Mermaid Beauty Shop
SG supplies �
21/11/2022
အိတ်ဆောင် မီးပူ 🔥
ခရီးသွားရင် အကျီတွန့်ကြေတာ
မကြိုက်တဲ့သူတို့အတွက်
အလွယ်တကူထဲ့သွားလို့ရတဲ့
မီးပူလေး
Pr - 15,000 Kyats
Waiting time- 3to4weeks
28/10/2022
Starbucks Coffee ချစ်သူတို့အတွက်
☕️ Espresso
☕️ Latte
☕️ Cappuccino
☕️ Americano
☕️ Macchiato
လေးတွေမှာလို့ရပါပီနော်
တစ်ဘူး - 30,000 MMK
Waiting time 3-4 weeks ☕️
17/05/2022
မိုးရာသီတွင် ယာဉ်မောင်းသူများ သတိပြုရန် အချက်များ "
-----------------------------------------------------------------
ယခုအချိန် ဟာဆိုရင် မိုးရာသီရောက်လာပြီ ဖြစ်တဲ့အတွက် ယာဉ်မောင်းသူများ သွားရလာရတာ ခက်ခဲလာပါတယ်။
အထူးသဖြင့် ညအချိန်ခရီးဝေးသွားရလို့ လမ်းမှာ မိုးရွာရင် ပိုအန္တရာယ်ရှိပါတယ်။ ဒါကြောင့် မိုးရာသီမှာ မောင်းနှင်သွားလားကြမယ့် ယာဉ်မောင်းသူတွေအတွက် သတိပြုဖွယ်အချက်လေးတွေကို မျှဝေလိုက်ရပါတယ်။
----
🚗 လက်နှစ်ဖက် ဖြင့် စီယာရင်ကို ကိုင်ပါ။
ရာသီဥတုသာယာနေတဲ့ အချိန်မှာဆို စတိုင်ကျကျ စတီယာရင်ကို လက်လေးတစ်ဖက် တည်းနဲ့ မောင်းနိုင်ပေမယ့်
မိုးတွင်းမှာဆိုရင်တော့ လက်နှစ်ဖက်နဲ့ သေချာကိုင်ပြီးမောင်းဖို့လိုအပ်ပါတယ်။
🚗 စိတ်ပျံလွင့်စေမယ့်အရာတွေ ခဏဖယ်ထားပါ။
မိုးတွင်းမှာ ကားမောင်းတဲ့အခါ ဖုန်းသုံးတာဟာ တကယ်ကို အန္တရာယ်များပါတယ်။ သာမာန်ရာသီဥတုမှာတောင်
ကားမောင်းရင်း ဖုန်းသုံးတာကြောင့် မလိုလားအပ်တာတွေ ဖြစ်တတ်သေးတာ ရာသီဥတု ဆိုးရွားတဲ့ အချိန်ဆို ပိုဆိုးပါတယ်။
လျှပ်စီးကူးမှုအပါအဝင် မဖြစ်သင့်တာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာကားမောင်းမယ်ဆိုရင် ဖုန်းကို ခပ်ဝေးဝေးမှာသာထားပါ။
ဖြစ်နိုင်ရင် ရေဒီယိုတောင် မဖွင့်သင့်ပါဘူး။
🚗 ဘေးဘယ်ညာကို မျက်ခြေမပြတ်ပါစေနဲ့
ကားမောင်းရင်းနဲ့ ရှေ့ကိုသာမက နောက်ကြည့်မှန်ကနေရော ဘေးမှန်တွေကပါ ပါတ်ဝန်းကျင်ကို အကဲခတ်နေပါ။
ဒါမှသာ ကိုယ်သွားနေတဲ့ လမ်းပေါ်မှာ ချိုင့်တွေ၊ သစ်ပင်လဲနေတာတွေ၊ ဓါတ်ကြိုးပြတ်ကြတာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
🚗 ရှေ့မီးကြီးကို သုံးပါ
မိုးအရမ်းသည်းနေတဲ့အချိန်ပဲဖြစ်ဖြစ်၊ မိုးအတော်အသင့်ရွာနေတဲ့ အချိန်ပဲဖြစ်ဖြစ် ရှေ့မီးကြီးကို ဖွင့်ထားပါ။
ဒါမှသာ ကိုယ်တိုင်လည်း ရှေ့ကို သဲသဲကွဲကွဲမြင်နိုင်မှဖြစ်သလို၊ ရှေ့ကလာနေတဲ့ ကားကလည်း ကိုယ့်ကို မြင်နိုင်မှာပါ။
🚗 ကပ်မလိုက်ပါနဲ့
ရှေ့ကားကို အရမ်းကြီးကပ်လိုက်တာဟာ အန္တရာယ်ရှိနိုင်ပါတယ်။ လမ်းကြောင့် ဖြစ်စေ၊အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ
မတော်တဆ ရှေ့ကကား တစ်ခုခုဖြစ်ပါက ကိုယ့်ကိုလဲ လာရောက်ထိခိုက်နိုင်တာကြောင့် ခပ်ခွာခွာသာလိုက်ပါ။
🚗 အရှိန်မြှင့်မမောင်းပါနဲ့
မိုးရွာထဲမှာကားကို အရှိန်မြင့်မောင်းနှင်တာဟာ ကိုယ့် အန္တရာယ်ကိုယ်ဖိတ်ခေါ်နေတာပါ။
လမ်းကချော်နေတာကြောင့်ရော၊ မိုးတွင်းဆိုရင် ဘရိတ်တွေရဲ့ စွမ်းရည်တွေက ကျနေတတ်တာကြောင့်ရော ရုတ်တရတ်ဘရိတ်အုပ်လိုက်ရင်
အရှိန်မထိမ်းနိုင်ဘဲ
မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
🚗 ရေလျှံနေတဲ့ လမ်းတွေကို ရှောင်ပါ
ကိုယ်သွားချင်တဲ့နေရာကို တခြားလမ်းက သွားရင်ရောက်နိုင်ရဲ့သားနဲ့ ဖြတ်လမ်းလိုက်ပြီးတော့ ရေကြီးရေလျှံနေတဲ့ လမ်းတွေကို တတ်နိုင်သမျှ
မမောင်းပါနဲ့။ ကားအင်ဂျင်ထဲရေဝင်တာ၊ ရေကြီးနေတဲ့အောက်က အချွန်အတက်တွေကြောင့် ကားဘော်ဒီ၊တာယာ တစ်ခုခုဖြစ်နိုင်တာ၊ မြေကျွံတာတွေအပြင်
ပါဝါစတီယာရင်ဂန်းနဲ့ မော်တာကို ကားအောက်ပိုင်မှာတပ်ဆင်ထားတဲ့ အချို့ မော်ဒယ်မြင့်ကားတွေ (ဥပမာ-Crown,Mark X)ဆို မော်တာထဲကို ရေဝင်ပြီး
မလိုအပ်ဘဲ ငွေကုန်ကြေးကျများနိုင်ပါတယ်။
🚗 လေကာမှန်တွေကို ရေငွေ့မရိုက်ပါစေနဲ့
ကားတွင်း အပူချိန်ကြောင့် လေကာမှန်တွေမှာ ရေငွေ့တွေရိုက်နေပြီဆိုရင် အဲကွန်းက လေထုတ်လမ်းကြောင်းကို လေကာမှန်ရှိရာသို့ပြောင်းပေးပြီး
ရေငွေ့ကို ပိုမြန်မြန်ဖယ်ရှားနိုင်ပါတယ်။ အဲကွန်းမနိုင်တဲ့ကားတွေဆို ရေငွေ့သုတ်ဖို့ ကားထဲမှာ သဘက်စလို အဝတ်တစ်ခုဆောင်ထားသင့်ပါတယ်။
🚗 မိုးရေမတင်နိုင်တဲ့ ဆေးရည်ကို မှန်မှာဖြန်းထားပေးပါ
Rain Repellent လို့ခေါ်တဲ့ ကားမှန်ပေါ်ကို ရေမတင်အောင်ကာကွယ်နိုင်တဲ့ဆေးရည်လေးကို မှန်ပေါ်မှာ ဖြန်ထားမယ်ဆို ရေစက်တွေအရမ်းတင်လို့ အပြင်ကို မမြင်ရတဲ့
ပြသနာကို အထိုက်အလျှောက် ပြေလည်စေပါလိမ့်မယ်။ ကားပစ္စည်းရောင်းတဲ့ဆိုင်တော်တော်များများမှာ Rain Repellent ဆေးရည်ကိုဝယ်ယူလို့ရပါတယ်။
🚗 ကြိုတင်ပြင်ဆင်ထားပါ
မိုးရာသီမှာ ညဘက် အနီးအနားဖြစ်စေ၊ ခရီးဝေးဖြစ်စေ မလွှဲမရှောင်သာသွားရတော့မယ်ဆို ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားပါ။
မိုးကာအကျီ၊ လက်နှိပ်ဓါတ်မီး၊ အပိုဘီး၊ ဂျိုက်၊ ဂွ စတာတွေ အစုံအလင် ကားထဲမှာ ထားထားပါ။
ခရီးဝေးသွားရမယ်ဆို လမ်းခုလတ်မှာ မိမိဘာသာ မပြုပြင်နိုင်တဲ့ စက်ပိုင်းဆိုင်ရာချို့ယွင်းတာပဲဖြစ်စေ၊ အရေးပေါ်အခြေအနေကြုံလာတာပဲဖြစ်စေ
အကူအညီတောင်းလို့ရအောင် မိမိရဲ့လက်ကိုင်ဖုန်းကို အားပြည့်အောင်သွင်းထားပါ။
CRD
15/05/2022
Fashion ကျကျလေး
face mask တပ်ရအောင်🥰🥰
Pr - 6,300
Waiting time - 3to4weeks
15/05/2022
ဟနေတဲ့ ကုတင်အောက် ဗီရိုအောက်
တံခါးကြား တွေကနေ ပိုးမွှားတွေ
မဝင်နိုင်အောင် clear tape လေးကပ်ပီး
ကာထားလို့ရပီနော် 😎😎
Pr - 5,600 MMK
Waiting time - 3to4weeks
15/05/2022
ရေသန့်စက်လေး 💧
ကိုယ့်အိမ်က ရေပိုက်လေးတွေက
ထွက်လာတဲ့ ရေတွေကို သန့်စင်ပေးတာမို့
၁အိမ် ၁ခုတော့ ရှိသင့်တယ်နောိ 💯 💯
Pr-5,600
Waiting time - 3to4weeks
19/04/2022
ရေတခါသွားကူးမယ် ကြံလိုက်တိုင်း ဘယ်မှာ သွားကူးလို့ ကူးရမှန်း မသိပဲ လမ်းပျောက်နေစရာမလိုတော့ဘူးနော်
ဒီလိုပူအိုက်တဲ့ ရာသီမှာ ချစ်ရသူတွေနဲ့ ရေကူးကန်လေးထဲမှာ ဇိမ်ရှိရှိ ရေစိမ်၊ ရေကူးနိုင်ဖို့ နဲ့ Staycation နေနိူင်ဖို့ ရန်ကုန်တလွှားမှ ကန်တွေကို ကပ်တိုးလေး ပြောပြထားတယ်ဗျ...
ဗဟိုစည် Swimming Pool
🛑ဗုဒ္ဓဟူးနေ့တိုင်း ရေကူးကန်ပိတ်
🎟️ဝင်ကြေး - 4000 Daily
ဗဟိုစည်အိမ်ရာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လမ်းသစ်လမ်းနှင့် ဝါးတန်းလမ်းကြား၊ လမ်းမတော်
09 75 297 4847
တောင်မြောက်လမ်းဆုံ(မြောက်ဒဂုံ) က
သေနတ်ပစ်ကွင်းနဲ့အတူရှိတဲ့ အမျိုးသားရေကူးကန်
(မြို့ဦးစေတီနား)
🎟️ဝင်ကြေး - 3000
09448051040, 09421068008 , 09250847123, 09250847125
ရန်ကုန်တက္ကသိုလ် ရေကူးကန် စိမ်းလန်စိုပြေ
🎟️ဝင်ကြေး - 4000 Daily
ပြည်လမ်း အင်းယားကန်ဘောင် ဘေး ( စိမ်းလန်းစိုပြေဝင်း အတွင်း ) 0973105276, 0932507088
သထုံလမ်း ရေကူးကန်
🎟️ဝင်ကြေး - 3000 Daily
သထုံလမ်း တက္ကသိုလ် ရေကူးကန် ၊ လှည်းတန်း ကမာရွတ်.. တက္ကသ်ုလ် ရိပ်သာလမ်း၊ ရန်ကုန်တက္ကသိုလ် အကျော် ( စိုက်ပျိုးရေး TTC ကျောင်းဝန်းအတွင်း ) 095179721
စွယ်တော်စီးတီး အိမ်ရာ ရေကူးကန်
🎟️ဝင်ကြေး - 8000 Daily (weekdays )
🎟️ဝင်ကြေး - 10,000 Daily (weekends)
ဇေကမ္ဘာဝင်း အနီး, စွယ်တော်စီးတီး မင်္ဂလာဒုံ
( Terminal M တည့်တည့်က ဝင် မီးပွိုင့်ရောက် ဘယ်ကွေ့ ) +95 1 653 653
Focus Gonyi Residence
3F , အထက်ပန်းဆိုးတန်းလမ်းနှင့် မြန်မာဂုဏ်ရည်လမ်းထောင့်ကကွန်ဒို့, မင်္ဂလာ တောင်ညွန့်
+95 9 250 555 395, 09421153700
YGN Gym Indoor ရေကူးကန် (AHLONE)
အမှတ် ၂၃၂၊Orchid Condo၊ ပထမထပ်၊ အလုံလမ်း၊ အလုံ (ဗဟိုလမ်းနှင့် အောက်ကြည့်မြင့်တိုင်လမ်းကြား) Ph: 09 969 625 606, 09770657757
09449993606
Zelax Hotel Swimming Pool
🎟️ဝင်ကြေး - 15,000 Daily ( Weekdays)
🎟️ဝင်ကြေး - 20,000 Daily (Weekend & Public Holidays)
No.16, Strand Road, Ahlone
09 778771999, 09 778773888
City Gym ( Pearl Condo ရေကူးကန်)
🎟️ဝင်ကြေး - 8000 Daily
🎟️ဝင်ကြေး - 80000 Member
Building CF, 3လွှာ,Kabaraye Pagoda Road , Sayarsan Road Corner Pearl Condo, Bahan 09880847934, 01709999
Sakura Pool & Fitness
🎟️ဝင်ကြေး - 10,000 Daily
🎟️ဝင်ကြေး - 50,000 Member
ချယ်ရီဥယျာဥ်အိမ်ရာအတွင်း, သံသုမာ လမ်း, 14/3 ရပ်ကွက်, တောင်ဥက္ကလာ, +95 9 42731 5615
Junction Maw Tin
🎟️ဝင်ကြေး - 10,000 Daily
🎟️ဝင်ကြေး - 60,000 Member
Zan Swimming Pool
🎟️ဝင်ကြေး - 8000 Daily
သုဝဏဈေးလေးမှတ်တိုင်နား
မလိခ အိမ်ယာ ရေကူးကန်
🎟️ဝင်ကြေး - 15000 Daily
🎟️ဝင်ကြေး - 80000 Member
09266650382
ဇီဇဝါ ဥယျာဥ်ရေကူးကန်
🎟️ဝင်ကြေး - 3000 Daily
မြင်သာစျေးနားက ရွှေတောင်ကြီး ဟော်တယ် ဘေးချင်းကပ်လျှက်, သံသုမာ လမ်းမကြီး တောင်ဥက္ကလာပ (ဘေလီတံတား အနီး)
013564577, 013564576, 09421040157,
Family Swimming Pool North Dagon
🎟️ဝင်ကြေး - 5000 Daily
No. (1724-1728),ရွှေဥဒေါင်းလမ်းနှင့် ဦးစလမ်းထောင့် ,ဗိုလ်မှုးထူးလမ်း ဖြိုးစံပယ် မှတ်တိုင်အနီး ,
မြောက်ဒဂုံ 42 ရပ်ကွက်
09961430145, 09779419823
Dolphin Swimming Pool
အမှတ်-တ/၁၃၁-၁၃၄ , မင်းရဲကျော်စွာလမ်းမကြီးနဲ့ ရာဇဓိရာဇ်လမ်းကြား , ၃၉(A)ရပ်ကွက်, မြောက်ဒဂုံ
(Terminal ဆီဆိုင်ဘေး )
09777774711, 09777772285,
Galaxy Fitness Center Swimming Pool
🎟️ဝင်ကြေး - 6000 Daily
No_236(B) စက်မှု (4) လမ်း၊မေတ္တာညွှန့်၊တာမွေ
+95 9 899 344400
ကျော်ကြားရေကူးကန် မင်္ဂလာဒုံ ၊ ဝါယာလက် ၊ အပိုင် ၁၀ မီးစက်လမ်း 09777729717, 09893388269, 09750997554
🎟️ဝင်ကြေး - 4000 Daily
Ayar Chantha Condo ရေကူးကန်
🎟️ဝင်ကြေး - 8000 Daily
ဧရာဝဏ်လမ်းမကြီး, ဒဂုံဆိပ်ကမ်းမြို့နယ်
(သာကေတ အဝိုင်းနှင့် နီး ) 09960182600,
09960182800
ရန်ကုန်ယူနိုက်တတ် ရေကူးကန်
🎟️ဝင်ကြေး - 10,000 Daily
12 ရပ်ကွက်, သံလမ်းမှတ်တိုင်အနီး အင်းစိန်လမ်းမပါ် လှိုင် မြို့နယ် +95 9 765 037370
YCDC Golf Club Swimming Pool
🎟️ဝင်ကြေး - 7000 Daily
မြင်းခွာကျွန်း ရေကူးကန်နှင့်စားသောက်ဆိုင်
မြို့တော်ဂေါက်ကွင်း , သီရိမင်္ဂလာလမ်း (ဂျပန်လမ်း), အင်းစိန် 09254517895, 098637055
လှိုင်သာယာ FMI City Pool
🎟️ဝင်ကြေး - 5000 Daily
🎟️ဝင်ကြေး - 50000 Member
+95 9 887 779030
Active Gym@ San Yeik Nyein Swimming Pool
🎟️ဝင်ကြေး - 11,000 Daily
ဂမုန်းပွင့် Shopping Mall(စံရိပ်ငြိမ်) အနီး..
အင်းစိန်မျက်နှာချင်းဆိုင်လမ်းထဲ (ကမာရွတ်မြို့နယ်) လမ်းထိပ်မှာ ACTIVE GYM လမ်းညွှန်ဆိုင်းဘုတ်ရှိ 09429952391, 09400914383
WH Hotel & Service Apartment - Thanlyin
🎟️ဝင်ကြေး - 4000 Daily
No.18, ဖွံဖြိုးရေးလမ်း , ကျိုက်ခေါက်ဘုရား လမ်းမကြီး, အောင်ချမ်းသာ မှတ်တိုင်အနီး, သန်လျင်
(Orange Super Market ရှိပါတယ်)
+95 9 785 221020
Excel River View Hotel & Resort
🎟️ဝင်ကြေး - 7000 Daily
သန်လျင်တံတား အဆင်း star city. အိမ်ယာဝန်းအနီး Excel River View Hotel သန်လျင်
056-22546/056-22550/056-22551/09-5198399/09-5073980
Clover Suites Royal Lake Hotel & Serviced Apartments
No.10 , ငါးထပ်ကြီး ဘုရားလမ်း, ဗဟန်း
(နတ်မောက်လမ်းပေါ်ရှိ ဂျပန်သံရုံး ဘေးကပ်လျက်လမ်း ဝင်္ဂဘာလမ်းမှဝင်ရန်) +95 9 880 255581
Excel Treasure Hotel (Indoor Pool)
🎟️ဝင်ကြေး - 7000 Daily
အမှတ် ၅၂၀ ၊ ကမ္ဘာအေးဘုရားလမ်း ၊ရွှေဂုံတိုင် ၊ ဗဟန်း 01 9559150 to 7 , 09 - 777700138,
01 9559377 Ext 6125
Sky View Hotel
No.139,Damazedi Road,Bahan Township,Yangon. 09448603848
https://www.facebook.com/1940956969487850/posts/3204110919839109/
Hotel Sincere Smile Yangon Pool
🎟️ဝင်ကြေး - 9000 Daily
☎️ 09961406000
Address: Mya Yamon Riverbank Esplanade Villa, Nothern Kyeepwaryay Qtr., Thingangyun Tsp., Yangon, Myanmar.
Hotel Grand Vista Yangon (Indoor Poor)
303 305 အောက်ကြည့်မြင်တိုင်လမ်း၊ အလုံမြို့နယ်၊(အလုံလမ်းမီးပွီုင့်အနီး) 09967560997
23 Hotel & Residence Pool Access
4HR = 15000 (Room Charges)
No.25 ၊ စက်မှု(1)လမ်း ၊ မေတ္တာညွန့် ဘူတာရှေ့ ၊ တာမွေ အခွန်လွတ်စေ◌ျး နှင့် Tokyo Auto Service အနီး 095008879, 098636700
Pan Pacific Yangon
ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံ ဘုရားလမ်းထောင့် 📲 +95 1 925 3810
https://www.facebook.com/1565409570442378/posts/3072406009742719/
Pyay Garden Residence
No.346/354 ပြည်လမ်း မြေနီကုန်း စမ်းချောင်း
+95 1 230 4004
https://www.facebook.com/590365521081726/posts/4987476558037245/
Red Hill Tower
No. 275, ပြည်လမ်း မြေနီကုန်း Dagon Centre(2) အနီး, စမ်းချောင်း
Inya Lake Hotel
019662987, 019662943, 01966509
https://www.facebook.com/726424060724879/posts/5231125876921319/
Davana Residence Swimming Pool တည်းမှကူးလို့ရပါသည်။
No.458, မြို့မကျောင်းလမ်းနဲ့ မနော်ဟရီလမ်း
ဒဂုံ မြို့နယ် +95 9 502 1929
Hotel 46 Swimming Pool
🎟️ဝင်ကြေး - 7000 Daily
၄၆ရုံးမှတ်တိုင်၊၄၆ရပ်ကွက်၊ပြည်ထောင်စုလမ်းမကြီး၊မြောက်ဒဂုံ
09785201946,09765201946,09975201946
credit TAရေကူးသင်တန်း
26/03/2022
အရောင်းရဆုံးသော 3in1 dryer set လေး🔮🔮
Normal pr - 57,000 MMK
SALES Pr- 21,500 MMK
Dryer comb လေးမို့
ဒါလေး recommended လုပ်ပါတယ်နော်
တော်တော် အဆင်ပြေလို့ပါ 💯
✅Preorder
✅Waiting time 3-4 weeks
22/03/2022
ကဲ..….အဆင်မပြေကြတဲ့ ပန်ဒါလေးတွေကို
အားပေးလိုက်ကြရအောင်ဗျာ🐼🐼🐼
ပန်ဒါလေးတွေ စုလုပ်ထားတဲ့
အပြင်အော်ဒါလေးတွေ မှာလို့ရမယ့်စာရင်းပါနော်
မြို့နယ်ကိုယ်စီနဲ့ အထိုင်ဆွဲကြသူစာရင်း
အဟောင်းလေးပါ
21/03/2022
Cyclone မုန်းတိုင်းနဲ့ နီးတဲ့ ဒေသတွေ ဂရုစိုက်ကြပါ။
credit : post owner
၂၀၂၂ ရဲ့ ပထမဆုံး Cyclone ဟာ မြန်မာနိုင်ငံကိုဘဲ ကံဆိုးစွာ ရောက်လာခဲ့ပါတယ်
(အောက်က Link ထဲဝင်ကြည့်ရင်
မုန်တိုင်းဘယ်နားရောက်နေပြီဆိုတာရယ်
တနာရီ ဘယ်လောက်နုန်းနဲ့တိုက်နေလဲဆိုတာကို
တွေ့ရမှာပါ)
မူလလမ်းကြောင်းအတိုင်းဆိုပါက မော်တင်စွန်းကနေ ဖြတ်သန်းနိုင်ပြီး လမ်းကြောင်းသွေဖယ်မည်ဆိုပါက
လပွတ္တာ ပြင်စလူဘက်ကနေ ရွေ့လျားနိုင်ပါတယ်
ဘယ်လိုဘဲဖြစ်ဖြစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ မုန်တိုင်းဖြတ်သန်းမယ့် လမ်းကြောင်းပေါ်မှာ ရောက်နေခဲ့ပါပြီ။
မုန်တိုင်းအခြေအနေကို တိုက်ရိုက်ကြည့်ရှုလို့ရနိုင်မယ့် Link ဖြစ်ပါတယ်
2008 ခုနှစ် Nargisရဲ့ အတွေ့အကြုံအရ ကျနော်တို့ ပြည်သူတွေ အထူးသဖြင့် ဧရာဝတီကပြည်သူတွေ လက်တွေ့ခံစားပြီးပြီမလို့ အကောင်းဆုံးကျော်ဖြတ်နိုင်မှာပါ
အရင်တစ်ကြိမ် အထိနာတာဟာ self-awareness မရှိလို့ ပေးဆပ်ခဲ့ရတာဖြစ်ပါတယ် ။ Natural Disaster Prevention Plan တွေဟာ ၁၄ နှစ်ကြာခဲ့ပြီမလို့ Cyclone Shelter တွေဟာ အဆင်ပြေမှပြေပါလိမ့်မယ်။
တစ်ကြိမ် ကြုံဖူးထားလို့ အရမ်းစိတ်ပူ စိုးရိမ်နေကြမယ်ဆိုပင်မယ့် အတွေ့အကြုံကဘဲ ဒီတစ်ကြိမ်ဘေးကင်းမယ့် သင်ခန်းစာဖြစ်သွားမှာပါ
မိသားစုတွေကွဲသွားခဲ့လျှင် ပြန်ဆုံမယ့် စုရပ်
သတ်မှတ်ထားပါ (ဒါအရေးအကြီးဆုံးပါဘဲ)
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းသင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများမှာ ပါဝင်ကူညီခဲ့စဉ်က မိသားစုကွဲသွားပြီး အခုအထိ သေလားရှင်လားမသိရတဲ့ ရင့်နင့်ဖွယ် အဖြစ်အပျက်မျိုးတွေ မကြုံစေချင်တော့ပါ
မုန်တိုင်း Windy လမ်းကြောင်းကို အဆက်မပြတ် ကြည့်ရှုနေပါ ဒီကနေ့ည (ဦးပိုင်း) အထိ ကျနော်တို့မှာ
ပြင်ဆင်ချိန်တွေ ရွှေ့ပြောင်းချိန်တွေ
အများကြီးကျန်ပါသေးတယ်
စိတ်အေးအေးထားပြီး ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပါ ပြန်လည်ထူထောင်ရေးအတွက် အားလုံးကရှိနေမှာပါ
Cyclone ကိုသာ ဘေးကင်းစွာ ကျော်ဖြတ်ပေးခဲ့ကြပါ
🆘မိမိတို့ ခတ္တခိုလှုံရာ နေရာနှင့် အနီးဆုံးရှိမည့် ပေ၂၀ အထက် ကုန်းမြင့်တစ်ခုအား ရှာဖွေထားပါ
🆘အဆိုပါကုန်းသို့ သွားရန် အတိုဆုံးလမ်းကြောင်းအား
ရှာဖွေထားပါ
🆘ဘေးအန္တရာယ်ဖြစ်ပွါးပါက အဆိုပါကုန်းမြေသို့သာပြေးပါ၊ (အများပြေးသော နေရာအနိမ့်များအား လိုက်ပါမပြေးရ)
*ဂျပန်နိုင်ငံ ဆူနာမီ ဖြစ်ပွါးစဉ်က ကမာအိရှိ ဒေသမှာ ကြိုတင်ပြေးရန် နေရာသတ်မှတ်ထားသော်လည်း အမှန်တကယ်ဖြစ်ပွါးချိန်တွင် မြေနိမ့်ပိုင်းရှိ အဆောက်အဦးအလွတ်ထဲသို့ ရောယောင် ပြေးမိသဖြင့် လူအစုလိုက် အသက် ဆုံးရှုံးခြင်းမျိူး ဖြစ်ပွါးခဲ့ဖူးသည်*
🆘မိသားစုများ ကွဲပြားခဲ့ပါက ပြန်ဆုံရန် ဆုံမှတ်တစ်ခု ကြိုတင်သတ်မှတ်ပါ
🆘ရေပေါ်တွင် ပေါလာပေါနိုင်မည့် ကော်ပုံးကဲ့သို့ ပစ္စည်းများအားရှာဖွေပါ
🆘ဖုန်းနဲ့အရေးကြီးစာရွက်များအား ရေလုံအိတ်ထဲသို့ ထည့်ကာ လည်ပင်း၌ဆွဲထားပါ
အားလုံးပို့သတဲ့မေတ္တာများနဲ့ ဧရာဝတီမြေ
ဘေးကင်းပါစေ🙏
We all with you, Ayeyarwady
https://earth.nullschool.net/ /wind/surface/level/orthographic=-263.69,12.06,911
https://www.windy.com/?12.125,94.867,6,m:d5GaiNk
ရေးသားမျှဝေပေးတဲ့ "ကိုဝေယံမိုး" ကို အထူး Credit ပေးပါတယ်။
20/03/2022
Air fryer ဆီစုပ်စက္ကူ
Pr - 7500 (အရွက် ၅၀)
Air fryer ရှိသူတိုင်း
ဆောင်ထားသင့်တဲ့ ဆီစုပ်စက္ကူ ✔️
အရွက် ၅၀ မှ 7500 ဆိုတော့
တရွက်မှ ၁၅၀ ပဲကျပါမယ်နော် ✔️
ကိုယ့်ရဲ့တန်ဖိုးကြီးတဲ့ air fryer အတွက်
အော်ဒါသာ တင်လိုက်တော့နော် ✔️
✅ Pre-Order
✅ 25000 MMK အထက် Half-prepaid
Waiting Time - Around 3 to 4 weeks
20/03/2022
ကြက်သွန်ကြိတ်စက် 🧅
Pr - 7700 MMK
ခုလိုမီးပျက်တဲ့အချိန်မှာ
ကိုယ်ချက်ချင်တာတွေကို လှီးဖြတ်ဖို့အတွက်
လျှပ်စစ်မီးသုံးရတဲ့ ကြိတ်စက်လုံးဝ
လုံးဝ မလိုတော့ဘူးနော် ❌ ❌ ❌
အချိန်ကုန် လူပင်ပန်း သက်သာစေတဲ့အပြင်
ဆေးရကြောရလဲ လွယ်ကူတာမို့
မရှိမဖြစ်ဆောင်ထားသင့်တယ်နော် 💯 💯
✅ Pre-Order
✅ 25000 MMK အထက် Half-prepaid
Waiting Time - Around 3 to 4 weeks
Click here to claim your Sponsored Listing.
Telephone
Website
Address
Yangon