The Nature

The Nature

Share

𝙂𝙡𝙤𝙬 𝙉𝙖𝙩𝙪𝙧𝙖𝙡𝙡𝙮 𝙬𝙞𝙩𝙝 𝙏𝙝𝙚 𝙉𝙖𝙩𝙪𝙧𝙚

10/05/2026

✨No More Skin Problems! Just Pick & Mask! ✨
Skin Problem တိုင်းအတွက် Solution ဆိုတာ ကိုယ့်လက်ထဲမှာတင် ရှိတယ်နော်။
The Nature ကနေ ထုတ်ထားတဲ့ ဒီ Mask Pack (၄) မျိုးက ဘယ်လို Skin Problem မျိုးကိုမဆို မိနစ်ပိုင်း အတွင်း မျက်လှည့်ပြသလို အစွမ်းထက် Effect တွေကို ပေးစွမ်းနိုင်ပါတယ်။

ဘယ်အချိန်မှာ ဘယ်Mask Pack လေးကို ရွေးမလဲဆိုတာ ကြည့်လိုက်ရအောင်နော် ... 👇

🍀Cica Calming Mask Pack လေးကတော့ ဝက်ခြံထွက်ပြီး နီမြန်းယောင်ယမ်းတွေအတွက် အသားအရေကို soothing ဖြစ်စေပြီး ယားယံတာတွေကို "Stop" လုပ်ပေးမယ့် Peace Maker လေးဆိုလည်းမမှားပါဘူး။

💖Pure Collagen Serum Mask Pack လေးကတော့ Collagen ပါဝင်တဲ့အတွက် အသားအရေလေးကို တင်းတင်းအိအိနဲ့ Baby Skin လို ပြန်ဖြစ်စေချင်တဲ့သူတွေအတွက် Elasticity အပြည့်နဲ့ ပြန်လည်နုပျိုသွားစေပါတယ်။

💧Hydro Ampoule Mask Pack လေးကတော့ Hydration Oasis လို့တောင်တင်စားခေါ်ဝေါ်ရတဲ့အထိ ခြောက်ကပ်ပြီး မွဲခြောက်ခြောက်ဖြစ်နေတဲ့အသားရေကို ရေဓာတ် 100% အပြည့်အဝပေးစွမ်းနိုင်လို့ အသားရေစိုကို ပြေဝင်းပသွားစေပြီး မျက်နှာလေးကို ကြည်လင်နေစေပါတယ်။

✨Whitening Essence Mask Pack ကတော့ မှန်ကြည့်လိုက်တိုင်း ဝင်းလဲ့တောက်ပတဲ့အလှတရားပိုင်ဆိုင်ချင်သူတွေအတွက် အဓိကထုတ်လုပ်ထားပါတယ်။အမည်းစက်တွေကို ဖယ်ရှားပေးပြီး ဝက်ခြံအမာရွတ်တွေကို မှေးမှိန်ပျောက်ကွယ်စေလို့ မျက်နှာလေးကို ဖြူဝင်းဝင်းလဲ့တောက်ပစေပါတယ်။

ကဲ Mask pack လေးတွေရဲ့အာနိသင်လေးကိုသိပြီဆိုတော့ ဘယ် Mask လေးကို ဘယ်နေ့မှာကပ်မလဲဆိုတာတွေးပြီး ခုပဲ မှာယူလိုက်တော့နော်။

💯Natural ingredients
🇰🇷 Made In Korea

09/05/2026

✨ အစွမ်းထက် Collagen နှစ်မျိုးပေါင်းစပ်ထားတဲ့ "The Power Duo" ✨
အသားအရေကို ရွှေလိုဝင်းပပြီး နုပျိုတင်းရင်းသွားစေဖို့ The Nature ရဲ့ အကောင်းဆုံး "Collagen Power Duo" အတွဲလေး ရှိနေပြီနော်။

24K ရွှေမှုန်အစစ်တွေပါဝင်တဲ့ 24K Gold Collagen Serum လေးက အသားအရေကို စိုပြေကြည်လင်တောက်ပစေပြီး လျော့တွဲနေတဲ့ အရေပြားကို တင်းရင်းစေပြီး အရေးအကြောင်းတွေကို သက်သာစေပါတယ်။Deep Hydrationပေးစွမ်းနိုင်လို့ အသားအရေ အတွင်းပိုင်းအထိ အစိုဓာတ်ကို ဖြည့်တင်းပေးပါတယ်။
Pure Collagen Serum Mask Pack လေးကတော့ Collagen ပါဝင်တဲ့အတွက် အသားအရေကို နူးညံ့အိစက်သွားစေပါတယ်။ရာသီဉတုဒဏ်ကြောင့် ထိခိုက်နေတဲ့ အသားအရေကို အေးမြစေပြီး ပြန်လည်အားဖြည့်ပေးပါတယ်။

Collagen Power Duo လေးကိုအမြဲတွဲသုံးမယ်ဆိုရင် အသားအရေရဲ့ Barrier ကို ပိုမိုခိုင်မာစေပြီး အိုမင်းရင့်ရော်မှုကို ထိရောက်စွာ တားဆီးပေးပါတယ်။ Serum ကို နေ့စဉ်အသုံးပြုပေးပြီး Mask Pack က တစ်ပတ်ကို (၂-၃) ကြိမ်ခန့် ကပ်ပေးမယ်ဆိုရင် အသားအရေကို "Special Treatment" ပေးသလိုမျိုး အကောင်းဆုံးရလဒ်ကိုရရှိစေပါတယ်။

Serum ရဲ့ အာနိသင်ကို Mask Pack ရဲ့ အားဖြည့်မှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အသားအရေအတွက် အံ့မခန်းရလဒ်တွေကို ပေးစွမ်းနိုင်တာကြောင့် အခုပဲသုံးကြည့်လိုက်တော့နော်။

💯Natural ingredients
🇰🇷 Made In Korea

08/05/2026

ဘဝမှာလူရွေးမှားလို့ရတယ် Skin Care တော့ အရွေးမမှားဖို့လိုတယ်နော် 🤭❤️
SkinCare အရွေးမမှားချင်ရင်တော့ Centella Asiatica ရဲ့ ထူးခြားတဲ့ အစွမ်းသတ္တိတွေပါဝင်တဲ့ Cica Calming Series လေးကိုသာမျက်စိစုံမှိတ်ရွေးချယ်လိုက်တော့ 😍🍀

Cica Calming Series လေးထဲမှာတော့
🍀Cica Facial Foam
🍀Cica Cream
🍀Cica Calming Mask Pack လေးတို့ပါဝင်ပါတယ်။

🍀Cica Facial Foam လေးကတော့ The Gentle Cleanser လေးဖြစ်ပြီး ချွေးပေါက်ထဲက ဖုန်မှုန့်နဲ့ အဆီပိုတွေကို ဖယ်ရှားပေးရုံတင်မကဘဲ မျက်နှာသစ်ပြီးချိန်မှာ အသားအရေ တင်းခြောက်မသွားအောင် ထိန်းညှိပေးပါတယ်။အသားအရေကို အေးမြစေပြီး ဝက်ခြံကြောင့် နီမြန်းနေတာတွေကို သက်သာစေပါတယ်။
🍀Skin Care Routine ရဲ့ နောက်ဆုံးအဆင့်မှာ အသားအရေကို ကာကွယ်ပေးဖို့ အရေးကြီးပါတယ်။Cica Cream လေးကတော့ Skin Barrier Protectorလို့တောင်တင်စားခေါ်ရလောက်တဲ့ Moisturizer လေးတစ်ခုပါ။အသားအရေရဲ့ အစိုဓာတ်ကို ကြာရှည်ထိန်းညှိပေးပြီး အပြင်ကလာတဲ့ အညစ်အကြေးတွေကြောင့် အသားအရေ မထိခိုက်အောင် Barrier (အလွှာ) တစ်ခုအဖြစ် ကာကွယ်ပေးပါတယ်။ဝက်ခြံ အမာရွတ်တွေကို သက်သာစေပြီး ပျက်စီးသွားတဲ့ ဆဲလ်အသစ်တွေကို ပြန်လည်အားဖြည့်ပေးတာကြောင့် အသားအရေကို ကျန်းမာသန်စွမ်းစေပါတယ်။
🍀Cica Calming Mask Pack လေးကတော့ အရေပြားထဲကို Cica Essence တွေ အချိန်တိုအတွင်း စိမ့်ဝင်သွားစေပြီး အသားအရေကို Soothing ဖြစ်စေပြီး နေလောင်ဒဏ်ကြောင့်ဖြစ်စေ၊ ဓာတ်မတည့်မှုကြောင့်ဖြစ်စေ ပျက်စီးနေတဲ့ အသားအရေကို အေးမြလန်းဆန်းသွားစေပါတယ်။

ကဲ ကျန်းမာပြီး ကြည်လင်တဲ့ အသားအရေပိုင်ရှင်လေးဖြစ်ဖို့ Cica Calming Series နဲ့ အတူSkincare ကြမယ်နော်💚

💯Natural ingredients
🇰🇷 Made In Korea

01/05/2026

🛠Happy Labour Day! 🛠
ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား လေးစားဂုဏ်ပြုအပ်ပါသည်။
The Nature ချစ်သူတွေလည်း အလုပ်တွေ ကြိုးစားရင်း ကိုယ့်အသားအရေလေးကိုလည်း ဂရုစိုက်ဖို့ မမေ့ပါနဲ့နော်။
Labour Day မှာ လူသားတိုင်း ပျော်ရွှင်ချမ်းမြေ့ပါစေရှင့်။ ✊❤️

30/04/2026

ယနေ့ကျရောက်သော ကဆုန်လပြည့်နေ့မှာ စိတ်နှလုံးအေးချမ်းကြပါစေ 🙏
ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ထူးခြားလှတဲ့ ကဆုန်လပြည့် (ဗုဒ္ဓနေ့) မှာ ချစ်ရတဲ့ Customer များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း The Nature မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ကဆုန်ညောင်ရေသွန်းလောင်းရင်း ကုသိုလ်ယူရင်းနဲ့ အေးမြတဲ့ အလှတရားတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

28/04/2026

✨Mini Aloe Duo ✨ လေး Now Re-stock !!!
Mini လေးတွေကို ချစ်တဲ့သူတွေအတွက် Mini Aloe Toner နဲ့ Emulsion set လေး Stock ပြန်ဝင်ပါပြီရှင်။

Mini ဆိုပေမယ့် သဘာဝရှားစောင်းလက်ပတ် - Aloe Vera ရဲ့ အစွမ်းနဲ့ထုတ်လုပ်ထားတဲ့ set လေးက နေလောင်ဒဏ်ကြောင့်ဖြစ်ဖြစ်၊ ဖုန်မှုန့်ကြောင့်ဖြစ်ဖြစ် ပင်ပန်းနွမ်းနယ်နေတဲ့ အသားအရေကို ချက်ချင်း အေးမြလန်းဆန်းသွားစေပါတယ်။ အသားအရေရဲ့ pH Level ကို ထိန်းညှိပေးပြီး နောက်ထပ်လိမ်းမယ့် Skincare တွေ အသားထဲစိမ့်ဝင်ဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။ မျက်နှာသစ်ရုံနဲ့ မစင်ကြယ်နိုင်တဲ့ ချွေးပေါက်ထဲက အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။ Cream တွေလို အရမ်းမပျစ်ဘဲ ကျဲကျဲလေးမို့ Lightweight ဖြစ်တဲ့အတွက်လိမ်းလိုက်ရင် အသားထဲ စိမ့်ဝင်တာ မြန်ဆန်စေတာကတော့ သူ့အာသာချက်ပါ။ စေးကပ်ခြင်း လုံးဝမရှိပဲ အသားအရေမှာ အစိုဓာတ်တစ်ခု ဖန်တီးပေးလို့ တစ်နေကုန် ရေဓာတ်မခမ်းခြောက်အောင် ကာကွယ်ပေးပါတယ်။

အသုံးပြုပုံလေးကတော့
မျက်နှာသစ်ပြီး ခြောက်သွေ့သန့်ရှင်းတဲ့မျက်နှာပေါ်ကို Mini Aloe Toner ကို ဂွမ်းဖတ်လေးနဲ့ဖြစ်ဖြစ်၊ လက်နဲ့ဖြစ်ဖြစ် အသားထဲ စိမ့်ဝင်အောင် ပုတ်လိမ်းပေးပါ။ ပြီးရင် Mini Aloe Emulsion ကို အနည်းငယ်ယူပြီး မျက်နှာအနှံ့ အစိုဓာတ်ရအောင် လိမ်းပေးရုံပါပဲ။

ကဲ နုပျိုစိုပြေတဲ့ မျက်နှာလေးကို အချိန်မရွေး နေရာမရွေး ပိုင်ဆိုင်ဖို့ ဒီ Aloe Mini Set လေးကို အခုပဲ မှာယူလိုက်တော့နော်! 🛍️💚

💯Natural ingredients
🇰🇷 Made In Korea

27/04/2026

သင်္ကြန်မှာကဲခဲ့ မဲခဲ့သမျှတွေကို အမြန်ဆုံးပြန်လည်ကြည်လင်ဖို့ The Nature Vitamin Pure Cleansing Cream 🍋✨

သင်္ကြန်မှာ မီးကုန်ယမ်းကုန်ကဲခဲ့တော့ အသားအရေက မဲညစ် ခြောက်သွေ့ပြီး နေတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ ဒါက နေလောင်ဒဏ် (Sunburn) ကြောင့်တင်မကဘဲ အပြင်က ဖုန်မှုန့်တွေနဲ့ ရေညစ်တွေကြောင့် မျက်နှာပေါ်မှာ ဆဲလ်သေ (Dead Cells) တွေ အထပ်ထပ် စုနေလို့ပဲ ဖြစ်ပါတယ်။

ဒါတွေကို အမြန်ဆုံး မဖယ်ရှားနိုင်ရင် အသားအရေက ပိုပြီး ကြမ်းတမ်းလာနိုင်ပါတယ်။ ဒီပြဿနာတွေကို အထိရောက်ဆုံး ဖြေရှင်းပေးမှာကတော့ The Nature Vitamin Pure Cleansing Cream လေးပါ 🌟

အရမ်းအရမ်း အစွမ်းထက်တဲ့ Magic Cleansing Cream က မိတ်ကပ်တွေ၊ နေကာခရင်မ်တွေနဲ့ ချွေးပေါက်ထဲမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို Deep Cleansing ဖြစ်တဲ့အထိ အမြစ်ပြတ် သန့်စင်ပေးလို့ ဝက်ခြံဖုတွေ မထွက်အောင် တားဆီးပေးပါတယ်။

magic wand လေးနဲ့ တို့ထိလိုက်သလိုမျိုး dead cell တွေပျောက်ကင်းသွားစေလို့ အသားအရည်ကို ကြည်လင်သွားစေပြီး
နေလောင်လို့ ညိုနေတဲ့ skin cell ဟောင်းတွေကို ဖယ်ရှားပေးတာကြောင့် အသားအရေက ချက်ချင်းဆိုသလို ပြန်လည် နူးညံ့သွားစေတယ်။ အသားအရေကို ကြည်လင်ဝင်းပစေတဲ့ Vitamin C အဓိက ပါဝင်လို့ နေလောင်ကွက်တွေကို သက်သာစေပြီး မျက်နှာလေးကို အရင်ထက်ပိုပြီး Bright ဖြစ်စေမှာပါ။ မျက်နှာခြောက်သွေ့တာမရှိပဲ သုံးပြီးပြီးချင်းမှာပဲ မျက်နှာလေးက အဆီပြန်တာမျိုး မရှိဘဲ ကြည်ကြည်လင်လင်နဲ့ စိုစိုအိအိလေး ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။

နေလောင်ဒဏ်တွေကြောင့် စိတ်မညစ်ပါနဲ့တော့။ The Nature ရဲ့ Magic Vitamin Pure Cleansing Cream နဲ့အတူ သင့်ရဲ့ ကြည်လင်ဝင်းပတဲ့ အသားအရေကို အမြန်ဆုံး ပြန်လည်ရယူလိုက်ပါနော်။ ✨💛

27/04/2026

အရင်တစ်ခေါက်က Best Seller Toner လေးတွေ အကြောင်းပြောပြီးပြီဆိုတော့ အခုတစ်ခေါက်က Best Seller Cream တွေအကြောင်းပြောပြမယ်နော်

"Sensitive Skin" နဲ့ "ဝက်ခြံသမား" တွေအတွက် အဖော်မွန်လေးဖြစ်တဲ့ Cica Calming Cream လေးအကြောင်းအရင်ရှင်းပြမယ်နော်

သူ့ရဲ့အဓိကအာနိသင်လေးကတော့ အသားအရေ နီမြန်းတာ၊ ယားယံတာတွေနဲ့ ရောင်ရမ်းတာတွေကို ချက်ချင်းသက်သာသွားစေပါတယ်။
ဘယ်သူတွေသုံးသင့်လဲဆိုတော့ ဝက်ခြံခဏခဏထွက်တတ်တဲ့ အသားရေပိုင်ရှင်တွေ ၊ အသားအရေ နီမြန်းလွယ်/စပ်လွယ်သူတွေနဲ့ Skin Barrier ပျက်စီးနေသူတွေအတွက် အထူးသင့်တော်ပါတယ်။ Texture ပိုင်းလေးကလည်း အသားထဲ စိမ့်ဝင်လွယ်ပြီး စေးကပ်မှုမရှိလို့ အဆီပြန်တတ်သူတွေပါ စိတ်ချလက်ချ သုံးနိုင်ပါတယ်။

အသားအရေ ခြောက်လို့ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ အသားပတ်တတ်သူတွေအတွက်ကတော့ 2X Moisture Cream လေးသုံးပါနော်
2X ဆိုတဲ့အတိုင်း သူ့ရဲ့အဓိကအာနိသင်လေးကတော့ အသားအရေအတွင်းပိုင်းအထိ ရေဓာတ်ကို (၂) ဆ ပိုမိုဖြည့်တင်းပေးပြီး စိုပြေအိစက်မှုကို တစ်နေကုန် ထိန်းသိမ်းပေးပါတယ်။ ဘယ်သူတွေသုံးသင့်လဲဆိုတော့ အသားခြောက်သူတွေ အသားအရေ ကြမ်းတမ်းတဲ့သူတွေနဲ့ အမြဲတမ်း Aircon ခန်းထဲမှာ နေရသူတွေအတွက်အထူးသင့်တော်ပါတယ်။ Texture လေးကလည်း Cream အမျိုးအစားဖြစ်လို့ အစိုဓာတ်ကို အလွှာတစ်ခုအနေနဲ့ သေချာ Lock ချထိန်းသိမ်းပေးနိုင်ပါတယ်။

နှစ်မျိုးစပ်လိမ်းချင်သူတွေအတွက်လည်း ညဘက်မှာ 2X Moisture Cream နဲ့ အစိုဓာတ် အပြည့်အဝဖြည့်ပြီး မနက်ပိုင်းမှာ Cica Calming Cream နဲ့ အသားအရေကို အေးမြအောင် ထိန်းသိမ်းပေးတာကလည်း Perfect Routine တစ်ခုပါပဲနော်။
ဘယ် Cream လေးကိုအကြိုက်ဆုံးလဲဆိုတာ Comment မှာပြောပေးခဲ့ပါဉီး။

💯Natural ingredients
🇰🇷 Made In Korea

26/04/2026

The Nature ရဲ့ Toner တွေထဲမှာ Best Seller ဖြစ်တဲ့ Rice Bran Jelly Toner နဲ့ Cica Solution Cleansing Toner

"Glass Skin" လိုမျိုး ကြည်တောက်ရှင်းနေတဲ့ အသားအရေလေးကို လိုချင်သူတွေက Rice Bran Jelly Toner လေးသုံး
ဆန်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သဘာဝအတိုင်း အာနိသင်မလျော့သွားအောင်ထုတ်လုပ်ထားလို့ အသားအရေကို ဖြူစင်ဝင်းပလာစေပါတယ်။ သူ့ Texture လေးကလည်း Jelly Texture ဖြစ်လို့ အိအိတုန်တုန်လေးနဲ့ အသားထဲကို နက်နက်ရှိုင်းရှိုင်း ရောက်ရှိစေပြီး စိုပြေတင်းရင်းစေပါတယ်။ ဒါအ့ပြင် ကြမ်းတမ်းနေတဲ့ အသားအရေကိုလည်း နူးညံ့ချောမွေ့သွားစေပါတယ်။

ထိခိုက်လွယ်တဲ့ အသားအရေ (Sensitive Skin) ပိုင်ရှင်များနဲ့ အဆီဖု/ဝက်ခြံ ရှိသူတွေအတွက်က Cica Solution Cleansing Toner လေးပေါ့

Cica ရဲ့ Soothing အစွမ်းကြောင့် အသားအရေ နီမြန်းတာ၊ ယားယံတာတွေကို ချက်ချင်း သက်သာစေပါတယ်။ Cleansing Toner အမျိုးအစား ဖြစ်တဲ့အတွက် မျက်နှာသစ်ပြီးကျန်ခဲ့တဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ အဆီပြန်ခြင်းကို ထိန်းညှိပေးပြီး ချွေးပေါက်တွေကို သန့်စင်စေလို့ ဝက်ခြံထွက်နှုန်းကို လျှော့ချပေးပါတယ်။

မျက်နှာလေး ကြည်လင်ပြီး ဖြူဝင်းချင်တယ်၊ အသားအရေ ခြောက်တယ် ဆိုရင် 👉 Rice Bran Jelly Toner ကိုရွေး
မျက်နှာမှာ ဝက်ခြံရှိတယ်၊ နီမြန်းလွယ်တယ်၊ ယားယံတတ်တယ်ဆိုရင်တော့ 👉 Cica Solution Cleansing Toner ကို ရွေးပါရှင်။

Rice Bran Teamကလား?" ဒါမှမဟုတ် "Cica Team ကလား?"
မိမိရဲ့ လက်ရှိ Skin Condition အလိုက် အကောင်းဆုံး Care ပေးနိုင်မယ့် Toner လေးကို အခုပဲ ရွေးချယ်လိုက်တော့နော်။

💯Natural ingredients
🇰🇷 Made In Korea

25/04/2026

🌵မျက်နှာသစ်ပြီးတိုင်း အသားရေလေး ကြည်လင်အေးမြသွားစေဖို့ Aloe Foam Cleanser 🌵
ခုလိုနွေရာသီမှာ မျက်နှာသစ်ချိန်တိုင်း အသားတွေ ခြောက်ကပ်ပြီး တင်းနေတာမျိုး ဖြစ်နေပြီလား ?
ဒါဆို သဘာဝ ရှားစောင်းလက်ပတ် (Aloe Vera) နဲ့ ထုတ်လုပ်ထားတဲ့ Aloe Foam Cleanser လေးရှိနေပါပြီ

Aloe Foam Cleanser လေးရဲ့ နူးညံ့တဲ့ အမြှုပ်လေးတွေက ချွေးပေါက်ရဲ့အနက်ရှိုင်းဆုံးထိသန့်စင်ပေးလို့ ဖုန်မှုန့်နဲ့ အဆီပိုတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ မျက်နှာပေါ်မှာရှိတဲ့ ရေဓာတ်ကို 100% ထိန်းပေးနိုင်တာကြောင့် မျက်နှာသစ်ပြီးတာနဲ့ အသားခြောက်မသွားဘဲ ရေဓာတ်ပြည့်ဝပြီး စိုပြေအိစက်နေစေမှာပါ။ Aloe ရဲ့ Soothing and Healing ဖြစ်စေတဲ့အာနိသင်ကြောင့် အသားရေကို အေးမြစေပြီး နေလောင်ဒဏ်ကြောင့် နီမြန်းတာ ဒါမှမဟုတ် အသားရေ ယားယံတာတွေကို အမြန်ဆုံးသက်သာစေပါတယ်။ အသားရေကို သန့်စင်စေပြီး ဝက်ခြံထွက်ခြင်းကို လျှော့ချပေးပါတယ်။

Mild Foam Cleanser လေးဖြစ်တာကြောင့် All Skin types အသုံးပြုနိုင်ပြီး အထူးသဖြင့် အသားရေ ထိခိုက်လွယ်သူ (Sensitive Skin) တွေနဲ့ အသားခြောက်သူ တွေအတွက် အကောင်းဆုံးFoam လေးတစ်ခုပါပဲနော်။

🌟 နူးညံ့အိစက်တဲ့ခံစားချက်နဲ့အတူ ကြည်လင်တဲ့ မျက်နှာလေး တခဏတွင်းပိုင်ဆိုင်ဖို့ Aloe Foam Cleanser ကို ဒီနေ့ပဲ ရွေးချယ်လိုက်ပါ။ 🌟

💯Natural ingredients
🇰🇷 Made In Korea

13/04/2026

မြန်မာတို့ရဲ့ အတာသင်္ကြန်အကြိုနေ့ကစပြီး သင်္ကြန်ကာလတစ်လျှောက်လုံးမှာ The Nature ရဲ့ ချစ်သူများအားလုံး ဘေးဘယာကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။

သင်္ကြန်ရေချမ်းလေးနဲ့အတူ စိတ်ရွှင်လန်းရုံတင်မကဘဲ အသားအရေလေးတွေလည်း ကြည်လင်တောက်ပရင်း ပျော်ရွှင်စရာနှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Kyauk Myaung, Tamwe
Yangon
11111