Annawa Naing
peace world 🙂
21/07/2025
ခေတ်အဆက်ဆက်
အိမ်ပြန်လာကြတဲ့သားတွေထဲ
ဒီတစ်ခါအိမ်ပြန်လာတဲ့သားတွေက
ဆံပင်တွေရှည်လာကြလိမ့်မယ်
နွေးထွေးတဲ့အိမ်တစ်လုံးရဲ့ တန်ဖိုးနဲ့
ချစ်ခြင်းမေတ္တာတွေအကြောင်း
ကောင်းကောင်းသိလာကြလိမ့်မယ်
အမေဘာချက်ချက် ဟက်ဟက်ပက်ပက်စားပြီး
နှစ်နှစ်ခြိုက်ခြိုက် စောစောအိပ်လိမ့်မယ်
တစ်ခါတစ်ခါ ဝရံတာမှာ
အကြောင်းမဲ့စွာ
ငူငူကြီး ထိုင်ချင် ထိုင်နေကြလိမ့်မယ်
ချစ်ရ မြတ်နိုးရတဲ့အရာတွေ
ဘယ်လောက်တောင် ဆုံးရှုံးခဲ့ရကြောင်း
တစ်ဖွဖွ ပြောကြလိမ့်မယ်
ခေတ်အဆက်ဆက်
အိမ်ပြန်လာကြတဲ့သားတွေထဲ
ဒီတစ်ခါ အိမ်ပြန်လာမဲ့သားတွေက
ကိုယ်တိုင်ဝင် က ခဲ့ရတဲ့
ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းလွန်းတဲ့
သမိုင်းသစ်တစ်ပုဒ်
ကိုယ်စီထုပ်ခဲ့ကြလိမ့်မယ်..။
#လူခေး
Copy ပင်လယ်ပျော်
ပင်လယ် ပျော်တွေမှာ ဆော်မရှိ
ရခဲ့ရင်လဲ ပလေးခံနေရတယ်
11/06/2024
သဘေ်ာပေါ်က အံဖွယ် လူများ........................................................
ကိုယ်မျက်ချေးကို ကိုယ်မမြင်ပေမဲ့
သူများ အကြောင်းဆို သိပ်ပြောတတ်တဲ့အထဲ ကျုပ်အပါအဝင်ပေါ့....
နေရပ်ပေါင်းစုံက လူမျိုး စုံတဲ့ တို့ရဲ့ သဘေ်ာပေါ်မှာ ဖြစ်တဲ့ ဖြစ်ရပ်တွေက ဆန်းကြယ်ပါတယ်
▶ စကားပြောရင် ငါက ဘယ်လိုသုံးဖြုန်းတာဆိုပီး
ရေ ဘီယာတောင် ဝယ်မသောက်ဘဲ သူများအခန်းက မပြောမဆိုဘဲ ယူသွားတဲ့သူတွေရှိတယ်
▶ ဘယ်သူနဲ့ငါက ဘယ်လိုသိတာ ဘယ်လိုပိုင်တာဆိုပီး လေလုံးထွားတဲ့ သူတွေရှိတယ်
▶ လူတွေက အသုံးလိုမှပေါင်းကြ တခုလိုချင်မှကပ်ကြနဲ့ အမျိုးမျိုး အဖုံအဖုံရယ် တခါ နှစ်လစာလောက် အအေး နို့ မုန့် ဘီယာ အရက် အပြည့်ထည့်ထားတာ ကိုယ့် တွေချက်ကြီးရဲ့ အထူးဟင်းလျာ ကြောင့်ပေါ့ အံမယ် ကိုယ်တောင်သေသေချာချာ မစားရ မသောက်ရသေးဘူး ရက်၂၀လောက်နဲ့ ကုန်ပါလေရော.
▶တချို့ ကျ တောင်းပီးပေးရင်ယူတယ်
တချို့ကျ ပေါ်တင် ပေးပေးမပေးပေးယူတယ်
တချို့ ကျ ခိုးမှစားဝင်အိပ်ပြောသလို နက္ခတ်မှားမွေးသလို
▶ ကျုပ် သဘေ်ာပေါ် စရောက်တော့ ကျုပ်နဲ့ နေရာချိန်းမဲ့သူက မှာခဲ့တယ် ခနလောက်အပြင်ထွက်ရင်တောင် အခန်းလော့ချခဲ့ပါတယ် အဓိပ္ပါယ်ဘာမှန်းမသိဘူး နောက်မှသေသေချာချာနားလည်တာ
သူက usd 1100ပျောက်သွားတာကို ဒီတခါ ကျွန်တော်အလှည့်ပေါ့
သဘေ်ာပေါ်မှာ လူအယောက်၂၂ယောက်အလုပ်လုပ်ကြတယ် အဲ့ထဲမှာ သူခိုး တွေကပါတော့
တော်တော်ဆိုးတယ်ဗျို့
တို့အခန်းက ဂျက်ကောင်းလို့ဖြစ်နေတာ အစားအသောက်တွေပျောက်လိုက်
ဘီယာ ပုလင်းတွေပျောက်လိုက် တို့ချို့ဆို ဆေးလိပ်အတောင့်လိုက်ပျောက်ကြတာ
တနေ့ မီးလေးပိတ် အိပ်မလို့ဟန်ပြင်တော့ တံခါးဖွင့်သံကြားတော့ မှေးနေလိုက်တယ် ဘယ်သူများလဲပေါ့ အမယ် ခြေသံကိုလုံအောင်လျှောက်လာပီး ခေါင်းရင်းက ဆေးလိပ် တစ်ဗူး နဲ့ ရေခဲသေတ္တာအပေါ်က ဆပ်ပြာ နောက် အထဲ က မူန့်တချို့ကိုယူသွားလေရဲ့ စကားပုံ တစ်ခုလားဘာလား ကြားဘူးတယ်ဗျ
အရ လွယ်သကြွယ်တောင် လက်ဆော့တယ်တဲ့
ထားပါ နောက်ရက်တွေ လဲ ထမင်းခန ဆင်းစားတာ မိနစ် ၂၀ပေါ့ ပျောက်ပြန်ပြီ ဗျုိ့ ဆေးလိပ်တစ်ဘူး
ဒါကြောင့် အရှေ့က လူက ပြောခဲ့တာ ဘယ်သွားသွား အခန်းလော့ချတဲ့ အခုအိပ်ချိန်တောင် လော့ချပီး အိပ်တတ်နေပီဗျို့.....
▶ လူအမျိုး မျိုး စရုိက်အမျိုးမျိုး ကြုံဘူးထား တော့ ဒီအဖြစ်ပျက်တွေက စာချုပ်ပြည့်လို့ ပြန်ကြရင် မြင်ရတော့မဟုတ်လို့ သိသိရဲ့ အခိုးခံ အညာစားခံ ပြီး ထားထားလိုက်တယ်...
▶ထမင်းစားရင် တို့က လဲ မြန်ပြည်သား ဆိုတော့ ချဥ်ဖတ်တို့ ငံပိတို့စရာတို့ဆို ကြိုက်သဗျ ဒါပေမဲ့ လူ့ချဥ်ဖတ်တွေဆို ချောင်ထားခံရတတ်တယ်...
ဒီလိုပါဘဲ ကိုယ်ကို ကိုချဥ်ဖတ် အဖြစ်ခံ တလွဲဆံပင်ကောင်းတွေလုပ်ဗျလိုက်တော့ စကားပြောရ သက်သာ အိပ်ရေးပျက်တာတွေ မရှိတော့ဘူး
အခန်းထဲတော့ ပစ္စည်းပျောက်တာ က နည်းနည်းရှားသွားပီ ဒါတောင်ညတိုင်း နေ့ခင်းတိုင်း တခါးလာဖွင့်နေဆဲ...
▶တချို့ကျ ရှိသေးတယ် တို့လိုင်းသုံးရတာ မြန်မာပြည်vpnပြသနာက တော်သေးဗျို့ စာတခါဝင်ဖို့ နှစ်နာရီလောက်ဖုန်းထောင်ထားရတာ ဒါကို အဆင်ပြေလားမမေး ပိုက်ဆံချီးတဲ့ သူနဲ့ မုန့်ဖိုးတောင်းသူကရှိသေး တို့တောင် အိမ်က မုန့်ဖိုး လှမ်းလွဲပေးနေလို့ လိုင်းပေါ်တက်နိုင်တာကို မရှိဘူးပြောရင် မယုံ အခြားသူဆီကတောင် ထပ်ချီးခိုင်းသေးတယ် တချို့ဆို မုန့်ဖိုးမပေးလို့ဆိုပီး ဘလော့သွားသူတွေတောင်ရှိတယ်..
ဖြစ်ရပ်တွေ ထပ်ပြောရရင် မကုန်နိုင်ပါဘူးလေ...
ကျုပ်က အိမ်မှာထဲက ပစ္စည်းအစုံ ထည့်လာခဲ့တော့သူများဆီက တောင်းပီး သုံးရ ငှားရမရှိဘူးဗျို့
တုံးလွန်း အ လွန်းလို့ ခံရတယ်ဘဲ သဘောထားပါဗျာ..
23/03/2024
အဆင်ပြေပါတယ်ဗျာ
03/02/2024
တို့ သဘေ်ာမှာ ရှိတယ်
29/01/2024
ချက်ကြီး တလွဲ ချက်တော့ အပေါ်ကြေးထုတ်ကပီလေ..😂
20/12/2023
PNG မှ ချဥ်ပေါင်ရွက်များ
17/11/2023
အတင်ပြေပါတယ်အမေ
Click here to claim your Sponsored Listing.
Category
Website
Address
Yangon