Beauty.mm
“If you want to buy products, please message us, then the shop will deliver it to you a soon as possible. If you want to make bank transfer, let us know.
We will give you bank account of the shop”.
26/02/2021
ဒီနေ့မှာတော့ smile line တွေ ၊ ပြံုးရီလိုက်တဲ့အခါ ထိတဲ့အရေးအကြောင်းတွေကို သက်သာစေမယ့် အလွယ်ဆုံးနည်းလမ်းလေးကို ပြောပြပေးချင်ပါတယ် ။
ရှားစောင်းပင်စစ်စစ်ရဲ့ အတတ်တစ်ခုကို ယူပါ
အတွင်းဂျယ်လ်ကို ပါးပါးလှီးထုတ်ပါ
အရေအကြောင်းနဲ့ မျက်နှာပေါ်ကအရေပြားတွန့်တွေပေါ် ၁၅-၂၀ မိနစ်ခန့် ဖြေးညှင်းစွာ ပွတ်ပေးပါ
၁ ပတ်ကို ၃ ခါ မှ ၄ ခါအထိလုပ်ပါက သိသာတဲ့ရလာဒ်ကို ကိုယ်တိုင်ခံစားတွေ့မြင်ရမှာဖြစ်ပါတယ်
ဒါ့အပြင် မျက်နှာပေါ်ကဝက်ခြံအမာရွတ်နဲ့ အမဲစက်တွေပါ လျှော့နည်းစေတာကြောင့် လက်တွေ့စမ်းကြည့်ပါလို့ အကြံပေးတိုက်တွန်းရင်း
တင်းတင်းလေးနဲ့ပြစ်မျိုးမှဲ့မထင်သောအလှနဲ့ပြည့်စုံနဲ့ မျက်နှာလေးတွေ ပိုင်ဆိုင်ပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်ရှင်
22/02/2021
လက်သည်းလေးတွေကပြောတဲ့ကျန်းမာရေး💖
👉 သင့်ရဲ့ကိုယ်ခန္ဓာကျန်းမာရေး အခြေအနေဟာ သင့်လက်သည်း၊ ခြေသည်း တွေမှာ ထင်ဟပ်ပေါ်လွင်နေတယ်ဆိုတာကို သတိထားမိပါသလား?
သင့်ကျန်းမာရေးအကြောင်း လက်သည်းခြေသည်းတွေက ဘာပြောနေသလဲဆိုတာ ကြည့်ရအောင် 👇
🔺 အရောင်ဖျော့လာတဲ့လက်သည်း၊ ခြေသည်းများ
အသက်ကြီးလို့အိုမင်းလာတဲ့အရွယ်မှာ လက်သည်းခြေသည်းတွေ အရောင်ဖျော့လာတတ်တယ်၊ ဒါ့အပြင် ရောဂါတွေမှာလည်း လက်သည်းခြေသည်းတွေ အရောင်ဖျော့လာတတ်တယ်။ ဥပမာ သွေးအားနည်းခြင်း၊ နှလုံးအားနည်းခြင်း၊ ဆီးချို၊ အသည်းရောဂါနဲ့ အဟာရချို့တဲ့ခြင်းစတာတွေပါ။
🔺 ဖြူလာတဲ့လက်သည်းများ
လက်သည်းလို့ရေးပေမယ့် ခြေသည်းတွေလည်းပါတယ်။ အသည်းရောင်တာလို အသည်းပြဿနာတွေမှာ လက်သည်းတွေဖြူနေပြီး ဘေးနှုတ်ခမ်းမှာမည်းနေတယ်။ ဒီပုံမှာဆိုရင် လက်သည်းတွေပါ ဝါနေတာတွေ့ရမယ်၊ အသည်းရောင်လို့ အသားဝါနေတာ ဖြစ်ပါတယ်။
🔺 ဝါနေတဲ့လက်သည်းခြေသည်းတွေ
လက်သည်းတွေ ဝါလာတာဟာ ရောဂါတော်တော်များများမှာ ဖြစ်တတ်တယ်။ အဖြစ်များတာတစ်ခုက ခြေသည်းလက်သည်းပွေးပေါ့၊လက်သည်းမှာ မှိုစွဲကပ် တဲ့ရောဂါပါ၊ ပိုဆိုးလာတဲ့အခါ လက်သည်းအခြေ ကျုံ့ဝင်ကာ လက်သည်းထူလာပြီး အဖတ်တွေကွာတတ်တယ်၊အခြားရောဂါဖြစ်တဲ့ လည်ပင်းသိုင်းရွိုက် အကျိတ်ရောဂါနဲ့ ဆိုရီရေးစစ်ခေါ် အရေပြားရောဂါမှာလည်း လက်သည်းဝါတတ်တယ်။
🔺 လက်သည်းခြေသည်းများ ပြာလာတဲ့အခါ
လက်သည်းတွေ ပြာနှမ်းလာတာဟာ သင့်ကိုယ်ခနာ အောက်ဆီဂျင်လုံလောက် စွာမရရှိဘူးဆိုတာကို ပြနေတာပါ၊ အဆုတ်မှာ ပိုးဝင်တဲ့အခါ၊ နမိုးနီးယားရောဂါ စတာတွေဟာ ဥပမာတွေပေါ့။
🔺 လက်သည်းတွေကြမ်းတမ်းလာတဲ့အခါ
လက်သည်းခြေသည်း မျက်နှာပြင်မှာ အစင်းတွေ၊ အပေါက်တွေ၊ အချိုင့် တွေပေါ်လာတတ်တယ်၊ လက်သည်း ကြမ်းတမ်းလာတယ်၊ ဒါဟာ အဆစ်အမြစ် ရောင်ရမ်းနာနဲ့ ဆိုရီရေးစစ်ရောဂါတွေရဲ့ အစပျိုး လက္ခဏာဖြစ်တတ်တယ်၊ ဆိုရီရေးစစ်ဆိုတာ အသားတတ်မြန်တဲ့ နာတာရှည်အရေပြားရောဂါ တစ်မျိုးဖြစ်ပြီး ဝေဒနာရှင်ရဲ့ ၁၀ မှ ၂၅ ရာခိုင်နှုန်းမှာ လက်သည်းလက္ခဏာတွေ တွေ့ရတယ်။
🔺 လက်သည်းအက်ခြင်း၊ကြွပ်ဆတ်ကျိုးခြင်း
ခြောက်သွေ့ပြီး ကြွပ်ဆပ်လာတဲ့အခါ လက်သည်း၊ ခြေသည်းတွေဟာ အလွယ်တကူပဲ ကျိုးတတ်၊ အက်တတ်ခြင်း၊ ဒီအခြေအနေဟာ လည်ပင်းသိုင်းရွိုက် အကျိတ်ရောဂါနဲ့ ဆက်စပ်နေတယ်၊ ကျိုးပဲ့အက်ပြီး လက်သည်းမှာဝါနေတယ်ဆိုရင် မှိုစွဲကပ်တဲ့ လက်သည်းခြေသည်းပွေး ဖြစ်နိုင်ပါတယ်။
🔺 လက်သည်းပန်းကုံးရောင်နေတာ
လက်သည်းဘေးတစ်ဝိုက် အရေပြားနီရဲပြီး ဖောင်းနေရင်လက်သည်းပန်းကုံး ရောင်တယ်လို့ခေါ်တယ်၊ သွေးလေးဖက်နာခေါ် အဆစ်အမျက်ရောင်တဲ့တွယ်ဆက် တစ်သျှူး ရောဂါတွေရဲ့ သတိပြုစရာလက္ခဏာ ဖြစ်ပါတယ်။
🔺 လက်သည်းအောက်မှာအမည်းစင်းတွေ
လက်သည်းခြေသည်း အောက်ခြေမှာ အညိုအမည်းစင်းတွေ တွေ့လာပြီ ဆိုရင်တော့ သတိထားပေတော့၊ အမြန်ဆုံးစမ်းသပ်စစ်ဆေးမှု ပြုလုပ်ရပါမယ်၊ လက်သည်းအောက်မှာပေါ်လာတဲ့ မှဲ့ကင်ဆာဖြစ်နိုင်ခြေရှိလို့ပါ၊ အသေအပျောက်များ တဲ့ ကင်ဆာအမျိုးအစားဖြစ်တာကြောင့်မို့ပါ။
ကဲ အခုဆို လက်သည်းကပြောတဲ့ သိထားသင့်ကျန်းမာရေးတစ်စေ့တစ်ဆောင်းလဲပြောပြခဲ့ပြီးပြီဆိုတော့
ကျန်းမာလှပတဲ့ လက်သည်းခြေသည်းလေးများကို ပိုင်ဆိုင်နိုင်ကြပါစေနော် 💕
19/02/2021
ချစ်ရတဲ့မင်မင့်ကလေးတို့ရေ ...
နေပူထဲထွက်တဲ့အခါ တစ်ကိုယ်လုံးကို Sun cream လိမ်းကြပေမယ့်
ခြေခုံလေးတွေကိုတော့ မလိမ်းမိတတ်ကြပါဘူး
ပျိုမေတို့ရဲ့ ဉအက်နုဖက်နေတဲ့ ခြေခုံလေးတွေ နေဒဏ်ကြောင့်
အညိုရောင်ပြောင်းသွားပြီလား ??
စိတ်မညစ်နဲ့နော် ပိုက်ဆံအများကြီးမကုန်
ဘေးဥပတ် အန္တရာယ်မရှိတဲ့ အလွယ်ဆုံး နည်းလမ်းလေးကို
မင်မင်က ဒီနေ့မှာ မျှဝေပေးသွားပါမယ်နော်
- သခွားသီးနဲ့ ဒိန်ချဥ်
သခွားသီးကို အခွံခွာ အစိပ်သေးသေးလေးတွေ စိပ်ပါ။
အနှစ်ရတဲ့အထိကြိတ်ပြီး လတ်လတ်ဆတ်ဆတ်ဒိန်ချဥ်နဲ့
နှံ့အောင်နယ်ပြီး နေလောင်တဲ့ ခြေခုံလေးတွေကို
သုတ်လိမ်းပေးပါ ။
၁၅ မိနစ်လောက်ထားပြီး ရေအေးအေးနဲ့ဆေးချလိုက်ရင်
သိသာတဲ့ရလာဒ်ကို ရရှိစေမှာပါ မင်မင့်ကလေးလေးတို့ရေ
ဒီနည်းလေးက လွယ်ကူပြီး ငွေကြေးအများကြီးမကုန်တာကြောင့်
၁ ပတ်ကို ၃ ခါ ၄ခါ လုပ်ပေးဖို့ မမေ့ပါနဲ့ရှင့်
ပျိုမေလေးတွေကို လှပစေချင်တဲ့ ဆန္ဒနဲ့ တင်ပေးနေတာမို့
BEauty.mm page လေးကို Like & Follow လုပ်ပေးပါအုန်းနော်
14/02/2021
ချောကလက် ရဲ့ ကောင်းကျိုးများ
ချောကလက် စားပေးတဲ့အခါ ခန္ဒာကိုယ်အတွက် ကောင်းကျိုးတွေ အများကြီး ဖြစ်စေပါတယ်။
ဒါပေမယ့် ကိုယ်စားမယ့် ချောကလက်က Cocoa ပါဝင်မှုများတဲ့ Dark Chocolateဖြစ်ရပါမယ်။
သူ့ရဲ့ အသုံးဝင်ပုံတွေကတော့ အံ့မခန်းပါပဲနော်။
* မှတ်ညဏ်ကို တိုးစေပါတယ်။
* အာရုံစူးစိုက်မှုကိုလည်း ပိုမို ကောင်းမွန်စေပါတယ်။
* ဦးနှောက် အတွင်း သွေးစီးဝင်မှုကိုလည်း အားကောင်းစေပါတယ်။
* အိုမင်းလာတဲ့အခါ မှတ်ညဏ်အား လျော့ကျမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
Dark Chocolate မှာ Caffeine ပါဝင်ပေမယ့် Coffee မှာ ပါဝင်မှုနဲ့ ယှဉ်ရင် ပမာဏအရမ်းနည်းတာ ဖြစ်လို့ ညအချိန်မှာ အိပ်မပျော်တာမျိုးလည်း မဖြစ်စေပါဘူးနော်။Calories များစွာ ပါဝင်နေတာကြောင့် သတိတော့ ထားသင့်ပါတယ်။
ဒါကြောင့် သင့်တော်တဲ့ ပမာဏတစ်ခုကိုပဲ နေ့စဉ် စားသုံးပေးသင့်ပါတယ်။
ဒီစာကို ဖတ်ပြီး Dark Chocolate ကို ဝယ်ဖို့ စဉ်းစားနေပြီဆိုရင် Cocoa ပါဝင်မှု အနညး်ဆုံး ၇၀%ရှိရမယ်ဆိုတာကိုတော့ မမေ့သင့်ဘူးနော်။
08/02/2021
အိမ်တိုင်းရဲ့ 🚪 ဗီဒို / 📚 စာအုပ်စင် ♦️အဝတ်အစား 👗 အိတ် နဲ့ 👛 အသုံးအဆောင်တွေမှာ.. 🍄 မှိုနံ့တွေ / မှိုကွက်တွေ ဆွဲနေတာမျိုး မကြာခဏ ဖြစ်တတ်ပါတယ်။
🍄 အမြဲ တမ်း သတိပေး နေ သလိုပါပဲ...
⚠️ မှိုတွေဟာ.. အနံ့ အသက်ဆိုးနဲ့ 😷/ အသက်ရှု လမ်းကြောင်း နှင့် အရေပြားတွေ အတွက်... 🔹 အရမ်း အန္တရာယ် များပါတယ် နော်... 🚫🚫
🍄 အခုဆို.... ဒီ လို အန္တရာယ်များတဲ့
🦠 မှို တွေ ကို....
🍂 အိမ်သုံး ပစ္စည်းလေး တွေ 🍂နဲ့.... လွယ်လွယ်ကူကူ သန့်ရှင်းရေး 🧼 လုပ်ကြရအောင်...
🍄 မှို မရှင်းခင် 👉 သိထားသင့်သော အချက်များ 🍄
************************************************
🚪 Furniture တွေကို.. ရှင်းလင်းမယ်ဆိုရင်...
👉 အခန်း တံခါးများကို.. ဖွင့်ထားပါ ⛺️⛺️
👉 နေရောင် ကောင်းစွာ ရပြီး 🌅 / လေ ဝင် လေထွက် .. ကောင်းသော နေရာမှာ 🏖 ... ရှင်းလင်းပါ
👉 ( Outdoor Area / 🍃🍃 အပြင်မှာ ရှင်းလင်းတာတော့.. ပိုကောင်းပါတယ် )
👉 ဗီဒိုကို မှိုရှင်းမယ်ဆို... 🦠. ထို ဗီဒိုထဲက မှိုစွဲနေသော အသုံးအဆောင်နဲ့.. 👚👕 အဝတ်အစားများကိုပါ.. တခါထဲ သန့်ရှင်းပေးပါ ✔️
👉 တခါသုံး လက်အိတ် 🧤 နှင့် နှာခေါင်းအုပ် 😷Mask ကို တပ်ဆင်ပါ....
🌟🌟🌟 ( အလွန် အရေးကြီးပါတယ် 💯 ...
ဒီ မှိုတွေ 🍄 ထိမိရင်... 😑 ယားယံတာ / allergic ဖြစ်တာ / အသက်ရှု လမ်းကြောင်းနဲ့... 💁♀️ အဆုတ်ရောဂါ တွေ... ဖြစ်တတ်လို့ပါ )၏
🍄 ဗီဒိုပေါ်က မှို တွေ ကို အရင်ရှင်းကြမယ် 🍄
*****************************************
👇 လိုအပ်သော ပစ္စည်းများ 👇
- လက်အိတ်
- ရေ
- Dryer
- ဖော့ သို့မဟုတ် Brush
- နှာခေါင်းအုပ်ရန် Mask
- Spray ဘူး အလွတ်
- ပလတ်စတစ် ခွက်
- ရှာလကာရည် - Vinegar ( သို့မဟုတ် ) အရက်ပြန်
💕 အရင်ဆုံး.... 🧂 Vinegar (သို့မဟုတ်) အရက်ပြန် - ၁ ဆ + 💦 ရေ ၁ ဆ ရောပီး..... 🧴Spray ဘူးလေး ထဲ... ထည့်ပီး
💕 🦠 မှို နေရာလေး တွေ မှာ.. 🚿 သေချာလေး ဖြန်းပေး ပါမယ်
💕 ( ၁ ) နာရီခန့် ⏰ ထားပြီး 🧽 ဖော့တုံးလေး/ Brush 🧹စသည်ဖြင့်.. 🍄 မှို တွေကို ပွတ်တိုက် သန့်စင်ပါ
💕လိုအပ်ရင် လိုအပ်သလို.. ♨️ ဒုတိယအကြိမ် ထပ် ဖြန်းပီး သန့်စင်နိုင်ပါတယ်
💕နောက်ဆုံး အဆင့် အနေနဲ့.... Dryer ကို အသုံးပြုပြီး .. 🌝 စိုစွတ်မှု လုံးဝ မရှိတော့ သည် အထိ... 🌪️ မှုတ်၍ အခြောက်ခံ ပေးပါရှင်
🍄 မှိုဆွဲနေတဲ့. အသုံးအဆောင်ပစ္စည်း သန့်ရှင်းရေး 🍄
************************************************
👇 လိုအပ်သော ပစ္စည်းများ နှင့် အသုံးပြုပုံ 👇
- ဆန်ဆေးရည် သို့မဟုတ် ချွတ်ဆေး
- အဝတ်သန့်
- ရှာလကာရည် သို့ အရက်ပြန်
- ဂွမ်းစ
မှိုတက်နေသော အဝတ်အထည်များကို
💥💥 ဆန်ဆေးရည် ဖြင့် အသုံးပြုမည် ဆိုပါက ( ၆ ) နာရီခန့်
💥💥ချွတ်ဆေး ဖြင့် အသုံးပြုမည် ဆိုပါက ( ၂ ) နာရီခန့် စိမ်ထားပါ။ ( ရေချိုးခွက် တစ်ခွက် ကို ချွတ်ဆေး အဖုံး ၂ ဖုံး နှုန်း ထည့်ရန်)
💥💥 သတိပြုရန် ။ ။ အရောင်ပါသော အဝတ်အထည်နှင့် သံ၊သတ္တု ဖြင့်ဖွဲ့စည်းထားသော ကြယ်သီး ( သို့ ) အလှဆင် ပစ္စည်း များကို ချွတ်ဆေးဖြင့် အသုံးမပြုပါနှင့်။
💥💥 ပြီးလျှင် ပုံမှန်အတိုင်း လျော်ဖွတ်လိုက်ရုံပါပဲနော်
💕မှိုစွဲနေသော.. 🧥 ဖိနပ် / အိတ် 👜 စသည်တို့အတွက် ... ရှာလကာရည် သို့မဟုတ် အရက်ပြန် ကို 💭 ဂွမ်းစ လေးနှင့်💭 တို့ယူပီး.... သန့်ရှင်းပေးပါ
💕 (၅) မိနစ်ခန့်ထားပီး 🕰️ အဝတ်သန့်ဖြင့် ပြန်လည် ပွတ်တိုက်ပေးပါ...
💕ပစ္စည်းများကို ခြောက်သွေ့အောင် ထားပါနော်
သတိပြုရန်။ ။
💥💥 အချို့သော Leather ( သားရည် )ပစ္စည်းများသည် အရက်ပြန် နှင့် ရှာလကာရည်ကြောင့် မူလအရောင် ပြောင်းလဲသွားနိုင်ပါတယ်
💥💥 ဒါကြောင့် ဦးစွာ ပထမ မမြင်သာသော အတွင်းနေရာများကို စမ်းပြီး သုံးကြည့်ပေးပါ
💥💥 အရောင်ပြောင်းလဲခြင်းမရှိမှသာ ဆက်လက်အသုံးပြုပါစေချင်ပါတယ်
06/02/2021
အသားဖြူချင်ကြတဲ့အထဲမှာ မိန်းခလေးမှ မဟုတ်ဘူး၊ ယောကျင်္ားလေးများပါ စိတ်ဝင်စားလာကြပါတယ်။အသားဖြူဆေးတွေကလည်း အမျိုးမျိုး ထွက်လာတာနဲ့ အမျှ သောက်ဆေး၊ထိုးဆေး အမျိုးမျိုး ရှိပြီး စျေးနှုန်းတွေကလည်း တစ်မျိုးနဲ့ တစ်မျိုး မတူညီကြပါဘူး။
အသားဖြူဖို့ လှဖို့ အတွက် အသားဖြူဆေးတွေ သုံးနေမယ့် အစား နေ့တိုင်း စားသောက်နေတဲ့ ပုံစံကို ပြင်လိုက်ရင် အဆင်ပြေပါတယ်။
အသားဖြူဖို့ နုပျိုကျန်းမာတဲ့ အသားအရေ ပိုင်ဆိုင်ဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေ ပြောပြပေးမယ်နော်။
*ရေများများသောက်ပါ။
*အပြင်ထွက်တိုင်း နေလောင်ခံ SunCream လူးပါ။Lotion လူးပါ။
*ရေချိုးတိုင်း အစိုဓာတ်ထိန်း Cream လိမ်းပါ။
*နေပူထဲ မသွားခင် လက်ရှည် (သို့မဟုတ်)ဦးထုတ်၊ထီး ဆောင်း အကာအကွယ် တစ်ခုခု အမြဲဆောင်သွားပါ။
*အသီးအနှံ၊ဟင်းသီးဟင်းရွက် များများ စားပါ။အသားအရေလှသလို အသားအရေလည်း ကြည်စေပါတယ်။
ဒါတွေ ပုံမှန် လုပ်ပေးသွားမယ်ဆိုရင် အသားအရေလေးဟာ ဖြူပြီး ကြည်လာမှ အမှန်ပါပဲနော်။
02/02/2021
ပျားရည်ရဲ့ အသုံးဝင်ပုံများ
ဒီတစ်ခါမှာတော့ ပျားရည်ရဲ့ အသုံးဝင်ပုံများနဲ့ ပက်သတ်ပြီး ပြောပြပေးချင်ပါတယ်။
* အသားအရေကို နူးညံ့ ချော့မွေ့လှပစေခြင်း
* အိုမင်းခြင်းကို ကာကွယ်ပေးနိုင်ခြင်း
* ဆံပင်ကျွတ်ခြင်းကို လျော့ပါးစေခြင်း
* ဝက်ခြံများ ပျောက်ကင်းစေနိုင်ခြင်း
* ကိုယ်ခံစွမ်းအားကို တိုးတတ်မြင့်မားစေခြင်း
* စိတ်ဖိစီးမှုကို လျော့ကျစေခြင်း
* အစားအစာများထဲတွင် ထည့်ချက်ပါက အသားအနူးမြန်စေပြီး အရသာ ပိုရှိစေပါတယ်
မည်သူမဆို ပျားရည်ကို တစ်နေ့တစ်ဇွန်း စားသုံးပါက အထက်ပါ အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်။
ပျားရည်အသုံးပြုပုံများ
********************
*ညအိပ်ယာမဝင်ခင် ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း သောက်သုံးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေပါသည်။
*အသားအရည် ချောမွတ်စေရန် ပျားရည် နှင့် ခြေလက်၊ မျက်နှာ၊ လည်ပင်း အစရှိသည့် ချောမွတ်လိုသောနေရာများကို သုတ်လိမ်းပြီး ၁၅ မိနစ်ခန့်ထားပါ ။ ပြီးမှရေချိုးပစ်ပါ။
*မနက်အိပ်ယာအထတွင် ပျားရည် တစ်ဇွန်းသောက်သုံးပါက အူလမ်းကြောင်းတစ်လျှောက် ပိုးမွှားများသေစေပြီး အူနံရံရှိ အကျိအချွဲများကို ရှင်းလင်းပေးနိုင်ပါတယ်။
*ပင်ပန်းနွမ်းနယ်နေပါက ပျားရည် နှင့် သံပုရာရည်ကို ရောစပ်သောက်သုံးပါက နှလုံးငြိမ်စေပြီး အမောပြေစေပါတယ်။
*အစားမှားခြင်းအတွက် ရေနွေးထဲသို့ ပျားရည်ဇွန်းဝက်ခန့် ထည့်၍ သောက်သုံးပါက အစာအဆိပ်ပြေစေပါတယ်။
*လည်ချောင်းနာခြင်း၊ချောင်းဆိုး၊အအေးမိခြင်းအတွက် ရေနွေးတစ်ခွက်ထဲသို့ ပျားရည်နှင့် သံပုရာရည် ရောစပ်ပြီးသောက်သုံးနိုင်ပါတယ်။
ပျားရည်ကို အိမ်တိုင်း ဆောင်ထားသင့်ပါတယ်။
29/01/2021
•ဒီ တစ်ခါ မှာတော့ ဆံပင် ဆေးဆိုးခြင်းရဲ့ ကောင်းခြင်း ဆိုးခြင်းတွေကို ဝေမျှ ပေးချင်ပါတယ်။
•ဆံပင် ဆေးဆိုးခြင်းဟာ ဆံသားအတွက် များစွာ ဆိုးကျိုး ဖြစ်စေပါတယ်။ကောင်းကျိုးကတော့ အခုလို Covid ကာလမှာ ဆံပင်ဆိုင် သွားပြီး ဆေးမဆိုးဖြစ်ကြတော့ပါဘူး။
•ဆံပင်ဆေးဆိုးခြင်းဟာ 99%လောက် ဆံသားကို ပျက်စီးစေပါတယ်။ဒါကြောင့် ဆံပင် ခဏခဏ ဆေးဆိုးတာမျိုး မလုပ်ဖို့ ပြောချင်ပါတယ်။
• Hair Treatment မကြာခဏလုပ်ပေးပါ။Hair code လူးပေးဖို့လည်း မမေ့ပါနဲ့။
•ဆိုးကျိုးတွေကတော့…
•-ဓာတ်မတည့်မှု ဖြစ်ခြင်း။
•-မျိုးပွားနိုင်စွမ်း ထိခိုက်နိုင်ခြင်း။
•-မျက်စိနာခြင်း။
•-ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်ခြင်း။
•ဆေးဆိုးတာ များတဲ့ အခါ ဒီလို ရောဂါမျိုးတွေ ဖြစ်ပွားနိုင်ပါတယ်။
•သတိလေးနဲ့ ဆိုးကြပါလို့ တိုက်တွန်းပေးချင်ပါတယ်။
28/01/2021
၀ိတ်ကျစေပြီးတော့ ကျန်းမာရေးနဲ့ ညီညွှတ်စေမယ့် အစားအသောက်များကို ပြောပြပေးချင်ပါတယ်။
-ပဲအမျိုးမျိုး
ပဲသည် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် အစာခြေ စနစ်ကို
နှေးကွေးစေပါတယ်။ကြာကြာ အစာခံနိုင်ပြီး အစားများများ မစားမိအောင်
ကူညီပါတယ်။
-အနက်ရောင် ချောကလက်
နို့မပါဝင်သော အနက်ရောင် ချောကလက်ကိုစားပါ။အအီအစိမ့် သရေစာများ
စားချင်စိတ်များကို လျော့ချပေးပါလိမ့်မယ်။
-ဟင်းသီး ဟင်းရွှက် များများစားပါ
အသီးအရွက် များများစားတဲ့အခါ အသားအရေလှတဲ့ အပြင် တခြား ကယ်လိုရီများတဲ့ အစားအသောက် များများစားခြင်းကို ကာကွယ်ပေးပါတယ်။
-ပန်းသီး
ပန်းသီးအလုံးလိုက် စားခြင်းဟာအမျှင်ဓာတ် ပိုမို ရရှိစေပြီး အလွယ်တကူ ဗိုက်ပြည့်စေပါတယ်။
-ဒိန်ချဉ်
ဒိန်ချဉ်ဟာ သင့်ရဲ့ ခါးပတ်လည်မှာရှိတဲ့ အဆီပိုတွေ မဖြစ်လာအောင် တားဆီးပေးမှာ ဖြစ်ပါတယ်။
-ဂရိုတ်ဖရုသီး
ဂရိုတ်ဖရုသီးကတော့ သင့်အားဝိတ်ကျစေပြီး ဆီးချိုရောဂါကို ကာကွယ်ပေးပါတယ်။
ဒီအစားအစာလေးတွေက ၀ိတ်ကျစေရုံသာမက ကျန်းမာရေးအတွက်ပါ ညီညွှတ်စေတာ ဖြစ်လို့ မဖြစ်မနေ စားသုံးကြည့်ပေးဖို့ တိုက်တွန်းချင်ပါတယ်။
25/01/2021
ပုံမှန် လေ့ကျင့်ခန်း လုပ်ခြင်းရဲ့ ကောင်းကျိုးများကို မျှဝေပေးချင်ပါတယ်။
-သင့်ကို ပိုပြီး ပျော်ရွှင်စေပါတယ်။
-သင့်ရဲ့ ကြွက်သားတွေနဲ့ အရိုးတွေကိုကောင်းမွန်စေပါတယ်။
-ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။
-အရေပြားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
-၀ိတ်ကျဖို့ ကူညီပေးနိုင်ပါတယ်။
-ကောင်းမွန်စွာ အိပ်ပျော်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
လေ့ကျင့်ခန်း လုပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကော ၂မျိုးလုံးရဲ့ ကျန်းမာရေးနဲ့ ပက်သက်တဲ့ အကျိုးကျေးဇူး အများရှိပါတယ်။အသက် ရှည်စေပါတယ်။
22/01/2021
•ချွေးပေါက်ကင်းပြီး ကြည်လင်တဲ့ အသားအရေ ပိုင်ဆိုင်နိုင်ဖို့ အတွက် လိုက်နာသင့်တဲ့ အချက်တစ်ခု ရှိပါတယ်။
•ဘာလဲဆိုတော့ မျက်နှာအသားအရေ ကျန်းမာဖို့အတွက် Toner သုံးပေးဖို့ပါ။
•လူတော်တော်များများက မျက်နှာသစ်ပြီးတဲ့ အခါတိုင်း အစိုဓာတ်ကိုထိန်းသိမ်းပေးတဲ့ Cream တစ်ခုခု လိမ်းပါတယ်။ပြီးမှ ကြိုက်နှစ်သက်ရာ မိတ်ကပ်၊သနပ်ခါး စသည်တို့ကို လိမ်းကြတာ များပါတယ်။အဲ့လိုမျိုး အသုံးပြုခြင်းက ကြာလာတဲ့ အခါ အသားအရေကို ထိခိုက်လာနိုင်ပါတယ်။
•မျက်နှာသစ်ပြီးတိုင်း Toner ကို လိမ်းပေးမယ်ဆိုရင် ချွေးပေါက် ကင်းပြီး ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
•အားလုံးဘဲ ချွေးပေါက် ကင်းနိုင်ကြပါစေ။
21/01/2021
•Vitamin E Moistruizing Cream နဲ့ ပက်သက်ပြီး ပြောပြပေးချင်ပါတယ်။သူ့ရဲ့ အသုံးဝင်မှုတွေကလည်း အံ့မခန်းဘဲနော်။အသုံးမပြုတဲ့အခါမှာ မျက်နှာအသားအရေတွေက အိုမင်းလာတာနဲ့ အမျှ ပြောင်းလဲလာမှာအမှန်ပါ။
•အိုမင်းလာတဲ့အခါ…
•-ပက်ကြားအက်လာမယ့် အသားအရေ
•-နဖူး အရေးကြောင်း
•-မျက်ကွင်းညို
•-တင်းတိတ် စတာတွေ ဖြစ်တတ်ပါတယ်။Vitamin E ပုံမှန် သုံးပေးမယ်ဆိုရင်တော့ ဒီလိုမျိုး ဖြစ်မှာ စိတ်ပူစရာ မလိုတော့ဘူးနော်။
•အသုံးပြုမယ်ဆိုရင် Smootဖြစ်စေပြီးတော့ တင်းရင်းတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်ဖြစ်ပါတယ်။Vitamin E သုံးပေးတဲ့ အခါ သဘာဝအတိုင်း Glowနေစေမှာ ဖြစ်ပါတယ်။ကဲ စမ်းသုံးကြည့်လိုက်တော့နော်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No(446), Thihathu Street, 11 Ward, South Okkalapa Tsp
Yangon
11091