Hnin Pwint Beauty page

Hnin Pwint Beauty page

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hnin Pwint Beauty page, Health/Beauty, Yangon.

Photos from Hnin Pwint Beauty page's post 30/07/2024

♥️Save 😘

20/06/2024

တင်ကိတ်ရင်ကိတ်ဂျယ်စစ်စစ်Usဆေး5နှစ်အာမခံချက်ချင်းကိတ်ပြန်ဖျော်လို့လည်းရ15သိန်းထဲနဲ့ကိတ်ခွင့်ရမဲ့အခွင့်ရေး5ဦးပဲရမယ်နော်ရန်ကုန်တွင်းသာ09761997093♥️

06/06/2024
အတူကြိုးစားကြမယ် အချစ်ရေ့🌸 21/05/2024

စိတ်ကူးခဲ့တာတော့အဲ့လိုပေါ့😂

အတူကြိုးစားကြမယ် အချစ်ရေ့🌸

12/04/2024

😔အင်းအမှန်တရားတွေ😔

“Toxic Family ကနေ ကြီးပြင်းလာတဲ့သူတွေဟာ Toxic Relationship မှာ ပိတ်မိနေတတ်တယ်”

🔳 လူတစ်ယောက်ရဲ့ ဘဝမှာ သူမွေးဖွားကြီးပြင်းတဲ့ မိသားစုဟာ သိပ်အရေးကြီးတယ်။ သူတို့ရဲ့ ဆက်ဆံပုံပေါ် မူတည်ပြီး မိမိကိုယ်မိမိ လေးစားမှု၊ တန်ဖိုးထားမှု စတာတွေ ဖြစ်တည်လာတာ ဖြစ်ပါတယ်။

ငှက်ကလေးတွေနဲ့ တင်စားပြီး ပြောရရင် ကျွန်တော်တို့ဟာ ကိုယ့်အိမ်မှာ အတောင်အလက် စုံအောင် အရင်ပြင်ဆင်ကြရတယ်။ ပြီးမှ လောကကြီးထဲကို ဆန့်ထွက်ပျံသန်းကြတယ်။ ကျင်လည်ကျက်စားကြတယ်။

အတောင်ညောင်းလာတဲ့အခါ အသိုက်အမြုံကို ပြန်လာတယ်။ တနေကုန် ပင်ပန်းခဲ့သမျှတွေကို ဖြေဖျောက်တယ်။ နောက်တစ်နေ့အတွက် အားပြန်ယူတယ်။ ဒါ ပုံမှန်အားဖြင့် ရှိရမဲ့ပုံစံ ဖြစ်ပါတယ်။

အဲဒီလိုဆို ပြင်ပမှာ ဘာအခက်အခဲတွေပဲ ကြုံရကြုံရ ရင်ဆိုင်နိုင်တယ်။ သတ္တိရှိတယ်။ ယုံကြည်မှု ခိုင်မာတယ်။

🔳 သို့သော်လည်း တချို့သော လူတွေမှာတော့ အဲဒီလို အခွင့်အရေး မရရှာဘူး။ ငယ်ငယ်ကတည်းက ‘စိတ်ပိုင်းဆိုင်ရာ အတောင်အလက်တွေ’ စုံခွင့် မရခဲ့ဘူး။ မိသားစု အသိုက်အမြုံ ပြိုကွဲသွားသူတွေ ရှိတယ်။ အဖေနဲ့ အမေရဲ့ အတ္တပြိုင်ဆိုင်မှုကြားထဲမှာ မြေစာပင် ဖြစ်ခဲ့ရတယ်။ မိဘရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို ရဖို့ သူ့ဘက်ကပဲ ကြိုးစားခဲ့ရတယ်။ အပြစ်တင် ကြိမ်းမောင်းတဲ့ စကားသံတွေအောက်မှာပဲ လူလားမြောက်ခဲ့ရတယ်။

ဒီလိုနဲ့ အသက်ကြီးလာတဲ့အခါ သူများတွေရဲ့ အသိအမှတ်ပြုမှုကိုပဲ တောင့်တနေမိတဲ့သူ ဖြစ်လာတယ်။ သူ့ဘက်ကပဲ အလျှော့ပေးတယ်။ သည်းခံတယ်။ တစ်ကိုယ်တည်း အထီးကျန်နေရမှာ ကြောက်တယ်။ စွန့်ပစ်ခံရမှာ စိုးရိမ်တယ်။ သူ့ကိုယ်သူ တန်ဖိုးမရှိဘူး၊ မထိုက်တန်ဘူးလို့ ထင်နေတယ်။

🔳 ဒီစရိုက်လက္ခဏာတွေဟာ ဘယ်လိုဆက်ဆံရေးမှာမဆို အနိုင်ယူခံရဖို့ သိပ်လွယ်သွားစေတယ်။ သူကိုယ်တိုင်လည်း Toxic Relationship မှန်း သိနေပါလျက်နဲ့၊ ပျော်မနေဘူး၊ ရှေ့လျှောက်လည်း ပျော်ရမှာ မဟုတ်ဘူး ဆိုတာ သဘောပေါက်နေပါလျက်နဲ့ ကြိတ်မှိတ်ပြီး ရှေ့ဆက်နေတဲ့သူတွေကို ကြည့်လိုက်ရင် ငယ်ဘဝမှာ ဒဏ်ရာတစုံတရာ ရှိခဲ့တာကို တွေ့ရတတ်ပါတယ်။

အဲဒါကို ပုံမှန်မိသားစုမှာ ကြီးပြင်းလာတဲ့သူက နားလည်ဖို့ရာ ခက်တယ်။ ဘာလို့ ရုန်းမထွက်နိုင်တာလဲ ဆိုပြီး အပြစ်တင်မိတတ်တယ်။ ဘဝအခြေအနေတွေ မတူရင် ခံနိုင်ရည်ချင်း၊ ရှုမြင်ပုံချင်းလည်း မတူကြတော့ပါဘူး။ ဒါကို သတိပြုမိဖို့ လိုတယ်။

ငယ်ဘ၀ အသိုက်အမြုံက အတောင်အလက်စုံအောင် တပ်မပေးလိုက်နိုင်ဘူး။ ဒါ့အပြင် တနေကုန် မောပန်းနွမ်းနယ်လာတဲ့အခါ ပြန်စရာ အသိုက်အမြုံရယ်လို့လည်း မရှိဘူး။ ဒီတော့ ကိုယ်ပိုင်အသိုက်အမြုံလေးတစ်ခုကို တောင့်တတယ်။ လိုချင်တယ်။ မက်မောတယ်။ ရနိုင်မလား ရနိုင်မလား ဆိုပြီး လိုက်ရှာတယ်။ ပြောင်းလဲလာမလား ပြောင်းလဲလာမလား ဆိုပြီး မျှော်လင့်တယ်။ သူက ငါ့အပေါ် ကောင်းတော့ ကောင်းပါတယ် ဆိုပြီး ဖြေတွေးတယ်။ ဒီလိုနဲ့ပဲ အဆိပ်အတောက် ဆက်ဆံရေးမှာ ပိတ်မိနေတော့တာပဲ။

🔳 ကျောင်းမှာ အနိုင်ကျင့်ခံရတယ်။ မိဘကို ပြန်မပြောရဲဘူး။ ပြောရင် အပြစ်တင်ခံရမှာ ကြောက်တယ်။ ဒါမှမဟုတ် ဘာမှ အရေးမကြီးသလို သဘောထားပစ်လိုက်မှာကို ကြိုသိနေတယ်။ ဒီလိုနဲ့ပဲ ပြင်ပရန်ကို ငုံ့ခံရသူ ဖြစ်လာတယ်။

နောက်ပိုင်း ဆယ်ကျော်သက်အရွယ် ရောက်လာတဲ့အခါ ယောက်ျားကလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာတွေ ရှိလာနိုင်တယ်။ အိမ်ကို ပြန်မပြောရဲဘူး။ မတိုင်ပင်ရဲဘူး။

အကြမ်းဖက်ခံရတာမျိုး မဟုတ်တောင် သမီးရည်းစားနဲ့ ချစ်နယ်ကျွံသွားပြီး ကိုယ်ဝန်ရသွားတာတွေ ရှိတယ်။ အမေတို့သိရင် သတ်မှာ၊ အဖေသိရင်တော့ မလွယ်ဘူး ဆိုပြီး မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းကြရတယ်။ ပိုဆိုးတဲ့ ပြဿနာတွေ ထပ်ကြုံလာတယ်။ တစ်ပူပေါ် နှစ်ပူဆင့်တယ်။ နောက်ဆုံး အသက်အန္တရာယ်ထိပါ ပြဿနာ ပေးသွားနိုင်ပါတယ်။

“အမှားလုပ်မိပြီဆို အပြစ်တင်မှာစိုးလို့ အိမ်မပြန်ရဲဘူး၊ ပြန်တဲ့လမ်းမှာ တစ်ခုခုသာ ဖြစ်လိုက်ပါတော့ ဆိုပြီး​တောင် ဆုတောင်းခဲ့ဖူးတယ်” လို့ ဟို​နေ့က ဆွေးနွေးပွဲမှာ ပါဝင်သူတစ်ဦးက ရင်ဖွင့်သွားတယ်။ အနည်းနဲ့ အများသာ ကွာမယ်၊ တခြားသူတွေမှာလည်း ဒီခံစားချက်တွေ ရှိခဲ့ကြဖူးတာကို တွေ့ရတယ်။

🔳 တကယ်က ကိုယ့်ဘဝမှာ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် အရင်ဆုံး ပြောပြချင်တဲ့သူ၊ ဖွင့်ဟတိုင်ပင်ချင်တဲ့သူဟာ ကိုယ့်မိသားစု ဖြစ်ရမယ်။ ချစ်တာကတော့ ဘယ်မိဘနဲ့ သားသမီးမဆို ချစ်ကြတာပဲ။ သွေးသားရင်းချာတွေကိုး။ သို့သော် ကိုယ့်မိသားစုဟာ Emotionally supportive ဖြစ်မဖြစ်ကို သိချင်သလား၊ အဲဒီပေတံနဲ့သာ တိုင်းလိုက်။ အလွယ်တကူ သိနိုင်လိမ့်မယ်။

ကောင်းတာကြုံလည်း ပြောတော့ပြောပြဖြစ်တယ်၊ ထိပ်ဆုံးက သတိရမိတာမျိုး မဟုတ်ဘူး။ ဘာလို့ဆိုတော့ ပြောလည်း အတူပျော်ပေးကြမှာ၊ အရေးတယူ လုပ်ကြမှာ မဟုတ်တာ သိနေလို့။

ဆိုးတာကြုံရင်တော့ ပြောပြဖို့ ဝေးလို့၊ မသိအောင်တောင် မနည်းဖုံးဖိနေရတယ်။ ဒီလိုဆို ကိုယ့်မိသားစုဟာ လူချင်း အတူရှိချင်ရှိနေကြမယ်။ ငွေကြေးပြည့်စုံရင် ပြည့်စုံမယ်။ လိုလေသေးမရှိ ထားချင်ထားနိုင်မယ်။ စိတ်ပိုင်းဆိုင်ရာတော့ ထောက်ကူမပေးနိုင်ဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

🔳 အဲဒီအခါ ဆရာ၊ ဆရာမဖြစ်ဖြစ်၊ သူငယ်ချင်းဖြစ်ဖြစ်၊ ချစ်သူရည်းစားဆီကဖြစ်ဖြစ် Emotional Support လိုချင်လာတယ်။ လိုလည်း လိုအပ်လာတယ်။ လူကောင်းသူကောင်းနဲ့ တွေ့တယ်ဆို ပြဿနာ မရှိဘူး။ မဟုတ်ရင်ကျ ထပ်ပြီး Abused လုပ်ခံရတတ်တယ်။ အဲဒီထဲမှာ ဆရာ၊ ဆရာမတွေကအစ ပါနေတတ်ပါတယ်။ အရွယ်ငယ်ငယ် ကျောင်းသူတွေကို လိင်အမြတ်ထုတ်သွားတဲ့ ဆရာတွေအကြောင်း ကြားဖူး၊ ဖတ်ဖူးကြမယ်လည်း ထင်ပါတယ်။

🔳 အဆိပ်အတောက် ဆက်ဆံရေးတစ်ခုမှာ ကောင်းမွန်စွာ ပြုစုပျိုးထောင်ခြင်း မခံခဲ့ရတာဟာ အနိုင်ကျင့်ခံရသူတင်ကမဘဲ အနိုင်ကျင့်သူကိုယ်တိုင်ပါ ဖြစ်နေတတ်ပါတယ်။

ငယ်စဉ်မှာ မိဘက စွန့်ပစ်တာကို ခံခဲ့ရတဲ့အတွက် အခု ချစ်သူက စွန့်ပစ်သွားမှာ ကြောက်တယ်။ ဒီတော့ အလွန်အကျွံ သဝန်တိုတယ်။ သူစိမ်းတစ်ယောက်ယောက်နဲ့ စကားပြောမိရင် ရိုက်နှက်နှိပ်စက်တယ်။ သူ့ဒေါသကို ဘယ်လိုကိုင်တွယ်ရမယ် သူမသိဘူး။ မိမိကိုယ်မိမိ လေးစားမှု ကျဆင်းနေပြန်တော့လည်း ဘာမဟုတ်တာလေးကအစ သူ့အတွက် ပြဿနာ ဖြစ်နေတယ်။ အဲဒီသိမ်ငယ်စိတ်နဲ့၊ ဒေါသနဲ့၊ စိတ်ခံစားချက်ကို ကိုင်တွယ်နိုင်စွမ်း မရှိတာနဲ့ ပေါင်းစပ်လိုက်တဲ့အခါ Abuser တစ်ယောက် ဖြစ်လာတော့တာပဲ။

🔳 Inside the Criminal Mind ဆိုတဲ့ Docuseries တစ်ခု ရှိတယ်။ ကွင်းဆက်လူသတ်သမားတွေအကြောင်း လေ့လာထားတာ။

သူတို့ရဲ့ ထင်ရှားတဲ့ စရိုက်လက္ခဏာတစ်ခုက ကိုယ်ချင်းစာတရား လုံးဝမရှိတာပဲ။

ဒီလူတွေရဲ့ ဦးနှောက်ကို လေ့လာကြည့်တဲ့အခါ Amygdala လို့ ခေါ်တဲ့ စိတ်ခံစားချက်တွေနဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းမှာ ပုံမှန်ထက် ၁၈ % လောက် ပိုသေးနေတာကို တွေ့ရတယ်။ ဒါကြောင့်ပဲ Psychopath တွေဟာ ကိုယ့်ကိုယ်ကိုယ် သိရှိမှု (Self-awareness) အားနည်းတယ်။ ရက်စက်မှု၊ အကြမ်းဖက်မှုတွေကို ခံစားနိုင်စွမ်းကလည်း နည်းတာမို့ တော်ရုံလူ မြင်ဖို့၊ ကြားဖို့တောင် ခက်တဲ့ လုပ်ရပ်တွေကို အေးအေးဆေးဆေး လုပ်နိုင်ကြတာ ဖြစ်ပါတယ်။

🔳 အဲဒီလို ကိုယ်ချင်းစာစိတ် မရှိခြင်းက ဆိုးရွားတဲ့ ငယ်ဘဝနဲ့လည်း အများကြီးဆက်စပ်တယ်။

မိဘတွေ၊ လူကြီးတွေ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုဆက်ဆံသလဲ၊ ကလေးကိုရော ဘယ်လိုဆက်ဆံသလဲ၊ ဒါတွေကို အတုယူပြီးမှ ကိုယ်ချင်းစာတရားကို နားလည်လာကြတာ ဖြစ်တယ်။ စစချင်းမှာ ကိုယ်ဒီလိုပြောလိုက်ရင်၊ လုပ်လိုက်ရင် တစ်ဖက်လူ ဘယ်လိုဖြစ်သွားတယ် ကလေးက မသိဘူး။ တဖြည်းဖြည်းနဲ့မှ ကိုယ်ချင်းစာတရားကို သင်ယူနိုင်လာတာ ဖြစ်တယ်။

လူကြီးတွေမှာတောင် စဉ်းစားကြည့်။ စာများများဖတ်တဲ့သူ၊ ဘဝတွေအကြောင်း များများသိတဲ့သူ၊ အတွေ့အကြုံ များတဲ့သူဟာ မဖတ်တဲ့သူ၊ မသိတဲ့သူထက် ပိုပြီး ကိုယ်ချင်းစာတတ်တယ်။ ဒါကြောင့် “Empathy is to be learnt, not inherited.” ကိုယ်ချင်းစာတရားဆိုတာ သင်ယူရတာ၊ လေ့ကျင့်ရတာ ဖြစ်တယ်၊ မွေးရာပါ အရည်အသွေး မဟုတ်ပါဘူး။

🔳 Psychopath တွေမှာကျတော့ အဲဒီလို အခွင့်အရေး မရကြရှာဘူး။ တကယ့် အဆိပ်အတောက် မိသားစုမှာ ကြီးပြင်းရတယ်။ အရက်စွဲနေတာ၊ မူးယစ်ဆေး စွဲနေတာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေတာ၊ ရိုက်နှက်၊ လုယက်၊ ဆဲဆို၊ ဒီလို Violent Behavior တွေကိုပဲ မြင်တွေ့ခဲ့ရတယ်။ ဒီတော့ Amygdala ကလည်း ဖွံ့ဖြိုးမလာတော့ဘူးပေါ့။

ဒါကြောင့် မိသားစုဟာ သိပ်အရေးကြီးတယ် ပြောရတာပါ။

မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ကောင်းမွန်စွာ မပျိုးထောင်နိုင်ရင် အများကို ဒုက္ခပေးမဲ့သူလား၊ တစ်ပါးသူ ဒုက္ခပေးသမျှကို ခါးစည်းခံနေမဲ့သူလား၊ နှစ်မျိုးထဲက တစ်မျိုးကို လူ့လောကထဲ တင်ပို့လိုက်သလို ဖြစ်နေလိမ့်မယ် ဆိုတာကို သတိချပ်စေချင်ပါတယ်။

🔳 နောက်ဆုံးတစ်ချက်ကတော့ အမြဲပြောနေကျစကားပါ။ Victim Mentality ကို ဖျောက်ဖို့ပါပဲ။

ငယ်ဘဝက ဒီလိုဖြစ်ခဲ့လို့လေ ဆိုပြီး အကြောင်းပြနေသရွေ့ ဒီအခြေအနေကနေ လွတ်မြောက်ဖို့ မလွယ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူဖို့ လိုပါလိမ့်မယ်။

တစ်ဖက်ကလည်း ဒီဒဏ်ရာတွေဟာ ခွဲစိတ်လိုက်သလိုတော့ အရှင်းပျောက်သွားမှာ မဟုတ်ပါဘူး။ ကိုယ်နဲ့အတူ အမြဲရှိနေနိုင်ပါတယ်။ ပြန်ပေါ်လာတိုင်း ပေါ်လာတိုင်း သတိကလေး ထားမိဖို့ရယ်၊ Mental well-being အတွက် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ရယ်၊ မကောင်းတဲ့ ဆက်ဆံရေးကနေ ရုန်းထွက်မယ် ဆိုတဲ့သတ္တိရယ်တော့ လိုအပ်ပါမယ်။

Social Support ကလည်း သိပ်အရေးကြီးတာမို့ လိုအပ်တဲ့ အကူအညီလည်း တောင်းခံပါ။ ရယူပါ။

🔳 ကိုယ့်ပတ်ဝန်းကျင်မှာများ အဲဒီလို လူတစ်ယောက် တွေ့ခဲ့ရင်လည်း “ပျော့ညံ့လိုက်တာ၊ နင်ကိုက ငြိမ်ခံနေမှတော့ ဟိုက အနိုင်ကျင့်ပြီပေါ့” စသဖြင့် စသဖြင့် အပြစ်တင်မနေဘဲ စိတ်ပိုင်းဆိုင်ရာ အတောင်အလက် မစုံခဲ့တဲ့ သူ့ဘဝကို မြင်အောင်ကြည့်ပေးပြီး ဝန်းရံရပ်တည်ပေးစေချင်ပါတယ်။

အနာတရတွေနဲ့ လူတစ်ယောက်ကို ကိုယ့်မေတ္တာတွေနဲ့ လုံခြုံမှု ပေးလိုက်နိုင်တဲ့ အခိုက်အတံ့တိုင်းဟာ အင်မတန် ကြည်နူးစရာ ကောင်းပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၁.၄.၂၀၂၄

31/03/2024

😍အမောပြေ‌ေးတွေ🥰😘

27/03/2024

Photo Crd 😁

Photos from Hnin Pwint Beauty page's post 27/03/2024

❤️အမောပြေလေးတွေsav❤️

Photos from Hnin Pwint Beauty page's post 27/03/2024

😊ဘယ်လိုတောင်လှသွားလည်းမေး😍

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon