Medlife Pharmacy

Medlife Pharmacy

Share

Knowledges sharing about medicines

Photos from Medlife Pharmacy's post 24/03/2024

🦾 Sildenafil Citrate 50mg /100mg

🙏အားလုံးပဲမင်္ဂလာပါရှင့်
ဒီနေ့မှာတော့ အမျိုးသားများအသုံးပြုသော sildenafil citrate ဆိုတဲ့ ဆေးလေးအကြောင်း ဗဟုသုတ အဖြစ် တင်ဆက်ပေးပါမယ်ရှင့်။

🙋‍♂️ဈေးကွက်ထဲမှာ အသုံးများသော brand တွေက Caverta/ Sildora/ Vi**ra အစရှိတာတွေ အသုံးများတယ်။

🤷‍♂️ဘာအတွက်ကြောင့် အသုံးပြုသင့်တာလဲ???

✅ဒီဆေးကတော့ အမျိုးသားလိင်တံသွေးကြောများဆီသို့ သွေးစီးဆင်းမှုအားပေးပြီး အမျိုးသားများ လိင်ဆက်ဆံရာတွင် လိင်တံထောင်မတ်မှုကို ကြာစေပါတယ်။ (ကြာဆေးအဖြစ်လည်း လူသိများပါတယ်နော်)

✅ပန်းသေခြင်း၊ပန်းညှိုးခြင်းနှင့် သုတ်လွှတ်မြန်သော အမျိုးသားများအတွက်လည်း အသုံးပြုနိုင်ပါတယ်။

❗ရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်သလား???

✅ဒီဆေးတွေကတော့ လိင်မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါတွေကို မကာကွယ်နိုင်ပါဘူး။

💁‍♂️ဘယ်အချိန်မှာသောက်သုံးသင့်ပါသလဲ??

✅လိင်မဆက်ဆံခင် မိနစ် ၃၀ သို့မဟုတ် ၁နာရီအတွင်း ကြိုသောက်သုံးခြင်းက အာနိသင် ပိုမိုသက်ရောက်စေပါတယ်။

✅အစားနှင့် ရောသောက်မယ်ဆို ဆေးအားနိသင်လျော့နည်းစေနိင်တာလေးတော့ သတိပြုစေချင်ပါတယ်။

❗❗တစ်နေ့ တစ်ကြိမ်ထက်ပို၍ မသောက်သုံးသင့်ပါ။

☑️☑️ထို့အပြင် Sildenafil citrate ကို နှလုံးနှင့် အဆုတ် သွေးတိုးခြင်းရောဂါတွင်လည်း အသုံးပြုနိုင်ပါတယ်

☑️☑️အဆုတ်တွင် သွေးများလာပါက နှလုံးသွေးညှစ်အားများလာပြီး နှလုံးသွေးတိုးခြင်း ဖြစ်ပေါ်လာတတ်ပါသည်။
Sildenafil သောက်သုံးခြင်းသည် သွေးကြောများကို ကျယ်စေပြီး နှလုံးညစ်အား လျော့ကျစေပါသည်။

‼️ဘေးထွက်ဆိုးကျိုးများ‼️

✅✅မူးဝေခြင်း၊ခေါင်းကိုက်ခြင်း၊အမြင်ဝေဝါးခြင်း အစရှိသော ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်စေတတ်ပါတယ်

❌သောက်သုံးရန် မသင့်သူများ❌

✔️နှလုံးသွေးကြောကျဉ်းသူများ၊
✔️လေဖြတ်ထားသူများ
✔️နှလုံးရောဂါခံစားနေရသူများ
✔️နှလုံးအောင့်ခြင်း(angina)ဖြစ်ပွားနေသူများ
မသောက်သုံးသင့်ပါဘူးရှင့်။

06/03/2024

➡️ ယနေ့ခေတ်မှာ အရေးပေါ်တားဆေးကို လွယ်ကူစွာ အသုံးပြုလာကြပြီး နည်းလမ်းမှားယွင်းစွာ အသုံးပြုနေတာကိုတွေ့ရတတ်ပါတယ်
အဲ့ဒါကြောင့် ဒီနေ့မှာတော့ ကျွန်မတို့ Medlife ဆေးဆိုင်ကနေ အရေးပေါ်တားဆေးနဲ့ ပက်သက်တဲ့ အကြောင်းအရာလေးတွေနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို ပြောပြပေးသွားပါ့မယ်ရှင့်

အရေးပေါ်တားဆေးဆိုတာ ဘာလဲ❓❓❓
✅သားဆက်ခြားနည်း အမျိုးမျိုးထဲမှာမှ အရေးပေါ်ဆိုတဲ့ အတိုင်း အရေးပေါ် အခြေနေတွေမှာ မီလီဂရမ်ပါဝင်မှုပေါ်မူတည်ပြီး ၁လုံး သို့မဟုတ် ၂လုံးသောက်သုံးရသောဆေးလေးဖြစ်ပါတယ်။ အရေးပေါ်တားဆေးဆိုတာ ကိုယ်ဝန်ဖျက်ချပေးတာ မဟုတ်ပါဘူး။ကိုယ်ဝန်မရအောင် မိန်းမမျိုးဥကြွေခြင်းကို ရပ်တန့်ပေးပြီး မျိုးအောင်ခြင်းကို တားဆီးပေးတဲ့ ဆေးပဲဖြစ်ပါတယ်။

ဘယ်အခြေနေမှာ သောက်သုံးရတာလဲ❓❓
✅အရေးပေါ်အခြေနေဆိုတာကတော့
-နေ့စဉ်သုံးကိုယ်ဝန်တားဆေး ကဒ်များ သောက်သုံးရန် မေ့လျော့သွားခြင်း၊
-ကွန်ဒုံးအသုံးပြုရျ် လိင်ဆက်ဆံရာတွင် ပေါက်ပြဲသွားခြင်း၊
-အလိုမတူရျ် လိင်ဆက်ဆံခံရခြင်း၊
-အကာကွယ်အသုံးမပြုဘဲ လိင်ဆက်ဆံခြင်း
-Desogestrel နေ့စဉ်သောက်တားဆေး သောက်ဖို့ ၁၂နာရီနှင့်အထက်နောက်ကျခြင်း
-သုံးလခံကိုယ်ဝန်တားဆေးထိုးဖို့ (၄)ပတ်နောက်ကျခြင်း နှင့်
-ကိုယ်ဝန်ရစေနိုင်သော ဆက်ဆံမှုများ ပြုလုပ်မိခြင်း စသော အခြေနေတွေမှာ သောက်သုံးသင့်သော ဆေးဖြစ်ပါတယ်။

ဘယ်အချိန်မှာ သောက်သုံးရမလဲ❓❓
✅လိင်ဆက်ဆံပြီး ၇၂နာရီ သုံးရက်အတွင်း သောက်သုံးရင်တော့ ၈၃% ကာကွယ်မှုပေးနိုင်ပါတယ်။လိင်ဆက်ဆံပြီး ၂၄နာရီအတွင်း သောက်သုံးပါက ၉၅% ထိ ကာကွယ်ပေးနိုင်ပါတယ်
(အချိန်စောစောသောက်လေ အာနိသင် ပိုထိရောက်‌လေ ဖြစ်ပါတယ်။ အရေးပေါ် တားဆေး တွေက ဆက်ဆံပြီးနောက်မှ သောက်ရမှာပါ။ မဆက်ဆံခင် ကြိုသောက်ထားရင် အကျိုးသက်ရောက်မှု မရှိပါဘူးရှင့်။ဆေးသောက်ပြီး ၂နာရီအတွင်းပြန်အန်ခဲ့ပါကလည်း ဆေးပြန်သောက်သုံးပေးရန် လိုအပ်ပါတယ်။)

ဘယ်လို သောက်ရမှာလဲ❓❓
✅ဆေးနှစ်လုံးပါဝင်သော ဆေး ဖြစ်ပါက ဆက်ဆံပြီး တစ်လုံးသောက်သုံးရပါမည်။ ၁၂နာရီကြာပြီးနော် နောက် တစ်လုံး သောက်ရပါမည်။
(နှစ်လုံးတည်း တစ်ပြိုင်တည်း မသောက်သုံးရပါ။)
✅ဆေးတစ်လုံးတည်း ပါဝင်သော ဆေးဖြစ်ပါက ၁ကြိမ်သာ သောက်ရပါမည်။
ဥပမာအားဖြင့် ဈေးကွက်ထဲမှာ ဝယ်ရလွယ်ကူတဲ့ Ecce 2 brand ကတော့ ၁၂နာရီခြားတစ်ခါ တစ်လုံး စီ သောက်သုံးပေးရတဲ့ ဆေးဖြစ်ပြီး
Lydia safepill ကတော့ တစ်လုံးတည်း တစ်ကြိမ်သောက်ရတဲ့ ဆေးဖြစ်ပါတယ်။

အရေးပေါ်တားဆေးသောက်သုံးပြီးပါက ဘေးထွက်ဆိုးကျိုးအနေနဲ့ ဘာတွေခံစားရနိုင်လဲ❓❓
✅အရေးပေါ်တားဆေး သောက်သုံးပြီးပြီဆိုပါက ပျို့အန်ခြင်း၊ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ကိုယ်လက် မအီမသာ ဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ရင်သားနာခြင်းနှင့် ရာသီမမှန်ခြင်းမျိုး ဖြစ်တတ်ပါတယ်။
မခံမရပ်နိုင်အောင် ဖြစ်ရင်တော့ ဆေးခန်းသွားဖို့ လိုပါတယ်နော်။

✅အခြားသေား သားဆက်ခြားနည်းလမ်းများ အသုံးမပြုသောနို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများလည်းသောက်သုံးနိုင်ပါတယ်ရှင့်။
♦️♦️♦️ရှိနေပြီးသားကိုယ်ဝန် ကို လုံးဝမပျက်ကျစေနိုင်ပါ။

❗❗အရေးပေါ်တားဆေးနဲ့ပက်သက်ပြီးသိထားသင့်သည်များ .....
-ဆေးမှာ progestogen လို့ခေါ်တဲ့ ဟော်မုန်းပါဝင်တာကြောင့်ဘေးထွက်ဆိုးကျိုး အရမ်းများပါတယ်နော်။
-လိင်ဆက်ဆံပြီးရာတွင် ကွန်ဒုံးနှင့် လစဉ်သုံးသားဆက်ခြားနည်လမ်းများ အသုံးမပြုဘဲ အရေးပေါ်တားဆေးကို မလိုအပ်ဘဲ အကြိမ်ကြိမ်အသုံးပြုပါက နောက်ပိုင်းတွင် ကိုယ်ဝန်ရရှိဖို့ ခက်ခဲနိုင်ပါတယ်။
-အရေးပေါ်တားဆေးဟာ ကိုယ်ဝန်တစ်ခုပဲကာကွယ်နိုင်ပါတယ်။လိင်မှတဆင့်ကူးဆက်တဲ့ရောဂါတွေ
လုံးဝ(လုံးဝ) မကာကွယ်နိုင်ပါ။
-သက်တမ်းကုန်ဆုံးနေသော ဆေးများ သောက်သုံးပါကလည်း ကိုယ်ဝန် ရနိုင်ပါတယ်။
-အရေးပေါ်တားဆေးမသောက်မီ သို့မဟုတ် သောက်ပြီး အရက် ဘီယာ သောက်သုံးပါက ဆေးအာနိသင်ကို မပြတ်ပျယ်ပါ။
-အရေးပေါ်တားဆေးသောက်ပြီးနော​က် သို့မဟုတ် ရက်အနည်းငယ်ကြာပြီးနောက် ရာသီလာပါက ကိုယ်ဝန်မရှိပါဘူးရှင့်။

အထက်ပါ အကြောင်းအရာများအပေါ် အခြေခံ၍ အရေးပေါ်တားဆေးသည် ဘေးထွက်ဆိုးကျိုးများစွာရှိသောကြောင့် လိင်ဆက်ဆံရာတွင် ကွန်ဒုံးအသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

✅✅ကွန်ဒုံးအသုံးပြုခြင်းသည် လိင်ဆက်ဆံရာတွင် အကောင်းဆုံးသော ကာကွယ်ခြင်းလည်းဖြစ်ပါသည်။ကွန်ဒုံးအသုံးပြုခြင်းသည် ကိုယ်ဝန်ကို တားဆီးပေးနိုင်ရုံသာမက လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ (STIs) နဲ့ HIV ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ ကွန်ဒုံးကို မှန်ကန်ထိရောက်စွာအသုံးပြုပါက(၉၈%) အထိ အကျိုးသက်ရောက်မှုရှိပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon