Marina Linn Latt

Marina Linn Latt

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Marina Linn Latt, Yangon.

05/05/2023

#ကျောက်ချဉ် အသုံးဝင်ပုံ
မဖြစ်မနေသိသင့်တာမို့ လေ့လာနော်
(၁)ခံတွင်းအနာတွေကိုသက်သာစေခြင်း
ပါးစပ်ထဲမှာအနာဖြစ်နေမယ်ဆိုရင်ကျောက်ချဉ်အနည်းငယ်ကိုယူ၊အမှုန့်ကြိတ်ပြီး ခံတွင်းအနာပေါ်မှာ ဖိသိပ်ပေးပါ။ နည်းနည်းတော့ စပ်ဖျဉ်းဖျဉ်းနိုင်တယ်ဆိုပေမယ့်နောက်တစ်ရက်မှာ သက်သာသွားပါလိမ့်မယ်။ ကလေးငယ်လေးတွေမှာတော့ ထိုကဲ့သို့မလုပ်ဆောင်သင့်ပါဘူး။ကျောက်ချဉ်မှုန်ပမာဏများလွန်းသွားရင် ကလေးတွေမှာ အနာဖြစ်စေနိုင်တာကြောင့်ဖြစ်ပါတယ်။ ဆားအနည်းငယ်နဲ့ကျောက်ချဉ်အနည်းငယ်ကိုရောပြီးရေနွေးနဲ့ဖျော်စပ်ထားတဲ့ ခံတွင်းဆေးရည်နဲ့ အာလုပ်ကျင်းပေးပါ။ တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။ ကျောက်ချဉ်မှုန့်ထည့်ထားတဲ့ခံတွင်းဆေးရည်ကို မျိုမချမိအောင် သတိထားပါ။

(၂) မျက်စိပြည်တည်နာ (eye abscess) ကိုသက်သာစေခြင်း
ကျောက်ချဉ်က မျက်စိပြည်တည်နာအတွက် လည်းကောင်းတယ်လို့ဆိုပါတယ်။ကေျာက်ချဉ်ကို စန္ဒကူးအနှစ်နဲ့ရောစပ်ပြီး အသုံးပြုလို့ရပါတယ်။ကျောက်ချဉ်ကိုနှစ်ချီပြီး ထားလို့ရပါတယ်။

(၃) ခြေဖနောင့်ကွဲတာတွေကို သက်သာစေခြင်း
ကျောက်ချဉ်မှုန့်ကခြေဖနောင့်ကွဲတာကို ကုသရာမှာလည်း အသုံးဝင်ပါတယ်။ကျောက်ချဉ်ကို အပူပေး အအေးခံပြီးတဲ့နောက်မှာ အမှုန့်ကြိတ်ပြီး အုန်းဆီနဲ့ရောစပ်ပြီးလိမ်းပေးလို့ရပါတယ်။

(၄) မုတ်ဆိတ်ရိတ်တာအတွက် အသုံးပြုနိုင်ခြင်း

ဆက်လက်ဖတ်ရှုမည်။

ကျောက်ချဉ်အရည်ကို မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ လိမ်းလေ့ရှိပါတယ်။ ပထမဆုံးတစ်ကြိမ်မှာတော့ ဘာမှသိပ်သိသာမှာမဟုတ်ပေမယ့် ဆက်တိုက်အသုံးပြုမယ်ဆိုရင်တော့ အသားအရေအတွက် အကျိုးထူးတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။

(၅) ရေသန့်စင်အောင်လုပ်ဆောင်ပေးနိုင်ခြင်း
ကျောက်ချဉ်ကရေကိုသန့်စင်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ရွှံရည်တွေကို သန့်စင်စေပါတယ်။ကျောက်ချဉ်ကရေထဲမှာပါတဲ့ အနယ်အနှစ်တွေကို စစ်ထုတ်အနည်ထိုင်စေနိုင်တဲ့အစွမ်းရှိပါတယ်။

(၆) ချွေးနံ့ပျောက်ဆေးအဖြစ်အသုံးပြုနိုင်ခြင်း
ကျောက်ချဉ်မျာ အနံ့ဆိုးတွေကိုတိုက်ဖျက်နိုင်ပြီး ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အစွမ်းသတ္တိရှိတာကြောင့်ချွေးနံ့ပျောက်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။နေ့စဉ်အသုံးပြုပေးဖို့တော့လိုအပ်ပါတယ်။

(၇) အမွှေးကျွတ်ဆေး(hair removal)အဖြစ်အသုံးပြုနိုင်ခြင်း
ကျောက်ချဉ်ကိုအမျိုးသမီးတွေမှာ ခန္ဓါကိုယ်မှာပေါက်တတ်တဲ့ မလိုလားအပ်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားဖို့ လည်းအသုံးပြုလို့ရပါတယ်။

(၈) အရေးအကြောင်းတွေကို သက်သာစေခြင်း
ကျောက်ချဉ်ကအရေပြားကိုတင်းရင်းစေနိုင်တာကြောင့် မျက်နှာနဲ့လည်ပင်းတဝိုက်မှာဖြစ်တဲ့ အရေးအကြောင်းတွေကိုလျော့ပါးသက်သာစေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ မျက်နှာအတွက် အစိုဓါတ်ထိန်းပေးတဲ့လိမ်းစရာအနေနဲ့လည်း အသုံးပြုလို့ရပါတယ်။

(၉) ဝက်ခြံတွေကို သက်သာစေခြင်း
ကျောက်ချဉ်ကို ကြက်ဥအကာနဲ့ရောစပ်ပြီး ဝက်ခြံတွေအတွက် အသုံးပြုလို့လည်းရပါတယ်။ ကျောက်ချဉ်က ဝက်ခြံတွေအတွက်လည်း အရမ်းကောင်းပါတယ်။

(၁၀)သန်းကင်းစေနိုင်ခြင်း
ဆံပင်မှာသန်းတွယ်နေရင်လည်းကျောက်ချဉ်ကို အသုံးပြုပြီး သန်းကင်းအောင်လုပ်ဆောင်လို့ရပါတယ်။ကျောက်ချဉ်၊လက်ဖက်ဆီနဲ့ရေတို့ကိုရောစပ်ပြီး သန်းကင်းဆေးအဖြစ်အသုံးပြုလို့ရပါတယ်။

(၁၁) ခံတွင်းသန့်စင်ဆေးအဖြစ်အသုံးပြုနိုင်ခြင်း
ခံတွင်းထဲမှာ ဘက်တီးရီးယားတွေပေါက်ဖွားတာက ခံတွင်းနံ့ဆိုးရစေတဲ့ အဓိကအကြောင်းအရင်း တစ်ရပ်ဖြစ်ပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အက်ဆစ်တွေကြောင့်လည်း ခံတွင်းနံ့ဆိုးတာမျိုးရှိပါတယ်။ ခံတွင်းကိုကျောက်ချဉ်ရည်နဲ့ဆေးကြောပေးတာက ဘက်တီးရီးယားတွေပေါက်ဖွားတာကို ကာကွယ်ပေးနိုင်ပါတယ်။

(၁၂) ကြွက်တက်တာကိုသက်သာစေခြင်း
ကျောက်ချဉ် ကကြွက်တက်တာကို သက်သာစေတဲ့သဘာဝဆေးတစ်မျိုးဖြစ်ပါတယ်။ကျောက်ချဉ်မှာသွေးကြဲစေတဲ့ အစွမ်းသတ္တိက ကြွက်တက်တာကို သက်သာစေတာဖြစ်ပါတယ်။

(၁၃) သွေးတိတ်စေခြင်း
သုတေသနအချို့အရကျောက်ချဉ်ကပြတ်ရှဒဏ်ရာတွေကိုသွေးတိတ်စေနိုင်တဲ့အစွမ်းလည်းရှိတယ်၊လို့ဆိုပါတယ်။ကျောက်ချဉ်အမှုန်လးတွေကို အနာပေါ်မှာဖြန်းပေးမယ်ဆိုရင်သွေးတိတ်စေမှာဖြစ်ပါတယ်။ အနာကတအားနက်ပြီးသွေးမတိတ်ဘူးဆိုရင်တော့ ဆရာဝန် နဲ့သွားရောက်ပြသသင့်ပါတယ်။

(၁၄) အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာကို တားဆီးပေးနိုင်ခြင်း
ကျောက်ချဉ်မှုန့်မှာ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာကို တိုက်ထုတ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိမှန်း လူတော်တော်များများကမသိကြပါဘူး။ကျောက်ချဉ်မှုန့်က အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာကို တားဆီးပေးနိုင်သလို အရေပြားကိုချောမွေ့တောက်ပစေပါတယ်။

(၁၅) သားအိမ်ကိုကျစ်လစ်စေနိုင်ခြင်း
ကျောက်ချဉ်က သားအိမ်နံရံတွေကို ကျစ်လစ်သန်မာစေပါတယ်။ရေရှည်အသုံးပြုဖို့တော့ မသင့်တော်ပါဘူး။ရေရှည်အသုံးပြုမိမယ်ဆိုရင်တော့ သားအိမ်တစ်ရှူးတွေကိုခြောက်သွေ့ပျက်စီးစေမှာဖြစ်ပါတယ်။

(၁၆) ဆားဝက်ခြံတွေကို သက်သာစေခြင်း
ကျောက်ချဉ်မှုန့်ကိုရေ (သို့)rose water တို့နဲ့ရောစပ်ပြီး ဆားဝက်ခြံတွေပေါ်ကိုလိမ်းပေးလို့ရပါတယ်။ အဆိုပါအရောကို မျက်နှာပါင်းတင်လို့လည်းရပါတယ်။

(၁၇) ချိုင်းမဲတာကိုသက်သာစေနိုင်ခြင်း
ချွေးနံပျောက်ဆေးကို အချိန်အတော်ကြာသုံးစွဲလာမှုကြောင့် ချိုင်းမဲတာတွေကိုကျောက်ချဉ်သုံးပြီး သက်သာအောင်လုပ်လို့ရပါတယ်။နေ့စဉ်တော့အသုံးမပြုသင့်ပါဘူး။

(၁၈) မျက်ကွင်းညိုတာကိုသက်သာစေခြင်း
ကျောက်ချဉ်ကို မျက်ကွင်းညိုတာအတွက်လည်းအသုံးပြုလို့ရပါတယ်။ကျောက်ချဉ်မှုန့်ကိုရေနဲ့ရောပြီး မျက်ကွင်းညိုတဲ့နေရာတွေမှာအသုံးပြုပေးလို့ရပါတယ် ။ သတိထားအသုံးပြုဖို့တော့လိုအပ်ပါတယ်။

(၁၉) သဲဝဲစားတာကိုသက်သာစေခြင်း
ကျောက်ချဉ်ကိုသဲဝဲစားတာအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ကျောက်ချဉ်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်းကိုရေနွေးထဲထည့်ပြီးခြေထောက်စိမ်ပေးလို့ရပါတယ်။ အနည်းဆုံး မိနစ် ၂၀ စိမ်ထားပေးရမှာဖြစ်ပါတယ်။

(၂၀) ဗောက်ပျောက်စေနိုင်ခြင်း
ခေါင်းလျှော်တဲ့အခါကျောက်ချဉ်အနည်းငယ်ထည့်လျှော်ပေးမယ်ဆိုရင်ဗောက်တွေကို သက်သာစေပြီး ဦးရေပြားယားယံတာကို သက်သာစေမှာဖြစ်ပါတယ်။ အများကြီးမသုံးမိဖို့တော့ သတိပြုရမှာဖြစ်ပါတယ်။

ကျောက်ချဉ်ကို အလွန်အကျွံသုံးစွဲမယ်ဆိုရင်တော့ သတိလစ်တာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာဝေဒနာတွေခံစားရနိုင်ပါတယ်။

Photos from Marina Linn Latt's post 29/04/2023

#အုန်းရည်

တော်ရုံတန်ရုံတော့ ဘယ်သူမှ အုန်းရည်ကို တစ်ပတ်လုံးမသောက်တတ်ပါဘူး။ ဒါပေမယ့် အုန်းရည်ကို အချိန်ကြာကြာသောက်မယ်ဆိုရင်တော့ ဒီလိုအပြောင်းအလဲလေးတွေကို ခံစားမိမှာပါ။

(၁)
ကိုယ်ခံအားကောင်းလာမယ်။
အုန်းရည်ဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို သိသိသာသာ ကောင်းမွန်လာစေမှာပါ။

(၂)
အားပြည့်လာမယ်။
တစ်ပတ်လုံး အုန်းရည်သောက်တဲ့အခါ သင့်အနေနဲ့ Energy Drink သောက်ထားသလိုကို အားပြည့်နေမှာပါ။ ဒါပေမယ့် အုန်းရည်ကတော့ ဘေးအန္တရာယ်ကင်းတယ်ပေ့ါဗျာ။

(၃)
ကိုယ်တွင်းအင်္ဂါတွေကောင်းလာမယ်။
သင့်ခန္ဓာကိုယ်အတွင်းက တန်ဆာပလာတွေ သိသိသာသာကို ကောင်းလာပါလိမ့်မယ်။

(၄)
အစာခြေစနစ်ကောင်းလာမယ်။
သင့်အစာခြေစနစ်အတွက် အရမ်းကို အထောက်အကူပြုပါတယ်။ အစာများများစားလာနိုင်သလို သိပ်လည်း ဝမလာနိုင်ပါဘူး။

(၅)
ဝိတ်ကျလာမယ်။
အစာခြေစနစ်ကောင်းလာတဲ့အခါ ဝိတ်လည်း ကျလာတော့မှာ ဖြစ်ပါတယ်။

(၆)
ခေါင်းကိုက်သက်သာစေတယ်။
လေ့လာချက်တွေအရတော့ အုန်းရည်ဟာ ခေါင်းကိုက်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

(၇)
ငယ်ရွယ်နုပျိုစေတယ်။
အချိန်ကြာကြာ သောက်လာတာနဲ့အမျှ အသားအရေ ပြောင်းလဲမှုတွေတောင် ဖြစ်လာနိုင်ပါတယ်။ ငယ်ရွယ်နုပျိုခြင်းကိုလည်း ဖြစ်စေပါတယ်။

သာမန်ရိုးကျ သွေးပေါင်ကျ သွေးအားနည်း ရောဂါများနှင့် နလံထ လူမမာ သွေးလွန်တုတ်ကွေး နောက်ဆက်တွဲ ဆိုးကျိုး အဖြစ် တကိုယ်လုံး ညောင်းညာ ကိုက်ခဲခြင်း ဝေဒနာ များအတွက်

အုန်းသီးနုရည် တစ်လုံး နှင့် သီးစုံဓာတ်ဆား တစ်ထုပ် ရောဖျော် သောက်ပါ က

ကမ္ဘာ့ အကောင်းဆုံး
သွေးအားဖြည့် သက်စောင့် အဟာရ ဓာတ် နတ်ဆေးတစ်ပါးပဲ။

;;;to original writer

Photos from Marina Linn Latt's post 30/12/2021

#ဝက်ခြံ ပေါက်တဲ့နေရာပေါ်မူတည်ပြီး အကြောင်းရင်းကို အကြမ်းအားဖြင့် ဒီပုံထဲကလို ခွဲခြားလို့ရပါတယ်။ ဒါပေမယ့် ဒါကအကြမ်းမျဉ်းပြောတာဖြစ်ပြီး သုံးတဲ့ဆေးတွေကြောင့်၊ မျိုးရိုးဗီဇကြောင့်၊ အလှကုန်တွေကြောင့်နဲ့ တခြားသော ဝက်ခြံပေါက်စေတဲ့ အကြောင်းရင်းတွေ များစွာရှိနိုင်ပါသေးတယ် ...

အားလုံးပဲအန္တရာယ်ကင်းသော လှပခြင်းတွေရကြပါစေ ...

Photos from Marina Linn Latt's post 25/12/2021

🎅🎁""Merry Christmas""🎅🎁

Photos from Marina Linn Latt's post 23/12/2021

🎄🎅🎈🎉🎊

10/12/2021

💁‍♀️မျက်နှာပြင်မှာရှိတဲ့အညစ်အကြေးများ
ကင်းစင်ပြီး အမဲစက်၊အဆီဖုနှင့် ဝက်ခြံပျောက်ချင်ရင် Marinaရဲ့
ဒီလို၃မျိုးတွဲလေးသုံးပေးနော်...

ဆက်သွယ်ဝယ်ယူလိုပါက
👇
m.me/MarinaSkinCaredistributor

30/11/2021

ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကို သွားပါ
ဒါပေမယ့် မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။

ဘဝကို ကြက်တူရွေးလို မနေပဲ သိန်းငှက်လို ကျင့်ကြံပါ
ကြက်တူရွေးက စကားတတ်ပေမဲ့ အမြင့်မပျံနိုင်ဘူး
သိန်းငှက်က နူတ်ဆိတ်ပေမဲ့
မိုးထိအောင် ပျံနိုင်တယ် ။

ကြိုးစားတဲ့ လူတိုင်းက
မအောင်မြင်ပါဘူး
ဒါပေမယ့် အောင်မြင်နေတဲ့ သူတိုင်းက
ကြိုးစားခဲ့ကြပါတယ် ။

လမ်းပျောက်နေလို့
စိတ်ဓာတ်မကျပါနဲ့
ကိုယ်လျှောက်မယ့် လမ်းက
ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ ။

လူ့သက်တမ်းက
အကန့်သတ်ရှိတာ မှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှု ရလဒ်ကတော့ အကန့်သတ် မရှိပါဘူး ။

အစိတ်စိတ် ကွဲနေတဲ့
ဖန်ကွဲစက ပြောတယ် ဖြစ်ပြီးမှ နောင်တရနေရင် အလကားပဲ ။

ဘောပင်က ပြောတယ်
မှင်ကုန်ရင် လွင့်ပစ်လိုက်ပါတဲ့
မင်းအတွက် အသုံးမဝင်တာကို သိမ်းမထားပါနဲ့တဲ့ ။

တံခါးပေါက်က ပြောတယ်
ငါ့ကို ဖွင့်ပီး
မင်းအောင်မြင်မှု လမ်းကြောင်းကို
ရောက်အောင် သွားတဲ့ ။

မီးသီးကပြောတယ်
ဘဝကို တောက်ပအောင် လုပ်ပါတဲ့ ။

ပြတင်းပေါက်က မြင်ရတဲ့
လမင်းက ပြောတယ်
ရည်မှန်းချက်ကို မြင့်မြင့်ထားတဲ့ ။

ပြက္ခဒိန်ကပြောတယ်
ကုန်လွန်သွားတဲ့ ရက်စွဲတွေက
နောက်ပြန်လှည့်လို့ မရဘူး ။

စာအုပ်တွေကပြောတယ်
ဗဟုသုတကို ဝယ်လို့မရဘူး
ဖတ်ပြီး မှတ်လို့ဘဲ ရတယ် ။

ဓားတစ်လက်က ပြောတယ်
မသုံးဘဲထားရင်
တုံးသွား လိမ့်မယ်တဲ့ ။

နာရီလေးက ပြောတယ်
အချိန်ဆိုတာ နောက်ပြန်မရနိုင်ဘူး ။

ရေသန့်ဘူးက ပြောတယ်
စိတ်ကိုကြည်လင်အောင်ထား
ဘဝကို သန့်ရှင်းအောင်နေတဲ့ ။

ပိုက်ဆံလေးက ပြောတယ်
များများ သုံးချင်ရင် များများရှာတဲ့ ။

အားလုံးပဲဘဝမှာ အဆင်ပြေကြပါစေ။

Photos from Marina Linn Latt's post 25/10/2021

မာရီနာမှာ အဓိကတင်းကျပ်ဆုံးစည်းကမ်းလေးတွေက

👌ဈေးနှုန်း တိုးတာ/လျှော့တာ လုံးဝမရပါဘူး
ဈေးဇယားအတိကျသာ ရောင်းဝယ်လုပ်ရပါမယ်

👌မိမိသဘောနဲ့ Discount Promotion မလုပ်ရပါဘူး
(မိမိဘာသာ လက်ဆောင်လေးတွေ ပေးခွင့်ရှိပါတယ်။ လက်ဆောင်တန်ဖိုးကြီးရင် အရင်တင်ပြတိုင်ပင်ရပါတယ်)

👌 မိမိ ပထမဆုံး စဝယ်သူဆီသာ အမြဲတမ်းဝယ်ရပါမယ်
(လုံလောက်သော အကြောင်းပြချက်မရှိမချင်း နှင့် ကုမ္ပဏီအဖွဲ့မှ ခွင့်မပြုမချင်း လူပြောင်းဝယ်ခွင့်မရှိပါ)

👌ကျန်တာတွေက ကိုယ်စားလှယ်gp ထဲမှာ တင်ထားပေးပါတယ်ရှင့်

အိမ်တအိမ်နဲ့တအိမ် သူ့ရဲ့အိမ်စည်းကမ်းလေးတွေရှိကြသလို
အသင်းအဖွဲ့နဲ့လုပ်တဲ့ အလုပ်မှာ စည်းကမ်းရှိမှ ညီမှ အတူတူ တိုးတက်သွားမှာပါ 💕
m.me/MarinaSkinCaredistributor

20/10/2021

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော "သီတင်းကျွတ်လပြည့်" အခါသမယနေ့ဖြစ်ပါစေ
🙏🙏🙏🙏🙏

Photos from Marina Linn Latt's post 28/09/2021

ကိုယ်တိုင်ကျန်းမာရေးစစ်ဆေးနိုင်မည့်
အိမ်တွင်းနည်းလမ်း၈မျိုး

ကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးမှုလေးတွေ
လုပ်ချင်ပေမယ့် အချိန်မရလို့ပဲဖြစ်ဖြစ်၊
မအားလို့ပဲဖြစ်ဖြစ် မစစ်ဆေးဖြစ်တဲ့သူတွေအတွက်
အချိန်ခဏပေးလိုက်ရုံနဲ့ ကိုယ့်ရဲ့ လက်ရှိကျန်းမာရေး
အခြေအနေကို စစ်ဆေးလို့ရမယ့်
အလွယ်ဆုံးနည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) #နှလုံးနဲ့အဆုတ်ရောဂါရှိမရှိ
လက်ချောင်းလေးတွေကို ပုံထဲမှာပြထားတဲ့အတိုင်း
လုပ်လိုက်တဲ့အချိန်မှာ
လက်သည်းလေးတွေကြားမှာ လေးဒေါင့်အချွန်ပုံ
အပေါက်လေးဖြစ်နေရင်
သွေးကြောတွေက သွေးလှည့်ပတ်မှုကောင်းမွန်တယ်၊
နှလုံးနဲ့ အဆုတ်ကျန်းမာတယ်လို့ ယူဆနိူင်ပါတယ်။
တကယ်လို့ အဲ့ဒီနေရာလေးက ပိတ်နေတယ်ဆိုရင်တော့
သွေးထဲမှာ အောက်စီဂျင်ကောင်းကောင်း မရောက်ရှိတာကြောင့်
နှလုံးသွေးကြောနဲ့ အစာအိမ်အူလမ်းကြောင်းမှာ
သိပ်မကျန်းမာလို့ပါ။

(၂) #ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့ #သတိမေ့ရောဂါဖြစ်နိူင်ချေရှိမရှိ
ပုံမှာပြထားတဲ့အတိုင်း အနည်းဆုံးမိနစ် (၂၀) လောက်
ကောင်းကောင်းရပ်နိူင်ရင် ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့
သတိမေ့ရောဂါဖြစ်နိူင်ချေ
အရမ်းနည်းတယ်လို့ ပြောလို့ရပါတယ်။
တကယ်လို့ ကောင်းကောင်းမရပ်နိူင်ရင်တော့
အသက်ရလာတဲ့အခါ လေဖြတ်နိူင်ချေများနေပါပြီ။

(၃) #သွေးအားနည်းရောဂါရှိမရှိ
မှန်ရှေ့မှာရပ်ပြီး အောက်မျက်ခမ်းအတွင်းဘက်ကို ကြည့်လိုက်ပါ၊
အနီရောင်သမ်းနေရင် သွေးအားကောင်းပြီး ကျန်းမာတဲ့အနေအထားဖြစ်ပြီး၊
ပန်းရောင်ဖျော့ဖျော့လေးသမ်းနေရင် သွေးအားနည်းနေတာပါ။

(၄) #ဟော်မုန်းညီမျှမှုရှိမရှိ
ဆံပင်တွေကြားထဲကို လက်ချောင်းလေးတွေ
ထိုးပြီးဆွဲချလိုက်တဲ့အခါ
ဆံပင်အနည်းငယ်ကျွတ်ပါလာတယ်ဆိုရင်တော့
ခန္ဓာကိုယ်ထဲက ဟော်မုန်းပမာဏ ညီမျှနေပြီး
ဆံပင်တွေအများကြီးကျွတ်ပါလာရင်တော့
ဟော်မုန်းမညီမျှမှုတွေဖြစ်နေပါပြီ။

(၅) #ဆီးချိုရှိမရှိ
သင့်မှာ ဆီးချိုရောဂါရှိ မရှိစစ်ဆေးဖို့ ကူညီပေးမယ့်
နောက်တစ်ယောက်လိုပါတယ်။
ကူညီပေးမယ့်သူက စစ်ဆေးမယ့်သူရဲ့ခြေထောက်ကို
ခဲတံရဲ့ ခဲသားအချွန်ဘက်နဲ့တစ်ခါ၊ ခဲဖျက်နဲ့တစ်ခါထိုးလိုက်ပါ။
အဲ့လိုထိုးလိုက်တဲ့အချိန်မှာ မကြည့်ဘဲ
ဘယ်တစ်ချက်က ခဲသားအချွန်အထိအတွေ့လဲ၊ ခဲဖျက်ရဲ့
အထိအတွေ့လဲဆိုတာကို
ပြောနိူင်ရင် သင့်မှာ ဆီးချိုရောဂါမရှိပါဘူး။
အထိအတွေ့ကို သိပ်မသဲကွဲဘူး၊ မခွဲခြားတတ်ဘူး
ဖြစ်နေတယ်ဆိုရင်တော့
ဆီးချိုရောဂါရှိနေတာဖြစ်နိုင်ပါတယ်။

(၆) #သွေးလှည့်ပတ်မှုကောင်းမကောင်း
ကြမ်းပြင်ပေါ် ပက်လက်လှန်လှဲအိပ်လိုက်ပြီး ခြေထောက်တွေကို
နံရံပေါ် ၄၅ ဒီဂရီလောက်ထောင်ထားလိုက်ပါ။
မိနစ်အနည်းငယ်ကြာတဲ့အခါ
ခြေထောက်က သွေးဆုတ်ဖြူရော်နေတဲ့အရောင်မျိုး
ပြောင်းသွားတယ်ဆိုရင်တော့
ခန္ဓာကိုယ်သွေးလှည့်ပတ်မှု သိပ်မကောင်းဘူးလို့ပြောရမှာပါ။

(၇) #အကြားအာရုံကောင်းမကောင်း
နားရွက်နားမှာ လက်ချောင်းလေးတွေ အချင်းချင်းပွတ်လိုက်တဲ့
အခါ အသံလေးတွေ ကောင်းကောင်းကြားရပါတယ်။
ပခုံးစွန်းနေရာလောက်ကနေ လက်ချောင်းတွေ
ပွတ်တိုက်တဲ့အသံကို
ကောင်းကောင်းကြားရတုန်းဆိုရင်တော့ သင့်ရဲ့
အကြားအာရုံက ကောင်းပါသေးတယ်။
အသံသိပ်မကြားရတာမျိုး၊ လုံး၀မကြားရတာမျိုးဆိုရင်တော့
အကြားအာရုံစနစ်မှာ ပြဿနာရှိနေပါပြီ။

(၈) #နှလုံးသွေးကြောရောဂါရှိမရှိ
ဒါကို စမ်းသပ်ဖို့အတွက် လှေကားတက်ဖို့လိုပါတယ်။
သင့်အနေနဲ့ လှေကားထစ် ၁၅ ထစ်လောက်ကို သီချင်းဆိုရင်း၊
စကားပြောရင်း တက်လိုက်တဲ့အခါမှာ ပုံမှန်ထက်
အဆမတန်မောနေတယ်ဆိုရင်
နှလုံးသွေးကြောနဲ့ပတ်သက်ပြီး သိပ်မကျန်းမာဘူးလို့ပြောရမှာပါ။
ဒီလိုမဟုတ်ဘဲ အနည်းငယ်ပဲမောတယ်၊
ပုံမှန်အတိုင်းစကားပြောနိူင်တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။

အခုဖော်ပြခဲ့တဲ့ နည်းလေးတွေနဲ့
ကျန်းမာရေးကို အကြမ်းဖျင်းစမ်းသပ်ပြီးတဲ့အချိန်မှာ
ကိုယ့်ကိုယ်ကို တစ်နေရာရာက မကျန်းမာဘူးလို့ထင်ခဲ့ရင်
ကိုယ်ကြိုက်တဲ့ နည်းလမ်းတွေ၊ ဆေးမြီးတိုတွေနဲ့ မကုသပါနဲ့။
ဆရာ၀န်နဲ့ပြသဆွေးနွေးပြီးမှ စစ်ဆေးကုသမှုခံယူကြဖို့
တိုက်တွန်းချင်ပါတယ်။
အားလုံးကျန်းမာအသက်ရှည်ကြပါစေ။

18/09/2021

1️⃣တင်းတိပ်
2️⃣ဝက်ခြံ
3️⃣အဆီဖု
4️⃣အမဲစက် အားလုံး
✴️Marina နဲ့တွေ့ရင်
Goodbye လို့နှုတ်ဆက်လိုက်ပါ👋👋
👉Covidဖြစ်ပြီးသူတချို့က ဟော်မုန်းဓာတ်တချို့ပြောင်းလို့ ဆံပင်ကျွတ်ခြင်း နှင့်ဝက်ခြံထွက်ခြင်းပြဿနာနဲ့ကြုံတွေ့ကြရပါတယ်...ညဖက်အိပ်မပျော်ခြင်းနှင့် အပူအစပ်၊ချဉ်ငံစပ်စားတက်တာကြောင့်လဲပါလိမ့်မယ်.....
အဲ့အထဲမှာ မင်မင်လည်းအပါအဝင်ပါနော်
😪နေမကောင်းတာနဲ့ Skinလည်းမကဲနိုင်တာပိုဆိုးတာပေါ့ စိတ်တွေညစ်နေရာကနေ Marinaကိုသွားသတိရမိတယ် အော်ကိုယ့်brandလေးကိုသွားသတိရမိပြီး ပြန်Skin Careဖြစ်တယ်...

🤩အခုဆိုရင်အတော်လေးသက်သာလာလို့ ချစ်ရတဲ့ "မမတို့၊ညီမလေး"တို့ကို ပြန်လည်ဝေမျှချင်တာနဲ့ ဒီPostတင်ပေးတာပါ >>>အမြဲလှပနေသူတွေကတော့ကျော်သွားလို့ရပါတယ်

Photos from Marina Linn Latt's post 18/09/2021

✨"ရွှေမင်းသမီးလေး"✨ လို့
တင်စားလောက်တဲ့
ရွှေ {99.9%}ပါဝင်သော
ရွှေပေါင်းတင်လေးပေါ့ရှင်💃

https://m.facebook.com/story.php?story_fbid=2758797881078706&id=1828031730821997

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Culinary Team

Attire

Telephone

Website

Address


Yangon
0001