LIBRA

LIBRA

Share

moremo Official Distributor for Myanmar ďż˝
Beauty Extension-Permanent Beauty

27/06/2025

Beauty Extension-Permanent Beauty

27/05/2025

Beauty Extension-Permanent Beauty 💕

23/05/2025

LIBRA မှ COSRX Skincare Products တွေကို July 2024 ကတည်းမှစပြီး ပစ္စည်းသွင်းခြင်းရောင်းချချင်းများရပ်နားလိုက်ပါပြီရှင် ၊ LIBRA က Cosrx skincare တွေမရောင်းချတော့ပါရှင် တစ်နှစ်ပြည့်ခါနီးထိ လာရောက် မေးမြန်းဝယ်ယူကြတဲ့ customers များကို ကျေးဇူးတင်ပါတယ်ရှင် 💕

01/03/2025

Beauty Extension ရဲ့ Korea nano baby lip လေး 💕👄

Beauty Extension မှာ Lip blushing လုပ်ခဲ့တာရဲ့ fully healed result ကိုသိချင်နေကြမှာသိလို့လာပြန်ပြတာ။ ဒါက clear lip balm only ပါ။ အရောင်လုံးဝမပါတဲ့ natural lip colour ပါ။

Fully healed လို့ပြောရတာက colour ထွက်တာလုံးဝပြီးသွားပြီပေါ့နော်။ ဒါကိုထပ်ထင်းချင်ရင် retouch ပြန်လုပ်ရမယ်။ ဖူးပွင့်တော့ထပ်တင်ဖို့စဉ်းစားနေတာ အချိန်ပေးဖို့မအားသေးလို့။

Busy ladies တွေအတွက် highly recommended ပါ။ Healing လုပ်တုန်း နှုတ်ခမ်းအရောင်မငြိမ်ခင်မှာ စိတ်က ငါမှားပြီလားဆိုပြီး သို့လော သို့လောတွေဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် trust the process ပါ။ သေချာသာ care ပေးနေရင် healing ပြီးရင်အရမ်းလှလာပါလိမ့်မယ်။

ဒါလုပ်ပြီးတော့ ဒီလို semi-permanent makeup ကိုတော်တော်သဘောကျနေပြီ။ မျက်နှာပြောင်လေးလည်း သပ်သပ်ရပ်ရပ်ဖြစ်နေသလိုခံစားရလို့။ ဒါပြီးရင် မျက်တောင်ဆက်တွေ eye brow တွေပါလုပ်ရင်ကောင်းမလားလို့။

ဒါလေးပဲလာပြောတာ။ Process ကိုအရှေ့မှာရေးထားတာမို့ ဘယ်လိုလုပ်တာလဲသိချင်ရင် ပြန်ရှာကြည့်ကြည့်နော်။

Love,
Rosie

Disclaimer - was a collab with Beauty Extension. 100% my honest result and review.

30/12/2024

Korea nano baby lip 👄 တစ်လကြာ result လေးပါရှင် .. ဖူးပွင့်နှုတ်ခမ်းလေးက အညို အမဲမရှိလို့ တစ်ကြိမ်ထိုးရုံနဲ့ ရတဲ့ result လေးပါ 💕💖

Beauty Extension-Permanent Beauty မှာ Lip blushing/ lip embroidery လုပ်အပြီး ပထမတစ်လအကြာ healing 1st phase အပြီးမှာရှိနေတဲ့ result ပါ။ ဒါကအရောင်မပါတဲ့ lip balm အကြည်ရောင်ကိုပဲစိုစိုလေးဖြစ်အောင်ဆိုးထားတာ။ တခြား colour လုံးဝမပါတဲ့ full natural result ပါ။

အခု result ကိုအပေါ်ကနေပြီးတော့ ပန်းရောင် tint (or) အနီရောင် tint ပါတဲ့ lip balm ကိုဆိုးရင်ပိုပြီးတော့လှတယ်။ အခုက 2nd phase healing မပြီးသေးလို့ ဒါကလုံးဝ final result တော့မဟုတ်သေးဘူး။ 2nd phase healing ပြီးသွားရင်တော့ လုံးဝ complete ဖြစ်ပြီ။ ဒီအရောင်ကိုမြင်ရတော့ final အရောင်ကိုမှန်းကြည့်လို့တော့ရပြီ။

MLBB လိုမျိုးနှုတ်ခမ်းအရောင်မျိုးကိုကြိုက်လို့ ဒီအရောင်ကိုမရရအောင် technician နဲ့ဆွေးနွေးပြီးတော့လုပ်ထားတာ (သူက ပိုလှအောင်အနီရောင်လေးလုပ်ပေးချင်တာ)​ဖူးပွင့်ကတော့ ဒီအရောင်ကိုဘာလို့လုပ်ချင်လဲဆိုတဲ့အကြောင်းရင်းကတော့

MLBB လိုအရောင်မျိုးတွေကြိုက်တာကြောင့် မိတ်ကပ်မလိမ်းလည်း အခုလိုမျိုး အပေါ်ကနေပြီးတော့ lip balm လေးဆိုး၊ cushion လေးလိမ်း၊ ပါးနီလေးအုပ်၊ liner လေးဆွဲပြီးထွက်ပြီး လူကသပ်သပ်ယပ်ယပ်လေးနဲ့ polish လေးဖြစ်သလိုခံစားရတယ်။​

Lip blushing လုပ်ပြီးလည်း နှုတ်ခမ်းနီတွေအနောက်ကလိုက်ပြီးတော့ဆိုးရင် အရောင်သွားရောတာမျိုးမဖြစ်အောင် ကိုယ့်နှုတ်ခမ်းအရောင်နဲ့ အနီးစပ်ဆုံးတူပြီးတော့ တခြားအရောင်မှာသွားမနှောင့်ယှက်မှာမျိုး။

Lip blushing ကိုဖူးပွင့်ကတော့ ဘယ်အချိန်ပဲကြည့်ကြည့် သဘာဝဆန်ဆန်လှလှလေးဖြစ်ချင်တဲ့သူတွေအတွက် recommend လုပ်တယ်။ ဒါလုပ်ပြီးရင် Lip balm လေးဆိုးထားလိုက်တာနဲ့ အပြင်သွားဖို့ ready ဖြစ်နေတာဆိုတော့ being high maintenance to be low maintenance လိုမျိုး beauty procedure တစ်ခုပေါ့နော်။

ဖူးပွင့်ကတော့ Beauty Extensions မှာ Technician က Phue နဲ့လုပ်ပါတယ်။ သူကစိတ်လည်းရှည်တယ်။ အရောင်ကိုသေချာစပ်ပေးတယ်။

အောက်က commend section မှာ တခြား details တွေထပ်ရေးထားပါတယ်။ 2nd month ပြီးရင် update နဲ့တစ်ခေါက်ပြန်လာခဲ့မယ်။

Love,
Rosie

Disclaimer - This post is a collaborated effort between The Rosie Edit and Beauty Extensions.

16/12/2024

Korea Nano baby lip အကြောင်းအသေးစိတ်သိချင်သူလေးတွေ မလုပ်ခင်ဘာလေးတွေသိသင့်လဲဆိုတာ ဖူးပွင့်က အသေးစိတ်လေးရှင်းပြထားလို့ ဖတ်ကြည့်ပါဦးရှင် 💕👄

[EDITORIAL] KOREAN LIP BLUSHING, LIP EMBROIDERY, NANO BABY LIPS 💋

Korean lip blushing လုပ်ဖို့စဥ်းစားနေပေမယ့်လည်း international မှာရော local ထဲမှာပါ ကိုယ်စိတ်ကျေနပ်တဲ့ information အပြည့်အစုံပါတဲ့ source တွေကိုရှာမတွေ့တာကြောင့် ဒါလေးကိုရေးဖြစ်ပါတယ်။ 💋

Product, Technique နဲ့ပတ်သက်တဲ့အချက်အလက်တွေကို ကိုရီးယားဆရာမဆီမှာ training ယူခဲ့တဲ့ Beauty Extension-Permanent Beauty က technician ကိုမေးခဲ့ပြီးတော့ ကျန်တဲ့အချက်အလက်တွေကိုတော့ lip blushing technician တွေရဲ့ forum တွေနဲ့ internet ပေါ်မှာ ကိုယ့်ဘာသာရှာဖွေထားတာပါ။

Hope you enjoy!

👄 What is Korean Lip Blushing?
တော်တော်များများကလေ Korean lip blushing ကို lip tattoo နဲ့တူတယ်လို့ထင်ကြတယ်။ ကိုယ်တိုင်လည်းအပါအဝင်ပဲ။ ဒါပေမယ့် Korean lip blushing က အခုနောက်ပိုင်းမှာထွက်လာတဲ့နည်းပညာအသစ်။ Lip tattoo ကတော့ tattoo ထိုးသလိုမျိုးအသားအရေထဲကိုမှင်တွေစွဲအောင်လုပ်တဲ့နည်းဖြစ်ပြီးတော့ Korean lip blushing ကတော့ အသားအ‌ရေကသဘာဝအတိုင်းဖြစ်နေသလိုကြည်နေတဲ့အရောင် (colour transparency) ကိုပေးတဲ့ နည်းပညာအသစ်ပါ။


👄How long does Korean Lip Blush Last?
Korean lip blush တွေက tattoo ထိုးသလိုမျိုးအချိန်အကြာကြီးခံတာမျိုးမဟုတ်ဘူး။ သူက semi-permanent makeup အမျိုးအစားထဲကိုဝင်တာဖြစ်တဲ့အတွက်ကြောင့် full process တစ်ခါပြီးရင် ကိုယ့်ဘက်ကအသားအရေအပေါ်ဘယ်လောက်ထိန်းသိမ်းနိုင်လဲဆိုတာအပေါ်မူတည်ပြီးတော့ အနည်းဆုံး ၁ နှစ်ကနေ အများဆုံး ၃ နှစ်အထိခံပါတယ်။ ကိုယ်သွားတဲ့ technician သုံးတဲ့ဆေးအပေါ်လည်းမူတည်ပါသေးတယ်။ ဒါကိုနောက်ကအပိုင်းတွေမှာဆက်ပြီးရှင်းပြထားတယ်နော်။

👄Who should get Korean Lip Blush?
Korean lip blush အဓိကထွက်လာတဲ့ရည်ရွယ်ချက်ကတော့ နှုတ်ခမ်းသားမဲတဲ့သူ၊ အရောင်မညီတဲ့သူတွေကို သဘာဝနှုတ်ခမ်းအတိုင်းလေးဖြစ်အောင် အရောင်ညှိပေးဖို့အတွက် နည်းပညာကနေပြီးတော့ နောက်ပိုင်းမှာအလှအပရေးရာဘက်အထိရောက်လာပြီးတော့ နှုတ်ခမ်းကိုသဘာဝအတိုင်း lip tint ဆိုးထားသလိုမျိုးအရောင်သွင်းလို့ရတဲ့အထိဖြစ်လာတယ်လို့ပဲပြောရမယ်။



Korean Lip Blush လုပ်မယ်ဆိုရင်ဘယ်အချက်အလက်တွေကို ဂရုစိုက်ရမလဲ?
💋 Technician ရဲ့အတွေ့အကြုံနဲ့ ရယူခဲ့တဲ့ training။ ဒီအချက်အလက်တွေက ကိုယ့်မျက်နှာအသားအရေနဲ့လိုက်မယ့်အရောင်နဲ့ ကိုယ့်နှုတ်ခမ်းကိုပိုလှအောင်ဘယ်လိုလုပ်ပေးရမလဲဆိုတာမှာ ‘တာ’ သွားပါတယ်။

💋 သုံးတဲ့ဆေး။ Organic and Vegan ဖြစ်တဲ့ဆေးတွေကိုသုံးထားရင် နှုတ်ခမ်းသားအရောင်ထွက်တာပိုကောင်းတယ် သဘာဝပိုဆန်တယ်လို့ technician forum တွေကပြောထားကြတယ်။ Inorganic ဆေးတွေကတော့အခန့်မသိရင်အရောင်မညီတာမျိုး၊ အရောင်ပုံတာမျိုးဖြစ်တတ်တယ်လို့လည်းပြောကြတယ်။

💋 Lip blushing လုပ်ပေးတဲ့နည်းပညာကလည်းအ‌ရေးကြီးသလို lip blushing လုပ်ပြီး after care လုပ်တာကလည်းအရေးကြီးပါတယ်။

Korean Lip Blush လုပ်မယ်ဆိုရင် ဘာတွေကြိုပြီးပြင်ဆင်သွားရမလဲ?
ဖူးပွင့်ကိုယ်တိုင်ပြင်ဆင်ထားခဲ့တာကတော့အောက်ကအတိုင်းပါ။

👄 ကိုယ်လိုချင်တဲ့အရောင်ကိုကြိုပြီးတော့ရှာထားပါတယ်။ ဖူးပွင့်က အသားဖြူတဲ့အပြင်သွေးအားပါနည်းတတ်တဲ့သူမို့လို့ တခါတလေမှာနှုတ်ခမ်းသားတအားဖြူလာတတ်လို့ my lips but better လို့ခေါ်တဲ့ အနီမကျ၊ ပန်းရောင်မကျတဲ့ n**e ဘက်သွားတဲ့ သဘာဝနှုတ်ခမ်းအရောင်ကိုသဘောကျလို့ အဲ့အရောင်ကိုလုပ်မယ်လို့စဥ်းစားထားတယ်။ အဲ့လိုလုပ်လိုက်မယ်ဆိုရင် lip balm ဆိုးလိုက်တာနဲ့ သဘာဝအတိုင်းလှလာမယ်လို့ထင်လို့ရယ်၊ အဲ့ဒီအရောင်ဆိုရင် နှုတ်ခမ်းနီဆိုးလည်း အရောင်ကနှုတ်ခမ်းနီအရောင်အတိုင်းထွက်မယ်လို့ထင်လို့ရယ်။

👄 ကြိုပြီးရှာတဲ့နေရာမှာ ကိုရီးယားက technician/ artist တွေလုပ်ထားတဲ့ပုံတွေကိုစုထားတယ်။ သူတို့ကအဲ့လိုအရောင်လေးတွေကိုလုပ်ထားတာတအားလှတော့ ဆိုင်ကိုပုံပြပြီးမေးလိုက်တာ သူတို့က ဖူးပွင့်နှုတ်ခမ်းကပင်ကိုမဲတာသိပ်မရှိတော့လုပ်လို့ရတယ်လို့ပြောလို့ အဲ့ဒီအရောင်တွေကိုပဲ စတိုင်အမျိုးမျိုးလိုက်ရှာပြီးတော့စုတယ်။

👄ဆိုင်ကနေပြီးတော့ ကြိုပြောပြထားတာက စစချင်းလုပ်ပြီးချက်ချင်းမြင်ရတာက နောက်ဆုံးရလဒ်မဟုတ်တာကြောင့် စိတ်ရှည်ရှည်ထားဖို့ပြောထားတာကိုရှာကြည့်တော့ Korean lip blush technician တွေပြောပြတာက ‘colour blooming period’ လို့ခေါ်တဲ့ အရောင်တွေတက်လာမယ့်အချိန်ရှိတယ်။ အဲ့ဒီအရောင်တက်လာမယ့်အချိန်က နှုတ်ခမ်းကို lip blushing လုပ်ပြီး ၁ ပတ်အကြာမှာ နှုတ်ခမ်းသားအရောင်ကျက်ပြီးနောက်ပိုင်း ၁ လအတွင်းမှာအရောင်တွေတက်လာမှာမို့လို့ အဲ့ဒီအရောင်တွေကိုကြည့်ပြီးမှပဲ နောက်ထပ်ဘာလုပ်မလဲဆိုတာကိုဆက်စဥ်းစားသင့်တယ်လို့ပြောကြတယ်။ ဒါကြောင့်မို့လို့ စိတ်ရှည်ရှည်နဲ့စောင့်ရမယ်ဆိုလို့ စိတ်ကိုကြိုတင်ပြင်ဆင်ထားတယ်။

ဒါလေးပါပဲ။ ဒါလေးကိုစိတ်ဝင်စားကြလို့ like တွေများရင် review ကိုမြန်မြန်တင်မယ်လေနော်။​ 😝

Love,
Rosie

20/11/2024

Beauty Extension-Permanent Beauty

12/11/2024

moremo

Selected items sale

30% off

Moremo hair care ထဲက selected items လေးတွေကို 30% off discount ချပေးထားပါတယ်နော် .. stock ရှိသလောက်ပဲရမှာမို့ အရမ်းတန်တုန်းမြန်မြန်လေး order တင်ထားနော် 💕

Date တွေက 2025 (6,7,8,11) လပိုင်းတွေပါရှင်

Moremo Recovery Balm B120 ml
Moremo Recovery Balm B20 ml
Moremo Hair Essence Delightful oil150 ml
Moremo Water Treatment Miracle 10-30 ml
Moremo Water Treatment Miracle 10-200 ml
Moremo Water Treatment Miracle 10-480 ml

မှာယူလိုပါက 📱 - 09 955 744 889 , 09 897 239 563

Facebook messenger မှလဲဆက်သွယ်မှာယူနိုင်ပါပြီရှင်

07/11/2024

Beauty Extension-Permanent Beauty မှာ services လာလုပ်တဲ့ customers လေးများရှင့် Public status နဲ့ Check-in ဝင်တဲ့ customers တိုင်းအတွက် LUCKY DRAW လေးတွေ စီစဉ်ပေးထားပါတယ်ရှင် 🎁

Lucky draw မှာ 🍀

💫ငွေသား coupon တွေအပြင် ..
💫Eyelash Service
💫Nano BB glow
💫Eyebrow Service
💫Nano baby lip service

တွေအပြင် hair care travel size တွေပါ lucky draw ထဲထည့်ပေးထားပါတယ်နော် 💫💫

Beauty extension လာတဲ့ အလှလေးတွေ cashier မှာ check-in post လေးပြပြီး Lucky draw လေးရယူလိုက်ပါနော် 💕

Photos from The Rosie Edit's post 05/11/2024

👄 Giveaway 👄

Beauty Extension-Permanent Beauty

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Hleden Street , Lanmadaw Township
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00