PHYU DIARY
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PHYU DIARY, Yangon.
ဒီဘဝလေးက အေးချမ်းလိုက်တာ 🥰
23/04/2025
ရွှေအကြောင်းကျွမ်းကျင်လို့ေတာ့မဟုတ်ပါဘူး..
ဖတ်မိ လေ့လာမိသလောက်ပါ ။
ထိုင်းရွှေနဲ့ မြန်မာရွှေဘာကွာလဲ ???
ထိုင်းရွှေက ၁၅ ပဲရေပဲရှိပါတယ် တဘတ်သားကို မြန်မာရွှေထက် ၃ သိန်းကျပ် (ဘတ် ၂၄၀၀) ဝန်းကျင်သက်သာတယ်။ ခုပေါက်ဈေးနဲ့တတွက်ကြည့်ရင်ပေါ့နော်။
မြန်မာရွှေက ၁၆ ပဲရေ ( တကယ်ပြည့်မပြည့်တော့မသိပါ)
ပဲရည်နှင့် Karat (K) တိုင်းတာစနစ်များ
Karat နှင့် ပဲရည် ဆက်စပ်မှု
မြန်မာနိုင်ငံမှာတော့ပဲရေနဲ့ပြောကြတယ်..
အနောက်နိုင်ငံတွေမှာ karat နဲ့ပြောကြတယ်..
နောက် ညီမတယောက်က ဒီလိုပြောပါတယ်။
(ထိုင်းရွှေနဲ့ မြန်မာရွှေစျေးလေးကွာတာက gram ချိန်မတူလို့
ရှမ်းရွှေ ၁ ကျပ်က 15.2 gram ရှိပြီး
မြန်မာရွှေ ၁ ကျပ်က 16.6 gram ရှိပါတယ်)
25/08/2024
ရွှေလုပ်တဲ့အယောက် ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းခန့်က ရွှေရောင်း ရွှေ၀ယ်တာနဲ့ ပတ်သတ်ပြီး နားမလည်ကြပါဘူး။
နားမလည်သည့်အတွက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်စေနိုင်ပါတယ် ။
ထို့ကြောင့် ရွှေနဲ့ ပတ်သတ်ပြီးအခြေခံဗဟုသုတလေး မျှဝေပေးလိုက်ပါတယ် . . .
ရွှေဆိုသည်မှာ..........
- အခေါက်ရွှေ (သို့မဟုတ်) မီးလင်း
- ၁၅ ပဲရည် (ဆယ့်ငါးပဲရည်)
- ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ်
- ၁၄ ပဲရည် (ဆယ့်လေးပဲရည်)
- ရွေးသုံးဆယ်စပ်
- မိုးကြိုး
" ရွှေ " ကို ချိန်တွယ်ရာတွင် " ကျပ်သား " ပေါ် မူတည် စံပြု၍ ချိန်တွယ်သောကြောင့် ရွှေအချိန်အတွယ်တွင်
" ကျပ်သား " ၊ " ပဲသား." ၊ " ရွေးသား " ဟူ၍ အဆင့်ဆင့် ပါရှိသည်။
အောက်ပါတို့မှာ ရန်ကုန် အလေးချိန်ဖြစ်ပါသည် ။
တစ်ကျပ်သား = ၁၆ ပဲ = ရွေး ၁၂၈
ငါးမူးသား = ၈ပဲ = ရွေး ၆၄
တစ်မတ်သား = ၄ပဲ = ရွေး ၃၂
တမူးသား = ၂ပဲ = ရွေး ၁၆
တစ်ပဲသား = ရွေး ၈
အောက်ပါတို့မှာ မန္တလေး အလေးချိန် ဖြစ်ပါသည် ။
တစ်ကျပ်သား = ၁၆ ပဲ =ရွေး ၁၂၀
ငါးမူးသား = ၈ပဲ(ရှစ်ပဲ) = ရွေး ၆၀
တစ်မတ်သား = ၄ပဲ = ရွေး ၃၀
တစ်မူးသား = ၂ပဲ = ၁၅ ရွေး
တစ်ပဲသား = ၇.၅ ရွေး ။
ရွှေ၏ အရည်အသွေးနှင့် အခေါ်ဝေါ်ဖြစ်ပေါ်ပုံ ......
မီးလင်း နှင့် အခေါက်သည် အတူတူ ခေါ်ဝေါ်ပုံသာကွဲသည် ရွှေစျေး အသုံးအနှုန်းကို အခေါက်ရွှေနှင့်သာ အရောင်းအ၀ယ်လုပ်သူများ အသုံးပြုပြောကြားကြသည်။
အခေါက်ရွှေဆိုသည်မှာ ၉၉.၉၉ ရာခိုင်နှုန်းဒြပ်စင်ဖြစ်သည်။
၁၅ ပဲရည်ဆိုသည်မှာ အခေါက်ရွှေ ၁၅ပဲသားနှင့် ကြေးနီ+ဘော် အချိုးကျ ၁ဲ(တစ်ပဲ) သားနှင့်ရောစပ်ပြီး တစ်ကျပ်သားပြုလုပ်ထားတာဖြစ်သည်။
ဒင်္ဂါးရည် (သို့) ၁၂ ရွေးစပ်ဆိုသည်မှာလည်း အခေါက်ရွှေ ၁၀၈ ရွေးကို ကြေးနီ+ဘော် ၁၂ရွေး အချိုးကျ ရောစပ်ထားတာဖြစ်သည်။
၁၄ ပဲရည် ဆိုသည်မှာလည်း ထိုနည်း၎င်း အခေါက်ရွှေ ၁၄ပဲ သားကို
ကြေးနီနှင့် ဘော်အချိုးကျ ၂ပဲသား ရောစပ်ထားခြင်းပဲဖြစ်ပါသည်။
ရွေးသုံးဆယ်စပ် ဆိုတာကတော့ အခေါက်ရွှေ သုံးမတ်သား ရွေး (သို့) ၁၂ပဲသားကို ကြေးနီ+ဘော်အချိုးကျ ၁ မတ်သားရောစပ်၍ တစ်ကျပ်သားဖြစ်အောင် ပြုလုပ်ထားတာဖြစ်သည်။
မိုးကြိုး- ဆိုသည်မှာတော့ အခေါက်ရွှေ တစ်မတ်သား (၄ပဲ)ကို ကြေးနီ+ဘော် အချိုးကျ သုံးမတ်သား(၁၂ပဲ)သား ရောစပ်၍ တစ်ကျပ်သားဖြစ်အောင်ပြုလုပ် ထားတာဖြစ်တယ်။
အခေါက်ရွှေ ပျော့တယ်
ကြေးနီနှင့်ဘော် ပါ၀င်နှုန်းများလာလေ ရွှေဟာ အရည်ညံ့လေ မာလာလေဖြစ်ပါတယ်။
အခေါက်ရွှေကို မီးနဲ့ နီရဲးလာအောင် အပူပေး ရေထဲသို့ ချလျှင်သော်၎င်း ဒီအတိုင်းပဲ အအေးခံလျှင်သော်၎င်း
အဝါရောင်အတိုင်း မပြောင်းလဲပဲမြင်တွေ့ရပါလိမ့်မယ်။
ရွှေထည်များ၀ယ်ယူ ၀တ်ဆင်ပြီးပါက ပြန်လည်ရောင်းချသောအခါ ဘောက်ချာ ပျောက်လျှင်သော်၎င်း မိမိ၀ယ်ယူသည့် ဆိုင်မဟုတ်ပဲ
တစ်ခြားဆိုင်သို့ ရောင်လျှင်သော်၎င်း စျေးအနှိမ်ခံရပါတယ်။
အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့
ရွှေထည်တစ်ခု လုပ်တော့မယ်ဆိုရင် ဂဟေဆော်ရတယ်။ အဲ့ဒီဂဟေဆော်ဖို့က အထည်လုပ်မည့်ရွှေ အမျိုးအစား ၂ ဆကို ကြေးနီနှင့်ဘော် ဆတူ၀န်းကျင် ရောစပ်ထားတဲ့ စပ်ခဲ ၁ဆနဲ့ ရောရတယ်။
ရွှေထည် တစ်ကျပ်သားဆိုပါက စပ်ခဲ ၁ ရွေးမှစ၍ ၅ ရွေး ၆ ရွေးအထိ၀င်ပါတယ်။
တစ်ခါတစ်ရံ တစ်ပဲ၀န်းကျင်သာ အတင်ချိန်ရှိတဲ့ နားကပ် လက်စွပ် တစ်ခုခုပြုလုပ်ပါကလဲ စပ်ခဲ ၁ရွေး ၂ ရွေးအထိ ၀င်ပါတယ်။
နားကပ်တစ်ရံဆိုပါစို့ ရွှေချိန်က ၁ဲ သားပဲရှိတယ် စပ်ခဲက ၂ရွေးလောက်၀င်နေတယ်။
ရွှေက ၅ ရွေးခွဲပဲကျန်တော့တယ်။
ဆိုင်က.ကိုယ်၀ယ်ခဲ့တော့ ၁ပဲဖိုးပေးခဲ့ရတယ်။ တစ်ကယ်တမ်း ရွှေပါတာက ၁ပဲ မပြည့်ဘူး။
အလျှော့တွက်လက်ခက ၁ ကျပ်သားကို ၃ ရွေးလောက်ပေးရတယ် ။ ကိုယ်၀ယ်မယ်ဆိုရင် အတင်ချိန်+အလျှော့တွက်လက်ခ ၁၀.၅ ရွေးဖိုးပေးခဲ့ရတယ်။ တစ်ကယ်တမ်း အဲ့ဒီအထည်မှာပါတဲ့ ရွှေက ၅ ရွေးခွဲလောက်ပါတယ်။
ဒါကို မိမိ၀ယ်ယူတဲ့ဆိုင်မှာ ပြန်ရောင်းမယ်ဆိုရင် ပြဿနာမရှိဘူး ရွှေချိန် ၁ပဲကိုလဲ ၁ပဲ ဖိုးပြန်ပေးတယ်။
အလျှော့တွက်လက်ခ ၃ ရွေးယူထားတာကိုလဲ အထည်မပျက်စီးသေးဘူးဆိုရင် တစ်၀က်ဖိုးပြန်ပေးတယ်။ အဲ့ဒါကြောင့် မိမိ၀ယ်ယူတဲ့ဆိုင်ကို ပြန်ရောင်းမယ်ဆိုရင် အလျှော့တွက် တစ်၀က်လောက်ပဲရှုံးတယ် ။ အခြားဆိုင်မှာ သွားရောင်းမယ်ဆိုပါက သူတို့လုပ်ထားတဲ့ အထည်မဟုတ်တဲ့အတွက် လက်ရှိအထည်မှာပါတဲ့ ရွှေတန်ဖိုးကိုပဲ တွက်၀ယ်မှာဖြစ်ပါတယ်။
ရွှေပါ၀င်တာက ၅ ရွေးခွဲလောက်ပဲရှိမယ်ဆိုရင် သူတို့အတွက် အမြတ်က တစ်ခြမ်းလောက်ချန်လိုက်မယ်(တစ်ရွေး၏တစ်၀က်) ရောင်းတဲ့လူမှာ ၅ ရွေးဖိုးပဲပြန်ရတော့မယ်။ ၀ယ်တုန်းက ဆယ်ရွေးနဲ့ တစ်ခြမ်းရှိတယ် ငါးရွေးခွဲလောက် ရှုံးသွားမယ်။
ရွှေထည်များ၀ယ်ယူမည် ဆိုပါက ထိုကဲ့သို့ ရှိပါသည်။
တစ်ကယ်လို့ ပိုက်ဆံပျောက်ပျက်သွားမှာစိုးလို့ ရွှေ၀ယ်ထားချင်တယ်ဆိုရင် အကယ်ဒမီ မီးလင်း အခေါက် အခဲလိုက်၀ယ်ထားတာက အဆင်အပြေဆုံးပါ။
မူရင်း ရေးသားသူကို လေးစားစွာဖြင့် ကူးယူဖော်ပြအပ်ပါသည်။
မီးပျက်ချိန် ဟင်းချက်လက်ရာလေးတွေ ❤️
Video Editing က အချိန်ပေးမလုပ်နိုင်တော့
အဲလိုဖြစ်နေတယ်ရှင်
18/08/2024
မြေဂရန် လျှောက်ရင် / ဂရန်မြေဝယ်ရင်
လိုအပ်တဲ့ အချက်အလက်များပါ။
Credit
18/08/2024
အခြေခံသိထားသင့်သော မြန်မာ့ရွှေတွက်နည်း ‼️
💟မြန်မာနိုင်ငံမှာတော့ ရွှေကို အလေးချိန် ကျပ် ပဲ ရွေး နဲ့ပဲ ချိန်လေ့တွက်လေ့ရှိပါတယ်
တစ်ကျပ် = ၁၆ ပဲ
တစ်ပဲ = ၈ ရွေး
တစ်ကျပ် = ၁၂၈ ရွေး
ရန်ကုန်နဲ့ အခြားမြို့တွေမှာ ဒီအလေးချိန်ကိုပဲ အသုံးပြုကြပါတယ်
မန္တလေးမှာတော့ အချို့နေရာတွေမှာ တစ်ပဲ=၇.၅ ရွေး တစ်ကျပ်=၁၂၀ရွေးနဲ့ တွက်ပါတယ်
ဂရမ်အနေနဲ့ဆို
၁ ကျပ်သား = ၁၆.၃၃၁ ဂရမ်
၁ အောင်စ = ၁ ကျပ် ၁၁ ပဲ ၆ ရွေး
💟 ဘယ်နှစ်ပဲရည်ဆိုတာကတော့ တစ်ကျပ်သားမှာ ပါဝင်တဲ့ ရွှေ% ကိုပြောတာပါ
ရွှေကိုအထည်လုပ်မယ်ဆို ရွှေသားစစ်စစ်ကပျော့တဲ့အတွက် အခြားသတ္တုနဲ့ရောစပ်ရပါတယ်
၁၆ပဲရည်ဆိုတာ တစ်ကျပ်သားဖြစ်တဲ့ ၁၆ ပဲလုံးရွှေသားစစ်စစ် အရောအနှောမရှိဘူးလို့ပြောတာပါ မီးဖုတ်ကြည့်ရင် မမဲတဲ့အတွက် မီးလင်း အခေါက်ရွှေလို့ခေါ်ကြပါတယ်
၁၄ ပဲရည်ဆိုတာ ၁၆ပဲမှာ ရွှေ ၁၄ ပဲနဲ့ အခြားသတ္တု(ကြေး) ၂ ပဲ ရောစပ်ထားတာပါ ကြေးပါတဲ့အတွက်ကြောင့် မီးဖုတ်ကြည့်ရင် မဲသွားပါတယ် ငရဲမီးစိမ်လိုက်မှ မူလရွှေရောင် ပြန်ရပါတယ်
၁၅ ပဲရည်လဲ ဒီသဘောတရားအတိုင်းပါပဲ
အတွင်းစပ်ဆိုတာ ရွှေ၁၄ ပဲ+ ကြေး ၂ပဲ ပေါင်းတစ်ကျပ် ဖြစ်ပြီး
အပြင်စပ်ဆိုတာ ရွှေတစ်ကျပ်+ကြေး ၂ပဲ ပေါင်း ၁၈ပဲ ဖြစ်ပါတယ်
၁၄ပဲ ၂ပြားဆိုတာ ရွှေ ၁၄ပဲ ၄ရွေး+ကြေး ၁ပဲ၄ရွေး ရောစပ်ထားတာဖြစ်ပါတယ်
💟 အနောက်တိုင်းမှာတော့ ရွှေပါဝင်နှုန်းကို Karat နဲ့ပြောပါတယ် (ကျောက်မှာသုံးတဲ့ unit ဖြစ်တဲ့ carat နဲ့ မတူပါ) အတိုကောက် k လို့သုံးပါတယ်
24 k = ၁၆ ပဲရည်
23 k = ၁၅ ပဲရည်
22 k = ၁၄ ပဲ ၂ ပြား
21 k = ၁၄ ပဲရည်
20 k = ၁၃ ပဲရည်
19 k = ၁၂ ပဲ ၂ ပြား
18 k = ၁၂ ပဲရည်
17 k = ၁၁ ပဲ ၂ပြား
16 k = ၁၁ ပဲရည်
15 k = ၁၀ ပဲရည်
14 k = ၉ ပဲရည်
13 k = ၈ ပဲ ၂ ပြား
12 k = ၈ ပဲရည်
💟 ၈ ပဲရည်အောက်နိမ့်သောရွှေကို မိုးကြိုးလို့ခေါ်ပါတယ် ဂဟေဆော်ရာမှာသာ အသုံးပြုပြီး လက်ဝတ်ရတနာအနေနဲ့တော့ ၁၂ ပဲရည်အောက် လုပ်လေ့မရှိပါ
👉 ရွှေတွက်နည်း 👈
၁၆ပဲရည်တစ်ကျပ်သား ပေါက်စျေးကို ကိုယ်တွက်ချင်တဲ့ ရွှေအမျိုးအစား တစ်ကျပ်သားစျေးအဖြစ် အရင်တွက်ရပါမယ်
ဥပမာ ၁၄ ပဲရည် အပြင်စပ်အတွက်
16÷18×️ပေါက်စျေး
16÷18×️887000=788444
၁၄ ပဲရည် အတွင်းစပ်အတွက်
14÷16×️ပေါက်စျေး
၁၅ ပဲရည်အတွက်
16÷17×️ပေါက်စျေး (အပြင်စပ်)
15÷16×️ပေါက်စျေး (အတွင်းစပ်)
ဒါဆိုကိုယ်တွက်ချင်တဲ့ ရွှေအမျိုးအစားရဲ့ တစ်ကျပ်သားစျေး ရပါပြီ
ရွှေတင်ချိန်ကို အလျော့တွက်နဲ့ပေါင်း ပြီးရင်စုစုပေါင်းအလေးချိန်ကို ဒီလိုတွက်ရပါမယ်
👉 ရွေး÷8+ပဲ÷16+ကျပ်×️တစ်ကျပ်သားစျေး
ဥပမာ .....
၁၄ ပဲရည် အပြင်စပ်
ရွှေတင်ချိန် 1 ကျပ် 7 ပဲ 4 ရွေး
အလျော့တွက် 1 ပဲ 6 ရွေး ဆိုပါဆို့
ပေါင်းလိုက်ရင် 1 ကျပ် 9 ပဲ 2 ရွေးပါ
2÷8+9÷16+1×788444=1244263 ပါ
ရွှေဝယ်ပြီး ပြန်ရောင်းတဲ့အခါ ရွှေစျေးတက်တာတောင် ရှုံးတယ် ဆိုတာကတော့ ပြန်ရောင်းတဲ့အခါ အလျော့တွက်ကို ထည့်မတွက်ပဲ ရွှေတင်ချိန်ကိုသာ တွက်လေ့ရှိတာကြောင့်ပါ
အလျော့တွက်ဆိုတာ အထည်လုပ်တဲ့အချိန်ရွှေအလေအလွင့် ပန်းတိမ်ဆရာလက်ခ တွေပေးရတာဖြစ်တာကြောင့် ပြန်မရတာပါ
ဒါပေမယ့် မရှုံးချင်ဘူးဆို အလျော့တွက်မပါတဲ့ အလျော့တွက်နည်းတဲ့ အထည်တွေကိုရွေးချယ်ဝယ်ယူလို့ ရပါတယ်
ကမ္ဘာ့ရွှေစျေးကို မြန်မာရွှေစျေးအဖြစ်တွက်ပုံကတော့
ကမ္ဘာ့ရွှေစျေး÷1.875×ဒေါ်လာပေါက်စျေးပါ
1304÷1.875×1280=890000 ပါ
ဒါပေမယ့် ရွှေဟာ export inport ပစ္စည်းမဟုတ်တာကြောင့် ပြည်တွင်းစျေးနဲ့ တစ်ထပ်ထည်းတော့ မကျနိုင်ပါ
နောက်တစ်ချက် ရွှေရဲ့ Specific Gravity ဟာ 19.32 ရှိတာကြောင့် သိပ်သသည်းဆအများဆုံးသတ္တု ဖြစ်တာကြောင့် အတုလုပ်မယ်ဆို ဒါမှမဟုတ်အတွင်းမှာ အစာသွပ်ထားမယ်ဟဆိုရင် ထုထည်ဟာရှိသင့်တဲ့အရွယ်အစားထက် ကြီးကိုကြီးနေမှာပါ......
လိုအပ်ချက်များရှိသွားခဲ့လျှင်cmtမှာ
ဖြည့်စွက်ရေးသားနိုင်ပါသည် ။
+ကိုယ်သိသလောက်
16/08/2024
ဂရမ်ချိန်ကို ကျပ် ပဲ ရွေး ပြောင်းစရာမလိုအလွယ်တစ်ကူ ရွှေတွက်နည်း နှင့် Platinum / whitegold တန္ဖိုး တွက်နည်းများ ။
------------------------------------------------
#ရွှေတွက်နည်း
ပုံသေနည်း - [ ဂရမ်ချိန် 16.6 ရွှေဈေး ]
ဥပမာ တွက်ကြည့်မယ် - ကိုယ်၀ယ်ထားတဲ့ရွှေက ၁၅ဲပဲရညျ 7.45 ဂရမ် ရှိတယ်ဆိုပါစို့ ..ယနေ့ ၁.၁၁.၂၀၁၉
၁၅ ပဲရည် တစ်ကျပ်သားဈေး ( 1151000 ကျပ်)
7.45 16.6 1151000 = 516563 ကျပ်
516563 မွာ 7.45 ဂရမ် ရွှေတန်ဖိုးဖြစ်သည်။
-------------------------------------------------
နှင့် တွက်နည်း
သတိပြုရန် - Platinum ဖြစ်ဖြစ် whitegold ဖြစ်ဖြစ်
ဥပမာ - 1 ဂရမ် ကို ၇၅၀၀၀ ဆိုပါစို့....
1 ဂရမ် ၇၅၀၀၀ ကို ၁၆.၆ နှင့် မြှောက်လိုက်ပါ။
(၇၅၀၀၀ ၁၆.၆ = ၁၂၄၅၀၀၀)
ပုံသေနည်း - [ ဂရမ် 16.6 ကာလ ပေါက်ဈေး ]
ဥပမာ - Platinum သို့မဟုတ် whitegold 2.45 ဂရမ်
ဆိုပါစို့ ......
2.45 16.6 1245000 = 183749 ကျပ်
183749 မွာ Platinum သို့မဟုတ် whitegold
2.45 ဂရမ် တန်ဖိုးဖြစ်သည်။
#မှတ်ချက် - ဂရမ် ကို gm ဟု အတိုကောက်ရေးသည်။
-----------------------------------------------------
#ဂရမ်ချိန်အလွယ်မှတ်ထားနည်း
၁ ကျပ်သား - 16.6 gm
၈ ပဲသား - 8.3 gm
၄ ပဲသား - 4.15 gm
၂ ပဲသား - 2.07 gm
၁ ပဲသား - 1.03 gm
၄ ရွေး - 0.51 gm
၂ ရွေး - 0.25 gm
၁ ရွေး - 0.12 gm
၁ခြမ်း - 0.06 gm
ဒီအချိန်မှာ ရောင်းမှားဝယ်မှားမဖြစ်အောင်
နစ်နာမှုမရှိအောင် တင်ပေးခြင်းဖြစ်ပါတယ်ရှင့်
ရွှေဈေးကောင်းလာတော့ တွက်တတ်အောင်
သင်ထားကြပါလို့
02/07/2024
🌹အခွင့်သာတုန်းလိုက်ခဲ့ပါအမေ🌹
သမီးကျောပေါ်သို့....
အမေ့ကို ထမ်းပိုးရတာ
ခဏပါ......
သမီးကို အမေ ပိုးခဲ့တာ
၉ လ လွယ် ၁၀ လဖွား
သုံးလေးနှစ်သား အထိပါ.....
ကျောကုန်းတွေထူ ခါးတွေပူ
အမေ တလည့် အဖေ တလည့်
သမီးကို ချီပိုးခဲ့တာ သမီး အသိပါ......
ခု့အခါ
သမီးတလည့် ထမ်းပိုးရတာ
ဝေါ ကြေးမတတ်နိုင်လို့ မဟုတ်ပါအမေ
အမေ ဖူးချင်သည့် ဘုရား...
ကိုယ်တိုင် ထမ်းလို့ သမီးပို့မယ်
ပုခုံး ခါးတို့ ဘယ်လောက်နာနာ ပီတိဖွာ
အမေကို တလည့် ထမ်းပိုးခွင့်ရတာ....
နိုင်းမရတဲ့ ကုသိုလ်ပါ
ကျေးဇူး အထူးပါ အမေ.....
သမီးကို အခွင့် အထူးပေးလို့
အမေ ရွှင်လန်း ချမ်းမြေ့ပါစေ
သမီး ထမ်းပိုးပါရစေ...မေမေ
-AT
.Nan Lay
01/11/2023
နောက်ကျော ဓားနဲ့ထိုးလိုက်တဲ့သူကို
လှည့်ကြည့်လိုက်တော့
မိတ်ဆွေရင်းချာကြီး ဖြစ်နေတယ်
ရင်ဘတ်ဆောင့်ကန် လိုက်တဲ့သူကို
မျက်နှာချင်းဆိုင် ကြည့်လိုက်တော့
လုပ်ဖော်ကိုင်ဖက်ကြီး ဖြစ်နေတယ်
ခေါင်းပေါ်ခြေထောက်နဲ့ ဖိထားတဲ့သူကို
သတိထားကြည့်လိုက်တော့
တစ်ခါ နှစ်ခါ " ဆရာ "
ခေါ်ဖူးတဲ့သူ ဖြစ်နေတယ်
ခြေထောက်အောက်
ငြှောင့်ဆူးထောင်ထားတဲ့သူကို
လှည့်ကြည့်လိုက်တော့
တပည့်ရင်းချာတစ်ဦး ဖြစ်နေတယ်
ဘေးဘယ်ညာ , ဝဲနှစ်ဖက်မှာ
ဟုတ် … ဟုတ် , မဟုတ်.ဟုတ်
သွားပုတ်လေလွှင့်နေသူတွေကို
ကိုယ့်ရဲ့သတင်း လွှင့်နေသူတွေကို
လှမ်းကြည့်လိုက်တော့
" မျက်နှာစိမ်း " မဟုတ်တဲ့
" မျက်နှာကျက် " တွေဖြစ်နေပြန်တယ်
ဒီလောက်တောင် ခံနေရတာတောင်
ဘာမှ မတုံ့ပြန်တော့ဘူးလား " တဲ့....
အသံတစ်သံက မေးနေရဲ့
(ကိုယ်ပြုသောအမှု မဟုတ်လို့
တုန့်ပြန်ဖို့ လိုမယ်မထင်..
သူ့စားရိတ်နဲ့ သူသွားပါလိမ့်မည်)
Credit....မူရင်းရေးသူ
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။
#မေတ္တာဖြင့်
Click here to claim your Sponsored Listing.
Contact the business
Website
Address
Yangon