Nature & Co Organic
suggest to skin ptoblem
27/10/2025
Hello KOSÉ ချစ်သူများအားလုံးပဲ မင်္ဂလာပါ...!!!
အားလုံးနဲ့လည်း မဆုံတာကြာပြီဆိုတော့ မကြာခင်ကျရောက်တော့မယ် တန်ဆောင်တိုင်ကာလမှာ KOSÉ ချစ်သူတွေအားလုံးနဲ့ ဆုံဆည်းနိုင်ဖို့
💙KOSÉ Tazaungdaing Promotion Festival💙 ကြီးကို
📌Foodland Supermarket, အမှတ် - ၇ (မြေညီ)၊ ရွာမကျောင်းလမ်း၊ လှိုင်မြို့နယ်မှာရှိတဲ့
(Hlaing) မှာ
📅နိုဝင်ဘာလ ၁-၂ (စနေ၊ တနင်္ဂနွေ) ၂ ရက်တိုင်တိုင် ကျင်းပသွားဖို့ စီစဉ်ထားတာမို့လို့
🎁Door Gifts လေးတွေလက်ဆောင်ယူရင်း ၊ဆုံကြ စားကြရင်း
SEKKISEI, CLEAR WELLNESS, INFINITY, ESPRIQUE, FASIO တွေကို special price တွေနဲ့ ဝယ်ယူနိုင်ဖို့
တန်ဆောင်တိုင် Promotion အစီအစဉ်ကို မပျက်မကွက်ကြွရောက်ပေးဖို့ ဖိတ်ခေါ်ပါရစေရှင့်။
05/06/2025
Up to 30% Discount
KOSÉ Cosmetics ရဲ့ selected items တွေကို အပါအဝင် % Discount အထိရရှိနိုင်မယ့် အခွင့်အရေးကို
ဇွန်လ ၆/၇/၈ (၃)ရက်တိုင်တိုင် Beauty Diary (Myanmar Plaza Grand Opening Event) မှာ ရရယူနိုင်မယ့်အကြောင်း သတင်းကောင်းလေးပါးလိုက်ပါရစေနော်။
30/11/2024
အတန်ဆုံး ဈေးနှုန်းနဲ့ အရယူလိုက်ပါ။
အဆီပြန်လွန်းမှာလည်းစိုးရ အသားခြောက်လွန်းမှာလည်းစိုးရနဲ့
အပူအအေး မသဲကွဲတဲ့ ဒီဇင်ဘာကို
အပြစ်အနာအဆာကင်းပြီး အဆီဓာတ်-ရေဓာတ်သင့်တင့်မျှတတဲ့ အရေပြားအလှလေးနဲ့ ကြိုဆိုဖို့ KOSÉ ရဲ့ selected items Skincare, Cosmetics တွေကို Up to 30% Discount အထိ လျော့ချပေးသွားမယ့် December Promotion အစီအစဉ်ကြီးကို ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ KOSÉ Myanmar Viber Community မှာ စတင်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေရှင့်။
12/10/2024
သီတင်းကျွတ် Promotion ကိုစောင့်ကြိုနေကြတဲ့ KOSÉ ချစ်သူတွေအတွက်
🔵Up to 20% Discount အပါအဝင်
🔵အပူရှိန်ပြင်းတဲ့ ကာလတွေမှာ အရေပြားအတွင်းကထွက်လာဖို့ တာဆူနေတဲ့ တင်းတိပ်၊ အမည်းစက်၊ အမည်ဒကွက်တွေကို ဖြိုခွဲပေးဖို့၊ မညီညာသမျှ အသားရောင်ကို ဖြူစင် ကြည်လင် ညီညာသွားစေဖို့ SEKKISEI Skincare Set တစုံ ဝယ်ယူတာနဲ့ Emulsion 140 ml တဗူးတန်ဖိုး 250,500/- သက်သာနိုင်ခွင့်
🔵အပူရှိန်ပြင်းရုံက ချွေးထွက်များ၊ ဖုန်ကပ်လွယ်၊ မီးစက်၊ air con ဒဏ်တွေ၊ မိုးရွာလို့ အိမ်ထဲက မှိုမှုန့်လေးတွေကြောင့် အရေပြားရဲ့ Barrier Function ကိုပါ ထိခိုက်လာတဲ့ အသာဒအရေပိုင်ရှင်တွေအတွက်ကတော့ Sensitive/ Dry Skin ပိုင်ရှင်တွေကနေ Oily, Combination Skin ပိုင်ရှင်တွေအထိ စိတ်ချလက်ချသုံးနိုင်တဲ့ SEKKISEI Clear Wellness Skincare တစုံဝယ်ယူယုံနဲ့ 100,000/- ကျော် သက်သာရုံမက လက်ဆောင်တွေပါ ပြန်ပေးဦးမယ့်
အတန်ဆုံး Thadingyut Promotion အစီအစဉ်ကြီးကို အောက်တိုဘာလ ၁၂-၁၈ အထိ စတင်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါရစေနော်။
&co
21/08/2024
%
"မျက်နှာသစ်မယ်၊ အစိုဓာတ်ဖြည့်မယ်။ ခေါင်းလျှော်မယ်...ဆံသားကို အားဖြည့်မယ်” ဆိုတဲ့ အခြေခံ အရေပြားနဲ့ ဦးရေပြား ဆံသားအလှထိန်းသိမ်းမှုကတော့ အသက်အရွယ်မရွေး၊ အသားအရေမရွေး လုပ်နေကြရတာမဟုတ်ပါလား။
အစစအရာရာချွေတာနေရတဲ့ကာလမှာတော့ အသုံးပြုလိုက်တဲ့ skincare/ haircare တွေက တမျိုးဆိုတမျိုး ထိထိရောက်ရောက်ဖြစ်ရုံတင်မက ငွေအကုန်အကျ သက်သာဖို့လည်း လိုအပ်လာပါပြီ...
အထိအရောက်ဆုံးနဲ့ အကောင်းဆုံး Product တွေကို စျေးနှုန်းတန်တန်လေးနဲ့ ဝယ်ယူနိုင်ဖို့အတွက် ဆိုရင်တော့ KOSÉ ရဲ့ Up to 30% Discount ပါဝင်တဲ့ August လ Promotion က အဆင်သင့်ရှိနေပါပြီ။
1️⃣အခုလို မှိုနဲ့ ဘက်တီးရီးယားတွေ နေရာအနှံ့ပေါက်ဖွားလွယ်ပြီး မျက်နှာကို ယားကျိကျိနဲ့ မသက်မသာဖြစ်စေတဲ့ မိုးရာသီ၊ လေထုထဲက စိုထိုင်းစကြောင့် အဆီနဲ့ အစိုဓာတ်တွေ များပြားလွန်းပြီး ချွေးပေါက်ပိတ်လွယ်၊ ဝက်ခြံနဲ့ ဆားဝက်ခြံ ထွက်လွယ်စေတဲ့ မိုးရာသီမှာ
✅အဆီပြန်တာကိုလည်း ထိန်းပေးနိုင်ရမယ်
✅ထွက်သမျှဝက်ခြံတွေကိုလည်း သိသိသာသာ သက်သာစေရမယ်
✅ဆားဝက်ခြံတွေကို ပျော်ဆင်းပြီး အပြတ်ရှင်းပေးနိုင်ရမယ်
✅ယားကျိကျိဖြစ်စေတဲ့ မှိုနဲ့ ဘက်တီးရီးယားတွေကို သက်သာစေနိုင်တဲ့ အာနိသင်လည်းရှိရမယ်
✅အသားလည်းမခြောက်သွားစေရဘူးဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ မျက်နှာသစ်ကတော့ Junkisui Foaming Wash ပါ။
2️⃣မျက်နှာသစ်ပြီးသွားရင်တော့ စိုစိုကြည်ကြည်လင်းလင်းဝင်းဝင်းလေးဖြစ်ဖို့အတွက် အစိုဓာတ်ဖြည့်ပေးဖို့က မဖြစ်မနေလိုအပ်လာပါပြီ။
✅လိမ်းလိုက်တဲ့အချိန် စိုပြေသွားရုံမဟုတ်ဘဲ
✅တနေ့တာလုံး အစိုဓာတ်ကို သေသေချာချာထိန်းပေးထားနိုင်တဲ့အထိ စွမ်းဆောင်နိုင်ရမယ်
✅အသားအရေကို safe ဖြစ်အောင် botanical ပစ္စည်းတွေနဲ့ ဖန်တီးထားတာလည်းဖြစ်ရမယ်လို့ရည်ရွယ်ထားရင်တော့
✅တမျိုးတည်းသုံးရုံနဲ့ lotion, essence, emulsion အာနိသင်ကို တပြိုင်တည်း ရနိုင်မယ့်အရာက Nature & Co Botanical Lotion ပါ။
3️⃣မျက်နှာအလှထိန်းသိမ်းပြီးသွားရင်တော့ နေဒဏ်၊ ရေဒဏ်၊ လေဒဏ်၊ styling tools တွေ၊ ဆိုးဆေးဒဏ်တွေကြောင့် အဖျားနှစ်ခွဖြစ်လို့ ခေါင်းဖီးလိုက်တာနဲ့ ကျွတ်လွယ် ကျိုးလွယ် ပျက်စီးလွယ်တဲ့ ဆံသားကိုလည်း အားဖြည့်ပေးဖို့ လိုအပ်ပါသေးတယ်။
✅ဦးရေပြားထိရင်တောင် ချွေးပေါက်ပိတ်ပြီး ဗောက်ထတာမျိုးမဖြစ်ရလေအောင် silicone free ဖြစ်ရုံမက ✅ဗီတာမင် အီး အပြည့်ပါတဲ့ Argan Oil, နှစ်ပေါင်းများစွာတည်းက အီဂျစ်အမျိုးသမီးတွေရဲ့ ဆံကေသာ ထိန်းသိမ်းမှုအလေ့အထမှာ လက်စွဲ Almond Oil, ဆေးဖက်ဝင် Sage ပင်ကနေထုတ်ယူထားတဲ့ Sage Oil တွေလို ဦးရေပြားနဲ့ ဆံသားအတွက်အကောင်းဆုံး အဆီအနှစ်တွေကို သုံးထားလို့ ဆံသားအတွက် စိတ်ချလက်ချသုံးနိုင်တာ Nature & Co Conditioner ပါ။
14/08/2024
တရိပ်ရိပ်တတ်နေတဲ့ ကုန်စျေးနှုန်းတွေကြား “Skincare steps တွေလျော့ချလိုက်ရမလား” ဆိုပြီး အတွေးမများပါနဲ့...
Nature & Co Botanical Lotion တဗူးရှိရင် အားလုံးပြည့်စုံပါပြီ။
Moisturizing, Hydration အတွက်အကောင်းဆုံးလို့ သတ်မှတ်ထားကြတဲ့ Organic Jojoba Oil, Olive Oil, Coconut Oil, Baobao Oil တို့လို botanical အဆီအနှစ်တွေနဲ့ချည်း ဖန်တီးထားတာမို့လို့ တမျိုးသုံးရုံနဲ့
💧Lotion ရဲ့ အစိုဓာတ်ကို ချက်ခြင်းဖြည့်ပေးနိုင်စွမ်း
💧Essence ရဲ့ အလွယ်တကူမရောက်နိုင်တဲ့ အရေပြားဆဲလ်လေးတွေအထိအောင် အစိုဓာတ်ကို ဖြည့်ပေးပြီး အချိန်အကြာကြီး စိုပြေနေစေနိုင်စွမ်း
💧Emulsion ရဲ့ လိမ်းထားတဲ့ အစိုဓာတ်တွေအချိန်အကြာကြီး တည်မြဲနေအောင် အလွှာပါးလေးနဲ့ ကာကွယ်ပေးနိုင်စွမ်းလုပ်ဆောင်ချက် ၃ မျိုးနဲ့
အပူဒဏ်၊ အအေးဒဏ်၊ လေဒဏ်၊ ရေဒဏ်တွေကြောင့် အသားအရေမပျက်စီးရလေအောင် ကာကွယ်ပေးမယ့်အပြင်
တမျိုးတည်းသုံးပြီး Budget တင်မက အချိန်ပါချွေတာနိုင်သေးတာ။
Lotion မို့လို့ Lotion အနေနဲ့ပဲသုံးရုံလားဆို ဘယ်ဟုတ်ပါ့မလဲ...။ မျက်နှာလေးကို တအိအိတုန်နေအောင် အစိုဓာတ်လှိုင်လှိုင်ဖြည့်ပေးဖို့ Dry Mask လေးမှာ Lotion အရည်ခပ်ရွှဲရွှဲလေးဆွတ်ပြီး Lotion Mask အနေနဲ့ သုံးလို့ရသေးပြန်ရော။
သဘာဝ လိမ္မော်သီး ၊သစ်တော်သီး ၊ရှောက်သီး၊ နှင်းဆီ၊ စံပယ် တို့လို ပန်းမန်တွေနဲ့ ဝက်သစ်ချပင် တို့ရဲ့ရနံ့သင်းသင်းလေးကလည်း အခုလို stress များပြီး ခြောက်ခြားစရာ ကာလတွေအတွက်တော့ calming effect ရဖို့ တဖက်တလမ်းက ကူညီပေးမယ့် အပိုဆောင်းလက်ဆောင်လေးပေါ့။
&co
07/07/2024
Botanical ဆိုတဲ့ စကားလုံးကို မြင်လိုက်ကြားလိုက်တာနဲ့ အသားအရေအတွက် အလိုလိုစိတ်ချ ယုံကြည်လာတယ်...
သုံးလိုက်တဲ့အခါမှာလည်း နူးညံ့ပြီး ပိုထိရောက်တယ်လို့ ခံစားရတယ်...
တော်ရုံတန်ရုံ မတည့်တာမရှိလို့ တွဲသုံးဖို့ပစ္စည်းကို ခေါင်းခြောက်အောင် စဉ်းစားနေစရာမလိုဘူး...
ပတ်ဝန်းကျင်နဲ့လည်း သဟဇာတဖြစ်တယ်...ဒီလို အပြုသဘောဆောင်တဲ့အတွေးတွေဝင်လာကြမှာ အသေချာပါ။
Nature & Co Botanical Lotion ကတော့ ဒီထက်မက ပိုပါတယ်...
Jojoba Oil, Organic Coconut Oil, Organic Baoba Oil, Cucumber essence (သခွားသီးအဆီအနှစ်), Kamukamu essence နဲ့ Noni essence (ရဲယိုသီးအနှစ်) တို့လို အဆီအနှစ်တွေနဲ့ ပေါင်းစပ်ဖန်တီးထားပြီး
တမျိုးသုံးရုံနဲ့တင်
1️⃣Lotion ရဲ့ ချက်ခြင်းဆိုသလို အစိုဓာတ်ကို ဖြည့်ပေးနိုင်စွမ်း
2️⃣Emulsion ရဲ့ ဖြည့်ထားတဲ့ အစိုဓာတ်ကို တနေကုန်ကြာရှည်ခံအောင် ထိန်းသိမ်းပေးနိုင်စွမ်း
3️⃣Essence ရဲ့ သာမန်ထက်ပိုပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်စွမ်း စတဲ့ အလုပ် ၃ မျိုးကို စွမ်းဆောင်ပေးတာမို့လို့
အသားအရေကို နေဒဏ် လေဒဏ် ဘက်တီးရီးယားဒဏ်နဲ့ ရေဓာတ်ဆုံးရှုံးခြင်း တို့ကို ကာကွယ်ပေးထားပြီး
Silicone Free ဖြစ်တာမို့လို့ ဆားဝက်ခြံ အဆီကျိတ်ဖြစ်မှာ လုံးဝစိတ်ပူစရာမလိုတဲ့အပြင်
သဘာဝ လိမ္မော်သီး ၊သစ်တော်သီး ၊ရှောက်သီး တို့လိုသစ်သီးတွေ၊ နှင်းဆီ၊ စံပယ်နဲ့ ဝက်သစ်ချပင် တို့ရဲ့ရနံ့တွေက လိမ်းထားချိန်မှာ စိတ်ကိုလည်း ကြည်လင် လန်းဆန်းနေစေဦးမှာပါ။
&Co
26/05/2024
#တမျိုးတည်းသုံးရုံနဲ့လည်းတဖိတ်ဖိတ်လက်နေနိုင်ပါတယ်
1️⃣မျက်နှာသစ်ပြီးတာနဲ့ ဆုံးရှုံးသွားတဲ့ အစိုဓာတ်ကို ချက်ခြင်းဖြည့်ပေးဖို့ Lotion အာနိသင်
2️⃣သာမန်ထက် အစိုဓာတ်ကို အကြာကြီး ထိန်းပေးထားနိုင်ဖို့ Essence အာနိသင်
3️⃣လိမ်းထားတဲ့ အစိုဓာတ်တွေကို ပတ်ဝန်းကျင်၊ ရာသီဥတု၊ အကြောင်းကြောင်းကြောင့် မဆုံးရှုံးအောင် အလွှာပါးလေးနဲ့ ကာကွယ်ပေးထားတဲ့ Emulsion အာနိသင်
၃ မျိုးကို Organic Jojoba Oil, Organic Coconut Oil, Organic Baoba Oil, Cucumber essence, Kamukamu Essence, Noni essence (ရဲယိုသီး အဆီအနှစ်) တို့ကနေရတဲ့ botanical အဆီအနှစ်တွေနဲ့ ဖန်တီးထားတာကြောင့် အဆီမပြန်ဘဲ
စိုစိုအိအိ တင်းတင်းဝင်းဝင်းလေးနဲ့ ရေဓာတ်ပြည့်တဲ့အလှကို ပိုင်ဆိုင်ရမှာပါ။
&Co
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. (27), Thu Mingalar Housing(1), Thu Nan Dar Street, Sa/Thu Mingalar Ward, Thingangyun Township
Yangon
001