Too's Daily Life
Love Is In The Hair.....
04/07/2026
ပွဲစားကြီးဖိုးထောင်လုပ်ပါအုံးမယ်.....😁😁😁
🏛️ Estella Townhouse ငှားမည်။ မိန်းလမ်းမပေါ်၊ ဝင်ပေါက်ဂိတ်နှင့်အနီးဆုံး၊ မြောက်အလှည့်လေးပါ။
🏛️ Condition >> 2RC အကြမ်းထည် (Included Solar)
🏛️ Rental Fee >> ၁၅ သိန်း (Nego)
🏛️ Contract Type >> 1 Year Contract
လိုအပ်ချက်အရ ၂လုံးတွဲလိုချင်လည်း ၂လုံးကပ်ရပ်ရမယ်ဗျ။
စိတ်ဝင်စားလို့အသေးစိတ်သိချင်တာမျိုးရှိခဲ့ရင်
☎️ 09-7400 150 59 ကိုဆက်ပေးပါ။
03/07/2026
🇧🇪 Belgium တုန်းကပုံလေးတွေမတင်ရသေးတာမို့....
(လူကအလုပ်ကြွေးတွေများပြီး ဘယ်ကစလုပ်ရမှန်းတောင်သေချာမသိတော့ဘူး။)
✨ နောက်ရက်ကိုတော့ နိုင်ငံကြီးတွေကို Visa လျှောက်မယ်ဆိုရင် Agent ကိုသေသေချာချာရွေးဖို့နဲ့ ကိုယ် Recommend လုပ်ပေးချင်တဲ့ Agent လေးအကြောင်းသေချာလေးရေးပေးမယ်နော်။
#ဥရောပရောက်နေ့စွဲများ
01/07/2026
✨ အလုပ်ကိစ္စကြီးကြီးမားမားတစ်ခုလုပ်မယ်လို့
စီစဉ်လိုက်တိုင်း ရွေးချယ်စရာ ၂ ခုအမြဲပေါ်ပေါ်လာတယ်။
(နားရက်လေးတစ်ရက်ရပါတယ် အလုပ်ကိစ္စနဲ့တစ်နေကုန်
အပြင်သွားရ၊ လူတွေနဲ့တွေ့ရ၊ စကားတွေပြောရနဲ့
တော်သေးတာပေါ့ အားကိုးရတဲ့ချစ်သူရှိလို့.🤭🤭🤭)
အရမ်းစိတ်ရှုပ်လာရင် ဥရောပကိုအပြီးထွက်သွားလိုက်မှာနော်
29/06/2026
✨ ဘယ်လိုနယ်ပယ်မျိုးမှာဖြစ်ဖြစ် ကူးချတယ်ဆိုတာမကြာခဏကြားနေရတဲ့စကားစုလေးပေါ့။
✨ ဟုတ်ပါတယ်တစ်ချို့သောဖန်တီးမှုတွေ၊ စကားလုံးတွေ၊ Service Menu တွေနဲ့ ကိုယ်ဟန်အမူအရာတွေက လိုက်ပြီးတုပကူးယူလိုက်ယုံနဲ့ အဲ့ဒီ့ကိုယ်ကူးယူလိုက်တဲ့သူအဖြစ် တန်းပြီးဖြစ်သွားတာမျိုးမဟုတ်ဘူးနော်။ ဒီနေရာမှာကျွန်တော်ပြောချင်တာက ကူးယူတာကိုအပြစ်တင်ချင်ယုံသက်သက်မဟုတ်ဘူးနော်။
"ဟယ်ဒီနာမည်လေးကတော့လှတယ် ဒီ Service Menu လေးကို ငါ့ဆိုင်မှာလည်းဒီနာမည်အတိုင်းပေးလိုက်မယ်" ဆိုပြီးကူးယူလိုက်ရုံနဲ့ တစ်ဖက်ကအချိန်ကုန်ငွေကုန်အပင်ပန်းခံပြီး လှလှပပဖြစ်အောင် ဘယ်လိုဖန်တီးမွေးထုတ်ထားခဲ့လဲဆိုတာအထိကိုတွေးကြည့်တတ်ရမယ်၊ ဒဲ့ဒီလိုအားစိုက်ထုတ်မှုမျိုးရှိရမယ်ဆိုတာကိုပြောပြချင်တာပါ။
✨ နောက်တစ်ချက်က အဲ့လိုနာမည်တူလိုက်ပေးရုံနဲ့ ကိုယ်ကူးချထားတဲ့သူရဲ့ ဖန်တီးမှုလက်ရာအတိုင်း အရည်အသွေးအတိုင်း ထပ်တူထွက်မယ်လိုထင်နေတယ်ဆိုရင်တော့ သေချာတယ် အဲ့ဒီ့လူဆေးခန်းပြသင့်နေပါပြီ။
(Formula မရှိ၊ Concept မမိတဲ့ဖန်တီးမှုတွေကဘယ်တော့မှကြာကြာမခံသလို အရည်အသွေးလည်းရှိမနေပါဘူး)
✨ ဒါတွေကိုဘာကြောင့်လိုက်ပြောနေရလဲဆိုရင် စေတနာရှိလိုပါ ဘယ်လိုစေတနာလဲဆိုရင်ကိုယ့်ရဲ့ဒီ Salon Industry ကြီးကိုတိုးတက်စေချင်တဲ့စေတနာပါ။ ကိုယ့်ကိုယ် ကို Professional လိုနှုတ်ဖျားကမချလိုက်ပြောပြနေစရာမလိုတဲ့ စစ်မှန်တဲ့ဖန်တီးမှုတွေကို ချပြနိုင်တဲ့သူတွေဖြစ်ကြပါစေလို့ဆန္ဒပြုလျှက်။
ဟုတ်ကဲ့.....ကိုတူးပါ ✌️✌️
#တွေးမိရေးမိသော_မေတ္တာစာလေးများ
26/06/2026
"ကံ ဆိုတာ (အလုပ်)" လို့ကျွန်တော်တို့တွေသိထားကြတယ်ဟုတ်?
✨ ကံဆိုတာသူ့အလိုလိုကောင်းလာတယ်ဆိုတာ ဘယ်တုန်းကမှမရှိခဲ့ဘူးလေနော်။
အဲ့ဒီကံတွေကောင်းလာဖို့ ကျွန်တော်တို့တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေကိုဘာတွေပြင်ဆင်ထားကြလဲ
✨ ကျွန်တော်သိတဲ့ လူတစ်ယောက်ကံကောင်းလာစေဖို့ဆိုတာ သူလုပ်တဲ့အလုပ်မှာကျွမ်းကျင်မှုရှိရပါမယ်။ ဒါမှသာကိုယ်ရောင်းချရမဲ့ Service သော်လည်းကောင်း၊ ကုန်ပစ္စည်းသော်လည်းကောင်းကို ကာစတန်မာတွေကလက်ခံမှာပါ။
#ကျွမ်းကျင်မှုမရှိရင်_ကောင်းမွန်မှုဆိုတာကလည်းဘယ်လိုမှဖြစ်လာနိုင်စရာမရှိဘူးလေနော်
✨ ရိုးသားမှုရှိဖိုဆိုတာကလည်း သိပ်ကိုအရေးကြီးပါတယ်။ ကျွန်တော်ကိုယ်တိုင်သတ်မှတ်ပေးထားတဲ့ ကျွန်တော့်ရဲ့ VIP ဧည့်သည်တွေဆိုတာ ကျွန်တော်နဲ့ဆက်ဆံလာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ (တစ်ချို့ဆိုတက္ကသိုလ်ကျောင်းသူအပျိုဘဝကတည်းကနေ အခုဆိုအိမ်ထောင်တွေကျ ကလေးတွေရလို့ အဲ့ကလေးတွေတောင်ကျောင်းတွေတက်ပြီး ဦးဦးတူးရဲ့ကာစတန်မာတွေတောင်ပြန်ဖြစ်နေပါပြီ) ဒါကဘာကိုပြန်ပြလဲဆိုရင် ဆက်ဆံရေးတွေကို ရိုးသားစွာထူထောင်ထားတာဖြစ်လို့ပါ။
✨ ကျွန်တော်ဟာငွေမျက်နှာတစ်ခုတည်းကိုသာကြည့်ပြီး ကျွန်တော်ရဲ့ကျွမ်းကျင်မှု၊ ကျွန်တော့်ရဲ့ပညာတွေကိုဘယ်တုန်းကမှရောင်းစားခဲ့သူမဟုတ်လို့ပါ။ ဆံပင်ကလုပ်သင့်တဲ့အချိန်မဟုတ်သေးဘူး လုပ်စရာမလိုသေးဘူးလှနေသေးတယ်ဆိုရင် မလာနဲ့အုံးလှနေသေးတယ်ဆိုပြီးအမြဲပြောတတ်သူပါ။ ဒါကြောင့်မို့ #ရိုးသားတဲ့ဆက်ဆံရေးတွေဟာ_ရေရှည်တည်မြဲစေတယ်ဆိုတာက်ုသက်သေပြနေပါတယ်
✨ ကိုယ်လုပ်တဲ့အလုပ် ကိုယ့်ဧည့်သည်တွေအပေါ် စေတနာရှိဖို့ကလည်း သိပ်ကိုအရေးကြီးပါတယ်။ ခရီးတွေသွားလို့ အသစ်ထွက်တဲ့ကောင်းတဲ့ Products လေးတွေတွေ့ရင် ငါ့ဧည့်သည်တွေအတွက်ဆိုတဲ့စိတ်စေတနာလေးနဲ့ယှဉ်ပြီးဝယ်လာဖြစ်တာမျိုး၊ ကိုယ့်အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုအရ ဆံပင်တစ်ခေါင်းကို ၅ မိနစ်နဲ့ပြီးအောင်ညှပ်ပြီး ပိုက်ဆံတွေသဲ့ယူလို့ရပေမဲ့လို့ မတူညီကြတဲ့ဦးခေါင်းပုံတွေ၊ ဆံပင်ပေါက်တဲ့ Direction တွေကိုသေချာလေးကြည့်၊ Bone Structure တွေကိုလေ့လာပြီးတဲ့အခါမှ
Layer by layer သေသေချာချာလေးအချိန်ပေးပြီး လှပတဲ့ Hairstyle တစ်ခုကိုဖန်တီးပေးတာကလည်း ကိုယ့်ဧည့်သည်အပေါ်ထားတဲ့စေတနာပါပဲ။ #အဲ့စေတနာတွေကမျက်စိနဲ့မမြင်နိုင်ပေမဲ့လို့_နှလုံးသားနဲ့ခံစားလို့ရပါတယ်
✨ ဒါကြောင့်မို့ကံကောင်းစေဖို့ဆိုရင်
Marketing Budget တွေနင်းကန်သုံးရုံ၊ ဆယ်လီတွေကိုအသုံးချရုပ်ပြရုံ၊ information အမှားတွေကိုယုတ္တိရှိရှိ အာပေါင်အာရင်းသန်စွာ လျှောက်ပြောနေရမှာမဟုတ်ပါဘူးနော်။ အဲ့လိုတွေလျှောက်လုပ်နေတဲ့သူတွေဟာလည်းတစ်ခဏပါပဲ အဲ့လိုတွေမလုပ်နိုင်တော့တဲ့တစ်နေ့ လူတွေကသူ့တို့ကိုမေ့သွားကြမှာပါ။
✨ ဒါကြောင့်မို့ ဘယ်အလုပ်ကိုပဲလုပ်လုပ်
ကျွမ်းကျင်မှုရှိဖို့ကြိုးစားပါ။
ရိုးသားတဲ့ဆက်ဆံရေးတွေကိုထူထောင်ပါ။
ကိုယ်နဲ့ဆက်ဆံရတဲ့တစ်ဖက်သားအပေါ် ကာစတန်မာဖြစ်စေ၊ အလုပ်ရှင်ဖြစ်စေ၊ ကိုယ်ဝန်ထမ်းအပေါ်ဖြစ်စေစေတနာထားပေးနိုင်ဖို့ကြိုးစားပါ။ ဒါဆိုရင်သင့်ရဲ့ (ကံ)အလုပ် တွေကအရင်ထက်ပိုကောင်းလာမှာအသေအချာပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီ့အတိုင်းကြိုးစားနေတုန်းပါပဲခင်ဗျ။
ဟုတ်ကဲ့...ကျွန်တော်...ကိုတူးပါ။ ✌️✌️
#တွေးမိရေးမိသော_မေတ္တာစာလေးများ
25/06/2026
💝 ပြန်ရောက်ပါပြီခင်ဗျာ....
အခုတော့ ရက် ၂၀ ကျော်ငတ်ကြီးကျလာသမျှ
အတိုးချစားလိုက်ပါအုံးမယ်။
ရန်ကုန်ကစထွက်တဲ့နေ့အပါ Total 22ရက် တိတိ
ဥရောပ ၆ နိုင်ငံရဲ့ မြို့အတော်များများကိုလည်ခဲ့ပါတယ်။
ဘယ် Tours နဲ့သွားတာလဲ၊ လူဘယ်နှယောက်ပါလဲ ကုန်ကျစရိတ်အသေးစိတ်နဲ့ ဘယ် Hotel တွေမှာတည်းခဲ့တယ်၊ တစ်ညကိုဟိုတယ်ခဘယ်လောက်ကျတယ်၊ Location ကဘယ်လိုနေရာမျိုးတွေကိုရွေးသင့်တယ်
Train Ticket တွေကိုဘယ်လိုဖြတ်သင့်တယ်ဆိုတာတွေနဲ့
ဆောင်ရန်/ရှောင်ရန် သတိထားရမဲ့အပိုင်းလေးတွေကို နောက်ပိုင်း Blog လေးတွေနဲ့အသေးစိတ်ပြန်တင်ပေးပါ့မယ်။
ဟုတ်ကဲ့....ကိုတူးပါ ✌️✌️
#ဥရောပရောက်နေ့စွဲများ
24/06/2026
🔴 ခေတ်ကာလအရ လူလိမ်များကိုအထူးသတိထားကြပါ။
🔴 လူလိမ်တွေရယ် နင်တို့လည်းသောင်းကျန်းလိုက်တာ
🔴ကျွန်တော့်ပုံနဲ့ Viber မှာ ငွေလိုက်ချေးနေတယ်လို့ဆိုင်ကပို့လာပေးပါတယ်။
🔴 ကျွန်တော်ဘယ်တစ်ဦးတစ်ယောက်စီကမှ Viber ကသော်လည်ကောင်း၊ Ph Message နဲ့သော်လည်းကောင်း၊ Social Media ကနေသော်လည်းကောင်း ချေးငှားခြင်းလုံးဝ (လုံးဝ) မပြုလုပ်ပါနော်။
🔴 မိတ်ဆွေများအားလုံးလည်းသတိထားနိုင်စေဖို့ပါ။
ပါလာတာလေးလဲပြောင်....🤪
ောက်နေ့စွဲများ
20/06/2026
နက်ဖလစ်ကအသစ်ထွက်ထားတာလေ
Too in Paris တဲ့ကြည့်ပြီးကြပြီလား........🤪🤣
✨လှပခမ်းနားထည်ဝါခြင်းတွေနဲ့အတူ ညစ်ပတ်ရှုပ်ပွနေတဲ့လမ်းတွေ၊ ပြည့်လျှံနေတဲ့အမှိုက်ပုံးတွေ၊ စိတ်လက်ပေါ့ပါးစွာနဲ့ လမ်းမလျှောက်ရဲလောက်အောင်ကို များပြားလှတဲ့သူခိုးနဲ့ ခါးပိုက်နှိုက်သမားတွေ၊ လူကူးမျဉ်းကြားအတွက် မီးစိမ်းနေလည်း ရပ်ပေးရကောင်းမှန်းမသိတဲ့ကားသမားတွေ....အိုစုံလို့
✨ တစ်ဖက်မှာလည်း ဖက်ရှင်မြို့တော်ဆိုတာနဲ့အညီ ဝတ်စုံပြည့်နဲ့မြို့ထဲလမ်းတွေပေါ်မှာသွားနေကြတဲ့ ရောင်စုံလူတွေကို ကြည့်ကောင်းလွန်းလို့လိုက်ငေးရတာတွေ၊ Brand ဆိုင်ကြီးတွေမှာစုံလင်လှတဲ့ Design တွေအပြင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်မဲ့ဟာက်ုတောင် ချေမိုးလှတဲ့ Sales Advisor တွေရဲ့ "Don't think about it." လို့အပြောခံရတာတွေ၊ အလုပ်ကိုလည်းဖြေးဖြေးနှေးနှေးနဲ့ အေးအေးဆေးဆေးလေး လုပ်တတ်ကြတာတွေ....
✨ ပါရီရဲ့နွေရာသီဆိုတာ ရန်ကုန်လိုပဲအရမ်းပူတယ်ဆိုတာရနဲ့၊ ဒီအတိုင်းလမ်းမှာဖြတ်သွားရင်းနဲ့တောင်ရတတ်တဲ့ ဂျိုင်းချွေးနံ့နံ့ပြင်းပြင်းတွေကိုလည်း ရှုရတတ်တယ်ဆိုတာ...ကိုယ်သိခဲ့ရပါပြီ ပါရီရေ....။
#ပါရီရဲ့နွေရက်များ
ဟိုင်း....အချစ်ကလေးတို့အချစ်ကြီးတို့ရေ
သတိရနေကြပြီလား....🤪🤪
Click here to claim your Sponsored Listing.
Category
Contact the business
Address
No10A, Mar Lar Myaing St, Bauk Htaw, Pyi Thar Yar, Yankin, Myanmar.
Yangon
951