Princess Girly
ကျန်းမာရေး နဲ့ အလှအပတွေကို သိလိုသမျ?
23/08/2019
မိခင်များ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လည်း မမေ့ပါနဲ့
_______________________________________________
ကလေးမီးဖွားပြီး ဖြစ်တတ်တဲ့ Babyblues က သူ့အလိုလိုပျောက်သွားတတ်ပေမယ့် PPD က ကလေးမွေးပြီး ဘယ်အချိန်မဆို ဖြစ်နို်င်ပါတယ်တဲ့နော်။
ဘယ်သူမဆို ဖြစ်နိုင်ပါတယ်...
၂-၃ နှစ် နေပြီးမှလည်း ဖြစ်နိုင်ပါတယ်တဲ့.....
ဖခင်တွေ ဖြစ်တတ်တဲ့ depression လည်း ရှိပါတယ်တဲ့...
ဒါတွေဟာ ကိုယ့်မှာလည်း ဖြစ်နေနိုင်တယ်... ကိုယ့် သူငယ်ချင်းမှာလည်း ဖြစ်နေနိုင်တယ်။ ကိုယ့် အမေ/ အစ်မမှာလည်း ဖြစ်နေနိုင်ပါတယ်။
ကုလို့ရတယ်.... မသိသာဘူး ဆိုပေမယ့် မသိလိုက်ရင် အသက်အန္တရာယ်ထိ ထိခိုက်နိုင်ပါတယ်။
အနည်းဆုံး မိသားစုရဲ့ အရေးကို ထိခိုက်မယ်။ အိမ်ထောင်ရေးကို ထိခိုက်မယ်။
အများအားဖြင့် လူတွေဟာ ကလေးမီးဖွားပြီးရင် ကလေးကိုပဲ ဝိုင်းဂရုစိုက်နေတတ်ကြပါတယ်။
ကလေးပြုစုစောင့်ရှောက်ရမယ့် မိခင်ကို ဂရုစိုက်ဖို့ မေ့နေတတ်ကြတယ်။ မိခင်မှ မဟုတ်ပါဘူး.... ကလေးကို အနီးကပ်ပြုစုမယ့်သူ အဘွား၊ အဘိုး၊ အဒေါ်၊ ကလေးထိန်း စတဲ့ ဘယ်သူမဆိုရဲ့ စိတ်ကျန်းမာရေး၊ စိတ်ပျော်ရွှင်ရေး၊ စိတ်ကြည်လင်နေရေး၊အခြေခံလိုအပ်ချက်၊ ကျန်းမာရေးကို အလေးထား ဂရုစိုက်သင့်လှပါတယ်။
ကလေးဖခင်တွေလည်း မိမိကိုယ်ကို ဂရုစိုက်သင့်လှပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့.....
⭐️မိမိကိုယ်တိုင်ကိုမှ စိတ်ကျန်းမာအောင် ပျော်ရွှင်အောင် မလုပ်ထားရင် နောက်ထပ် လူသားတစ်ယောက်ကို ဘယ်လိုမှ ပျိုးထောင်နိုင်မှာ မဟုတ်လို့ပါ။
မိမိကိုယ်တိုင် အာဟာရပြည့်အောင် စားသောက်နေထိုင်တတ်မှ၊ ကျန်းမာအောင် ရွေးချယ် နေထိုင်တတ်မှ၊ စိတ်ခံစားချက်တွေကို သိပြီး အပေါ်စီးကနေ မြင်နိုင် ထိန်းနိုင်မှ၊ မိမိလိုအပ်ချက်ကို သိပြီး အနားယူ အင်အားပြန်ဖြည့်တတ်မှ.... မိမိတို့ကနေ ဖြစ်လာမယ့် နောင်မျိုးဆက် ရင်သွေးလေးကို ကောင်းမွန်စွာ ပျိုးထောင်နိုင်မှာပါ။
ကိုယ်ကိုယ်တိုင်ကမှ လူကလည်း ပင်ပန်း၊ စိတ်ကလည်း ဘာလိုအပ်နေမှန်း မသိ... မပျော်ရွှင်ဖြစ်နေရင် ကလေးက ငိုရင် ချော့ရတယ်၊ ကလေးက အိပ်ချင်ရင် သိပ်ရမယ်၊ ကလေးက ကြောက်ရင် ချော့ရတယ် ဆိုတဲ့အခါတွေမှာ မိမိတို့ရဲ့ energy ဟာ ပြည့်မနေတဲ့အတွက် အကျိုးရှိတဲ့ နည်းလမ်းတွေနဲ့ ကလေးကို ဆက်ဆံဖို့ရာ ခက်ခဲသွားပါပြီ။
ဒီလို စိတ်ပျော်ရွှင်မှု၊ကျေနပ်မှု၊ကိုယ်ကျန်းမာမှု၊ positive energy ရှိမှုတွေဟာ ကလေးအတွက်ဆိုတာထက် မိမိရဲ့ နေ့စဉ်ဘဝအတွက် အဆင်ပြေချောမွေ့ဖို့ရာ အရေးကြီးလှပါတယ်။
ဒါကြောင့် မိမိစိတ်ပျော်ရွှင်ရာ၊ စိတ်အင်အားဖြစ်စေရာ activities/ ဝါသနာ တစ်ခုခု ကို ရှာဖွေထားနိုင်ရင် အကောင်းဆုံးပါပဲ။
စိတ်ပင်ပန်းလာပြီဆိုရင် တစ်ယောက်တည်းစာအုပ်လေးတစ်အုပ် ထိုင်ဖတ်လိုက်ဖို့ အချိန်ပေးလိုက်တာမျိုးပဲ ဖြစ်ဖြစ်ပေါ့။ အားကစားတစ်ခုခု လုပ်တာ၊ ကော်ဖီလေးတစ်ခွက်နဲ့ သီချင်းနားထောင်တာ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာ၊ လမ်းလျှောက်တာ၊ တရားထိုင်တာ၊ ယောဂ လုပ်တာ၊ အသက် ရှု လေ့ကျင့်ခန်းလုပ်တာ စသဖြင့် ကိုယ်အားသန်ရာ တစ်ခုခု ပြုလုပ်ပြီး မိမိတို့ရဲ့ positive energy ကို ပြန်ပြီး အားဖြည့်သင့်ပါတယ်။ လူတစ်ယောက်ဟာ ဒီလို အချိန်ကို မဖြစ်မနေ ယူသင့်ပါတယ်။
ဒီအတွက်လည်း မိခင်တွေဟာ အပြစ်ရှိသလို ခံစားစရာ မလိုပါဘူး။ မိမိကိုယ်ကို ဂရုစိုက်ခြင်းဟာ မိမိ မိသားစုကို ဂရုစိုက်တာနဲ့ အတူတူပါပဲ။ မိမိ ပတ်ဝန်းကျင်ကို ပိုပြီး အကျိုးပြုစေနိုင်ပါတယ်။မိမိရဲ့ အိမ်ထောင်ဘက်၊ မိမိရဲ့ သားသမီးတွေဟာ မိမိရဲ့ positive energy ပြည့်ဝနေမှုကို ကျေးဇူးတင်မှာပါ။ ချစ်မှာပါ။
မေတ္တာဖြင့်
Credit - ယုငယ်(နီတိုးလေးမေမေ)
❤️
23/08/2019
27/05/2019
Who want this!!!
09/05/2019
🌻
06/05/2019
👸 ကောင်မလေးတွေအတွက် အကျင့်ကောင်း ၉ခု
➖➖➖➖➖➖➖➖➖
ဘယ်လောက်ပဲချောလှတဲ့ မိန်းကလေးဖြစ်ဖြစ် အိုတတ်ပါတယ်။ ရုပ်ရည်အိုမင်းပေမယ့် ရည်မွန်ကျက်သရေရှိခြင်းနဲ့ အသိဉာဏ်ပညာရှိခြင်းက နေ့ရက်အလိုက် တိုးလာနိုင်ပါတယ်။ ဒါကမှ မိန်းကလေးတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာဖြစ်တယ်။
ဒီလိုဆိုရင် ဘာအကျင့်လေးတွေ လိုအပ်မလဲ... အားလုံးသိပြီးသားတွေဖြစ်ပါတယ်။
❤ Beauty is Healthy ❤
credit to နိုင်းနိုင်းစနေ
#မိန်းကလေး #ဗဟုသုတ #ကျန်းမာရေး #အစားအစာ #အသားအရေ #စာအုပ် #ခရီး #အဝတ်အစား #နူးညံ့
29/04/2019
ရုပ်ချောတဲ့ သူတွေပဲ ဖြေနိုင်ကျတယ် 😁
Snailwhite ချစ်လေးတွေ အပျင်းပြေ ဖြေကြည့်ဖို့ 😘
အဖြေမှန်လေးက ဘယ်လောက်ဖြစ်မလဲ.... ⁉..........................
❓❓❓❓❓
အဖြေသိရရင် fri တွေကို ထပ်မေးဖို့ မမေ့နဲ့နော် 😁😅
မျက်တောင်ကော့တဲ့အချိန်မှာ အခက်အခဲလေးတွေဖြစ်နေတာရှိလား 🙋🏻
ဒါဆိုရင် ဒီvideo လေးကိုကြည့်ပေးနော် 👇 💗💗
အရိုးရှင်းဆုံးက အလှပဆုံးပဲ 💅🏻💞
🌻🌻🌻
Valentines Day 💞 လေးနီးလာပြီ
💅🏻 ချစ်တို့ရဲ့ လက်သည်းလေးတွေ လှဖို့အတွက် 😘
18/01/2019
ကိုယ်တယောက်ထဲ
ဒီလို ခံစားနေရတာလား 😔😔
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |
27/05/2019