SCC Perfume & Nova
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SCC Perfume & Nova, Beauty, cosmetic & personal care, Kamayut, Yangon.
23/06/2022
24/7 နေ့ရက်တိုင်းကို တနေကုန်မွှေးပျံ့နေစေမယ့် မတူညီတဲ့ မွှေးရနံ့လေးတွေနဲ့
လန်းဆန်းတက်ကြွစွာ ကျော်ဖြတ်နိုင်စေဖို့ Fantasy FRENCH Collection ရေမွှေးလေးတွေနဲ့ မိတ်ဆက်ပေးပါရစေ
- ချိုမြိန်တဲ့ တစ်နေ့တာကို ရရှိစေမယ့် Fantasy Perfume Red (Je T’ Aime)
- သင်းပံျ ့တဲ့မွှေးရနံ့နဲ့ မွှေးပျံ့တဲ့တစ်ရက်တာကို ရရှိစေမယ့် Fantasy Perfume Green (A.Comme Amour)
- ရိုမန်တစ်ဆန်တဲ့ မွှေးရနံ့နဲ့ သင့်ရဲ ့တစ်နေ့တာအတွက် Fantasy Perfume Blue (Romance)
- စွဲလန်းသွားစေမယ့် မွှေးရနံ့ကို ပေးစွမ်းစေမယ့် Fantasy Perfume Purple (M’oubile Pas)
- ပြင်းရှတဲ့မွှေးရနံ့နဲ့ လတ်ဆတ်တဲ့ တစ်ရက်တာအတွက် Fantasy Perfume Orange (Mariage D’ Amour)
- နူးညံ့တဲ့ ပတ်သက်ဆက်နွယ်မှုလေးအတွက် Fantasy Perfume White (Historie D’ Amour)
- ချစ်ခြင်းတရားကို ဖော်ဆောင်ပေးမယ့် မွှေးရနံ့နဲ့Fantasy Perfume Pink (Amour)
မတူညီတဲ့ နေ့ရက်တွေကို မတူညီတဲ့ မွှေးရနံ့လေးတွေနဲ့ ကျော်ဖြတ်နိုင်စေဖို့ Fantasy Perfume လေးတွေကို သတိရလိုက်ပါ
- သင်းပျံ့ တဲ့မွှေးရနံ့ နဲ့  မွှေးပျံ့ တဲ့တစ်ရက်တာကို ရရှိစေမယ့် Fantasy Perfume Green (A.Comme Amour)
ကို သတိရလိုက်ပါ
03/01/2021
🇲🇲 4 January 2021🇲🇲
(၇၃) နှစ်မြောက်
လွတ်လပ်ရေးနေ့အား SCC Perfume &Nova မိသားစုမှ ၀မ်းမြောက်ဂုဏ်ယူစွာဖြင့် ကြိုဆိုလိုက်ပါသည်။
24/12/2020
Merry Christmas 🎄🎁🎅
08/12/2020
🇲🇲 အမျိုးသားနေ့ တို့မမေ့ 🇲🇲
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ၊ ၉ ရက် (ဗုဒ္ဓဟူးနေ့)
တွင်ကျရောက်သော (၁၀၀) ကြိမ်မြောက် "အမျိုးသားနေ့" အား SCC Perfume & Nova မိသားစု မှ
ဂုဏ်ပြုကြိုဆိုပါသည်။
28/11/2020
တန်ဆောင်မုန်းလပြည့်ည
🌕
တန်ဆောင်မုန်း လတွင် မိုးလေကင်းစင်၍ ရာသီဥတုသာယာလှပပါသည်။ဆီမီးများဖြင့် ထွန်းညှိပူဇော်ကြသည်။နက္ခတ်တာရာစုံလင်လှသည်။ဗြိစ္ဆာရာသီ ကြတ္ထိကာစန်း ယှဥ်သည်။ရာသီပန်းမှာ ခဝဲပန်းဖြစ်သည်။ ကထိန်ပွဲတော်ကျင်းပလေ့ရှိသည်။ရှေးပဝဏီထဲက ရှိပြီး ရှေးရိုးရာယဥ်ကျေးမှုပွဲတော်တစ်ရပ်ဖြစ်သည်။
တန်ဆောင်မုန်း လပြည့်နေ့ညကို ဆေးပေါင်းခသောညလို့လည်းခေါ်ကြပါသည်။ကောင်းသောနက္ခတ်များထွန်းသောကြောင့် ဘုရားလက်ထပ်တုန်းအခါက နက္ခတ် ပွဲများကျင်းပလေ့ရှိသည်။
30/10/2020
သီတင်းကျွတ်မီးထွန်းပွဲတော် အစ
🕯️ မဟာသက္ကရာဇ် ၁၀၉ ခုနှစ်တွင် ဗုဒ္ဓမြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်ရှိ မယ်တော်မိနတ်သားအား ကျေးဇူးဆပ်သည့်အနေဖြင့် အဘိဓမ္မာတရားတော်အား ဝါတွင်း(၃)လပတ်လုံး ဟောကြားတော်မူသည်။
🕯️ သို့သော်လူ့ပြည်မှနှစ်(၁၀၀)သည် နတ်ပြည်၌မူ တစ်ရက်သာကြာမြင့်သောကြောင့် ဝါတွင်း(၃)လသည် နတ်၊ ဗြဟ္မာများအတွက်မူ ခဏတစ်ဖြုတ်သာဖြစ်သည်။ နတ်ပြည်၌အဘိဓမ္မာတရားတော်ကို ဟောကြားခြင်းပြီးဆုံးသောနေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။
🕯️ တရားဟောကြားခြင်းပြီးဆုံးသောအခါ မြတ်စွာဘုရားလူ့ပြည်သို့ပြန်လည်ကြွမြန်းရန်အတွက် သိကြားမင်းမှ ရွှေစောင်းတန်း၊ ငွေစောင်းတန်း နှင့် ပတ္တမြားစောင်းတန်းဟူသည့် စောင်းတန်း(၃)သွယ်ကို ဖန်ဆင်းပေးသည်။
🕯️ မြတ်စွာဘုရားသည် မြင်းမိုရ်တောင်ထိပ်တွင်ရပ်၍ အညိုရောင်၊ ရွှေရောင်၊ အနီရောင်၊ အဖြူရောင်၊ မောင်းသောအရောင်၊ ပြိုးပြိုးပြက်ပြက် တစ်ခဲ နက်သော အရောင် စသည့် ရောင်ခြည်တော်ခြောက်သွယ်ကို ကွန့်မြူးလျက် နတ်၊ ဗြဟ္မာတို့ခြံရံကာ စောင်းတန်း(၃)သွယ်မှ လူ့ပြည်သို့ပြန်လည်ကြွမြန်းတော်မူသည်။
🕯️ ထိုရောင်ခြည်တော်ခြောက်သွယ်ကြောင့် (၃၆)ယူဇနာအတွင်းရှိ ပရိတ်သတ်တို့သည် မြတ်ဗုဒ္ဓ၏တင့်တယ်သောအသရေတော်ကို ဖူးမျှော်ရပြီး ဘုရားဆုကိုတောင်းကြသည်။
ထို့ကြောင့် သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟုလည်းခေါ်ကြသည်။
🕯️ မြတ်စွာဘုရား တာဝတိံသာမှ လူ့ပြည်သို့ပြန်လည်ဆင်းသက်ခြင်းကို ပူဇော်သောအားဖြင့်
လူအများက မီးရှူးမီးပန်း၊ ဆီမီးများ ထွန်းညှိ၍ လည်းကောင်း၊
ပန်း၊ ရေချမ်းများ ကပ်လှူ၍ လည်းကောင်း
နတ်ပြည်ရှိ စူဠာမဏိစေတီတော်ကို ပူဇော်သည့်အနေဖြင့် မီးပုံးပျံများလွှတ်တင်ကြရာမှစ၍ သီတင်းကျွတ်မီးထွန်းပွဲတော်ဟု ပေါ်ပေါက်လာခြင်းဖြစ်သည်။
🕯️ သီတင်းကျွတ်ကာလတွင် လူငယ်လူရွယ်တို့က မိဘဘိုးဘွား၊ ဆရာသမားများကို စားသောက်ဖွယ်ရာများ၊ အဝတ်အထည်၊ လူ့အသုံးအဆောင်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြသည်။
ထို့ပြင် သာသနာ့ဘောင်ရှိ ရဟန်းငယ်များကလည်း ဆရာတော်ကြီးများကို ရှိခိုးကန်တော့ကာ အပြစ်များကို ဝန်ချတောင်းပန်ကြသည်။
🕯️ ဝါလကင်းလွတ်သီတင်းကျွတ်သည် မြန်မာ့ယဉ်ကျေးမှု၏ အထင်ကရဖြစ်သော ဗုဒ္ဓပူဇနိယမီးထွန်းပွဲ၊ တရားပွဲ၊ လှူဒါန်းပွဲ၊ လူကြီးမိဘများအား ပူဇော်ကန်တော့ပွဲများဖြင့် စည်ကားလှပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့်ခညောင်းသော အခါသမယလည်း ဖြစ်ကြောင်း မျှဝေလိုက်ပါသည်။
သီတင်းကျွတ်အခါသမယမှာ မိဘပြည်သူအပေါင်း ရောဂါဘယတွေကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း SCC Perfume & Nova မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
08/09/2020
ဒုတိယအကြိမ် ပြန်လည် သတိပြုဖို့လိုလာပြီဖြစ်တဲ့ ကိုဗစ်အန္တရာယ်အတွက် ဒီအချိန်မှာ မိမိကစပြီး ကာကွယ်ဂရုစိုက်ရမှာပဲ ဖြစ်ပါတယ်။
ချစ်ရသောသူလေးတွေအနေနဲ့ ဘယ်ကိုပဲသွားသွား Mask လေးလည်းတပ်ပြီး😷😷 😷ရေမလိုလက်သန့်ဆေးရည်လေးလည်း ဆောင်ထားသင့်ပါတယ်။
ချစ်လေးတို့ကို မိတ်ဆက်ပေးချင်တဲ့ Fresh အမှတ်တံဆိပ် Hand Gel လေးကတော့
Vietnam နိုင်ငံကထုတ်လုပ်ထားပြီး🇻🇳🇻🇳🇻🇳
Alcohol က 60% ပါဝင်တာမို့ လက်မှာကပ်ပါလာတဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ Bacterial ပိုးတွေကို 99.9% ကာကွယ်ပေးပါတယ်။✅✅✅
Moisturizer ပါဝင်လို့ လက်ခဏခဏဆေးကြောနေလို့ အစိုဓာတ်ခမ်းခြောက်ပြီး လက်ဖဝါးလေးတွေ ခြောက်သွေ့ကြမ်းတမ်းမှာလည်း ပူစရာမလိုတော့ဘူးပေါ့။🤲🤲🤲
Fresh Hand Gel လေးကရွေးချယ်စရာလည်း (3) မျိုးရှိတာမို့ ကြိုက်တဲ့ အနံ့လေးကိုသာ ရွေးချယ်လိုက်တော့နော်။🆗
ကဲ‼️ အဲ့ဒီတော့ Fresh Hand Gel လေးကို မိမိရဲ့ အလုပ်စားပွဲပေါ်မှာပဲထားမလား? အပြင်သွားတဲ့အခါ အိတ်ထဲ ထည့်ဆောင်ပြီး သွားလေရာဆောင်ထားမလား?
26/08/2020
# ကူးစက်မှုကို လျှော့ချဖို့ လက်ဆေးကြပါစို့
- ဒုတိယအကြိမ် ပြန်လည်သတိပြုဖို့လိုလာပြီဖြစ်တဲ့ ကိုဗစ် ရောဂါပိုးကို ကာကွယ်ဖို့အတွက် လက်ကိုခနခန ဆေးပေးဖို့လိုပါတယ်။
- သာမာန်မျက်စိဖြင့် မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေဟာ လက်မှာကပ်ပါလာတတ်ပါတယ်။
- မိမိရဲ့ လက်မှာ Bacterial ပိုးမွှားတွေကပ်ငြိနေခြင်းဟာ အသက်ရှုလမ်းကြောင်းကနေ တဆင့် အဆုတ်ထဲ ရောဂါပိုးမွှားတွေ အလွယ်တကူကူးစက်နိုင်ပါတယ်။
- မိမိကစပြီး ကာကွယ်ဂရုစိုက်ခြင်းဟာ မိမိချစ်သော မိသားစုနှင့်တကွ သူငယ်ချင်း၊မိတ်ဆွေများကိုပါ ဘေးကင်းအောင်ကယ်တင်နေခြင်းပဲဖြစ်ပါတယ်။
- Vietnam နိုင်ငံထုတ် Fresh အမှတ်တံဆိပ် Hand Wash လေးဟာဆိုရင် လက်မှာရှိတဲ့ Bacterial ပိုးမွှားတွေကို 99% အထိ သန့်စင်ပေးပါတယ်။
- လက်ခနခနဆေးလို့ လက်မှာရှိတဲ့ အစိုဓာတ် ခမ်းခြောက်ပြီး လက်ဖဝါးလေးတွေ ခြောက်သွေ့၊ ကြမ်းတမ်းမှု မဖြစ်အောင် အစိုဓာတ်ပြန်လည်ဖြည့်ပေးလို့ လက်ဖဝါးလေးတွေလည်း နူးညံ့ချောမွေ့စေပါတယ်။
- ကဲ အားလုံး အားလုံး ကျန်းမာဖို့ လက်ဆေးကြပါစို့။
# လက်ဆေးခြင်းဟာ ရောဂါပိုးကူးစက်ပြန့့်ပွားမှုကို လျှော့ချပေးတာကြောင့် ကျွန်တော်တို့ဟာ လက်ဆေးတိုင်းမှာ အသက်ပေါင်းများစွာကို ဘေးကင်းအောင်ကယ်တင်နေခြင်းပဲဖြစ်ပါတယ်။
# လက်ဆေးခြင်းဟာ ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျှော့ချပေးတာကြောင့် ကျွန်တော်တို့ဟာ လက်ဆေးတိုင်းမှာ အသက်ပေါင်းများစွာကို ဘေးကင်းအောင်ကယ်တင်နေခြင်းပဲဖြစ်ပါတယ်။
07/08/2020
< Unicode>
➡️ချစ်သော SCC Products Customer လေးတွေအတွက် သတင်းကောင်းလေးပြောပါရစေ📢📢📢
➡️ယခု August 2020 မှစပြီး Online Delivery System ဖြင့် Amby London, Iris Beauty, Saigon Perfumes Products များကို အိမ်အရောက်ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးနေပါပြီနော်။🏡🏡🏡
➡️10,000Ks ဖိုးအထက် ဝယ်ယူသူတိုင်းကို Delivery Free ဖြင့် ပို့ဆောင်ပေးနေပါပြီရှင့်။🚐🚐🚐
➡️Delivery Free အစီအစဉ်လေးကတော့ ရန်ကုန်၊မန္တလေး Down Town Area အတွင်းဖြစ်ပါတယ်၊ ပစ္စည်းမှာယူပြီး 5 ရက်အတွင်း သက်ဆိုင်ရာမြို့နယ်အလိုက် အိမ်အရောက်ပို့ဆောင် ပေးသွားမှာဖြစ်ပါတယ်။🏡🏡🚐🚐
➡️ရွေးချယ်ဝယ်ယူစရာကလည်း Amby London, Iris Beauty, Saigon Perfumes Brand 3 မျိုးထဲကစိတ်ကြိုက် ရွေးချယ်ပြီး ဝယ်ယူလို့ရတာ ဖြစ်လို့
📌မိမိကိုယ်တိုင်အတွက်လား🧑🧑👩👩
📌ချစ်ရတဲ့ သူလေးအတွက်လား❤️❤️❤️
📌သူငယ်ချင်း မိတ်ဆွေ အတွက်ပဲ လက်ဆောင်ပေးဦးမလား 🎁🎁🎁
📌အိမ်ကနေပဲ ဖုန်းလေးသုံးရင်း လှမ်းသာမှာလိုက်ပါ 🤳🤳🤳
အိမ်တိုင်ရာရောက် အမြန်ဆုံးလေး ပို့ဆောင်ပေးသွားမှာပါရှင့်။👏👏👏
➡️ချစ်သော Customer လေးတွေအတွက် သတင်းကောင်းလေးပြောပါရစေ📢📢📢
အိမ်ကနေပဲ ဖုန်းလေးသုံးရင်း လှမ်းသာမှာလိက်ပါ 🤳🤳🤳
02/08/2020
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ဓမ္မပူဇာ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ
……………………………………………………
ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ
သန္ဓေ တောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို တဲ့
ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော
ဝါဆိုလပြည့်နေ့
( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
ပဋိသန္ဓေ နေသောနေ့
( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့
( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
စတင်ဟောတော်မူသောနေ့
( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့
( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့
( ၆ ) တရားရတနာ စတင်ပေါ်သောနေ့
( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့
( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
ကူးပြောင်းခွင့်ကြုံသောနေ့
( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
စတင်ကြားရသောနေ့
ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်
~~~~~~~~~~~~~~~~~~~~~
ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့
စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း
တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု
ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ
ဥာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်
မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏
လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို
တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဥာဏ် ဣနြ္ဒိယပ
ရောပရိယဥာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။
ပထမဦးစွာစျာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့
ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီး
ဖြစ်သည် ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို
မြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်
လွန်ခဲ့ပြီဖြစ်၏။
ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား
တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်
သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ
သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့
ခရီးဆက်တော်မူလေသည်။
အစားနည်းသောအကျင့်မှ များသောအကျင့်သို့
ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု
ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်း
အား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့
ရောက်ခဲ့ ကြလေသည်။
မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏
ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်
အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်
ပင်ဝင်လာတော်မူ၏။
ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်
ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီး
ဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။
အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏
ဆည်းဆာညချမ်း ဖြစ်သည်။
သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်
ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်
ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်
ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်
တော်မူုလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်
သံ အစတည်း။
ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်
ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများ
ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏
နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။
ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ
ကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်
တည်းတိုက်တွန်း၏ သို့သော်မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။
ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို
ဟောကြားတော်မူလေသည် ထိုတရားတော်၏
အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ
အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌
တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။
ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌
အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ
တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။
ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်
ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင်
မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကို
ဟောကြားတော်မူခဲ့သည်။
ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်
ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့
သတ်မှတ်ယူကြကုန်သည်။
ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား
သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ '' ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။
………………………………………………………………
ဒါနအားလုံးကို ဓမ္မဒါနက အောင်နိုင်၏။
အရသာအားလုံးကို တရားအရသာက အောင်နိုင်၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
< Zawgyi>
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
……………………………………………………
သန္ဓေ တောထွက် ဓမ္မစက်
ဝါဆိုလပြည့်နေ့
ပဋိသန္ဓေ နေသောနေ့
( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့
စတင်ဟောတော်မူသောနေ့
ပြတော်မူသောနေ့
စတင်ကြားရသောနေ့
~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဥာဏ် ဣန္ဒြိယပ
ပထမဦးစွာဈာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့
လွန်ခဲ့ပြီဖြစ်၏။
ခရီးဆက်တော်မူလေသည်။
ရောက်ခဲ့ ကြလေသည်။
ပင်ဝင်လာတော်မူ၏။
ဆည်းဆာညချမ်း ဖြစ်သည်။
သံ အစတည်း။
ဟောကြားတော်မူခဲ့သည်။
သတ်မှတ်ယူကြကုန်သည်။
………………………………………………………………
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
18/07/2020
အာဇာနည်နေ့ ဒို့မမေ့
အစဉ်မမေ့ ရင်ထဲမှာတသသနဲ့ နှေြမာလွမ်းဆွတ်မိတဲ့နေ့လေးတနေ့
မိုးလေးတဖွဲဖွဲနဲ့ ရောက်ခဲ့ပြန်တဲ့ 19 ဇူလိုင်
ြမန်မာလူမျိုးတို့၏ နှလုံးသားမှာအစဉ်ထာ၀ရကိန်းအောင်းနေပါသည့်
ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုပါသည်။
< Zawgyi>
အာဇာနည်နေ့ ဒို့မမေ့
အစဉ်မမေ့ ရင်ထဲမှာတသသနဲ့ နှမြောလွမ်းဆွတ်မိတဲ့နေ့လေးတနေ့
မြန်မာလူမျိုးတို့၏ နှလုံးသားမှာအစဉ်ထာဝရကိန်းအောင်းနေပါသည့်
02/07/2020
< Unicode>
✨✨Discount လေးလာပါပြီနော်!!
15 % OFF လျှော့ဈေးနဲ့ NOVA Shampoo, Shower လေးတွေကို 💦Monsoon Seasonal Sale 💦အနေဖြင့်
👉1.7.2020 မှ 31.7.2020 နေ့👈 အထိ အရောင်းဝန်ထမ်းလေးတွေ ရှိတဲ့ အရောင်းဆိုင်ကြီးများမှာ ဝယ်ယူရရှိနိုင်ပါပြီရှင့်။👏👏👏
📌တစ်ကိုယ်ရေသန့်ရှင်းမှုအတွက်သာမက အသားရေခြောက်သွေ့ကြမ်းတမ်းခြင်းကင်းပြီး ပုလဲလေးလိုဖြူစင်ဝင်းပနေစေမယ့်
- Pinky Sweet Body Wash - မွှေးကြိုင်ထုံလွှမ်းနေတဲ့ ရေမွှေးရနံ့လေး ကြိုက်တဲ့ Sweety's လေးတွေအတွက်
- Golden Luxury Body Wash - သင်းပျံ့တဲ့မွှေးရနံ့နဲ့အတူ ရွှေရောင်စိတ်ကူးတွေ အကောင်အထည်ဖော်ရအောင်
ကဲ ချစ်တို့ရေ NOVA လေးကတော့ Discount လေးနဲ့ အတူ ချစ်တို့ကို စောင့်မျှော်နေပါပြီနော်။🌷🌷🌷
< Zawgyi >
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Kamayut
Yangon
11111
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |