MHKZ
ကျန်းမာ ချမ်းသာကြပါစေ🙏🙏🙏
31/03/2024
ပါတိတ် ဝမ်းဆက် 14000 ကျပ်
31/03/2024
26/03/2024
ပါထိုင်းထဘီ
26/03/2024
ဝါးချည် ဝမ်းဆက်
26/03/2024
ဝမ်းဆက် ၁စုံ ၁၀၀၀၀ ကျပ်
# Naypyitaw
25/03/2024
နားချိတ်
လက်ကျန် လျှော့စျေး
01/03/2024
bkk shirt
#မနက် ၁နာရီ
🌿⏰⏰⏰🌿
နတ်သကြားများ၊ ထွက်ရက်ပေါက်ပုဂ္ဂိုလ်တွေနဲ့ ဝိဇ္ဇာကြီးတွေ ကြွရောက်တရားနာ လာတဲ့အချိန်။
#မနက် ၂နာရီ
🌿⏰⏰⏰🌿
ပဋ္ဌာန်းဆက်ရှိကုန်ကြသော ပုဂ္ဂိုလ်အပေါင်းတို့ ကြွရောက်တရားနာ လာတဲ့အချိန်။
#မနက် ၃နာရီ
🌿⏰⏰⏰🌿
ကျွတ်ချင်လွတ်ချင်သော မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်အပေါင်းတို့ ကြွရောက်တရားနာ လာတဲ့အချိန်။
#မနက် ၄နာရီ
🌿⏰⏰⏰🌿
နတ်ကောင်း၊ နတ်မြတ်တို့ စောင့်ရှောက်ချိန်။
#မနက် ၅နာရီ
🌿⏰⏰⏰🌿
တာဝတ္တိံသကြားမင်းရှိရာ နတ်ပြည်တွင် ကိုယ်စောင့်နတ်အပါအဝင် နတ်သကြားတို့၏ နတ်သဘင်အစည်းအဝေး စတင်ချိန်။
#မနက် ၆နာရီ
🌿⏰⏰⏰🌿
ကိုယ်စောင့်နတ် အပါအဝင် နတ်သကြားတို့တွေ့ဆုံပြီး လူတို့၏ ကောင်းမှု မကောင်းမှုများအား မှတ်တမ်းပြုချိန်။
#မနက် ၇နာရီ
🌿⏰⏰⏰🌿
နတ်တို့ မေတ္တာပို့သပြီးစီး၍ နတ်သဘင် အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးချိန်။
* #နတ်မင်းကြီးတို့အား
မေတ္တာပို့ မေတ္တာခံယူလျှင် လာဘ်ရွှင်၍ အန္တရာယ်ကင်းစေသည်။
Credit : Owner. ✍🏻
25/10/2022
🙏🙏🙏
" ခင်ပွန်းကြီး (၁၀) ပါး ကန်တော့နည်း "
ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်
(၁) ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့အပေါ်၌လည်းကောင်း
(၂) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌လည်းကောင်း
(၃) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊
မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးတို့ အပေါ်၌ လည်းကောင်း
(၄) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်ကြီးတို့ အပေါ်၌လည်းကောင်း
(၅) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့အပေါ်၌လည်းကောင်း
(၆) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့အပေါ်၌လည်းကောင်း
(၇) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန်
ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌လည်းကောင်း
(၈) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊
သမာဓိဂုဏ်၊ ပညာဂုဏ္တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊အရိယာပုဂ္ဂိုလ် ၊မိမိထက် သိက္ခာအရွယ်ကြီးမားသူတို့၏ အပေါ်၌ လည်းကောင်း
(၉) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌လည်းကောင်း
(၁၀) ထမင်းတစ်လုပ်၊ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့၏အပေါ်၌လည်းကောင်း
ကာယကံ၊ ဝစီကံ၊ မေနာကံ သုံးပါးသော ကံတို့ဖြင့်
ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက္စုံမိုး၍ ရွိခိုးပါ၏ ဘုရား။
ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသော
ကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါအန္တရာယ် အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာ သိမြင်၍ နိဗ္ဗာန်သို့ ဝင်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။
အလုံးစုံသောလောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း တောင့်တတိုင်း လွယ်ကူလျင်မြန်စွာ ပြည့်စုံ၍၊ နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသားအရှင်ဘုရား။
Credit - ( လိုရာပြည့်၀ မဟာသမယ သုတ်တော်)
#ခင်ပွန်းကြီး၁၀ပါး
" မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးပွားများရာတွင်
အကျိုးတရားများရနိုင်ပုံ "
(၁) အရဟံ ဂုဏ်တော်
ဘေးအန္တရာယ်တွေနဲ့ တွေ့ကြုံရ
တော့မယ့်အခါ တွေ့ကြုံနေရဆဲအခါတို့မှာ
"အရဟံ" ကိလေသာရန်သူကို ပယ်သတ်
တော်မူပါသော မြတ်စွာဘုရားလို့ ပွားရပါမယ်။
(၂) သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်
ခက်ခဲနက်နဲတဲ့ ပြဿနာ အလွန်ခက်ခဲ
နက်နဲတဲ့မေးခွန်း စာမေးပွဲတို့ကို ဖြေဆို
ရတော့မယ် ဆိုရင်တော့…
"သမ္မာသမ္ဗုဒ္ဓေါ" အလုံးစုံသော တရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူ ပါသော မြတ်စွာဘုရားလို့ ပွားများရပါမယ်။
(၃) ဝိဇ္ဇာစရဏသမ္ပန္နော ဂုဏ်တော်
ဝိပဿနာ တရားအားထုတ်တဲ့အခါ
တရားတွေ အတက်နှေးနေလျှင်
ပွားများရပါမယ်။
"ဝိဇ္ဇာစရဏသမ္ပန္နော" ဝိဇ္ဇာသုံးပါး
ဝိဇ္ဇာရှစ်ပါး စရဏ တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားလို့
ပွားများလိုက်လျှင်…
သီလသိက္ခာ သမာဓိသိက္ခာ ပညာသိက္ခာ တွေဟာ အနှောက်အယှက်မရှိပဲ ပြည့်စုံ လာတတ်ပါတယ်။
(၄) သုဂတော ဂုဏ်တော်
အရေးကြီးတဲ့ စကားတွေ
ပြောရတော့မယ့် အချိန်မှာ
"သုဂတော"ဂုဏ်တော်
ပွားများပြီး ပြောလိုက်ရင်
ကိုယ်ပြောလိုက်တဲ့စကားတွေကို
သူများတွေ မြန်မြန်အတည်ပြု
လက်ခံသွားနိုင်ပါတယ်။
"သုဂတော" ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား
ခရီးသွားတဲ့အခါ ဘေးအန္တရာယ်ကင်းစွာ ချောမောအဆင်ပြေစွာ ရောက်ချင်ရင်လဲ "သုဂတော" ဂုဏ်တော်ပဲ ပွားရပါမယ်။
"သုဂတော" ကောင်းသောနိဗ္ဗာန်သို့ ကြွသွားတော်မူပါသော မြတ်စွာဘုရား။
(၅) လောကဝိဒူ ဂုဏ်တော်
ခက်ခဲနက်နဲတဲ့ လောက
အကြောင်းတွေကို သိချင်တယ်။
သယံဇာတပစ္စည်းတွေကို
ဖော်ထုတ်ချင်တယ်။
ပစ္စည်းပျောက် လူပျောက်
ပြန်တွေ့ချင်တယ် ဆိုလို့ရှိရင်
"လောကဝိဒူ" သတ္တလောက သင်္ခါရလောက ဩကာသလောကတည်း ဟူသော လောက သုံးပါးကို အကုန်အစင် သိတော်မူသော မြတ်စွာဘုရားလို့ ပွားရပါမယ်။
(၆) အနုတ္တရောပုရိသဒမ္မသာရထိ
ဂုဏ်တော်
သားငယ် သမီးငယ်လေးတွေ
ဆိုးသွမ်းလာတဲ့အခါ
အခြားဆိုးသွမ်းတဲ့ လူငယ်လေးတွေကို
မိမိက ဆုံးမဩဝါဒ ပေးရတော့မယ့်အခါ
ယဉ်ကျေးအောင် ဆုံးမရမယ့်အခါမှာ
"အနုတ္တရောပုရိသ ဒမ္မသာရထိ"
လူယောက်ျား နတ်ယောက်ျား
တိရစ္ဆာန် ယောက်ျားတို့ကို
ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရားလို့ ပွားများပြီးမှ ဆုံးမရင် လိုက်နာပြီး ယဉ်ကျေးသွားတတ်ပါတယ်။
(၇) သတ္တာဒေဝမနုဿနံ ဂုဏ်တော်
မိမိက သင်တန်းဆရာအဖြစ် တပည့်
တွေကို မြန်မြန်တက်မြောက်စေလိုပါက
"သတ္တာဒေဝမနုဿနံ" နတ်လူတို့၏
ဆရာတဆူ ဖြစ်တော်မူပေသော မြတ်စွာ ဘုရားလို့ ပွားများပြီး သင်တန်းပို့ချရပါမယ်။
(၈) ဗုဒ္ဓေါ ဂုဏ်တော်
မိမိသင်ယူရတဲ့အတတ်ပညာတွေ
မြန်မြန် တတ်မြောက်သွားချင်ရင်
"ဗုဒ္ဓေါ" သစ္စာလေးပါးကို ကိုယ်တော်တိုင် သိတော်မူပါသော မြတ်စွာဘုရားလို့ ပွားရ
ပါတယ်။
(၉) ဘဂဝါဂုဏ်တော်
မိမိဆောင်ရွက်နေရတဲ့ ကိစ္စတွေ
လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ပြီးမြောက်သွားစေချင်ရင်
"ဘဂဝါ"ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံ
တော်မူပါသော မြတ်စွာဘုရားလို့ပွားရပါမယ်။
"သဒ္မမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး အရှင်ကုဏ္ဍလာဘိဝံသ"🙏🙏🙏
Credit
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon