Grain Sargin
�Young people have dreams�
27/08/2024
ပြန်မတွေ့ခဲ့ရင်
ပြောပြစရာတွေရှိသေးတယ်
နားထောင်မယ့်သူကမရှိတော့ဘူး
ဒီလိုနဲ့ပဲ ဝေးသွားကြတာ။
မင်းဘက်ကကြည့်တော့မင်းမှန်တာပေါ့
ငါ့ဘက်ကကြည့်တော့လည်းမင်းမှန်ပါတယ်။
အင်း။
စိတ်မပါတော့စာတွေမရေးဖြစ်ဘူး
စိတ်မပါပေမယ့် လွမ်းနေသေးတာပဲ။
မိုးရွာလား အဲဒီဘက်မှာ။
အဆင်ပြေအောင်နေပါတယ်
အဆင်မပြေတာတွေနဲ့အဆင်ပြေအောင်နေတယ်။
တနေ့နေ့တော့လည်း နေသားကျသွားမှာပဲ။
နေကောင်းအောင်နေ
အထိအခိုက်ကင်းအောင်နေ။
ပြီးရင်
နောက်တစ်ယောက်နဲ့ပျော်အောင်နေ။
ကိုယ်တို့ပြန်မဆုံလောက်တော့ဘူးထင်ပါတယ်။
Credit
20/08/2024
ကျွန်တော် ဆိုးလို့ရမဲ့သူအပေါ်မှာပဲဆိုးတယ် . . . ။
ဆိုးသမျှကိုသည်းခံပေးမဲ့သူ မငြိုငြင်မဲ့သူ
စိတ်ရှည်ပေးမဲ့သူ ။
Dark sideတွေကိုသိနေရက်နဲ့အနားဆက်ရှိနေပေးတဲ့သူ ။
မကောင်းမှန်းသိလဲစွန့်ခွာမသွားပဲ မကောင်းတဲ့အကျင့်ကို
ပြုပြင်ပေးဖို့ကြိုးစားတဲ့သူ ။ ကျွန်တော်ကအရေးမလုပ်တောင်
ကျွန်တော်ကို အရေးတယူဂရုစိုက်ပေးတက်တဲ့သူ ။
အမြဲအနားမှာရှိနေပေးဖို့ကြိုးစားတဲ့သူ ။
အဲ့ လို လူ အ ပေါ်မှာ ကျွန် တော် တ ကယ် ဆိုး တယ်။
ဘာလို့လဲဆိုတော့ .........
ကိုယ့်ရဲ့dark sideတွေကိုနားလည်ပေးနိုင်မယ်ထင်လို့ ။
ကျွန်တော်ဘယ်လောက်ဆိုးဆိုး စိတ်မပျက်သွားဘူးထင်လို့။
ကျွန်တော်မကောင်းလဲအနားမှာဆက်ရှိပေးမယ်ထင်လို့ပါ ။
မလိမ်ပဲပြောရရင်အဲ့လိုလူကိုကျွန်တော် တကယ်လိုအပ်တယ် ။
ထုပ်မပြောပြရင်တောင် ကျွန်တော်သူ့ကိုလိုအပ်တယ် ။
နောက်ပြီးအမြဲကျွန်တော့်နားအခုလိုလေးရှိနေပေးစေချင်တယ် ။
(အဲ့လူကဘယ်သူဖြစ်ဖြစ်ကျွန်တော်တန်ဖိုးထားတယ်)
တကယ်တော့ ဆိုးလိုရမှန်းသိလို့ကိုဆိုးတာပါ ။
နောက်ပြီး အဲ့လူကိုချစ်လို့ ဆိုးတာပါ ။
ဒါကြောင့် မငြိုငြင်ပါနဲ့ . . . . . ။
-𝑇𝑟𝑖𝑠𝑡𝑎𝑛 𝑃𝑦𝑛𝑒
-
"" ရင့်ကျက်စွာ ချစ်ပါ ""
အသက်ရွယ် ရလာတာနဲ့အမျှ
လူတွေဟာ ရင့်ကျက်လာသလို
အချစ်ကိစ္စမှာလည်း ရင့်ကျက်လာသင့်တယ်။
အသက်ရွယ်ငယ်တဲ့အချိန်နဲ့
စတွဲတုန်းကလို ပေါ့ပေါ့တန်တန်နေလို့ရပေမယ့်
အရွယ်တစ်ခုရလာရင် တည်ငြိမ်သင့်ပြီမဟုတ်လား...။
နှစ်တွေအကြာကြီး တွဲလာခဲ့ကြတဲ့လူတွေ ၊
စချစ်ကြတုန်းကတော့ အမြဲတပူးပူး တတွဲတွဲနေချင်ကြမယ်။ ဖုန်းအမြဲပြောမယ် ၊
ပိတ်ရက်တိုင်း Date ကြမယ် ၊
စိတ်ဆိုးမယ် ၊ စကားများမယ် ပြီးရင် ပြန်ချစ်မယ်။ ဒါက ပုံမှန်ပါပဲ။
အရွယ်တစ်ခုရောက်လာရင်တော့
ကလေးဆန်နေလို့ မရတော့ပါဘူး။
တကယ်ချစ်ရင် နီးစပ်ဖို့လည်း ကြိုးစားရဦမယ်။
အမြဲတမ်း ချစ်သူရည်းစားဘဝနဲ့နေဖို့ အဆင်မပြေဘူး။
အစပိုင်းတုန်းက
အချစ်ကြောင်းတွေ ပြောခဲ့ပေမယ့်
နောက်ပိုင်းမှာ အလုပ်ကိစ္စတွေ တိုင်ပင်သင့် တိုင်ပင်ရမယ်။
ရှေ့ရေးအတွက် Plan တွေ ချရမယ်။
နှစ်ယောက်ခွဲရတာတွေလဲ ကြုံလာရမယ်။
ဒါတွေဟာ ပိုနီးစပ်ဖို့ဆိုတာ နားလည်ရမယ်။
မပြည့်စုံဘဲ လက်ထပ်တဲ့အခါ
ရေရှည်အဆင်ပြေနိုင်မှာ မဟုတ်ဘူး။
လူတချို့က ချစ်တယ်တစ်ခုပဲ ပြောတတ်တာ...
ဘယ်တော့မှ နီးစပ်အောင် မကြိုးစားဘူး။
အနာဂတ်မှာအတူရှိနိုင်ဖို့
ဘယ်တော့မှ အားမထုတ်ဘူး။
ဒီလိုလူဆီမှာ ဘယ်သူကယုံကြည်ပြီး
တစ်ဘဝလုံးစာ နေထိုင်ရဲပါ့မလဲ...။
အသိတစ်ယောက်ရဲ့ Relationship တစ်ခု ၊
၇ နှစ် တွဲကြတယ် ။ ဒါပေမယ့် ကောင်မလေးဘက်က ရုတ်တရက် အဆက်အသွယ် ဖြတ်ချလိုက်တယ်။
ကောင်လေးဘက်က ချစ်ပေးနေရက်နဲ့ သူမက
သိပ်ရက်စက်တာပဲလို့ လူတိုင်း ထင်ကြမယ် ။
ဒါပေမယ့် သူ မမှားဘူး။
ကောင်လေးက အရင်တည်းက
အလုပ်အတည်တကျ မရှိဘူး။
သူမဟာ ဆယ်ကျော်သက်ဘဝတည်းက
သူ တစ်ယောက်တည်းကို ချစ်လာတာ ၊
သူ့ရဲ့ နုပျိုမှုတွေအားလုံးကို
ဒီတစ်ယောက်တည်းနဲ့ ကုန်ဆုံးလာတာ။
နေ့တိုင်း သူပြောင်းလဲလာနိုးနဲ့
၇ နှစ်အထိ ချစ်ခဲ့တယ်။
အနာဂတ်မှာ အာမခံချက်မရှိတဲ့
လူတစ်ယောက်ကို
တစ်သက်လုံးစာ သူ မမှီခိုရဲခဲ့ဘူး။
လူ့ဘဝက ချစ်တာတစ်ခုတည်းပြောတတ်ရုံနဲ့
အဆင်မပြေနိုင်ပါဘူး ။
ယောက်ျားတစ်ယောက်အတွက်
အသက်(၃၀)ဆိုတဲ့အသက်ဟာ မပြောပါးလောက်ပေမယ့်
အမျိုးသမီးတစ်ယောက်
အတွက်အရွယ်တစ်ခုရောက်နေပြီ။
တစ်ခါတလေမှာ
အမျိုးသမီးတို့ရဲ့ အသဲနှလုံးဟာ
မာသင့်သလောက်မာရမယ်။
ချစ်တဲ့စိတ်တစ်ခုတည်းနဲ့
ဆူးပုံထဲ ခုန်ဆင်းခဲ့တဲ့ အမျိုးသမီးတွေဟာ
အများသား မဟုတ်လား။
အချစ်စစ်မှာ ပိုက်ဆံလိုလို့လားလို့ မေးကြလိမ့်မယ်။
သူ့နေရာနဲ့ သူကတော့ မဖြစ်မနေ လိုအပ်တာပါပဲ။
သိပ်ချစ်ပါတယ်ဆိုတဲ့ လူနှစ်ယောက် ၊
income အလုံအလောက်မရှိဘဲ
တစ်အိုး တစ်အိမ် ထူထောင်လိုက်တဲ့အခါ
သိပ်မကြာခင် ပြိုကွဲသွားကြတာပဲ မဟုတ်လား...။
ဒါကြောင့် အသက်ရလာတာနဲ့အမျှ
လူတွေဟာ ရင့်ကျက်လာသလို ၊
အချစ်တွေကလည်း
ရင့်ကျက်သင့်သလောက် ရင့်ကျက်ရပါလိမ့်မယ်။ ။
သားထွေး
10/08/2024
❤မင်းမှ မင်းပဲ ြဖစ်ေန ေတာ.❤
10/08/2024
💙
09/08/2024
လူကိုချစ်ပြီး အကျင့်ကိုမကြိုက်လို့
လမ်းခွဲလိုက်ရတာတွေဆိုတာ တကယ်ရှိတယ်
တစ်ယောက်နဲ့တစ်ယောက် မချစ်တော့မှဝေးကြတာ မဟုတ်ဘူး စိတ်ဓါတ်နဲ့အပြုအမူလုပ်ရပ်တွေ
မနီးစပ်ရင်လည်း အနှေးနဲ့အမြန် ဒီချစ်ခြင်းက
ဝေးဖို့အတွက် ဖြစ်လာတတ်တယ် ။
မကြိုက်ဘူးလို့ သေချာပြောနေတာကို ထပ်ခါထပ်ခါလုပ်နေမိရင် အဲ့နေရာကစလွဲသွားပြီပဲ ပထမတကြိမ် စိတ်ဆိုးတာက အချိန်သိပ်မကြာ ပြေပျောက်နိုင်သေးတယ် ဒုတိယတကြိမ် စိတ်တိုတာလည်း အနည်းနဲ့အများ စိတ်ပြန်ငြိမ်နိုင်တယ် နောက်ဆုံးအကြိမ် စိတ်ပျက်သွားရင် သေတဲ့အထိကိုဝေးသွားကြတာပဲ ။
Leo-ခွန်းစစ်
03/08/2024
❤အရမ်းပင်ပန်းေနတဲ့ချိန် မှီလို့ရတဲ့ ပုခုံးေလးရှိရင် ရ ြပီ ❤
02/06/2024
Happy Pride Month!
နှစ်စဉ်တိုင်းရဲ့ ဇြန္လတစ္လလုံးကို Pride Month လအဖြစ်သတ်မှတ်ထားပါတယ်။
2024 Pride Month အထိမ်းအမှတ်အဖြစ် လူတိုင်းပါဝင်နိုင်တဲ့အွန်လိုင်းအစီအစဉ်တွေကို CSO Academy က ကျင်းပဖို့ရှိတာမို့ CSO Academy page ကို Like & Follow လုပ်ပြီး စောင့်ကြည့်ပေးကြဖို့နဲ့ အစီအစဉ်တွေမှာ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
လူတိုင်းဟာ မတူကွဲပြားတဲ့ လိင်စိတ်ခံယူချက်ပေါ်မူတည်ပြီး တစ်ဦးရဲ့ ရွေးချယ်မှုကိုတစ်ဦး လေးစားအသိအမှတ်ပြုရမှာဖြစ်တာမို့ လူသားတိုင်းရဲ့ ရွေးချယ်မှုဆန္ဒကို လေးစားမှုရှိရှိနဲ့ နားလည်ပေးဖို့တိုက်တွန်းရင်း Happy Pride Month ဖြစ်ပါစေလို့ CSO Academy ကဆန္ဒပြုပါတယ်။
CSO Academy Website - www.csoacademymm.org
CSO Academy Playstore Link - https://bit.ly/CSOAcademyAppGooglePlay
05/04/2024
14/03/2024
မလိုအပ်ရင် ပစ်ထားပြီး
စိတ်ညစ်မှ ဖုန်းဆက်လို့လည်း သူငယ်ချင်းကသူငယ်ချင်းပဲ
ရန်တွေအကြီးကျယ်ဖြစ် အတွေးခေါ်မတူ မခေါ်မပြောတွေဖြစ်
နောက်မှ ဟဲ့ sorry ပြန်တည့်ကြမယ် ဆိုတာလည်း သူငယ်ချင်းတွေပဲ
အဆိုးဆုံးအခြေနေမှာ အတူတူရယ်မောနေနိုင်စေတာလည်း သူငယ်ချင်းပဲ
ပျော်ရင် ရစ်လို့ရတယ်
ညစ်ရင် ရန်ဖြစ်လို့ရတယ်
ကြည်နူးရင်လည်း ထိုင်ပွားနေလို့ရတယ်
ပိုးစိုးပက်စက်ပြောလည်း မနာ
အကြီးအကျယ်ရန်ဖြစ်လည်း မပြတ်
ဘယ္လိုမွ ဖြတ်လို့မရတဲ့ရင်းနှီးဆက်သွယ်မှု
ကိုယ့်မကောင်းကြောင်းတွေ ဂျီတိုက်မှုတွေ အားနည်းချက်တွေ ရွေးသိတာ သူငယ်ချင်း
အပေါ်ယံတွေ မရွိ
ဘယ်တော့မှ မချီးမွှမ်း
လိုအပ်လာပြီထင်ရင် အဆင်ပြေရဲ့လား ငါရှိတယ် ဆိုပြီး ချက်ချင်းပြေးရောက်လာတာ အဲ့ဒါ သူငယ်ချင်း ...
သူငယ်ချင်းဆိုတာ ယောက်ျားလေး မိန်းကလေးမခွဲပါဘူး
ဘော်ဒါစိတ် သန့်သန့်နဲ့ခေါ်ခေါ် မခေါ်ခေါ်
စာရင်းမပျောက်သွားဘူး
ဝေးနေကြလည်း သူငယ်ချင်းကသူငယ်ချင်းပဲ
စကားမပြောဖြစ်ကြလည်း သူငယ်ချင်းက သူငယ်ချင်းပါပဲ..
သူငယ်ချင်းဆိုတာ
အမျိုးအစားကောင်းတဲ့ မီးခြစ်တစ်လုံးနဲ့တူတယ် တဲ့
ဘယ်လောက်ပစ်ထားထား လိုအပ်တဲ့အချိန် ကောက်ခြစ်
ထ'တောက်ပြီးသားပဲ ... ။ တဲ့
25/02/2024
🌻 အများကြီးတွေးမနေနဲ့ ငါလည်းမတွေးမိဘူး တန်ရာတန်ရာပေါ့ မဟုတ်ဘူးလ၊ား🌻
Click here to claim your Sponsored Listing.
Category
Website
Address
Yangon