Hnin Ei
မင်္ဂလာပါ
စွမ်းလေးမေမေ Online Shopping မှကြိုဆိုပါတယ်
18/11/2022
လူတစ်ယောက်က အရွယ်နဲ့မလိုက်အောင်
အရွယ်တင်ပြီး နုပျိုတယ်။လှနေတယ်။
ချောနေတယ်ဆိုရင် အဲဒီလူက စိတ်ထား
ကောင်းတယ်။ဖြူစင်တယ်။ရိုးသားတယ်။
ဘဝကို ပျော်ပျော်နေတတ်တယ်။
ပွင့်လင်းတယ်။Skin care တာလဲပါတယ်
ဆိုပေမဲ့ အဓိက စိတ်ထားကောင်းပြီး စိတ်က
ကြည်ကြည်လင်လင်ရှိလို့ စိတ်အကြည်ဓာတ်က
ရုပ်ရည်ကို ပိုနုပျိုစေတာပါ။
ကိုယ့်အသက်ထက် များစွာအရွယ်တင်ပြီး
နုပျိုတဲ့လူတွေက ကောက်ကျစ်တာတွေ မရှိဘူး။
သဘောကျတဲ့သူဆို သဘောကျမယ်။
သဘောမကျတဲ့ဆို အဝေးကနေ ရှောင်လိုက်မယ်။
ကိုယ့်ကြောင့် နစ်နာမှာ ထိခိုက်မှာ မလိုလားကြဘူး။ရယ်မောရင် အားရပါးရ ရယ်တတ်တယ်။ရင့်ကျက်ပေမဲ့ တစ်ခါတလေ ကလေးဆန်တတ်ပါတယ်။
တော်တော်များများ အရွယ်တင်နုပျိုတဲ့လူတွေက
စိတ်သဘောထား အင်မတန်ကောင်းတယ်။
ပျော်ပျော်နေတတ်တာ များပါတယ်။
အဲတော့ အရွယ်တင်နုပျိုချင်ရင်
စိတ်ထားလှအောင် အမြဲနေပါ။
အတွေးလွန်တာလျှော့ပြီး ပျော်ပျော်နေပါ။
ကိုယ့်မျက်နှာလေး ပိုရယ်မောနိုင်အောင် ဖန်တီးယူပါ။
07/11/2022
ကံကောင်းခြင်းတွေသယ်ဆောင်လာနေပါပြီ
02/11/2022
28/10/2022
အောင်မြင်မှုတခုရဲ့အခြေခံကဘာတွေလည်း❗❗
ကိုယ်တိုင်နှစ်သက်ပြီး ကိုယ်တိုင်ဝါသနာပါနေဖို့ပါ
တချို့တွေကြိုက်တော့ကြိုက်တယ် ကိုယ်တိုင်လုပ်စားဖို့ပျင်းတတ်ပါတယ် အမှန်တော့ဝါသနာမပါလို့ပါနော်။
အဲ့လိုဆိုရင်လည်းမအောင်မြင်နိုင်သေးပါဘူး။
ကိုယ်လုပ်တဲ့အလုပ်ကိုတကယ်ချစ်ပြီး တကယ်ဝါသနာပါနေမယ်ဆိုရင် အချိန်တန်ရင်ကျွမ်းကျင်တဲ့အဆင့်နဲ့အောင်မြင်တဲ့သူတယောက်ဖြစ်လာမှာပါ။
အရှုံးဆိုတာလူတိုင်းမှာရှိပါတယ်
ငါခြေထောက်တွေက မသန်လို့လမ်းလျှောက်တိုင်းလဲကျနေရပါလားဆိုပြီး ထိုင်နေလိုက်ရင်ကြာလာတာနဲ့အမျှ အကြောတွေသေသွားမှာပေါ့လေ။
အဲ့တော့အတွေးတွေကိုစပြောင်းမယ် ဘယ်နှစ်ကြိမ်လဲနိုင်မလဲဆိုတာမကြည့်ဘဲ လဲကျတိုင်းဘယ်နှစ်ကြိမ်ပြန်ထနိုင်ပြီဆိုတဲ့အေတွးမျိုးနဲ့ရှေ့ဆက်လျှောက်ကြည့်လိုက်ပါ သာယာလှပတဲ့ရှုခင်းတွေက သင့်ကိုစောင့်ကြိုနေမှာပါ။💪💪💪
19/10/2022
ကံကောင်းခြင်းတွေရောက်လာနေတဲ့နိမိတ်လေး
18/10/2022
အလုပ်လုပ်တဲ့အခါ
"ပ"သုံးလုံးနဲ့ရွေးပြီးလုပ်ပါတယ်။
၁။ ပျော်ရဲ့လား
၂။ ပိုက်ဆံရရဲ့လားကိုယ်လိုချင်တဲ့ဘဝနေထိုင်မှုကို ပံ့ပိုးပေးနိုင်ရဲ့လား
၃။ ပိုကြာလေပိုကျွမ်းကျင်လာလေ ဖြစ်ရဲ့လား
တကယ်အကျိုးရှိပါတယ်နော်
17/10/2022
ဆိုင်တဖက်နဲ့ပင်ပန်းသမျှ ပိုနေတဲ့အချိန်တွေကို အလကားသက်သက်မဖြစ်စေဖို့ကို ကိုယ့်ရဲ့လီလီဆီမှာပြန်လည်သင်းကြားနေတာနဲ့တင် အမောတွေပြေနေပါပြီ။
သိပြီးသွားကြပြီလား ⁉️⁉️
TikTok videoကို Facebook မှာပြန်သုံးရင် Facebook မှာအမြင်များစေဖို့ ဘယ်လိုတင်ရသလဲ
သိချင်ရင်အောက်မှာမန့်ခဲ့ပေးသွားနော်
အိမ်ရှင်မဆိုတော့အိမ်ရှင်မတာဝန်ကတော့ကျေပွန်ရပါတယ်ရှင့်။
အိမ်ထောင်ရှင်မဖြစ်သွားလို့ ကလေးအမေဖြစ်သွားလို့ဆိုပြီး ကိုယ်ရည်ကိုယ်သွေးကိုဘယ်တော့မှအကျမခံနိုင်တာကလည်းကျွန်မရဲ့မာနပါရှင့်။ ဖြစ်သလိုလည်းဘယ်တော့မှမနေတတ်ခဲ့ပါ။
အမြဲတမ်းလန်းဆန်းတက်ကြွပြီးအများက လေးစားအားကျရတဲ့အိမ်ရှင်မတယောက်ဖြစ်နေစေဖို့ကသာကျွန်မအတွက်အဓိကပါ။
16/10/2022
ကျွန်မရဲ့လက်ကီးလေးတွေရောက်လာပါပြီ။🥰🎉
လက်ကီးလေးတွေကိုကုသိုလ်ပြန်ပြုမယ်။
ကျန်းမာရေးအတွက်လိုအပ်တဲ့လူကိုပြန်လည်ကုသိုလ်ပြုခွင့်ရလို့ကျေနပ်ပီတိဖြစ်မိပါတယ်။
ငါ့ဥစ္စာ၊ ငါ့ပစ္စည်းဘယ်တော့မှ အဆွဲမထားတတ်တဲ့ကိုယ့်အကျင့်လေးကို သဘောကျမိတယ်။ ဒီအကျင့်လေးတွေကြောင့်လည်း ပြန်ရလာတဲ့အရာတွေကလည်းသူများထက်ကိုသာနေတယ်။
အဲ့တော့အမြဲတမ်းလည်းဆုေတာင်းတယ်ပေးကမ်းလှူတမ်းနိုင်တဲ့လက်တစုံသာဖြစ်ရပါစေသား။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Hlaing Township
Yangon
110