ပြည့် Cloud based Real-time Temperature Monitoring and Alert System ဖြင့် မှတ်တမ်းတင်ပြီး သတ်မှတ်အပူချိန်မှ တိမ်းစောင်းသွားသည့်အခါတွင် တာဝန်ရှိသူများကို အလိုအလျောက်အချက်ပြအသိပေးမှာဖြစ်ကြောင်းသိရပါတယ်။

ကာကွယ်ဆေးများသည် ထိုးနှံပြီးနောက် (ဖြစ်နိုင်ချေအလွန်နည်းသော်လည်း) ဓါတ်မတည့်ခြင်းအစရှိသော မမျှော်လင့်ထားသည့်နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ဖြစ်နိုင်ရာ CLL ၏ ကာကွယ်ဆေးထိုးခန်းတိုင်းတွင် အရေးပေါ်သုံးဆေးဝါးများထားရှိထားပြီး အရေးပေါ်ကုသရေးအဖွဲ့မှ လိုအပ်သောကုသမှုများအချိန်မီ ပေးနိုင်ရန် ပြည့်စုံလုံလောက်သော အရေးပေါ်သုံးဆေးကိရိယာနှင့် ဆေးဝါးများ စီစဉ်ထားရှိထားကြောင်းလည်းသိရပါတယ်။

"နောက်ဆိုရင် ကိုဗစ်ကာကွယ်ဆေးတင်မကဘူး။ မြန်မာနိုင်ငံမှာ တရားဝင်ထိုးနှံခွင့်ရတဲ့ ကာကွယ်ဆေးအားလုံးကို တင်သွင်းထိုးနှံပေးသွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။" ဟုလည်း ဒေါက်တာရတနာမျိုးညွန့်က ပြောပြခဲ့ပါတယ်။

CLL စင်တာမှာ ပိတ်ရက်မရှိ နေ့စဥ် နံနက် (၉) နာရီ မှ ညနေ (၄) နာရီအထိ ဖွင့်လှစ်ထားပြီး အသေးစိတ်သိရှိလိုပါက Call Centre ဖုန်း - 09 880 442233 ကိုဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရပါတယ်။

for Life and Longevity

://m.Facebook.com/cllimmunisationcentre

Website - www.cllvax.com/reg

Photos from Health Digest Journal's post 21/02/2022

ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ
===============================

💠 (၅၀)ကြိမ်မြောက် ရွှေရတုအထိမ်းအမှတ်မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကို ၂၁.၂.၂၂ ရက်နေ့နံနက်ပိုင်းက ဆေးသုတေသနဦးစီးဌာန၊ အမှတ်(၅)၊ ဇီဝကလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် ဗီဒီယိုကွန်ဖရင့်စနစ်(Virtual) နှင့် ကိုယ်တိုင်တက်ရောက်ခြင်း (In- person) ပူးတွဲလျက် ပေါင်းစပ်(Hybrid) အသွင်ဖြင့် ကျင်းပခဲ့ပါတယ်။

💠 ဖွင့်ပွဲအခမ်းအနား၌ ဆေးသုတေသနဦးစီးဌာနအား ပြုစုပျိုးထောင်ပေးခဲ့ကြသော အငြိမ်းစားညွှန်ကြားရေးမှူးချုပ် များ၏ ရွှေရတုအထိမ်းအမှတ်ဂုဏ်ပြုစကား Video Clip များကိုလည်း ပြသခဲ့ပါတယ်။

💠 ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံရွှေရတုအထိမ်းအမှတ်အဖြစ် ဆေးသုတေသနဦးစီးဌာန၏ လက်ဦးတည်ထောင်သူ ပါမောက္ခဒေါက်တာမြတူနှင့် ပါမောက္ခဒေါက်တာ ဦးအောင်သန်းဘတူတို့၏ရုပ်တုဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါတယ်။

💠 ယခုနှစ်သုတေသနညီလာခံ၏ အဓိကသုတေသန ဦးတည်ချက်ခေါင်းစဉ် (Theme) အဖြစ် မျှဝေခံစား၊ အသိတိုးပွား၊ ကိုဗစ်တတိယလှိုင်း အတွေ့အကြုံများ (Response to COVID-19 in Myanmar: Reflection after the Third Wave) ဟု သတ်မှတ်ထားကြောင်း သိရပါတယ်။

💠 ညီလာခံ၌ Covid-19ရောဂါ တတိယလှိုင်းတွင် မြန်မာနိုင်ငံ၌ကြုံတွေ့ရသော အတွေ့အကြုံများ၊ မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးရာတွင် တွေ့ကြုံရသောစိန်ခေါ်မှုများကို ကျော်လွှားခြင်း၊ ဆေးယဉ်ပါးတီဘီကုထုံးသစ်များနှင့် အသည်းရောင် အသားဝါဘီပိုးမျိုးကွဲများနှင့် မျိုးဗီဇပြောင်းလဲမှုများ၊ အရည်အသွေးပြည့်ဝ၍ တောင့်တင်းခိုင်မာသော ကျန်းမာရေး လုပ်အားစု ဖြစ်ပေါ်တည်တံ့ရေးအတွက် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ရန် ရည်ရွယ်၍ အရည်အချင်းပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်နှင့် အရည်အသွေးမီ ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်မှုအာမခံမည့် ကျန်းမာရေးပညာရှင်များအကြား ယှဉ်တွဲလေ့လာ သင်ယူမှုနှင့် လက်တွေ့ပူးပေါင်းစောင့်ရှောက်မှုစနစ် နှီးနှောဖလှယ်ပွဲများ ပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။

💠 ညီလာခံသို့ သုတေသနစာတမ်း(၆၉) စောင်၊ သုတေသနပိုစတာ (၂၇)စောင်တို့ကို တင်သွင်း ဖတ်ကြား ပြသမှာဖြစ်ကြောင်းသိရပါတယ်။

💠 ညီလာခံကိုဖေဖော်ဝါရီလ၂၁ရက်မှ ၂၅ရက်နေ့အထိကျင်းပမှာ ဖြစ်ကြောင်းသိရှိရပါတယ်။

Photos from Health Digest Journal's post 18/01/2022

သွားနှင့် ခံတွင်းကျန်းမာရေးဆိုင်ရာ ဗဟုသုတဥာဏ်စမ်းမေးခွန်းများ ဝင်ဖြေရင်း ငွေကျပ် ၃၀၀၀ discount ရယူကြစို့
===============================

လူတိုင်းလူတိုင်း အကောင်းဆုံးအပြုံးများဖြင့် ရှေ့ဆက်နိုင်ဖို့ Colgate သည်ခံတွင်းကျန်းမာရေးဆိုင်ရာ သိသင့်သိထိုက်သည့် အချက်အလက်နှင့် ဗဟုသုတများကို လက်ဆင့်ကမ်းပေးနိုင်ရန် ကမ္ဘာတစ်ဝှမ်းတွင် လေးနက်သော‌ ‌ပဏာမခြေလှမ်းများနှင့် စတင်လုပ်ဆောင်ခဲ့ပြီး ယနေ့တိုင် အရှိန်အဟုန် ဖြင့်ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

“ကျွန်တော်တို့အားလုံးက တောက်ပပြီး ခံတွင်းပြဿနာကင်းရှင်းတဲ့ အပြုံးနဲ့ ထိုက်တန်တဲ့အတွက် ခံတွင်းကျန်းမာရေးကို ကျွမ်းကျင် ပိုင်နိုင်စွာ နည်းစနစ်မှန်မှန် ဂရုစိုက်နိုင်ဖို့ Colgate မှ‌အစဥ်တစိုက် လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ လည်း နေရာတိုင်း၊ လူတိုင်းအတွက် သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုစံနှုန်းများကို မြှင့်တင်ပေးနိုင်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ Colgateမှ ကျန်းမာခိုင်ခံ့သော သွားများဖြင့် တောက်ပစွာပြုံးနိုင်ဖို့‌ အထောက်အပံ့ပေးတဲ့ ထုတ်ကုန်တွေသာ ထုတ်လုပ်ပြီး သွားနှင့်ခံ တွင်းကျန်းမာရေးရဲ့ အရေးကြီးပုံကို အသိပညာပေးမြှင့်တင်ပေးလျက်ရှိပါတယ်။ ဒါကြောင့်လည်း Colgate Palmolive Myanmar မှဝန်ထမ်းတွေက လူတိုင်းအတွက် ခံတွင်းကျန်းမာရေးကို ကျွမ်းကျွမ်းကျင်ကျင်၊ လွယ်လွယ်ကူကူနဲ့ ဂရုစိုက်တတ်ဖို့ တာ၀န်ယူသွားပါမယ်လို့ ကတိက၀တ်ပြုလိုက်ပါတယ်။” ဟု Colgate Palmolive Myanmar ၏ Commercial Manager, Mr Rajnish Kanwal က အဆိုပါအခမ်းအနားတွင် အွန်လိုင်းမှတဆင့်ပြောကြားခဲ့ပါသည်။

ထို့အပြင် ဒယုဖော်ပြပါ link (http://www.brightsmilebrightfuture.com/) တွင် Quiz မျဝင်ဖြေရုံဖြင့် ၃,၀၀၀ ကျပ် Discount ရရှိနိုင်မည့် အစီအစဥ်ပါရှိသောကြောင့် ပိုမိုသိရှိလိုပါက Colgate Myanmar ၏တရားဝင် Facebook စာမျက်နှာ Colgate Myanmar တွင် Colgate ၏ BSBF ® အစီအစဉ်နှင့်လုပ်ဆောင်ချက်များနှင့်နောက်ဆုံးသတင်းများ ကို၀င်‌ရောက် ကြည့်ရှုနိုင်ကြောင်းသိရပါသည်။

02/12/2021

အာဟာရ နဲ့ ကျန်းမာသုခစကားဝိုင်း နားထောင်ကာ အာဟာရဆိုင်ရာဉာဏ်စမ်းလေးတွေ ဖြေဆိုနိုင်မည့် အစီအစဥ်
=================================

အာဟာရဆိုင်ရာ ဗဟုသုတများကို ဝေမျှပေးမယ့် အစီအစဉ် ဒုတိယတစ်ရက်ဖြစ်သည့် “အာဟာရ နဲ့ ကျန်းမာသုခ (Nutrition and Wellbeing)“ အကြောင်းကို ဒီဇင်ဘာလ (၄) ရက်နေ့၊ နေ့လည် (၁)နာရီတွင် အစားအစာနှင့်အာဟာရပါရဂူ ဒေါက်တာခင်မာချိုမှ Nestlé Myanmar Page မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

အောက်မှာပေးထားတဲ့ လင့်ခ်ကနေ အာဟာရဆိုင်ရာဉာဏ်စမ်းလေးတွေ ဖြေဆိုပြီးဆုလက်ဆောင်လေးတွေ ကံစမ်းနိုင်မည့်အပြင် သိလိုရာမေးခွန်းတွေကို Live မှတစ်ဆင့် ပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါတယ်။ လင့်ခ်ထဲကမေးခွန်းလေးတွေကို အကောင်းဆုံးဖြေဆိုနိုင်သူ (၃)ဦးကို နက်စ်လေရဲ့ အရည်အသွေးမီ အာဟာရ ထုတ်ကုန်များ မေတ္တာလက်ဆောင် ပေးအပ်သွားမှာပါ။

ဉာဏ်စမ်းဖြေဆိုရန် - https://www.quiz-maker.com/QB3RRJM9A

တိုက်ရိုက်တင်ဆက်နေချိန်အတွင်းမှာလည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဉာဏ်စမ်းမေးခွန်းလေးတွေ ဖြေဆိုပြီး အာဟာရပညာရှင်များနဲ့ သိလိုရာကိုအခမဲ့ တိုင်ပင်ဆွေးနွေးခွင့်ကိုလည်း ရယူနိုင်မှာဖြစ်ပါတယ်။

07/11/2021

ငါးစားမယ်ဆိုရင် ဒါတွေလိုက်နာ
=====================

👍🏻 ငါးတွေက အဆီပါဝင်မှု နည်းပါတယ်။

👍🏻 ပြီးတော့ အရည်အသွေးကောင်းတဲ့ အသားဓာတ်တွေ ပါဝင်ပါတယ်။

👍🏻 အိုင်အိုဒင်းသတ္တုဓာတ်လည်း ပါပါတယ်။

👍🏻 ငါးတွေဟာ ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်တဲ့ Omega - 3 အဆီအက်စစ် ပါဝင်ပါတယ်။

🐟ဒီလောက် ကျန်းမာရေးအတွက် သင့်တော်တဲ့ ငါးကို လူအများစုက မစားဖြစ်ကြပါဘူး။ အကြောင်းရင်းကတော့ ငါးဟာ အညှီနံ့ ပြင်းထန်ပြီး အနံ့ကောင်းအောင် ဘယ်လိုချက်ရမယ်ဆိုတာ မသိကြလို့ပါပဲ။ သင်လည်း အဲဒီလိုလူထဲ တစ်ယောက်ဆိုရင် ငါးစားချင်လာအောင် ချက်နိုင်တဲ့ နည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

🐟ဆာဒင်း၊ တူနာကဲ့သို့သော ငါးတွေဟာ အနံ့ပြင်းပါတယ်။ ဒါကြောင့် သူ့လောက်အနံ့မပြင်းတဲ့ တီလားဘီးယားငါး၊ ငါးကြင်း၊ ငါးသိုင်းကဲ့သို့ အဖြူရောင်အသားရှိသော ရေချိုငါးများကို ရွေးပြီးစားပါ။

🐟အနံ့ပြင်းတဲ့ ငါးတွေဆိုရင် စပါးလင်၊ ငရုတ်ကောင်း၊ သံပရာရည်၊ ရှောက်ရည်စတဲ့ ဟင်းခတ်အမွှေးအကြိုင်များသုံး၍ချက်ခြင်းဖြင့် အညှီနံ့ပျောက်စေနိုင်ပါတယ်။

🐟ငါးအများစုဟာ ကျက်လွယ်ပါတယ်။ ဒါကြောင့် အလွန်အကျွံမချက်ပါနဲ့။ ရုံးဖွင့်ရက် အချိန်မရတဲ့အခါ ငါးဟင်းကို ချက်ပါ။ မြန်မြန်ကျက်လွယ်ပါတယ်။ အိုးအပူနဲ့တောင် ကျက်သွားနိုင်ပါတယ်။

07/11/2021

ဂေါ်ဖီထုပ်ရဲ့ အကျိုးကျေးဇူးများ
=====================

ဆောင်းရာသီမှာ ဂေါ်ဖီထုပ်ကလည်း ပေါကြွယ်ဝတဲ့ အစားအစာတစ်ခုပါ။ ဒါပေမဲ့ ဂေါ်ဖီထုပ်ကို မစားဖြစ်ကြတာများပါတယ်။ အသုပ်တွေထဲမှာပဲ ထည့်သုပ်ကြတာများပါတယ်။ ဒါပေမဲ့ ဂေါ်ဖီထုပ်မှာ သင်မသိသေးတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ အဲဒါတွေကတော့.......

Photos from Health Digest Journal's post 06/11/2021

ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာများ
=======================

နှလုံးကျန်းမာရေးကောင်းစေဖို့အတွက် ပိုတက်စီယမ်ဓာတ်ကို ပိုစားပြီး ဆိုဒီယမ်ဓာတ်ကို လျှော့စားပေးဖို့လိုပါတယ်။ ပိုတက်စီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကတော့ ....

06/11/2021

ထောပတ်သီး မှည့်/ မမှည့် ဒီလိုစစ်
==================

05/11/2021

ဆံပင်ကျန်းမာရေးကောင်းစေမဲ့ အချက်များ
=======================

ဆံပင်တွေ ကျွတ်၊ ဆံသားတွေ မကောင်းဖြစ်နေရင်တော့ စိတ်ညစ်ရမှာပါပဲ။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ ဒါကြောင့် သင့်ဆံသားတွေ ကျန်းမာသန်စွမ်းချင်တယ်ဆိုရင်တော့ အခုဖော်ပြမဲ့အချက်တွေကို လိုက်နာပေးလိုက်ပါ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon
11171

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 13:30