Derma E Myanmar Official
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Derma E Myanmar Official, Health/Beauty, Thingangyun, Yangon.
27/11/2018
Firming Series
အနှစ်၄၀ထဲကို ရောက်လာပြီဖြစ်သော Derma E life
အသားအရည် ကောင်းမှာ မလိုလားသူ ရှိမယ်မထင်ပါဘူးနော်။ မအိ ကို အများဆုံးမေးကြတဲ့ အသားအရည် ကြည်လင် လှပဖို့ ဘာတွေသောက်ရမလဲ ..ဘယ်လိုတွေနေထိုင်ရမလဲ ဆိုတဲ့ ကိုယ့် ညီအမတွေ အတွက် အသားအရေကြမ်းတမ်း ညိုညစ်ကြမ်းတမ်းတာ သက်သာဖို့ juice လေးတွေ ပါ။ လွယ်ကူ ရိုးရှင်းပြီး ထိရောက်တာမို့
ဖျော်သောက်ကြည့်ကြပါနော်။
(1) နွားနို့ ( မအိကတော့ Almond milk သုံးပါတယ်) နဲ့ ချယ်ရီသီ်းရောပြီး Blender ထဲမွှေကာဖျော်သောက်ပေးပါ။ ချယ်ရီသီး ကတော့ ခုချိန် Citymart တွေမှာ ရတတ်ပါတယ် ။
၂ ။နှင်းသီးကို အခွံခွာအစေ့ထုတ်ပြီး ကြိတ်ကာ သံပရာသီး ပျားရည်တို့ ရောပြီးလည်း သောက်သုံးပေးပါ။
ဒါပေမယ့် အသားအရေ ညစ်ထေးတဲ့ အကြောင်းအရင်းကို သေချာ သိအောင်လုပ်ပြီးမှ ဘာနေရာဘယ်အချက်က စပြုပြင်သင့်တယ်ဆိုတာ မျိုးကို ဆန်းစစ်ပြီး စတင်လုပ်ဆောင်ပါက အကျိုးထိရောက်မှုပိုရှိစေမှာပါ။ ကိုယ်လက်လှုပ်ရှားမရှိ ပါက လည်း ချွေးပုပ်များအောင်းနေတဲ့ အခါမှာလည်း အသားအရေက အရောင်မထွက် ညစ်ထပ်ထပ်ဖြစ်တတ်ပါတယ်။ အသားအရေ စိုပြေဖို့
၁။များများသောက်ပါ
၂ ။ဝမ်းမချုပ်အောင်ဂရုစိုက်ပါ
၃။အားကစားကို အချိန်ပေးဖြစ်အောင် ပေး၍လုပ်ဆောင်ပါ
ဒါ့အပြင် ရေချိုးတဲ့အခါ အဝတ်ကြမ်းဖြင့် တကိုယ်လုံးကို ချွေးပေါက်များပွင့်အောင် ပွတ်တိုက်ဆေးကြောပါ။
နောက်တချက်အနေနဲ့ ဂေါ်ဖီ ကို ကြိတ်သောက်ပါကလည်း အသားအရေလှစေခြင်းအပြင် ကင်ဆာရောဂါ များကာကွယ်တိုက်ဖျက်ခြင်း အရေပြားကို စင်ကြယ်စေခြင်း စသော အကျိုးထူးပေါင်းများစွာ ရှိနိုင်မှာပါ။
အသားအရည် ကြည်လင်လှပဖို့ အဓိကအချက် ဖြစ်တဲ့ ကိုယ်တွင်း အဆိပ်အပုပ် နည်းနိုင်သမျှ နည်းစေဖို့ အိပ်ရာဝင်ချိန်ကို လည်း စနစ်တကျ ဖြစ်စေဖို့လေ့ကျင့်ပေးရန် အလွန်အရေးကြီးပါတယ်နော် ။အိပ်ချိန်မှန် မှသာ ကိုယ်တွင်းအဆိပ်အပုပ် ရှင်းထုတ်ပေးတဲ့ အဖွဲ့ ရဲ့ အချိန်မလပ် အဆိပ်အပုပ်ရှင်းထုတ်မှုတွေ က ထိရောက်အောင်မြင်နိုင်မှာပါ ။
အဲ့အတွက် ဘယ်အင်္ဂါတွေကဘယ်အချိန်မှာ ဘယ်လိုဆောင်ရွက်ပေးလို့ ကိုယ်က ဘယ်လိုနေထိုင်ပေးရမယ်ဆိုတာလေး မှတ်သားထားမိသမျှလေး ရေးပေးထားပါတယ်။
ည ၉နာရီမှ ၁၁ နာရီမှာ ပြန်ရည်ကြောဖုရဲ့ အဆိပ်ရှင်းထုတ်ချိန်ဖြစ်လို့ ငြိမ်သက်စွာ သီချင်းလေးနားထောင်ပြီးနေသင့်ပါတယ်။
ည၁နာရီမှ နံနက် ၃နာရီထိ ကောင်းစွာအိပ်ပျော်နေမှ အသည်းနှင့်၊သည်းခြေမှ အဆိပ်ရှင်းထုတ်ခြင်းလုပ်ငန်း အောင်မြင်နိုင်မှာပါ။
နံနက်၃နာရီမှ ၅နာရီ ကတော့ အဆုတ်ရဲ့အဆိပ်ရှင်းထုတ်ချိန်ပေါ့။
နံနက် ၅နာရီမှ ၇နာရီမှာတော့ အူမကြီးရဲ့အဆိပ်အပုတ်ရှင်းချိန်မို့ အိမ်သာတက်၍ မစင်စွန့်သင့်ပါတယ်။
နံနက် ၇နာရီမှ၉နာရီ တွင်းမှာတော့ အူသိမ်က အာဟာရဓာတ် များစွာကို စုပ်ယူချိန်ဖြစ်လို့ Breakfast ကို မဖြစ်မနေ မပျက်တမ်းစားကို စားသင့်ပါတယ်။ Breakfast ကို ၇ နာရီခွဲမတိုင်ခင် စားသုံးပေခြင်းကတော့ အကောင်းဆုံးဖြစ်ပါသည်။ ၉နာရီထက် နောက်ကျမှဆိုလျှင်တော့ မစားဘဲနေလိုက်တာ ပိုသင့်တော်ပါတယ်လို့ မှတ်သားထားဖူးသမျှကို ပြောပြအကြံပေးလိုက်ပါတယ်နော်
အထက်ပါနည်းလေးတွေ ကျင့်သုံးပြီး အဆိပ်အတောက် နည်းနိုင်သမျှ နည်းအောင် ကြိုးစားနေထိုင်သွားကြမယ် ဆိုရင် ကိုယ်ခန္ဓာကျန်းမာပေါ့ပါးပြီး ကြည်လင်တဲ့ အသားအရည်လေးပိုင်ဆိုင်ဖို့ က
ဘာမှ မခက်တော့ပါဘူး နော် ❤️❤️❤️
ကိုယ်ရော စိတ်ပါ ကျန်းမာပျော်ရွှင်ကြပါစေ
GOD BLESS YOU ALL
😇😇😇😇😇😇😇😇😇
Credit Ei Myat Noe Thu
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Thingangyun
Yangon