Na Net Khinn
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Na Net Khinn, Health/Beauty, မာန်ပြေ၁၀လမ်းထိပ်, Yangon.
ခုလို နွေရာသီမှာ
လေလေးတဖြူးဖြူးနဲ့
အီးတဘူဘူနဲ့ ကျန်းမာရေး ကောင်းချင်တယ်ဆို
ဆိုင်မှာ peptica C ဆိုတဲ့ လေဆေးလေး ရမယ်နော်
ပံုမှန်စျေး ၁၂၀၀ ရောင်းတာကို
ငလျင်ဘေးအတွက် ရေထပ်လှူချင်လို့
၁၀၀၀ နဲ့စျေးချရောင်းပေးနေပါတယ်
ဆယ်ဘူးစာ ၂ သိန်းဖို့း အလှူလုပ်မလို့ပါ
နွေရာသီကို
အီးတဘူဘူ အဲလေ လေတဖြူးဖြူး နဲ့ ဖြတ်သန်းချင်တယ်ဆိုမှ ဝယ်နော်
🎉🎉တကယ်ပါ
မကြာခန လေအောင့်တတ်သူများ
ညဘက် Aircon လေအေးအေးနဲ့ အိပ်စက်ပြီး မနက် လေထိုးလေအောင့် ဖြစ်တတ်သော ကလေးငယ် တိုင်းအတွက်လည်း မေမေတို့ဆောင်ထားသင့်ပါတယ်
Video ပိုင်ရှင်ကို Crd ပေးပါတယ် တိုက်ဆိုင်လွန်းလို့ပါ🤭
25/01/2025
Hello. Hi Morning❤️❤️❤️
မင်္ဂလာရှိသော နံနက်ခင်းလေးပါ
25/01/2025
တပတ်နော်
တော်ရုံတန်ရုံတော့ ဘယ်သူမှ အုန်းရည်ကို တစ်ပတ်လုံးမသောက်တတ်ပါဘူး။ ဒါပေမယ့် အုန်းရည်ကို အချိန်ကြာကြာသောက်မယ်ဆိုရင်တော့ ဒီလိုအပြောင်းအလဲလေးတွေကို ခံစားမိမှာပါ။
(၁)
ကိုယ်ခံအားကောင်းလာမယ်။
အုန်းရည်ဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို သိသိသာသာ ကောင်းမွန်လာစေမှာပါ။
(၂)
အားပြည့်လာမယ်။
တစ်ပတ်လုံး အုန်းရည်သောက်တဲ့အခါ သင့်အနေနဲ့ Energy Drink သောက်ထားသလိုကို အားပြည့်နေမှာပါ။ ဒါပေမယ့် အုန်းရည်ကတော့ ဘေးအန္တရာယ်ကင်းတယ်ပေ့ါဗျာ။
(၃)
ကိုယ်တွင်းအင်္ဂါတွေကောင်းလာမယ်။
သင့်ခန္ဓာကိုယ်အတွင်းက တန်ဆာပလာတွေ သိသိသာသာကို ကောင်းလာပါလိမ့်မယ်။
(၄)
အစာခြေစနစ်ကောင်းလာမယ်။
သင့်အစာခြေစနစ်အတွက် အရမ်းကို အထောက်အကူပြုပါတယ်။ အစာများများစားလာနိုင်သလို သိပ်လည်း ဝမလာနိုင်ပါဘူး။
(၅)
ဝိတ်ကျလာမယ်။
အစာခြေစနစ်ကောင်းလာတဲ့အခါ ဝိတ်လည်း ကျလာတော့မှာ ဖြစ်ပါတယ်။
(၆)
ခေါင်းကိုက်သက်သာစေတယ်။
လေ့လာချက်တွေအရတော့ အုန်းရည်ဟာ ခေါင်းကိုက်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
(၇)
ငယ်ရွယ်နုပျိုစေတယ်။
အချိန်ကြာကြာ သောက်လာတာနဲ့အမျှ အသားအရေ ပြောင်းလဲမှုတွေတောင် ဖြစ်လာနိုင်ပါတယ်။ ငယ်ရွယ်နုပျိုခြင်းကိုလည်း ဖြစ်စေပါတယ်။
သာမန်ရိုးကျ သွေးပေါင်ကျ သွေးအားနည်း ရောဂါများနှင့် နလံထ လူမမာ သွေးလွန်တုတ်ကွေး နောက်ဆက်တွဲ ဆိုးကျိုး အဖြစ် တကိုယ်လုံး ညောင်းညာ ကိုက်ခဲခြင်း ဝေဒနာ များအတွက်
အုန်းသီးနုရည် တစ်လုံး နှင့် သီးစုံဓာတ်ဆား တစ်ထုပ် ရောဖျော် သောက်ပါ က
ကမ္ဘာ့ အကောင်းဆုံး
သွေးအားဖြည့် သက်စောင့် အဟာရ ဓာတ် နတ်ဆေးတစ်ပါးပဲ။
crd
25/01/2025
ရေသောက်ပါ
ခုရက်ပိုင်း ကွယ်လွန်သူတွေဟာ
မနက်၃နာရီဝန်းကျင်မှာ
ကွယ်လွန်ကြတာ တွေ့ရတယ်
၃နာရီ မှ ၈နာရီ ကြားမှာ
ရေသောက် အနဲဆုံးဖြစ်ပြီး
သွေးအပြစ်ဆုံးအချိန်မို့
နှလုံးတိုက်ခိုက်ခံရနိုင်ခြေပိုများတဲ့အချိန်ပါ
အိပ်ရေးပျက်မှာစိုးလို့
ညဖက်ရေ
မသောက်တဲ့ အကျိုးဆက်ပါ
နှလုံးဆရာဝန်ကြီးတွေပြောပါတယ်
၊နှလုံးအားနည်းလို့ နှလုံးရပ်သွားတာထင်ပါတယ်
သွေးမပျစ်အောင်
ရေကိုသတိရတိုင်း သောက်ပေးကြပါ
ညအိပ်ခါနီးမှာ ရေသောက်ရင် အိပ်ရေးပျက်မယ်။
ညသန်းခေါင်ကျော် အချိန်ကြီးမှာ ဆီးထသွားရမယ်။
ဒါကြောင့် အိပ်ခါနီးရင် ရေမသောက်ကြနှင့်
လူတိုင်း ဒီလိုပဲ ထင်ပြီး ဒီလိုပဲ ပြောဆိုလေ့ ရှိကြပါတယ်။
မမှန်ဘူးခင်ဗျား ။
နှလုံးနာတဲ့ ဝေဒနာ အဲ (Heart Attack) နှင့် ရေဆိုတာ
ဒွန်တွဲနေပါတယ်။
လူတွေ ညဘက်မှာ နေ့ဘက်အချိန်တွေထက် ဘာကြောင့်
ဆီးပိုသွားတတ်သလဲ
နေ့ဘက်မှာ လူတွေက မတ်တပ်ရပ်နေကြတယ်။
ကမ္ဘာ့ဆွဲအား(gravity)ကြောင့် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့
ရေတွေက ပေါင်နဲ့ခြေထောက်မှာ သွားစုနေတယ်။
ညဘက်ရောက်တော့ ဒီလိုမဟုတ်တော့ဘူး။ လှဲနေ
အိပ်နေကြတဲ့အတွက် ခန္ဓာကိုယ်က ဆန့်နေတယ်။
ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေက ကျောက်ကပ် (Kidney)နှင့်
တပြေးတည်း ရှိနေတယ်။ ဒီတော့ ခန္ဓာကိုယ် အောက်ပိုင်းမှာ
ရှိတဲ့ ရေတွေက ကျောက်ကပ်ထဲကို စီး၀င်ဖို့
ပိုလွယ်ကူသွားတာပေါ့ ခင်ဗျား။
ကျောက်ကပ်နှင့် ရေက ဘယ်လို ဆက်စပ်နေကြလဲ။
ခန္ဓာကိုယ်အထဲမှာ ရှိတဲ့ အဆိပ်တွေကို ဆီးအဖြစ်
ခန္ဓာကိုယ် အပြင်ကို ရောက်ရှိအောင် ပြုလုပ်ပေးတာပေါ့ ။
ရေပိုသောက်ပေးသင့်တဲ့အချိန်
မနက် အိပ်ရာနိုးနိုးချင်း ရေ(၂)ခွက် သောက်ပါ။ သင့်ခန္ဓာ
အတွင်းမှ ကလီစာတွေ ပိုပြီး အလုပ်လုပ်ကြ ပါလိမ့်မည်။
နံနက်စာ မစားခင် မိနစ်(၃၀)အလိုမှာ ရေ (၁)ခွက် သောက်ပါ။
အစာကြေ လွယ်တာကို ခံစားရပါမယ်။
ရေမချိုးခင် ရေ (၁)ခွက် သောက်ပါ။ သွေးတိုး (blood pressure) ကျစေပါလိမ့်မည်။
အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ပါ။ လေဖြတ်ရောဂါနှင့်
နှလုံးနာရောဂါမှ ကင်းဝေးပါလိမ့်မယ်။
အဲ ပြောရအုံးမယ်။
အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ခြင်းဟာ အထက်ပါ
ရောဂါ (၂)မျိုးမှသာ ကင်းဝေးစေတာ မဟုတ်ပါဘူး။
ညဘက် ခြေထောက် ကြွက်တက်တဲ့ ဒုက္ခ Leg Cramp
မှလည်း ကင်းဝေးစေပါတယ်။
ဘာကြောင့်လဲ။
ညဘက် ခြေထောက်ကြွက်သားတွေ တင်းလာတယ်ဆိုတာ
ရေငတ်လာကြတဲ့အတွက်ပါ။ ဒီအကြောင်းတွေကို အကျယ်
သိချင်လျှင် (၂၉.၇.၂၀၀၉) ခုနှစ်ထုတ် (The Journal of
American College of Cardiology)မှာ ဖတ်ကြည့်ပါ။
နှလုံးနာတဲ့ရောဂါ heart attack ဆိုတာဟာ နေ့ဘက်မှာပဲ
ဖြစ်လေ့ ပိုရှိပါတယ်။ နံနက် (၆)နာရီနှင့် မွန်းတည့်အချိန်
အတွင်းမှာ ဖြစ်တတ်ပါတယ်။ ညဘက် မဖြစ်ဘူးလား။
အဖြစ် နည်းပါတယ်။
နှလုံးရောဂါသည်တွေကို လေဖြတ်မှာ စိုးရိမ်တဲ့အတွက်
(baby asipirin) ဆေးပြားကို တနေ့(၁)ပြား သောက်ခိုင်းပါတယ်။ ညအိပ်ရာ မ၀င်ခင် သောက်ပါ။ ဘာကြောင့်လဲ နေ့ဘက်မှ
ပိုပြီး ဆေးစွမ်းပြစေချင်တဲ့ အတွက်ပါ။ (baby aspirin)
တပြားဟာ (၂၄)နာရီ အာနိသင် ရှိပါတယ်။ လေဖြတ်နိုင်တဲ့
အခွင့်အလမ်း အများဆုံး က မနက် စောစောပိုင်း အချိန်တွေပါ။
(အက်စပလင်) ဆေးပြားတွေက အချိန်ကြာကြာ သိမ်းထားရင်
ရှာလကာရည် (Vineger) အနံ့ထွက်လာလေ့ ရှိပါတယ်။
ဒီ(အက်စပလင်)ကို အသက်ကယ်ဆေးတမျိုးလို့လဲ
မှတ်ယူနိုင်ပါတယ်။ မှန်ပါတယ်။ လေဖြတ်ပြီး ဘ၀ပျက်ရမဲ့
ဒုက္ခကို ဒီဆေးပြားက ကယ်နိုင်တယ် မဟုတ်လား။
ဒါကြောင့် ဒီဆေးပြားကို မိမိ အိပ်ရာနှင့် မလှမ်းမကမ်းမှာ
အမြဲ ဆောင်ထားသင့်ပါတယ်။ မိမိ လျှာအပေါ် တင်လိုက်
တာနှင့် သွေးကြောထဲ အလွယ်တကူ ပျော်၀င်သွားနိုင်တဲ့
(အက်စပလင်)အမျိုးအစားကို ရှာဖွေပြီး သုံးသင့်ပါတယ်။
Heart attack အဲ နှလုံးနာရောဂါ ဖြစ်တော့မယ် ဆိုတာနှင့်
ကြိုတင်သတိပေးတဲ့ ရောဂါလက္ခဏာတွေ အများကြီး ရှိပါတယ်။
ဘယ်လက်မောင်းရင်းမှာ ကိုက်လာမယ်။
မေးစေ့အောက်မှာ မခံမရပ်နိုင်အောင် နာလာမယ်။ မူးမယ်။
ချွေးစေးတွေ ရုတ်တရက် ခန္ဓာကိုယ်မှာ ထွက်လာမယ်။
အဲ ဒါပေမဲ့ တခါတရံ နှလုံးနာဝေဒနာ စဖြစ်နေပြီ ဖြစ်ပေမဲ့
ဒီလက္ခဏာတွေ မပေါ်တာလဲ ရှိတတ်ပါတယ်။
နှလုံးရှိတဲ့ ရင်ဘတ်နေရာမှာတောင် မနာဘူး။ မကိုက်ဘူးတဲ့။
မှန်ပါတယ်။
အိပ်ပျော်နေတဲ့ ဝေဒနာသည် ၆၀% ရာခိုင်နှုန်းက နှလုံးနာ
ဝေဒနာ စတင် ဖိစီးနေကြပေမဲ့ သူတို့ အိပ်ပျော်နေကြရာမှတောင် မနိုးဘူးတဲ့။
မြန်မာတွေ ပြောလေ့ရှိတဲ့ အိပ်ပျော်နေရင်းနှင့် အသက်ထွက်သွားတယ်ဗျာ ဆိုတာ ဒီလို သေတာမျိုးတွေပေါ့ ခင်ဗျား။
ဒါပေမဲ့ နိုးသွားကြတဲ့ လူတွေက များပါတယ်။
အဲ အိပ်ရာက နိုးနိုးချင်း ဘာလုပ်သင့်ပါသလဲ။
(အက်စပလင်) ဆေး (၂)ပြားကို ပါးစပ်ထဲ ပစ်ထည့်ပြီး ရေသောက်ချလိုက်ပေါ့ ခင်ဗျား။
အဲ ဒီမှာ ရေက အရေးကြီးလာပြီ။
ရေကို မိမိ အိပ်ရာဘေးတွင် အဆင့်သင့် မဆောင်ထားလျှင် ဒုက္ခမရောက်ပေဘူးလား။ ဒါကြောင့် လူတိုင်းဟာ မိမိတို့ အိပ်ရာဘေးရှိ စားပွဲပေါ်တွင် ရေပုလင်း အဲ ရေဗူးကို အမြဲ အဆင်သင့် ဆောင်ထားပြီး အိပ်သင့်ကြပါတယ်။
နောက် ဘာဆက်လုပ်သင့်ပါသလဲ။
အိပ်ရာပေါ်တွင် ဆက်ပြီး လှဲမနေသင့်ပါဘူး။
အိပ်ရာမှ ဖြည်းဖြည်း ထထိုင်ပြီး အနီးဆုံး ကုလားထိုင် တလုံးပေါ်မှာ သက်သက်သာသာ ငြိမ်ပြီး ထိုင်နေပါ။
အနီးပတ်၀န်းကျင်မှ လူတွေကို နှိုးပြီး အကူအညီ တောင်းပါ။ ဆေးရုံကို အမြန်ဆုံး ရောက်အောင် ပို့ခိုင်းပါ။
အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားတဲ့ (Heart attack and water)ဆိုတဲ့ ဆောင်းပါးက ဒီလောက်ပါပဲ။
တိုတိုလေးပါ။
ဒါပေမဲ့ ဆောင်းပါးရှင်က ပြောထားပါတယ်။ ဒီဆောင်းပါးကို သင် လူ (၁၀)ယောက်ထံကို မျှဝေပို့ပေးပါ။ လူတယောက်ရဲ့ အသက်ကို သင်ကယ်ကောင်း ကယ်နိုင်ပါလိမ့်မယ်။
မှန်ပါတယ်။
ကျွန်တော်လည်း ဒီအတိုင်းပင် ယုံကြည်ပါတယ်။
စာရှုသူ ။
ဒီနေ့ ကမ္ဘာကြီးမှာ နှစ်စဉ် နှလုံးရောဂါဖြင့် သေသူ လူဦးရေ ဘယ်လောက် ရှိတယ်လို့ သင် ထင်ပါသလဲ။
(၂၀၁၇) ခုနှစ်မှာ (၁၇)ဒဿမ (၃)သန်း ရှိပါတယ်။
(၂၀၃၀)ခုနှစ်မှာ (၂၃)ဒဿမ (၆)သန်းအထိ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
(၂၀၀၈)ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ သေတဲ့လူ ၃၀ (သုံးဆယ်) ရာခိုင်နှုန်းက နှလုံးရောဂါဖြင့် သေကြပါတယ်။ ဒီသေတဲ့ လူတွေအထဲက (၈၀)ရာခိုင်နှုန်း ဦးရေက ဆင်းရဲတဲ့ တိုင်းပြည်က သေကြတဲ့ လူတွေပါ။
အမေရိကန်ပြည်ထောင်စု တခုထဲမှာ ဒီရောဂါဖြင့် သေတဲ့ဦးရေက ၈ (ရှစ်)သိန်းနီးပါး ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ တရက်ကို နှလုံးရောဂါဖြင့် သေတဲ့ ပျှမ်းမျှ ဦးရေက ၂၁၅၀ (နှစ်ထောင့် တစ်ရာ့ငါးဆယ်) ရှိပါတယ်။
စက္ကန့် (၄၀)မှာ (၁)ယောက်နှုန်း သေနေကြတယ်ပေါ့ ခင်ဗျား။
(ကင်ဆာ) ရောဂါကို ဒီနေ့ လူတိုင်း အလွန်ကြောက်လန့်ကြပါတယ်။ အဲ ဒါပေမဲ့ ဒီကင်ဆာရောဂါ ကြောင့် ဒီနေ့ သေနေတဲ့ ဦးရေက နှလုံးရောဂါကြောင့် သေကြရတဲ့ ဦးရေလောက် မများပါဘူး။
အမေရိကန်ပြည်ထောင်စုမှာ နှလုံးနှင့် နွယ်တဲ့ ရောဂါတမျိုးမျိုးကို ခံစားနေကြတဲ့ လူဦးရေက ၈၅ ဒဿမ ၆သန်းကျော် ရှိပါတယ်။
မှန်ပါတယ်။
ဒါကြောင့်လည်း ဒီနှလုံးရောဂါသည်တွေအတွက် အသုံးပြုနေရတဲ့ ဆေးကုသစရိတ်က အမေရိကန် ဒေါ်လာ (ဗေလီယံ)ပေါင်း ၃၂၀ (သုံးရာ့နှစ်ဆယ်) ကျော် ရှိပါတယ်။
#ကျန်းမာရေး
23/01/2025
22/12/2024
😁နံနက်ခင်းလေး သာယာတာပေါ့😁
အားပြည့်အောင် အားဆေးတိုက်မယ်နောိ🤭
မနက်နိုးတာနဲ့ အတွေးထဲ ပထမဆုံးဝင်လာတာက မင်းပဲ💛🩶🤍
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
မာန်ပြေ၁၀လမ်းထိပ်
Yangon
24/01/2025