Thin Wit Yee

Thin Wit Yee

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thin Wit Yee, Health/Beauty, Bagan Street, Yangon.

08/03/2026

အချိန်တွေ ကြာလာတာနဲ့အမျှကိုယ့်ဘဝရဲ့ ပျော်ရွှင်မှုဟာ
ကိုယ်တိုင်ရွေးချယ်မှုနဲ့ သက်ဆိုင်တယ်ဆိုတာ
နားလည်လာတယ်။
အတိတ်မှာ လူကော စိတ်ကော အများကြီးပင်ပန်းခဲ့ရပြီးပြီမို့
အခုအေးချမ်းတဲ့ ဘဝမှာ အကြာကြီးပျော်ချင်သေးတယ်။

29/05/2025

မိန်းကလေးတွေ ဘဝမှာ ယောက်ျား2မျိုးရှိတယ်
1ယောက်က ကိုယ့်ရင်ထဲမှာကိုယ်ကအရမ်းချစ်ရပီး
ကိုယ့်ကို နာကျင်စေတဲ့သူ

နောက်တယောက်က
ကိုယ့်ဘေးမှာရှိပီး ကိုယ့်ကိုအရမ်းချစ်ပေတဲ့သူ

ကိုယ့်ရင်ထဲမှာရှိနေပီး ကိုယ့်ကိုအရမ်းချစ်ပေးတဲ့သူ
အဲ့လူ2ယောက်ထပ်တူကျနေရင်တော့
အဲ့မိန်းကလေးဟာ ကံကောင်းတဲ့သူပေါ့

🌻🌻🌻🌻🌻

23/02/2025

``ပြန်လာခဲ့ပေးပါ´´ တဲ့လား
ဟင့်အင်း ကိုကို .. ကျမ အရင်လို မငိုချင်တော့ဘူး ~

``အရင်ကထက်ပို ဂရုစိုက်ပါ့မယ်´´ တဲ့လား
နေပါစေတော့ ကိုကိုရယ်.. အဲ့လိုစကားတွေ ယုံခဲ့မိလို့
ကျမ ဘဝနစ်နာခဲ့ရပြီးပြီလေ ~

``ဒီတခါနောက်ဆုံးပါ´´ တဲ့လား ..
ရပါတယ် ကိုကို ..
အမှားတွေကို သိရင် အမှန်ကိုပြင်အဖို့ဝန်မလေးပါနဲ့ ..။

ကျမ ကတော့ ကိုကို့ဆီကို ဘယ်တော့မှ
ပြန်လာမှမဟုတ်တော့ဘူး ။

နာကျင်ခဲ့ပြီးပြီ ~

ငိုခဲ့ရပြီးပြီ ~

အပေါင်းအသင်းတွေကြား အရှက်ရခဲ့ရပြီးပြီ ~

ပတ်ဝန်းကျင်မှာ မျက်နှာငယ်ခဲ့ရပြီးပြီ ~

ကျမလည်း သင်ခန်းစာတွေ ရခဲ့ပြီးပါပြီ ~

အခုတော့ နေတတ်နေပါပြီ ~

ရှေ့ဆက် အဆင်ပြေအောင်နေပါ ..

ကိုကို့ဘေးမှာ ကျမထက်သာတဲ့သူတွေ ရှိနေတာ ကျမသိပါတယ် ~

ဆုံနိုင်ဖို့လမ်းမရှိပေမယ့်
ညတိုင်းမေတ္တာပို့ပေးလျက်ပါ ~

ကျမ မေတ္တာကြောင့် ..
ကိုကို တစ်ယောက်အေးချမ်းပါစေလေ ။
#သက်ထားခင်(THK)

Photos from Thin Wit Yee's post 19/11/2024

ညီလေး မသေမချင်း မှတ်ထား
မိန်းမတစ်ယောက်က စိတ်ကုန်သွားပြီဆိုရင်
အဲ့ယောကျာ်းက ဘာကြီးဘဲ ဖြစ်နေဖြစ်နေ လှည့်မကြည့်တတ်တော့ဘူး။

ရန်ဖြစ်လိုက် ပြန်တည့်လိုက် ပြန်တည့်လိုက် ရန်ဖြစ်လိုက်ဒီလိုဘဲ သွားနေပေမယ့်...

ညီလေး မသိလိုက်တာက
မိန်းမတွေက မှတ်ထားတတ်တယ် ဆိုတာဘဲ
မိန်းမတွေက ဘယ်နေ့ဘယ်အချိန်က ဖြစ်တဲ့
အကြောင်းရာဘဲဖြစ်ဖြစ်
အကုန်လုံးကို မှတ်ထားတတ်တယ်....။

အဲ့အချက်တွေကို စုပြီး ညီလေးကို တဖြည်းဖြည်း
စိတ်နာလာလိမ့်မယ်
သို့သော် သူမပြောသေးဘူး ....

ချစ်လွန်းလို့ အချိုးပြောင်းမလား
သည်းခံ စောင့်ကြည့်နေလိမ့်မယ်....
အချိုးတွေ မပြောင်းတဲ့အခါ
သူ စိတ်ကုန်လာလိမ့်မယ် ညီလေး....

စိတ်ကုန်သွားတဲ့ မိန်းမတစ်ယောက်ကို
ပြန်လာဖို့ ဘာနည်းလမ်းမှ မသုံးပါနဲ့...
သူပြန်လာမှာ မဟုတ်ပါဘူး။

သူ စိတ်ကုန်သွားမယ် ပြန်လှည့်မကြည့်လောက်တော့ဘူးလို့ ဘယ်လို သိနိင်မလဲ ဆိုရင်....
ညီလေး နဲ့ သူ ရန်ဖြစ်တဲ့အခါ
သူပြောတဲ့ စကားလေးတွေကို သတိထားကြည့်ပါ။

-ငါအရင်က သူမဟုတ္ဘူး နင်ပြောသမျှကို ခံစားပြီးငိုနေမဲ့သူမဟုတ်ဘူး။ အဲ့လိုမျိုးလေးပေါ့....

နောက်တစ်ခု သူသေချာ ညီလေးကို မေးပါလိမ့်မယ်
နင့်ဘက် ကပြတ်ပြီ ဆိုတာ သေချာလား...

အဲ့ဒီ သေချာလား ကို သူ ခနခန မေးလိမ့်မယ်...
အဲ့အချိန်မှာ ညီလေးက ဥပေက္ခာ ပြုပြီး Reply မပြန်တော့ဘဲ ထားလိုက်ရင် ညီလေး မင်းကောင်မလေး မင်းနဲ့ သေချာပေါက်ပြတ်ဆဲသွားကျပြီ။

နောင်တ က နောင်မှ ရတာ ညီလေးရေ
ကိုယ့်အပေါ်ကောင်းတဲ့သူကို မဆုံးရှုံး ပါစေနဲ့....
တကယ်မချစ်တဲ့ သူတစ်ယောက်က သူ့ထမင်းသူစားပြီး ညီလေး စကားလုံးတွေအောက်မှာ မျက်ရည်ပေါက်ကြီးငယ် ကျနေမှာမဟုတ်ဘူး။

တန်ဖိုး ထားပါ ညီလေးရေ

pic & crd🌺🕊

Photos from Thin Wit Yee's post 03/11/2024

အချိန်တွေက ပြောင်းလဲသွားပေမဲ့
အချို့အရာတွေက အရင်တိုင်းရှိနေဆဲပါပဲ
🥀🥀🥀

30/10/2024

ဆက်ဆံရေးတိုင်းမှာ
ငါ့စိတ်နဲ့ ငါ ဆိုတဲ့ အတွေးနဲ့ လုပ်ချင်ရာလုပ် ပြော ချင်ရာပြောခဲ့ပြီးမှ...ဒါလေးပြောလိုက်မိတာများဆိုတာတော့ မဟုတ်သေးဘူး…။

" ဒါလေး"များဆိုတဲ့ စကားလုံးလေးထဲမှာ တဖက်လူရဲ့ အရှက်၊ သိက္ခာ၊ ကိုယ်ကျင့်တရား၊ စိတ်ခံစားမှုတွေပါနေတယ်ဆိုတာကို မေ့ထားလို့မရဘူး။

လူသားဆန်ချင်ရင် စာနာစိတ်ကို အရင်းတည်ပြီး
ပြောဆိုဆက်ဆံ ပေါင်းသင်းရတယ် ။”

စည်းနဲ့ ကမ်းနဲ့ လေးလေးစားစား
ဆက်ဆံတတ်ရတယ်တဲ့။

[ပုဆိန်က မမှတ်မိပေမဲ့ သစ်ပင်ကတော့ မမေ့ဘူးဆိုတဲ့ စာသားလေးကို တကယ် သဘောကျမိတယ်] ❤️

Photos from Thin Wit Yee's post 17/10/2024

သီတင်းကျွတ်လပြည့်နေ့လေး
အမှတ်တရ🌻🌻🌻

15/10/2024

အမှတ်တရတွေရှိခဲ့ဖူးတဲ့ ဘုရားပွဲဈေးကြီးကို
အမှတ်တရတွေပေးခဲ့တဲ့ သူမပါဘဲ ရောက်ခဲ့သေးတယ်
တချိန်က မမြင့်ပါဘူးဆိုပီး အတူလိုက်တတ်စီးပေးခဲ့တဲ့သူ
အပေါ်ရောက်မှ ဒူးတုန်ပီး ငါ့ကိုအခုချပေးဆိုပီး အော်တဲ့သူကြီး
လက်ဆွဲရင်း ပွဲဈေးအတူပတ်လျှောက်
ဝက်သားတုတ်ထိုးတွေ အတူထိုင်စားခဲ့သူကြီး
ကိုယ့်ဘေးနားမှာ တသက်လုံးရှိနေမယ်ထင်ခဲ့တာ
🥺🥺🥺

12/10/2024

ယုံကြည်ချင်ပါရဲ့နဲ့
မယုံရဲတော့ဘူးဆိုတာ
ကျွန်မကို နာကျင်စေခဲ့လို့။

11/10/2024

မင်းနဲ့ဆို လိုက်မှာပဲဆိုတဲ့ မေတ္တာတွေရယ်
မင်းဆိုရင်ကြိုက်မှာပဲဆိုတဲ့ အသိတွေနဲ့
ပူဆာစရာမလို ထုတ်ပြောစရာမလိုပဲ
ဖြည့်ဆည်းပေးချင်နေတဲ့မေတ္တာတွေက
တကယ်ချစ်မှဖြစ်ပေါ်လာတာပါ...

အနားရှိတုန်းအပြည့်ဝချစ်ပေး
ဂရုစိုက်ပေးခွင့်ရခဲ့လို့ ကျေးဇူပါ
‌‌ဒါကြောင့် ဝေးခဲ့ရလို့ နောင်တမရပါဘူး
နောက်ဆုံးအမုန်းခံခဲ့ရရင်တောင်
ကျမကျေနပ်တယ်။

အမုန်းတွေနဲ့နာကျည်းချက်တွေနဲ့
ကျမကို စိတ်နာနာနဲ့ အကို့ဘဝ ထဲက
နောင်တဆိုတာ မရှိဘဲ ကျေကျေနပ်နပ်
လက်လွှတ်ပေးခဲ့လို့ ကျေးဇူပါအကို

🥀🥀🥀

03/10/2024

မိန်းကလေးတစ်ယောက်ကလေ....
အမှားတွေကိုခွင့်လွှတ်ပေးတတ်ပေမယ့်
အဲ့ဒီအမှားတွေကိုကျတော့ မေ့သွားဖို့ခက်ကြတယ်

နောက်တစ်ကြိမ်ထပ်ဖြစ်လာရင်လို့တွေးမိရင်
အဲ့ဒီတုန်းက အမှားတွေကို
ပြန် အစဖော် ပြောမိတော့တာပဲ

ရစ်တာ မဟုတ်ဘူးနော်
နောက်ကြောင်း ပြန်လှည့်တာ မဟုတ်ဘူး

အဲ့ဒီတုန်းက
ဘယ်လောက်နာကျင်ခဲ့ရတယ်ဆိုတဲ့
အကြောင်းကို ပြန်ပြီး သတိပေးရုံပါ

ပြီးတော့...
နောက်တစ်ကြိမ်ထပ်ပြီး နာကျင်ရမှာကို
တွေးပြီး ကြောက်နေတာ ။

ဒါကို နားလည်စေချင်တယ်။ 🖤

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Bagan Street
Yangon