DrZ
Aesthetics, Laser & Skincare Clinic
အလှအပ၊ လေဆာနှင့် အသားအ?
31/08/2026
✨ 𝐒𝐤𝐢𝐧 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 တစ်ခုရွေးချယ်တဲ့အခါ
“လူများလုပ်နေတဲ့ Treatment” ကိုပဲ
ရွေးသင့်သလား?
Clinic တွေမှာ Treatment အမျိုးမျိုးရှိပါတယ်။
🌱 RF
🌱 HIFU
🌱 Skin Booster
🌱 Biostimulator
🌱 Laser
နဲ့ အခြားသော Advanced Aesthetic Treatments များလည်း ရှိပါတယ်။
သို့ပေမယ့်
“ဘယ် Treatment က အကောင်းဆုံးလဲ?”
ဆိုတာထက်
“ကိုယ့်အသားအရေအတွက်
ဘယ် Treatment က သင့်တော်လဲ?”
ဆိုတာက ပိုအရေးကြီးပါတယ်။
ဥပမာ—
🔹 Skin laxity / Firmness လျော့လာတာလား?
🔹 Fine lines တွေ သိသာလာတာလား?
🔹 Skin texture မညီတာလား?
🔹 Acne scar / Pore concern ရှိတာလား?
🔹 Skin hydration နည်းတာလား?
🔹 Facial contour ကို
ပိုမိုတင်းရင်းစေချင်တာလား?
တစ်ဦးတစ်ယောက်ချင်းစီရဲ့
Concern မတူရင်
ရွေးချယ်သင့်တဲ့ Treatment Approach လည်း မတူနိုင်ပါတယ်။
ဒါကြောင့် Treatment ရွေးတဲ့အခါ
Trend ကိုလိုက်တာထက် Diagnosis ကို
အရင်ထားပါ။
👨⚕️ သင့်အသားအရေရဲ့ လက်ရှိအခြေအနေ၊ Skin Concern နဲ့ ရည်ရွယ်ချက်ကို သေချာသုံးသပ်ပြီးမှ Treatment Plan ကို ရွေးချယ်ခြင်းက ပိုမိုသင့်တော်ပါတယ်။
တစ်ယောက်အတွက်ကောင်းတဲ့
Treatment တစ်ခုဟာ
လူတိုင်းအတွက် အကောင်းဆုံး
Treatment ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။
🤍 𝐘𝐨𝐮𝐫 𝐒𝐤𝐢𝐧. 𝐘𝐨𝐮𝐫 𝐂𝐨𝐧𝐜𝐞𝐫𝐧.
𝐘𝐨𝐮𝐫 𝐑𝐢𝐠𝐡𝐭 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭.
📩 𝐃𝐫𝐙 𝐒𝐤𝐢𝐧 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 သို့ Consultation ပြုလုပ်ရန် 𝐂𝐁 မှတစ်ဆင့်
ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
29/08/2026
🌧️ မိုးများလည်း လှအောင်နေကြမယ်နော် 💙
မိုးဆက်တိုက်ရွာနေတဲ့ ဒီလို Rainy Season မှာ လေထုစိုထိုင်းဆများလာတာကြောင့် အသားအရေက ပုံမှန်ထက်ပိုပြီး Sensitive ဖြစ်လာနိုင်ပါတယ်။
အထူးသဖြင့်
✨ အဆီပိုထွက်ခြင်း
✨ ချွေးပေါက်ပိတ်ပြီး
အနာဖု၊ ဝက်ခြံများဖြစ်ခြင်း
✨ အသားအရေ ညစ်နွမ်းမဲမှောင်လာခြင်း
✨ အသားခြောက်ခြင်း၊ ရေဓာတ်မညီမျှခြင်း
စတဲ့ Skin Concerns တွေ
ဖြစ်ပေါ်လွယ်ပါတယ်။
☔️ ဒီလို မိုးရာသီမှာ Skincare ကို ပိုဂရုစိုက်ဖို့—
✅ 𝐃𝐞𝐞𝐩 𝐂𝐥𝐞𝐚𝐧𝐬𝐢𝐧𝐠 𝐅𝐚𝐜𝐢𝐚𝐥
အရေပြားပေါ်က အဆီ၊ အညစ်အကြေးနဲ့ ချွေးပေါက်ပိတ်စေတဲ့အရာတွေကို သန့်စင်ပေးရန်
✅ 𝐀𝐜𝐧𝐞 & 𝐁𝐫𝐞𝐚𝐤𝐨𝐮𝐭 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭
အဆီပြန်ခြင်း၊ ဝက်ခြံနဲ့ အနာဖုတွေကို အသားအရေအခြေအနေအလိုက်
သင့်တော်တဲ့ Treatment ရွေးချယ်ရန်
✅ 𝐇𝐲𝐝𝐫𝐚𝐭𝐢𝐨𝐧 & 𝐁𝐫𝐢𝐠𝐡𝐭𝐞𝐧𝐢𝐧𝐠 𝐁𝐨𝐨𝐬𝐭𝐞𝐫
မိုးရာသီမှာ မညီမျှဖြစ်လာနိုင်တဲ့
Skin Hydration ကို ထိန်းညှိပေးပြီး အသားအရေကို စိုပြေကြည်လင်နေစေရန်
💡 အရေးကြီးတာတစ်ခုက—
မိုးရာသီဆိုပြီး Sunscreen ကို မလျှော့ပါနဲ့။ မိုးအုံ့နေတဲ့နေ့တွေမှာတောင် UV Exposure ရှိနိုင်တာကြောင့် နေ့စဉ် Sunscreen လိမ်းပေးဖို့ မမေ့ပါနဲ့နော်။
မိုးရေစိုသွားရင်လည်း မျက်နှာကို အချိန်ကြာကြာစိုစွတ်နေအောင် မထားဘဲ သန့်ရှင်းခြောက်သွေ့အောင် ဂရုစိုက်ပေးပါ။
မိုးရွာနေတဲ့အချိန် အိမ်ကနေထွက်ဖို့ ပျင်းနေရင်တောင်…
သင့်အသားအရေအတွက် အချိန်ပေးဖို့တော့
မမေ့ပါနဲ့ 💆♀️✨
အသားအရေပြဿနာတိုင်းအတွက် Treatment တစ်မျိုးတည်းနဲ့ မဖြေရှင်းနိုင်တာကြောင့် မိမိ Skin Condition နဲ့ကိုက်ညီတဲ့ Treatment ကို Professional Assessment ပြုလုပ်ပြီး ရွေးချယ်တာက ပိုအရေးကြီးပါတယ်။
📲 Skin Consultation & Booking အတွက် Message မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
27/08/2026
🧴 Skincare တွေ အများကြီးသုံးနေပါလျက်… အသားအရေက ဘာလို့ မကောင်းသေးတာလဲ?
🤍🤍🤍🩶🤍🤍🤍🩶🤍🤍🤍🩶🤍🤍🤍
Serum တစ်မျိုးပြီးတစ်မျိုး ပြောင်းသုံးတယ်၊
စျေးကြီးတဲ့ Skincare တွေ ဝယ်သုံးတယ်၊
Skincare Routine ကိုလည်း မပျက်မကွက် လုပ်နေတယ်…
ဒါပေမယ့် မျှော်လင့်သလောက်
Result မရသေးဘူးဆိုရင်
Product မကောင်းတာထက်
“ကိုယ့်အသားအရေနဲ့ မကိုက်ညီတာ”
ဖြစ်နိုင်ပါတယ်။ 🌿
တကယ်တော့ Skincare မှာ
“စျေးကြီးတာ = ပိုကောင်းတာ” မှ မဟုတ်ပါဘူး။
ကိုယ့်ရဲ့ Skin Type + Skin Condition + Skin Concern
သုံးခုလုံးကို နားလည်ပြီး ကိုက်ညီတဲ့ Product ကို ရွေးချယ်အသုံးပြုနိုင်ဖို့က ပိုအရေးကြီးပါတယ်။
━━━━━━━━━━━━━━
🌿 အရင်ဆုံး… ကိုယ့် Skin Type ကို
သိရအောင်
🔸 Oily Skin | ဆီပြန်အသားအရေ
မျက်နှာတစ်ပြင်လုံး အဆီပြန်လွယ်ပြီး
ချွေးပေါက်ပိုမိုမြင်သာခြင်း၊
ဝက်ခြံနှင့် အဆီဖုများ ဖြစ်လွယ်တတ်ပါတယ်။
👉 Lightweight ဖြစ်ပြီး Non-comedogenic / Oil-free ဖြစ်တဲ့ Product မျိုးတွေကို
ဦးစားပေးရွေးချယ်သင့်ပါတယ်။
🔸 Dry Skin | အသားခြောက်အသားအရေ
မျက်နှာတင်းကျပ်ခြင်း၊ ကြမ်းတမ်းခြင်း၊
အခွံလန်ခြင်း၊ ရေဓာတ်လျော့နည်းခြင်းတွေ ဖြစ်တတ်ပါတယ်။
👉 အသားအရေကို အလွန်အကျွံခြောက်သွေ့
မသွားစေတဲ့ Gentle Cleanser + Moisturizer နဲ့ Hydrating / Barrier-supporting Ingredients ပါဝင်တဲ့ Product တွေကို ရွေးချယ်သင့်ပါတယ်။
🔸 Combination Skin | ပေါင်းစပ်အသားအရေ
နဖူး၊ နှာခေါင်း၊ မေးစေ့လို T-Zone နေရာတွေမှာ အဆီပိုပြန်ပြီး ပါးပြင်ဘက်မှာ ပုံမှန် သို့မဟုတ် ခြောက်သွေ့တတ်ပါတယ်။
👉 မျက်နှာတစ်ပြင်လုံးကို Product တစ်မျိုးတည်းနဲ့ အပြင်းအထန်ထိန်းချုပ်တာထက် နေရာအလိုက် အသားအရေလိုအပ်ချက်ကို ချိန်ညှိပေးခြင်း က ပိုသင့်တော်ပါတယ်။
🔸 Sensitive Skin | ထိခိုက်လွယ်သောအသားအရေ
Product အသစ်အသုံးပြုတိုင်း နီရဲခြင်း၊ ပူစပ်ခြင်း၊ ယားယံခြင်း၊ မအီမသာဖြစ်ခြင်းတွေ ဖြစ်လွယ်တတ်ပါတယ်။
👉 Gentle & Fragrance-free Formula တွေကို ဦးစားပေးပြီး Product အသစ်တွေကို တစ်ခါတည်းအများကြီး မစမ်းဘဲ တစ်မျိုးချင်းစီ ဖြည်းဖြည်းချင်း စတင်အသုံးပြုသင့်ပါတယ်။
━━━━━━━━━━━━━━
💡 ဒါပေမယ့်… Skin Type သိရုံနဲ့
မပြီးသေးပါဘူး။
Skin Type တူတဲ့ လူနှစ်ယောက်တောင်
အသားအရေပြဿနာတွေက မတူနိုင်ပါတယ်။
တစ်ယောက်မှာ
🔹 Acne
🔹 Acne Scar
🔹 Pigmentation / Dark Spots
🔹 Melasma
🔹 Enlarged Pores
🔹 Dehydration
🔹 Sensitive / Damaged Skin Barrier
စတာတွေထဲက တစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီး ရှိနေနိုင်ပါတယ်။
ဒါကြောင့်…
“သူသုံးလို့ကောင်းတာ ကိုယ်လည်းကောင်းမှာပဲ” ဆိုပြီး
သူများ Skincare Routine ကို ကိုယ့်အသားအရေပေါ် တိုက်ရိုက်မကူးသုံးသင့်ပါဘူး။
အထူးသဖြင့် Active Ingredients တွေကို မိမိဘာသာ အလွန်အကျွံ သုံးစွဲခြင်းက
အသားအရေ Barrier ကို ထိခိုက်စေပြီး
နီရဲခြင်း၊ ပူစပ်ခြင်း၊ ခြောက်သွေ့ခြင်းနဲ့ ဝက်ခြံပိုမိုဆိုးရွားခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
━━━━━━━━━━━━━━
☀️ နေ့စဉ် Skincare မှာ မမေ့သင့်တဲ့
အခြေခံ ၃ ချက်
1️⃣ Gentle Cleansing
မျက်နှာကို “သန့်စင်အောင်” ဆိုပြီး အလွန်အကျွံဆေးကြောတာ မလိုပါဘူး။
ကိုယ့် Skin Type နဲ့ ကိုက်ညီပြီး အသားအရေရဲ့ Natural Barrier ကို မထိခိုက်စေတဲ့ Gentle Cleanser ကို ရွေးချယ်ပါ။
2️⃣ Moisturizing
“အဆီပြန်လို့ Moisturizer မလိုဘူး” ဆိုတာ
မမှန်ပါဘူး။
Oily Skin ဖြစ်တဲ့သူတွေလည်း အသားအရေလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Lightweight Moisturizer အသုံးပြုပြီး Skin Barrier ကို ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။
3️⃣ Sunscreen ☀️
နေ့စဉ် Broad-spectrum SPF 30+ Sunscreen အသုံးပြုခြင်းက နေရောင်ခြည်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ Skin Damage တွေနဲ့ Pigmentation ပိုမိုဆိုးရွားလာခြင်းကို ကာကွယ်ရာမှာ အရေးကြီးပါတယ်။
━━━━━━━━━━━━━━
✨ အသားအရေကောင်းဖို့ Product အများကြီး မလိုပါဘူး။
အရေးကြီးတာက…
“ကိုယ့်အသားအရေက ဘာလိုအပ်နေလဲ?”
ဆိုတာကို အရင်ဆုံးသိဖို့ပါ။
Skin Type တစ်ခုတည်းမဟုတ်ဘဲ
လက်ရှိ Skin Condition နဲ့ Skin Concern တွေကိုပါ သေချာနားလည်ပြီးမှ Skincare နဲ့ Treatment ကို ရွေးချယ်တာက ပိုမိုသင့်တော်ပါတယ်။ 💙
👩⚕️ 𝐃𝐫 𝐙 Skin Specialist Clinic မှာ Professional Skin Analysis ပြုလုပ်ပေးပြီး လက်ရှိအသားအရေအခြေအနေ၊ Skin Type နဲ့ Skin Concerns တွေအပေါ်မူတည်ကာ သင့်တော်တဲ့ Skincare & Treatment Plan ကို အကြံပြုပေးပါတယ်။
🎁 Free Skin Analysis ရရှိနိုင်ပါသည်။
📲 အသေးစိတ်သိရှိလိုပါက 𝐃𝐫 𝐙 Skin Specialist Clinic သို့ Message မှ
တစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
23/08/2026
🌧️ မိုးရာသီမှာ 𝐅𝐚𝐜𝐢𝐚𝐥 / 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭
လုပ်ထားပြီးရင်…
𝐒𝐤𝐢𝐧 ကို ပိုဂရုစိုက်ဖို့ မမေ့ပါနဲ့ 🤍
မိုးရာသီဆိုပေမယ့် Treatment လုပ်ထားတဲ့
Skin ကတော့ UV Rays၊ စိုထိုင်းဆနဲ့
ပြင်ပပတ်ဝန်းကျင်အခြေအနေတွေကြောင့်
ထိခိုက်လွယ်နိုင်ပါတယ်။
ဒါကြောင့် Treatment ပြီးတဲ့နောက်
Aftercare ကို သေချာလိုက်နာပေးဖို့ အရေးကြီးပါတယ်။
💡 မိုးရာသီ Treatment Aftercare မှာ
အထူးဂရုစိုက်သင့်တဲ့ အချက် (၃) ခု
1️⃣ Sunscreen & Barrier Care ကို မမေ့ပါနဲ့
Treatment ပြီးတဲ့နောက် Skin Barrier ကို ထိန်းသိမ်းပေးဖို့နဲ့ နေရောင်ခြည်ကနေ
ကာကွယ်ပေးဖို့ အရေးကြီးပါတယ်။
Treatment အမျိုးအစားနဲ့ Skin Condition ပေါ်မူတည်ပြီး ဆရာဝန်ညွှန်ကြားထားတဲ့ Sunscreen / Barrier Care ကို
သတ်မှတ်ထားတဲ့အတိုင်း အသုံးပြုပေးပါ။
2️⃣ မိုးရေတိုက်ရိုက်ထိတွေ့မှုကို
ဖြစ်နိုင်သမျှ ရှောင်ပါ
Treatment ပြီးပြီးချင်း Skin က ပုံမှန်ထက် Sensitive ဖြစ်နေနိုင်တာကြောင့် မိုးရေ၊ ဖုန်မှုန့်နဲ့ ပြင်ပပတ်ဝန်းကျင်ကို
တိုက်ရိုက်ထိတွေ့မှု ဖြစ်နိုင်သမျှ
လျှော့ချပေးတာက ပိုကောင်းပါတယ်။
3️⃣ Skin မှာ မူမမှန်တာတွေ့ရင်
ကိုယ်တိုင်မဆုံးဖြတ်ပါနဲ့
နီမြန်းခြင်း၊ ပူခြင်း၊ ယားယံခြင်း၊
အရမ်းခြောက်သွေ့ခြင်း စတဲ့ အခြေအနေတွေ ဖြစ်လာရင် ကိုယ်တိုင် Skincare အသစ်တွေ ထပ်မံအသုံးပြုတာထက် Consultation ပြုလုပ်စဉ်မှာ ဆရာဝန်ကို တိုက်ရိုက်မေးမြန်းပြီး သင့်တော်တဲ့ Aftercare ကို
လိုက်နာတာက ပိုအရေးကြီးပါတယ်။
✨ Treatment ကောင်းတစ်ခုရဲ့ Result က
Treatment Room ထဲမှာတင်
ပြီးဆုံးသွားတာ မဟုတ်ပါဘူး။
Treatment ပြီးနောက် သေချာဂရုစိုက်ပေးတဲ့ Aftercare ကလည်း Skin Journey ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။
မိုးရာသီမှာ
Treatment လုပ်ထားကြတဲ့သူများအတွက်
Aftercare နဲ့ပတ်သက်ပြီး သိချင်တာရှိရင်
Comment မှာ မေးခဲ့နိုင်ပါတယ် 👇
𝐃𝐫𝐙 𝐒𝐤𝐢𝐧 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 မှ
ဆရာဝန်များမှ သင့်မေးခွန်းများကို ပြန်လည်ဆွေးနွေးပေးပါမယ်။ 🤍
𝐃𝐫 𝐙 🤍🩶
𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐂𝐚𝐫𝐞 𝐟𝐨𝐫 𝐘𝐨𝐮𝐫 𝐒𝐤𝐢𝐧 𝐉𝐨𝐮𝐫𝐧𝐞𝐲.
20/08/2026
"အိုလာတာ” နဲ့ "ပုံစံပျက်လာတာ"မတူပါဘူး။
💙🤍🩶🖤 💙🤍🩶🖤 💙🤍🩶🖤
အသက်အရွယ်ရလာတာနဲ့အမျှ
မျက်နှာပေါ်မှာ
အရေးအကြောင်းတွေတင်မဟုတ်ဘဲ…
မျက်နှာရဲ့ Definition တွေက
တဖြည်းဖြည်း ပျောက်လာတတ်ပါတယ်။
Jawline က အရင်လို မရှင်းတော့တာ၊
ပါးပြင်ဘက်က အောက်ကို ဆင်းလာတာ၊
မျက်နှာပုံစံက အရင်ထက် ပိုလေးလာသလို ခံစားရတာ…
တစ်ခါတလေ
"ငါ အသက်ကြီးလာပြီလား?” လို့
ထင်မိစေတဲ့ အကြောင်းရင်းက
အသက်အရွယ်တစ်ခုတည်း မဟုတ်ပါဘူး။
✨ မျက်နှာရဲ့ Structure & Definition
ပြောင်းလဲလာခြင်းလည်း ပါဝင်ပါတယ်။
ဒါကြောင့် Aesthetic Treatment ဆိုတာ
မျက်နှာကို “ပြောင်းပစ်ဖို့” မဟုတ်ပါဘူး။
မိမိရဲ့ပင်ကိုယ်မျက်နှာပုံစံကို မပျက်စေဘဲ
ပိုပြီး Defined ဖြစ်လာအောင်၊
ပိုပြီး Tight ဖြစ်လာအောင်
သဘာဝကျကျ ပြန်လည်ဖော်ထုတ်ပေးခြင်းက ပိုအရေးကြီးပါတယ်။
💎 𝐔𝐥𝐭𝐫𝐚𝐅𝐨𝐫𝐦𝐞𝐫 𝐌𝐏𝐓
Generation အသစ်ရဲ့
Micro-Pulse HIFU Technology ဖြင့်
✔️ 𝐒𝐤𝐢𝐧 𝐓𝐢𝐠𝐡𝐭𝐞𝐧𝐢𝐧𝐠
✔️ 𝐅𝐚𝐜𝐢𝐚𝐥 𝐋𝐢𝐟𝐭𝐢𝐧𝐠
✔️ 𝐉𝐚𝐰𝐥𝐢𝐧𝐞 𝐃𝐞𝐟𝐢𝐧𝐢𝐭𝐢𝐨𝐧
✔️ 𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 𝐒𝐭𝐢𝐦𝐮𝐥𝐚𝐭𝐢𝐨𝐧
တို့ကို ရည်ရွယ်ပြီး
မျက်နှာရဲ့ လိုအပ်ချက်နဲ့ အခြေအနေအလိုက် Treatment Plan ချမှတ်ပေးနိုင်ပါတယ်။
အထူးသဖြင့်—
💙✨ “မျက်နှာကို သိသိသာသာ
ပြောင်းလဲမသွားချင်ဘူး”
💙✨ “အရမ်းတင်းသွားတဲ့
Artificial Look မလိုချင်ဘူး”
💙✨ “ကိုယ့်မျက်နှာပုံစံကိုပဲ ပိုပြီး
Sharp & Defined ဖြစ်ချင်တယ်”
ဆိုသူများအတွက်
Natural-looking Aesthetic Result ကို ဦးစားပေးတဲ့ Approach တစ်ခုဖြစ်ပါတယ်။
💙 Luxury Aesthetic ရဲ့ အလှက…
လူတွေက
“ဘာလုပ်ထားတာလဲ?” လို့ မေးစရာမလိုဘဲ
“ဒီနေ့ ဘာလို့ဒီလောက် လန်းနေတာလဲ?”
လို့သာ ခံစားမိစေခြင်းပါ။
အသက်ကို ရပ်တန့်လို့မရပေမယ့်
အသက်အရွယ်ရဲ့ သက်ရောက်မှုကို
ဘယ်လို Manage လုပ်မလဲဆိုတာတော့ ရွေးချယ်လို့ရပါတယ်။
Mirror ထဲက ကိုယ့်ပုံရိပ်ကို
အရင်ထက် ပိုပြီး Sharp.
ပိုပြီး Refined.
ပိုပြီး Confident ဖြစ်စေဖို့—
💎 𝐔𝐥𝐭𝐫𝐚𝐅𝐨𝐫𝐦𝐞𝐫 𝐌𝐏𝐓
at 𝐃𝐫𝐙 𝐒𝐤𝐢𝐧 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜
Treatment တစ်ခု မစခင်
မိမိရဲ့ Skin Condition နဲ့
Facial Structure အပေါ်မူတည်ပြီး
Professional Assessment
ပြုလုပ်ပေးပါသည်။ 💙
🌟 𝐃𝐫𝐙 𝐦𝐚𝐤𝐞 𝐲𝐨𝐮 𝐭𝐡𝐞 𝐛𝐞𝐬𝐭 🌟
12/08/2026
✨ သင့်ဝက်ခြံတွေ ပျောက်သွားပေမယ့်…
အမာရွတ်တွေ ကျန်နေသေးလား?
ဝက်ခြံ (Acne) ပြဿနာက
ပျောက်သွားပြီးတဲ့နောက်မှာတောင်
စိတ်မသက်သာဖြစ်စေတဲ့အရာကတော့…
Acne Scar (ဝက်ခြံအမာရွတ်)များ
ကျန်ရှိနေခြင်းပါ။
ဝက်ခြံဖြစ်စဉ်အတွင်း Skin ရဲ့
အတွင်းပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ရောင်ရမ်းမှု (Inflammation) နဲ့
Skin Tissue ထိခိုက်မှုတွေကြောင့်
ဝက်ခြံပျောက်ပြီး နောက်မှာလည်း အမာရွတ်တွေ ဆက်လက်ကျန်ရှိနိုင်ပါတယ်။
ဒါပေမယ့် တစ်ခုရှိတာက
Acne Scar တိုင်းက တူညီတာ မဟုတ်ပါဘူး။
🔎 Acne Scar အမျိုးအစားတွေကို
နားလည်ဖို့ လိုပါတယ်
1️⃣ 𝐀𝐭𝐫𝐨𝐩𝐡𝐢𝐜 𝐒𝐜𝐚𝐫 (ချိုင့်ဝင်အမာရွတ်)
Skin အတွင်း Collagen လျော့နည်းသွားခြင်းကြောင့် မျက်နှာပေါ်မှာ ချိုင့်ဝင်နေတဲ့
ပုံစံတွေ ဖြစ်ပေါ်နိုင်ပါတယ်။
ဥပမာ -
▪️ Ice Pick Scar
▪️ Boxcar Scar
▪️ Rolling Scar
—————————————————
2️⃣ 𝐏𝐨𝐬𝐭 𝐀𝐜𝐧𝐞 𝐑𝐞𝐝𝐧𝐞𝐬𝐬/𝐃𝐚𝐫𝐤 𝐒𝐩𝐨𝐭
ဝက်ခြံပျောက်ပြီးနောက် အနီစက်၊
အညိုစက်များ ကျန်ရှိနေခြင်းမျိုး
ဖြစ်ပါတယ်။
ဒီလို အရောင်ပြောင်းလဲမှုတွေကို
Scar လို့ထင်တတ်ကြပေမယ့်
အသားအရေ ပြန်လည်ထိန်းသိမ်းမှုနဲ့ သင့်တော်တဲ့ Care Plan လိုအပ်နိုင်ပါတယ်။
⸻————————————-
3️⃣ 𝐑𝐚𝐢𝐬𝐞𝐝 𝐒𝐜𝐚𝐫 (အသားထူအမာရွတ်)
တချို့သူတွေမှာ Skin Healing Process
မမှန်ကန်ခြင်းကြောင့် အမာရွတ်က
မြင့်တက်ထူလာတာမျိုး ဖြစ်နိုင်ပါတယ်။
⸻—————————————-
💎 Acne Scar အတွက် အရေးကြီးဆုံးက…
Scar ရဲ့ အမျိုးအစား၊ Skin Condition နဲ့ Depth ကို မသိဘဲTreatment တစ်မျိုးတည်းကို
ရွေးချယ်ခြင်းက မသင့်တော်ပါဘူး။
လူတစ်ယောက်နဲ့ တစ်ယောက်
Skin Type၊ Scar Type၊ Healing Response တွေ မတူညီကြတာကြောင့်…
Professional Skin Assessment ပြုလုပ်ပြီးမှ
သင့်တော်တဲ့ Treatment Approach ကို ရွေးချယ်ပေးဖို့ အရေးကြီးပါတယ်။
⸻———————————
𝐃𝐫𝐙 𝐒𝐤𝐢𝐧 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 မှာ
✨ Acne Scar အမျိုးအစား
✨ Skin Condition
✨ Scar Depth
✨ လိုအပ်ချက်များ
ကို သေချာစွာစစ်ဆေးပြီး…
လူကြီးမင်းတို့၏ Skin အတွက် သင့်တော်သည့်
Personalized Treatment Plan ကို ရွေးချယ်ပေးနေပါတယ်။
ဝက်ခြံပျောက်ပြီးတဲ့နောက်မှာလည်း
ယုံကြည်မှုရှိတဲ့ Skin တစ်ခုအတွက်
မှန်ကန်တဲ့ Care Journey ကို စတင်လိုက်ပါ။
𝐃𝐫 𝐙 🤍🩶
𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐂𝐚𝐫𝐞 𝐅𝐨𝐫 𝐘𝐨𝐮𝐫 𝐒𝐤𝐢𝐧 𝐉𝐨𝐮𝐫𝐧𝐞𝐲.
04/08/2026
ဝက်ခြံကြောင့် စိတ်ပင်ပန်းနေရတဲ့သူများ
မကျော်သွားဘဲ ဖတ်ပေးပါ
👇👇👇👇👇👇👇👇👇
ဝက်ခြံများက ဆေးလိမ်းရင်
ခဏပျောက်တယ်။
ဆေးသောက်ရင်လည်း ခဏပျောက်တယ်။
ဒါပေမယ့် ပြန်ထွက်လာပြန်တယ်။
ဒီလို ဖြစ်နေတာ
ဘယ်နှစ်လ၊ ဘယ်နှစ်နှစ် ကြာပြီလဲ?
တကယ်တော့ ဝက်ခြံက
“ဆေးတစ်မျိုးနဲ့ ပျောက်မယ့် အနာ”
မျိုး မဟုတ်ပါဘူး။
အရေပြားအောက်မှာ ဖြစ်နေတဲ့ ပြဿနာကို
အရင်းခံကနေ ဖြေရှင်းမှသာ ပြီးဆုံးနိုင်တာပါ။
ဆေးမျိုးစုံ စမ်းပြီးပြီ၊
အွန်လိုင်းကုထုံးတွေ လိုက်လုပ်ပြီးပြီ၊
ဒါပေမယ့် ရလဒ်က
တည်ငြိမ်မနေသေးဘူးဆိုရင်…
ဆေးမျိုးစုံ စမ်းသပ်ခြင်းကို
ဒီမှာတင် အဆုံးသတ်လိုက်ပါ။
စနစ်တကျ စစ်ဆေးပြီး၊
ကိုယ့်အသားအရေအခြေအနေနဲ့ ကိုက်ညီတဲ့ စနစ်တကျ ကုသမှုခံယူဖို့ အချိန်ရောက်ပါပြီ။
𝐃𝐫 𝐙 𝐒𝐤𝐢𝐧 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 တွင်
အသားအရေအခြေအနေကို သေချာစစ်ဆေးပြီး
အရေပြားအမျိုးအစား၊
ဟော်မုန်းအခြေအနေ၊
ဆီထိန်းညှိမှုနဲ့ ရောင်ရမ်းမှုအဆင့်ကို
တစ်ခုချင်းစီ ကြည့်ပြီးမှ
ကုသမှုအစီအစဉ် ရေးဆွဲပေးပါတယ်။
ဝက်ခြံဖြစ်ရတဲ့
အကြောင်းရင်းအပေါ် မူတည်ကာ
သင့်တော်တဲ့ Treatment Plan များကို
အကြံပြုပေးနေပါတယ်။
🤍🩶 ဝက်ခြံကို ဖုံးကွယ်ထားရုံမဟုတ်ဘဲ
ကျန်းမာလှပတဲ့ အသားအရေကို
ပြန်လည်ရရှိဖို့ စနစ်တကျ
စောင့်ရှောက်လိုက်ပါ။
📩 Consultation & Appointment အတွက်
𝐃𝐫 𝐙 သို့ ဆက်သွယ်နိုင်ပါတယ်။
01/08/2026
“ 𝐀𝐮𝐠𝐮𝐬𝐭 𝐒𝐤𝐢𝐧 𝐆𝐨𝐚𝐥 စတင်ဖို့
အဆင်သင့်ဖြစ်ပြီလား?”
လတစ်လအသစ် စတင်တော့မယ့်အချိန်မှာ
မိမိ၏ အသားအရေအတွက်လည်း
အချိန်ပေးလိုက်ပါ ✨
ဒီ 𝐀𝐮𝐠𝐮𝐬𝐭 မှာ…
🤍 𝐒𝐤𝐢𝐧 𝐆𝐥𝐨𝐰
🤍 𝐅𝐢𝐫𝐦 & 𝐓𝐢𝐠𝐡𝐭 𝐒𝐤𝐢𝐧
🤍 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐨𝐨𝐤𝐢𝐧𝐠 𝐒𝐤𝐢𝐧
ရရှိဖို့ 𝐃𝐫𝐙 မှာ သင့်အသားအရေနဲ့
ကိုက်ညီတဲ့ Treatment Plan ကို
ရွေးချယ်ပေးနေပါတယ်။
📩 Booking & Consultation အတွက်
𝐃𝐫𝐙 𝐩𝐚𝐠𝐞 ရဲ့ Message Box မှာ
ဆက်သွယ်နိုင်ပါတယ်။
30/07/2026
👉 𝐀𝐮𝐠𝐮𝐬𝐭 မတိုင်ခင် Booking လုပ်ထားသင့်တဲ့
Treatment 3 မျိုး 👈
“အချိန်မီ သတိပြုပီး ပြင်ဆင်ထားတဲ့ အသားအရေက…
ပိုမိုယုံကြည်မှုရှိတဲ့ ကိုယ်ပိုင် Beauty ကို
ဖန်တီးပေးပါတယ်” 🤍
🏮 ဝါကျွတ်ပြီ ဆိုတာနဲ့
အားလပ်ရက်များ၊ ပွဲလမ်းသဘင်များ၊
မင်္ဂလာဆောင်၊အလှူ စသဖြင့်
အရေးကြီးတဲ့ Event များမတိုင်ခင်
အသားအရေကို ကြိုတင်ပြင်ဆင်ချင်သူများအတွက်
August မတိုင်ခင် Booking လုပ်ထားသင့်တဲ့ Treatment 3 မျိုးကို
𝐃𝐫𝐙 မှ မိတ်ဆက်ပေးလိုက်ပါတယ် ✨
1️⃣✨𝐎𝐥𝐢𝐠𝐢𝐨 𝐔𝐥𝐭𝐫𝐚 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭
အသားအရေ တင်းရင်းမှု လျော့နည်းလာခြင်း၊ မျက်နှာပုံရိပ် မကြည်လင်တော့ခြင်းများကို စိုးရိမ်နေသူများအတွက် …
Non-Invasive Monopolar RF Technology ဖြင့်
နုပျိုတင်းရင်းတဲ့ Skin Look ကို
ပြန်လည်ရရှိစေဖို့ ကူညီပေးပါတယ် 🤍
2️⃣✨𝐔𝐥𝐭𝐫𝐚𝐟𝐨𝐫𝐦𝐞𝐫 𝐌𝐏𝐓
မျက်နှာ Contour ပိုမိုသေသပ်ချင်သူများ၊
အသားအရေ Lift & Firm ဖြစ်စေချင်သူများအတွက်…
နောက်ဆုံးပေါ် MPT Technology နဲ့ Deep Layer ထိ အာနိသင်ပေးတဲ့ HIFU Treatment ✨
3️⃣✨ 𝐄𝐂𝐌 𝐒𝐤𝐢𝐧 𝐁𝐨𝐨𝐬𝐭𝐞𝐫
အသားအရေ ခြောက်သွေ့ခြင်း၊
မညီညာတဲ့ Texture နဲ့ Glow လျော့နည်းလာခြင်းများကို ပြန်လည်ဖြည့်တင်းပေးဖို့…
Healthy Glow & Glass Skin Look ကို
ရရှိစေမယ့် Skin Booster Treatment 🤍
🌿 Treatment တစ်ခုချင်းစီရဲ့ Result က
အသားအရေအခြေအနေပေါ်မူတည်ပြီး အချိန်ယူကာ တဖြည်းဖြည်း
ပေါ်လွင်လာတာကြောင့်…
✨ August အတွက် အလှဆုံး Version ကို
ကြိုတင်ပြင်ဆင်ချင်ရင်
ယနေ့ပဲ 𝐃𝐫𝐙 မှာ
Consultation & Booking လုပ်ထားလိုက်ပါနော် 🤍
📍 𝐃𝐫𝐙 𝐒𝐤𝐢𝐧 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜
🌕🙏 ဝါဆိုလပြည့်နေ့
(ဓမ္မစကြာအခါတော်နေ့) မင်္ဂလာဆုတောင်း 🙏🌕
🙏 စိတ်၏ချမ်းသာခြင်း
🙏 ကိုယ်၏ကျန်းမာခြင်း
🙏 လိုအင်ဆန္ဒများ ပြည့်ဝခြင်း
🙏 မိသားစုနှင့်အတူ
ပျော်ရွှင်အေးချမ်းခြင်းများ
အားလုံး ရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်း
𝐃𝐫 𝐙 𝐒𝐤𝐢𝐧 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐥𝐢𝐧𝐢𝐜 မှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🤍✨
🌿 အလှအပနှင့် ကျန်းမာခြင်းတို့ကို
တန်ဖိုးထားစောင့်ရှောက်ရင်း
မင်္ဂလာရှိသောနေ့ရက်လေး ဖြစ်ကြပါစေ
𝐃𝐫 𝐙 🤍🩶
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
105, Kyuntaw Road
Yangon
11111
Opening Hours
| Monday | 10:00 - 18:00 |
| Tuesday | 10:00 - 18:00 |
| Wednesday | 10:00 - 18:00 |
| Thursday | 10:00 - 18:00 |
| Friday | 10:00 - 18:00 |
| Saturday | 10:00 - 18:00 |
| Sunday | 10:00 - 18:00 |