One Stop Beauty Corner

One Stop Beauty Corner

Share

Your One Stop Beauty Solution

06/04/2024

One Stop Beauty Corner ရဲ့ ပထမဆုံး Giveaway လေး လာပါပြီ ချစ်တို့ရေ… 🥰

Clinique moisturizer လေး တစ်ဘူး ကို နှစ်ဆန်းတစ်ရက်နေ့မှာ မဲဖောက်ပေးမယ်နော်… 😍

ဒါလေးက မျက်နှာအတွင်းပိုင်းအထိ
စိမ့်ဝင်နိုင်ပြီး ရေဓာတ်ဖြည့်ပေးလို့ တစ်ခါလိမ်းပြီးရင် နာရီ ၁၀၀ အထိ မျက်နှာအစိုဓာတ်ကို ထိန်းထားပေးမဲ့ Moisturizer လေးနော်… Oil Free Gel Cream Type လေးမို့ ဘယ်လိုအသားအရေမျိုးနဲ့မဆို OK ပဲ… Texture ကလဲ မပျစ်တော့ နွေရာသီနဲ့လဲ အဆင်ပြေတယ်နော်… Aloe bio-ferment နဲ့ Hyaluronic acid ကြောင့် လိမ်းထားရင် အေးအေးလေးဖြစ်နေမှာပါ… 🌬️❄️😇

Glow Glass Skin လေးရဖို့ဆိုရင်
1. Page ကို Like လုပ်ထားပေးနော်
2. ဒီ Post လေးကို Public နဲ့ Share ပြီး Screenshot လေး comment မှာ မန့်ခဲ့ရင် ရပါပြီ။

၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့မှာ Random Comment Picker နဲ့ မဲဖောက်ပေးမှာမို့ အားလုံးပဲ နှစ်သစ်မှာ ကံကောင်းကြပါစေနော်… ။





One Stop Beauty Corner
Your One Stop Beauty Solution

Photos from One Stop Beauty Corner's post 23/03/2024

နွေရာသီမှာ ပေါ့ပေါ့ပါးပါး ဆွတ်လို့ရမဲ့ Body Mist လေးတွေ In stock ရှိတယ်နော်… 🥰

Bath & body works က ထုတ်တဲ့ Fine Fragrance Mist လေး ၄ မျိုး In stock ရပါမယ်… 236ml Full size ဘူးကြီးပါ… Body Mist ရေမွှေးမို့ Perfume ရေမွှေးတွေလောက်တော့ အနံ့မပြင်းပါဘူး… ဆွတ်ပြီးသွားရင် အနံ့သင်းသင်းမွှေးမွှေးလေးကို ၄ နာရီကနေ ၆ နာရီဝန်းကျင်လောက်ထိတော့ ကိုယ့်ဆီကနေ ရနေမှာပါနော်… USA Bath and Body Works Store ကနေ တိုက်ရိုက်ဝယ်တာမို့ US Quality အစစ်ဖြစ်ကြောင်းကို ၁၀၀ ရာခိုင်နှုန်း အာမခံပါတယ်နော်… ❤️

Bath & Body Works Fine Fragrance Mist
236ml Full Size Body Mist
43000Ks/bottle
Directly Imported From USA 🇺🇸
100% Authentic 💯

One Stop Beauty Corner
Your One Stop Beauty Solution

09/03/2024

The Ordinary ရဲ့ နာမည်ကြီး AHA BHA Peeling Solution လေး In stock ရပါပြီ။
စနစ်တကျလေး သုံးပေးမယ်ဆိုရင် အရမ်းကို သိသာတဲ့ Result ကို ပေးနိုင်တာမို့ ဝက်ခြံ အမဲစက် အမာရွတ်သမားတွေရဲ့ လက်စွဲတော် Peeling Solution ပါနော်။

သူ့မှာ အဓိက ပါဝင်တာက AHA 30% နဲ့ BHA 2% ပါ။
The Ordinary ရဲ့ Peeling Solution ထဲက AHA (Alpha-hydroxy acids) အုပ်စုထဲမှာ အဓိက ပါဝင်တဲ့ Acid တွေက Glycolic Acid, Lactic Acid, Tartaric Acid နဲ့ Citric Acid တွေပါ။
AHA ရဲ့ ကောင်းကျိုးတွေက အများကြီး ရှိပါတယ်… Chemical Peeling Solution ဖြစ်တာမို့ အဓိကအားဖြင့် exfoliate လုပ်ပေးပါတယ်။ မျက်နှာပေါ်က ဆဲလ်
အသေတွေနဲ့ မကောင်းတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်လေးတွေနဲ့ အစားထိုး နုပျိုစေပါတယ်။ အရေးအကြောင်းတွေ သက်သာမယ်၊ အမဲစက် အမာရွတ်တွေ ပါးလာမယ်၊ အဆီအညစ်အကြေးတွေ ပုံလာတာကို တားဆီးပေးတဲ့အတွက် ဝက်ခြံ အဆီဖုတွေ ဖြစ်မှာကို ကာကွယ်ပေးပါတယ်။ အသားအရေ (skin texture) မညီတာအတွက်ရော အသားအ​ရောင် (skin tone) မညီတာအတွက်ပါ ကောင်းလို့ Healthy Glowing Skin ကို ရစေပါတယ်။ Collagen ထွက်အောင် လှုံ့ဆော်ပေးတဲ့ အတွက် ဝက်ခြံကြောင့် နောက်ဆက်တွဲ အမာရွတ်၊ ချိုင့်ခွက်တွေ ကျန်တာကို သက်သာစေပါတယ်။ မျက်နှာကို သွေးစီးဆင်းမှုကောင်းစေတဲ့ အာနိသင်လဲရှိတဲ့အတွက် အသားအရေကို အားဖြည့်ပေးပြီး လိမ်းတဲ့ skincare တွေကို စုပ်ယူမှုအား ပိုကောင်းစေပါတယ်။

BHA (Beta-hydroxy Acid) ထဲမှာ အဓိကပါတာက Salicylic Acid ပါ၊
Salicylic Acid ကတော့ ဝက်ခြံသမားတွေနဲ့ မစိမ်းတာမို့ အများကြီး မပြောတော့ပါဘူးနော်။
အဓိကအားဖြင့် အဆီဂလင်းတွေကို ပွင့်စေတယ်၊ အဆီထွက်နှုန်း လျှော့ချပေးတာမို့ ဝက်ခြံဖြစ်စေတဲ့ အဆီတွေစုပုံလာတာကို တားဆီးနိုင်ပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေပြီး အဆီဂလင်းတွေနဲ့ ချွေးပေါက်တွေရဲ့ အတွင်းပိုင်းအထိ Exfoliate လုပ်ပေးတာမို့ အဆီမပြန်ဘဲ ဝက်ခြံကင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

အသုံးပြုနည်းလေး ပြောပြပေးမယ်နော်… အရင်ဆုံးမျက်နှာသစ်ပြီး ရေကို ခြောက်အောင်သုတ်ပါ၊ ပြီးရင် Peeling Solution လေး ၃ စက် ၄ စက်လောက်ကို ယူပြီး လက်ထိပ်လေးနဲ့ မျက်နှာတပြင်လုံး ပါးပါးလေး လိမ်းပေးရပါတယ်၊ လည်ပင်းကိုလဲ လိမ်းလို့ရပါတယ်၊ မျက်လုံးနဲ့ နှုတ်ခမ်းတဝိုက်ကိုတော့ ရှောင်ပြီး လိမ်းပေးပါ၊ သူက Peeling Solution ဖြစ်တာမို့ လိမ်းပြီး ၅ မိနစ်၊ ၁၀ မိနစ်ကြာရင် ရေဆေးချရပါတယ်။ နေ့တိုင်း သုံးလို့ မရပါဘူး။ တစ်ပတ်တစ်ရက် နှစ်ရက်လောက်ပဲ သုံးပေးရပါတယ်နော်။ စ စ သုံးချင်းမှာ အနည်းငယ် ပူတာ စပ်တာမျိုး ဖြစ်တတ်ပါတယ်၊ ပထမဆုံးအကြိမ်ဆိုရင်တော့ ၅ မိနစ်လောက်ပဲထားပြီး ရေဆေးချပါ၊ နောက်အကြိမ်တွေမှသာ တဖြည်းဖြည်းတိုးသွားဖို့ အကြံပေးချင်ပါတယ်။ Direct Acid ဖြစ်တဲ့အတွက်ကြောင့် မျက်နှာပေါ်မှာ ဆယ်မိနစ်ထက် တော့ ပိုမထားရပါဘူး။ အကြာကြီးထားရင် အသားလောင်တတ်တာမို့ ဂရုတစိုက်အသုံးပြုပေးဖို့တော့ သတိထားရပါမယ်နော်။ ညဘက်ပဲ သုံးရပါမယ်၊ သုံးပြီးလို့ ရေဆေးပြီးသွားရင် မျက်နှာကို Moisturizer တခုခုလိမ်းပေးရပါမယ်၊ နောက်နေ့မနက်ကို အပြင်ထွက်ရင် sunscreen မဖြစ်မနေ လိမ်းရပါမယ်နော်။ တခြား AHA, BHA ပါတဲ့ Products တွေနဲ့ တွဲမသုံးရပါဘူး။
Dry Skin သမားတွေ Sensitive Skin သမားတွေ အတွက်တော့ မသင့်တော်ပါဘူး။ ဝက်ခြံ အမဲစက် အမာရွတ် နေလောင် အသားအရေ မညီတဲ့လူတွေအတွက်တော့ တစ်ပတ် တစ်ရက် နှစ်ရက်လောက် သုံးပေးရုံနဲ့ တစ်လလောက်အတွင်းမှာ တကယ်ကို သိသာတဲ့ ရလဒ်ကို ပေးတာမို့ တစ်ဘူးလောက်တော့ မဖြစ်မနေ ဆောင်ထားသင့်ပါတယ်နော်။ မျက်နှာပေါ်မှာ စမလိမ်းခင် Patch Test လေး အရင်လုပ်ဖို့တော့ မမေ့ပါနဲ့နော်… Patch Test အကြောင်းလေး Page မှာ တင်ထားတာမို့ မသိသေးတဲ့လူတွေ ဝင်ကြည့်လို့ ရပါတယ်။

100% Authentic 🇺🇸 Directly imported from USA ပါ၊ စျေးလေးကတော့ 30ml တစ်ပုလင်းကို 42500Ks ပါ။ In stock ရှိတာမို့ မှာပြီး ၃ ရက်ကနေ ၅ ရက်အတွင်း အိမ်အရောက် ပို့ပေးပါတယ်နော်။

One Stop Beauty Corner
Your One Stop Beauty Solution

29/02/2024

Clinique ရဲ့ Dramatically Different Moisturizer 125ml လေး In stock ရပါပြီနော်… 🥰

Gel နဲ့ Lotion ၂ မျိုးရပါမယ်… 🤩
Jelly လေးကတော့ မရသေးပါဘူး… 😔
Gel type က Combination to Oily skin type အတွက် အဆင်ပြေပြီး Lotion လေးကတော့ Dry to Combination skin သမားတွေအတွက် ပိုအဆင်ပြေပါတယ်နော်… 😇

အဆီပြန် ဝက်ခြံထွက်တတ်တဲ့ အသားအရည်မျိုးဆို Oil Free Gel Type လေး ယူနော်… ☺️
အသားခြောက်တတ်တဲ့လူတွေကတော့ Lotion Type လေးပေါ့… 😉

Clinique ရဲ့ best seller moisturizer လေးကို စျေးချတုန်းလေး ရတာမို့လို့ အရမ်းတန်ပါတယ်… Original price နဲ့ဆို ၁ သိန်းခွဲနီးပါးရှိလို့ အခုဝယ်ရင် တစ်ဝက်လောက် သက်သာမှာဆိုတော့ သုံးနေကြလူဆို တစ်ဘူးလောက်တော့ မှာထားလိုက်တော့နော်… 😍

Clinique DD Moisturizing Gel 125ml
Clinique DD Moisturizing Lotion 125ml
86000Ks/bottle
Directly imported from USA 🇺🇸
100% Authentic 💯

One Stop Beauty Corner
Your One Stop Beauty Solution

23/02/2024

The Ordinary Niacinamide Serum 30ml
In stock❗️In stock‼️

The Ordinary ရဲ့ နာမည်ကြီး Niacinamide + Zinc Serum လေး In stock ရပါပြီ။ ☺️

အဆီပြန်၊ ချွေးပေါက်ကျယ်၊ ဝက်ခြံထွက်တတ်လို့ အရေပြားနီရဲရောင်ရမ်းပြီး အမဲစက်၊ အမာရွတ် ကျန်တဲ့အသားအရေတွေအတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ Serum လေးပါ။ 🧖‍♀️

Niacinamide (Vitamin B3) ရဲ့ ကောင်းကျိုးတွေက
🧴အသားအရေကို ကြည်လင်စေပြီး ရေဓာတ်ဖြည့်ပေးတယ်
🧴Skin Barrier ကို အားဖြည့်ပေးလို့ ဝက်ခြံထွက်တာကို လျှော့ချနိုင်တယ်
🧴မျက်နှာအရေပြားကို ချောမွေ့စေတာမို့ အရေးအကြောင်းတွေနဲ့ ချွေးပေါက်ကျယ်တာတွေ လျော့စေတယ်
🧴Skin Brightening Effect ကြောင့် အမဲစက်တွေပါးလာပြီး စွဲသုံးမယ်ဆို skin tone ကို တက်စေနိုင်ပါတယ်နော်

Zinc PCA ရဲ့ ကောင်းကျိုးတွေကတော့

🧴ဝက်ခြံကြောင့်ဖြစ်တဲ့ အသားအရေ နီမြန်း ရောင်ရမ်းခြင်းတွေကို သက်သာစေတယ်
🧴Sensitive skin သမားတွေ skin irritation ရတာကို လျှော့ချပေးနိုင်တယ်
🧴Collagen ထွက်အောင် လှုံ့ဆော်ပေးလို့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်
🧴Skin immunity ကို တက်စေတာမို့ ဘက်တီးရီးယားတွေရဲ့ ရန်ကို လျော့စေပြီး cell turnover rate ကို မြန်စေလို့ အဆီဂလင်းတွေ ချွေးပေါက်ပိတ်တာတွေကို ကာကွယ်ပေးနိုင်ပြီး ဝက်ခြံထွက်နှုန်းကို လျှော့ချပေးနိုင်ပါတယ်

ပုံမှန်သုံးနေကြ skin care တွေ နဲ့ အတူတူသုံးနိုင်ပြီး မျက်နှာသစ်ပြီးတဲ့နောက် Moisturizer နဲ့ တွဲသုံးပေးမယ်ဆို ပိုမိုသိသာတဲ့ result ကို ရစေပါတယ်။
All Skin Type သုံးလို့ ရပေမဲ့ Niacinamide concentration က 10% တောင်ပါတာမို့ အခုမှ စသုံးမဲ့ လူတွေအတွက်ကတော့ တစ်စက်၊ နှစ်စက်လောက်ကနေ စသုံးကြည့်ပြီးမှ တဖြေးဖြေးတိုးသွားမယ်ဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ် သုံးပေးရင် တစ်ပတ်အတွင်း skin hydration ကောင်းလာတာကို မြင်ရမှာဖြစ်ပြီး ၂လ လောက်ဆိုရင် အမဲစက် အမာရွတ်ကင်းပြီး ချောမွတ်တဲ့ မျက်နှာအရေပြားလေးကို ပိုင်ဆိုင်နိုင်မှာပါနော်။

The Ordinary Niacinamide 10% + Zinc 1% Serum
High-Strength Vitamin and Mineral Blemish Formula
30ml glass bottle with dropper
USA direct import 🇺🇸
In stock‼️

One Stop Beauty Corner
Your One Stop Beauty Solution

Photos from One Stop Beauty Corner's post 02/02/2024

Clinique ရဲ့ Dramatically Different Moisturizer 125ml လေး Pre-order နဲ့ ရပါမယ်နော်… 🥰

Gel နဲ့ Lotion ၂ မျိုးရပါမယ်… 🤩
Jelly လေးကတော့ မရသေးပါဘူး… 😔
Gel type က Combination to Oily skin type အတွက် အဆင်ပြေပြီး Lotion လေးကတော့ Dry to Combination skin သမားတွေအတွက် ပိုအဆင်ပြေပါတယ်နော်… 😇

အဆီပြန် ဝက်ခြံထွက်တတ်တဲ့ အသားအရည်မျိုးဆို Oil Free Gel Type လေး ယူနော်… ☺️
အသားခြောက်တတ်တဲ့လူတွေကတော့ Lotion Type လေးပေါ့… 😉

Clinique ရဲ့ best sellers moisturizer လေးကို စျေးချတုန်းလေး ရတာမို့လို့ အရမ်းတန်ပါတယ်… Original price နဲ့ဆို ၁ သိန်းခွဲနီးပါးရှိလို့ အခုဝယ်ရင် တစ်ဝက်လောက် သက်သာမှာဆိုတော့ သုံးနေကြလူဆို တစ်ဘူးလောက်တော့ မှာထားလိုက်တော့နော်… 😍

Pre-order 4 to 6 weeks ပါ… 🗓️

Clinique DD Moisturizing Gel 125ml
Clinique DD Moisturizing Lotion 125ml
86000Ks/bottle
Directly imported from USA 🇺🇸
100% Authentic 💯

One Stop Beauty Corner
Your One Stop Beauty Solution

Photos from One Stop Beauty Corner's post 02/02/2024

Bath & body works က ထုတ်တဲ့ Fine Fragrance Mist လေး ၄ မျိုး In stock ရပါမယ်… 236ml Full size ဘူးကြီးပါ… Body Mist ရေမွှေးမို့ Perfume ရေမွှေးတွေလောက်တော့ အနံ့မပြင်းပါဘူး… ဆွတ်ပြီးသွားရင် အနံ့သင်းသင်းမွှေးမွှေးလေးကို ၄ နာရီကနေ ၆ နာရီဝန်းကျင်လောက်ထိတော့ ကိုယ့်ဆီကနေ ရနေမှာပါနော်… USA Bath and Body Works Store ကနေ တိုက်ရိုက်ဝယ်တာမို့ US Quality အစစ်ဖြစ်ကြောင်းကို ၁၀၀ ရာခိုင်နှုန်း အာမခံပါတယ်နော်… ❤️

Bath & Body Works Fine Fragrance Mist
236ml Full Size Body Mist
43000Ks/bottle
Directly Imported From USA 🇺🇸
100% Authentic 💯

One Stop Beauty Corner
Your One Stop Beauty Solution

Photos from One Stop Beauty Corner's post 16/01/2024

ဒီနေ့ ပြောပြပေးမဲ့ အကြောင်းအရာလေးကတော့ Patch Test ဘယ်လို လုပ်ရမလဲ ဆိုတာလေးပါနော်။

အရင်ဆုံး Patch Test ဆိုတာ ဘာလဲကနေ စပြောပါ့မယ်။
Patch Test ဆိုတာက Skincare ပစ္စည်းအသစ် တစ်ခုကို ဝယ်ပြီးတဲ့အခါ မျက်နှာပေါ်မတင်ခင် ဒီပစ္စည်းက ကိုယ်နဲ့ တည့် မတည့်၊ အဆင်ပြေ မပြေသိရအောင် အရင်စမ်းကြည့်တာကို ခေါ်တာပါ။

Patch Test လုပ်ကြည့်ခြင်းအားဖြင့် ဘာကောင်းကျိုးတွေ ရနိုင်လဲဆိုတော့ skincare ထဲမှာပါတဲ့ chemical တစ်ခုခုက ကိုယ်နဲ့ မတည့်ရင် ကြိုသိနိုင်ပြီး မျက်နှာ အသားအရေကို ထိခိုက်မှု မရှိခင် သုံးစွဲမှုကို အချိန်မီ ရပ်တန့်နိုင်မှာပါ။
လူတစ်ယောက်အတွက် အလှအပရေးရာမှာ မျက်နှာက အရေးအကြီးဆုံးနေရာက ပါတာမို့ မျက်နှာအသားအရေလေးကို ထိန်းသိမ်းနိုင်ဖို့အတွက် skincare အသစ်တွေကို မျက်နှာပေါ် မတင်ခင် Patch Test လုပ်ကြည့်ပြီးမှ သုံးဖို့က တကယ်အရေးကြီးပါတယ်။

Patch Test ဘယ်လို လုပ်ရမလဲဆိုတာကို အဆင့်လေးတွေ ခွဲပြီး ပြောပြပေးမယ်နော်…

1. အရင်ဦးဆုံး Patch Test လုပ်မဲ့ နေရာကို ရွေးရပါမယ်၊ Patch Test လုပ်မဲ့နေရာမှာ skincare ကို အကြာကြီးလိမ်းထားရမှာမို့ အလွယ်တကူ ရေမထိနိုင်တဲ့နေရာ၊ ပွတ်တိုက်ထိတွေ့မှုနည်းတဲ့နေရာကို ရွေးရပါမယ်။ Patch Test အတွက် သင့်တော်တဲ့ နေရာတွေကတော့ လက်မောင်းအတွင်းသား၊ လက်ဖျံအပေါ်၊ ပေါင်အတွင်းသားနဲ့ နားရွက်အနောက် လည်ပင်းနေရာလေးတွေပါ။

2. ပြီးရင်တော့ ကိုယ်စမ်းသုံးမဲ့ skincare တစ်စက် နှစ်စက်လောက်ကို ယူပြီး အပေါ်က ပြောထားတဲ့နေရာလေးတွေမှာ တစ်လက်မ ပတ်လည်လောက် တစ်ကွက်စာနေရာလေးယူပြီး အသားထဲ စိမ့်ဝင်အောင် အရင်လိမ်းကြည့်ရပါမယ်၊ မလိမ်းခင် အဲ့နေရာလေးတွေကို သန့်စင်အောင် အရင်ဆေးကြောထားဖို့တော့ လိုအပ်ပါတယ်၊ ကိုယ်စမ်းမဲ့ product ကလွဲပြီး တခြားဘာမှ မလိမ်းထားရပါဘူးနော်။

3. လိမ်းပြီးသွားပြီဆိုရင်တော့ အပေါ်ကနေ ပလာစတာလေး ကပ်ထားပြီး ၂၄ နာရီ စောင့်ကြည့်ရပါမယ်။ အလွယ်တကူ ပွတ်မိပြီး ပျက်သွားမဲ့နေရာမျိုး မဟုတ်ဘူးဆိုရင်တော့ ထူထူလေးလိမ်းပြီး ပလာစတာ မကပ်ဘဲ စောင့်ကြည့်လို့လဲ ရပါတယ်။

4. ကိုယ်နဲ့ မတည့်ဘူးဆိုရင် အဲ့နေရာမှာ ယားတာ၊ နီရဲလာတာ၊ အဖုအပိန့်တွေ ထွက်လာတာ၊ အရည်ကြည်ဖုဖြစ်တာ၊ အသားလောင်တာတွေ ဖြစ်လာတတ်ပါတယ်၊ တကယ်လို့ ၂၄ နာရီ မပြည့်ခင် အဲ့လက္ခဏာတွေ ပေါ်လာတယ်ဆိုရင် ပလာစတာကို ခွါပြီး လိမ်းထားတဲ့ skincare ကို ချက်ချင်းဆေးပစ်ရပါမယ်နော်။ ဓာတ်မတည့်တာမျိုး ဖြစ်ခဲ့ရင် အဲ့နေရာကို Soothing Gel လေး လိမ်းပေးတာ၊ ရေခဲကပ်ပေးတာ၊ Petroleum jelly လိမ်းပေးတာမျိုး လုပ်လို့ရပါတယ်၊ အဲ့တာနဲ့မှ မသက်သာရင်တော့ အရေပြားဆရာဝန်နဲ့ ပြပြီး ဆေးကုသမှု ခံယူရပါမယ်။

5. တကယ်လို့ ၂၄ နာရီပြည့်တဲ့အထိ ဘာမှ မဖြစ်ဘူးဆိုရင်တော့ ဆက်သုံးလို့ ရပါပြီ၊ ကိုယ်က sensitive skin ရှိတယ်၊ ဓာတ်မတည့်တာတွေ များတယ်ဆိုရင်တော့ ရက်ခြားပြီး မတူတဲ့နေရာ တစ်ခုမှာ အပေါ်က အဆင့်တွေအတိုင်း နောက်တစ်ခေါက် ထပ်စမ်းကြည့်လို့ ရပါတယ်။

6. ကိုယ်သုံးမဲ့ Product က သုံးပြီးရင် ရေနဲ့ပြန်ဆေးရတဲ့ဟာမျိုး (ဥပမာ မျက်နှာသစ်ဆပ်ပြာ၊ Scrub တိုက်ရတဲ့ဟာမျိုး၊ Peeling Solution တို့လိုမျိုး) ဖြစ်နေခဲ့ရင် အရေပြားပေါ်မှာ ၅ မိနစ်လောက်ပဲ ထားပြီး ရေပြန်ဆေးပေးပါ။

7. တစ်ခုသိထားရမှာက ကိုယ်သုံးမဲ့ skincare က Retinol ပါတဲ့ဟာ၊ Direct Acid (E.g. Glycolic Acid/AHA, Salicylic acid/BHA) ပါတဲ့ဟာမျိုးဆိုရင်တော့ တည့်တဲ့လူဆိုရင်တောင် အနည်းငယ်ယားတာ၊ ပူတာစပ်တာမျိုး ဖြစ်တတ်ပါတယ်၊ ဒါပေမဲ့ အဲ့တာက ခဏပဲဖြစ်ပြီး ပြန်ပျောက်သွားမှာပါ၊ အဲ့လိုဆိုရင် တည့်တယ်လို့ ယူဆလို့ ရပါတယ်၊ တကယ်လို့ မပျောက်ဘဲ အကြာကြီး နီ၊စပ်၊ယားတာမျိုး ဖြစ်မှသာ မတည့်ဘူးလို့ ယူဆရမှာပါ။

အားလုံးပဲ အန္တရာယ်ကင်းကင်းနဲ့ လှနိုင်ကြပါစေ။

One Stop Beauty Corner
Your One Stop Beauty Solution

Photos from One Stop Beauty Corner's post 06/01/2024

CLINIQUE LIPSTICK SET

Clinique ရဲ့ Plenty of Pop Lipstick Set လေး In stock ရှိပါတယ်နော်

Bare Pop - N**e ဘက်သွားတဲ့ အရောင်
Cherry Pop - ချယ်ရီသီး အရောင်
Mocha Pop - ချောကလက်ကော်ဖီရောင်
Berry Pop - ဘယ်ရီသီး အရောင်
Plum Pop - သပြေသီးမှည့်ရောင်
ဆိုပြီး အရမ်းကို စွဲဆောင်မှုရှိတဲ့ အရောင်စိုစိုလှလှလေး ၅ ရောင်ပါ ပါတယ်… Set လိုက်ယူလဲ ရသလို တစ်ချောင်းချင်းယူလို့လဲ ရပါတယ်နော်။

💄 Weightless formula နဲ့ ထုတ်ထားတာမို့ ဆိုးပြီးသွားရင် နှုတ်ခမ်းပေါ်မှာ လေးလေးထူထူကြီး ဖြစ်မနေဘဲ ပေါ့ပေါ့ပါးပါးလေးနဲ့ Luxury ဆန်တဲ့ Feeling ကို ရစေမှာပါ၊ Lip Friendly ဖြစ်ပြီး Allergy Tested မို့ ဓာတ်မတည့်တာမျိုး ဖြစ်မှာလဲ မပူရပါဘူး၊ 100% Fragrance Free မို့ အနံ့ကြောင့် စိတ်ရှုပ်စရာ လုံးဝမဖြစ်ဘူးနော်။

💄 Lip Primer တစ်ခါထဲ ပါပြီးသားမို့ အောက်ခံတစ်ထပ်ဆိုးစရာလဲ မလိုဘူးနော်… Primer က နှုတ်ခမ်းနီ ရဲ့အရောင်ကို ဘေးတွေမပြန့်အောင် ထိန်းပေးပြီး နှုတ်ခမ်းသားလေးကို ညီညာချောမွတ်စေပါတယ်၊ စိုစိုအိအိလေး ဖြစ်ပြီး ကြာရှည်ခံစေတဲ့အပြင် နှုတ်ခမ်းအစိုဓာတ်ကိုလဲ ဖြည့်ပေးလို့ ဆောင်းတွင်းနဲ့ အကိုက်ပဲနော်…။

တစ်ချောင်းချင်းယူရင် 25,000 Ks ပါ။
တစ် Set လုံး ယူရင်တော့ 120,000 Ks နဲ့ ယူပါနော်။

Original Price ၃ သိန်းကျော်ကို Discount Price နဲ့ ရထားတာမို့ အရမ်းတန်တဲ့ Gift Set လေးပါနော်။
Directly imported from USA 🇺🇸 မို့ Quality အတွက် လုံးဝစိတ်ချပြီး ဝယ်လို့ရပါတယ်။ 100% Authentic ဖြစ်ဖို့ အာမခံ ပါတယ်နော်။

Clinique Plenty of Pop Lipstick Set
Clinique Pop Lip Colour + Primer
Set Price - 120,000 Ks
Unit Price - 25,000 Ks
In Stock

One Stop Beauty Corner
Your One Stop Beauty Solution

15/12/2023

The Ordinary Niacinamide Serum 30ml

The Ordinary ရဲ့ နာမည်ကြီး Niacinamide + Zinc Serum လေး Preorder တင်လို့ ရပါပြီ။ ☺️

အဆီပြန်၊ ချွေးပေါက်ကျယ်၊ ဝက်ခြံထွက်တတ်လို့ အရေပြားနီရဲရောင်ရမ်းပြီး အမဲစက်၊ အမာရွတ် ကျန်တဲ့အသားအရေတွေအတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ Serum လေးပါ။ 🧖‍♀️

Niacinamide (Vitamin B3) ရဲ့ ကောင်းကျိုးတွေက
🧴အသားအရေကို ကြည်လင်စေပြီး ရေဓာတ်ဖြည့်ပေးတယ်
🧴Skin Barrier ကို အားဖြည့်ပေးလို့ ဝက်ခြံထွက်တာကို လျှော့ချနိုင်တယ်
🧴မျက်နှာအရေပြားကို ချောမွေ့စေတာမို့ အရေးအကြောင်းတွေနဲ့ ချွေးပေါက်ကျယ်တာတွေ လျော့စေတယ်
🧴Skin Brightening Effect ကြောင့် အမဲစက်တွေပါးလာပြီး စွဲသုံးမယ်ဆို skin tone ကို တက်စေနိုင်ပါတယ်နော်

Zinc PCA ရဲ့ ကောင်းကျိုးတွေကတော့

🧴ဝက်ခြံကြောင့်ဖြစ်တဲ့ အသားအရေ နီမြန်း ရောင်ရမ်းခြင်းတွေကို သက်သာစေတယ်
🧴Sensitive skin သမားတွေ skin irritation ရတာကို လျှော့ချပေးနိုင်တယ်
🧴Collagen ထွက်အောင် လှုံ့ဆော်ပေးလို့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်
🧴Skin immunity ကို တက်စေတာမို့ ဘက်တီးရီးယားတွေရဲ့ ရန်ကို လျော့စေပြီး cell turnover rate ကို မြန်စေလို့ အဆီဂလင်းတွေ ချွေးပေါက်ပိတ်တာတွေကို ကာကွယ်ပေးနိုင်ပြီး ဝက်ခြံထွက်နှုန်းကို လျှော့ချပေးနိုင်ပါတယ်

ပုံမှန်သုံးနေကြ skin care တွေ နဲ့ အတူတူသုံးနိုင်ပြီး မျက်နှာသစ်ပြီးတဲ့နောက် Moisturizer နဲ့ တွဲသုံးပေးမယ်ဆို ပိုမိုသိသာတဲ့ result ကို ရစေပါတယ်။
All Skin Type သုံးလို့ ရပေမဲ့ Niacinamide concentration က 10% တောင်ပါတာမို့ အခုမှ စသုံးမဲ့ လူတွေအတွက်ကတော့ တစ်စက်၊ နှစ်စက်လောက်ကနေ စသုံးကြည့်ပြီးမှ တဖြေးဖြေးတိုးသွားမယ်ဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ် သုံးပေးရင် တစ်ပတ်အတွင်း skin hydration ကောင်းလာတာကို မြင်ရမှာဖြစ်ပြီး ၂လ လောက်ဆိုရင် အမဲစက် အမာရွတ်ကင်းပြီး ချောမွတ်တဲ့ မျက်နှာအရေပြားလေးကို ပိုင်ဆိုင်နိုင်မှာပါနော်။

The Ordinary Niacinamide 10% + Zinc 1% Serum
High-Strength Vitamin and Mineral Blemish Formula
30ml glass bottle with dropper
USA direct import 🇺🇸
Preorder ~ waiting time 2-3 weeks 🗓️

One Stop Beauty Corner
Your One Stop Beauty Solution

01/12/2023

အားလုံးပဲ မင်္ဂလာပါ… 😇😇😇

ဒီ Page လေးကနေပြီးတော့ USA ကနေ တိုက်ရိုက်တင်သွင်းတဲ့ Skincare, health care, cosmetics and beauty products လေးတွေကို စျေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးသွားမှာပါ။

အခုမှ စဖွင့်တဲ့ Page အသစ်လေးမို့ Like & Share လေးတွေနဲ့ အားပေးသွားကြပါဦး၊ Giveaway အစီအစဉ်လေးတွေလဲ ရှိတာမို့ Keep in touch with us နော်…။

Stay Tuned… 🥰🥰🥰

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon