Thazin Phoo Wai

Thazin Phoo Wai

Share

🥰

29/05/2024

" ကိုယ့်မှာ အစောင့်အရှောက်တွေရှိနေတဲ့အခါ"
============================
* ဘုရားရှိခိုးသည့်အခါ အိမ်မြှောင်များစုတ်ထိုးခြင်း ။
* တစ်ခုခုဖြစ်တော့မည်ဆိုလျှင် ကြိုတင်ပြီး
မသိစိတ်ဆဋ္ဌမအာရုံက ကြိုမြင်နေခြင်း ။
ထင်ထားသော အရာများဖြစ်လာခြင်း။
* ဘေးအန္တရာယ်ရှိသော နေရာဖြစ်နေသောအခါ
သွားမည်ဟု စဉ်းစားထားသော်လည်း
အမျိုးမျိုးပျက်ခြင်း ။ မသွားဖြစ်အောင်
အကြောင်းကိစ္စများပေါ်လာခြင်း ။
* မေတ္တာပို့ အမျှဝေသောအခါ ကြက်သီးများထလာခြင်း ။
* ဒုက္ခရောက်တော့မည်ဆိုတိုင်း စိတ်ကမြတ်စွာဘုရား (သို့) ပုဂ္ဂိုလ်တစ်ပါးပါးအားတိုင်တည်လိုက်ရုံဖြင့် ထိုရောက်လာမည့် ဒုက္ခလွဲချော်သွားတတ်ခြင်း ။
* အသက်အန္တရာယ်အမျိုးမျိုးမှ ကင်းလွတ်ဖူးခြင်း ။
* အခက်အခဲများပေါ်ပေါက်လာသော်လည်း
မထင်မှတ်မဲ့ဘဲ ကူညီမည့်လူများနဲ့တွေ့ရခြင်း တို့ကြုံတွေ့ခံစားရလေ့ရှိပါတယ်။
ရတနာသုံးပါးကို မပျက်ဆည်းကပ်ကိုးကွယ်သူတွေဟာ ကိုယ်စောင့်နတ်အပါအဝင်နတ်မြတ်နတ်ကောင်းတွေရဲ့ စောင့်ရှောက်ခြင်းကိုခံယူရရှိနိုင်ကြပါ‌တယ်။
ဒါကြောင့် နေ့စဉ် ကောင်းမှုကုသိုလ်တစ်ခုခုပြုလုပ်ပြီး ကုသိုလ်များစုဆောင်းနိုင်ကြပါစေ။ 🙏🙏🙏

Credit-ဓမ္မချမ်းသာ
မေတ္တာဖြင့်ပြန်လည်မျှဝေသည်

27/05/2024

ရင့်ကျက်လာတဲ့အခါ

ပတ်ဝန်းကျင်ရဲ့
စကားနဲ့တိုက်ခိုက်ခြင်းတွေကို
အပြုံးလေးနဲ့ တုံ့ပြန်လာနိုင်တယ်။

အလုပ်တွေရဲ့ဖိအားကို
စိတ်ရှည် လက်ရှည်နဲ့ တွန်းလှန်နိုင်တယ်။

ကိုယ့်ကို မကောင်းမြင်တတ်တဲ့လူတွေကို
သည်းခံခြင်းနဲ့ အနိုင်ယူတတ်လာတယ်။

အချစ်နဲ့ ပတ်သက်လာရင်
အနားမနေချင်သူလည်း အရင်လို
အတင်းတွယ်ကပ်မနေဘဲ
စွန့်လွှတ်တတ်လာတယ်။

အလုပ်တွေကို အရင်ထက်ချစ်လာပြီး
မျှော်လင့်ချက်တွေ ပိုပီပြင်လာတယ်။

စာဖတ်ခြင်းဟာအကောင်းဆုံး
အားဆေးတစ်ခွက်ဖြစ်လာတယ်။

ဝမ်းနည်ရတဲ့နေ့တွေထက်
ပျော်စရာနေ့တွေ ပိုင်ဆိုင်လာပြီး
အေးချမ်းမှုတွေကို တွေ့ရှိလာတယ်။

"ဘဝ" ဆိုတဲ့ စကားလုံးနှစ်လုံးရဲ့
အဓိပ်ပါယျကို ပိုလေးနက်အောင်
ဖွင့်ဆိုနိုင်တယ်။

အခက်အခဲတွေ ကြုံလာတဲ့အခါ
ရုန်းကန် ကျော်ဖြတ်တတ်လာတယ်။

သိမ်ငယ်မှုတွေကြုံလာတဲ့အခါ
အားတင်းတတ်လာတယ်။

တိုက်ခိုက်မှုတွေ ကြုံလာတဲ့အခါ
ရင်ဆိုင်တတ်လာတယ်။

ပြိုလဲမှုတွေ ကြုံလာတဲ့အခါ
ပြန်ထနိုင်အောင် ကြိုးစားတတ်လာတယ်။

ဒုက္ခတွေကြုံလာတဲ့အခါ
အဆင်ပြေသွားမှာလို့ နှစ်သိမ့်ရင်း
ကိုယ့်ကိုယ်ကို အားကိုးတတ်လာတယ်

တစ်နေ့ပြီး တစ်နေ့ အကောင်းဆုံး
လျှောက်လှမ်းရင်းဘဝဟာ
ပြီးပြည့်စုံမှုမရှိပေမယ့်ဆန္ဒသာ
ရှိရင် ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်
တယ်ဆိုတာ သိလာခဲ့ရတယ်။

ဒါကြောင့် ရင့်ကျက်မှုဟာ
လူတစ်ယောက်အတွက်
လိုအပ်ချက်တစ်ခုလို့ ခံစားသိလာတယ်။

ရင့်ကျက်ခြင်းရဲ့လက္ခဏာသင်္ကေတ(၁၀)ခု
***********************************

သင် ပိုပြီး ခွင့်လွတ်တတ်လာတယ် ။

မတူညီ ကွဲပြားတဲ့ အရာတွေအပေါ် သင် လေးစားတတ်လာတယ်။

အချစ်ကို တည်ဆောက်ဖို့ အချိန်ယူတတ်လာတယ်..။

ရင်နာဖွယ် ၀မ်းနည်းစရာဖြစ်ရပ်တွေကို သင် လက်ခံတတ်လာတယ်။

တစ်ပါးသူအပေါ် သင် ဝေဖန်တာ နည်းလာတယ် ။

အရေးမကြီးသော စကားဝိုင်းတွေအပေါ် သင် စိတ်လှုပ်ရှားမှု့နည်းပါးလာတယ်..။

ပိုပြီးလည်း အမြင်ကျယ်ပြီး သဘောထားကြီး တတ်လာတယ်..။

တစ်ခါတစ်လေ စကားများ ရန်ဖြစ်နေရတာထက်
ငြိမ်ငြိမ်လေး နုတ်ဆိတ်နေရတာ ပိုသဘောကျတယ် ။

ညနက် အပြင်သွားဖို့ထက် အိမ်မှာ အိပ်နေရတာ ပို သဘောကျလာတယ်..။

သင့် ပျော်ရွှင်မှုဟာ တစ်ပါးသူရဲ့သင့်အပေါ် အမြင်ထက်
သင့်အပေါ်မှာသာ မူတည်လာတယ်..။

( အသိတရားတွေ ရင့်ကျက်သွားရင်)
•••••••••••••••••••••••••••••••••

အရေးပါခြင်း မပါခြင်းတွေကို
နားလည်လာတဲ့အခါ
ဂရုစိုက်စရာတွေ နည်းလာတယ်။

ပြောသင့် မပြောသင့်ကို
ချင့်ချိန်တတ်လာတဲ့အခါ
စကားတွေ နည်းလာတယ်။

အမှန် အမှားကို
ခွဲခြားတတ်လာတဲ့အခါ
အပြစ်တွေ နည်းလာတယ်။

လိုအပ်တာနဲ့ မလိုအပ်တာ
ကွဲပြားသွားတဲ့အခါ
စွန့်လွှတ်ရဲတဲ့ စိတ်တွေရှိလာတယ်။

အကောင်းမြင်စိတ်တွေ
ရှိလာတဲ့အခါ
ဒေါသဖြစ်စရာတွေ နည်းလာပါတယ်။

အသိတရားတွေ
ရင့်ကျက်သွားသူတိုင်း

အရင်ကထက် ကိုယ့်စိတ်ကို
ဆင်ခြင်ထိန်းချုပ်ပြီး အေးချမ်းဖို့ကို
အလေးထားတတ်လာတယ်။

(ရင့်ကျက်မှုဆိုတာ)
============

ရင့်ကျက်နေတဲ့ သူတွေမှာ တွေ့ရတဲ့ အချက်တွေကတော့....

၁-တစ်ခြားလူတွေကို ပြောင်းလဲဖို့ မကြိုးစားတော့ပဲ
ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ပဲ အာရုံစိုက်လာတဲ့အခါ
သင်ဟာ ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာပါတယ်။

၂-ရင့်ကျက်တဲ့သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို
တစ်ခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး စိတ်ဆင်းရဲတာမျိုးတွေ
မရှိတော့ဘူး။

၃-ရင့်ကျက်တဲ့သူတစ်ယောက်ဟာ လိုချင်တာတွေကို
ဦးစားမပေးတော့ဘဲ တကယ်လိုအပ်တာတွေကိုပဲ
လုပ်တတ်လာကြပါတယ်။

၄-မျှော်လင့်ချက်တွေ အရမ်းကြီးမထားတော့ဘဲ
ရယူပိုင်ဆိုင်လိုစိတ်တွေ လျှော့ချလာနိုင်တဲ့အခါ
ရင့်ကျက်လာပါတယ်။

၅-လူတိုင်းမှာ သူ့အယူအဆနဲ့သူ၊ သူ့အမြင်နဲ့သူ ရှိပြီး
သူတို့ကိုယ်သူတို့ မှန်တယ်လို့ ထင်နေကြပါလား
ဆိုတာကို နားလည်လာတဲ့အခါ သင်ဟာ ရင့်ကျက်
လာပါပြီ။

၆-တစ်ယောက်တည်း ငြိမ်းချမ်းစွာ နေတတ်လာတဲ့အခါ
ရင့်ကျက်လာတာပါပဲ။

၇-တစ်ခြားလူတွေရဲ့ ခွင့်လွှတ်မှုတွေကို မရှာဖွေတော့ပဲ
ကိုယ့်သဘောကျ နေတတ်လာတဲ့အခါ ရင့်ကျက်လာပြီလို့
ပြောလို့ရပါပြီ။

၈-သင့်ကိုယ်သင် နားလည်လာတဲ့အခါ သင်ဟာ
ရင့်ကျက်လာပါပြီ။

၉-စွန့်လွှတ်မှုတွေကို နားလည်လာတဲ့အခါ သင်ဟာ
ရင့်ကျက်နေပါပြီ။

၁၀-ကိုယ့်ကိုယ်ကို ဘယ်လောက်တော်ကြောင်း
လူတွေသိအောင် မကြိုးစားတော့တဲ့အခါ သင်ဟာ
ရင့်ကျက်နေပါပြီ။

၁၁-ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ ရုပ်ဝတ္ထုပိုင်ဆိုင်မှုတွေအပေါ်
မမှီခိုတော့ဘူးဆိုရင် သင်ဟာ ရင့်ကျက်လာပါပြီ။

၁၂-လူတွေအပေါ် နားလည်လာတဲ့အခါ
ရင့်ကျက်မှုဟာ ဖြစ်ပေါ်လာပါပြီ။

(ရင့်ကျက် တည်ငြိမ်သူ)
================

✍️ဘဝမှာ ကိုယ်လုပ်ချင်တာထက်
ကိုယ်လုပ်သင့်တာတွေကို ရွေးချယ်လုပ်ကိုင်ပါ။

✍️အမှားတစ်ခုခု ကျူးလွန်မိတဲ့အခါ ဝန်ခံတတ်ပါ။
အမှားတွေကနေ သင်းခန်းစာ ယူတတ်ခြင်းက ကိုယ့်ကို ပိုပြီး ရင့်ကျက်သော လူသားတစ်ဦးအသွင် ပုံဖော်ပေးသွားမယ်ဆိုတာကို ယုံကြည်ပါ။

✍️ဘာမှမလုပ်ဘဲ လေးလံထိုင်းမှိုင်းနေတာနဲ့ အလုပ်တွေ အရမ်းလုပ်ပြီး မောပန်းနေတာဟာ ပင်ပန်းတာချင်း တူပေမဲ့ အဓိပ္ပာယ် ကွာခြားလွန်းလှပါတယ်။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုမှာ စိတ်ရောကိုယ်ပါ ရင်းပြီး တစိုက်မတ်မတ် ကြိုးစားလိုက်ပါ။

✍️တစ်ခါတစ်လေ ကိုယ်မလုပ်နိုင်တဲ့ အရာတွေအတွက် ငြင်းဆိုတတ်ပါ။ ဒါမှသာ ကိုယ်တကယ်လုပ်နိုင်တဲ့ အရာတွေအတွက် ပိုအားစိုက်နိုင်မှာပါ။

✍️ကိုယ့်ကို အမှန်တကယ် ချစ်မြတ်နိုးသူတွေကို ပိုမိုမေတ္တာထား အချိန်ပေး ဆက်ဆံပါ။ ဘဝဟာ တိုတောင်းလှပါတယ်။ ကိုယ့်ကို အကြောင်းအရင်းမရှိဘဲ မုန်းတီးနေသူတွေအကြောင်း စဉ်းစားဖို့ အချိန်မရှိပါဘူး။

✍️သူများတွေ ကိုယ့်ကို စိတ်ဝင်စားအောင် ကြိုးစားဖို့ထက် ကိုယ် စိတ်ဝင်စားတဲ့ အရာတွေကို ပိုမိုအာရုံစိုက် လုပ်ဆောင်ပါ။

✍️ကိုယ့်မှာရှိတဲ့ အရာတွေအတွက် အမြဲအသိအမှတ်ပြု ကျေနပ်တတ်ပါ။ ဆုံးရှုံးမှုတွေ ဘယ်လောက်ပဲ ကြုံတွေ့နေရပါစေ နောက်ထပ်ကြိုးစားဖို့ လက်ထဲမှာ အချိန်ရှိနေသေးတယ်။ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာ ရှိနေသေးတယ် ဆိုတာတွေကို အသိအမှတ်ပြုတတ်ပါ။

✍️အခြားသူတွေရဲ့ဘဝ အောင်မြင်ပျော်ရွှင်နေတာမြင်ပြီး ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်နေတာတွေ ရပ်လိုက်ပါ။ ကိုယ်လုပ်နိုင်တာတွေကို အကောင်းဆုံး လုပ်ဆောင်ပြီး ဘဝကို မြင့်မားလာအောင် စတင်ကြိုးစားလိုက်ပါ။

✍️ကိုယ့်လွတ်လပ်ခွင့်ကို အကောင်းဆုံး
အသိအမှတ်ပြုပြီး အပြည့်အဝ ခံစားပျော်ရွှင်ပါ။

✍️အခြေအနေ တစ်ခုကနေ တစ်ခုကို ပြောင်းလဲတဲ့အခါ ကိုယ်ပေးဆပ်လိုက်ရတဲ့ အရာတွေအတွက် ပိုကောင်းတာတွေ ရလာနိုင်တယ်ဆိုတာကို နားလည်ထားပါ။

✍️ဒီအချက်တွေအတိုင်း လိုက်နာနေထိုင်နိုင်မယ်ဆိုရင်တော့ စိတ်ရဲ့ ရင့်ကျက်တည်ငြိမ်မှုတွေကို အတိုင်းအတာ တစ်ခုထိ ခံစားနိုင်မှာဖြစ်တယ်။

✍️ကိုယ့်စိတ်ထဲမှာ ဖြစ်ချင် လုပ်ချင်နေတာလေးတွေကိုလည်း ပိုမိုခံစားနားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ဟာ ဘဝမှာပိုပြီး အကျိုးရှိရှိ ရပ်တည်လာနိုင်ပါမယ်။ ဆုံးဖြတ်ချက်တွေ ပိုမို ပြတ်သားခိုင်မာပါလိမ့်မယ်။

(ရင့်ကျက်လာသူတွေရဲ့ သဘာဝ)
🌿🌿🌿🌿🌿🌿🌿🌿

🌺 စိတ်ကောက်တယ်ဆိုတာ ……
🌺 ဆယ့်ခြောက်နှစ်အရွယ် အလုပ်ပါ။

🌺 စိတ်ဆိုးတယ်ဆိုတာ ……
🌺 မရင့်ကျက်သေးတဲ့အရွယ် သဘာဝပါ။

🌺 စိတ်နာပေမယ့်လည်းပဲ ခွင့်လွှတ်နိူင်တယ်ဆိုတာက ……
🌺 ရင့်ကျက်သူတွေရဲ့ သဘာဝပါ။

🌺 မပြောချင်ပေမယ့်လည်းပဲ ပြုံးပြနိူင်တာ ……
🌺 ရင့်ကျက်သူတွေရဲ့ သဘာဝပါ။

🌺 နာကျင်နေနေပေမယ့် ဘာမှမဖြစ်သလို နေနိူင်တာကလည်း
🌺 ရင့်ကျက်နေသူတွေရဲ့ ထိမ်းချုပ်နိူင်စွမ်းပါပဲ။

🌺 ဒေါသဖြစ်နေပေမယ့် အပြင်ကိုထုတ်မပြတတ်တာ ……
🌺 ရင့်ကျက်သူတွေရဲ့ ဂုဏ်သတ္တိပါပဲ။

🌺 ရင့်ကျက်လာခြင်းဆိုတာက ဟန်ဆောင်လာခြင်းမဟုတ်ဘဲ
🌺သဘာဝကိုသိနားလည် လက်ခံလာနိူင်ပြီး မကောင်းတဲ့ စိတ်ကို
🌺 ဥပက္ခာပြု ထိမ်းချုပ်လာနိူင်ခြင်း ဖြစ်ပါတယ်။

"မငယ်တော့တဲ့အခါ"
🍎🍎🍎🍎🍎🍎

🍏 လူစည်စည် အသံဆူဆူ ပျော်ပွဲရွှင်ပွဲတွေသွားဖို့ထက် ……
🍏 လူရှင်းရှင်း နားအေးအေးနေရာမှာ ……
🍏 သက်တောင့်သက်သာလေး ပိုနေချင်လာတယ်။

🍏 အပေါ်ယံမိတ်ဆွေ များများစားစားရှိဖို့ထက် ……
🍏ရင်ဖွင့်ဖော်သူငယ်ချင်း တစ်ယောက်တစ်လေလောက်ရှိနေရင်ပဲ
🍏 လုံလောက်လာတယ်။

🍏 ဘာမဖြစ်လို့ သေလောက်အောင်စိတ်ညစ်တယ်……
🍏 ဆိုတာတွေလည်း နည်းလာပြီး .……
🍏 ဖြစ်လာသမျှကို အရင်ကထက် ပိုလက်ခံနိုင်လာတယ်။

🍏 ဘာရလို့ ပိုပျော်တယ် ဆိုတာလည်း……
🍏 မရှိသလောက် ရှားသွားပြီး………
🍏 ရှိလာတဲ့အပျော်တွေ ပြန်ပျောက်သွားရင်လည်း ……
🍏 အလိုက်သင့်လေး နေတတ်လာတယ်။

🍏 ငွေတန်ဖိုးကို ပိုသိလာတယ်……
🍏 မိဘဆွေမျိုးအသိုင်းအဝိုင်းရဲ့တန်ဖိုးကို ပိုမြင်တတ်လာတယ်။

🍏 ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို သည်းခံနိုင်လာပြီး……
🍏 ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို ပိုချစ်တတ်လာတယ်။

🍏 အလှအပထက် ကျန်းမာရေးကို ဂရုစိုက်တတ်လာပြီး……
🍏ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုလည်းဦးစားပေးတတ်လာတယ်

🍏ကြီးရင့်ခြင်းဆိုတာနုပျိုလန်းဆန်းခြင်းရဲ့ အဆုံးသတ်ဖြစ်ပေမယ့်
🍏 တည်ငြိမ်ရင့်ကျက်ခြင်းရဲ့အစဖြစ်ကြောင်းကိုလည်း
🍏 ပြောင်းလဲစပြုလာတဲ့

🍏 ကိုယ့်စိတ်နေသဘောထားတွေဆီကနေ တစ်ဆင့်
🍏 သတိထား လက်ခံတတ်လာတယ်...။

Credit to original uploader with respect

23/05/2024
23/05/2024

လက်ခုပ်တီးအားပေးမယ့်သူထက်
လက်ညိုးထိုးဟားတိုက်မယ့်သူ
များတဲ့ခေတ်မှာ
မေတ္တာဆိုတဲ့အနွေးဓာတ်က
မရှိသလောက်ရှားလာတယ်။

ငါးစာမြင်ပြီး
ငါးမျှားချိတ်မမြင်တဲ့
လောဘတရားတွေရဲ့နောက်ကွယ်မှာ
ချနင်းခံခဲ့ရတဲ့သိက္ခာတွေအတွက်
လိပ်ပြာသန့်ရဲ့လား
ပေါ်ပင်တွေများတဲ့ခေတ်မှာ
ပဲပြုတ်ဆီဆမ်းနဲ့ ထမင်းကြမ်းစားရလဲ
ဘာအရေးလဲ
ဖြစ်နိုင်မယ်ဆိုရင်တော့
မေတ္တာခြုံလို့... လုံချင်တယ်။

20/05/2024

❝အရာရာက ရေစက်ပါသလောက်ပေါ့❞
⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅⑅

အရာရာ ရေစက်ပါသလောက်ပေါ့။
ဆက်ဆံရေးတိုင်းက သူ့သက်တမ်းနဲ့သူရှိပြီးသားပါ။

ဘယ်လောက်ပဲ ပျော်ရွှင်စရာ
ပြည့်နေတဲ့ဆက်ဆံရေးဖြစ်
နေပါစေ တကယ်တမ်း ရေစက်
ကုန်သွားတဲ့အခါ မလွဲမသွေ နှုတ်ဆက် ခွဲခွာရတယ်။

ဒါဟာ လူ့သဘော သဘာဝဖြစ်တယ်။
ဘဝဆိုတာ အထီးကျန်မှ ဘဝ အစစ်လို့
ခေါ်ထိုက်တာပါ။

အထီးမကျန်ဘူးဆိုရင် ဒါဟာ
စစ်မှန်တဲ့ဘဝလို့ သတ်မှတ်လို့
မရသေးပါ။

သင့်ဘဝထဲ ဝင်လာသူတိုင်းကို
စိတ်ရင်းအမှန်သာ ပြသပေးပါ။

တွေ့ဆုံမှုတိုင်းကိုနောင်တမရပါနဲ့။
တွေ့ဆုံမှုတိုင်းက အဓိပ္ပာယ်ကိုယ်စီနဲ့ပါ။

ငါ့သူငယ်ချင်းတွေ ငါ့အနား
ဘယ်ချိန်ထိ ရှိနေပေးမလဲ။

ငါ့ချစ်သူ ဘယ်ချိန်ထိ အနားမှာ
နေပြီး ချစ်ပေးမလဲ။

ဒါတွေကိုတွေးမနေပါနဲ့။
အတွေးလွန်ပြီးစိတ်မပျော်ဘဲ မနေလိုက်ပါနဲ့။

သူတို့ သင့်ဘဝထဲ အချိန်တစ်ခုထိ
အဖော်ပြုပေးခဲ့တယ်ဆိုတာနဲ့တင်
သင်ဟာ ကံကောင်းနေပါပြီ ကံကောင်းတဲ့လူပါ။

ဘဝခရီးအဆုံးထိ အတူတူ မရှိနိုင်ကြပေမဲ့
တစ်ချိန်တုန်းကအတူတူ ပျော်ခဲ့တဲ့
အမှတ်တရကောင်းတွေကို ပြန်တွေးကြည့်
မိတော့ မင်းကို သိခွင့်ရခဲ့တာ
ချစ်ခွင့်ရခဲ့တာ ဒီလောက်တောင်
ကြည်နူးစရာ ကောင်းရလားလို့
တွေးမိပြီး ဖြေသာနိုင်လိုက်ပါတယ်။

14/05/2024

"ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့"

အလုပ်တစ်ခုကို ငါမလုပ်နိုင်ပါဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့

ကိုယ့်ကို စွန့်ခွာသွားသူတစ်ယောက်ကို
ငါ မမေ့နိုင်ပါဘူးလို့ မတွေးလိုက်ပါနဲ့

သူများအလုပ် လုပ်ကိုင်နေရတော့
ငါ လုပ်ငန်းရှင်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ မတွေးလိုက်ပါနဲ့

ကိုယ့်မှာ တီးတိုးဖော် မရှိတော့လို့
ငါ တစ်ယောက်တည်း မနေနိုင်ပါဘူးလို့ မတွေးလိုက်ပါနဲ့

ကိုယ်တန်ဖိုးထားရသူတွေ ဆုံးရှုံးတော့လို့
ငါ့ဘဝက အဓိပ္ပါယ်မဲ့သွားပြီလို့ မတွေးလိုက်ပါနဲ့

ရှုံးနိမ့်ခြင်းတွေ ကြုံနေရလို့
ကိုယ့်ကိုကိုယ် အသုံးမကျတဲ့သူပါလားလို့ မတွေးလိုက်ပါနဲ့

ကံကြမ္မာဆိုးတွေ မွှေနှောက်နေတိုင်း
ငါ့ဘဝက ဘယ်တော့မှ ကံမကောင်းနိုင်ဘူးလို့ မတွေးလိုက်ပါနဲ့

ရောဂါဝေဒ နာတွေ ခံစားနေရလွန်းလို့
ငါ့ဘဝက ဇာတ်သိမ်းခန်းရောက်ပြီလို့ မတွေးလိုက်ပါနဲ့

အဲဒီလို တွေးလိုက်မိပြီဆိုတာနဲ့ သင့်ဘဝက တစ်ဝက်သေသွားတာ သေချာသွားပြီလေ

ပိုးစုန်းကြူးလို အကောင်သေးသေးလေးတွေတောင် သူတို့မှာရှိနေတဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့ လောကကြီးကို
အလင်းရောင် ပေးစွမ်းနေကြတယ်

အဆင်မပြေမှုတွေ နှလုံးသားရဲ့ ခံစားမှုတွေ ဖိစီးနှိပ်ဆက်ခံရတိုင်း ဘဝကို ရေစုန်မျောနေမိရင် လောကကြီးက မင်းကို ကောင်းကြီးပေးလာမှာ မဟုတ်ဘူးလေ

သူငယ်ချင်း.....ကိုယ့်ကိုကိုယ် အထင်သေးတဲ့တစ်နေ့ မင်းဟာ တန်ဖိုးမဲ့လူသားတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာပြီး လူ့လောကကို လက်ကမ်းကြိုဆိုခဲ့တဲ့ မိဘမျက်နှာကို အိုးမဲ သုတ်သလိုပဲ

ငါမလုပ်နိုင်ဘူး မဖြစ်နိုင်ဘူးလို့
တွေးတဲ့တစ်နေ့ မင်း သေသွားတဲ့နေ့ပဲ ဖြစ်သင့်တယ်

ခံစားချက်တွေများလွန်းလို့ မခံမရက်နိုင် ဖြစ်နေရင် တစ်ရက်တော့ ငိုပါ
ပြီးရင်တော့ ပြုံးနိုင်အောင် ကြိုးစားပါနော်။
Credit

Photos from ကြာညိုသင်း-စာပေ's post 10/03/2024
09/03/2024

သူ့နေရာနဲ့သူ

အရမ်းကြိုက်လို့ ဖတ်ကြည့်စေချင်တယ်..

ငွေဆိုတာ

သုံးတတ်ရင် ခိုင်းစားလို့ရပေမယ့် မသုံးတတ်ရင် ငွေက ကိုယ့်ကို ပြန်နှိပ်စက် ဘဝပါပျက်တယ် ။

အပျော်ဆိုတာ

ပျော်သင့်တဲ့ အတိုင်းအတာ ပျော်ရင် စိတ်ကို ကြည်လင်လန်းဆန်းပေမယ့် အတိုင်းအတာ တစ်ခုထက် အပျော်ကြူးရင်း နာမည်ပါပျက် ဘဝပါပျက်တယ် ။

- အပြုံးဆိုတာ

ပြုံးတာနှစ်လို့ဖွယ် ကောင်းပေမယ့် သူတစ်ပါး ဝမ်းနည်းနေချိန် ဒုက္ခရောက်နေချိန် ပြုံးမိရင် အမုန်းခံ အထင်လွဲခံရတယ် ။

နာကျည်းတယ်ဆိုတာ

နာကျည်းတာကြောင့် မခံချင်စိတ်နဲ့ ကြိုးစားအလုပ် လုပ်ရင် ဘဝအောင်မြင်မှုတွေ ရရှိပေမယ့် နာကျည်းတဲ့အတွက်ကြောင့် ဂလဲ့စားချေတဲ့ စိတ်ထားရင်း ပူလောင်ရတယ် ။

လုပ်ငန်းဆိုတာ

မိမိဘာ့ကြောင့် မအောင်မြင်ရတာလဲဆိုတာ အဖြေရှာကြည့်ပါ။ မအောင်မြင်တိုင်း ကံကြမ္မာ အပြစ်ပုံချရင် အကျင့်ပါသွားတတ်တယ် ။ ကံပေးပေမယ့် ဉာဏ်မပါရင် ချမ်းသာဖို့ နည်းပါတယ် ။

ပေးကမ်းတယ်ဆိုတာ

စည်းစနစ်တကျ ပေးကမ်းတတ်ဖို့လိုတယ် အပေးမတတ်ရင် မိမိကွယ်ရာမှာ မိမိက ငပေါကြီးလိုလို အမြှောက်ကြိုက်ကြီးလိုလို ဖြစ်တတ်တယ် ။

သည်းခံတယ်ဆိုတာ

အတိုင်းအတာ တစ်ခုထိပဲ ကောင်းတယ် ။ မိမိဂုဏ်သိက္ခာထိပါးလာတဲ့ လုပ်ရပ်တွေကို ပြုံးပြုံးလေး ပြန်လည်ချေပတတ်ဖို့ လိုတယ် ။

လဲကျတယ်ဆိုတာ

စိတ်တော့လဲမကျနေနဲ့ စိတ်ရောလဲကျရင် အရာအားလုံးဆုံးရှုံးရတယ် ။ ကျနေတဲ့စိတ်ကို ပြန်လည်ကောက်ယူနိုင်ဖို့ လိုတယ် ။

ချစ်သူက ပစ်ထားလို့ ငိုကြွေးမနေပါနဲ့။ သင့်ရဲ့ ဖူးစားအစစ်အမှန် မဟုတ်သေးလို့ပါပဲ ။

လုပ်ငန်းမှာ အတိုက်အခံရှိနေလို့ စိတ်ဆိုး ဒေါသထွက်မနေပါနဲ့ ။ သင်ကြိုးစားချင်အောင် အမြင့်ဆုံး တွန်းပိုးတဲ့သူလို့ မှတ်ယူလိုက်ပါ ။ တချို့ အတိုက်အခံတွေကြောင့် သင်ပိုကြိုးစားဖြစ်တယ် ။

လူရယ်လို့ ဖြစ်လာရင် ဘယ်အရာမှ အရှုံးမပေးပါနဲ့ ။ ကြိုးစားရင် အမြတ်ပါပဲ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon