Chi's Diaries

Chi's Diaries

Share

Sharing is caring

07/04/2026

Hello Hello

Chi’s diaries page လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်

ဒီကြားထဲ ဘာမှမရေးဖြစ်ပဲပျောက်သွားတာလဲ မီယားနဲပါ🥹

နေပူတော့မှ lip oil ထရေးရလားဆိုပြီး ပြောလဲပြောခံရတော့မှာပါပဲ🤣

Sasi lip oil လေးပါ သူက အရောင်မပါပေမယ့် ( အညိုလေးတော့သမ်းတယ်) တကယ့်ကို ဖူးဖူးလေးနဲ့နှုတ်ခမ်းကိုကြွယွ လှပစေတာပါ😬 အရောင်က ၄ ရောင်လောက်ရှိတယ် ဒါလေးကလှလို့ဆိုပြီးဝယ်လာတာ♥️

အနံ့လေးကဇီးဖျော်ရည်လိုအနံ့လေး ဟီး
Sasi ကတစ်ခြား အမျိုးအစားတွေလည်းဆိုးဖူးပေမယ့် ဒါလေးကတော့ တကယ်ကိုကြိုက်လို့ sharing လုပ်ဖြစ်တာပါ
Shade -03 Glaze Mocha ပါ

စျေးကတော့ ဘန်ကောက်ကနေဝယ်လာတုန်းက 30 လားပဲမသိဘူး😂 sale ချနေတာတွေ့လို့ကောက်ဆွဲလာတာ


အောက်ကနေ နှုတ်ခမ်းနီတစ်ထပ်ခံပြီးဆိုးလဲလှတယ် နှုတ်ခမ်းကွဲတာ အဖတ်လန်တာ ဘာတစ်ခုမှမဖြစ်ပါ

ဒီက os တွေမှာရှိရင်လဲပြောကြပါဦးနော်

Photos from Chi's Diaries 's post 23/06/2025

မျက်တောင်ဆက်ရတာကြိုက်တဲ့သူလေးတွေလက်ထောင် 💋💋

Hello Hello ! Welcome back from Chi's Diaries

ခုတလော ကောင်မလေးတွေကြားမှာ ရေပန်းစားနေတဲ့ Glue Free eyelashes တွေကတော့သိပြီးကြမယ်လို့ထင်ပါတယ်
ဖူးကလေ မျက်နှာအစိတ်ပိုင်းတွေထဲမှာ မျက်တောင်ကော့ရတာကိုအကြိုက်ဆုံးပဲ ဘာလို့လဲတော့မသိဘူး 😁

ရုပ်ပြောင်းသွားသလို သိသိသာသာခံစားရလို့လဲနေမှာပေါ့နော်
ပြီးခဲ့တဲ့နှစ်ပိုင်းတွေက မျက်‌တောင်ကိုရှယ်ပလန်နဲ့ဆက်တာ ခရီးသွားစရာရှိတာပဲဖြစ်ဖြစ် စိတ်ဓာတ်ကျနေရင်ဖြစ်ဖြစ် လှချင်နေရင်ဖြစ်ဖြစ် အကြောင်းရင်းပေါင်းမျိုးစုံနဲ့ကိုဆက်တာ xD🤪

ဆက်ပြီးရင် ကိုယ့်ကိုကိုယ် လှတယ်ပဲ မသိဘူး🙄

မျက်တောင်ဆက်တာကလေ လှတော့လှပါတယ် ဒါပေမယ့်ကြာလာရင် နဂိုမျက်တောင်တွေကျွတ်တာရယ် မျက်နှာသစ်ရင် အခက်ခဲဖြစ်တာတွေကြောင့် နောက်ပိုင်းသိပ်မလုပ်ဖြစ်တော့ဘူး အနားပေးထားတာလို့ပဲပြောရမှာပေါ့ ဟီးဟီး

Glue free ( ကော်မလို မျက်‌တောင်တု) လေးတွေပေါ်လာတော့ ပိုးကထလာရော မျက်တောင်ဆို မဆက်ရမနေနိုင်ဆိုတဲ့သူဆိုတော့ 😭

ဒါလေးတွေသုံးကြည့်တော့ တကယ့်ကိုအဆင်ပြေတာပါ ထင်‌တောင်မထင်ထားဘူး အဲ့လောက်ထိ
တစ်ခုချင်းစီပြောပြမယ်နော်

- လက်ငြိမ်ဖို့လိုပါမယ် ကပ်မယ့်နေရာကို သေချာကြည့်ပြီး အနည်းငယ်ဖိကပ်ပေးလိုက်ပါ

- မျက်တောင်ပေါက်တဲ့နေရာအစပ်နားမှာ ကပ်ပေးဖို့လိုပါမယ် (မဟုတ်ရင် ခိုးလိုးခုလုဖြစ်နိုင်လို့ပါ)

- မျက်လုံးကိုအောက်ကနေ အပေါ််ကို ပင့်ကပ်တာ အကောင်းဆုံးပါ
- Tweezer အကွေးလေးလိုပါမယ် အဖြောင့်တွေက အဆင်မပြေပါဘူးနော် (trust me )

ဖူး အခုကပ်ထားတာဆို တဖက်ကို ၃ ခုပါ
အတိုအရှည်လေးကတော့ မိမိမျက်လုံးနဲ့ အဆင်ပြေတာကို သေချာရွေးဖို့တော့လိုမှာပေါ့‌နော်

ဖူး အခုဝယ်ထားတာ tweezer+ eyelashes အပါမှ 10,000 ထဲပါ
Little Collection page ကပါ

Gege bear brand လေးပါ သူက အပြာနဲ့ပန်းရောင်နှစ်ခုလာပါတယ် ပန်းလေးက ကုန်နေလို့ အပြာလေးဝယ်သုံးတာ အဆင်တော်တော်ပြေလို့ sharing လုပ်ပေးတာပါ

ဒါလေးက natural look ဆန်လို့ ရုံးသွားကျောင်းသွားအနေနဲ့ အမြင်မရိုင်းပဲ သဘာဝကျကျလှနေစေမှာပါ
မျက်တောင်ဆက်ရင်တောင် လိုက်‌မေးခံရသေးတယ် စတာပါ နောက်တာပါ အတည်ပါ 😂

တပ်တာသာ အဆင်ပြေရင် တစ်နေကုန် ကွာမကျပါဘူးနော် အပြင်ဘာညာတော့ မထွက်ကြည့်ရသေးဘူး ရုံးမှာပဲဆိုတော့
စမ်းကြည့်လိုက်အူးမယ်

Ps: ပုံအားလုံး no filter no edit ပါနော်

အားလုံးလှစေချင်လို့ sharing လုပ်ပေးလိုက်ပါတယ်နော် Bye !

Photos from Chi's Diaries 's post 08/12/2024

ဆောင်းမှာ မခြောက်ချင်တဲ့သူတွေအတွက် 🥴

စာအရှည်ကြီးမဖတ်ချင်တဲ့သူတွေမို့ တိုတိုရှင်းရှင်းreview လေးတဖြတ်💕

Body oil ကို brand မျိုးစုံ product မျိုးစုံသုံးဖူးပါတယ် bio oil gel, oil , palmer’s ကထွက်တာတွေရော အုန်းဆီတွေရော Vaseline body oil တွေရော မျိုးစုံစမ်းဖူးတယ်ပေါ့နော်
တချို့ကကောင်းပေမယ့် စျေးတွေကမြောက်သွားတာရော တချို့က လိမ်းလို့ကိုမကောင်းတာတွေကြောင့်ရော အသစ်တွေစမ်းရင်းနဲ့ ဒါလေးကိုတွေ့ခဲ့တာပါ

🧴 body lotion ထဲကိုထည့်လိမ်းတာကတော့ အချိန်ကုန်သက်သာပြီး effective အဖြစ်ဆုံးလို့ထင်ပါတယ်
သူ့ချည်းပဲလိမ်းရင်တော့ ခဏလေးနဲ့ကုန်မယ်

🧴အနံ့မပြင်းပါဘူး Vaseline body oil ဆိုမွှေးပါတယ် ဆိုးတာက လိမ်းပြီးတာနဲ့ ဆံပင်တွေဘာတွေနဲ့ကပ်ရင် ဆံပင်ကပြန်လျှော်ရတာပါ အာ့ကြောင့်မကြိုက်ပါ ဒါလေးကတော့ ကပ်လဲဘာမှမဖြစိပါ အနံ့ကပါတယ်ဆိုရုံလောက်လေး

🧴2 pumps လောက်ဆို လက်နှစ်ချောင်းကိုသေချာနှံ့အောင်လိမ်းလို့ရလို့ budget save ဖြစ်ပါတယ်

🧴 local brand ဖြစ်တာကြောင့်အပြင် တကယ်ကောင်းမွန်တဲ့result ကိုတွေ့ရတာကတကြောင်း
🧴စျေးနှုန်းကလဲ 100 ml ကို ၂ သောင်းစွန်းစွန်လေး ( ရာဂဏန်းပဲစွန်းတာ) သူများတွေလိုဂျင်းမကျွေးဘူးနော် 🤪

🧴 ကလောသွားတုန်းကဒါတဘူးနဲ့အတော်ခရီးရောက်ခဲ့တာဆိုတော့ အဲ့မှာတင်ကြွေဆင်းသွားခဲ့တာ 💕
Odd girl's botanical & natural ကဝယ်တာပါ သူ့ဆီမှာတခြားစမ်းစရာလေးတွေလဲရှိသေးတယ်❤️

ဆောင်းတွင်းမှာ လက်တွေခြေထောက်တွေမှာပန်းချီမဆွဲချင်ရင် ဒါသုံး

ဒါပဲ

Photos from Chi's Diaries 's post 17/11/2024

Baby hair ပိစိတွေ ပေါက်ချင်တဲ့သူတွေအတွက်

ပြီးခဲ့တဲ့ ၄ လလောက်က hair treatment တခုလုပ်လိုက်တာ ရှယ်ကျွတ်သွားလို့ စိတ်ဆင်းရဲဒီပျက်ရှင်ဝင်နေခဲ့ရတာ

* ဆံသားက ဗဲရီးစန်းစန့်းတင့်မို့ပါချင့်

ရှမ်းမဈေးခြင်း- ShanMa Zay Chin ကတော့အရင်လဲသုံးပါတယ် ဒါပေမဲ့သေချာမသုံးတာလဲပါမှာပေါ့နော် ဖြန်းတရက်မဖြန်းတရက်😅

အခုကျ ပေါက်ချင်လာပြီလေ အပိုမပြောဘူး ခေါင်းလျှော်ရင်လက်ထဲအထွေးလိုက်

အဲ့hair tonic လေးကိုတနေ့ နှစ်ကြိမ် မနက်တခါ ညတခါ ဦးရေပြားထဲစိမ့်ဝင်အောင်ဖြန်းလက်ချောင်းလေးတွေနဲ့ နှိပ်တာ တလလောက်နဲ့တကယ် baby hair လေးတွေပေါက်လာတာ ❤️
ဖြန်းဖို့မေ့တတ်ရင် ဖုန်းမှာ alarm ပေးထားပါတယ် 😆
အနံ့ကျ Rosemary အနံ့ဆိုတော့ ဆေးလိုလိုသင်းသင်းလေး လူတိုင်းခံနိုင်လောက်တဲ့အနေအထားမျိုးပါ

စျေးကတော့ ၇၀၀၀ ပေးရပါတယ် local ထဲဒီလိုပစ္စည်းကောင်းလေးတွေရှိနေတာ တကယ်စိတ်ချမ်းသာရတယ် ။ အရင်က somebymi hair tonic သုံးတာ အခုကျ စျေးကြီးလို့မသုံးချင်တော့

အခုကျ မျက်ရည်ကျရတဲ့အထိပဲ
မိန်းမတွေရဲ့ ဆံပင်ကျွတ်ရင်ဝင်တဲ့ဒီပျက်ရှင်ကလေ ရီးစားကအသည်းခွဲသွားရင်တောင်အဲ့လောက်မဖြစ်လောက်ဘူး😪 ဟိဟိ

ဆံပင်တွေတဖြည်းဖြည်းပြန်ပေါက်ချင်လာရင်ဖြန်း
ဒါဖြန်းလို့ ချက်ချင်းပေါက်မှာလားဆိုရင်တော့ လာမမေးနဲ့ 👀 ဆံပင်စိုက်တာတောင်စောင့်ရတယ်မလား ချစ်တို့ရေ

လှချင်ရင် ဝီရိယရှိပါ စိတ်ရှည်ပါ ☺️

တခြားhair care products လေးတွေsharing လေးလုပ်ပေးဖို့လဲရှိလို့ page လေးကို like လေးလုပ်ပေးကြပါဦးရှင့် ☺️

Photos from Chi's Diaries 's post 06/09/2024

မပျော်ရွှင်ရမှုတွေကြားထဲက ပျော်ရွှင်စရာလေးအကြောင်းကို sharing လုပ်ပေးပါရစေ

ဖူးတို့မိန်းကလေးတွေရဲ့ မရှိမဖြစ်ထဲမှာ ရေမွှေးကလည််း နေ့စဉ်သုံးမရှိမဖြစ်တစ်ခုပါ။ ဒါတောင် mood အလိုက်နေ့တိုင်းမရိုးအောင် ဆွတ်ချင်တာ budget ချိန်နေရလို့🥹

ဒီနေ့မှာ အခုနောက်ပိုင်း ခေတ်စားလာတဲ့Lattafa ရေမွှေးတွေအကြောင်း ပြောပြချင်လို့
သိပြီးတဲ့သူတွေလဲ သိပြီးလောက်ပါပြီနော်

ဒေါ်လာစျေးတွေတက်လာတာရော ဖူးတို့မှာ အရင်ကထက် budget ချိန််ရတာရောနဲ့ အတော်ခေါင်းစားရပါတယ် 🥴
ဒီ Lattafa ရေမွှေးတွေက စျေးက အသင့်တင့်ထဲပါတယ် (အရမ်းကြီးသက်သာနေတာတော့မဟုတ်ပါ)

Made in UAE ရေမွှေးတွေ ဖြစ်တဲ့အတွက် အနံ့ကတော့ အီတာလေးတွေများတယ်
ရွေးနိုင်ရင်တော့ရတယ််

နောက်တစ်ခုက အခုစျေးကွက်မှာ မှိုလိုပေါက်နေတဲ့ inspired perfume ( PA မဟုတ်ပါ) တွေကို ဘယ်လိုမှ ခံစားလို့မရပါ 🙂
အစစ်နဲ့ 99 % တူတယ်ပြောရင်တောင်အတော်ကွာပါတယ် ထားပါ ဒါက အကြိုက်မတူကြတာမို့ အကြောင်းအရာပြောင်းမယ်

သူက long lasting ဖြစ်တယ် (အကုန်လုံးကိုမဆိုလို) projection ကောင်းတယ်
ဆိုလိုတာက ကိုယ်ဆွတ်ထားရင် ဘေးကလူကပါအနံံ့ရတယ်
လမ်းလျှောက်သွားလို့ဘေးကလူက ဟယ် ဘာရေမွှေးဆွတ်ထားတာလဲ လာမေးရင််စိတ်ထဲ ကြိတ်ပျော်ကြတယ်မလား xD

အပေါ်မှာ ပြောခဲ့တဲ့အတိုင်းတွေလိုချင်တယ်ဆိုရင် အခုပုံထဲက Lattafa Mayar လေးကို ယူပါ
Top note က raspbetty, lychee လို fresh ဖြစ်တဲ့ အနံ့မျိူးအရင်ရတယ် စူးကနဲမဟုတ်ပါ ခံစားလို့ရလောက်တဲ့ အတိုင်းအတာလောက်ပါ

🍀Middle note မှာ floral ဆန်ဆန် နွေးထွေးတဲ့ အသွင်ကို ပြောင်းသွားပါတယ်
🍀tropical scent လို့ပြောရမလား beach တွေသွားရင် ရသလိုမျိုးလေးပါ
အခုလို မိုးရာသီနဲ့ဆိုလိုက်မှလိုက် မိုးရေစက်တွေကြားမှာ အသီးလေးတွေ ထိုင်စားနေရသလို vibe မျိုးရစေပါတယ်

🍀အနံ့စွဲလားဆို စွဲပါတယ် တနေကုန် ဆွတ်ပြီး ညဘက်ရေချိုးပြီးရင်တောင် အနံ့ကျန်တယ်နော်
trust me

Base note က musky အနံ့ပါလို့ ခပ်ပါးပါးလေးအီတာ မဆိုစလောက်လေးပါပါတယ် တစ်ချ်ိန်လုံး fresh ကြီးပဲကျတော့ ရိုးတယ်လေနော်

My way dupe လို့ပြောကြပေမယ့် မတူပါဘူးနော်လုံးဝ ❌bombshell နဲ့ ခပ်ဆင်ဆင် သေချာဆွတ်ရင်မတူတာကိုတော့သိနိုင်ပါတယ်

ကဲ ဘယ်လိုလူတွေယူသင့်သလဲ

🍀fresh အနံ့ဆိုမှ ဆိုတဲ့သူတွေ ယူသင့်
ကောင်မလေး ငယ်ငယ်လေးတွေနဲ့ပိုလိုက်တယ် အသက်ကြီးတဲ့သူတွေနဲ့မလိုက်ဘူးလားဆိုတော့လဲ မဟုတ်ဘူး ဒါပေမယ့် ၃၀ ကျော် အမျိုးသမီးတွေအနေလောက်ထိပဲ ပိုသင့်တော်တယ်

🍀အရမ်းအနံ့စွဲချင်ပါတယ်ဆိုတဲ့သူတွေယူသင့်❤️

ဖူးဝယ်တာ 10 ml ကို ၂ သောင်းကျော်ပါ တစ်ခြား အနံ့တွေလဲ ရှိပါသေးတယ် full size ကိုဘာဝယ်ရမှန်းမသိသေးလို့ အစုံစမ်းကြည့်နေတာပါ🤣
100ml ကို 1 သိန်း ရှစ်သောင်းကနေ ၂ သိန်းလောက်ထိ ရောင်းကြပါတယ်

ဖူးဝယ်တာ ဒီ page ကပါ De Originals service လဲ အရမ်းကောင်းသေချာရှင်းပြပေးပါတယ် ပုလင်းလိုက်တွေဝယ်မယ်ဆိုရင်လဲရပါတယ်

မိမိနဲ့ကိုက်ညီတဲ့ ကိုယ်ပိုင်ရေမွှေးအနံ့လေးတွေ တွေ့ရှိနိုင်ကြပါစေနော် love you 🥰

Photos from Chi's Diaries 's post 24/07/2024

Quick review လေးလာပေးတာပါ

ဒီတလော page လေးကို ပစ်ထားတာကြာနေတာလေးရော သတင်းတွေကြည့်ပြီး အပူတွေကြားမရေးချင်တာနဲ့ရော ကြာသွားတာပါ🥲

အခု မိုးတွင်းမှာ ဖူးလို လက်တွေခြောက်တတ်တဲ့သူတွေ လက်သည်းတွေပျော့လို့ခဏခဏကျိုးတတ်တဲ့သူတွေအတွက် review ပိစိလေးလာပြောတာပါ

- လက်အရေပြားအတော်နူးညံ့သွားတာ
Hand cream တွေအများကြီးသုံးဖူးတယ် သိပ်မသိသာတွေများလို့ ဒါလေးက ပိစိလေးသုံးတာတောင်အရမ်းသိသာလို့

-လက်သည်းတွေတော်ရုံမကျိုးတော့ဘူး
သူကလက်အရေပြားအပြင်လက်သည်းပါ care လုပ်ပေးလို့ 2 in1 အပြီး

- စျေးကလဲ ၅၅၀၀ ထဲနဲ့ အတော်လေးခရီးရောက်လို့ လာပြောပြတာပါ

လက်သည်းကတော့မြင်တဲ့အတိုင်း ပန်းရောင်ထ မာမာလေးဖြစ်နေတာ

Os ဆိုင်အတော်များများမှာရပါတယ်

Bye 🙋‍♂️

Photos from Chi's Diaries 's post 18/05/2024

ရေချိုးတိုင်း မရှိမဖြစ်အရာလေး ❤️

ဒီနေ့မှာတော့ တိုတိုရှင်းရှင်းreview လေးတစ်ခုအကြောင်းပါ

အရင်ကရေချိုးရင်ဖူးတို့ ရေမြှုပ်လိုဟာတွေ ဖော့ဖတ်တွေနဲ့တိုက်ခဲ့ကြတာမလား? သူတို့ကအချိန်တစ်ခုကြာလာရင် ဘာမှသိသာလာတာလဲမဟုတ်ပဲအသားတွေနာတာပဲအဖတ်တင်တယ်ဟုတ် !

Watsons ရဲ့ gloves 🧤 လေးမသုံးဖူးခင်ထိကတော့ဖူးလဲ အပေါ်ကဟာတွေနဲ့သံသရာလည်နေခဲ့တာ🥴

ဒါလေးရပြီးတော့မှ ဘယ်သွားသွားဒါမပါရင်ရေချိုးလို့ကိုအဆင်မပြေတော့တာ

🧽စတိုက်ချင်းမှာကြမ်းတယ်ထင်ရပေမယ့် ရေစွတ်ပြီး ၃ ခါလောက်ဆို အိုကေမှာစိုပြေ
🧽shower gel ကတော့ပုံမှန်သုံးနေကျအတိုင်း ထည့်သုံးရုံပဲ အမြှုပ်လည်းထွက်ပါတယ်
🧽 ဂျီးကိုရှယ်ပြောင်ပါတယ် ကြာလာရင်အသားလေးက အပေါ်ယံ dead cells တွေဖယ်ပေးလို့ကြည်လာတာက အရမ်းသိသာ❤️
🧽တော်ရုံလက်နဲ့မမှီတဲ့ကျောလယ် ခါးတွေကအစတိုက်နိုင်လို့ ရေချိုးပြီးရင်အရမ်းစိတ်ချမ်းသာရပါတယ်

‼️‼️အသားမဖြူစေပါဘူးနော် ‼️‼️
ဖူးတို့ scrub လုပ်သလိုသဘောမျိုးပါပဲ အပေါ်ယံ dead cells တွေကိုဖယ်လိုက်တဲ့အခါမှာအသားရေလေးက ပုံမှန်ထက်ကြည်လာတာမျိုးပါ
ပြီးရင်တော့lotion လေးပုံမှန်လိမ်းပေးနော်

ဖူးသုံးနေတာဆိုးရင် ၁ နှစ်ကျော်ပါပြီ ထပ်ဝယ်ရတော့မယ် အမှန်က သူက၆ လလောက်ပဲသုံးရင်ပိုကောင်းတယ် ဖူးကမေ့နေတာဝယ်ဖို့🤪

ဝယ်တာကတော့ ZAN’s Little Things ကပါ
အဲ့မှာတခြားလိုချင်စရာလေးတွေလဲအများကြီးရှိပါတယ် 😍
စျေးနှုန်းက ၈၀၀၀-၉၀၀၀ လောက်ပါ
လက်အိတ်က တစ်စုံပါတာမို့ တစ်ဖက်ချင်းစီသုံးလဲရပါတယ်
ဖူးကတော့ တဖက်ကို၆ လစီနဲ့ budget သုံးပါတယ်😍

ကဲ နွေနေပူကြီးမှာရေချိုးရင်းနဲ့skincare လေးပေါ့❤️

Photos from Chi's Diaries 's post 09/05/2024

နေနွေပူကြီးကြောင့် မျက်နှာအသားရေတွေညစ်နွမ်းပြီး မျက်နှာပေါ်ဘာမှမတင်ချင်် မလိမ်းချင်ဖြစ်နေကြပြီလား ?
ဖူးဆိုရင် မျက်နှာပြောင်နဲ့ကိုအချိန်တိုင်းနေချင်နေတော့တာ ဒါပေမယ့်မဖြစ်ဘူးလေနော် စကင်းကဲထားကြတာတွေ အလဟဿဖြစ်လို့တော့ဘယ်ရမလဲလေနော်။

ဒီနေ့မှာ ဖူးက နွေရာသီနဲ့အသင့်တော်ဆုံး အဆင်ပြေဆုံးလို့တွေးထားတဲ့ skincare product လေးနှစ်မျိုးအကြောင်းကို sharing လုပ်ပေးမလို့ပါရှင့်

Fraijour လို့ပြောလိုက်တာနဲ့ မသိတဲ့သူတောင်သိပ်ရှိမယ်မထင်တော့ပါဘူးနော်။ အခုလိုskincare တွေစျေးကြီးနေချိန် စျေးနှုန်းအသင့်တင့်လေးတွေနဲ့အဆင်ပြေတော့ တစ်ခြားနေရာမှာ ငွေပိုသုံးလို့ရတာပေါ့နော်❤️

skincare ကို series တွေ အများကြီးထုတ်ပေးထားတာ Fraijour ပါပဲ ။ ဝက်ခြံအတွက်လား ရေဓာတ်ဖြည့်ချင်တာလား anti-aging အတွက်လားအဲ့လိုအစုံကိုရွေးချယ်လို့ရတာပါဆို ။ တကယ်တကယ့်ကို customer တွေိကိုပေးရတဲ့စျေးနဲ့ တန်တာတွေပဲ ပေးထားတာပါ😊

သူ့ကို စသုံးမိတာကလဲ အဲ့ချိန်တုန်းက review တွေအရမ်းများနေတာရယ် ဘူးတွေကလဲကြီးတာနဲ့ စမ်းကြည့်ခဲ့တယ်ပေါ့နော်။ Warmwood series ထဲက Toner နဲ့ watery cream လေးပါရှင့်

ပုံတစ်ခုချင်းစီမှာသေချာရှင်းပြပေးထားတယ်နော်👇

Fraijour brand ကလေ သုံးလိုက်တာနဲ့ ဘယ်လောက်အတွင်းမှာ wow ကနဲ အသားရည်ကို ပြောင်းလဲ ပေးနိုင်မှာတော့မဟုတ်ဘူးနော် သူက ကြာကြာသုံးမှ သူ့ရဲ့ result ကိုသိရတာမို့စိတ်ရှည်ရပါတယ်

ဖူးဝယ်ခဲ့တုန်းက

Toner- 28,000 mmk
Cream- 22,000 mmk

ဝယ်ဖူးတဲ့ page တွေက ဒါတွေပါ🌟
EOS K Beauty Shop
Fraijour Myanmar_Official
Beauty Zone

ကောင်းတာတွေပြီးပြီဆိုတော့ စိတ်ထဲဘဝင်မကျတာလေးတွေလာပြီနော်
1. အကုန်လုံးက full size တွေပဲ ထွက်တာမို့ ကိုယ်နဲ့သင့်တော် မတော် စမ်းသုံးကြည့်လို့မရပါဘူး ထီထိုးသလိုပါပဲ
sample size မထွက်ပါဘူးရှင် 🥴

2. ဘူးတွေက ကြီးတော့ ခရီးဘာညာထွက်ရင် သယ်သွားဖို့ရာမလွယ်ကူပါဘူး ခွဲသယ််မှပဲ ပြေပါတယ်နော်
3. တစ်ခါဝယ်ပြီးရင် အနည်းဆုံး ၅ လလောက်အသုံံးခံလို့ တစ်မျိူးတည်းပဲ မသုံးချင်တဲ့သူတွေကတော့ ပျင်းစရာကောင်းပါလိမ့်မယ်

***နောက်တစ်ခုက Fraijour myanmar official page မှာ ဘူး error လေးတွေ packaging မကောင်းတာလေးတွေဆိုရင် ‌discount လေးတွေရှိပါတယ်
ဖူးဆို အဲ့ချိန်ဝယ်စုထားလိုက်တာပဲ။ save ဖြစ်တဲ့ပိုက်ဆံမုန့်စားတာဖြစ်ဖြစ် တစ်ခြားဟာဝယ်လို့ရတယ်လေနော်🤭 ***

ကဲ နောက်ပို့စ််မှာပြန်တွေ့ကြမယ်နော်✌️



effect

Photos from Chi's Diaries 's post 13/03/2024

Hello Hello Chi's Diaries page ကနေ ပြန်လည်ကြိုဆိုလိုက််ပါတယ်
အခုရက်ပိုင်း review လေးတွေရေးဖို့စိတ်မပါဖြစ်နေတာရော အားလုံးလဲစိတ်ညစ်နေကြတာရောကြောင့် နားထားတာပါ

ဒါပေမယ့် အရာရာ စျေးကြီးနေတဲ့အချိန်မှာ တန်ကောင်းသက်သာလေးတွေ့တော့လဲ အချစ်တွေကို သတိရမိပြန်တာနဲ့ ရေးပေးလိုက်ပါတယ်နော်

မိတ်ကပ်ဖျက်ဆေးလို့ပြောလိုက်တာနဲ့ မိန်းကလေးတွေ မျက်လုံးထဲ တန်းမြင်ကြမှာ micelllar water, cleansing oil , gel စတာတွေပါပဲ။ မှန်ပါတယ် ဒါတွေကတော့ double cleansing လို့သိကြတဲ့ မိတ်ကပ်ဖျက်ရာမှာ အသုံးပြုကြတဲ့ ပစ်စည်းတွေပါ။
အခုဆို စျေးကွက်ထဲမှာ ပုံစံမျိုးစုံ စျေးနှုန်းမျိုးစုံနဲ့ brand ပေါင်းမျိုးစုံ မှိုလိုပေါက် ပေါများနေတာလဲ အားလုံးသိကြမှာပါ။ ဖူးတစ်ခုကြားဖူးတာရှိတယ် မိန်းကလေးတွေက ကိုယ်နဲ့တည့်တဲ့ skincare product ရှာတွေ့တာက ရွှေတုံးကောက်ရတာထက်တောင် ပျော်သေးတယ်တဲ့ ❤️

အဟုတ်ပါပဲ ကောင်းနိုးရာရာကိုပိုက်ဆံတွေအကုန်ခံပြီးလိုက်သုံး မတည့်ရင် breakout တွေထွက်, စိတ်တွေပိုညစ်ရတာပဲလေနော့

အခုပြောပြမှာလေးကတော့ ဖူး သုံးတာ ဒါနဲ့ဆို ၃ ဘူးမြောက်ရှိနေပီး အသားရည် အားလုံးနီးပါးနဲ့အဆင်ပြေတဲ့ ပစ္စည်းကောင်းလေးပါ😘

သူလေးကတော့ JM solution ကထွက်တဲ့ Cleansing Water လေးပါ။ ကောင်းတာတွေပြောရရင်တော့

- မိတ်ကပ်ကို 2 pumps လောက်နဲ့ အကုန်ပြောင်ပါတယ် ( heavy make up လိမ်းတဲ့သူတွေဆိုရင်တော့ မပြောင်ပါ) 🌟🌟🌟🌟
ဖူးဆို skincare, sunscreen , powder လောက်လိမ်းတာဆိုတော့ ပြောင်တာတော့ ပြောမနေနဲ့

- သုံးပြီးရင် အသားခြောက်သွားတာမရှိ စိိုစိုလေးပိုဖြစ်ချင်ရင်တော့ H9 Hyaluronic ampoule လေး recommend 🌟🌟🌟🌟🌟
- user friendly အရမ်းဖြစ် သူရဲ့ pump လိုမျိုးက တစ်ခြားမှာသိပ်မတွေ့ရဘူး cotton pad လေးနဲ့ဖိလိုက်တာနဲ့ တစ်ခါသုံးစာလုံလုံလောက်လောက်ထွက်လာလေးက တကယ်ကိုအဆင်ပြေတာ မီးပျက်နေလဲ မှောက်ကျမှာမစိုးရိမ်ရဘူး🥴🌟🌟🌟🌟🌟
- စျေးနှုန်း - 500 ml အကိတ် size ကိုမှ 13500- 15000 MMK 🌟🌟🌟🌟🌟

ဖူးဝယ်တာက ဒီ page 𝘽𝙚𝙖𝙪𝙩𝙮 𝘽𝙮 𝙈𝙤𝙚ကပါ

-Made in Korea ကိုဒီလိုစျေးနဲ့ရတာကတော့ တန်နေပြီလို့ပြောလို့ရပါတယ် တစ်ခြား china made တွေတောင် ဒီထက်စျေးကြီးနေပါပြီနော်

- ၃ မျိုးထွက်ပါတယ် ဝက်််ခြံသမားရယ် sensitiive skin တွေအတွက်ရယ် normal to oily skin အတွက်ဆိုပြီး လာပါတယ် 💕
ဖူးကတော့ ပုံထဲက ၂ မျိုးသုံးဖူးပါတယ် Centella ကတော့ ဝက််ခြံအတွက်ပါနော်
အကြိုက်ဆုံး favourite လေးကတော့ H9 လေးပါ ❤️
- ဖူးကတော့ ရေနဲ့ပြန်သစ်ရမှ စိတ်ကျေနပ်တဲ့သူမို့ မျက်နှာသစ်ဆေးနဲ့ပြန်သစ်ပါတယ်။ ကိုယ်က ခရီးသွားတာဖြစ်ဖြစ် ပျင်းလို့ပဲဖြစ်ဖြစ် ပြန်မသစ်ဘူးဆိုရင်လည်း ရတဲ့အနေအထားပါနော်။
- အနံ့ကတော့ မပါသလောက်ကိုနည်းပါတယ် 🌟🌟🌟🌟

မကောင်းတာတွေ ပြောပါမယ်
-ဘူးက တစ်အားကြီး‌တော့ခရီးသွားရင် သယ်လို့အဆင်မပြေပါဘူး 👎
cotton pad နဲ့ထည့်ပြီး zip bag လေးနဲ့သယ်ရင်တော့ အဆင်မတရားပြေ source- ဖူးကိုယ်တိုင်် 👌
- တယောက်တည်းသုံးရင် ၄-၅ လလောက် ခံတော့ မကြာခပြောင်းချင်တဲ့သူတွေကတော့ ပျင်းစရာ အလစ်တဲကောင်းပါမယ် 😬

ပြောရရင် 9/10 ပေးရလောက်တဲ့အထိ ပြစ်ချက်ပြောစရာမရှိတဲ့ cleansing water လေးမို့ အားလုံးကိုလဲ သုံးစေချင်တဲ့စိတ်နဲ့ sharing လုပ်ပေးလိုက်ပါတယ်နော်။

အားလုံးပဲ စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ။

Photos from Chi's Diaries 's post 14/01/2024

ဆောင်းတွင်းနဲ့ အလိုက်ဖက်ဆုံး cleanser ❤️

Hello Chi’s Diaries page ကနေ ကြ်ိုဆိုပါတယ်ရှင်

အခုတလောရာသီဥတုကအေးလာတော့ အသားရည်တွေခြောက် အသားတွေပက်ကြတာကို အတော်များများခံစားရပါတယ်

အထူးသဖြင့် မျက်နှာသစ်ပြီးချိန်ဆိုပိုသိသာတယ်
ရေနဲ့သစ်ပြီး skincare မလုပ်ခင်အချိန်လေးမှာတင် တင်းတင်းခြောက်ခြောက်ကြီးဖြစ်သွားတာ 😩

အဲ့ဒါနဲ့ ဒီနေ့မနက် လက်ရှိသုံးနေတဲ့မျက်နှာသစ်ဆေးလေးကအတော့်ကိုအဆင်ပြေလို့ ချက်ချင်းကိုreview ရေးပေးလိုက်ပါတယ်နော် ❤️

Laneige multi deep cleanser ကတော့အထူးတလည်ပြောစရာတော့မလိုပါဘူးနော် Korea skincare တွေထဲနာမည်ကြီးလူကြိုက်များတဲ့ best seller product လေးပါပဲ

လိုရင်းတိုရှင်း review လေးပဲပေးလိုက်တော့မယ်

❄️သစ်ပြီးတာနဲ့ခြောက်သွားတဲ့ဖီလင်လုံးဝမရှိဘူး
❄️အိအိလေးနဲ့နေလို့အရမ်းကောင်း အသားလေးကစိုနေတာ လက်နဲ့ကိုင်ရင်ပိုသိသာ
❄️အနံ့က သင်းသင်းလေး ဆေးနံ့ဘာညာမရှိ

❄️deep cleansing လုပ်ပေးနိုင် full make up လိမ်းရင်တော့ double cleansing လုပ်ကိုလုပ်ရ
❄️စျေးနှုန်းသင့်တင့် (၇၅၀၀ ကျပ်) -30ml

ဝယ်ခဲ့တဲ့ page လေးပါ

https://www.facebook.com/queensparadise.mm?mibextid=LQQJ4d

30 ml လေးဆိုတော့ ခရီးသွားရင်လည်းကောက်ထည့်လိုက်ရုံပဲ ဆိုဒ် ကြီးတွေလဲရှိတယ်နော်

အားလုံးပဲ အဆင်ပြေကြပါစေရှင်

Photos from Chi's Diaries 's post 13/01/2024

လေဆာဖြင့် မှဲ့ခြောက်ဖျောက်ခြင်း အပိုင်း- ၂

Hello Chi ‘s Diaries page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်

ပထမဆုံးအနေနဲ့ အပိုင်း၂ လေးကတင်ပေးဖို့အနည်းငယ်ကြန့်ကြာသွားတာကို တောင်းပန်ပါရစေနော် ဒီကြားထဲ result လေးကိုသေချာစောင့်ကြည့်ချင်တာရော treatment အကြိမ်ရေ မပြည့်သေးတာရောကြောင့် မတင်သေးတာပါ

အခုတော့ treatment လဲပြီးသွားပီဆိုတော့ အကုန်လုံးကိုပြောပြပေးလိုက်တော့မယ်နော် ❤️
အပိုင်း၁ ကို မဖတ်ရသေးတဲ့သူလေးတွေအတွက်လည်း နောက်ဆုံးမှာ လင့်လေးချပေးထားပါမယ်ရှင်

ကဲ တပုံချင်းစီမှာစာလေးတွေနဲ့သေချာရှင်းပြထားလို့ အဆုံးထိ သေချာလေးဖတ်ကြည့်ပေးပါဦးရှင်
Treatment လေးယူခဲ့တဲ့ဆေးခန်းနာမည်နဲ့ စျေးနှုန်းလေးကိုလဲ ပြောပြထားတာမို့ ဖူးလို့ မှဲ့ခြောက်အတွက်စိတ်ညစ်နေရတဲ့သူလေးတွေလည်းအဆင်ပြေကြဖို့ sharing လုပ်ပေးလိုက်ပါတယ်နော်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon