Hair Salon by CS
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hair Salon by CS, Hair salon, infront of Witoriya Hospital, beside Feel Res, 9miles, Mayangone, Yangon.
06/08/2026
Hair Salon by CS ရဲ့ လစဉ် Gift Voucher ကံစမ်းမဲတွင်ပါ၀င်ဖို့ အခုပဲဆိုင်ကိုလာရောက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင့်။ ❤️
Gift Voucher ကံစမ်းမဲတွင်ပါ၀င်ရန်
(၁) * ဝန်ဆောင်မှုယူပါ: ဝန်ဆောင်မှုယူပြီး ငွေရှင်းသည့်အခါ Voucher ရယူပါ။အချက်အလက်ဖြည့်ပါ။
(၂) *Voucher အနောက်ဘက်ရှိ တံဆိပ်တုံးနေရာတွင် မိမိ၏အမည် နှင့်ဖုန်းနံပါတ်ကို ဖြည့်စွက်ပါ။
(၃) *မဲပုံးထဲထည့်ပါ။ ဆိုင်ကောင်တာရှိမဲပုံးဒာကြည် ထဲသို့ မဲကူပွန် ထည့်သွင်းပြီး ၄၅ ရက်တစ်ကြိမ် မဲနှိုက်မည့် Gift Voucher များကို ရင်ခုန်စွာ စောင့်မျှော်လိုက်ပါ။
📍Address
Taw Win Road, In Front of Victoria Hospital, Mayangone Township, Yangon, Myanmar.
ဆက်သွယ်ရန် ဆိုင်ဖုန်း
☎️09420078731
10/07/2026
ဒီနေ့မှာတော့ အမျိုးသမီးများဆံပင်ကျွတ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းများကိုဖော်ပြပေးလိုက်ပါတယ်ရှင့်။❤️❤️
ဆံပင်ကျွတ်လို့ ဆံသားတွေ ပါးနေပြီလား။ သင်က ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသုံးနေပေမဲ့ ဆံပင်တွေ ကျွတ်နေတုန်းဆိုရင် အဲဒါနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ဖို့ လိုနေပါပြီ။ ကျွန်မတို့တွေက ဆံပင်ကျွတ်တာအတွက် ဆေးဘက်ဆိုင်ရာအကူအညီကို မရှာဖွေကြပေမဲ့ ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းကိုတော့ တွေးဖြစ်ကြပါတယ်။ Blossom Kochhar Group of Companies ရဲ့ ဉက္ကဌ ဒေါက်တာ ဘလို့စ်ဆွန် ကိုချဟာ (Blossom Kochhar) ကတော့ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကို မျှဝေပေးထားပါတယ်။
လူတိုင်းဟာ ခေါင်းပေါ်က ဆံပင်တွေ ကျွတ်ပြီးပါးသွားတဲ့အခါ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာတတ်ကြပါတယ်။ ဒါပေမဲ့ ဆံပင်ကျွတ်ပြီး ဆံပင်ပါးရခြင်းအကြောင်းအရင်းကို သိဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒေါက်တာ ဘလို့စ်ဆွန် မျှဝေပေးထားတဲ့ ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းကို ကြည့်လိုက်ရအောင်…။
🛑စိတ်ဖိစီးခြင်း – ကျွန်မတို့ အလွန်အကျွံတွေးလွန်းတဲ့အခါ၊စိတ်ဖိစီးလွန်းတဲ့အခါ ကျွန်မတို့ရဲ့ အာရုံကြောစနစ်တစ်ခုလုံးနဲ့ အစာခြေစနစ်တွေ ကမောက်ကမာဖြစ်ရပါတယ်။ အဲဒါက အတွင်းပိုင်းမညီမျှမှုတွေဖြစ်ပေါ်လာပြီး လိုအပ်တဲ့ အာဟာရဓာတ်ကို မပေးစွမ်းနိုင်တာကြောင့် ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ပါးခြင်းကို ဖြစ်စေပါတယ်။
🛑တစ်နေ့တာအစားအစာ – ဘိုင်အိုတင်၊ ဇင့်စ် နဲ့ ဗီတာမင်ဒီချို့တဲ့ခြင်းက ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ပါးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဗီတာမင် ဒီချို့တဲ့ခြင်းကြောင့် ထိပ်ပြောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ပါးခြင်းတွေ မဖြစ်အောင် ခန္ဓာကိုယ်က လိုအပ်တဲ့အာဟာရဓာတ်တွေရဖို့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့စားသောက်နေထိုင်မှုပုံစံကို ထိန်းထားဖို့ အရေးကြီးပါတယ်။
🛑ဗောက်ထခြင်း – ဆံပင်ကျွတ်ခြင်းရဲ့နောက်ထပ်အကြောင်းအရင်းကတော့ ဗောက်ထခြင်းပါပဲ။ ခေါင်းမှာ ဗောက်ဖတ်တွေ စုပုံလာတဲ့အတွက် ကျွန်မတို့တွေက ခေါင်းယားယံလို့ ကုတ်မိကြပါတယ်။ အဲဒီလိုလုပ်တာက ဆံသားကို အားနည်းသွားစေပြီး ရလဒ်အနေနဲ့ ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းတွေဖြစ်လာစေပါတယ်။
🛑ကိုယ်အလေးချိန် – ကိုယ်အလေးချိန်သိသိသာသာကျသွားတာက သင့်ရဲ့ဆံပင်အပေါ် ဆိုးရွားတဲ့သက်ရောက်မှုရှိစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျသွားရင်းနဲ့ အရေးကြီးတဲ့ အာဟာရဓာတ်တချို့ကိုလည်း ဆုံးရှုံးရပြီး ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတဲ့ ဆိုးကျိုးလည်း ရှိလာစေနိုင်ပါတယ်။
🛑အသက်အရွယ် – ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အသက်ကြီးလာတာနဲ့ ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေ အများကြီးဖြစ်လာပြီး ဆံပင်တွေ ကျွတ်လာနိုင်ပါတယ်။
Address
Win Road, In Front of Victoria Hospital, Mayangone Township, Yangon, Myanmar.
ဆက်သွယ်ရန် ဆိုင်ဖုန်း
09420078731
Level 3A-01, Sein Gay Har Parami Shopping Center
Corner Insein Road & Parami Road, Hlaing Tsp, Yangon, Myanmar.
ဆက်သွယ်ရန် ဆိုင်ဖုန်း
09795 933910
16/06/2026
သင့်ဆံပင်ကို အနုပညာလက်ရာနဲ့ ပြင်ဆင်ပေးမယ့် Hair Salon by CSဆိုင်ကနေ ကြိုဆိုပါတယ်။ ကျွန်မတို့ဆိုင်မှာ သင့်ရဲ့ဆံသားအလှကို အထူးဂရုစိုက်ပေးပြီး ခေတ်မီသောပုံစံများနဲ့ လှပမှုကို ဖန်တီးပေးလျက်ရှိနေပါတယ်ရှင့်။
✅ ဆံပင်ညှပ်/ပုံသွင်း – သင့်လျော်တဲ့ ဆံစပ်ပုံစံနဲ့ ခေတ်စားသော ဆံပင်အလှဆင်မှုများ
✅ ဆံသားထိန်းသိမ်းမှု – ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပျက်စီးခြင်းမှ ကာကွယ်ပေးသော ကုထုံးများ
✅ ဆံပင်ဆိုးဆေး/ဟိုက်လိုက် – သဘာဝဆိုးဆေးများဖြင့် လှပပြီး ဘေးကင်းစွာ အရောင်ပြောင်းပေးခြင်း
✅ ခေါင်းလျှော်နှင့် အလှပြင်ဝန်ဆောင်မှု – သင့်ဆံသားအတွက် အကောင်းဆုံး ထိန်းသိမ်းမှုများ
ဘာကြောင့် ကျွန်မတို့ကို ရွေးချယ်သင့်လဲ?
✨ အတွေ့အကြုံရှိ ဒီဇိုင်နာများ – သင့်မျက်နှာအလှနဲ့ ကိုက်ညီမယ့် ဆံပင်ပုံစံကို အကြံပေးနိုင်ပါတယ်။
✨ သဘာဝထုတ်ကုန်များ – ဆံသားကို မထိခိုက်စေတဲ့ အရည်အသွေးမြင့် ပစ္စည်းများသာ အသုံးခြင်း
✨ သက်တောင့်သက်သာ – သန့်ရှင်းလန်းဆန်းပြီး စိတ်ချမ်းသာစရာ ပတ်ဝန်းကျင်
📍တည်နေရာ
Taw Win Road, In Front of Victoria Hospital, Mayangone Township, Yangon, Myanmar.
☎️ ဖုန်း – 09 420078731
"သင့်ရဲ့လှပမှုကို Hair Salon by CS နဲ့အတူ အသစ်တစ်ဖန် ဖော်ဆောင်လိုက်ပါ" 💖
Banches Address📌
Level 3A-11, Sein Gay Har Parami Shopping Center
Corner Insein Road & Parami Road, Hlaing Tsp, Yangon, Myanmar.
ဆက်သွယ်ရန် ဆိုင်ဖုန်း
☎️09795 933910
Win Road, In Front of Victoria Hospital, Mayangone Township, Yangon, Myanmar.
ဆက်သွယ်ရန် ဆိုင်ဖုန်း
☎️09404590040
02/06/2026
✨ ယခု ချိန်ထိ ကိုယ့်နဲ့မလိုက်ဖက်တဲ့ Hair Style တွေညှပ်မိနေတုန်းလား ..?
လူတိုင်း Hair Style အလန်းတွေ ပြောင်းလဲနေချိန်မှာ ခေတ်နောက်မကျနေရအောင် Hair Salon by CS မှာ ကိုယ့်ရဲ့ new look ကိုရှာဖွေလိုက်ပါ။ 😍
Win Road, In Front of Victoria Hospital, Mayangone Township, Yangon, Myanmar.
ဆက်သွယ်ရန် ဆိုင်ဖုန်း
☎️09420078731
Win Road, In Front of Victoria Hospital, Mayangone Township, Yangon, Myanmar
ဆက်သွယ်ရန် ဆိုင်ဖုန်း
☎️09404590040
13/05/2026
🧡ကဲ... ဒီနေ့မှာတော့ မိမိမြတ်နိုးရတဲ့ ဆံသားလေးတွေ ကျန်းမာသန်စွမ်းဖို့ ဆောင်ရင်ရှောင်ရန်လေးများကို sharing လုပ်ပေးလိုက်ပါတယ်ရှင့် 😍😍
ဆံသားလေးတွေ ကျန်းမာနေစေဖို့ဆံသားလေးတွေ ကျန်းမာသန်စွမ်းနေစေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။
❤️ဆံပင်ကို ပေါင်းတင်ပါ
ဆံပင်ကို ပေါင်းတင်ပါဆိုလို့ ဘယ်လိုပေါင်းဆေးတွေဝယ်ရမလဲဆိုပြီး တွေးမနေနဲ့နော်။ သဘာဝ ပစ္စည်းတွေဖြစ်ကြတဲ့ ရှားစောင်းလက်ပပ် လိုမျိုုးအရာတွေကို အသုံးပြုပေးလို့ရပါတယ်။ ခေါင်းလျှော်ပြီးစ ဆံပင်မခြောက်တခြောက်အနေအထားမှာ ဆံသားကိုရော ဦးရေပြားကိုပါ ရှားစောင်းလက်ပပ် ဂျယ်လီသား လိမ်းပေးရုံပါ။
❤️ခေါင်းပုံမှန်လျှော်ပါ
ခေါင်းလျှော်တာက ဆံသားကိုရော ဦးရေပြားကိုပါ ကျန်းမာစေနိုင်ပါတယ်။ ခေါင်းကို နေ့တိုင်းမဟုတ်ရင်တောင် အနည်းဆုံး ၂ ရက်ခြားတစ်ခါလောက်လျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါမှာလည်း အရမ်းကုတ်မလျှော်မိဖို့ သတိထားပါ။ ခေါင်းလျှော်တဲ့အခါတိုင်း ရေကို စင်နေအောင် ဆေးချဖို့လိုပါမယ်။ ဒါမှ ဆံသားတွေ ကျန်းမာမှာပါ။
❤️ဦးရေပြားကို နှိပ်နယ်ပါ
ဦးရေပြားကို နှိပ်နယ်တာက ဆံသားတွေကို သန်စွမ်းစေသလို ဦးရေပြားမှာ သွေးစီးဆင်းမှုကောင်းစေပြီး ဦးရေပြားပြဿနာကင်းလို့ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ဦးရေပြားကို ခေါင်းမလျှော်ခင်မှာ လက်ချောင်းထိပ်လေးတွေ သုံးလို့ ခပ်ဖွဖွလေးနှိပ်နယ်ပေးပါ။
❤️Conditioner သုံးပါ
ဆံပင်အဖျားနှစ်ခွဖြစ်တာ၊ ဆံသားတွေကြမ်းတာ၊ ကျိုးပျက်တာတွေကို ကာကွယ်ဖို့ဆိုရင် ဆံပင်ကို Conditioner သုံးပေးဖို့လိုပါမယ်။ သဘာဝ Conditioner အနေနဲ့ ခေါင်းမလျှော်ခင်တစ်ညမှာ ဆံပင်ကို သံလွင်ဆီ၊ အုန်းဆီ၊ နှမ်းဆီ တစ်မျိုးမျိုးကို အရင်းကနေ အဖျားထိသေချာစွာ လိမ်းပါ။ ပြီးရင် ဆံပင်ကို ပလပ်စတစ် ခေါင်းစွပ်လေးစွပ်လို့ တစ်ညထားပါ။ မနက်နိုးတဲ့အခါ နှစ်သက်ရာ ခေါင်းလျှော်ရည်ကို သုံးလို့ သေချာ စင်နေအောင် လျှော်ပေးပါ။
❤️ခဏခဏ ခေါင်းမလျှော်ပါနဲ့
ခေါင်းလျှော်တာက ဆံသား ကျန်းမာရေးကို အထောက်အကူပြုပေမယ့် ဆံပင်ကို ခဏခဏလျှော်နေတာကတော့ ဆံသားတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်ပဲ ခေါင်းလျှော်ပါ။ နေ့တိုင်း ခေါင်းလျှော်တာမျိုးမလုပ်ပါနဲ့။ ဆံသားပျက်စီးစေနိုင်တာကြောင့်ပါ။
❤️ရေခြောက်အောင်သုတ်ပါ
ခေါင်းလျှော်ပြီးတိုင်း ရေခြောက်အောင်သုတ်ပါ။ ရေခြောက်အောင် မသုတ်တာက ဦးရေပြားကျန်းမာရေးကို ထိခိုက်စေသလို ဆံသားတွေရဲ့ သန်စွမ်းမှုကိုလည်း ထိခိုက်စေပါတယ်။ ဗောက်ထတာ အပြင် အမျိုးမျိုးသော ဦးရေပြား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးတိုင်း ရေခြောက်အောင် သုတ်ပါ။
❤️အပူချိန်ပြင်းပြင်းနဲ့ အခြောက်မခံပါနဲ့
ဆံပင်မခြောက်မှာဆိုပြီး Dryer ကိုသုံးလို့ အပူချိန် ပြင်းပြင်းနဲ့ အခြောက်ခံတာမျိုးက အဆင်မပြေပါဘူး။ ဒီလိုလုပ်တာကလည်း ဆံသားကို ထိခိုက်စေနိုင်တဲ့ အပြုအမူတစ်ခုပါ။ ခပ်နွေးနွေး အနေအထားနဲ့ပဲ အခြောက်ခံပါ။
❤️ခပ်ကြမ်းကြမ်း မသုတ်ပါနဲ့
ခေါင်းလျှော်ပြီးတဲ့အခါ တဘက်ကို အသုံးပြုပြီး ခပ်ကြမ်းကြမ်းသုတ်တာက ဆံသားကို ထိခိုက်စေနိုင်ပါတယ်။ ဆံပင်တွေကို ကျိုးပျက်လွယ်စေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကို ခပ်ကြမ်းကြမ်းမသုတ်ဖို့လည်း သတိထားပေးပါ။
❤️ဆံပင်ကို ဆီလိမ်းပါ
ဆံပင်ကို ဆီလိမ်းတာကလည်း ဆံသားကို အာဟာရဖြည့်တာပါပဲ။ ဦးရေပြားကိုလည်း အာဟာရဖြည့်ပေးရာရောက်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါတိုင်း လက်ဖဝါးထဲကို ဆီနည်းနည်းထည့်ပြီး ဆံပင်ကို အရင်းကနေ အဖျားထိ လိမ်းပေးပါ။ ခပ်ပါးပါးဖြစ်ဖြစ် လူးရင်တောင် ဆံပင်ပျက်စီးမှုကို ကာကွယ်နိုင်မှာပါ။
အပူဒဏ်ကနေ ကာကွယ်ပါ
အပူဒဏ်ကနေ ကာကွယ်ဖို့လိုတာ အသားအရေတင်မဟုတ်ပါဘူး။ ဆံသားကိုလည်း အသားအရေလိုပဲ နေရောင်ဒဏ်ကနေ ကာကွယ်ဖို့လိုပါမယ်။ ဒါကြောင့် အပြင်သွားတဲ့အခါ ထီးဆောင်းတာ၊ ဦးထုပ်ဆောင်းတာမျိုး လုပ်ပေးဖို့ မမေ့ပါနဲ့။
❤️ခေါင်းဖြီးပါ
ခေါင်းဖြီးတာက ဆံသားရော၊ ဦးရေပြားကိုပါ ကျန်းမာစေပါတယ်။ ဆံပင်ကျွတ်တာကို သက်သာစေနိုင်သလို ဆံသားတွေကို ကျန်းမာသန်စွမ်းစေပြီး ဦးရေပြားကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်ဖို့ဆိုရင် ခေါင်းဖြီးဖို့ကလည်း မေ့ထားလို့မဖြစ်ပါဘူး။
❤️ကျန်းမာအောင် စားပါ
ဆံပင်ကျန်းမာစေဖို့ ရေများများသောက်တာ။ အသီးအရွက်တွေ၊ သစ်သီးတွေစားတာမျိုးလုပ်ပေးပါ။ ပြုပြင်ထားတဲ့အစားအစာတွေ၊ အသင့်ပြင်ထားတဲ့ အစားအစာတွေစားသုံးတာမျိုး၊ ခေါက်ဆွဲပြုတ်လို အရာမျိုးတွေ စားတာမျိုးလျှော့ပါ။
05/05/2026
✨ Hair Salon by CS မှာ သင့်ရဲ့ အလှတရားကို အသစ်တစ်ဖန် ပုံဖော်လိုက်ပါ ✨
ဆံကေသာဟာ မိန်းကလေးတစ်ယောက်ရဲ့ ဒုတိယမျက်နှာပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်မျက်နှာကျနဲ့ လိုက်ဖက်ပြီး ယုံကြည်မှုအပြည့် ရှိစေမယ့် ဆံကေသာ ပုံစံမျိုး ရရှိဖို့ Hair Salon by CS က အမြဲအသင့်ရှိနေမှာပါ။ ✂️💖
ကျွမ်းကျင်တဲ့ ဆံပင်ပညာရှင်ကိုယ်တိုင် စိတ်တိုင်းကျ ဝန်ဆောင်မှုပေးနေတာမို့ ဆံပင်ညှပ်တာပဲဖြစ်ဖြစ်၊ ကာလာဆိုးတာပဲဖြစ်ဖြစ် စိတ်အေးချမ်းသာစွာ လာရောက်နိုင်ပါတယ်။
Win Road, In Front of Victoria Hospital, Mayangone Township, Yangon, Myanmar.
ဆက်သွယ်ရန် ဆိုင်ဖုန်း
☎️09420078731
Win Road, In Front of Victoria Hospital, Mayangone Township, Yangon, Myanmar
ဆက်သွယ်ရန် ဆိုင်ဖုန်း
☎️09404590040
18/04/2026
Hair Salon by CS ဆိုင်ကို ပုံမှန်အချိန်အတိုင်း ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ချစ်သောမိတ်ဆွေများအား အသိပေးအပ်ပါတယ်ရှင့် ❤️🥰
13/04/2026
ပျော်ရွင်ဖွယ် သင်္ကြန်နေ့ရက်လေးတွေဖြစ်ပါစေလို့
Hair Salon by CS မိသားစုများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ❤️
10/04/2026
နှစ်သစ်ကူးဆိုင်ပိတ်ရက် အဖြစ် (12-4-2026) မှ (17-4-2026) အထိ ဆိုင်ခေတ္တပိတ်မည်ဖြစ်သောကြောင့် ဆိုင်မပိတ်ခင် Hairstyle လန်းလန်းလေးတွေ လာရောက် change ဖို့ မမေ့နဲ့ဦးနော် 🥰
29/03/2026
🤩crazy color လေးတွေကြိုက်တဲ့ customer များကို
Hair Salon by CSမှ stylist များက အလှဆုံးဖန်တီးပေးနေပါပြီရှင့်။ ❤️
🥰လူပြည့်မှာ စိုးရိမ်တဲ့ချစ်Customerများ ဖုန်းကြိုဆက်၍ Booking ယူပြီး လာရောက်နိုင်ပါ ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် 💈💈💈
မိတ်ဟောင်း မိတ်သစ်များ အားလုံးကိုလည်း မှ ကြိုဆိုအပ်ပါသည်။
Address
Win Road, In Front of Victoria Hospital, Mayangon Township, Yangon, Myanmar.
ဆက်သွယ်ရန် ဆိုင်ဖုန်း
09420078731
Level 3A-11, Sein Gay Har Parami Shopping Center
Corner Insein Road & Parami Road, Hlaing Tsp, Yangon, Myanmar.
ဆက်သွယ်ရန် ဆိုင်ဖုန်း
09795 933910
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Infront Of Witoriya Hospital, Beside Feel Res, 9miles, Mayangone
Yangon
1160
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 20:00 |
| Sunday | 09:00 - 20:00 |