TransForm Aung Zaw Min

TransForm Aung Zaw Min

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TransForm Aung Zaw Min, Health/Beauty, YanGon, Yangon.

03/04/2024

" စီးပွားဖြစ်စိုက်ပျိုးရေး စတင်မည့်သူများအတွက် အကြံပြုချက်များ "
*******************************************************
စိုက်ပျိုးရေးကို စီးပွားဖြစ်စမ်းသပ်ချင်သူတွေ၊ ယခုမှစီးပွားဖြစ်စတင်စိုက်ပျိုးမယ့်
လူများအအတွက် အကြုံပြုချက်လေးများကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

Business Plan အရင်ချပါ။
စိတ်ဝင်စားလို့ စိုက်ပျိုးရေးကို စမ်းသပ်ချင်တာ ကောင်းပါတယ်။ ဒါပေမဲ့ အစီအစဉ်မရှိပဲနဲ့တော့ အဆင်ပြေရာရာကို စိုက်ပျိုးနေရင် ရေရှည်မှာ အဆင်မပြေပါဘူး။ စိုက်ပျိုးနေရင်းနဲ့မှ နားလည်ကျွမ်းဝင်လာပြီး အစီအစဉ်ချတာကောင်းသလို မစခင်ကတည်းက ကြိုတင်ပြီး အစီအစဉ်ချထားလည်း ပိုကောင်းပါတယ်။

စိတ်ရှည်ပါ။
ယခုမှစတင်ခြင်းဖြစ်တဲ့အတွက် ပထမဆုံးနှစ်တွေမှာ အမြတ်ရဖို့ရာခက်ခဲသလို တစ်ခါတလေမှာ လိုအပ်သော ပစ္စည်းကိရိယာများ ဝယ်ယူလိုက်တဲ့အတွက် အရှုံးပေါ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် ပထမပိုင်းနှစ်တွေမှာ အဆိုးရွားဆုံးအခြေအနေတွေ အတွက်ကြိုတင် ပြင်ဆင်ထားဖို့၊ အစီအစဉ်တွေရှိဖို့ လိုအပ်ပါတယ်။ ချေးငွေလည်းအတတ်နိုင်ဆုံးမယူတာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ရရှိလာသောဝင်ငွေလည်ပတ်မှုမှာချေးငွေကို ပြန်ဆပ်နေရမှာ ဖြစ်တဲ့အတွက် အမြတ်ရဖို့အခွင့်အရေးနည်းပါတယ်။

စိုက်ပျိုးရေးကို စီးပွားရေးလို့ သတ်မှတ်ပြီးလုပ်ကိုင်ပါ။
ဝါသနာပါလို့၊ စမ်းသပ်ချင်လို့ စိုက်တာဆိုရင်တော့ ဥယျာဉ်ခြံစိုက်ခြင်း၊
မိမိအိမ်ခြံဝန်းထဲမှာ စိုက်ခြင်းတို့ကိုသာရွေးချယ်သင့်ပါတယ်။ စီးပွားဖြစ် စိုက်ပျိုးပြီဆိုရင်တော့ အရှုံးအမြတ်၊ လိုအပ်သောအတတ်ပညာ၊ လုပ်ဆောင်မှုတွေနဲ့
စျေးကွက်သဘော စတာတွေကိုနားလည်ထားဖို့လိုပါတယ်။

အကျိုးရှိအောင်စိုက်ပျိုးပါ။
အများကြီးစိုက်ပြီး မဖြစ်ထွန်းတာထက် နည်းနည်းစိုက်ပြီးများများဖြစ်ထွန်းတာ
ပိုကောင်းပါတယ်။ ငွေလည်းအများကြီးမကုန်ပဲ တိကျသေချာတဲ့ ထွက်နှုန်းကို
ရရှိနိုင်မှာဖြစ်ပါတယ်။

မိမိငွေကြေးလည်ပတ်မှုကို အမြဲတမ်းဂရုစိုက်ဆန်းစစ်ပါ။
အသုံးစရိတ်ကိုထိန်းချုပ်ပါ။ လိုအပ်သောအရာများကို ဝယ်ယူရာတွင်
မှန်ကန်စွာရွေးချယ်ပါ။ မိမိရဲ့ လစဉ်ဝင်ငွေ နဲ့ ထွက်ငွေကို သေချာမှတ်သားပြီး
ဆန်းစစ်ပါ။ မိမိရဲ့ရင်းနှီးမြှုပ်နှံမှုဟာ ရသင့်တဲ့အမြတ်ရနေရဲ့လား၊ မရရင်ဘယ်လိုအပိုကုန်ကျမှုတွေကိုလျှော့ချရမလဲ၊ ဘယ်လိုအမြတ်အများဆုံးရအောင်
လုပ်နိုင်မလဲ စသည်ဖြင့်အမြဲတမ်းငွေလည်ပတ်မှုကို ထိန်းချုပ်ထားသင့်ပါတယ်။

စျေးကွက်ကိုနားလည်ခြင်း
စတင်မစိုက်ပျိုးခင်ကတည်း မိမိရောင်းချရမဲ့ စျေးကွက်အကြောင်းကို
သေချာလေ့လာထားသင့်ပါတယ်။ ဘယ်လိုအချိန်တွေမှာ စျေးအတက်အကျတွေ
ရှိမယ်၊ ရာသီဥတုကြောင့် (သို့) အခြားပြင်ပအကြောင်းတရားများကြောင့်
စျေးကွက်ကဘယ်လိုပြောင်းလဲနိုင်တယ်၊ ရုတ်တရက်စျေးအတက်အကျ ရှိ၊မရှိ
စတာတွေကို နားလည်ထားဖို့လိုပါတယ်။
စျေးနှုန်းကိုလေ့လာတာထက်စာရင် စျေးကွက်ကိုလေ့လာခြင်းဟာ
ပိုမိုအထောက်အကူဖြစ်မှာပါ။

အချိန်ကိုစေ့စပ်သေချာစွာ အသုံးချခြင်း
စီမံခန့်ခွဲမှု အပေါ်မှာ အာရုံစိုက်ပါ။ လုပ်ငန်းကျွမ်းကျင်သော အလုပ်သမားများကို အသုံးပြုပါ။ ဘယ်နေ့မှာ ဘယ်လုပ်ငန်းပြီးရမယ်စသည်ဖြင့် အချိန်ဇယားရေးဆွဲ
လုပ်ဆောင်ပါ။ ပုံမှန်နေ့စဉ်ပြုလုပ်ရမဲ့အရာများလည်း သတ်မှတ်ထားပါ။
ဒီလိုပြုလုပ်ခြင်းဖြင့် အချိန်ကိုအကျိုးရှိအောင်အသုံးချရာ ရောက်ပါတယ်။

ဝယ်ယူသူအတွက် အရည်အသွေးစံနှုန်းတစ်ခုဖန်တီးပေးပါ။
မိမိရဲ့ သီးနှံထွက်ကုန်တွေကို ဝယ်ယူမဲ့လူနေရာက စဉ်းစားပြီးသူ့အတွက်
ဘယ်လိုစံနှုန်းထားပေးရမယ်စဉ်းစားပါ။ သီးနှံအရည်အသွေး၊ သီးနှံထွက်ကုန်များ သိုလှောင်ပုံ၊ သယ်ယူပို့ဆောင်ခြင်း စတဲ့အချက်တွေမှာ သူများနဲ့မတူကွဲပြား
ကောင်းမွန်အောင် ပြုလုပ်ပေးပါ။

ဥာဏ်ရှိပါ။
စိုက်ပျိုးပညာရှင်များ၊ အကြံပေးများနဲ့တိုင်ပင်ဆွေးနွေးပါ။ အခြားအောင်မြင်
နေပြီးသော စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးနှင့်ဆက်စပ်နေသော
နယ်ပယ်မှလုပ်ငန်းရှင်များနှင့် အဆက်အသွယ်ရအောင် ပြုလုပ်ပါ။ မိမိရဲ့
စီမံခန့်ခွဲနိုင်မှု၊ ဦးဆောင်နိုင်စွမ်း၊ ပြသနာဖြေရှင်းနိုင်စွမ်း စတာတွေကို မြှင့်တင်ပါ။

အနားယူပါ။
ဘယ်လောက်ပဲကြိုးစားကြိုးစား မိမိစိတ်အခြေအနေဟာ ရှုပ်ထွေးနေရင်
ဆုံးဖြတ်ချက်များမှားယွင်းတတ်ပြီးတော့ အလုပ်လုပ်နိုင်စွမ်းလည်း
ကျဆင်းတတ်ပါတယ်။ ဒါကြောင့် အလွန်အကျွံအလုပ်လုပ်မိစေရန်
သတိထားပြီး အရမ်းမွန်းကြပ်လာပါက မိမိကိုယ်မိမိအနားပေးသင့်ပါတယ်။

ဒီအချက်တွေအကုန်လုံးဟာ စိုက်ပျိုးရေးပြုလုပ်နေသူ၊ စတင်ရန်ကြိုးစားနေသူ
တောင်သူများအတွက် အင်တာနက်ပေါ်မှဘာသာပြန်၍ ကောက်နုတ်တင်ပြခြင်း
ဖြစ်ပါတယ်။

#စေတနာမေတ္တာများစွာဖြင့်

26/03/2024

အညာဓလေ့

22/03/2024

ဘာကြောင့်တောင်သူတိုင်း မြေချဉ်ငံတိုင်း ကိရိယာရှိသင့်တာလဲ?

မြေချဉ် / မြေငံ ပြုပြင်နည်း

အပင်တွေ လိုအပ်တဲ့ အာဟာရဓာတ် ၁၆မျိုးထဲမှာ၊ ကာဘွန်၊ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင်၊အပြင်NPK,ca,Mg,s,cu,zn,B,mn,mo,cl,fe စသဖြင့် Base ရော၊ alkali ရော မျှတစွာပါဝင်တာ သိပြီးသားဖြစ်မှာပါ။

မြေဆီလွှာသိပ္ပံနည်းအရ ရော၊ လူ့ဇီဝကမ္မ ဖြစ်စဉ်အရ ပါ ကြည့်ရင်၊ လူ့ သွေးထဲမှာ အချဉ်ဓာတ်များရင် ရောဂါ များသကဲ့သို့၊
မြေဆီလွှာထဲမှာ ၊အချဉ်များရင် ၊ အဲဒီအပေါ်မှာစိုက်တဲ့ အပင်ဟာလည်း ၊ ဇီဝကမ္မ ဖောက်ပြန်တာ သဘာဝပါပဲ။
ဒီသေဘာကို မပိုင်နိုင် မစူးစမ်းပဲ မြေကြီးကို၊ မြေချဉ်ငံ မတိုင်းပဲ၊ ၁၅ ပတ်လည်၊ ၁၆ပတ်လည် တွေ ထည့်နေမယ် ဆိုရင်၊
နဂို ချဉ်ထားတဲ့ မြေကြီးဟာ ၊အပင်ကမစားနိုင်တဲ့အပြင်
မြေပျက်တာ ပိုနေဦးမှာပါ။
ဒါကြောင့်လည်း ၊အပင်အားမရတိုင်း ၊မြေသြဇာထည့် လာလိုက္တာ၊ သခွားမွှေးတဧက ကို၊ ၁၅ လည် ၁၅-၂၀ အိတ္ကုန္တယ်ဆိုပဲ။

အချိုမှုန့်စွဲနေတဲ့သူဟာ ၊ဟင်းတိုင်းမှာ မပါရင် မစားနိုင်တော့သလို၊ မြေခံပျက်နေတဲ့မြေဟာ ၊မြေသြဇာ တိုး တိုးပြီးထည့်မှ၊အပင်က စားနိုင်လာပါတယ်။
အဓိက ပြောလိုရင်းကတော့၊ ကိုယ့်မြေအနေအထားအရ အပင်ကစားနိုင်သလောက်၊နည်းနည်းချင်းနဲ့ ခဏခဏ ကျွေးပေးတာဟာ ၊ အထိရောက်ဆုံးနဲ့ အမွန္ကန်ဆုံးပါ။

စိုက်ပျိုးရေးလောကမှာ၊ ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်ကိုင်တော့မယ်ဆိုရင်
မြေကြီးကို အချဉ်ငံတိုင်းပါ။ ကိရိယာမရှိရင် ၊ ဗီနီဂါ (ရှာလကာရည်)နဲ့၊ဆော်ဒါနည်းနဲ့ တိုင်းတာပါ။(ယခင်ဖော်ပြပြီး)
PH8.5ထက်များနေရင် အယ်ကာလီများနေပါပြီ။ငံပါတယ်။

PH5.5အောက် ဆိုရင် ၊ အက်ဆစ်ဓာတ်များနေပါပြီ။ချဉ်ပါတယ်။
မြေငံ ဖြစ်နေပါက
''''''''''''''''''''''''

နားချေး၊ကြက်ချေး၊ သဘာဝမြေသြဇာ၊ များများထည့်ပါ။
သစ်စိမ်းမြေသြဇာ ကျွေးပါ။
အချို့နိုင်ငံတွေမှာတော့ ၊အိုင်းရွန်းဆာလဖိတ် ကျွေးပါတယ်။
၁စတုရန်းပေ အတွင်း၊ ၁၀ပေါင်နုန်း ထည့် ရပါတယ်။
အကောင်းဆုံးနည်းပညာတွေ အဆင့်မြင့်နည်းပညာတွေနဲ့ ထုတ်လုပ်ဖြန့်ချီနေတဲ့ အဆင့်မြင့်ဇီဝနည်းပညာအသုံးပြုထုတ်လုပ်နေတဲ့ ဘိုင်အိုစူပရင်းကုမ္ပဏီ ထုတ်ပစ္စည်းတွေ စျေးကွက်ထဲမှာရှိနေပါတယ် ဝယ်ယူအသုံးပြုပေးကြပါ။

မြေချဉ်ပြုပြင်ရန်
'''''''''''''''''''''''

မြန်မာနိုင်ငံ နေရာအတော်များများမှာ၊ pH တိုင်းကြည့်ရင် ချဉ်နေတာ များပါတယ်၊
မြေချဉ်တာဟာ မြေထဲမှာ၊ သံ ၊အလူမီနီယံနဲ့ မင်းဂနိ ဓာတ်များနေလို့ပါ။ ဒီထဲမွာ မိုးရေထဲက အက်ဆစ်နဲ့ ပေါင်းတော့ ပိုဆိုးတာပေါ့လေ။
အဲသည်တော့ ကား

မြေထဲကို ထည့်လိုက်တဲ့ pဖော့စဖရပ်တွေကို အပင်ရဲ့အမြစ်တွေက မစားနိုင်အောင် သံ၊အလူမိနီယံတွေက၊ထိန်းချုပ်ခြင်း(fixation)ခံရပါတော့တယ်။
မြေထဲမှာ နဂိုက Pတွေရော၊ ထည့်လိုက်တဲ့pတွေ ကို ၊မစားနိုင်တာ မသိပဲ ၊ထပ်ထပ်ထည့်တော့ ပိုကုန်တာပေါ့။(p2o5 ဟာ ပျော်ဝင်မှုလည်းနှေးလို့ ၊ အပင်က မြန်မြန်လည်းမစားနိုင်ပါဘူး)
PH 5.5 အောက်ရောက်လေ၊ pဖော့စဖရပ်ထိန်းချုပ်ခံရလေ ၊အပင် ဖြစ်ထွန်းမှုနှေးလေ ပါပဲ။
ဒါကြောင့် ချဉ် ရင် -ထုံး ၊ငံရင် -ကန့် ဆိုတာလို

မြေချဉ်ရင် ထုံး (limestone)ထည့်ရပါတယ်။

Limestone နှစ်မျိုး ခွဲခြားထားပါတယ်၊

Calcitic limestone ( ကယ်လစီယံများသောထုံးမှုန့်)

Dolomite limestone (မဂ္ဂနီစီယံ ပါသော ထုံးမှုန့်) ဖြစ်ပါတယ်။
ဒါ​ေတာ့ ကိုယ့်မြေဟာ ကယ်လစီယံချို့ တာလား၊ မဂ္ဂနီစီယံလိုအပ်သလား ကြည့်ပြီး ၊ရွေးချယ် သုံးဖို့ပါ။

ထုံးထည့်တဲ့အခါလည်း၊ ပစ္စည်းအရည်အသွေး၊ထည့်တဲ့နုန်းထား၊နည်းစနစ် စတာတွေလည်း လိုအပ်ပါလိမ့်မယ်။
အကြမ်းဖျဉ်းတော့
တဧက အပေါ်မှာ၊ pH တယူနစ် တက်ဖို့ ၊တနှစ်ကို ၊

ထုံးတတန် (အိတ်၂၀)ထည့်ရမှာပါ။

တယူနစ်ဆိုတာ

ဥပမာ pH 4.5 ဆိုပါစို့ ၊ ထုံးထည့်ပြုပြင်လို့ ၊တယူနစ် တိုးလာမယ်ဆိုရင် 5.5ဖြစ်သွားတာကို ဆိုတာပါ။

တယူနစ်တက်ဖို့ မလွယ်ပါဘူး။ တနှစ်တခါ pH တိုင်းပါ။
သုံးနှစ် ဆက်တိုက် ထုံးထည့်ပါ။

အဲ သည်လို ၊ မြေကို ပြုပြင်ပြီးမှ ၊ မြေသြဇာကို ၊၁၅ ပတ်လည် မဟုတ်ပဲ၊ pနဲ့kကို မြေခံမှာထည့်လို့။ က်န္တာကို ၊အပင်အခြေနေ ကြည့်ပြီးမှ ၊ ဆာမှကျွေး စနစ် သုံးမယ်ဆိုရင် ၊ ပိုပြီး အကျိုးအမြတ် များစေနိုင်မှာ မလြဲပါဘူး။
"လူ ကို သင်မှ တတ် သလို

မြေကိုလည်း ပြင် မွ ထြက်သတဲ့။"

မလိုအပ်ပဲ ၊ မြေသြဇာ မ်ားမ်ား သုံးစွဲခြင်း ကြောင့်

၁။ ကုန်ကျစရိတ် များပြားခြင်း၊

၂။ အပင်အတွက် အာဟာရအဆိပ်သင့်ခြင်း။

၃။ ပိုးမွှား/ရောဂါ ခံနိုင်ရည် မဲ့ခြင်း၊

၄။ အပင်ဇီဝကမ္မ နှောင့်နှေးခြင်း၊

၅။ အထှကျနုနျူးနှငျ့ အရည်းအသွေး ထိခိုက်ခြင်း၊

၆။ မြေဆီလွှာ ပျက်သုဉ်းခြင်း၊

စတဲ့ ဆိုးကျိုးတွေ ၊ မလြဲမေသြ ရရှိစေပါတယ်။

ဒါကြောင့် ၊ မိတ်ဆွေများအတွက် ၊သိသလောက်လေးကို ၊စေတနာရှေ့ထားပြီး၊ ရေးသားလိုက်ရပါတယ်။

စိုက်ပျိုးရေးဖြင့် ၊ဘဝ မြင့်မားတိုးတက်ကြပါစေ။

Credit

မြေချဉ် / မြေငံ ပြုပြင်နည်း

အပင်တွေ လိုအပ်တဲ့ အာဟာရဓာတ် ၁၆မျိုးထဲမှာ၊ ကာဘွန်၊ဟိုက်ဒြိုဂျင်၊ အောက်ဆီဂျင်၊အပြင်NPK,ca,Mg,s,cu,zn,B,mn,mo,cl,fe စသဖြင့် Base ရော၊ alkali ရော မျှတစွာပါဝင်တာ သိပြီးသားဖြစ်မှာပါ။

မြေဆီလွှာသိပ္ပံနည်းအရ ရော၊ လူ့ဇီဝကမ္မ ဖြစ်စဉ်အရ ပါ ကြည့်ရင်၊ လူ့ သွေးထဲမှာ အချဉ်ဓာတ်များရင် ရောဂါ များသကဲ့သို့၊
မြေဆီလွှာထဲမှာ ၊အချဉ်များရင် ၊ အဲဒီအပေါ်မှာစိုက်တဲ့ အပင်ဟာလည်း ၊ ဇီဝကမ္မ ဖောက်ပြန်တာ သဘာဝပါပဲ။
ဒီသေဘာကို မပိုင်နိုင် မစူးစမ်းပဲ မြေကြီးကို၊ မြေချဉ်ငံ မတိုင်းပဲ၊ ၁၅ ပတ်လည်၊ ၁၆ပတ်လည် တွေ ထည့်နေမယ် ဆိုရင်၊
နဂို ချဉ်ထားတဲ့ မြေကြီးဟာ ၊အပင်ကမစားနိုင်တဲ့အပြင်
မြေပျက်တာ ပိုနေဦးမှာပါ။
ဒါကြောင့်လည်း ၊အပင်အားမရတိုင်း ၊မြေသြဇာထည့် လာလိုက္တာ၊ သခွားမွှေးတဧက ကို၊ ၁၅ လည် ၁၅-၂၀ အိတ္ကုန္တယ်ဆိုပဲ။

အချိုမှုန့်စွဲနေတဲ့သူဟာ ၊ဟင်းတိုင်းမှာ မပါရင် မစားနိုင်တော့သလို၊ မြေခံပျက်နေတဲ့မြေဟာ ၊မြေသြဇာ တိုး တိုးပြီးထည့်မှ၊အပင်က စားနိုင်လာပါတယ်။
အဓိက ပြောလိုရင်းကတော့၊ ကိုယ့်မြေအနေအထားအရ အပင်ကစားနိုင်သလောက်၊နည်းနည်းချင်းနဲ့ ခဏခဏ ကျွေးပေးတာဟာ ၊ အထိရောက်ဆုံးနဲ့ အမွန္ကန်ဆုံးပါ။

စိုက်ပျိုးရေးလောကမှာ၊ ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်ကိုင်တော့မယ်ဆိုရင်
မြေကြီးကို အချဉ်ငံတိုင်းပါ။ ကိရိယာမရှိရင် ၊ ဗီနီဂါ (ရှာလကာရည်)နဲ့၊ဆော်ဒါနည်းနဲ့ တိုင်းတာပါ။(ယခင်ဖော်ပြပြီး)
PH8.5ထက်များနေရင် အယ်ကာလီများနေပါပြီ။ငံပါတယ်။

PH5.5အောက် ဆိုရင် ၊ အက်ဆစ်ဓာတ်များနေပါပြီ။ချဉ်ပါတယ်။
မြေငံ ဖြစ်နေပါက
''''''''''''''''''''''''

နားချေး၊ကြက်ချေး၊ သဘာဝမြေသြဇာ၊ များများထည့်ပါ။
သစ်စိမ်းမြေသြဇာ ကျွေးပါ။
အချို့နိုင်ငံတွေမှာတော့ ၊အိုင်းရွန်းဆာလဖိတ် ကျွေးပါတယ်။
၁စတုရန်းပေ အတွင်း၊ ၁၀ပေါင်နုန်း ထည့် ရပါတယ်။

မြေချဉ်ပြုပြင်ရန်
'''''''''''''''''''''''

မြန်မာနိုင်ငံ နေရာအတော်များများမှာ၊ pH တိုင်းကြည့်ရင် ချဉ်နေတာ များပါတယ်၊
မြေချဉ်တာဟာ မြေထဲမှာ၊ သံ ၊အလူမီနီယံနဲ့ မင်းဂနိ ဓာတ်များနေလို့ပါ။ ဒီထဲမွာ မိုးရေထဲက အက်ဆစ်နဲ့ ပေါင်းတော့ ပိုဆိုးတာပေါ့လေ။
အဲသည်တော့ ကား

မြေထဲကို ထည့်လိုက်တဲ့ pဖော့စဖရပ်တွေကို အပင်ရဲ့အမြစ်တွေက မစားနိုင်အောင် သံ၊အလူမိနီယံတွေက၊ထိန်းချုပ်ခြင်း(fixation)ခံရပါတော့တယ်။
မြေထဲမှာ နဂိုက Pတွေရော၊ ထည့်လိုက်တဲ့pတွေ ကို ၊မစားနိုင်တာ မသိပဲ ၊ထပ်ထပ်ထည့်တော့ ပိုကုန်တာပေါ့။(p2o5 ဟာ ပျော်ဝင်မှုလည်းနှေးလို့ ၊ အပင်က မြန်မြန်လည်းမစားနိုင်ပါဘူး)
PH 5.5 အောက်ရောက်လေ၊ pဖော့စဖရပ်ထိန်းချုပ်ခံရလေ ၊အပင် ဖြစ်ထွန်းမှုနှေးလေ ပါပဲ။
ဒါကြောင့် ချဉ် ရင် -ထုံး ၊ငံရင် -ကန့် ဆိုတာလို

မြေချဉ်ရင် ထုံး (limestone)ထည့်ရပါတယ်။

Limestone နှစ်မျိုး ခွဲခြားထားပါတယ်၊

Calcitic limestone ( ကယ်လစီယံများသောထုံးမှုန့်)

Dolomite limestone (မဂ္ဂနီစီယံ ပါသော ထုံးမှုန့်) ဖြစ်ပါတယ်။
ဒါကေတာ့ ကိုယ့်မြေဟာ ကယ်လစီယံချို့ တာလား၊ မဂ္ဂနီစီယံလိုအပ်သလား ကြည့်ပြီး ၊ရွေးချယ် သုံးဖို့ပါ။

ထုံးထည့်တဲ့အခါလည်း၊ ပစ္စည်းအရည်အသွေး၊ထည့်တဲ့နုန်းထား၊နည်းစနစ် စတာတွေလည်း လိုအပ်ပါလိမ့်မယ်။
အကြမ်းဖျဉ်းတော့
တဧက အပေါ်မှာ၊ pH တယူနစ် တက်ဖို့ ၊တနှစ်ကို ၊

ထုံးတတန် (အိတ်၂၀)ထည့်ရမှာပါ။

တယူနစ်ဆိုတာ

ဥပမာ pH 4.5 ဆိုပါစို့ ၊ ထုံးထည့်ပြုပြင်လို့ ၊တယူနစ် တိုးလာမယ်ဆိုရင် 5.5ဖြစ်သွားတာကို ဆိုတာပါ။

တယူနစ်တက်ဖို့ မလွယ်ပါဘူး။ တနှစ်တခါ pH တိုင်းပါ။
သုံးနှစ် ဆက်တိုက် ထုံးထည့်ပါ။

အဲ သည်လို ၊ မြေကို ပြုပြင်ပြီးမှ ၊ မြေသြဇာကို ၊၁၅ ပတ်လည် မဟုတ်ပဲ၊ pနဲ့kကို မြေခံမှာထည့်လို့။ က်န္တာကို ၊အပင်အခြေနေ ကြည့်ပြီးမှ ၊ ဆာမှကျွေး စနစ် သုံးမယ်ဆိုရင် ၊ ပိုပြီး အကျိုးအမြတ် များစေနိုင်မှာ မလြဲပါဘူး။
"လူ ကို သင်မှ တတ် သလို

မြေကိုလည်း ပြင် မွ ထြက်သတဲ့။"

မလိုအပ်ပဲ ၊ မြေသြဇာ မ်ားမ်ား သုံးစွဲခြင်း ကြောင့်

၁။ ကုန်ကျစရိတ် များပြားခြင်း၊

၂။ အပင်အတွက် အာဟာရအဆိပ်သင့်ခြင်း။

၃။ ပိုးမွှား/ရောဂါ ခံနိုင်ရည် မဲ့ခြင်း၊

၄။ အပင်ဇီဝကမ္မ နှောင့်နှေးခြင်း၊

၅။ အထှကျနုနျူးနှငျ့ အရည်းအသွေး ထိခိုက်ခြင်း၊

၆။ မြေဆီလွှာ ပျက်သုဉ်းခြင်း၊

စတဲ့ ဆိုးကျိုးတွေ ၊ မလြဲမေသြ ရရှိစေပါတယ်။

ဒါကြောင့် ၊ မိတ်ဆွေများအတွက် ၊သိသလောက်လေးကို ၊စေတနာရှေ့ထားပြီး၊ ရေးသားလိုက်ရပါတယ်။

စိုက်ပျိုးရေးဖြင့် ၊ဘဝ မြင့်မားတိုးတက်ကြပါစေ။

Credit

21/03/2024

ချမ်းသာချင်ရင်
အလုပ်ကြိုးစားသူတွေနဲ့ စုဖွဲ့ပါ...

သင်...တစ်ယောက်တည်းမချမ်းသာချင်ပါနဲ့။

မန္တလေးကနေ စပြီး အမြန်လမ်းမကြီးပေါ်တက်ပြီဆိုတာနဲ့ ဆီဆိုင်လောကကို မင်းမူနေတဲ့ဆိုင်တစ်ဆိုင်ရှိတယ် ၊

BOC ဆိုတဲ့ဆိုင် ..( တကယ်ကိုခမ်းနားတဲ့ဆိုင်ပါ )
သူနဲ့အတူ မန္တလေးကခေါက်ဆွဲဆိုင်ရယ် ၊
g & g ကိုပါခေါ်ထားတယ် ။

၂၀၁၉ ခုနှစ် ၆ လပိုင်းလောက် ပြိုင်ဘက်မရှိပဲ ..

သိပ်မကြာဘူး ၊

သူ့ရဲ့ရှေ့တည့်တည့်မှာ ဆီဆိုင်အကြီးကြီးဖွင့်ဖို့ ပြင်ဆင်နေတာ တွေ့တယ် ။

BOC ဆိုတာ ဆီအရည်အသွေးရော ၊ လီတာပြည့်တဲ့နေရာမှာရော ၊
Services ပေးတဲ့နေရာမှာပါ အရမ်းကောင်းတဲ့ဆိုင်ပါ ၊

တစ်ဆိုင်တည်းဆိုပေမယ့် ဖြစ်သလိုမလုပ်ဘူး ။
( ဒီအချက်ကိုတော့ အတော်သဘောကျတယ် )

အဲလိုဆိုင်မျိုးကို ဘယ်လိုဆိုင်ကများ လာဖိုက်မလဲဆိုပြီ စိတ်ဝင်တစားစောင့်ကြည့်ခဲ့တယ် ။

ဒိုင်းဆို ..
ရှေ့မှာ Hi way ဆိုတဲ့ ဆီဆိုင်ကြီးပေါ်လာတယ် ၊
Hi way ဆိုတာ ဆီဆိုင်လောက မှာတော့ BOC နဲ့ယှဉ်ရင် မိုးနဲ့မြေပါ ..

BOC ကို ယှဉ်ဖိုက်မယ့် HI way ဟာ သေချာပြင်ဆင်ခဲ့တယ် ။
သူတစ်ယောက်တည်းမလာဘူး ။
အဖော်တွေ ခေါ်လာတယ် ။

City Mark ကိုခေါ်လာတယ် ၊
Feel ကိုခေါ်လာတယ် ၊
SP ကိုခေါ်လာတယ် ၊
Tom Yam koong တို့လို တကယ့်ဆိုင်တွေကိုခေါ်လာတယ် ။

BOC ဟာ မထင်မှတ်ထားလောက်အောင် Customers တွေအများကြီးကိုခွဲပေးခဲ့ရတယ် ။

BOC ဟာ အတော်လေးကို ကျဲသွားတယ် ။

ခုတော့ BOC က
" မင်္ဂလာပါ " ကိုခေါ်လာတယ် ။

" မင်္ဂလာပါ " ဝင်လာတော့
Soft opening ကာလမှာတောင် BOC မှာ လူပြန်စည်လာတယ် ။

အရင်ခေတ်ကဆို BOC ဆိုတဲ့ဆိုင်းပုဒ်ကို ရှေ့ကထားမယ်ထင်တယ် ၊
( ခုတော့ မင်္ဂလာပါ ဆိုတဲ့ ဆိုင်းပုဒ်ကို ရှေ့ အတော်ကျတဲ့နေရာအထိ ထုတ်ထားတယ် )

နောက်တစ်ခုက DENKO

DENKO ရဲ့ထုံးစံအတိုင်း အချက်အခြာကျပြီး ၊ရှယ်ဆိုတဲ့ အမြန်လမ်းက စစ်ကိုင်းလမ်းခွဲ အဝိုင်းမှာ ဖွင့်လိုက်တယ် ။

DENKO ခေါ်လာတဲ့သူတွေကလည်း အမိုက်စားတွေ

ရွှေပုလ္လင် ကိုခေါ်လာတယ် ။
မြင့်မြင့်ခင် ကိုခေါ်လာတယ် ၊
အရီးတောင်း လက်ဖက် ကိုခေါ်လာတယ် ၊
ဆင်ခြောက်ကောင် ဖိနပ်လည်းပါတယ် ။
ပိုးထည်တိုက် တစ်ဆိုင်တောင်ပါသေးတယ် ။
နောက် Mini market လိုမျိုးလေးလည်းပါသေးတယ် ။

နောက်ဆုံးတော့ customer တွေကို ခွဲပြီးယူကြရတယ် ။

ဒီဘက်ခေတ်မှာ Group နဲ့သွားကြတာ အတော်လေးအရှိန်ရနေပြီထင်တယ် ၊

တစ်ယောက်တည်းချမ်းသာချင်တဲ့စိတ်ဟာ အတော်မှားတဲ့စိတ် ဖြစ်တယ်လို့ မြင်တယ် ။

ကိုယ့်ဘေးနားမှာ ရှိသမျှလူ အကုန်ချမ်းသာလေ ကောင်းလေပါ ၊

ချမ်းသာချင်ရင် အလုပ်ကြိုးစားသူတွေနဲ့ စုဖွဲ့ပါ။

Credit

09/03/2024
29/02/2024

ရာသီအလိုက် စိုက်ပျိုးနိုင်သည့် ဟင်းသီးဟင်းရွက်များ
🥬🥒🥦🌶️🥕🍠🧅🥬🥒🥕🥬🍠🧅

မိုးနည်းပါးသော်လည်း ရေရရှိမှု လွယ်ကူသည့် နေရာဒေသများတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သော်လည်း မိုးများသော ဒေသများတွင် ဟင်းသီးဟင်းရွက်စိုက်ခင်းများကို ဆောင်းရာသီ နှင့် နွေရာသီ၌သာ အားပြုစိုက်ကြသည်။ အများစုသည် ဆောင်းရာသီ၌ မိုးရာသီမှရရှိသော မြေတွင်းအစိုဓာတ်နှင့် နေရောင်ခြည် ရရှိမှုကောင်းသဖြင့် ဆောင်းစိုက်ပျိုးမှုများကြပါသည်။

ဆောင်းရာသီ၊ နွေရာသီကာလ (နိုဝင်ဘာလမှ ဧပြီလအတွင်း)စိုက်သင့်သော ဟင်းသီးဟင်းရွက်များ

✅ရွက်စားပင်များ - ကန်ဇွန်း၊ ချဉ်ပေါင်၊ ဟင်းနုနွယ်၊ ဆလပ်၊ မုန်ညှင်း၊ မုန်လာ၊ ဆူးပန်း၊ ကင်ပွန်းချဉ်၊ ဆူးပုပ်၊ ပေါက်ပန်းဖြူ၊ ပေါက်ပန်းနီ

✅အသီးစားပင်များ - ခရမ်းချဉ်၊ ခရမ်း၊ ရုံးပတီ၊ သခွား၊ ပြောင်း၊ တိုင်လွတ်ပဲ၊ တိုင်ထောင်ပဲ၊ ပဲလင်းမြွေ၊ ဘူး၊ ဖရုံ (ရွှေဖရုံ၊ ကျောက်ဖရုံ)

✅ဥစားပင်များ - မုန်လာဥ၊ ခါချက်ဥ၊ ကန်ဇွန်းဥ

✅အပွင့်စားပင်များ - ပန်းဂေါ်ဖီ၊ အပွင့်စားကိုက်လန်

မိုးရာသီ (မေလမှ အောက်တိုဘာလထိ) စိုက်ပျိုးနိုင်သော သီးနှံများ

✅ရွက်စားပင်များ - ကန်စွန်း၊ ချဉ်ပေါင်၊ ဟင်းနုနွယ်

✅အသီးစားပင်များ - ခရမ်း၊ရူံပတီ၊ ငရုတ်၊ ဘူး မိုးရာသီစိုက်ပျိုးသဖြင့် စိုက်ဘောင်ကို မြန့်မြန့်ပြုလုပ်ရမည်။ ကုန်းကျသော နေရာတွင် စိုက်ရမည်။

(က) မြေ

👉စိုက်ပျိုးသင့်သောမြေ - နုန်းမြေ ၊နုန်းသဲမြေ

👉နုန်းမြေ -မြေဆီဩဇာကောင်းသည် မြေအစိုဓာတ်ထိန်းနိုင်သည်။

👉သဲမြေ - မြေဆီဩဇာပါဝင်မှုနည်းသည် အစိုဓာတ်နှင့် ရေထိန်းထားနိုင်မှု မကောင်း

👉မြေစေး - ရေထိန်းအား ကောင်းပြီး မိုးရွာအစို၊ နေပူအခြောက် ပတ်ကြားကွဲ၊စေးကပ်သည်။

👉နုန်းမြေစေး -ရေထိန်းအားကောင်း၍ ရေမထုတ်နိုင် ပါက ရေဝပ်ဒဏ်ခံရသည်။ အပင်ငယ်များနှင့် ဥစားပင်များ မစိုက်သင့်။

👉နုန်းသဲမြေ -သဲမြေထက်၊ အစိုဓာတ်ပိုမို ထိန်းနိုင်သည်

👉မြေချဉ်မြေငန် -များသောအားဖြင့် ချဉ်လွန်း၊ ငန်လွန်း ပါက ဖြစ်ထွန်းမှုနည်းသည် အကောင်းဆုံး မြေချဉ် မြေငန်မှုမှာ သမသော မြေဖြစ်သည်။ ထည့်လိုက်သော မြေဩဇာကို အပင်ကစားဖို့ရယူနိုင်သည့်မြေမှာ မချဉ်မငန် (pH) ၆ ဒသမ ၅ ရှိသော မြေဖြစ်သည်။ မိုးများသောဒေသ ၊ရေစိမ့်ဝင်မှုကောင်းသောမြေမှာ မြေနီရောင်ဖြစ်၍ သံဓာတ်များသည် မိုးများဒေသ၊ ရေဝပ်ပါက မြေမှာ မွဲပြာရောင်ရှိသည်။ မြေညို၊ မြေနက်တို့မှာ သစ်ဆွေးဓာတ်များသည်။

(ခ)
✅မျိုးကောင်မျိုးသန့် ရွေးချယ်စိုက်ပျိုးရပါမည်။

-သန့်ရှင်းရမည်
-ပိုးမွှား ရောဂါ ကင်းစင်ရမည်။
-အပင်ပေါက်ကောင်းရမည်။
-မျိုးစေ့တွင် ပိုးကိုက်ဒဏ်ရာ ဖျက်ဆီးမှု မရှိစေရ။

-စီးပွားဖြစ် စိုက်ခင်း၊ တစ်နိုင်တစ်ပိုင် စိုက်ခင်းများမှ ကောင်းနိုးရာရာ၊ အပင်များရှိ သီးတောင့်များမှ မျိုးအဖြစ် မျိုးစေ့ယူ ပြန်လည်စိုက်ပျိုးကြသည်မှာ မှန်ကန်သောမျိုးယူရသည့် နည်းလမ်းမဟုတ်ပါ။

-မျိုးစေ့အဖြစ် သီးသန့်ထုတ်လုပ်သော မျိုးစေ့ထုတ် စိုက်ခင်းမှ ရရှိသည့် မျိုးစေ့၊ လေလုံထုပ်ပိုးထားသည့် မျိုးစေ့ကိုသာ ရွေးချယ်စိုက်ပျိုးခြင်းသည် မှန်ကန်ပါသည်။

(ဂ)✅ ရာသီဥတု
ဟင်းသီးဟင်းရွက် အပင်ဖြစ်ထွန်းမှု ၊ပိုးမွှားနှင့် ရောဂါကျရောက်မှု၊ အရည်အသွေးနှင့် အထွက်ကောင်းမှုတို့သည်၊ ရာသီဥတုပေါ်တွင် များစွာမူတည်ပါသည်။ တစ်နည်းအားဖြင့် အပူရှိန် ၊စိုစွတ်မှုတို့အပေါ်မူတည်ပါသည်။ ဟင်းသီးဟင်းရွက်အပင်အချို့သည် အေးသော ရာသီကြိုက်သည်။ အချို့သည် ပူသောရာသီ ကြိုက်သည်။ အပူချိန်မြင့်လွန်းလျှင် အစေ့မှ အပင်ပေါက်ညံသည်။ ကြီးထွားမှုနှေးသည်။ အချိန်အခါမဟုတ်ဘဲ စော၍ ပန်းပွင့်သည်။(ဆလပ်ပင်)။အသီး သီးမှုနည်းသည် (ဘိုစားပဲပင်)။ အပွင့်များကြွေသည် (ငရုပ်ပင်)။ အထုပ်ထုပ်မှု ၊ကျစ်လစ်မှု ညံသည် (ဂေါ်ဖီ၊ မုန်ညှင်း)။ အမြစ်ကြီးမှု ညံသည် (ခါးပု ၊မုန်လာဥ)။ အရည်အသွေးညံသည် (ရွှေဖရုံ၊ ကန်စွန်း)။ ဥစား၊ အမြစ်စား ဟင်းသီးဟင်ူရွက်အပင်များတွင် သကြားဓာတ်ပါဝင်မှု နည်းလာပြီး၊ အသီး ဥများ၌ ကာဗွန်ဟိုက်ဒရိတ်၊ စတာ့ခ်ျ ပါဝင်မှု နည်းသွားသည်။ညပိုင်း အပူချိန်မြင့်မားမှုသည် အသီးသီးမှု ၊အသီးတင်မှု နည်းသွားသည်။ အပူချိန်နည်း၍ အေးလွန်းလျှင် ပန်းခိုင်၊ ပန်းပွင့် ပိုများလာသည်။(ဂေါ်ဖီ၊ တရုတ်နံနံ၊ကြက်သွန်၊ မုန်ညင်း၊ မုန်လာ)

Credit # ကိုရဲ (စိုက်ပျိုးရေး)
ဟင်းသီးဟင်းရွက်အရသာ စိုက်၍စားပါစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

22/02/2024

ဆလပ်ရွက် စိုက်ပျိုးနည်း

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

YanGon
Yangon