H.A.Y Men

H.A.Y Men

Share

Aesthetic Product Shop for men

04/09/2022

ကာကာ ။ ။ ဈေးမတက်‌သေးတဲ့ ပစ္စည်းလေးတွေရှိသေးရင် ပြပါဦးနော် မင်မင် 😁

မင်မင် ။ ။ ဟုတ်ကဲ့ ပြပေးပါမယ်ဗျ 😊

Also မင်မင်။ ။

11/08/2022

Solid Cologne တွေထဲမှာ
Analogue ရဲ့ Colossus လေးကတော့
Scent Therapyလို့ပြောလို့ရတဲ့အထိ
သူ့ရဲ့ အနံ့ ကစိတ်ကိုလန်းဆန်းစေတယ်😍😍

06/08/2022

Crush က ပြန်မကြိုက်တာတောင် နည်းသေးတယ် 😒

29/07/2022

ပြန်ပူလာတဲ့ ရာသီဥတုကြောင့် အပြင်ထွက်ရလို့ မျက်နှာမည်းမှာ စိုးရိမ်နေပြီလား🤔

မအိပ်ခင် ၁၅ မိနစ်လောက် USA made Lumin Brand ဖြစ်တဲ့ Intensive Reconditioning Face Mask လေးကပ်ပြီးပြန်လည်ဝင်းပလိုက်ပါ🔅

စိတ်ဝင်စားလို့ Face Mask လေးကိုသုံးချင်ရင်တော့ HAY Men ကနေ တစ်ဆင့် မှာယူနိုင်ပါပြီ😉😉

22/07/2022

FYI::
အခုလို မြန်မာကျပ်ငွေ ၁သောင်းဟာ ၃ထောင်ခန့်သာတန်ဖိုးရှိတော့တဲ့အချိန်
မင်မင်တို့အနေနဲ့ Next Stock List မတိုင်ခင်အထိ
လက်ကျန် Product များအားဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲဆက်လက်ရောင်းချပေးသွားမှာဖြစ်ပါတယ်😍😍
ဒါ့ကြောင့် ဈေးတွေမတက်ခင်
မြန်မြန်လက်ဦးမှုယူထားဖို့
လိုမယ်နော်🤗🤗🤗

16/07/2022

မင်မင်တို့ကတော့ ကာကာတွေကို
တဏှာတွေမေတ္တာတွေနဲ့ ချုပ်တာထက် 🤫🤫🤫
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-

Quality နဲ့ဘဲ ချုပ်တာပါလို့ 😝😝😝

13/07/2022

အမြဲဝယ်ယူအားပေးသော Customer များအားကျေးဇူးတုံ့ပြန်သောအနေဖြင့်ကျွန်တော်တို့ H.A.Y Men မှ
သုံးကြိမ်မြောက်ဝယ်ယူသူတိုင်းကို
ရန်ကုန်မြို့အတွင်း
One Time Free Delivery ဖြင့်ပို့ဆောင်ပေးမှာဘဲဖြစ်ပါတယ်နော်....🤗🤗🤗

07/07/2022

အမျိုးသားများအတွက် စမတ်ကျသောဆံပင်ထိန်းသိမ်းနည်း (၇) နည်း 💇‍♂️

(၁) သဘာဝအတိုင်း နူးညံ့သော ခေါင်းလျှော်ရည်ကိုသာ သုံးပါ။
✅ ခေါင်းလျှော်ရည်အားလုံးကို တန်းတူဖန်တီးထားတာ မဟုတ်ပါဘူး။ ဒါကြောင့် ဆံသားကို ပျက်စီးစေနိုင်သော Ingredients တွေ ပါဝင်နေတဲ့ ခေါင်းလျှော်ရည်တွေကို ရှောင်တာ အကောင်းဆုံးပါပဲ။သဘာဝ Shampoo တွေကို ရွေးချယ်တာဟာ ပိုကောင်းပါတယ်။ သင့်ဆံကေသာကို ခိုင်ခံ့စေပြီး ထူထဲလာစေမယ့် Ingredients တွေပါတဲ့ Shampoo တွေကို ရှာဖွေတာ အကောင်းဆုံးပါပဲ။

(၂) နေ့တိုင်း ခေါင်းမလျှော်ပါနဲ့။
✅ ယောက်ျားလေးတော်တော်များများဟာ ခေါင်းလျှော်ရည်ကို နေ့စဉ်သုံးလေ့ရှိကြပါတယ်။ ရေချိုးတိုင်း ဆံပင်ကို လျှော်သင့်တယ်လို့ ထင်ကြပါတယ်။ တကယ်တော့ အဲဒါ မကောင်းပါဘူး! နေ့တိုင်း ခေါင်းလျှော်တာက ဆံသားအတွင်းပိုင်းကို ခြောက်သွေ့စေနိုင်ပါတယ်။ အဲဒီအစား တစ်ရက်ခြား ခေါင်းလျှော်ဖို့ ကြိုးစားပါ။ ဆံပင်အမျိုးအစားနဲ့ တစ်နေ့သာ လှုပ်ရှားမှုများအပေါ်မူတည်ပြီး ချိန်ညှိမယ်ဆိုရင် ပိုကောင်းပါတယ်။

(၃) Conditioner ကို သုံးဖို့ မမေ့ပါနဲ့။
✅ သင့်ဆံကေသာကို အကောင်းဆုံးဖြစ်ဖို့အတွက် Conditioner ကိုသုံးဖို့ လိုပါတယ်။ အမျိုးသားတွေအတွက် သဘာဝအအေးပေးစက်က အကောင်းဆုံးပါ။ Conditioner သည် Shampoo နှင့် ကွဲပြားသည် ၊ Gunk နှင့် Build-up Conditioner သည် သင့်ဆံပင်နှင့် ဦးရေပြားကို သက်သာစေပြီး ဆံသားကို အစိုဓာတ်ရရှိစေကာ ကျန်းမာတောက်ပြောင်စေပါတယ်။

(၄) သင်၏ဆံပင်ညှပ်ဆရာနှင့်သာ ပုံမှန်ညှပ်ပါ။
✅ ဒါလေးကိုတော့ ဦးစားပေးပြီး လုပ်စေချင်ပါတယ်။ အဓိကတော့ ကိုယ့်စိတ်ကြိုက်ပုံစံကို ညှပ်ပေးနေကျ ဆံသဆရာနဲ့ ဆံပင်ကို ပုံမှန်ညှပ်ခြင်းပါပဲ။ အကောင်းဆုံးစတိုင်အတွက် ၂~၃ ပတ် တစ်ကြိမ်သွားသင့်ပါတယ်။ သင့်ဆံပင်ပုံစံအပေါ်တွင်လည်း မူတည်ပါသည်။ ဆံပင်အတိုနဲ့ပဲ လိုက်ဖက်သူများကတော့ ဆံပင်ရှည်ထားနေကျလူတွေထက် မကြာခဏ ပိုညှပ်ရပါလိမ့်မယ်။

(၅) သင့်ရူပါနှင့် လိုက်ဖက်သော ဆံပင်ပုံစံကိုသာ ရွေးချယ်ပါ။
✅ တစ်ယောက်နဲ့တစ်ယောက် ရူပါချင်းမတူတဲ့အလျောက် ကိုယ့်ရူပါနဲ့လိုက်ဖက်တဲ့ဆံပင်ပုံစံချင်းလည်း မတူညီကြပါဘူး။ ဒါကြောင့် သင့်မျက်နှာပုံစံကို သေချာကြည့်ပြီး သင်နဲ့လိုက်ဖက်မယ့် ဆံပင်ပုံစံတွေကို လေ့လာကြည့်ပြီး ပုံဖော်သင့်ပါတယ်။

(၆) သင့်ဆံပင်နှင့် နူးညံ့သိမ်မွေ့ပါစေ။
✅ ခေါင်း‌လျှော်ပြီးတိုင်း ဆံသားများကို ကြမ်းကြမ်းတမ်းတမ်း မထိတွေ့ဖို့ အရေးကြီးပါတယ်။ဖြည်းညှင်းစွာ ထိတွေ့ခြင်းဖြင့် သင့်ဆံပင်က ပိုကောင်းလာပါလိမ့်မယ်။
အခြောက်ခံခြင်း - သင့်ဆံပင်ကို မျက်နှာသုတ်ပဝါဖြင့် ပြင်းပြင်းထန်ထန် ပွတ်တိုက်ဆွဲခြင်း မပြုပါနှင့်။ အဲဒီအစား နူးညံ့သိမ်မွေ့တဲ့ ချဉ်းကပ်နည်းကို ယူပါ။ ရေချိုးပြီးနောက် ဆံပင်ကို ခပ်ပါးပါးလေး ပွတ်ပေးပါ။
ပုံ‌ဖော်ခြင်း - ချောမွေ့စွာ ဖြီးခြင်း၊လိမ်းခြင်းဖြင့် သင်လိုရာပုံစံအတိုင်း ပုံဖော်ပေးပါ။ သင့်ဆံပင်ကို ဆွဲခြင်းက ဦးရေပြားကို ထိခိုက်စေပြီး ဆံသားပါးလွှာခြင်းများ ဖြစ်စေနိုင်သောကြောင့် သတိပြုရှောင်ကြဉ်သင့်ပါတယ်။

(၇) သဘာဝထုတ်ကုန်များကိုသာ သုံးပါ။
✅ တစ်ချို့သော ဂျယ်များနှင့် ဖယောင်းများတွင် သင့်ဆံပင်ကို ခြောက်သွေ့စေပြီး ပျက်စီးစေသောဓာတုပစ္စည်းများ ပါဝင်နိုင်သည်ကို သတိပြုစေချင်ပါတယ်။ဒါကြောင့် သဘာဝဖယောင်းနှင့် ဖျန်းဆေးတို့လို သဘာဝအတိုင်း စတိုင်လ်ကျစေသော ထုတ်ကုန်များကိုသာ ရွေးချယ်ပြီး အသုံးပြုသင့်ပါတယ်။

👉 ဒါဆို ယောက်ျားလေးတိုင်း မိမိတို့ဆံပင်ကို အမြဲစမတ်ကျနေအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ သိသွားကြလောက်ပြီးလို့ ယူဆပါတယ်။

👉 ဝယ်ယူအားပေးကြသော ဘရိုတို့အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 😍

Photos from H.A.Y Men's post 02/07/2022

You don't need to go to the spa because you're already at home.

မအိပ်ခင် ၁၀ -၁၅ မိနစ်လောက် အချိန်ပေးပြီး မျက်နှာနေလောင်၊ ရေဓာတ်ခမ်းခြောက်၊ မျက်နှာအရေးအကြောင်းနဲ့ ညိုမဲခြင်း ကို ကာကွယ်တဲ့ USA made ဖြစ်တဲ့ Lumin ကထုတ်တဲ့ Face Mask လေးကိုသုံးချင်ရင်တော့ HAY Men ကနေ တစ်ဆင့် မှာယူနိုင်ပါပြီ😉😉

24/06/2022

မင်မင်။ ။ပစ္စည်းဖိုးက ဒီလောက်၊ ပို့ခက ဒီလောက်ကျပါမယ် အစ်ကို 😊

ကာကာ။ ။Free Delivery လုပ်ပေးလိုရမလား အစ်ကို?🤔

မင်မင်။ ။ဟုတ် ရပါတယ်ဗျ။လုပ်ပေးပါမယ် ☺️

ကာကာ။ ။ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ 😍

မင်မင်လုပ်ပေးလိုက်သော Free Delivery ။ ။
**စတာနော် မင်မင်တို့က အဲ့လိုဂျင်းမထည့်ပါဘူး 😁

22/06/2022

Johnny Depp နဲ့ Amber Heard နောက်ဆုံးပြောစကား ပေါက်ကြားသွားခဲ့ပါတယ်!!!!!

Heard: ဂျော်နီ... ဟေး! မင်းငါ့ကိုလှည့်ပြီးကြည့်လို့ရမလား?

Depp : (ခေါင်းငုံ့နေခဲ့ပါတယ်)

Heard: ဂျော်နီ ငါတို့ပြောစရာရှိတယ် ငါ့ကိုကြည့်ပါ

Depp: (သူ့ရှေ့နေဘက်လှည့်ကြည့်ပြီး သူ့ရှေ့နေက ခေါင်းခါပြခဲ့ပါတယ်)

Heard : ငါမင်းကိုပြောစရာရှိတယ်။

Depp (ခေါင်းငုံ့ထားပြီး) : ငါ မင်းကို ပြောစရာစကား မရှိဘူး Amber

Heard : ကျေးဇူးပြုပြီး ငါ့ကို ကြည့်ပါဦး

Depp : နှုတ်ဆက်ပါတယ် Amber

Heard : ဂျော်နီ တစ်ခုခုပြောပါ နင်ငါ့ကိုချစ်သေးလား?

Depp: (တိတ်နေပါတယ်)

Herd: နင် ငါ့ကို ချစ်သေးလား ဂျော်နီ?

Depp (ခေါင်းမော့ပြီး မျက်လုံးများကို တည့်တည့်ကြည့်ကာ) ပြောလိုက်ပါတယ် :Amber ငါတို့ပြောတာ ဒါနောက်ဆုံးအကြိမ် ဖြစ်နိုင်တယ် အဲ့တာကြောင့် ငါ့ရဲ့စကားကို သေချာနားထောင်ပါ နောက် နင်Men Aesthetic Product တွေဝယ်မယ်ဆို အရည်အသွေးအာမခံချက်အပြည့်အဝပေးပီးယုံကြည်ရတဲ့
H.A.Y Men ကနေ ဝယ်လိုက်ပါ
ဒါနောက်ဆုံး စကားပဲ Amber!!! 😜😜😜

Idea Credit: Bhojdeals.com

20/06/2022

Three Benefits of Using Hair Spray (Hair Spray အသုံးပြုခြင်း၏ အကျိုးကျေးဇူး ၃ ချက်)

(1) Instant Easy Styling (ချက်ချင်းလွယ်ကူစွာပုံဖော်နိုင်ခြင်း)
Hair Spray များသည်တခြားသော Hair Styling product များထက် မိမိလိုအပ်ရာ ဆံပင်ကိုအချိနိခနအတွင်းလွယ်ကူစွာပုံဖော်နိုင်ပါတယ်

(2) Give More Natural Look (ပိုမိုသဘာဝကျသောဆံပင်ပုံစံအားပေးစွမ်းနိုင်ခြင်း)
Oil Base ပါသော Wax,Gel များတွင်အသုံးပြုပြီးပါက ဆံသားအားစိုထိုင်းစေပြီး Shining Effect ကြောင့်ဆံသားပြောင်လက်ခြင်းကိုဖြစ်ပေါ်စေပါတယ်။ သို့သော် Hair Spray များကတော့ ပြောင်လက်ခြင်းမရှိဘဲပိုမိုသဘာဝကျသောပုံစံကိုပေးစွမ်းနိုင်ပါတယ်

(3) Healthier Hair (ကျန်းမာသန်စွမ်းသော ဆံသားကို ရရှိနိုင်ခြင်း)
အရည်အသွေးကောင်းမွန်သော Hair Spray များတွင် ဆံသားအရောင်မွဲခြောက်ခြင်း၊ ဆံသားများ ကွဲအက်ခြင်းကဲ့သို့သော ပြဿနာများကို ဖြေရှင်းပေးနိုင်စွမ်းများပါရှိပါတယ်။ မိမိအသုံးပြုသော Hair Spray များ၏ ပါဝင်ဖက်ပစ္စည်းများအားသေချာဖတ်ရှု၍အသုံးပြု ရန်မှာအလွန်အရေးကြီးပါတယ်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 180, Ba Yint Naung Street, (1) Quarter, Wai Ba Gi Myoe Thit
Yangon
11031