Coffee & Me
Myanmar နိုင်ငံတွင်ဂုဏ်ယူစွာထုတ်လုပ်ထားရှိတဲ့ Organic ပစ္စည်းအသုံးပြု Skin Care Product များ။
02/01/2026
ဒါလေးကတကယ်ကောင်းတဲ့ Hair Serum လား 🤔
ခုတလော trend အရမ်းဖြစ်နေလို့ ဒီ serum လေး အကြောင်းရှာဖတ်၊ ကိုယ်တိုင်သုံးတာ ၃ ဘူးမြောက်မှာ ဒီ serum လေးရဲ့ ingredients တွေရယ်၊ သုံးရင်ဘာကောင်းလဲ ၊ ဆိုးကျိုးဘာတွေရှိနိုင်လဲဆိုတာလေး sharing လုပ်ပေးချင်စိတ်ပေါက်လာတာနဲ့ ထ ရေးလိုတာ၊ စာတော့နည်းနည်းလေး ရှည်မယ်နော် 😁
ပါဝင်ပစည်းတွေက
✨ ️Silicones
သူက ဆံသားမျက်နှာပြင်ချောမွေ့စေတယ်၊ တောက်ပြောင်စေတယ်၊ ဆံပင်မာပြီး ဖွာလန်ကျဲနေတာတွေကို သက်သာစေတယ်
✨️ Collagen
လိမ်းပြီးရင် ဆံပင်ပိုထူလာသလိုမျိုးခံစားရပြီး ထူထူအိအိလေးဖြစ်စေတယ်
✨️ Pro-V (Vitamim V5/ Panthenol)
ဆံပင်အတွက်ထုတ်ကုန်ပစည်းကောင်းတွေမှာမပါမဖြစ်တဲ့ ဆရာကြီးပေါ့
သူက ဆံပင်ကို စိုပြေစေတယ်၊ ကျိုးပဲ့ ပျက်ဆီးနေတဲ့ ဆံသားတွေအတွက်ကောင်းတယ်၊ ဆံပင်ကို တောက်ပြောင်စေတယ်
✨ ️Light Oils
ဆံသားနူးညံ့ပြီး စိုထိုင်းဆ ကာကွယ်ပေးတဲ့ light ဖြစ်တဲ့ ဆီမျိုး နည်းနည်းလေးပါတယ်လို့တွေ့ရပါတယ်
✨️ အနံ့လေးလဲ တော်တော်လေးကောင်းတယ်လို့ပြောရမယ်
🌟 သူက Leave-in serum အမျိုးအစား၊ Leave-in serum ဆိုတာ သုံးပြီးရင် ရေပြန်ဆေးချစရာမလိုဘူး။ အဲ့တော့ သုံးရတာ အရမ်းလွယ်တယ်
🌟 ဆံပင်ရေစိုနေချိန်မှာလဲ သုံးလို့ရတယ်၊ အများဆုံးသုံးဖြစ်တာကတော့ ခေါင်းလျှော်ပြီးလို့ dryer မှုတ်ပြီးချိန်၊ ဆံပင်ခြောက်သွားတဲ့အချိန်သုံးဖြစ်တာပိုများတယ်၊ အဲ့လိုသုံးတာ ပိုအဆင်ပြေတယ်၊ ဆံသား တစ်ခါတည်းချောမွေ့တောက်ပြောင်ပြီး ပုံသွင်းရတာရော ရှင်းရတာရော တအားလွယ်တယ်၊ ဆံပင်လေးက healthy look ရတယ်ပေါ့
🔹️ ကောင်းတာလေးတွေကို အချုပ်ပြန်ပြောရရင်
✅️ လိမ်းပြီးပြီးချင်း ဆံပင်လေးက ချောမွေ့သွားမယ်
✅️ ရှုပ်နေတဲ့ဆံပင်တွေ ရှင်းရလွယ်မယ်
✅️ လိမ်းပြီးရင် hair oil တွေလို စေးကပ်မသွားဘူး၊ လိမ်းထားလို့ လိမ်းထားမှန်းမသိအောင်ပေါ့ပါးတယ်၊ သုံးရတာလဲ လွယ်တယ်
✅️ ဆံပင်လေးက ပြောင်ပြောင်ချောချော အိိအိ ထူထူလေးဖြစ်နေလိမ့်မယ်
🔸️ ဘယ်သူတွေသုံးသင့်တာလဲဆိုတော့
✅️ ဆံပင်ပျက်စီးနေတဲ့သူတွေ
✅️ ဆံသားခြောက်သွေ့ပြီး၊ မာလဲမာ၊ ဖွာလန်ကျဲပြီး ဆေးဆိုး၊ ဖြောင့် ကောက်ထားလို့ ဆံသား ပျက်စီးနေတဲ့သူတွေ သုံးသင့်ပါတယ်
✅️ ဝယ်ရတာလဲ တော်တော်လွယ်မယ်ထင်ပါတယ်
🔺️ အားနည်းချက်ရှာကြံပြောရရင်တော့
သူကယာယီအတွက်ပဲကောင်းတာ၊ ဆံသားအရင်းအမြစ် ဟိုးအတွင်းပိုင်းထိ ပြုပြင်ပေးတာမဟုတ်ပါဘူး
ဆိုတော့ အချုပ်ပြောရရင် သုံးရတာ လွယ်တယ်၊ သုံးပြီးရင် သုံးထားမှန်းမသိအောင် ပေါ့ပါးတယ်၊ ရှင်းရခက်တဲ့ ဆံပင်လေးတွေ ရှင်းလို့လွယ်တယ်၊ သုံးပြီးပြီးချင်း ပျော့ပျော့ အိအိ ထူထူလေးနဲ့ ပြောင်ပြောင်လေးဖြစ်နေစေတာက ဒီ serum ပေါက်ရခြင်းရဲ့အကြောင်းရင်းပဲထင်ပါရဲ့
အကြောပြတ်ရာနဲ့ အသားအရောင်မညီဘူးဆို
Coffee Scrub လေးသုံးနော် 🤎
30/07/2023
🤎 အကြောပြတ်ရှိသူလေးများအတွက် Coffee Body Scrub 🤎
29/07/2023
🥳 အများကြီးမပြောတော့ဘူးနော်
ဘာမှမတင်ဖြစ် မရောင်းဖြစ်တာကြာပြီ၊
အချစ်ကလေးတွေအရမ်းလာပူဆာကြလို့
ဒီနေ့နဲ့မနက်ဖြန် နှစ်ရက်တည်း
အရောင်းဖွင့်ပေးမယ်နော် ☺️
🥰 ဒီတစ်ခေါက်တော့ အရင်ဈေးအတိုင်းပဲ ရောင်းပေးဦးမယ်ရှင့်
☕️ နေလောင် အသားမညီ အကြောပြတ်ရာအတွက်ဆို Coffee Body Scrub ကိုယူနော်
❣️ 250ml - 15500
🤎 အသားလေး စိုပြည်ပြီး တစ်ဆင့်ဖြူဝင်းစေဖို့ဆိုရင် ကင်ပွန်းသီး Scrub လေးကိုယူပါ
❣️250ml - 9900
🚚 ဒီနေ့နဲ့မနက်ဖြန် နှစ်ရက်တည်း အော်ဒါကောက်ပါမယ်ရှင်၊ ပြီးရင် ရှေ့တစ်ပတ်မှာ delivery စ ပို့ပါမယ်နော်
🥳 ဒီတစ်ခေါက်ပြီးရင် နောက်တစ်ခေါက် ဘယ်တော့ပြန်ရောင်းဖြစ်မလဲ မသေချာလို့ ၊ ဘယ်ဈေးဖြစ်မလဲလဲ မသေချာတာမို့ သုံးနေကျသူလေးတွေ ဝယ်သာသိမ်းထားလိုက်တော့နော်
ချစ်တဲ့
မစု
22/07/2023
Review ပေါင်းမြောက်မြားစွာတွေထဲက တချို့ 😍
09/11/2022
Pageနဲ့မဆိုင်ပေမယ့် တင်ပါရစေ
ငြိမ်းချမ်းစွာအနားယူပါတော့ ဦးကြည်ရယ် 💔😓
ဝမ်းသာပျော်ရွှင်ရပါတယ် ချစ်ရတဲ့မမဝင်းရယ် 😍
13/03/2022
☀️ နွေနေပူပူမှာ အသားအရည်လေး မပျက်စီးစေဖို့ ☀️
Chic kalay တို့ရေ..
နွေရာသီက အခုမှ အစပျိုးရုံရှိသေး အပူချိန်ကြီးက ကြောက်ဖို့ကောင်းလိုက်တာ 😣😣
နေကပူ.. မီးတွေကပျက်နဲ့ လူလည်း ငရဲပြည်ကို နေ့ချင်းပြန်ပျော်ပွဲစားထွက်ရသလို ခံစားနေရပြီရှင် 😿😿
နွေရာသီမှာဆိုရင် အပူဒဏ်နဲ့ နေလောင်ဒဏ်တွေကြောင့် အသားအရည်တွေ ပုံမှန်ထက်ပိုပြီး ပျက်စီးတတ်တာမို့ အသားအရည်ကို ပိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် Admin က အချစ်တို့အတွက် နွေရာသီမှာ အသားအရည်မပျက်စီးအောင် ဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့ tips လေးတွေပြောပြပေးသွားမယ်နော်😘😘
(၁) အသားအရည်ကို ရေဓာတ်ပြည့်နေအောင် ဂရုစိုက်ပါ
အသားအရည်ဆိုတာ ခန္ဓာကိုယ်ကျန်းမာရေးရဲ့ ကြေးမုံပြင် ဖြစ်တာမို့ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေမှ အသားအရည်ကလည်း ကြည်လင်စိုပြေတင်းရင်းနေမှာပါ။ ဒါကြောင့် အသားအရည်ကို အပြင်ပန်းကပဲ cosmetics တွေ၊ skincare တွေဈေးကြီးပေးသုံးနေတာမျိုးမလုပ်ပဲ အတွင်းထဲကနေလည်း ရေဓာတ်ပြည့်နေအောင် ရေများများသောက်ပေးပြီး ရင်အေးစေတဲ့ အသီးဖျော်ရည်စစ်စစ်တွေ မကြာခဏ သောက်သုံးပေးသင့်ပါတယ်။
(၂) အသားအရည်အတွင်းထဲအထိ သန့်စင်ပေးပါ
နွေရာသီဟာ ပူလောင်လွန်းတာကြောင့် အလိုလိုနေရင်း ချွေးထွက်နေတဲ့ကာလပါ။ အဲဒီအခါ ပြင်ပကဖုန်တွေ၊ အသားအရည်ထဲက ထွက်တဲ့ အဆီတွေ၊ ချွေးတွေစုသွားပြီး ချွေးပေါက်လေးတွေကို ပိတ်သွားစေတာကြောင့် နွေရာသီမှာ အသားအရည်အတွက် cleasing steps က အသက်လောက် အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ့်အသားအရည်နဲ့ ကိုက်ညီပြီး အသားအရည်အတွင်းထဲအထိ သန့်စင်ပေးနိုင်တဲ့ cleanser မျိုးကိုအသုံးပြုပေးပြီး Double Cleansing လုပ်ပေးသင့်ပါတယ်နော်။
(၃) မိတ်ကပ်ခပ်ပါးပါးသာလူးပါ
နွေရာသီဟာ ပူအိုက်လွန်းတာကြောင့် ချွေးပေါက်ပိတ်စေနိုင်မယ့် Full Makeup တွေအစား Tinted Moisturizer လေးတွေကို သုံးပေးသင့်ပါတယ်။
(၄) Sunscreen လူးပါ
ဒါကတော့ အရေးအကြီးဆုံးအချက်ပါပဲ။ နွေရာသီမှာ အိမ်မှာနေတဲ့အချိန်တွေမှာလည်း နေရောင်ခြည်မှာပါတဲ့ အသားအရည်ကို ထိခိုက်စေနိုင်တဲ့ အနီအောက်ရောင်ခြည်တွေ၊ ခရမ်းလွန်ရောင်ခြည်တွေက ပြတင်းပေါက်တွေကနေ ကွေ့ပြီးဝင်လာနိုင်တာကြောင့် နေရောင်ကာခရင်မ်ကို သေချာပေါက် လူးပေးသင့်ပါတယ်။ အိမ်မှာနေချိန်မှာ SPF 30+ လောက်ကိုလူးပြီး အပြင်ထွက်တဲ့အချိန်တွေမှာတော့ SPF 50+ လောက် လူးပေးမယ်ဆိုရင် အဆင်ပြေမှာပါ။
(၅) လက်ရှည်ဝတ်ဆင်ပါ
နေပူပူထဲကိုသွားမယ်ဆိုရင် နေရောင်ကို ကိုယ့်အသားနဲ့ တိုက်ရိုက်မထိတွေ့စေပဲ ကြားခံအနေနဲ့ လက်ရှည်အင်္ကျီတွေ၊ ဘောင်းဘီတွေကို ဝတ်ဆင်ပေးသင့်ပါတယ်။
(၆) မျက်လုံး၊ နှုတ်ခမ်းနဲ့ ခြေထောက်တွေကို မမေ့ပါနဲ့
နေပူပူမှာ မျက်လုံးတွေမထိခိုက်စေဖို့ အပြင်သွားမယ်ဆိုရင်တတ်နိုင်သမျှ နေကာမျက်မှန်ဝတ်ဆင်ပေးသင့်ပါတယ်။ ဒါ့အပြင် တော်တော်များများက မျက်နှာကို Sunscreen လိမ်းပေမယ့် နှုတ်ခမ်းတွေကို မေ့နေတတ်ကြတာကြောင့် နှုတ်ခမ်းကိုလည်း SPF ပါတဲ့ Lip Balm လေးတွေဆိုးပေးဖို့ မမေ့ပါနဲ့နော်။ ခြေထောက်တွေလက်တွေကိုလည်း SPF ပါတဲ့ Lotion တွေ အမြဲမပြတ်လူးပေးပါ။ Admin ကတော့ မနက်ဆိုရင် SPF ပါတဲ့ Lotion လူးပြီး ညမအိပ်ခင်မှာ အားဖြည့်တဲ့အနေနဲ့ Nourishment ပေးတဲ့ Vaseline Deep Repair လို Lotion လေးတွေ လူးဖြစ်တယ်။
Admin ရဲ့ အချစ်လေးတွေလည်း နွေနေပူပူမှာ ကြည်ကြည်တောက်တောက်အသားအရည်လေးတွေနဲ့ Bling Bling နေ့ရက်တွေကို ဖြတ်ကျော်နိုင်ကြပါစေလို့ Admin က ဆုတောင်းပေးလိုက်ပါတယ်နော်။ အချစ်တို့လည်း နေရောင်ဒဏ်က ကာကွယ်ဖို့ ပုံမှန်လုပ်ဖြစ်တဲ့ Skincare Ritual လေးတွေရှိရင် Comment မှာ ပြောပြခဲ့ကြပါဦးရှင်။
13/02/2022
“ကိုကိုနဲ့ Date ဖို့ Skincare ကြစို့"
ကဲ.. Valentine’s Day လည်းရောက်တော့မယ်ဆိုတော့ ကိုကိုတွေ မောင်တွေနဲ့ ဒိတ်ဖို့ ရယ်ဒီပဲလား.. 👀
သိနေတယ်လေ 🤗 ဒါကြောင့် Admin က Chic kalay တို့ ချစ်သူတွေနဲ့ တွေ့တဲ့အခါ Glow Skin, Glass Skin လေးတွေနဲ့ Bling Bling ဖြစ်နေအောင် Skincare နည်းလေးတွေ ပြောပြပေးလိုက်မယ်နော် 😗💘
အကြည်ဓာတ်လေးနဲ့ သွားဒိတ်တော့မယ်ဆိုရင် ✨✨
(၁) မျက်နှာချေးချွတ်ပါ
အသားအရည်လေး စိုပြည်ကြည်လင်နေဖို့ မျက်နှာပေါ်မှာ ဆဲလ်အသေတွေ မရှိဖို့အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်နဲ့ ကိုက်ညီတဲ့ Exfoliator Mask တစ်ခုခုနဲ့ အသားအရည်ကို ချေးချွတ်ပေးရပါမယ်နော်။ ဝင်းဖန့်နုညက်ပြီး နမ်းချင်စရာမျက်နှာလေးဖြစ်နေဖို့ Exfoliation step က အဓိကကျပါတယ်။
(၂) Body Scrub တိုက်ပါ
Admin ကတော့ ကောင်လေးနဲ့သွားမတွေ့ခင် နှစ်ရက်အလိုလောက်မှာ Body Scrub လေးတိုက်ထားဖို့ အကြံပေးချင်တယ်။ အသားအရည်ညစ်ထေးနေတယ်လို့ ခံစားရရင် Coffee & Me ရဲ့ Shikakai Scrub လေးတိုက်ပြီး အမာရွတ်တွေအမည်းစက်လေးတွေရှိနေရင် Coffee Scrub လေးတိုက်စေချင်တယ်။ Scrub တိုက်လိုက်ရင် အသားအရည် နုနုလေးဖြစ်သွားပြီး တကယ်ကြည်သန့်သွားရော✨💖
(၃) အမွှေးအမျှင်ရှင်းလင်းပါ
တောရှင်းလင်းရေး လာပါပြီ။ စတာနော်.. ခန္ဓာကိုယ်က အမွှေးအမျှင်တွေရှိနေရင် စိတ်က မကြည်လင်ဘူးမဟုတ်လား။ အဲဒါကြောင့် wax လုပ်ဖို့လိုတယ်။ (စိတ်ကြည်ဖို့ပြောတာနော် လျှောက်မတွေးနဲ့ 😛😛) Admin ကတော့ Private Area နဲ့ Underarm ကို Sugar Wax လေးနဲ့ ရှင်းတယ်။ ခြေထောက်တွေကိုတော့ Wax Strips လေးတွေနဲ့ ရှင်းလိုက်တယ်။ Wax Strips လေးတွေက အမွှေးတွေအကုန်ပါတဲ့အပြင် အောက်ခံအသားအရည်ကိုပါ လင်းသွားစေလို့ အရမ်းကြိုက်😍😍
အဓိက ဂရုစိုက်ရမယ့် အချက်က Scrub လုပ်တဲ့ရက်နဲ့ Wax လုပ်တဲ့ရက်ကို အနည်းဆုံး (၂) ရက်လောက်ခွာသင့်ပါတယ်နော်။
(၄) moisturize.. moisturize MOISTURIZE
အသားအရည်လေး ကြည်လင်ချောမွေ့နေမှ အပေါ်မှာ ဘာထပ်လိမ်းလိမ်းလှမှာပါ။ ဒါကြောင့် အသားအရည်ချောမွေ့နူးညံ့နေအောင် အဓိကအရေးကြီးတဲ့ ရေဓာတ်ဖြည့်ခြင်း လုပ်ပေးဖို့လိုပါတယ်။ အခုလို ဆောင်းတွင်းဆိုရင် အသားအရည်စိုပြေနေအောင် ရေဓာတ်ဖြည့်ပေးဖို့က ပိုလို့တောင်အရေးကြီးပါသေးတယ်။ ဒါကြောင့် Glow, Glass Skin လေးနဲ့ ချစ်သူကို ဖမ်းစားနိုင်ဖို့ ရေဓာတ်ဖြည့် cream လိမ်းပါ၊ ရေများများသောက်ပါ။
(၅) အိပ်ရေးဝအောင်အိပ်ပါ
အိပ်ရေးမဝတဲ့အခါ မျက်နှာက ပင်ပန်းနွမ်းနယ်နေပြီး ဘယ်လောက်မိတ်ကပ်ပြင်ပြင် လှသင့်သလောက်မလှပါဘူးနော်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ဖို့လိုပါတယ်။
(၆) Mask ကပ်ပါ
Sheet Mask တွေက မျက်နှာကို instant glow ပေးနိုင်တဲ့အတွက် ကိုယ့်အသားအရည်နဲ့ ကိုက်ညီတဲ့ Sheet Mask လေးကို မအိပ်ခင်ကပ်ပြီးမှ အိပ်မယ်ဆိုရင် နောက်တစ်နေ့မနက်မှာ ဖူးသစ်နုရွတဲ့အလှနဲ့ လန်းဆန်းတဲ့ မျက်နှာလေး ပိုင်ဆိုင်နိုင်မှာပါ။
ကဲ.. Chic Kalay တို့လည်း အခု Admin ပြောပြသွားတဲ့ Skincare လေးတွေလုပ်ပြီး Valentine’s Day မှာ အပျော်ဆုံးကောင်မလေးတွေဖြစ်ကြပါစေနော်။ ချောကလက်ရရင် Admin ကို နည်းနည်းကျွေး 😛💖
Happy Valentine’s ပါ အချစ်တို့ ❣❣❣
30/01/2022
🥳🎁 🎊 ဒီလိုပြောင်နေအောင်သုံးဖူးရင် လက်ဆောင်ယူပါ 🎊🎁🥳
******************************************
ဒီ post လေးကတော့ Coffee & Me ရဲ့ Customer အရင်းကြီးတွေနဲ့ Chics ကလေးတွေကို လက်ဆောင်ပြန်ပေးဖို့ရည်ရွယ်ပါတယ်၊
👉🏻 လက်ဆောင် ဘယ်လိုယူမလဲ
✅ Coffee & Me က ဝယ်သုံးထားတဲ့ ဘယ်ဘူးခွံနဲ့မဆို ဓါတ်ပုံရိုက်ပါ (လှလှလေးရိုက်ပြီးပို့ရင်တော့ ပိုပျော်မှာပေါ့နော်)
✅ ရိုက်ထားတဲ့ ဓါတ်ပုံကို ဒီ post အောက်မှာ ပြန်လာပြပေးနော်
✅ ပြန်လာပြထားတဲ့ ဓါတ်ပုံပိုင်ရှင်တွေထဲက ၅ ယောက်ကို သိပ်သုံးလို့ကောင်းပြီး Review ကောင်းတွေအများကြီးရထားတဲ့ English Rose Foaming Bath Butter Scrub လေး ၅ ဘူး random comment picker နဲ့ရွေးပေးမယ်နော် (Deli Free ပါပေးဦးမှာ ☺️)
✅ ရွေးပေးမယ့်နေ့လေးကတော့ ၅.၂.၂၀၂၂ ပါရှင့်
ဘာမှမဟုတ်ဘူး၊ ကိုယ့်ရဲ့ ချစ် customer လေးတွေကို လက်ဆောင်မပေးရတာကြာလို့ Admin မစု အကြံအဖန်လုပ်တာပါ 😚 ဓါတ်ပုံလှလှလေးတွေမျှော်နေမယ်နော်
ချစ်တဲ့
မစု ❤️
Click here to claim your Sponsored Listing.
Category
Website
Address
Bahan
Yangon
Opening Hours
| Monday | 08:00 - 21:00 |
| Tuesday | 08:00 - 21:00 |
| Wednesday | 08:00 - 21:00 |
| Thursday | 08:00 - 21:00 |
| Friday | 08:00 - 21:00 |
| Saturday | 08:00 - 21:00 |
| Sunday | 08:00 - 21:00 |