Kiri Products Myanmar
The KIRI Mosquito Repellent Patch is a safe and effective, non-toxic, DEET-free and all natural alternative to the many DEET repellent products.
19/09/2022
Kiri ရဲ့ အမျိုးတို့ရေ .. Strawberry Sky ဆိုင်လေးမှာ Kiri တွေ အထူးဈေးနဲ့ ပေးထားပြီနော် ....
လိုအပ်တဲ့မေမေများ .. Strawberry Sky page Messenger ကတဆင့် စုံစမ်းမေးမြန်းပြီး မှာယူနိုင်ပါပြီရှင်
✔✔ ထပ်တိုး Promotion လေးလို့ပြောရမလား ..
😘😘 Stock ရှိသလောက် အပြေးအလွှားလေးလာပေးတဲ့ Promotion လေးလို့ ဆိုရမလားပဲ ..
Promotion ထုတ်ကုန်လေးနဲ့အတူ .. ကလေးတွေအနားမှာ အမြင်ကပ်စရာကောင်းလောက်အောင် .. တဒီဒီပျံနေကြတဲ့ 🦟🦟 ခြင်တွေ မောင်းထုတ်နိုင်မဲ့အခွင့်အရေးနော် ..
အရမ်းတွေသုံးလို့ကောင်းတာကြောင့် .. ပစ္စည်းကောင်းကြိုက်သူတွေလက်ထဲမှာ အမြဲတမ်းရောင်းအားကောင်းနေတဲ့ Kiri .. Japan product လေးမို့ .. ပစ္စည်းကွာလတီကိုတော့ စိုးရိမ်စရာမလိုတော့ဘူးနော် ...
မူရင်းဈေးနှုန်း .. 4,305 Ks အစား ... အခုမှာယူရင် 3,000 Ks နဲ့ရမှာပါနော် ..
တစ်ထုတ်မှာ sticker 12 ခုပါဝင်ပါတယ် ... ကလေးတို့ ကိုယ်ပေါ်မှာ အဝတ်အစားတွေ .. အသုံးအဆောင်တွေပေါ်မှာ ကပ်ထားပေးပြီး ခြင်တွေကို မကိုက်အောင် ကာကွယ်ထားလိုက်နော် ..
👨👩👧👨👩👧👦👨👩👧
မေမေနဲ့ ဘေဘီလေးတွေရဲ့ လိုအပ်တဲ့ ပစ္စည်းလေးတွေကို မှာယူနိုင်ဖို့ .. Strawberry Sky ဆိုင်လေးကို နေ့စဉ် နံနက် (၉) နာရီကနေ ည (၇) နာရီအထိ ဖွင့်လှစ်ရောင်းချပေးလျက်ရှိပါတယ်ရှင် ...
🏠🏠 အမှတ် - 006 , Building - C , Hi Way Complex ယုဇနလမ်း ၊ နာနတ်တောလမ်းထောင့် ၊ ကမာရွတ်မြို့နယ်။ (Grand Hanthar Hospital အနီး) Showroom phone - 09454373331 မှာ လာရောက်ဝယ်ယူအားပေးနိုင်သလို ...
အွန်လိုင်းကနေမှာယူမယ်ဆိုရင်တော့ ..
page Messenger (ဒါမှမဟုတ်) Online phone- 09454373315 ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင် ...
Viber Phone - 09454373315 သို့လည်း ဆက်သွယ်မှာယူနိုင်ပါတယ်ရှင် ...
ဆင်တုပ်ကွေးရောဂါဟာ ခု မိုးရာသီမှာ ပိုမိုအဖြစ်များကြပါတယ်။ လူကြီးကော ကလေးပါ ဖြစ်တက်တဲ့ ရောဂါဖြစ်လို့ အလွန်သတိထားရပါမယ်။ ခုခံအားနည်းတဲ့ ကလေးများဟာ ဆင်တုပ်ကွေးဖြစ်ပြီဆိုရင် အသက်အန္တရယ် အလွန်များပါတယ်။ ဆင်တုပ်ကွေးရောဂါဟာ ကာကွယ်ဆေးမရှိပါဘူး။
ဆင်တုပ်ကွေးရောဂါဟာ ရောဂါပိုးသယ်ဆောင်လာတဲ့ ခြင်အကိုက်ခံရတာကနေတစ်ဆင့် ကူးစက်တက် ပါတယ်။ ကူးစက်ခံရတဲ့လူဟာ အပြင်းဖျားပြီး ခေါင်းကိုက်ခြင်း၊ အရိုးအဆစ်များရောင်ရမ်းခြင်း၊ အရေပြားပေါ်တွင် အနီစက်အပြောက်လေးများ အများအပြားထွက်လာတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာတက်ပါတယ်။ ဆင်တုပ်ကွေးရောဂါအတွက် အကောင်းဆုံးကာကွယ်ခြင်းကတော့ မိမိနှင့် မိမိ ရင်သွေးငယ်တို့ကို ခြင်ကိုက်မခံရအောင်ကာကွယ်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုမျိုးရောဂါတွေမဖြစ်ဖို့ Kiri Mosquito Patch ကပ်ခွာလေးဟာဆိုရင် ခြင်အန္တရယ်ကို အကောင်းဆုံးကာကွယ်ပေးမှာဖြစ်လို့ မိမိတို့ ရင်သွေးငယ်လေးတို့အတွက် မရှိမဖြစ် ဆောင်ထားသင့်ပါတယ်လို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျ။
🌧🌧 မိုးရာသီ Promotion လေး စတင်လိုက်ပါပြီနော် 🌧🌧
ဒီလိုမိုးရာသီဟာ တုတ်ကွေးရာသီဖြစ်တဲ့အတွက် ခြင်အန္တရယ် ကို ကာကွယ်ဖို့ အလွန်အရေးကြီးပါတယ် ။ မိမိတို့ရင်သွေးငယ်တို့အတွက် မရှိမဖြစ် အမြဲတမ်းဆောင်ထားသင့်တဲ့ Kiri Mosquito Patch ကပ်ခွာလေး ဟာ ခြင်အန္တရယ်ကို ရဲရဲကြီး ကာကွယ်ပေးနိုင်ပါတယ်။
Strawberry sky baby store မှာ (1.8.2019 to 31.8.2019) အထိ တစ်ထုပ်ဝယ်ယူရုံနဲ့ 10% Discount ရရှိတော့မှာဖြစ်လို့ အမြန်ဆုံးဝယ်ယူဖို့ တိုက်တွန်းလိုက်ပါတယ် …
🏠(No. 459(A) New University Venue Road, Bahan Township, Yangon.)
25/08/2018
KIRI သည် DEET လုံးဝမပါဝင်ပဲ စပါးလင်မှထုတ်ယူထားသော သဘာဝအဆီအနှစ်ဖြစ်သည့် Citronella Oil ကို အသုံးပြုထားခြင်းကြောင့် ခြင်နှင့် ပိုးမွှားများကိုက်ခြင်းမှအထိအရောက်ဆုံး ကာကွယ်နိုင်ပြီး အဆိပ်အတောက်ကင်းကာ လုံခြုံစိတ်ချစွာအသုံးပြုနိုင်ပါသည် ။
KIRI အား လူကြီးလူငယ် အရွယ်သုံးပါးမရွေး သုံးစွဲနိုင်ပါသည် ။
ပက်ဖြန်းထွန်းညှိထားသောနေရာတစ်ဝိက်တွင်သာ ပိုးမွှားများရန်မှကာကွယ်နိုင်သော အခြားဆေးများနှင့်မတူပဲ KIRI ကပ်ခွာအသုံးပြုထားသော သင်နှင့် သင့်ရင်သွေးအား ဘယ်နေရာကိုသွားသွားကိုယ်နှင့်မကွာ တစ်ပါတည်းလိုက်ပါ စောင့်ရှောက်နေသော ကိုယ်ရံတော်တစ်ဦး ကဲ့သို့ KIRI က အဆင်ပြေစွာ ကာကွယ်မှုပေးပါသည် ။
16/07/2018
(သွေးလွန်တုတ်ကွေးရောဂါအကြောင်း သိကောင်းစရာ)
သွေးလွန်တုပ်ကွေးရောဂါကို များသောအားဖြင့် မိုးတွင်းကာလများမှာ ဖြစ်ပွားတတ်တယ်လို့  သိကြပါတယ်။တကယ်တော့ သွေးလွန်တုပ်ကွေးရောဂါသည် ၁၂ရာသီဖြစ်ပွားနိုင်သော ရောဂါတစ်ခုဖြစ်ပါတယ်။သွေးလွန်တုပ်ကွေးရောဂါသည် Aedes ဟုခေါ်သော ခြင်ကျားကိုက်သောကြောင့် ဖြစ်သောရောဂါဖြစ်ပါသည်။ထိုခြင်များသည် နေ့ ခင်းတွင်ကိုက်လေ့ရှိပြီး ရေကြည်ရေသန့် များတွင် ပေါက်ဖွားတတ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟု သတ်မှတ်နိုင်သော အန္တရာယ်ရှိသည့် လက္ခဏာတွေကတော့ ရုတ်တရက် အဖျားတတ်ခြင်း၊ သွေးပေါင်ချိန်တိုင်း ကိရိယာနှင့် (Hess’s Test) စမ်းသော အခါ အနီစက်ကလေးများထွက်လာခြင်း (Positive Hess’s Test)၊ သွေးဖြူဥ ကျဆင်းလာခြင်း၊ သွေးပြစ်နှူန်းမြင့်မားလာခြင်း၊ ၀မ်းဗိုက်၊ အဆုတ်၊ နှလုံးတို့ တွင် အရည်စုလာခြင်းတို့ ဖြစ်ပါတယ်။ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပြီဆိုလျှင် ကလေးသည် ခုနစ်ရက်ခန့် ဖျားပါမယ်။ ဖျားပြီး ၃ရက်မြောက်နေ့  မှ ၇ရက်အထိသည် အစိုးရိမ်ရဆုံးနေ့ များဖြစ်ပါတယ်။
ကလေးများအဖျားကြီးလွန်းခြင်း၊ ဗိုက်နာခြင်း၊ မှိန်းလွန်းခြင်း၊ အန်နေခြင်း၊ အစားအသောက်အရည်သိပ်မ၀င်ခြင်း စသည်တို့ ဖြစ်ပေါ်လာလျှင် နီးစပ်ရာ ဆေးခန်းသို့  အမြန်သွားပြပါ။ ထိုမျှမက ကလေးသည် အစားအသောက်၊ အရည်လုံးဝလက်မခံတော့ဘဲ ဆက်တိုက်အန်နေမယ်၊ ခန္ဒာကိုယ်အလယ်ပိုင်းအေးစက်ပြီး အရမ်းမှိန်းနေမယ်၊ ကော်ဖီရောင်အန်ခြင်း၊ နှာခေါင်းသွေလျှံခြင်း၊ သွားဖုံးသွေးထွက်ခြင်း၊ ၀မ်းမဲမဲသွားခြင်းတို့ ဖြစ်ပေါ်လာလျှင် Shock ဖြစ်နိုင်သောကြောင့် ဆေးရုံသို့  အမြန်သွားဖို့  လိုအပ်ပါတယ်။
မိဘများအနေနဲ့  မိမိတို့ ၏ ကလေးငယ်များဖျားနေလျှင် သေချာဂရုစိုက်ဖို့  လိုအပ်ပါတယ်။အဖျားကြီးလျှင်ေ၇ပတ်တိုက်ရပါမယ်။အဖျားကြီးလွန်းလျှင် ရေချိုးပေးလို့ ရပါတယ်။ရေခဲတင်လို့ ရပါတယ်။ပြီးလျှင် အနွေးထည်အထူမ၀တ်ပေးရပါ။စောင်ထူထူမခြုံပေးရပါ။Paracetamol အရည်၊ အခဲတိုက်လို့ ရပါတယ်။ Paracetamol ဒုံးကျဉ်ထည့်လို့ ရပါတယ်။
သို့ သော် အဖျားပြတ်ဆေး လုံးဝမထိုးရပါ။ တခြားအကိုက်အခဲပျောက်ဆေး လုံးဝမတိုက်ရပါ။ ကလေးကိုဂရုစိုက်ပြီး အရည်များများတိုက်ပါ။ ဓါတ်ဆားရည်၊ နို့ ၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ သစ်သီးဖျော်ရည် စသည်တို့ တိုက်နိုင်ပါတယ်။ အစားစားနိုင်လျှင် ထမင်းကျွေးလို့ လည်းရပါတယ်။ အနီရောင်၊ အညိုရောင်ရှိသော အရည်များ၊ အစားအစာများမကျွေးရပါ။
ထိုသို့ ကလေးငယ်များကို ဂရုစိုက်ခြင်းအပြင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေဖို့  ကာကွယ်ရန် နည်းလမ်းများကိုလည်း သိရှိထားသင့်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတဆင့် ကူးစက်နိုင်သောရောဂါဖြစ်သည့်အတွက် ခြင်မပေါက်ပွားစေရန် ဂရုစိုက်ပါ။ ခြင်မပေါက်ပွားအောင် ဖုံး၊သွန်၊လဲ၊စစ်၊လောင်း၊ထောင်၊မြုပ်၊ဖွင့်၊ရှင်း၊မှူတ် ဆိုသည့်နည်းလမ်းများဖြင့် နှိမ်နင်းရပါမယ်။
ကလေးငယ်များ စုဝေးပြီး အများကြီးရှိတတ်တဲ့ မူကြိုကျောင်း၊ ကျူရှင်နှင့် စာသင်ကျောင်းများ ပတ်ဝန်းကျင်တွင် သန့် ရှင်းနေဖို့ အရေးကြီးပါတယ်။ခြင်းမကိုက်စေရန် ကျောင်းသွားသည့်အခါ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပေးရပါမယ်။ထို့ အပြင် လိမ်းဆေး၊ဖျန်းဆေး၊ ခြင်ဆေးခွေ၊ ဆေးစိမ်ခြင်ထောင်၊ ဆေးစိမ်လိုက်ကာ၊ ဆေးစိမ်ခန်းဆီး စသည်တို့  အသုံးပြုသင့်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါသည် အဖြစ်များသည့်အပြင် အသက် အန္တရာယ်ကိုပါ ခြမ်းခြောက်နိုင်ပါတယ်။ ထို့ ကြောင့်ကလေးငယ်များ ဖျားလျှင် နီးစပ်ရာဆေးခန်းသို့  သွားပြပါ။ သေချာဂရုစိုက်ပါ။ ဓါတ်ဆားများများတိုက်ပါ။ ထမင်းကျွေးပါ။ ဖျားလို့  ထမင်းမကျွေးရဘူးဆို မှားတဲ့အယူအဆပါ။ ဖျားလျှင် ရေပတ်တိုက်ဖို့  မမေ့ပါနှင့်။
…ကလေးငယ်များ အနာရောဂါကင်း၍ ကျန်မာကြပါစေ….
Crd by . Dr.Thidar Hlaing
အခုဆိုရင် သွေးလွန်တုတ်ကွေးတွေ အရမ်းဖြစ်နေကြတယ်နော်မေမေ
တို့ ရေ😔😔ကလေးလေးတွေကို ခြင်မကိုက်ေ်အာင် သေချာလေးဂရုစိုက်
ကြရအောင်နော်😘😘
ကလေးတွေကို ခြင်မကိုက်အောင် ဂရုစိုက်နိုင်ဖို့ အတွက် Kiri လေးက
မေမေတို့ ကိုယ်စားဂရုစိုက်ပေးပါလိမ့်မယ်နော်😍😍
Kiri ၁ ထုပ်မှာ ကပ်ခွာ ၁၂ ခုတောင်ပါတယ်နော်😘😘😘
Price - 2,000 ks
Phone - 09 968430354 (or) Page Messager မှတဆင့် ဆက်သွယ်
မှာယူနိုင်ပါတယ်ရှင့်😇
16/07/2018
Stay Healthy this Monsoon
ဝဿန်ကာလမိုးရာသီသို့  တစ်ဖန်ပြန်ရောက်ရှိလို့ လာပါပြီ။ပူပြင်းလှသည့် နွေအခါကို ကျော်လွန်ပြီး မိုးဖွဲလေးများကြား အေးအေးလူလူနေထိုင်၍ ကောင်းသော်လည်း စိုစွတ် ၊စိုထိုင်းသည့် မိုးရာသီတွင် ကူးစက်ရောဂါများအဖြစ်များတတ်တာကြောင့် သားသားမီးမီးလေးများ၏ ကျန်မာရေးအတွက် အောက်ပါအချက်လေးတွေကို သတိထားသင့်ပါသည်။
• ကလေးအား ရေများများတိုက်သင့်ပါတယ်။ရေနွေး(သို့ မဟုတ်)ကလေးငယ် သောက်မယ့်ရေကို အမြဲသန့် စင်နေအောင် ဂရုစိုက်ပါ။
• ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို ရေစင်အောင်ဆေးပါ။သန့် စင်ဆေးရည် Liquid Cleaser ကိုအသုံးပြုပြီး ဆေးပေးပါ။(သို့ မဟုတ်) ဆားရေထဲမှာ(၁၀)မိနစ်ခန့်  စိမ်ပြီးဆေးပေးပါ။
• နေအိမ်အနီးမှာရေစု၊ ရေ၀ပ်နိုင်တဲ့ နေရာတွေမရှိအောင် လုပ်ထားပါ။ပန်းအိုးတွေကိုလည်းရေမှန်မှန်လဲပေးပါ။
• ကလေးငယ်အိပ်လျှင် ခြင်ထောင်နှင့်သာသိပ်ပေးပါ။
• မိုးကာအင်္ကျီများ၊ မိုးစီးဖိနပ်များ၊ ထီများစတာတွေကို အသုံးပြုပြီးတိုင်း ခြောက်သွေ့ သန့် ရှင်းစင်ကြယ်နေအောင်လုပ်ပါ။
• ကလေးငယ်ရဲ့  ခြေလက်သန့် ရှင်းမှူအား အထူးဂရုပြုပေးပါ။
• အင်္ကျီလက်ရှည်၊ ဘောင်ဘီရှည်များကို ၀တ်ဆင်ပေးပါ။
• အပြင်အစားအစာများအား သိပ်မကျွေးဘဲ အိမ်တွင်သာ ပူပူနွေးနွေးချက်ပြုတ်ကျွေးမွေးပါ။
Credit CBC
19/01/2018
❤️ KIDS WONDERLAND 2018 ပွဲတော်ကြီး ❤
သားသားမီးမီးတို့ ကျန်းမာသန်စွမ်းပြီး ဥာဏ်ရည်ထက်မြက်နေမှသာ ပျော်ရွှင်စရာ မိသားစုကမ္ဘာလေးကို ဖန်တီးနိုင်မှာပါနော်… 😍
KIDS WONDERLAND 2018 ပွဲတော်ကြီးတွင် အရည်အသွေးကောင်းမွန်ပြီး ယုံကြည်စိတ်ချရတဲ့
Kiri Mosquito Patch ကို ရောင်းချပေးသွားမှာ ဖြစ်ပါသည်။ 😉
မြန်မာနိုင်ငံရဲ့ အကြီးဆုံးနှင့် ပထမဆုံးကလေးများ အဖွဲ့အစည်းကြီးဖြစ်တဲ့ MYANMAR KIDS CLUB တွင် Register ပြုလုပ်၍ ဆုမဲပေါင်း (၅၀၀) ကျော် ပါဝင်မည့် LUCKY DRAW အထူးအစီအစဉ်ကြီးတွင်ပါဝင် ကံစမ်းနိုင်ခြင်း။ 🤗
Kiri Mosquito Patch ( 1pcs) ၀ယ်ယူသူတိုင်းကို (10%) Discount ပေးသွားမှာဖြစ်ပါတယ်။ 😍
ကလေး၊ လူငယ်၊ လူကြီးမိဘမရွေး ပါဝင်ဆင်နွှဲနိုင်တဲ့ မျက်လှည့်အစီအစဉ်၊ ပျော်ရွှင်စရာ မိသားစုဓာတ်ပုံပြိုင်ပွဲနှင့် အခြားရင်ခုန်စိတ်ဝင်စားဖွယ် အစီအစဉ်များကိုလည်း ထည့်သွင်းဖန်တီးထားတာဖြစ်ခြင်း စသည့်အချက်အလက်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်သည့်အတွက် လုံးဝလက်မလွှတ်စတမ်း သွားသင့်တဲ့ပွဲကြီးတစ်ပွဲ ဖြစ်ပါတယ်နော်… 😘
ဒီလို ထူးခြားပြီးစိတ်ဝင်စားစရာ အစီအစဉ်များစွာနဲ့ စနစ်တကျ စီစဉ်ထားတဲ့ မြန်မာနိုင်ငံရဲ့ "အကြီးကျယ်ဆုံး ကလေးအသုံးအဆောင်ပစ္စည်း အရောင်းပြပွဲကြီး KIDS WONDERLAND 2018" မှာ Kiri နှင့်အတူ ပါဝင်ဆင်နွှဲကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။ 💁
♀️
Kiri Product နှင့် ပတ်သတ်ပြီး အသေးစိတ်မေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Phone - 09 951049529,09451108043,09427672410 Phone – 09 454373318
Phone – 09 454373327 🙋♂️
KIDS WONDERLAND 2018
Kiri Myanmar
Booth Number - A4,A5 -B4,B5
Date- January (19, 20, 21)
Time- 11:00 AM to 9:00 PM
Place- ပြည်သူ့ရင်ပြင်ကွင်း (၁)
https://www.facebook.com/kirimyanmar/
မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံး KIDS WONDERLAND 2018 ပွဲကြီးတွင် မှပါဝင်ရသည့်အတွက် Kiri Myanmar မှအထူးကျေးဇူးတင်ရှိပါသည်။
21/09/2017
အခုဆိုရင် သွေးလွန်တုတ်ကွေးတွေ အရမ်းဖြစ်နေကြတယ်နော်မေမေ
တို့ ရေ😔😔ကလေးလေးတွေကို ခြင်မကိုက်ေ်အာင် သေချာလေးဂရုစိုက်
ကြရအောင်နော်😘😘
ကလေးတွေကို ခြင်မကိုက်အောင် ဂရုစိုက်နိုင်ဖို့ အတွက် Kiri လေးက
မေမေတို့ ကိုယ်စားဂရုစိုက်ပေးပါလိမ့်မယ်နော်😍😍
Kiri ၁ ထုပ်မှာ ကပ်ခွာ ၁၂ ခုတောင်ပါတယ်နော်😘😘😘
Price - 2,000 ks
Phone - 09 968430354 (or) Page Messager မှတဆင့် ဆက်သွယ်
မှာယူနိုင်ပါတယ်ရှင့်😇😇
27/07/2017
😇😇အခုလို မိုးရာသီဆိုတာနဲ့  ကျွန်မတို့ ဆီကို ခြင်အန္တရာယ်လည်းရောက်ရှိလာပါပြီ ခြင်အန္တရာယ်မှ ကာကွယ်ရန် လူကြီးရော ကလေးပါအလွန်အရေးကြီးပါတယ်။😎😎
💕💓ကျွန်မ သမီးလေးအတွက်တော့ Kiri Patch လေးဝယ်ပေးထားပါတယ်။Kiri Mosquito Patch ကသဘာဝစပါးလင်မှအဆီအနှစ်တွေမှ ပြုလုပ်ထားသောကြောင့် အန္တရာယ်ဖြစ်စေနိုင်တဲ့  ဓာတုပစ္စည်းတွေမပါဝင်လို့  နူးညံ့လွန်းတဲ့  သမီးလေးရဲ့ အသားအရေအတွက် Chemical ပါတဲ့ခြင်နိုင်ဆေးတွေကို အသုံးမပြုပဲ Kiri ကိုရွေးချယ် အသုံးပြုလိုက်တာပါ။👩👩
Kiriကအသားအရေနှင့်ထိတွေ့အသုံးပြုရန်မလို၊အ၀တ်အစား၊ပရိဘောဂ၊တွန်းလှည်းစသည့်အသုံးအဆောင်ပစ္စည်းများတွင်ကပ်ထား၍အသုံးပြုနိုင်ပြီး ကိုယ်နှင့်မကွာအလွယ်တကူ Sticker💃💃💃💃💃💃💃
ကပ်ထားပြီးသွားလေရာခြင်ကာကွယ်ပေးနိုင်ခြင်း၊တဖြည်းဖြည်းအနံ့ထုတ်လွှတ်ပေးသောနည်းပညာကြောင့်ခြင်နိုင်ဆေးကပ်ခွါအားအချိန်ကြာမြင့်စွာ အသုံးပြုနိုင်၊အိတ်အတွင်းပြန်ထည့်နိုင်သောကြောင့်အနံ့ ပြယ်
သည်အထိပြန်လည်အသုံးပြုနိုင်ခြင်းတို့ ကြောင့် သားသားမီးမီးလေးတို့ 
အတွက်လည်းအဆင်ပြေစေနိုင်မှာပါနော်။😍😍😍
17/06/2017
မင်္ဂလာပါဖေဖေ မေမေတို့ ရေ
မြန်မာစွန့်ဦးတီထွင်ပွဲတော်ကို တပ်မတော်ခန်းမတွင် ဇွန်လ(၁၆)ရက်နေ့ မှ ဇွန်လ (၁၈) ရက်နေ့ အထိ နံနက် (၉)နာရီ မှ ညနေ (၅) အထိကျင်းပ နေပြီဖြစ်ပါတယ်။
Earth Trading Co.,Ltd မှတင်သွင်းသော Products များကို အနယ်နယ် အရပ်ရပ်မှ ကိုယ်စားလှယ် လုပ်လိုသူများအား တတ်ရောက်နိုင်ရန်
ဖိတ်ခေါ်အပ်ပါတယ်😇😇
13/06/2017
မင်္ဂလာပါ🙏🙏
😌😌မိမိတို့ ရဲ့ ရင်သွေးငယ်လေးများကို ခြင်အန္တရာယ်မှ ကာကွယ်နိုင်စေဖို့ Kiri Mosquito Patch လေးကို အသုံးပြုနေကြသော Kiri ချစ်သူများအတွက် Kiri Product မှ Discount ချပေးနေပါတယ်နော် 😍😍
👉👉Kiri Product များကို ( 1.6.2017 မှ 30.6.2017 ) အထိ City Baby Club ဆိုင်များတွင် Kiri Mosquito Patch (1) pc ကို 10% Discount ဖြင့် ၀ယ်ယူအားပေးနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ်ရှင်။
30/09/2016
မိမိတို့ ရဲ့  ရင်သွေးငယ်လေးတွေကို ခြင်အန္တရာယ်မှ စိုးရိမ်နေရပါသလား ?
စိတ်မပူပါနဲ့  Kiri ရှိပါတယ်… ;)
Kiri ဟာ သင့်ရင်သွေးလေးတွေအတွက် ခြင်အန္တရယ်မှ ကိုယ်ရံတော်တစ်ယေက်ကဲ့သို့  ကာကွယ်ပေးရုံသာမက သာမာန်ခြင်ဆေးခွေတွေ၊ ဖြန်းဆေးတွေလိုမျိုး
ဘေးထွက်ဆိုးကျိုးလည်းမရှိပါဘူး ….^_^
ကလေးငယ်ရဲ့ အရည်ပြားကို ထိကပ်စရာမလိုပဲ …. ကလေးငယ်ရဲ့ အသုံးအဆောင်ပစ္စည်းတွေမှာသာမက ကလေးနဲ့အနီးဆုံး စာပွဲခုံ၊ခြင်ထောင်၊ ပုခက် စသည့်နေရာတွေမှာလည်း ကပ်၍ အသုံးပြုနိုင်ပါတယ် ... :)
တာရှည်ခံပြီးအရည်အသွေးကောင်းမွန်တာကြောင့် မိခင်နဲ့ကလေးတွေအတွက် အဆင်ပြေဆုံးဖြစ်စေမှာပါ ... ;)
ယခု Kiri promotion လေးရှိတယ်နော်….
မည့်သည့် City Care ဆိုင်မှာမဆို Kiri ပစ္စည်းလေးတွေကို ၀ယ်ယူမယ်ဆိုရင် 10% Discount ပေးနေပြီနော် …
(1.10.2016 မှ 31.10.2016 ) အထိဖြစ်တာကြောင့် မိခင်နဲ့ကလေးတွေအတွက် စိတ်ချရဆုံး ခြင်အန္တရယ်မှ ကင်းဝေးစေတဲ့
Kiri ပစ္စည်းလေးတွေကို ၀ယ်ယူကြဖို့  တိုက်တွန်းလိုက်ပါတယ်နော် …။
Click here to claim your Sponsored Listing.
Category
Address
Yangon