Review by Wi&Ri

Review by Wi&Ri

Share

Love yourself & you'll shine and glow like a star in the universe✨

Photos from Review by Wi&Ri's post 22/02/2024

Anua Cleansing Oil Review
Annyeong 🤍
Ri ဒီတပတ် reviewပေးသွားမှာကတော့
အခုFacebook, TikTok မှာ တအား Trendဖြစ်နေပြီး Oliveyoung Awards best of 2023ရထားတဲ့ Anua cleansing oil လေးဖြစ်ပါတယ်🌟

ပထမဆုံးပြောရရင် သူ့textureပေါ့ တအားကိုပေါ့ပါးတယ်။ Heartleaf ပါဝင်တာကြောင့်လဲ sensitive skinတွေအတွက် redness တွေသက်သာစေပြီး
Calming ဖြစ်စေတယ်။ အဆီတွေအနေနဲ့လဲ Sunflower oil, Macadamia oil, Olive oil, Grapeseed oil နဲ့ Jojoba oilတို့ကိုအခြေခံပြီးထုတ်ထားတာကြောင့် အသားကိုစိုစိုလေးကျန်စေခဲ့တာမို့ Dry skinသမားတွေအတွက်လဲအဆင်ပြေတယ်။ 😉

အဆီတွေပါဝင်နေပေမဲ့ Anuaမှာပဲရှိတဲ့ Exclusive Ingredient 2မျိုးဖြစ်တဲ့
(Non-comed oil & 5 Alpha Avocuta)
1.Non-comed oil မှာက heartleaf extract ပါဝင်တယ် Non-Comedogenic ဖြစ်လို့ တခြားcleansing oilတွေလိုသုံးပြီး ချွေးပေါက်ပိတ်သွားတာမျိုးမရှိဘူး💫

2. Ingredients listsထဲပါတဲ့ Butyl Avocadate + Tocopherol (Vitamin E) ပေါင်းမှရလာတဲ့ 5 Alpha Avocuta က Riတို့ cleansing oilသုံးပြီးရင်ထွက်လာတဲ့ အသားအရည်အဆီပြန်နှုန်းကိုထိန်းညှိပေးပါတယ်💫
ဒါတေကAnua cleansing oil ရဲ့တမူထူးခြားတဲ့အချက်တေပေါ့🌟

ပြီးတော့ ဒီAnua cleansing oil က cleansing oil သုံးရင်ဖြစ်လေ့ရှိတဲ့ ဝက်ခြံအဆီဖုထွက်တာမျိုးမရှိအောင်ထုတ်ထားကြောင့် cleansing oil လဲသုံးချင် ဝက်ခြံအဆီဖုထွက်မှာလဲကြောက်တဲ့သူတွေအတွက်တော့ ရဲရဲကြီး tryကြည့်စေချင်ပါတယ် 🤍

သတိပြုဖို့ကတော့ ကိုယ့်skinက heartleaf နဲ့မတည့်ရင်တော့မသုံးသင့်ပါဘူး‼️

Edit- (ဆိုတော့ Riဒီနေရာမှာ cleansing oil ကဘယ်လိုမျိုးလဲ? ဆိုတာကို မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပြီး တချက်ကြားဖြတ်ရှင်းပြမယ်နော်…. 🤗
Clesnsing oilဆိုတာက make up, sunscreen ရှိသမျှအကုန်ပျက်တဲ့အပြင် Micellar Waterနဲ့ဖျက်လို့မပြောင်တဲ့ ချွေးပေါက်ထဲကကျန်တဲ့အညစ်အကြေးတွေdead cellsတွေနဲ့အဆီခဲ ဆားဝက်ခြံကအစ ရှင်းထုတ်ပေးပါတယ်))

Riက ဝက်ခြံအဆီဖု ခနခနပေါက်တတ်တဲ့သူပါ period timeမှာဟော်မုန်းကြောင့်ဘုတေပေါက်
အအိပ်မမှန် အစားမရှောင်အပူအစပ်တအားစားလို့အဆီဖုတွေကန်ထွက်တတ်တာလဲခနခနပါပဲ😣 အဲ့လိုbreakoutကာလမှာစသုံးကြည့်တော့ TikTok မှာပြထားသလို ဆားဝက်ခြံအဆံလေးတွေအဆီခဲလေးတွေကိုတကယ်ကိုကျွတ်ထွက်လာတာတွေ့ရတာတော့အားရစရာပါပဲ 😭🌟

Textureကလဲ ကျဲကျဲလေးမို့ စိမ့်ဝင်မှုအားကောင်းပြီးdeep cleansingလုပ်နိုင်တယ်
စေးကပ်ကပ်လဲမဖြစ်ပဲ ရေဆေးချရအရမ်းလွယ်ပါတယ်။ Riဆို တော်တော်ကိုဝက်ခြံအဆီဖုတေသက်သာလာတယ် ဆားဝက်ခြံတွေလဲပါးပါးလာတာကိုခံစားမိတယ်။သူကpore control မို့လို့ ဆားဝက်ခြံတေများပြီး ချွေးပေါက်ကျယ်တဲ့သူတွေအတွက် tryကြည့်သင့်ပါတယ် တကယ်အဆင်ပြေစေမှာပါ 🤍

ဆိုတော့ကာဒီAnua cleansing oilလေးကall skin type သုံးလို့လဲအဆင်​ပြေမယ် Quality လဲတအားကောင်းတာမို့ စျေးလဲမြောက်တဲ့ထဲပါပါတယ်။ Riဝယ်တုန်းက 42000ပါ 💵

skincare Myanmar official
and me တို့မှာဝယ်လို့ရပါတယ်နော်🫶🏻

Photos from Review by Wi&Ri's post 13/02/2024

အခုချိန်မှာ ၆သောင်းနီးပါး ပေးဝယ်ရတဲ့ Mugwort Essence ကပေးရတဲ့စျေးနဲ့တန်နေတုန်းလား?🤔

ဒီMugwort Essenceက I’m from ကထုတ်တဲ့
Single-ingredient Mugwort based essence ပါ။✨🌿

Mugwort ? 🤔
Mugwort ဆိုတာကိုရီးယားနိုင်ငံရဲ့ဆေးဖက်ဝင်အပင်တမျိုးဖြစ်ပါတယ်
skin claming & soothing နဲ့ healing effectတွေပါဝင်လို့ sensitive skin တွေအတွက်အရမ်းကိုအဓိကကျတဲ့ နာမည်ကြိီး
Ingredient တခုပါ။✨
(ဒီနေရာမှာRi တခုတော့ပြောချင်တာက Mugwortနဲ့ မတည့်တဲ့သူတွေအတွက်တော့ ရှောင်စေချင်ပါတယ်။❗️)

Ri ဒီMugwort essence ကိုဘူးကြီးမဝယ်ခင်ဘူးသေးဝယ်ပြိီး breakoutဖြစ်နေတုန်းစမ်းtryကြည့်ခဲ့ပါတယ် ။
Redness တွေနဲ့အဆီဖုဝက်ခြံတွေလုံးဝသက်သာသွားတာမို့ ဘူးကြီးကိုထပ်ဝယ်ဖြစ်ခဲ့ပြီး Fav essence လိုဖြစ်နေလို့ကို review ရေးဖြစ်တာပါ😭🫶🏻

Essenceဆိုတာ အသားအရည်ရဲ့လိုအပ်တဲ့ရေဓာတ်ကိုအဓိက ဖြည့်စွမ်းပေးတာပါ။💧
ဒီMugwort Essenceလေးကတော့ အရည်ကျဲကျဲလေးနဲ့ absorbဖြစ်တာမြန်လိူ့ အသားထဲစိမ့်ဝင်မှုအားကောင်းပါတယ်။ Barrierအတွက်လဲအဆင်ပြေတယ်။ အသားအရေ ကိုsoft & smoothဖြစ်စေတယ်။ calming effectပါလို့ calming powerကတော့တကယ်ကိုအားရစရာကြီးပါ ဒါတင်မကဘူး hydration powerကလဲတကယ်ကိုကောင်းတယ်။🌟
အနံ့ကတော့ herbအနံ့ကိုမှ တအားlight ဖြစ်တဲ့စိမ်းရွှင်ရွှင်လိုမျိုးပါ အနံ့လုံးဝမပြင်းပါဘူး ဘယ်လိုပြောရမလဲ….
Earthy smell ဆန်တယ်တကယ်ကိုမှ✨
Textureကတော့ Thick watery texture လိုပါပဲ
စေးကပ်ကပ်လဲမဖြစ်ဘူးနော်။ All skin typeသုံးလို့လဲ အဆင်ပြေတဲ့ essenceတခုပါ။

လိမ်းနည်း?👀
Toner လိမ်းအပြီးမှာသူ့ကိုလက်ဖဝါးထဲ ၅စက်လောက်ထည့်ပြီးမျက်နှာလေးကိုပုတ် ပုတ်ပြီး လုပ်လိုက်ရုံပါ။🤭

သူကတကယ်ကို resultတအားမြန်တယ်ပြောရမယ်။ ဝက်ခြံအဖုက inflammation ဖြစ်တဲ့အချိန်သုံးလိုက်ရင် နောက်ရက်ဆိုဝက်ခြံအဖုကချပ်သွားတာကြီးကတော့ သူ့ရဲ့powerပေါ့ ပြီးတော့ မျက်နှာကနီရဲရောင်ရမ်းနေချိန် ယားယံနေချိန် ဒါကို cotton padလေးပေါ်လောင်းထည့်ပြီး မျက်နှာကို toner mask လေးလိုကပ်သုံးရင်
ချက်ချင်းသိသာတဲ့result ကိုရတယ်။
Riအတွက်တော့သူက 10/10 rateရှိတဲ့ essenceတခုပါပဲ🤭🤎

ဆိုတော့ကာဒီလို အရမ်းကောင်းတဲ့ essenceမျိုးကို အခုလိုစျေးတက်တဲ့အချိန်မှာ ၆
သောင်းနီးပါးပေးဝယ်ရပေမဲ့ တန်နေတုန်းလားဆိုတော့ ပြန်ရတဲ့ ရှယ်results တွေနဲ့တင် တန်နေတုန်းလို့ပဲပြောလို့ရပါသေးတယ်👀🤎
Ri ဒါလေးကို K-Beauty Houseကနေ ၅၈၀၀၀နဲ့ဝယ်ယူခဲ့ပါတယ်။

အခုလိုreview လေးကိုအဆုံးထိဖတ်ပေးလို့readersလေးတို့ကို Ri ကျေးဇူးတင်ပါတယ်နော်
အသုံးဝင်မယ် အကျိူးရှိလိမ့်မယ်လို့ထင်ပါတယ်🤎

Photos from Review by Wi&Ri's post 04/02/2024

Anua Peach Niacin Serum 🍑
(Honest Review by Ri)

ဒီserumကLocalမှာကောKဘက်မှာကောInternational မှာကောတအားviralဖြစ်ပြီးနာမည်ကြီးနေလို့ Riလဲ try ကြည့်ချင်တာနဲ့ instock မနဲကိုလုဝယ်ခဲ့ရပါတယ်😹
ဒါလေးကိုသေချာလေးသုံးကြည့်ပီးနောက် reviewလေးပေးချင်လို့ပါ🤭

အစပိုင်းတော့ ဒီserumကို niacinamideအများကြီးပါမယ်ထင်တာပေါ့
Niacinamide က percentage အများကြီးပါတိုင်းလဲမကောငိးပါဘူးတန်ဆေးလွန်ဘေးဆိုတာရှိသလိုပဲ ကိုယ့်skinအပေါ်ကွာခြားချက်အလိုက်skin barrierထိသွားတတ်ပါတယ် Ri ဆိူလိုချင်တာက လိုသလောက်percentပဲ သုံးပေါ့🤔

ဒီserumမှာကထင်သလို Niacinamide အများကြီးမပါပါဘူးနော် 5%ပဲပါတယ် ဒီserumပုလင်းကိုစမြင်တာနဲ့Riတို့အကုန် 70%ဆိုတဲ့ စာလုံးကြီးကိုမြင်ကြမှာပါ တကယ်တော့ အဲ့တာ Natural ingredient peach extract 70%ပါတာကိုဆိုလိုချင်တာပါနော်😉

ဆိုတော့ကာ ဒီserumက niacinamide အဓိကမဟုတ်ဘူး niacinamide serumမဟုတ်ပါဘူး
5%ပဲပါတာမို့ brightening effectတော့ဖြစ်စေပြီး oil/sebum control လောက်အထိတော့မလုပ်ပေးနိုင်ပါဘူး (Nia ကဒီserumမှာ ဇာတ်ပို့လိုမျိုးပါနော်😁)

ချစ်စရာပန်းဖျော့ရောင်textureလေးဖြစ်နေတာကတော့ skin barrier ကောင်းစေတဲ့ vitamin B12ကြောင့်သဘာဝအတိုင်းဖြစ်လာတဲ့အရောင်လေးမို့ပါ😚
Riရဲ့skinဆို သုံးနေရင်းတော်တော်လေးskin condition ကောင်းလာတာ သိသာပါတယ်🤗

နောက်ပြီးသူက pink yeast နဲ့ hyaluronic acid က tripleတောင်ပါဝင်တာမို့ hydration
ကောင်းကောင်းပေးနိုင်တာကတော့အမှန်ပါပဲ
Hydration ကောင်း”ပေးနိုငိတဲ့serumမို့ dry skinလေးတွေအတွက်တော့ကွက်တိပါပဲလို့Ri highly recommend ပေးချင်ပါတယ် (oily skinလေးတွေအတွက်လဲမပူပါနဲ့ သုံးလို့အဆင်ပြေတဲ့ထဲပါပါတယ်နော်)

Texture လေးကလဲအရမ်းကိုlightweight ဖြစ်ပီးအသားထဲစိမ့်ဝင်မှုအားကောင်းတာကတော့သုံးနေရင်းကိုတကယ်ကို သိသာတဲ့အချက်​ပေါ့
Serum အနံ့လေးကလဲ lightweight of peach scent လေး ဟီး 😚

အသားမညီမညာနဲ့ ညစ်ပြီးမွဲခြောက်နေတဲ့ skinတေကို active ingredientsတွေ များကြီးတေ သုံးစရာတောင်မလိုပဲ ချွေးပေါက်လေးတွေကအစကျဉ်းပြီး စို”ကြည်”လေးနဲ့
Glow and glass skin ဖြစ်လာအောင်လုပ်ပေးတာပါ

Riကတော့ မနက်နဲ့ည ၂ခါလုံးသေချာထည့်သုံးပေးပါတယ် တကယ်ကိုသိသိသာသာ ဝက်ခြံအမာရွတ်တေလဲသက်သာပြီး အသားအရည်စိုပြေပြီး ကြည်တောက်လာတာမို့ စျေးကတအားမြှောက်တဲ့ထဲပါပေမဲ့ effective တအားဖြစ်လို့ ပေးရတဲ့စျေးနဲ့တန်လားဆိုရင်တော့ သူ့တန်ဖိုးနဲ့သူပါပဲ ကျေနပ်မှုရှိပါတယ်ပေါ့😅
ပုလင်းလှကလဲလှတော့ ဝယ်ချင်အောင်ဆွဲဆောင်ခံလိုက်ရတာတော့အမှန်ပဲ😹

Riဒါလေးကို preorderတင်ပြီးမစောင့်ချင်တော့လို့ စိတ်မြန်လက်မြန်ပဲinstockကိုမနဲရှာဝယ်ခဲ့ရပါတယ်
𝑩𝒆𝒂𝒖𝒕𝒚 𝑩𝒚 𝑻𝒉𝒆 𝑩𝒂𝒚 𝑪𝒐𝒔𝒎𝒆𝒕𝒊𝒄𝒔မှာ Riကံကောင်းစွာနဲ့instock ရခဲ့ပါတယ်။
Riဝယ်တုန်းကတော့ Price ကတော့ 5သောင်းပါ

Preorder မှာမယ်ဆိုရင်တော့
and me
skincare myanmar မှာလဲမှာယူနိုင်ပါတယ်

Photos from Review by Wi&Ri's post 25/01/2024

Beauty Of Joseon
Sun Relief : Rice + Probiotics Sunscreen Review 🌾☀️

Ri ဒီ Boj Sunscreen လေးကိုသုံးတာ1ဘူးကုန်ပြီ ခုဆို2ဘူးမြောက်သေချာစွဲသုံးပြီးမှ detail ကျကျရေးဖြစ်တဲ့ honest review လေးမို့ ကိုယ်က Sunscreen ဝယ်ဖို့ရှိရင် ဒါမှမဟုတ် အသစ်tryချင်ရင် သေချာလေးဖတ်ကြည့်ဖို့ အကြံပြုချင် ပါတယ်နော်💌

-ဒီSunscreen လေးက BOJ brandရဲ့ best selling product တစ်ခု ဖြစ်ပါတယ်။ SPF 50+နဲ့ PA ++++ပါပြီးlabတွေမှာသေချာစစ်ဆေးပြီးမှ ထွက်ရှိလာလို့ spfပြည့်မှီတဲ့ အတွက်ကြောင့်ယုံကြည်လို့ရပါတယ်ရှင့်🌟

လိမ်းလိုက်ရင်လဲmatte finish မကြိုက်ပဲ တင်းတင်းပြောင်ပြောင်လေးနဲ့ glowy၊ dewy finish ဖြစ် ရတာကြိုက်တဲ့ Riတို့လိုသူတွေအတွက်သင့်တော်တဲ့ Sunscreen ကောင်းလေး တစ်ခုဖြစ်ပါတယ်။
ပြီးတော့ ဒါလေးကိုလိမ်းပြီးအချိန်ကြာလာတာနဲ့အမျှ skin oxidation လဲမဖြစ်စေပါဘူး…(ဆိုလိုတာကတော့ Sunscreen လေးလိမ်းပြီးskin toneက မ မဲသွားပါဘူးနော်)

ထူးခြားချက်ကSunscreen ဖြစ်ပေမဲ့ skincare effect တွေပါရအောင် Rice extract 30%နဲ့ probiotics တွေပါတာပါဘဲ✨
Rice ကအသားအရေကိုအကျိူးပြူမဲ့ Amino acids နဲ့ Minerals တွေပါပြီး တော်တော် Moisturizing ဖြစ်စေလို့ Dry skinတွေအတွက်
Highly recommend ပိုပေးပါရစေ။🤭

(Oily skinတွေကတော့ ဒီSunscreen သုံးမယ်ဆိုmoisturizer stepကိုskip လို့ရတဲ့အတွက်ဒီတခုတည်းနဲ့ 2 in 1ရမှာမို့ budget friendly တောင်ဖြစ်သေးတယ် 👀) (super oily
ဖြစ်လွန်းတဲ့skinဆိုရင်တော့ ဒါလိမ်းပြီးအဆီတွေရွှဲနေအောင်ပြန်နိုင်တာမို့မရွေးချယ်စေချင်ဘူးရယ်)

ပြီးတော့ ဒီSunscreen မှာက Riအကြိုက်ဆုံးskincare ingredientတခုဖြစ်တဲ့ Niacinamide နဲ့အတူ အသားအရေကောင်းစေမဲ့ Antioxidants တွေဖြစ်တဲ့ Green tea Extract, Ginseng & Vitamin E တို့လဲပါသေးတယ်နော်

-All skintypeသုံးလို့အဆင်ပြေတယ်လို့Ri ထင်ပါတယ်✨
fragrance-free & Essential oil freeဖြစ်လို့sensitive skinတွေသုံးလို့ရပါတယ်နော်

(ဒါပေမဲ့ တခုသတိထားရမှာက
Rice extractတွေferment ingredients တွေနဲ့ မတည့်တဲ့သူဆို ဒါနဲ့လည်း မတည့်လောက်ဘူး❗️)

သူ့ထဲမှာLactobacillus Ferment(Rice), Monascus Ferment(Rice), Soybean Ferment Extract, Saccharomyces Ferment Filtrate(Rice),Aspergillus Fermentဆိုပြီး probiotics complex 5မျိူးပါဝင်ပါတယ်။

သူလေးက chemical Sunscreenအမျိုးအစားဖြစ်ပြီး
Chemical UV filtersအနေနဲ့တော့ Diethylamino Hydroxybenzoyl Hexyl Benzoate, Ethylhexyl Triazone, Methylene Bis-Benzotriazolyl Tetramethylbutylphenol, Diethylhexyl Butamido Triazone စတဲ့ Chemical UV filters 4မျိုး တွေကို သုံးထားပါတယ်။
—————————

Riသုံးဖူးသမျှ Sunscreen တွေထဲ Hydration အပိုင်းလဲတော်တော်ကောင်းတဲ့ Sunscreen လို့ပြောလို့ရတယ်။ Chemical Sunscreen ဖြစ်လို့လိမ်းပြီးရင်လဲ white castမကျန်ပါဘူး၊Skin toneပြာသွားခြင်းမရှိပါဘူးနော်။

Texture ကလဲlight-lotion textureမျိုးကိုမှအရမ်းကြီးလိမ်းရ မခက်ဘူး၊ လိမ်းရတာ လွယ်သလို မျက်နှာပေါ်မှာ comfortable ဖြစ်တယ်။ ဒါပေမဲ့ Riတို့ Two Fingers အတိုင်းလိမ်းမယ်ဆိုရင်ဒီအတိုင်း မလိမ်းလိုက်နဲ့နော် အသားပေါ်မှာ စိမ့်မဝင်တော့ဘဲ အကုန်မျက်နှာပေါ် တင်နေသလိုမျိုး feeling ဖြစ်တတ်ပါတယ်။
(Ri တော့အဲ့လိုတကယ်ဖြစ်လို့ရယ်😖)

-နောက်ပြီးသူက ဝက်ခြံအဆီဖုတွေရှိတဲ့အခါလဲသုံးလို့ပြေတယ် သူ့ကြောင့်ပိုဆွပေးလိုက်တာမျိူးမရှိဘူး။Riလို အစားမရှောင် ဝက်ခြံအဆီဖုခနခနကိုထွက်တတ်တဲ့သူတောင်ဒါလိမ်းရင်ပိုဆိုးသွားတာမရှိဘူး ။🫢

🛑🛑
(ဒီSunscreenက water resistant တော့မဖြစ်ပါဘူးနော်။ ရေစိုမခံဘူး။ sweat-proofမဟုတ်လို့ ချွေးအများကြီးတွေထွက်မဲ့ အားကစားတွေလုပ်ရင်တော့ sunscreenတွေပျော်ကျနိုင်ပါတယ်။ ဒါလေးတချက်တော့သတိပြုပေးပါ)
————————————

💵?
Price pointအရဆိုရင် ပထမတဘူးကို2023 Mayမှာ ဝယ်တုန်းက 29500နဲ့ပါ ဒုတိယတဘူးကျတော့ ခေတ်အခြေအနေအရစျေးတက်တာတေနဲ့ဆို38000တော့ဖြစ်နေပါပြီ။ စျေးနဲနဲမြှောက်တဲ့အထဲပါသွားပေမဲ့ သူ့ရဲ့ ingredients တွေကလဲတော်တော်ကောင်းသလို
Finish & texture ကလည်းအရမ်းအဆင်ပြေတော့ သုံးရတာ တန်တဲ့ထဲပါတယ်✨

Where I bought-Beauty Of Joseon Myanmar_Official
May Thae

ဒီလောက်ဆို Riရဲ့ Sunscreen honest reviewကိုဖတ်တဲ့readers လေးတွေအနေနဲ့ ကိုယ်နဲ့အဆင်ပြေပါ့မလားသင့်တော်ရဲ့လား သေချာဆန်းစစ်သိရှိလောက်ပီထင်ပါတယ်။💌

Ri🍓

(Not sponsored post!
I bought this by myself)

23/01/2024

Annyeong!✨ ဒီနေ့တော့ Wiက Physical (Mineral) Sunscreen☀️ နဲ့ Chemical Sunscreen☀️တွေရဲ့ ကွာခြားချက်/အားသာချက် နဲ့ အားနည်းချက်လေးတွေ ကို ပြောပြပေး သွားမှာဖြစ်ပါတယ်👀💫

💫Physical (Mineral) Sunscreen မှာတော့ Inorganic compound တွေ / Physical UV filtersတွေပါ ပါတယ်

💫Chemical Sunscreen မှာကျတော့ Organic compound တွေ / Chemical UV filtersတွေပါ ပါတယ်

ဒီတော့ စလိုက်ကြရအောင်🍀

Physical Sunscreen/Mineral Sunscreen ဆိုတာ ဘာလဲ❓

Physical sunscreen ဆိုတာ Titanium dioxide/Zinc oxide တို့နဲ့ ဖွဲ့စည်းထားပီး မျက်နှာပေါ် လိမ်းလိုက်တာ နဲ့ မျက်နှာရဲ့ အသားအရည် ပေါ်မှာ shield လေး တစ်ခု အနေနဲ့ coating လုပ်ပေးပီး နေရောင်ခြည်က လာတဲ့ UV rays တွေကို reflect လုပ်စေ ခြင်းအားဖြင့် ကာကွယ်ပေးပါတယ်🌱

Physical Sunscreen ရဲ့ အားသာချက်✅

- သူကလိမ်းပီးတာနဲ့ နာရီဝက် စောင့်စရာမလိုဘဲ ချက်ချင်းနေပူထဲ ကောက်ထွက်လို့ အဆင်ပြေပါတယ် 🌿

- အဆီ ကိုထိန်းပေးနိုင်တဲ့အတွက်ကြောင့် အဆီပြန်တက် တဲ့ oily skin သမားတွေနဲ့ အထူးသင့် တော်တယ် 🌿

- ရေစို ချွေးစို လဲ ခံပါတယ်🌿

Physical Sunscreen ရဲ့ အားနည်းချက်⛔️

- များသောအားဖြင့် physical sunscreen တွေက မိတ်ကပ်အောက်က ခံလိမ်းဖို့ မသင့်တော်ပါဝူး

- Texture က လဲ ထူပီးတော့ ပျစ်တဲ့ ဘက်သွားပါတယ်

- Skin tone ပေါ်မူတည်ပီး ချင့်ချိန်လိမ်းရပါတယ်( ဥပမာ - skin toneဖြူတဲ့ သူတွေက သိပ်မသိ သာပေမဲ့ skin toneညိုတဲ့ ဘက် သွားတဲ့ သူတွေ လိမ်းရင် white cast အနည်းအများကျန် နိုင်ပါတယ်နော်)

- remove လုပ်ရ ခက်ပါတယ်

- ဝက်ခြံ အဆီဖု သမားတွေ ဆို မလိမ်းသင့်ပါဝူးနော်

Chemical Sunscreen ဆိုတာ ဘာလဲ❓

Chemical Sunscreen ကတော့ Ethylhel Salicylat , Homosalate , Dibutyl Adipate လိုမျိုး chemical compound တွေ နဲ့ ဖွဲ့စည်းထားပီး မျက်နှာ ပေါ်လိမ်းလိုက်တာနဲ့ နေရောင်ခြည်ကလာတဲ့ UV rays တွေကို အရေပြားထဲ စုပ်ယူ ပေးပီး heat energy အဖြစ် ပြောင်းလဲ ပေးလိုက်ခြင်း ဖြင့် ကာကွယ်ပေး ပါတယ်🌱
နောက်ပိုင်း chemical sunscreenတွေမှာ လဲ reflect လုပ်တဲ့ နည်းနဲ့ ကာကွယ်ပေး လာတာ ကို Wi တို့ တွေ့လာရပါတယ်🌱

Chemical Sunscreen ရဲ့ အားသာချက်✅

- သူရဲ့ texture က ကြဲကြဲ လေး ဖြစ်ပီး လိမ်းရတာ လွယ်ကူ တာကြောင့် lightweight ဖြစ်ပီး ပေါ့ပါးတယ် 🌿

- Make up အောက်က ခံလိမ်းဖို့ အထူးသင့်တော်တယ် 🌿

- White cast လုံးဝ မကျန်လို့ ဘယ် skin tone ပဲ ဖြစ်ဖြစ် လိမ်းရလွယ်ကူပါတယ် 🌿

- Remove လုပ်ရ လွယ်ကူပါတယ် 🌿

- ဝက်ခြံ အဆီဖု သမားတွေ နဲ့ အထူး သင့်တော်ပါတယ်🌿

Chemical Sunscreen ရဲ့ အားနည်းချက်⛔️

- Effective ဖြစ်ဖို့ အတွက် လိမ်းပီးပီးချင်း နာရီ ဝက်လောက် စောင့်ပီး မှ နေပူထဲထွက်ရပါတယ်

- များသောအားဖြင့် water resistance မပါတာများလို့ ရေစို ချွေးစို မခံပါဝူး

- အဆီပြန်တာ မျိုးရှိတဲ့ အတွက် အဆီတအား ပြန်တတ် တဲ့ သူတွေ အနေ နဲ့မသင့်တော်ပါဝူး

- မျက်လုံးနားတစ်ဝိုက် လိမ်းရင် စပ်တာ မျိုးကြုံရတတ်ပါတယ်

❗️အထူးသတိထားရမှာက Wiတို့ မနက်ပိုင်း Sunscreen လိမ်းပီးတာနဲ့ ညနေစောင်းလောက်ကြရင် Double Cleansing ပြန်လုပ်ပေးသင့်ပါတယ်နော်✨
မဟုတ်ရင် အဆီဖုလေး တွေ ထွက်လာတတ်လို့ပါဗျ😫

❗️ပီးတော့ အိမ်ထဲမှာ နေပီး အပြင် မထွက်ဖြစ်ရင်လဲ Sunscreen ပါးပါးလေးတော့ လိမ်းပေးထားသင့်ပါတယ်နော်🌱
မီးချောင်းတွေ မီးလုံးတွေ က လာတဲ့ raysတွေကို ကာကွယ်ပေးဖို့ အတွက်ပါခင်ဗျ💡

ဒီလောက် ဆိုရင်တော့ Wiတို့ Physical(Mineral) Sunscreen ☀️နဲ့ Chemical Sunscreen☀️ တို့ရဲ့ ကွာခြားချက်ကို သိလောက်ပီ လို့ထင်ပါတယ်✨

အားလုံးပဲ အဆင်ပြေ ကြလိမ့်မယ် လို့ မျော်လင့်ပါတယ် ခင်ဗျ💫

Photos from Review by Wi&Ri's post 19/01/2024

SKINTYPEခွဲနည်း
Skincare စသုံးမယ်ဆိုရင် ဘယ်အရွယ်ဖြစ်” ကျားမမရွေး အရင်ဆုံးသိထားရမှာကကိုယ်ရဲ့skin type ပါ✅
Skintypeကိုသေချာသိမှskincareဝယ်ရလွယ်ပြီးကိုယ်နဲ့သင့်တော်တဲ့skincareကိုရမှာပါလို့Ri အကြံပြုချင်ပါတယ်✨

Skintype ကိုသိရဖို့အတွက် Riတို့ပထမဆုံး
—မျက်နှာသစ်ရပါမယ်
ပြီးရင်မျက်နှာကိုရေစင်အောင်သုတ်ပြီးဘာမှမလူးပဲ ၁နာရီလောက်ထားရပါမယ်

—ပြီးရင်တော့ အောက်ကပုံလေးတေကိုကြည့်ပြီးကိုယ့်skintypeကဘယ်ထဲပါလဲဆိုတာလေးနဲ့ ဘာတေရှောင်သင့်/လုပ်သင့်လဲဆိုတာလေးကိုခွဲမှတ်ထားလို့ရပါပြီ

❗️ Skin typeဟာရာသီဉတုနဲ့Metabolism တွေကြောင့်လဲတစ်ခါတစ်လေပြောင်းသွားနိုင်တာမို့ (6) လတစ်ခါ/ တစ်နှစ်တစ်ခါလောက် ပြန်ပြီးစမ်းစစ်ပေးကြပါနော်...❗️

Photos from Review by Wi&Ri's post 18/01/2024

Annyeong!✨ ဒီနေ့တော့ Wi က ဗောက် သိသိသာသာ ပျောက်တဲ့ Korea Brand Shampoo လေးတစ်ခု ကို Honest review အနေနဲ့ sharing လုပ်ပေးချင်ပါတယ်

Shampoo လေးနာမည်ကတော့
"Miseenscene Scalp Care Shampoo"🍀လေးပဲဖြစ်ပါတယ်

ဒီ Shampoo လေးကို ဘယ်လို လူမျိုးတွေ သုံးသင့်လဲ❓
1. ဗောက်အရမ်းအရမ်းထတတ်တဲ့ သူတွေ✅
2. အဆီအရမ်းပြန်တတ် တဲ့ သူတွေ✅
3. ခေါင်းချွေး အရမ်း ထွက်တတ် တဲ့သူတွေ✅
အနေနဲ့ စမ်းသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်ဗျ

ဗောက်(Dandruff) ဆိုတာ ဘာလဲ❓

Dandruff ဆိုတာ Fungus(မှို) နဲ့ အခြား သော Yeast တွေကြောင့် ဖြစ်လာတဲ့ ဦးရေပြား ပြဿနာပဲဖြစ်ပါတယ်🫨
အလွယ်တကူ ပြောရရင် တော့ Wiတို့ လက် လေးတွေ ခြေထောက်လေးတွေ မှာ အရေခွံကွာ သလို မျိုးပဲ ပေါ့နော်
သူကလဲ ဦးခေါင်းခွံ ကနေ ကွာကျလာတဲ့ ဦးရေပြား cellအသေ လေးတွေပဲ ဖြစ်ပါတယ်

ဆိုတော့ Review လေးကို ဆက်လိုက်ကြရအောင်🤗

Wi ကိုယ်တိုင်လဲ ဗောက်အရမ်းထတတ်တဲ့ သူမျိုးထဲ ပါပါတယ်
အစပ်တွေ စားပီးရင် ခေါင်းတစ်ခုလုံး ရေနဲ့လောင်းထားသလိုမျိုးချွေးတွေရွှဲသွားတတ်တဲ့ လူမျိုးထဲပါ ပါတယ်
ဆိုတော့ အရင်ကဆို ကုတ်လိုက်စားလိုက် နဲ့ စားရတာပေါ့ ဗောက်တွေ တဖွားဖွားပဲ😫

Wi အရင်က anti dandruff shampoo တွေ အများကြီးသုံးဖူးပါတယ် အဆင်မပြေခဲ့ပါဝူး တစ်ရက်လောက်နေရင် ဗောက်တွေ ပြန်ဖြစ်လာပါတယ်

ဒီ shampoo လေးကို သုံးပီး တဲ့ နောက်မှာ သိသိသာသာ ဗောက်လုံးဝ ပျောက် သွားပါတယ်💫

✨သူက Jeju Green Teaပါလို့ အနံ့သင်းသင်းလေးနဲ့ freshဖြစ်တယ်

✨Shampoo အရည်လေးကလဲ ကျဲကျဲကြီး မဟုတ်ဘဲ ရှားစောင်းအနှစ်လေးလို့ ဂျယ်လီ ပုံစံလေး မို့လို့ တခြား ခေါင်းလျော်ရည် တွေ လို ရေနဲ့ထိရင် ခဲခဲ ကြီး ကျန်မနေဘူး

✨2ရက် 3ရက်လောက်နဲ့တင်တော်တော်လေးသိသာပါတယ်

⛔️ တစ်ခု သတိထား စေချင်တာက ဗောက်ဆိုတာ အရေခွံ ကွာကျတာမျိုး ဖြစ်တဲ့ အတွက် လျော်တဲ့ အခါ ကုတ် သင့်တဲ့နေရာ ကုတ်လျော်ပေးရပါတယ်
⛔️ပီးတော့ ရေစင်အောင် ပြန်ဆေးချဖို့လဲ သတိပြုရပါမယ်ဗျ

ဒါကြောင့် Wi ကတော့ ဗောက်ထ တတ်တဲ့ သူလေးတွေ အတွက် ဒီShampooလေးကို recommend ပေးပါတယ် ဗျ👀✨

အားလုံးပဲ အဆင်ပြေကြမယ် လို့ မျော်လင့်ပါတယ်ဗျ💫
(Not sponsored post)

Photos from Review by Wi&Ri's post 15/01/2024

Annyeong🩵 ဒီနေ့တော့ Riက အခုမှskincareစလုပ်မဲ့beginnersလေးတေအတွက် သိထားသင့်တဲ့ basic skincare stepsတွေကို sharingလုပ်ပေးသွားမှာဖြစ်ပါတယ်🤗

Stepsတချင်းစီရဲ့လုပ်ဆောင်ချက်တေကိုလဲပုံလေးတေရဲ့အောက်မှာ ပြောပြပေးထားပါတယ်
အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ရှင်

13/01/2024

안녕하세요 😚ဒီpageလေးကWiနဲ့Riတို့ရဲ့Skincare & cosmetics review pageလေးပါရှင့်
skincare and beauty tips တွေ knowledge sharing နဲ့products တွေပါreview ပေးရတာဝါသနာပါတာမို့ ဖွင့်လိုက်တဲ့pageလေးပါ

နှစ်ယောက်လုံးက real usersတေဖြစ်လို့honest reviews တေပဲတင်ပေးမဲ့page လေးပါ

နောက်ပိုင်း pageလေး အခြေတကျ ဖြစ်သွားတာနဲ့ Wiနဲ့Riတို့ နှစ်ယောက်လုံးfollowersလေးတွေကို Giveaways လေးတွေပေးသွားဖို့လဲရှိပါတယ်>

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11041