ANYA Myanmar
Quality is our passion!!
02/11/2024
ချွှေးပေါက်ကျယ်နေတဲ့ သူတွေ Anya ရဲ့ Cica Serum လေးသုံးကြည့်နော် 🌿🍋
ချွှေးပေါက်လေးတွေ ထိန်းညှိပေးနိုင်ပြီး အသားရေ ကျန်းမာလှပစေပါတယ် !!
Price - 19500/ ကျပ် ( 30 ml )
23/10/2024
ညောင်ဦးက ဖန်တွေ အတွက် 🎉
Anya Vitamin C Serum 🍊လေး သုံးပြထားတာလေး
05/09/2024
19500/ ကျပ်နဲ့ စျေးမတတ်သေးပါဖူးနော် !!
Review by Nyi ရဲ့ ANYA Serum Review 🍊☘️
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Serum ကောင်းကောင်းကို စျေးချိုချိုနဲ့သုံးချင်ရင် recommend ပေးတဲ့ ANYA CICA SERUM & VITAMIN C SERUM✅
စျေးနှုန်းမကြည့်ဘဲ Quality နဲ့တင် အရမ်းကြိုက်လို့ နေ့တိုင်းလိမ်းဖြစ်နေတဲ့ serum လေး 2ခုပါ။ Cica serum ကို Nyi က မနက်မှာလိမ်းပြီး Vitamin C serum ကိုတော့ ညဘက်မှာ လိမ်းအိပ်ဖြစ်ပါတယ်။ တခါတလေ Vitamin C serum ချည်း မနက်ရောညရော လိမ်းဖြစ်တာမျိုးလဲ ရှိတယ်။ သေချာတာကတော့ လက်ထဲမှာရှိတဲ့ 4,5သောင်းတန် serum တွေပစ်ထားပြီး ဒီ serums လေးတွေပဲ သုံးဖြစ်နေတယ်ဆိုတာပါပဲ။ သုံးတဲ့အခါ ကိုယ့်ရဲ့အတွေ့အကြုံကို ပြောပြမယ်နော်။
ANYA က အသားအရေအတွက် စိတ်ချရတဲ့ Thai Brand တခုပါ။ Product အမျိုးအစား အများကြီးမထွက်သေးပေမဲ့ လက်ရှိထွက်ထားသမျှထိတော့ သဘောကျစရာတွေချည်းပဲ။ အထူးသဖြင့် စျေးနှုန်းကသင့်တင့်ပြီး အရည်အသွေးပြည့်မှီတော့ ကိုယ်တိုင်သုံးရတာရော သူများကိုညွှန်ရတာပါ လက်မထောင်နိုင်တယ်ပေါ့နော်။
ဒီ serum လေး 2ခုက 30ml တဗူးကို မြန်မာငွေ 2သောင်းမပြည့်ပါဘူး။ ခုခေတ်စျေးနှုန်းနဲ့ဆို တန်လွန်းတာထက်ကိုပိုတယ်လို့ မြင်မိပါတယ်။ သုံးကြည့်ပြီးသွားရင်လဲ ကိုယ်လိုအရမ်းကြိုက်သွားစေရမယ်နော်။ Nyi က ဒီစကားကို လက်လွတ်စပယ်ပြောတာတော့ မဟုတ်ဘူး။ ကိုယ့်သူငယ်ချင်းတွေကို လိမ်းခိုင်းထားပြီးသား သူတို့လဲ သဘောကျကြတယ်။ ဒါပေမဲ့လဲ သူ့မှာ အားနည်းချက်လေး 2ခုတော့ ရှိပါတယ်။ ဘာတွေလဲ ထည့်ပြောပေးသွားမယ်နော်။
Outside Packaging ကတော့ ပြောစရာမရှိပါဘူး။ Cute ဖြစ်တဲ့ပုံစံလေးနဲ့လာတယ်၊ ingredients list ကိုသေချာဖော်ပြပေးထားတယ်။ အတွင်းကဗူးမှာတော့ sticker ကပ်ထားတာလေးက အနည်းငယ်ကွာချင်သလိုဖြစ်နေတာလေး သတိထားမိပါတယ်။ အဲ့ဒါလေးဂရုစိုက်လိုက်ရင်တော့ ပိုကောင်းသွားမယ်ပေါ့နော်။ ဗူးအဝနဲ့ dropper နဲ့ကတော့ သုံးရတာကွက်တိပါပဲ။
Ingredients တွေကိုကြည့်ရင် 2ခုက main ingredients 'Cica' 'Citrus' ကလွဲလို့ ကျန်တဲ့ side ingredients တွေက အတူတူလောက်ပဲ။ Niacinamide, Panthenol, Pyridoxine နဲ့ vitamins တော်တော်များများပါဝင်တယ်။ Hydration အတွက် Glycerin ကိုအဓိကအားပြုထားတယ်။ မကြိုက်တဲ့အချက်က 2ခုလုံးမှာ Alcohol နဲ့ Fragrance ပါတာပါပဲ။ ဒါပေမဲ့ နောက်ဆုံးမှာထည့်ထားတာဆိုတော့ ပမာဏတော့နဲတယ်ပေါ့နော်။
သူ့ရဲ့ texture ကကျဲကျဲလေး၊ ရေထက်အနည်းငယ်ပဲပိုပျစ်တယ်။ Glycerin based formula မလို့ လိမ်းရတာ ချောချောမွေ့မွေ့လေးနဲ့ အိနေတာပဲ။ 2ခုလုံး ရေဓာတ်အတော်ရတယ်။ အနံ့ကတော့ လိမ္မော်နံ့၊ ဆေးမြင်းခွါရွက်နံ့လို့ ပြောရမလား။ စစချင်းမှာ နဲနဲ strong ဖြစ်ပေမဲ့ အသားထဲစိမ့်ဝင်သွားရင် အနံ့ပျောက်သွားပါတယ်။ 2ခုလုံးက ဘယ်လောက်ပမာဏပဲလိမ်းလိမ်း မျက်နှာပေါ်မှာ ပူခြင်းစပ်ခြင်းမရှိဘူး၊ အေးအေးမွှေးမွှေးလေး။ ကိုယ်ဆို မျက်နှာတခါလိမ်းရင် 3full pumps လိမ်းပါတယ်။
Cica serum လေးဆို သူ့ထည့်လိမ်းရင် skincare routine တခုလုံးပြီးတဲ့အခါ မျက်နှာလေးက calming ဖြစ်နေတာ သိသိသာသာပဲ။ ရောင်ရမ်းတာတွေလဲ လျှော့ချပေးတယ်၊ အဖုတွေကို မြန်မြန်သက်သာစေတယ်။ Vitamin C serum ကတော့ မနက်လိမ်းလဲ oxidize ဖြစ်တာကိုလျှော့ချပေးလို့ skin က လင်းလင်းလေးဖြစ်သလို ညဘက်လိမ်းတဲ့အခါလဲ အမဲစက်တွေကို ထိထိရောက်ရောက်လျှော့ချပေးတယ်။ အပွင့်လင်းဆုံးပြောရင် 2ခုလုံးက တဗူးလုံးပြောင်တဲ့ထိ Nyi ဆက်သုံးဖြစ်မယ့် serum တွေပါ။
All skin types အသုံးပြုလို့ရလို့ serum လိုနေရင် မဖြစ်မနေ try ကြည့်စေချင်ပါတယ်။ အရမ်း sensitive ဖြစ်ရင်တော့ မညွှန်းပါဘူးဗျ။ ဝက်ခြံအဆီဖုအတွက်ဆို Cica, အမဲစက်အတွက်ဆို Vitamin C သုံးပါနော်။
🛒 Beauty Channel , Myanmar
Disclaimer : Collab ဆိုပေမဲ့ ကိုယ့်အမြင်ကိုသာ ပွင့်ပွင့်လင်းလင်းရေးသားထားလို့ စိတ်သန့်သန့်နဲ့ ဖတ်နိုင်ပါတယ်။
27/08/2024
ANYA Serum Review လေး အားရနေရော 😍
အခုလိုချိန် 19500/ ကျပ်နဲ့ Serum ကောင်းကောင်းဆို ANYA Serum လေးပဲ ရှိပါမယ်နော် 🍃
15/08/2024
Skin Care တွေ စျေးကြီးနေတဲ့အချိန် စျေးသင့်တာလေးထဲက Quality စိတ်ချရတာလေး DDC မှာ ရှိနေပါပြီနော် 🍊🌴
ANYA Brand ရဲ့ Serum လေးတွေပါ !! အသားရေ ပြဿနာတွေ ကုသပေးနိုင်ပါတယ် !! Ingredients တွေအားလုံး Korea ဖြစ်ပြီး Made in Thailand ဖြစ်ပါတယ်နော် !!
☘️ Cica Serum လေးက Skin Barrier ပျက်ဆီးတဲ့သူ ၊ Sensitive Skin ပိုင်ရှင်များ ၊ အဆီဖု ဝက်ခြံသမားများ ၊ ချွှေးပေါက်ကျယ်တဲ့သူများ အသုံးပြုနိုင်ပါတယ် !!
🍊 Vitamin C Serum လေးက နေလောင်အသားရေ ၊ တင်းတိတ်အသားရေများ ၊ အမာရွတ် တွေ ၊ မဲညစ်နေသူများ အတွက် အထူးသင့်တော်ပါတယ်ဗျ !!
မင်မင်တော့ မနက်ပိုင်း Cica သုံးတယ် ညဘက် Vitamin C သုံးတယ် အဆင်ပြေနေရောပဲ 😍
Price -19500/ ကျပ်နဲ့ DDC Showroom တွေတိုင်း ဝယ်ယူရရှိနိုင်ပါပြီ 🥳
13/08/2024
အခုချိန်ထိ စျေးမတတ်သေးပဲ ၉၅၀၀ ကျပ်နဲ့ ရနေပါသေးတယ်နော် 🥰
06/08/2024
Serum ကို လိမ်းလိုက်တာနဲ့ အသားထဲစိမ့်ဝင်လွယ်တဲ့ Serum မျိုး ကြိုက်တယ်ဆို Anya Serum ရှိနေပါပြီ 😍
လိမ်းလိုက်တာနဲ့ စေးကပ်မနေပဲ အသားရေကိုကြည်စိုနေစေပါတယ် 🥰
🍀 အဆီပြန် ၊ အဆီဖု ၊ ဝက်ခြံ ၊ ချွှေးပေါက်ကျယ်တဲ့ သူ Cica လေးသုံးပါ !!
🍋 အမဲစက် ၊ တင်းတိတ် ၊ Brightening & whitening ကြိုက်ရင် Vitamin C လေးသုံးပါနော်
Price - 19500/ ကျပ် ( 30 ml )
02/08/2024
Vitamin C ကို ဘယ်လိုအသားရေ တွေ သုံးသင့်လဲ !!🍋🍊
ဘာတွေ ကောင်းကျိုရရှိမလဲ !?
🍊 အမည်းစက်၊ တင်းတိတ်များကို လျော့ပါးစေပြီး အသားအရေကို ကြည်လင်တောက်ပစေပါသည်။
🍊 AHA 44% အထိ ပေါင်းစပ်ထားသော သစ်သီးတွေရဲ့ Extracts 5 မျိုး ပါဝင်ပါတယ်
🍊 အသားအရေကို ချောမွေ့စေပြီး အစိုဓာတ်ထိန်းပေးပါတယ်
🍊 Allantoin Extract ပါရှိပြီး ရောင်ရမ်းခြင်းနှင့် ယားယံခြင်းများကို ကာကွယ်ပေးပါတယ်
Price - 19500/ ကျပ် ( 30 ml )
01/08/2024
Vitamin C က အသားရေ အဟာရအတွက် ဓါတ်စာ ဖြည်ါတင်းပေးမှု အမြန်ဆုံး Active Ingredient တစ်မျိုးပါ 🍋🍊
အမာရွတ်တွေ ၊ နေလောင်ကွက်တွေ ၊ တင်းတိတ်တွေ ၊ အသားရေ မွဲခြောက်နေတာတွေကို အမြန်ဆုံး အားဖြည့် သက်သာ ပျောက်ကင်းစေပ်တယ် !!
အသားရေကို Brightening ရော Whitening ရော ပေးစွမ်းပါတယ် !! အိပ်ရေးပျက်ပီး ညှိုးနွမ်းပင်ပန်းနေတဲ့ Skin ကို Vitamin က အမြန်ဆုံး ပြန်လည်လန်းဆန်းအောင် လုပ်ပေးနိုင်ပါတယ် !!
Anya ရဲ့ Vitamin C Serum ကို နီးစပ်ရာ DDC Showroom တွေတိုင်းမှာ ဝယ်ယူရရှိနိုင်ပါပြီ 🍊🍋
Price - 19500/ ကျပ် ( 30 ml )
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Baho Street Near Khaing Shwe War Bus Stop
Yangon