I_Care Health & Beauty
we care about your Health and Beauty.
31/12/2021
၂၀၂၂....လွတ်လပ်၍ တရားမျှတသော နိုင်ငံတော်သစ်သို့..
I care health and beauty
29/12/2021
မြန်မာတွင် အိုမီခရွန်ပိုး စတင်တွေ့ရှိ
________
ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိတွင် အိုမီခရွန် ရောဂါပိုး မြန်မာနိုင်ငံတွင် တွေ့ရှိရမှုနှင့်စပ်လျဉ်း၍ နစက ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းတစ်ရပ်ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်အပြည့်အစုံမှာ- မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသော ဓာတ်ခွဲ နမူနာများအား ဆေးသုတေသနဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ တပ်မတော် ဆေးသုတေသနဌာနတို့မှ ဓာတ်ခွဲခန်းများအပြင် ဒေသတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရည် ညွှန်းဓာတ်ခွဲခန်းများသို့ ပို့ဆောင်၍ Omicron Real Time PCR Testing နည်းဖြင့်လည်းကောင်း၊ Genomic Sequencing Testingဖြင့်လည်းကောင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအနက် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသော ဓာတ်ခွဲနမူနာ(၃၀)ခုအား (၁၄-၁၂-၂၀၂၁)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ စတင်စစ်ဆေးခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ (၂၈-၁၂-၂၀၂၁)ရက်နေ့တွင် ရရှိသော စစ်ဆေးမှုအဖြေအရ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ Relief Flight ဖြင့် ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား (၄)ဦး၏ ဓာတ်ခွဲနမူနာများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး တွေ့ရှိရပြီး ကျန်ဓာတ်ခွဲနမူနာ(၂၆)ခုတွင် SARS-Cov-2 Variant Delta
ရောဂါပိုး တွေ့ရှိရပါသည်။
အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲတွေ့ရှိသူ (၄)ဦးအနက် (၁)
ဦးသာလျှင် သာမန်ရောဂါလက္ခဏာ တွေ့ရှိရပြီး ကျန်(၃)ဦးသည် ရောဂါလက္ခဏာ မတွေ့ရှိရပါ။ ယင်းပုဂ္ဂိုလ်(၄)ဦးစလုံးအား ကုသရေး စင်တာများတွင် စောင့်ကြပ်ကြည့်ရှု၍ သတ်မှတ်ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်သော
ကြောင့် ကုသရေးစင်တာမှ ဆင်းခွင့်ပြုခဲ့ပါသည်။ လက်ရှိအချိန်တွင်လည်း အဆိုပါပုဂ္ဂိုလ်(၄)ဦး သည် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိပါသည်။
သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း လုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါ သည်ဟု နစကကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
"Transmissibility and virulence"
"ကူးစက်နိုင်စွမ်းနှင့် ပြင်းထန်စွမ်း/ဒုက္ခပေးနိုင်စွမ်း"
****
Virus တကောင် ပေါ်လာတဲ့အခါ ကူးစက်နိုင်စွမ်း transmissibility နဲ့ ဒုက္ခပေးနိုင်စွမ်း တနည်းအားဖြင့် သေနိုင်လောက်အောင် ပြင်းထန်စွမ်း virulence ကို ကြည့်ကြပါတယ်။
တချို့က ကူးစက်နိုင်စွမ်းတော့ များပါရဲ့ ပြင်းထန်မှု မများတတ်ပါဘူး။ ဥပမာ တချို့ seasonal flu virus
(Local outbreak)
တချို့က သေလောက်အောင် ပြင်းထန်ပေမယ့် ကူးစက်နိုင်စွမ်း နည်းပါတယ်။ Ebola virus
(Epidemic)
တချို့က ကူးစက်နိုင်စွမ်း အလွန်များတယ်။ သေနှုန်းနည်းပေမယ့် ကူးစက်ခံရသူ များလွန်းလှလို့ အသေ အပျောက် အရေအတွက် ကြောက်ခမန်း ဖြစ်ရတယ်။
Global pandemic ဖြစ်တော့တယ်။
Virus တမျိုးဟာ ဒီလိုပဲ ကူးစက်မှုများ၊ အသေအပျောက်များပြီး ကာလရှည် ဒုက္ခပေးနေတော့မှာလား။
Virus တကောင် ပေါ်တယ်။ ဒုက္ခပေးတယ်။ ဒီအခါ ကာကွယ်ဆေးထုတ်ပြီး တွန်းလှန်ကြရတယ်။
Virus ဘက်ကလည်း ဆက်လက်ရှင်သန်ဖို့ mutation တွေ လုပ်ကြပြီး vaccine ကို ကျော်ပြီး ရှင်သန်ဖို့ အားထုတ်ကြတယ်။ လွန်ဆွဲကြရတယ်ပေါ့။
ဒီအခါ
အသစ်ထွက်လာတဲ့ mutation တွေရဲ့ ကူးစက်နိုင်စွမ်းနဲ့ ပြင်းထန်မှုကို သိဖို့ အနောက်ကနေ လိုက်အားထုတ်ကြရပြန်တယ်။
တချိန်ရောက်ရင် ကူးစက်နိုင်စွမ်းဖြစ်ဖြစ် ပြင်းထန်မှုဖြစ်ဖြစ် လျှော့ပါးလာပြီး global pandemic အဆင့်က epidemic အဆင့် outbreak အဆင့် ကျသွားတတ်ပါတယ်။
လက်ရှိ omicron variant ပေါ်လာတဲ့အခါ တကမ္ဘာလုံး ချောက်ချားကုန်ကြတယ်။
ကူးစက်နိုင်စွမ်းနဲ့ ပြင်းထန်မှု တိတိကျကျသိဖို့ အချိန်လိုနေသေးပေမယ့်
လက်ရှိသိထားသလောက် ကူးစက်နှုန်း မြန်တယ်။ ယခင် ကူးစက်ထားပြီးသူနဲ့ vaccine ထိုးပြီးထားသူတွေကိုလည်း ကူးစက်နိုင်တယ်ဆိုသလို့ တချို့ တွေ့ရှိချက်မှာ vaccine ထိုးထားရင် အထိုက်အလျှောက် ကာကွယ်နိုင်သေးတယ်ဆိုတာလည်း ဖတ်မိပါရဲ့။
လက်ဦးမှုရအောင် လေဆိပ်တွေပိတ်၊ ခရီးသွားလာမှု ကန့်သတ်ချက်တွေထုတ်၊ ဝင်ပေါက်တွေက ဝင်လာသူတွေ ပိုးရှိမရှိစစ်၊ quarantine ကာလ ေတွတိုး စတာတွေ လုပ်ကြသလို
တဖက်မှာ vaccination programme တွေ အားသွန်လုပ်ကြပါတယ်။
S.Africa ကို တရုတ်က vaccine တွေနဲ့ health care personal 1500 အလျှင်အမြန် ပို့ပါတယ်။
Vaccine production လုပ်တဲ့သူတွေကလည်း variant specific vaccine ထုတ်ဖို့ လုပ်နေကြပါတယ်။ ရုရှား sputnik က ၄၅ ရက်အတွင်း ထွက်နိုင်မယ်ဆိုသလို တရုတ်ကလည်း omicron variant အတွက် အချိန်တိုအတွင်း vaccine ထုတ်နိုင်မယ် ဆိုပါတယ်။ (လွန်ခဲ့တဲ့ ၆လလောက်ကတည်းက ကြိုပြင်ထားတယ်)။
အနောက်နိုင်ငံဘက်က အခြား ထုတ်လုပ်သူတွေကလည်း စိုင်းပြင်းနေကြပါပြီ။
US မှာတော့ စစ်တပ်က အကူအညီယူပြီး vaccination programme ကို အရှိန်မြှင့်ထိုးဖို့ စီစဉ်နေတဲ့အကြောင်း ဖတ်လိုက်ရသလို S Africa မှာ ထိစပ်ခဲ့တဲ့ လူ ၅၀၀၀ လောက်ကို စစ်ဆေးပြီး စောင့်ကြည့်လေ့လာနေဆဲပါ။
ဒီအချက်တွေကို ချိန်ဆကြည့်ရင်
တကမ္ဘာလုံး လူဦးရေ ၇.၉ ဘီလီယံအနေနဲ့ immunity မြင့်လာဖို့
တွန်းအားတခုအနေနဲ့ တွေ့ရပါတယ်။ တကယ် လုပ်နိုင်စွမ်းကတော့ ကောက်ချက်ချဖို့ စောပါသေးတယ်။
တဖက်မှာ Omicron က spike protein မှာ mutation များတဲ့အတွက် ကူးစက်မှု များလိမ့်မယ် များနေတယ်ဆိုတဲ့အချက် ကလည်း တဖြည်းဖြည်း ထင်ရှားလာနေတယ်။
သုံးသပ်ကြည့်ရရင်
ကမ္ဘာ့ လူဦးရေ 7.9 billion ဟာ vaccine ကြောင့်သော်လည်ကောင်း
Omicron ကူးစက်မှုကြောင့်သော်လည်ကောင်း immunity ရတဲ့ အချိုးအစား တိုးလာမယ်လို့ တွက်လို့ရပါတယ်။
ကျွန်တော်တို့ ပြင်းထန်မှု/ ဒုက္ခပေးနိုင်စွမ်း virulence ကို ကြည့်ရအောင်။
Omicron ကို နိုဝင်ဘာ ၉ရက်မှာ စတွေ့တယ်။ WHO ကတော့ variant of concern Omicron လို့ နိုဝင်ဘာ ၂၉ မှာ သတ်မှတ်ပြီး သတိပေးချက် ထုတ်ပြန်တယ်။
လက်ရှိ ကူးစက်ခံရသူ ၁၆၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ခုချိန်ထိ omicron ကြောင့် သေဆုံးသူ မပေါ်သေးပါဘူး။
ရှိလာခဲ့ရင် virus ကြောင့်လား
ရောဂါအခံ comorbid ကြောင့်လား ဆန်းစစ်ရပါဦးမယ်။
"အကယ်၍သာ"
Omicron ဟာ ကူးစက်မှု မြင့်ပေမယ့် virulence ဒုက္ခ ပေးနိုင်စွမ်း သိသိသာသာနည်းခဲ့မယ်ဆိုရင်
Covid ဘေးကနေ ကင်းဝေးဖို့ "ရောင်နီသန်းပြီလား" မျှော်လင့်မိတယ်။
ဒါတွေက ကျွန်တော့် အတွေးအမြင် သက်သက်ပါ။
လေ့လာ သုတေသနေတွ ထင်ရှားတဲ့ အချိန်ကာလတခု ကျော်လွန်ရင်တော့ သိရမှာ ဖြစ်ပါတယ်။
"တကယ်ပဲ virulence ဒုက္ခပေးနိုင်စွမ်း နည်းပါစေလို့ ဆုတောင်းမိပါရဲ့။"
မည်သို့ပင်ဆိုစေ
မိတ်ဆွေတွေကို ပြောပြချင်တာက
Vaccine ထိုးကြပါ။
ရောဂါအခံရှိတဲ့ သက်ကြီးရွယ်အိုတွေကို ဂရုစိုက်ကြပါ။
Mask တပ်ကြပါ။
တတ်နိုင်သမျှ လူစုလူဝေးကို သည်းခံပြီး ရှောင်ကြပါ။
လက်ဆေးပါ။
၆ပေခွာ social distancing ကို လိုက်နာကြပါ။
"ပညာဉာဏ်နဲ့ ကပ်ဘေး ကျော်လွှားနိုင်ကြပါစေ။"
MgMgMyint
07/11/2021
Pfizer ရဲ့ ကိုဗစ်ကုသဆေး သောက်ဆေးက ၈၉%အထိ ထိရောက်မှုရှိ၊
#ကိုဗစ်အဆုံးသတ်ဖိုပိုမိုနီးစပ်လာ
~~~~~~~~~~~~~~~~~~~~~~~~~~~~
Pfizer က ထုတ်လုပ်ပြီး စမ်းသပ်နေတဲ့ ကိုဗစ်ကုသဆေး သောက်ဆးဟာ ၈၉% အထိ ထိရောက်မှုရှိတယ်လို ကုမ္ပဏီက ပြောဆိုလိုက်ပါတယ်။ သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာဖြစ်ပြီး ဒါဟာ ကိုဗစ်ကပ်ရောဂါကို ပပျောက်တဲ့အထိ ကြိုးစားနေတဲ့ ကမ္ဘာကြီးအတွက်တော့ အားတက်စရာသတင်းလည်းဖြစ်လာခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအကျပ်အတည်းစတင်ချိန်ကစပြီး နေအိမ်မှာသာ ကိုဗစ်ကပ်ရောဂါကို ကုသနိုင်မယ့် ရိုးရှင်းတဲ့ သောက်ဆေးတွေကို ဆေးကုမ္ပဏီကြီးတွေက ရှာဖွေနေခဲ့ာကပါတယ်။ အခုအချိန်ထိ ကုသမှုအားလုံးဟာ ကာကွယ်ဆေးထိုးခြင်းနဲ့ သွေးကြောတွင်းဆေးထိုးခြင်းတိုဖြစ်ပြီး လက်ရှိမှာ သောက်ဆေးကို ရရှိဖိုအတွက် အနီးစပ်ဆုံးဖြစ်လာခဲ့တာပါ။
အမေရိကန်ဆေးဝါးကုမ္ပဏီ Merck ကလည်း သောက်ဆေးကို ထုတ်လုပ်နေပြီး ဗြိတိန်မှာတော့ ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ပါတယ်။ ဒီအတွက် Pfizer က ဒုတိယမြောက်သောက်ဆေးကို ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီဖြစ်လာတော့မှဖြစ်ပြီး ကာကွယ်ဆေးအပြင် သောက်ဆေးကိုပါ အများပြည်သူတွေဆီ အရောက်ပိုဆောင်ပေးနိုင်တော့မှာဖြစ်ပါတယ်။
Paxlovid လို ခေါ်တဲ့ ဒီဆေးဟာ ဆေးရုံတက်ရောက်ရနှုန်းနဲ့ သေဆုံးနှုန်းကို ၈၉% အထိ လျှော့ချပေးနိုင်ခဲ့တယ်လို ဆိုပါတယ်။ ကိုဗစ်ကူးစက်ခံရသူ အရွယ်ရောက်သူတွေနဲ့ စမ်းသပ်ခဲ့တာဖြစ်ပြီး စမ်းသပ်မှုနောက်ပိုင်းရလဒ်တွေဟာ ထင်မှတ်ထားတာထက် ပိုမိုအားကောင်းနေခဲ့တာကြောင့်စမ်းသပ်ဖိုအတွက် စေတနာ့ဝန်ထမ်းတွေရှာဖွေနေတာကိုတောင် ရပ်တန့်သွားမယ်လို Pfizer က ပြောဆိုခဲ့ပါတယ်။
မကြာခင်မှာ အမေရိကန် FDA ကို အချက်အလက်မှတ်တမ်းတွေ ပေးပိုသွားမှာဖြစ်ပြီး အရေးပေါ်အသုံးပြုခွင့်တောင်းခံသွားဖိုလည်း ရှိနေတယ်လို သိရပါတယ်။ "ဒီနေ့သတင်းကတော့ ဒီကပ်ရောဂါဆိုးကြီးကို ရပ်တန့်ဖို ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းအားထုတ်မှုမှာ တကယ့်ပြောင်းလဲမှုကြီးဖြစ်ပါတယ်၊ အချက်အလက်တွေအရ ကျွန်တော်တိုရဲ့ သောက်ဆေးက ခွင့်ပြုချက်ရဲ့မယ်ဆိုရင် လူနာတွေရဲ့ အသက်ကိုကယ်တင်ဖို၊ ကိုဗစ်ကူးစက်ပြီးခံစားရတဲ့ ဝေဒနာပြင်းထန်မှုတွေကို လျှော့ချပေးနိုင်မှာပါ"
"ဆေးရုံတက်ကုသရတဲ့ လူနာ ၁၀ ဦးမှ ၉ ဦးအထိကို လျှော့ချနိုင်ခဲ့တာပါ" လို Pfizer ရဲ့ စီအီးအို Albert bourla က ပြောဆိုခဲ့ကြောင်း CNN က ဖော်ပြခဲ့ပါတယ်။
ကုမ္ပဏီအနေနဲ့လည်း ကျေးဇူးတော်နေ့အားလပ်ရက်မတိုင်ခင် ခွင့်ပြုချက်တောင်းဆိုမှုကို တင်ပြနိုင်ဖိုမျှော်လင့်ထားကြောင်း သူက ထပ်မံပြောဆိုခဲ့ပါသေးတယ်။
့CNN
09/09/2021
ေဆေးများရောက်ရှိကြောင်းပါ...
လိုအပ်တဲ့ ဆေးတွေ ရှိရင် မှာလို့ရပါပြီ...
အားလုံးကျန်းမာဘေးကင်းကြပါစေ...
Health and Beauty Family.
For more information and order please contact call to 09881283445 .
Thank you all.
31/07/2021
𝑯𝒐𝒎𝒆𝒎𝒂𝒅𝒆 𝑹𝒆𝒎𝒆𝒅𝒚 𝒇𝒐𝒓 𝑪𝒐𝒖𝒈𝒉
အိမ်လုပ်သဘာဝချောင်းဆိုးပျောက်ဆေးရည်
🏺🏺🏺
ဆေးတွေ ဝယ်ရခက်,စျေးကြီးနေတဲ့ကာလမှာ အကုန်ကျသက်သာပြီး လွယ်ကူတဲ့ ချောင်းဆိုးပျောက်ဆေးလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။
🔸ပျားရည် ဟင်းခပ်ဇွန်း သို့မဟုတ် စားပွဲတင်ဇွန်း ၁ ဇွန်း
🔸သံပုရာ သို့မဟုတ် သံပယိုကို အရည်ညှစ်ပြီး ဟင်းခပ်ဇွန်း သို့မဟုတ် စားပွဲတင်ဇွန်း ၁ဇွန်း
🔸ရှာလကာရည် သို့မဟုတ် ပန်းသီးရှာလကာရည် ဟင်းခပ်ဇွန်း သို့မဟုတ် စားပွဲတင်ဇွန်း ၁ ဇွန်း
အထက်ပါ ၃ မျိုးကို ရော၍ သမအောင်မွှေပါ၊အထက်ပါ ၁:၁:၁ အချိုးအဆအတိုင်း များများလုပ်လည်း ရပါတယ်၊ဂျင်းမှုန့် ငရုတ်ကောင်းမှုန့်တို့ရှိပါကလည်း အနည်းငယ်ရောထည့်ပေါင်းစပ်လို့ရပါတယ်၊ကြက်သွန်နီကို အရည်ညှစ်ထည့်လည်း ရပါတယ်။
ရရှိလာတဲ့ ဆေးရည်အရောကို လက်ဖက်ရည်ဇွန်း(လက်ဖက်စားဇွန်း ၁ ဇွန်း) ခန့် ယူ၍ ၂ နာရီ/၃နာရီခြား တစ်ခါ သောက်ပေးလို့ ရပါတယ်၊သောက်ပြီးတိုင်း ရေ သို့မဟုတ် ရေနွေး အဖြူထည်ကို များများသောက်ပေးပါ၊အရွယ်ရောက်ပြီး လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ၄-၅ ကြိမ်အထိ သောက်လို့ရပါတယ်။
🍯🍯🍯
ပျားရည်က ချိုတာမို့ ချောင်းဆိုးနေတဲ့အချိန် အဆင်ပြေပါ့မလားပေါ့...အရမ်းပြေပါတယ်၊
ပျားရည်က လည်ချောင်းယားခြင်းကို ထိရောက်စွာ သက်သာစေပါတယ်၊ဗိုင်းရပ်စ် နဲ့ ဘက်တီးရီးယား ပိုးတွေကို သေစေနိုင်ပါတယ်၊အစာကြေစေပါတယ်၊အိပ်ပျော်စေပါတယ်။
ဆီးချို သွေးချို လူနာများအနေနဲ့ အထက်ပါ ဆေးရည်ကို တစ်နေ့ ၂-၃ ကြိမ်ထိသောက်လို့ရပါတယ်၊၂-၃ ခါ သောက်ရုံနဲ့ ထိရောက်စွာ သက်သာစေပါတယ်၊လူလည်း လန်းစေပါတယ်။
ကလေးငယ်များကိုလည်း အထက်ပါ ဆေးရည်ကို တစ်နေ့ ၃-၄ ကြိမ် တိုက်ပေးလို့ ရပါတယ်၊အသက် တစ်နှစ်အောက်ကလေးများကိုတော့ တိုက်ကျွေးဖို့ မသင့်ပါ။
👉စားပွဲတင်ဇွန်း=ဟင်းခပ်ဇွန်း=table spoon=5 cc ခန့်
လက်ဖက်ရည်ဇွန်း=လက်ဖက်စားဇွန်း=tea spoon=2 cc👈
👨⚕️
အထက်ပါ ဆေးရည်ကို သောက်သုံးခြင်းဖြင့် ချောင်းဆိုးပျောက်စေခြင်းအပြင် ကိုယ်ခံအားကောင်းစေခြင်း၊အစာကြေစေခြင်း၊လူကို လန်းဆန်းစေခြင်း စတဲ့ အကျိုးကျေးဇူးများပါ ရရှိနိုင်ပါတယ်။
(ချောင်းဆိုးပျောက်နည်းရေးဖို့ Idea ပေးသော အစ်မ ဒေါက်တာ Jin Jin Lin ကို ကျေးဇူးတင်ပါတယ် 🤝🙏)
ကျန်းမာကြပါစေ ☺️😍🙏
၃၁.၇.၂၀၂၁
#ဒေါက်တာရဲပြည့်ဟိန်း
27/07/2021
Vitamin D3
______
D3 အကြောင်း နဲ နဲ ပြောပါရစေ..
D3 ဟာ အရိုး နဲ့ သွေး အားကောင်းဖို့အတွက် လို အပ်တဲ့ ဓာတ်ပါ။ အရိုး အတွက် ကယ်ဆီယမ် စုပ်ယူမှု ကို အားပေးသလို ကိုယ် ခံအားကောင်းဖို့အတွက်လည်း အရေးပါတဲ့ vitamin တစ်မျိုးပါ။
ဒါပေမယ့် ပုံမှန် လူတစ်ဉီးရဲ့ တစ်နေ့တာ D3 လိုအပ်ချက်ဟာ
အနိမ့်ဆုံး - ၄၀၀ iu
အမြင့်ဆုံး - ၄၀၀၀ iu
ဆိုတာတော့ သတိထားကြစေချင်ပါတယ်။
နေ့စဉ် လိုအပ်တဲ့ ပမာဏ ထက် ပိုသောက်ရင် သွေးထဲက D3 level ကို စစ်ဆေး ဖို့ လိုပါလိမ့်မယ်။
နေ ရောင်ရတတ်တဲ့ရာသီဥတုတွေမှာ တောင် လိုအပ်တဲ့ ပမာဏ က အိမ်ထဲနေရင် မပြည့်တတ်ပါဘူး
နေရောင်မရတဲ့ရာသီတွေမှာတော့ ပိုလိုအပ်နေမှာ အမှန်ပါ။
ကိုယ်ခန္ဓာ က လိုတာထက် ပို နေရင် အဆီ ထဲ မှာ သိမ်းထားပြီး နောက်ပိုင်းမှာ အဆိပ် အနေ နဲ့ ပြန်ထုတ်လွှတ် တတ်လို့ အရိုး ကို ကောင်းကျိုး မပေးဘဲ ဆိုးကျိုး ကိုပါဖြစ်စေနိုင်ပါတယ်။
D3 ကို နေ့စဉ်လိုအပ်တာထက် ပိုမသောက်သင့်ပါဘူး။
ဒီ အချက်တွေ ကို သတိထားပြီး သမ မျှတအောင် သုံးစွဲခြင်းဖြင့် တကိုယ်ရည် ကျန်းမာရေး ကို အကောင်းဆုံး ထိန်းသိမ်းနိုင်ပါတယ်။
ခုလို မိုးရွာသွန်းမှုများတဲ့ ဒီအချိန် ကိုဗစ်ကလည်း တတိယလှိုင်းအဖြစ် တစ်ကြော့ပြန်လာချိန်မှာတော့ Body immune တက်စေဖို့ အခြားလိုအပ်တဲ့ ဖြည့်စွက်စာတွေနဲ့အတူ D3ကမရှိမဖြစ်လိုအပ်တဲ့ အချိန်လို့ ပြောချင်ပါတယ်။
Kirkland D3 (50mcg 2000iu ) 600 softgel
25000mmk
09881283445
31/05/2021
မုတ်သုန်လေဟာ မြန်မာပြည်ကို မိုးနဲ့အတူ ဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ မပြီးသေးတဲ့ Covid 19 နဲ့ ရာသီတုတ်ကွေး တို့ကို ကာကွယ်နိုင်ဖို့ Immune System ကောင်းဖို့ လိုပါတယ် ။ Vitamin C, D, Zinc တို့ဟာ Immune System ကိုကောင်းစေတဲ့အတွက် ကာကွယ်တဲ့အနေနဲ့ သောက်ကြရမှာပါ။လူအများကြားသွားလာလှုပ်ရှားနေကြရလို့ ကိုယ်တိုင်ကျန်းမာဖို့လိုအပ်သလို ကိုယ့်ဝန်းကျင်က ချစ်ခင်ရသူ အားလုံးပါကျန်းမာဖို့အတွက်လည်းလိုအပ်လို့ Supplementsတွေ ဖြည့်တင်းပေးဖို့ သင့်လှပါတယ်။
NatureMade နဲ့ KirkLand တို့ရဲ့ D3 နဲ့ Super C supplements တို့က သင်တို့ရဲ့ Immune system ကို မြင့်တင်ဖို့ ကူညီပေးနိုင်ပါတယ်။
ဒီ Supliments တွေ ကို အလွန်သင့်တော်တဲ့ ဈေးနှုန်း နဲ့ i_care ကရောင်းပေးနေပါတယ်နော်။
P. S ။ ။ Prevention is better than cure!
(ကာကွယ်ခြင်းသည်ကုသခြင်းထက်ပို၍ကောင်းသည်)
ဆေးများမှာယူလိုပါက page messenger, viber+95783519553
သို့ဆက်သွယ်မှာယူနိုင်ပါတယ်။
In stock မို့ မှာပြီး၂ရက်အတွင်းပို့ပေးနိုင်ပါတယ်။
For more information please contact 09783519553.
Thank you.
i_care health and Beauty.
Import from USA..
31/05/2021
Goli Apple Cider Vinegar Gummies
_______
Apple Cider Vinegar ဟာအစာစားချင်စိတ်ကိုလျှော့ချပေးလို့ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ လူတိုင်းနီးပါးသိကြပါတယ်။ သူ့အတွက် Nicked name ကိုတောင် Mother လို့ ပေးခဲ့ကြသေးတာပဲမဟုတ်လား။ဒါပေမဲ့ လဲ သောက်ရာမှာ စူးရှပြီးအဝင်ဆိုးလို့ သောက်ဖို့ရာ မလွယ်ကူခဲ့ကြပါဘူး။ 2019ခုနှစ် September လမှာတော့ အဝင်မဆိုးပဲ နေ့စဉ်သောက်လို့လွယ်အောင် Goli nutrition ကနေ ACV gummies ကိုစတင်ထုတ်လုပ်ခဲ့တာပါ။
ပန်းသီးပါမကပဲ Beetroot, pomegranate,Pectin,B9 နဲ့ B12 တို့ကိုပါ ထည့်သွင်းဖော်စပ်ထားတဲ့ Suppliment ဖြစ်တာမို့ General Health အတွက်လည်းညီညွှတ်စေပါတယ်။
ACV ဟာ ပိန်ဆေးမဟုတ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးမရှိပါ ဘူး။
အစားစားချင်စိတ်ကို ထိန်းပေးပြီး
Vitamin B9 နှင့် B12 ပါဝင်တာကြောင့် သွေးတွင်းအဆီများကိုထိန်းပေးလို့ နှလုံးကျန်းမာရေးကိုကောင်းစေပါတယ်။ Cell များကိုအထောက်အပံ့ပေးလို့
လှပကောင်းမွန်ပြီး ဝင်းပတဲ့အသားအရေပိုင်ဆိုင်စေဦးမှာ ပါ။
မလိုအပ်တဲ့ အဆီများကိုကျစေတဲ့အတွက်လှပ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်လေးကို ရလာစေပါတယ်။
Non_GMO နည်းပညာနဲ့ထုတ်လုပ်ထားပြီး Vegan ဖြစ်လို့
Goli ACV gummies ကိုသက်သက်လွတ် သမားများပါ စိတ်ချသောက်လို့ရပါတယ်။
တစ်နေ့ ၂လုံး မနက်ဘာမှမစားခင်သောက်ဖို့ Goli က Reconmened ပေးပေမဲ့ တစ်နေ့လုံး ကြိုက်တဲ့အချိန်မှာ အစာမစားမီဖြစ်စေ စားပြီးဖြစ်စေသောက်လို့ရပါတယ်။
ကျမ အနေနဲ့ကတော့ goli ကရည်ညွှန်းတဲ့အတိုင်း တစ်နေ့ ၂လုံး မနက်ဘာမှမစားခင်သောက်ဖို့ အကြံပေးချင်ပါတယ်။
ကျန်းမာကြံ့ခိုင်လှပဖို့ goli ACV gummies ကို တစ်နေ့၂လုံး မှန်မှန်သောက်ကြပါစို့နော်။
Price _22000mmk
60 gummies.
In stock
Please contact 09783519553
Thank you.
i_care health and beauty
30/05/2021
Lil Critters Gummy Vites
_______________________
ကမ္ဘာ့ရောင်းအား အကောင်းဆုံး ကလေး ဂျယ်လီအားဆေးဖြစ်တာနဲ့အညီ "Lil Critters ရဲ့ Gummy Vite's ဟာ ကလေးတို့ ချစ်တဲ့ ဝက်ဝံရုပ်ကလေးပုံနဲ့ ကလေးများကြိုက်တတ်တဲ့အရသာကိုပါပေးစွမ်းပါတယ်ရှင်။
Vitamins A, B-12, B6, C, D and E, folate ,biotin, zinc iodine စတဲ့ သြဇာ အာဟာရ ဓာတ်တွေနဲ့ ဖော်စပ်ထားလို့ မိမိတိုရဲ့ ကလေးများ ကျန်းကျန်းမာမာနဲ ဥာဏ်ရည်မြင့်မြင့်  ကြီးထွားဖွံ့ဖြိုးဖို့ရာ အထောက်အကူပြုတဲ့ မရှိမဖြစ် သက်စောင့်ဓာတ်တွေအပါအဝင် သတ္တုဓာတ် တွေ ရရှိမယ်ဆိုတာ မိခင်တို့ စိတ်ချယုံကြည်လို့ရပါတယ်။
နောက်ပြီး ဒီ ဂျယ်လီကလေးအားဆေးဟာ သကြားအချိုဓာတ် အရောင်ဆိုးဆေး ကစီဓာတ် စတာတွေကိုအလွန်အကျွံ အသုံးမပြုပဲ လိမ္မော်သီး ချယ်ရီသီး နာနတ်သီး စတော်ဘယ်ရီသီးနဲ့ ဘလူးဘယ်ရီသီးတို့ရဲ့သဘာဝ အရောင် အချိုဓာတ်တို့ကိုသာ အဓိကထားဖော်စပ်ထားလို့ မိခင်များ စိတ်ချယုံကြည်အားထားရပြီး ကလေးများအကြိုက်ဖြစ်နေတာ မဆန်းပါဘူးရှင်။
မိမိတို့ရဲ့ ချစ်စဖွယ် ရင်သွေးလေးတွေအတွက် ကျန်းမာဖွံ့ဖြိုးဥာဏ်ရည်တိုးဖို့ ကလေးအားဆေးရှာနေတယ်ဆိုရင် သဘာဝအရသာနဲ့" ဗီတာမင် နဲ့သတ္တုဓာတ်"တို့ပေါင်းစပ်ထားတဲ့ "Lil critters Gummy vites" ကိုသုံးပါ။
ထူးခြားကွဲပြားတာကို သတိထားမိလာမှာပါ။
အထူးအားဖြင့် အစာမစားလို့ သေးညက်နေတဲ့က့လေးများ weight တက်မလာတဲ့ကလေးများ အစာကျွျွေးရခက်တဲ့ကလေးများအတွက် စိတ်ညစ်နေတဲ့မိခင်များ "Lil Critters gummy vites"လေးသာ သုံးကြည့်ပါနော်
🍒cherry
🍊 orange
🍓strawberry
🍍 pineapple
Blueberry စတဲ့အရသာ၅မျိုးပါပါတယ်
👶၂နှစ်နဲ့ ၃နှစ်ထိ တနေ့၁ လုံး
👦👧၄နှစ်နဲ့ အထက် တနေ့ ၂လုံး
#တစ်ဗူးမှာ အလုံးရေ ၃၀၀ ပါပါတယ်
stock ပါ
Price 34000Ks
more information please contact to phone 09783519553
Viber +959783519553
# Thank you
30/05/2021
L’il Critters" Omega " Vites
__________
ယနေ့ခေတ် ကလေးများဟာ အင်တာနက် ခေ
တ်ဖြစ်တာနဲ့အညီ မွေးကတည်းက Screen Time ရှိတယ်လို့တောင်ပြောလို့ရပါတယ်ဆိုတာဖိုးဖိုးဖွားဖွား ဖေဖေမေမေ တို့ အသိဆုံးပါပဲနော်။ပြီးတော့ မိမိတိုရဲ့ အသက်တမျှချစ်ရတဲ့ ကလေးများ ဥာဏ်ရည်မြင့်မားစေချင်တာကလဲမိခင်တိုင်းရဲ့ဆန္ဒပဲမဟုတ်လား။ ယနေ့ ခေတ်ကာလကလေးတွေရဲ့ ကံကကောင်းလွန်းပါတယ်။ ဥာဏ်ရည်ကောင်းဖို့ Omega 3 ထည့်သွင်းဖော်စပ်ထားတဲ့ ဆေးတွေထုတ်လုပ်နိုင်နေ ပြီမို့ လို့ ပါ။
အဲဒီလိုဆေးတွေထဲကမှ " L'Lil Critters Omega Vites" ဟာ ဝက်ဝံရုပ်ကလေးပုံနဲ့ ထုတ်ထားပြီး အရသာလဲရှိလို့ တိုက်ရမခက်တဲ့ အတွက် ကလေးတိုင်းကြိုက်နေ
ကြတာပါ။
အမြင်အာရုံနဲ့ ဦးနှောက်စွမ်းဆောင်ရည်တိုးတက်စေပြီး
screen time များတဲ့ကလေးတွေကို တိုက်ကျွေးသင့်ပါတယ်
Omega 3 ,EPA,DHA& ALA ပါဝင်ပါတယ်
အသက် 2 နှစ်မှ စတင်ကျွေးလို့ရပါတယ်
Price - 34000 Ks
In stock ပါ
For more information please contact to phone 09783519553
Thank you.
i_care Health and Beauty
29/05/2021
Nature made ရဲ့ Super C
_______
Hello Attention to please!!
Covid 19 ဟာ မြန်မာမှာရော ကမ္ဘာ မှာပါ ကွယ်ပျောက်မသွားသေးပါဘူးနော်။
အခုလို မိုးဦးကျ ကာလမှာ ကိုယ်ခံအားကောင်းမွန်နေစေဖို့ Super C ကိုတနေ့တလုံးနေ့စဉ်သောက်သုံးခြင်းဖြင့် Covid 19 အပါအဝင် မိုးနဲ့အတူပါလာမဲ့ တုတ်ကွေးရောဂါတွေကိုပါ ကာကွယ်ကြရအောင်
ဒီ Super C Immune Complex မှာ Vitamin C 900mg ပါဝင်ပြီး Vitamin A 450 mcg , Vitamin E15mg ပါဝင်သေးတာပါ ။နောက်ထပ်ပြီးတော့လဲ Antibody (ကိုယ်ခံအား ) ကောင်းစေပြီး Virus ကိုကာကွယ်ပေးတဲ့ Vitamin D နဲ့ Zinc စတဲ့ သတ္တု ဓာတ် တွေ ကိုဆေးလုံးတိုင်းဆီမှာရရှိနိုင်တာကြောင့် အိမ်တိုင်းဆောင်ထားသင့်တဲ့ဆေးပါ ။
အစာစားပြီး တနေ့ ၁လုံးသောက်သုံးရုံနဲ့ လုံလောက်ပါပြီရှင့်။
အားလုံး စိတ်ရောလူရော ပင်ပန်းနေချိန်မှာ ကိုယ်ခံအားနဲ့ မိုးနဲ့ပါလာမဲ့ ရာသီတုတ်ကွေးတို့ကို ကာကွယ်ထားခြင်းဟာ ကုသခြင်းထက်ပိုပြီး ကောင်းတယ်ဆိုတဲ့ ဆိုရိုးအတိုင်း Nature made ရဲ့ Super C immune Complex နဲ့ ကြိုတင်ကာကွယ်ကြရအောင်လား။
Nature made Super C
Price _ 35000ks(200Caplets)
Instock
Please call to 09783519553 for more information. Thank you guys!
With love,
i_care Health and Beauty.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |
| Saturday | 08:00 - 17:00 |
| Sunday | 08:00 - 17:00 |