Toe Toe

Toe Toe

Share

အမျိုးသမီးများကျန်းမာရေးနဲ့အလှအပအတွက်🍀🌺🌸🌼

16/01/2026

နိငယ်ငယ်ကဘယ်လောက်ဆော့လဲ
ငါငယ်ငယ်က👇👇👇

15/01/2026

မင်္ဂလာ နံနက်ခင်းပါ

အောင် အရဟံ လာဘံ သိဒ္ဓိ

အောင် အရဟံ ပီယံ သိဒ္ဓိ

အောင် အရဟံ ဓနံ သိဒ္ဓိ

မျှော်မှန်းထားသော
မမျှော်မှန်းထားသော ဝင်ငွေများသည်
အဘက်ဘက်မှဝင်လာ၍
လိုတရကြပြီး စိတ်အေးချမ်းသာယာရှိကြပါစေ
ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ
ကျမ်းမာ ချမ်းသာတော်မူကြပါစေ
စိတ်သွားတိုင်းကိုယ်ပါ လိုအင်ဆန္ဒတွေ
တစ်လုံးတစ်ဝကြီးပြည့်စုံကြပါစေ
😘😘😘🙏🙏🙏 ゚

12/01/2026

ကောင်းသောညချမ်းလေးပါရှင်စိတ်အေးချမ်းစွာနဲ့အိပ်စက်နိုင်ကျပါစေ ゚

12/01/2026

သားအိမ်အသားလုံး တည်ခြင်း

ပတ်ဝန်းကျင်မှာ ဘယ်သူကတော့ဖြင့် သားအိမ်မှာ အသားလုံးတည်လို့ သားအိမ်ထုတ်လိုက်ရတယ်။ ဘယ်သူကတော့ အသားလုံးရှိလို့ ဆေးရုံတက်နေတယ်ဆိုတာမျိုး ကြားဖူးပါသလား။ ပတ်ဝန်းကျင်မှာ ဒါမျိုးမကြာခဏကြားဖူးတယ်ဆိုရင် ဒီရောဂါအဖြစ်များတယ်ပဲဆိုရမှာပေါ့။ ဒါကဘာရောဂါလဲ။ သားအိမ်အသားလုံး တည်တဲ့ရောဂါပါ။ ဒါက ဘာကြောင့် ဖြစ်တာလဲ။ သူများတွေဖြစ်ရင် ကိုယ်ရောဖြစ်လာမှာလား။ ဆက်ကြည့်ကြည့်ရအောင်။

သားအိမ်အသားလုံး ဆိုတာဘာလဲ။
ပြောတဲ့အတိုင်းပဲ အသားလုံးကြီးပါ။ စာဆန်ဆန်ပြောရရင်တော့ သားအိမ်ကြွက်သားတွေ ပွားပြီး အလုံးတည်လာတာပေါ့။ မျက်စိနဲ့မမြင်နိုင်တဲ့ အလုံးသေးသေးလေးတွေရှိသလို ရင်ခေါင်းထိတက်ဆောင့်နိုင်တဲ့ အလုံးကြီးတွေလည်း ရှိပါတယ်။ သားအိမ်ထဲမှာဖြစ်နိုင်သလို သားအိမ်ပြင်ပမှာလည်း အညှာလေးနဲ့ တွယ်နေတတ်ပါတယ်။ တစ်လုံးတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်းဖြစ်နိုင်ပါတယ်။

သားအိမ်အသားလုံး က ကင်ဆာလား။
ကင်ဆာ မဟုတ်ပါဘူး။ သာမန်အလုံးပါ။ ကင်ဆာပြောင်းနိုင်လားဆိုတော့ ပြောင်းနိုင်ခြေက လူ၁၀၀၀မှာ ၁ယောက်တောင်မရှိပါဘူး။ ဒါကြောင့် ဖြစ်ခဲတယ်လို့ပဲ ပြောရမှာပါ။

ဘာလက္ခဏာတွေ ခံစားရမှာလဲ။
သားအိမ်မှာ အသားလုံးရှိတဲ့သူ တော်တော်များများက ဘာလက္ခဏာမှ သိပ်မခံစားရပါဘူး။ ဒါက အလုံးသေးတာကြောင့်လည်း ဖြစ်နိုင်သလို အလုံးရှိတဲ့နေရာနဲ့လည်း ဆိုင်ပါတယ်။ ရောဂါလက္ခဏာတွေက အလုံးရှိတဲ့နေရာ၊ အရွယ်အစားနဲ့ ဘယ်နှစ်လုံးလဲဆိုတာပေါ် မူတည်ပါသေးတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့

ရာသီသွေးဆင်း များတာ
သွေးဆင်းရင် ကိုက်ခဲတာ
ရာသီလာရက် ပိုကြာတာ
ရာသီရက်မတိုင်ခင် သွေးဆင်းတာ
မကြာခဏ ဆီးသွားချင်တာ
ဝမ်းချုပ်တာ
ခါးနာတာ၊ ပေါင်အနောက်နာတာ
အမျိုးသားနဲ့ အတူနေရင် နာတာ
ဗိုက်ပြည့်သလို ခံစားရတာ၊ ဗိုက်မှာ အလုံးစမ်းမိတာ စတာတွေပဲ ဖြစ်ပါတယ်။
ဘာကြောင့် ဖြစ်တာလဲ။
အကြောင်းရင်းအတိအကျကိုတော့ မသိရသေးပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းတွေကတော့

မျိုးရိုးဗီဇ
ဟော်မုန်း -အမျိုးသမီးတွေမှာရှိတဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေက ရာသီလာခါနီးရင် သားအိမ်နံရံထူဖို့ လုပ်ပေးပါတယ်။ သားအိမ်အသားလုံးတွေက ဒီဟော်မုန်းနှစ်မျိုးကို ပိုတုံ့ပြန်တာကို တွေ့ရပါတယ်။ ဒါကြောင့် သွေးဆုံးပြီးတဲ့သူတွေမှာ အသားလုံးက ဖြစ်ခဲပါတယ်။

ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။
လူတိုင်းဖြစ်နိုင်ပေမယ့် ပိုဖြစ်နိုင်တဲ့ သူတွေကတော့

အသက်၃၀ကျော်တွေမှာ အဖြစ်များပါတယ်။
ကိုယ်ဝန်ဆောင်တွေ -ကိုယ်ဝန်ဆောင်ချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေ ပိုများလာတဲ့အတွက် အလုံးအသစ်တွေဖြစ်တာ၊ ရှိပြီးလားအလုံးတွေ ကြီးလာတာမျိုး ဖြစ်တတ်ပါတယ်။
အသက်ငယ်ငယ်လေးနဲ့ ရာသီစလာတာ (အသက်၁၀နှစ်မတိုင်ခင်)
ဗီတာမင်ဒီချို့တဲ့တာ
အနီရောင်အသား အစားများပြီး အသီးအရွက်အစားနည်းတာ
အရက်သောက်တာ
တားဆေးတွေ သောက်တာ
မိသားစုထဲမှာ မျိုးရိုးရှိတာ
အဝလွန်တာ စတာတွေပဲဖြစ်ပါတယ်။

သားအိမ်အသားလုံး ကြောင့် နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ
အသားလုံးကြောင့် ကိုယ်ဝန်မရတာတွေ ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ရှိပြီးသားသူတွေမှာလည်း သားအိမ်မှာ အလုံးခံနေတဲ့အတွက် ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအနေအထား မမှန်တာ၊ အချင်းအနေအထား မမှန်တာ၊ ကလေးကောင်းကောင်း မကြီးတာ၊ လမစေ့ဘဲ မွေးတာတွေ ဖြစ်တတ်ပါတယ်။
ရာသီသွေးဆင်းများပြီး သွေးအားနည်းတာ၊ ခေါင်းမူးတာလည်း ဖြစ်တတ်ပါတယ်။
အသားလုံးက ဆီးအိမ်ကို ဖိထားတာကြောင့် ဆီးခဏခဏသွားချင်တာ၊ ဆီးကျန်တာဖြစ်ပြီး ဆီးပိုးဝင်တတ်ပါတယ်။
သားအိမ်ပြင်ပမှာ အညှာနဲ့ တွယ်နေတဲ့ အသားလုံးက လိမ်ပြီး သွေးမလျှောက်တော့တာ။ ဒါမျိုးဆိုရင်တော့ ဗိုက်အရမ်းနာပြီး အရေးပေါ်ခွဲစိတ်ဖို့ လိုပါမယ်။
ကာကွယ်လို့ ရလား။
ကာကွယ်တဲ့ နည်းလမ်းတွေက လုံးဝမဖြစ်အောင် မတားနိုင်ပါဘူး။ ကိုယ်အလေးချိန်ထိန်းတာ၊ အသီးအရွက်တွေ ပိုစားတာက ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

12/01/2026

အသက်ကြီးတယ်လို့ကိုမခံစားရဘူး😌😌😌

11/01/2026

ကောင်းသောညချမ်းလေးပါရှင်
တဦးနဲ့တဦးမေတ္တာတွေထားနိုင်ပြီးအေးချမ်းကျ ပါစေ🙏🙏🙏
ါစေ🙏🙏🙏

11/01/2026

ရာသီသွေးဆင်းရက် ရှည်တာ ဘာကြောင့်များလဲ

ရာသီသွေးဆင်းတာက အရွယ်ရောက်ပြီး အမျိုးသမီးတိုင်း ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုပေါ့။ ရာသီသွေးဆင်းတာက မဆင်းရင်လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ဆင်းတာများတာ ရက်ရှည်တာကလည်း ကျန်းမာရေးအပေါ်မှာ သက်ရောက်တာမျိုးတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ရာသီသွေးဆင်းတာက လစဉ်မှာ သင့်တင့်လျောက်ပတ်တဲ့ အနေအထား ရှိနေဖို့ လိုပါမယ်။ ရာသီသွေးဆင်းတာက လေဒီတို့အတွက် ကျန်းမာရေး အချက်ပြစနစ် တစ်ရပ်ဖြစ်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ရာသီသွေးဆင်းရက် ရှည်တာ ဘာကြောင့်များလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

ရာသီသွေးဆင်းရက် ရှည်တာ ဘာကြောင့်များလဲ

ရာသီသွေးဆင်းရက် ရှည်တယ်ဆိုတာ
ရာသီသွေးဆင်းတယ် ဆိုတာက သားအိမ်အတွင်းနံရံမှာတွယ်ကပ်နေတဲ့ တစ်ရှူးတွေ သားအိမ်ခေါင်းကနေတဆင့် ဆင်းလာတာပါ။ ရက်ကိုလိုက်ပြီးတော့ သွေးပမာဏ နဲ့ တစ်ရှူးပမာဏက ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် ရာသီသွေးတွေက ရာသီသွေး စဆင်းပြီး ၂ ရက် ကနေ ၇ ရက်အတွင်းမှာ ပြီးဆုံးပါတယ်။

တစ်ခါတစ်လေမှာတော့ ရာသီသွေးဆင်းရက်က ပုံမှန်ထက် ပိုကြာရှည်နေတာမျိုး ရှိတတ်ပါတယ်။ ဒီလိုမျိုး ရာသီသွေးဆင်းရက် ရှည်ရတာက သားဆက်ခြားနည်းတွေ သုံးရတာအပြင် ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ရာသီသွေးဆင်းတာက ပုံမှန်အားဖြင့် ၂ ရက် ကနေ ၇ ရက်အထိ ကြာမြင့်နိုင်ပါတယ်။ တကယ်လို့ ရာသီသွေးဆင်းတာက ၇ ရက်ထက် ကျော်နေမယ်ဆိုရင်တော့ ဒါက ရာသီသွေးဆင်းရက် ရှည်နေတာပါ။

ရာသီသွေးဆင်းရက် ရှည်တာ ဘာကြောင့်များလဲ
ရာသီသွေးဆင်းရက် ရှည်တာ ဘာကြောင့်များလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

သားဥကြွေခြင်း
သားဥကြွေချိန်မှာ သားဥအိမ်တွေက မမျိုးဥကို ထုတ်လွှတ်ပါတယ်။ တချို့အမျိုးသမီးတွေက သားဥကြွေချိန်မှာ သွေးအနည်းဆင်းတတ်ပါတယ်။ ဒါပုံမှန်ပါတယ်။ ရာသီစက်ဝန်းတိုတဲ့ အမျိုးသမီးတွေမှာ ရာသီလာတဲ့ရက်နဲ့ သားဥကြွေတဲ့ရက်က ကပ်နေတတ်ပါတယ်။ ဆိုလိုတာက ရာသီရက်လည်းပြီး သားဥလည်းကြွေတာမျိုးပါ။

ဒီလိုအမျိုးသမီးတွေမှာ ရာသီလာလို့ သွေးဆင်းတာရော၊ သားဥကြွေလို့ သွေးဆင်းတာရော တစ်ဆက်တည်း ဖြစ်သွားတတ်လို့ ရာသီရက်ရှည်သလို ထင်ရပါတယ်။

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း (IUD)
သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း (IUD) က သားအိမ်ထဲမှာ ထည့်ထားတဲ့ သန္ဓေတားပေးတဲ့ ပစ္စည်းလေးပါ။ IUD မှာလည်း ဟော်မုန်းပါတာနဲ့ ဟော်မုန်းမပါတာဆိုပြီး ၂ မျိုးရှိပါတယ်။ ဒီသားဆက်ခြားပစ္စည်း ၂ ခုစလုံးက ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။

ဒီသားဆက်ခြားပစ္စည်းကို ပထမဆုံး အသုံးပြုတဲ့သူတွေမှာ ရာသီသွေးဆင်းများတာ၊ သွေးဆင်းရက် ရှည်တာ နဲ့ ရာသီသွေး မမှန်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေက IUD ထည့်ပြီး ၃ လ ကနေ ၆ လအတွင်းမှာ သက်သာသွားတတ်ပါတယ်။

ဟော်မုန်းပါတဲ့ တားဆေးသောက်ဆေး
ဟော်မုန်းပါတဲ့ တားဆေးသောက်ဆေးတွေက ကိုယ်တွင်းက ဟော်မုန်းပမာဏကို ပြောင်းလဲစေနိုင်ပါတယ်။ ဟော်မုန်းပါတဲ့ သားဆက်ခြားနည်း အသုံးပြုသူတွေမှာ ရာသီသွေးဆင်း မမှန်တာ၊ ရာသီသွေးဆင်းရက်တိုတာ၊ သွေးဆင်းများတာ၊ ရာသီသွေးဆင်းရက် ရှည်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဟော်မုန်းပါတဲ့ ဆေးစသောက်သောက်ချင်းမှာ ပုံမှန်မဟုတ်တဲ့ ရာသီသွေးဆင်းပြဿနာကို လအနည်းငယ်ကြာ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် လအတော်ကြာတဲ့အထိ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။

သိုင်းရွိုက်ပြဿနာ
သိုင်းရွိုက်ဂလင်းက ကိုယ်တွင်းက ဟော်မုန်းတွေကို ထိန်းချုပ်တာပါ။ အမျိုးသမီးတွေမှာဆိုရင်တော့ ရာသီစက်ဝန်းနဲ့ သက်ဆိုင်တဲ့ ဟော်မုန်းတွေကိုလည်း ထိန်းချုပ်ပေးပါတယ်။
တကယ်လို့ သိုင်းရွိုက်ဟော်မုန်းက လုပ်ဆောင်မှု နှေးနေရင်ဖြစ်ဖြစ်၊ လုပ်ဆောင်မှု အရမ်းများနေရင်ဖြစ်ဖြစ် ရာသီသွေးဆင်းရက် ရှည်တာမျိုး ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ပြဿနာ ရှိနေမယ်ဆိုရင် ရာသီသွေးက နည်းနည်းချင်းနဲ့ ရက်အတော်ကြာ ဆင်းနေတာ၊ လအတော်ကြာ ရာသီသွေး မဆင်းတာ၊ စောစောစီးစီး သွေးဆုံးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
မမျိုးဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု (PCOS)
မမျိုးဥအိမ် ရေအိတ်တည်ခြင်း ရောဂါစုဖြစ်ပွားတဲ့အခါ သားဥအိမ်လေးတွေမှာ ရေအိတ်လေးတွေ ဖြစ်နေတာပါ။ ဒီအခြေအနေက ဟော်မုန်းပမာဏကို ထိခိုက်စေသလို သန္ဓေအောင်နိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။

PCOS ကို ခံစားရတဲ့အခါ

ရာသီသွေး မမှန်တာ
သွေးဆင်းရက် ရှည်တာ
အမွေးအမျှင်တွေ ထူလာတာ
ကိုယ်အလေးချိန် တက်လာတာ
ဆံပင်ကျဲပါးလာတာ
ဝက်ခြံ ထွက်တာ
အသားပိုထွက်တာ
ဂုတ်၊ ပေါင်ခြံ နဲ့ ရင်သားတဝိုက်က အရေပြားတွေ မည်းလာတာမျိုး ခံစားရနိုင်ပါတယ်။

သားအိမ်တွင်းတစ်ရှူးများ သားအိမ်ပြင်ပ ရောက်ရှိခြင်း (Endometriosis)
ဒီအခြေအနေက သားအိမ်အတွင်းနံရံက တစ်ရှူးတွေ သားအိမ်ပြင်ပမှာ ဖြစ်တာမျိုးပါ။ ဒီတစ်ရှူးတွေက ရောင်ရမ်းပြီး ဟော်မုန်းတွေကို ထိတွေ့တုံ့ပြန်တဲ့အခါ သွေးဆင်းတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီတစ်ရှူးတွေက နာကျင်ကိုက်ခဲတာနဲ့ အခြားသော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။
သားအိမ်တွင်းတစ်ရှူးတွေ သားအိမ်ပြင်ပရောက်တဲ့အခါ လက္ခဏာတွေ အနေနဲ့
ရာသီလာချိန် နာကျင်ကိုက်ခဲတာ
ခါးနဲ့ တင်ပဆုံပိုင်းက နာကျင်တာ
အတူနေစဉ် နာကျင်တာ
ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြားမှာ သွေးဆင်းတာ
ဝမ်းသွားတဲ့အခါ နာကျင်တာ
အစာခြေစနစ်ပြဿနာ ဥပမာ – မအီမသာဖြစ်တာ၊ ဝမ်းချုပ်တာ၊ လေပွတာမျိုးပါ
ကလေးရဖို့ ခက်တာတွေ ကြုံရနိုင်ပါတယ်။
သားအိမ်ထဲမှာ အလုံးတည်တာ
သားအိမ်နံရံမှာ အဖုအကျိတ်တွေဖြစ်တာ၊ သားအိမ်ထဲမှာ အလုံးတည်တာတွေက ရာသီသွေးဆင်း များတာ၊ ရာသီသွေးဆင်းရက် ရှည်တာတွေကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ပျက်ကျတာ
ကိုယ်ဝန်ပျက်ကျတဲ့အခါ သွေးဆင်းတာကို ဖြစ်စေနိုင်ပါတယ်။ ဒီလို သွေးဆင်းတာက နည်းနည်းကနေ များများအထိ ဆင်းနိုင်သလို နာရီပိုင်းကနေ ရက်သတ္တပတ် အတော်ကြာတဲ့အထိ ဆင်းနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိနေတာကို မသိလိုက်ဘဲ ကိုယ်ဝန်ပျက်ကျသွားတဲ့အခါမျိုးမှာ ရာသီသွေးဆင်းရက်ကြာတယ်လို့ ထင်တတ်ကြပါတယ်။

သွေးရောဂါ
သွေးရောဂါ ရှိနေသူတွေမှာလည်း ရာသီသွေးဆင်းရက် ရှည်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ သွေးရောဂါတွေက သွေးဆင်းများစေနိုင်သလို သွေးဆင်းရက် ရှည်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။

အသက် ၅၀ နီးလာတဲ့ အမျိုးသမီးတွေမှာ ကိုယ်တွင်းဟော်မုန်း ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်လာပြီ ဖြစ်တာကြောင့် သွေးဆုံးအကြို လက္ခဏာ အနေနဲ့ သွေးဆင်းနည်းတာ၊ ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခု ခပ်စိတ်စိတ် ဖြစ်လာတာ၊ သွေးဆင်းရက် ရှည်တာ၊ ပုံမှန်ထက် ရာသီသွေးဆင်းရက် တိုတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ
သားအိမ်ခေါင်းကင်ဆာ ခံစားနေရတာက ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ၊ ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြားမှာ သွေးဆင်းတာ၊ သွေးဆင်းများတာ၊ ရာသီသွေးဆင်းရက် ရှည်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ အတူနေပြီးချိန်မှာ သွေးဆင်းတာမျိုးလည်း ရှိနိုင်ပါတယ်။

ဘယ်လိုအခြေအနေဆို ဆရာဝန်ပြရမလဲ
တော်တော်များများ ယူဆထားတာက ရာသီသွေးဆင်းရက် ရှည်တာကို ကိုယ့်ဘာသာ ဖြေရှင်းလို့ ရတယ်လို့ပေါ့။ ဒါပေမယ့် ရာသီသွေးဆင်းရက် ရှည်တာနဲ့အတူ အခုလို လက္ခဏာတွေ တွေ့ရမယ်ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါမယ်။

သွေးဆင်းရက်က ၇ ရက်ထက် ပိုများနေတာ
အကြောင်းအရင်း မရှိဘဲ သွေးဆင်းတာ
ပုံမှန်မဟုတ်တဲ့ အကျိအချွဲတွေ ဆင်းတာ
သွေးဆင်းများတာ
မအီမသာဖြစ်တာ၊ အော့အန်တာ
ရာသီလာချိန်မှာ ပြင်းပြင်းထန်ထန် နာကျင်တာ
အကြောင်းအရင်း မရှိဘဲ ဝိတ်ကျတာမျိုးတွေပါ။
#အမျိုးသမီးကျန်းမာရေး

11/01/2026

ဇာတ်ကျိုးရင်ကျိုးပါစေ မော့ကြည့်နေရမှကြိုက်တယ်😂

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon