Freya Skin Clinic

Freya Skin Clinic

Share

"Enhance your beauty." "Healthy skin is a reflection of overall wellness."

16/05/2026

iREJU x Derma Shine PRO: ဖန်ပြွန်လေးလို ကြည်လင်ပြောင်ချောမယ့် Glass Skin ကုထုံး ✨

မျက်နှာသစ်ပြီးမှန်ကြည့်တိုင်း... အသားအရေက ခြောက်သွေ့၊ မွဲခြောက်ပြီး အသက်မပါသလို ခံစားနေရပြီလား? 💆‍♀️

🌟 iREJU White Serum ဆိုတာ ဘာလဲ?
Korea နိုင်ငံထုတ် Premium Grade Skin Booster တစ်ခုဖြစ်ပြီး အရေပြားအတွင်းပိုင်း ဆဲလ်အထိ အာဟာရဖြည့်တင်းပေးနိုင်တဲ့:
• Sodium Hyaluronate (HA): အသားအရေကို ရေဓာတ်အပြည့်အဝ ဖြည့်တင်းပေးပြီး တင်းရင်း စိုပြေစေခြင်း။
• Niacinamide (4%): တင်းတိပ်၊ မှဲ့ခြောက်နဲ့ အမည်းစက်တွေကို အထိရောက်ဆုံး လျော့ပါးသက်သာစေပြီး အသားအရောင်ကို သိသိသာသာ ဝင်းပကြည်လင်စေခြင်း။
• Amino Acid Complex & Adenosine: အရေးအကြောင်း (Wrinkles) များကို လျော့ပါးစေပြီး Collagen ထွက်ရှိမှုကို လှုံ့ဆော်ပေးကာ အရေပြားအတားအဆီး (Skin Barrier) ကို ပိုမိုခိုင်မာစေခြင်း။

💉 ဘာကြောင့် Derma Shine PRO စက်နဲ့ တွဲပြီး ထိုးသင့်တာလဲ?
လက်နဲ့တစ်ချက်ချင်း ထိုးတာထက် Derma Shine PRO (ခေတ်မီ Mesotherapy Injector စက်) ကို အသုံးပြုရခြင်းရဲ့ အားသာချက်များကတော့ -
1. Uniform Delivery: စက်ရဲ့ Multi-needle Vacuum နည်းပညာကြောင့် ဆေးရည်တွေကို အရေပြားအနက် တစ်သမတ်တည်း ကျရောက်စေပြီး ဆေးလေလွင့်မှု လုံးဝမရှိစေပါဘူး။
2. Less Pain & No Downtime: အပ်အပ်ချင်း သေးငယ်ပြီး Suction System ပါဝင်တာကြောင့် နာကျင်မှု လွန်စွာနည်းပါးပြီး ဖူးရောင်ခြင်း၊ သွေးခြေဥခြင်း သက်သာစေပါတယ်။
3. Precise Dosage: အရေပြားအတွင်းပိုင်းကို လိုအပ်တဲ့ ဆေးပမာဏ အတိအကျ တိုက်ရိုက် ရောက်ရှိစေတာမို့ ရလဒ်ကို အမြန်ဆုံး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

✨ ဒီ Treatment က ဘယ်သူတွေနဲ့ သင့်တော်လဲ?
📍အသားအရေ ခြောက်သွေ့ပြီး ရေဓာတ်ခမ်းခြောက်နေသူများ
📍အသားအရောင် မညီညာဘဲ မွဲခြောက် ညိုညစ်နေသူများ
📍မျက်နှာပေါ်က အရေးအကြောင်း (Fine Lines) တွေ စတင်ပေါ်ပေါက်လာသူများ
📍ချွေးပေါက်ကျယ်ပြီး မျက်နှာအသားအရေ လျော့တွဲလာသူများ

💡Freya's Tip: အရေပြားအတွင်းပိုင်းကနေ စတင်ပြီး ကျန်းမာ စိုပြေတဲ့ ရလဒ်ကို ရရှိဖို့အတွက် အနည်းဆုံး ၃ ကြိမ်မှ ၄ ကြိမ်အထိ (၂ ပတ် သို့မဟုတ် ၃ ပတ် တစ်ကြိမ်) စနစ်တကျ ကုသမှု ခံယူဖို့ အကြံပြုပါရစေရှင်။

💬 သင့်အသားအရေရဲ့ လိုအပ်ချက်တွေကို အခမဲ့ တိုင်ပင်ဆွေးနွေးပြီး Skin Goal အသစ်ကို Freya နဲ့အတူ အကောင်အထည်ဖော်ဖို့ အခုပဲ Page Messenger ကနေ Booking ယူလိုက်ပါနော်။ 📥✨



📍 Address: No.108/3A, Kyun Taw Road, Sanchaung
Google map: https://maps.app.goo.gl/FAdZpcucKAx4c5aR9?g_st=ic
☎️ Call Us: 09 564 1654

Photos from Freya Skin Clinic's post 14/05/2026

💎 Whitening Drip Aftercare: သင့်ရဲ့ Glow-up ခရီးလမ်း ပိုမိုတောက်ပလာစေဖို့

ဆေးခန်းမှာ Whitening Drip treatment လာယူသွားတဲ့ clients တွေအတွက် Aftercare လေးတွေကို အထူးဂရုစိုက်ပေးပါရန် Reminder လေး ပို့ပေးလိုက်ပါတယ်ရှင်။ ✨

ဆေးထိုးရုံတင် မဟုတ်ဘဲ aftercare tips လေးတွေကိုပါ လိုက်လုပ်ကြည့်ရင် ရလဒ်က ပိုမြန်ဆန်ထိရောက်လာမှာပါရှင်။

💧 ၁။ ရေများများသောက်ပါ
Drip ထဲမှာပါတဲ့ ဗီတာမင်တွေက ရေဓာတ်နဲ့အတူ ခန္ဓာကိုယ်အနှံ့ကို ပျံ့နှံ့စီးဆင်းတာပါ။ ဒါကြောင့် ဆေးထိုးပြီး ၂ ရက်၊ ၃ ရက်အတွင်းမှာ ရေကို ပုံမှန်ထက် ပိုသောက်ပေးပါ။ ဒါမှ အဆိပ်အတောက်တွေ စင်ကြယ်ပြီး အသားအရေက အတွင်းကနေ တင်းရင်းစိုပြေလာမှာပါ။

☀️ ၂။ Sunscreen လိမ်းဖို့ ဘယ်တော့မှ မမေ့ပါနဲ့
ဆေးက အထဲကနေ Melanin လျှော့ချပေးနေချိန်မှာ အပြင်ကနေ နေရောင်ခြည်ဒဏ်ကို မကာကွယ်ရင် ရလဒ်က နှေးသွားပါလိမ့်မယ်။

💤 ၃။ အိပ်ရေးဝဝအိပ်ပါ
ညဘက် ၁၀ နာရီကနေ ၂ နာရီကြားဟာ Skin Repairing အကောင်းဆုံးအချိန်မို့ အိပ်ရေးဝဖို့ လိုပါတယ်။

🍊 ၄။ ဗီတာမင်စီ ပါတဲ့ အစားအစာတွေ စားပေးပါ
Fresh ဖြစ်တဲ့ အသီးအနှံလေးတွေ (ဥပမာ- လိမ္မော်သီး၊ စတော်ဘယ်ရီ) စားပေးတာက Drip ထဲက Glutathione ကို ပိုပြီး Active ဖြစ်စေပါတယ်။

🚭 ၅။ ဆေးလိပ်နဲ့ အရက်ကို ခဏရှောင်ပါ
ဒါတွေက အသားအရေကို ခြောက်သွေ့စေပြီး Drip ရဲ့ ရလဒ်ကို နှေးကွေးစေလို့ပါ။

Drip ရဲ့ ရလဒ်က ကိုယ့်ရဲ့ နေ့စဉ် Lifestyle လေးတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ မျှော်လင့်ထားတာထက် ပိုပြီး သိသာမြန်ဆန်စေပါတယ်ရှင်။ ✨💖



🌟 Freya Skin Clinic 🌿

Discover Radiance at Every Touch!

📍 Address: No.108/3A, Kyun Taw Road, Sanchaung
Google map: https://maps.app.goo.gl/FAdZpcucKAx4c5aR9?g_st=ic
☎️ Call Us: 09 564 1654

13/05/2026

Freya Skin Clinic သို့ မလာရောက်မီ Booking အမြန်တင်လိုက်ပါဦးရှင့် ✨

Dear Patients ... 💖
Freya Skin Clinic မှာ ကုသမှုခံယူဖို့ လာရောက်မယ်ဆိုရင် မလာရောက်ခင် ကြိုတင် Booking တင်ပေးဖို့ မေတ္တာရပ်ခံပါရစေရှင့်။

ကျွန်မတို့ ဆရာမက အပြင်ဆေးခန်းတွေမှာလည်း လူနာများ သွားကြည့်ပေးနေရတာကြောင့် ဆေးခန်းကို တိုက်ရိုက်လာတဲ့အခါ ဆရာမနဲ့ မဆုံဖြစ်မှာစိုးလို့ပါရှင့်။

လူနာရှင်တို့ရဲ့ အဖိုးတန်တဲ့အချိန်တွေ မကုန်ဆုံးစေဖို့နဲ့ စောင့်ဆိုင်းရတာမျိုး မရှိရအောင် အောက်ပါအတိုင်း ကြိုတင်ချိတ်ဆက်ပေးပါဦးနော်။

📍 ကြိုတင် Booking ရယူရန်: 095641654 or Messenger
📍 လိပ်စာ: No.108/3A, Kyun Taw Road, Sanchaung

12/05/2026

ကိုရီးယားမင်းသမီးလေးတွေလို Glass Skin ရဖို့ လျှို့ဝှက်ချက်က ဘာလဲ? ✨

မျက်နှာလေးက အမြဲတမ်း ပြောင်ပြောင်တင်းတင်းနဲ့ ကြည်လင်နေတာကို အားကျနေပြီလား? ဒါဆိုရင်တော့ Freya Skin Clinic ရဲ့ Premium Chanel Injection ရှိတယ်နော်။ 💖

သူက ရိုးရိုး Skin Booster မဟုတ်ဘဲ အသားအရေအတွက် အကောင်းဆုံးဖြစ်တဲ့ Sodium Polynucleotide (PDRN), Glutathione, TranEX-1 နဲ့အတူ Vitamins, Amino Acids, Minerals ပေါင်းများစွာ ပါဝင်တာကြောင့် အသားအရေကို အတွင်းပိုင်းကနေ တစ်ရှူးတွေအထိ ပြန်လည်ပြုပြင် (Restores intra dermal structure) ပေးနိုင်တာပါ။

✅ Deep Hydration & Repair: PDRN နဲ့ Hyaluronic Acid ပေါင်းစပ်မှုကြောင့် ပျက်စီးနေတဲ့ အသားအရေကို ပြန်လည်ကုသပေးပြီး အတွင်းပိုင်းထိ ရေဓာတ်ဖြည့်ပေးတယ်။
✅ Whitening & Radiance: Glutathione နဲ့ TranEX-1 ကြောင့် အသားအရေကို ကြည်လင်တောက်ပစေပြီး အမည်းစက်တွေကိုပါ သိသိသာသာ သက်သာစေတယ်။
✅ Texture Improvement: ချွေးပေါက်ကျဉ်းစေပြီး အရေးအကြောင်းတွေကို သက်သာစေလို့ အသားအရေက ပိုးသားလေးလို နူးညံ့သွားမှာပါ။

🌟 How to use?
အကောင်းဆုံး Result ရဖို့အတွက် (၂) ပတ် (သို့) (၃) ပတ် တစ်ကြိမ်နှုန်းနဲ့ (၄) ကြိမ် Sessions ယူပေးရုံနဲ့ ထူးခြားပြောင်းလဲသွားတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါပြီ။

Premium ဆန်ဆန် Glow ချင်တဲ့ ပျိုမေတို့အတွက် အကောင်းဆုံး Choice မို့ အခုပဲ Page Messenger ကနေ Appointment ယူလိုက်တော့နော် ✨

🌟 Freya Skin Clinic 🌿
Discover Radiance at Every Touch!
📍 Address: No.108/3A, Kyun Taw Road, Sanchaung
☎️ Call Us: 09 564 1654

10/05/2026

မေမေ့အတွက် Surprise! မေလထဲမှာ မေမေ့ကို အလှဆုံးလေး ဖြစ်စေချင်တယ်ဆိုရင်... 👩‍❤️‍👩✨

ဒီနေ့ မေလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ "အမေများနေ့" မှာ မေမေ့ကို လက်ဆောင်မပေးလိုက်ရလို့ စိတ်မကောင်းဖြစ်နေတဲ့ သားသားမီးမီးတို့အတွက် Freya Skin Clinic က "နုပျိုခြင်းလက်ဆောင်" လေး ပေးဖို့ စီစဉ်ပေးလိုက်ပါတယ် 🥰

May 10/11/12 မှာကျ ဆရာမက အပြင်ဆေးခန်းတွေ သွားကြည့်နေရမှာမို့ May 13 / 14 (၂ ရက်အတွင်း) Freya မှာ မိမိအတွက် Treatment တစ်ခုခု လာယူတာနဲ့ အတူပါလာတဲ့ မေမေ့အတွက် "Chemical Peeling" (၁) ကြိမ်ကို လုံးဝ Free လက်ဆောင် လုပ်ပေးမှာပါ! 🆓✨

ဒါပေမဲ့ ဒီလက်ဆောင်လေးက "ဦးသူစနစ်" ဖြစ်လို့ ပထမဆုံး လာပြောတဲ့ (၃) ယောက်တည်း ကိုပဲ ပေးနိုင်မှာပါရှင်။

မေမေ့ကို အမြဲနုပျိုနေစေချင်တဲ့ သမီးလေးတို့၊ သားလေးတို့ရေ...
လက်မနှေးဘဲ အခုပဲ Messenger မှာ "မေမေ့အတွက် လက်ဆောင်ယူမယ်" လို့ စာပို့ပြီး Appointment ကြိုယူထားလိုက်တော့နော်။

ပထမဆုံး (၃) ယောက်ထဲမှာ ပါဖို့ပဲ လိုပါတယ်ရှင်။ 🥰

📍 Address: No.108/3A, Kyun Taw Road, Sanchaung
☎️ Call Us: 09 564 1654

#မေမေ့အတွက်

08/05/2026

ဆံပင်ကျွတ်လို့ စိတ်ညစ်နေရတာ Freya မှာ အဆုံးသတ်လိုက်ပါ💇‍♀️💇‍♂️

ခေါင်းဖြီးတိုင်း ဆံပင်တွေ အများကြီး ပါလာလို့ စိုးရိမ်နေရပြီလား? ဆံပင်အုံပါးလာလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးနေပါသလား?

Hair PRP (Platelet-Rich Plasma) ကုထုံးက သင့်အတွက် အဖြေပါပဲ။ ဒီကုထုံးဟာ ဆဲလ်အသစ်ဖြစ်ပေါ်မှုကို လှုံ့ဆော်ပေးပြီး ဆံသားတွေကို သဘာဝအတိုင်း ပြန်လည်ထူထဲလာစေပါတယ်။

✅ ဆရာဝန်ကိုယ်တိုင် စနစ်တကျ ပြုလုပ်ပေးခြင်း
✅ ပိုးသတ်ထားသော တစ်ခါသုံးပစ္စည်းများသာ အသုံးပြုခြင်း
✅ နာကျင်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးခြင်း

သင်ရဲ့ ယုံကြည်မှုတွေကို Freya နဲ့အတူ ပြန်လည်တည်ဆောက်လိုက်ပါ။

📍 Address: No.108/3A, Kyun Taw Road, Sanchaung
☎️ Call Us: 09 564 1654

07/05/2026

ကမ္ဘာကျော် ASCE+ Exosome Treatment ကို Freya မှာ စိတ်ချလက်ချ ရယူလိုက်ပါ ✨

Exosome လောကမှာ ASCE+ ဟာ "The Original Exosome" လို့ တင်စားရလောက်အောင် ကမ္ဘာတစ်ဝန်းက Skin Clinic တွေနဲ့ Dermatologist တွေ အသိအမှတ်ပြုထားတဲ့ ထိပ်တန်း Brand တစ်ခု ဖြစ်လို့ပါပဲ။

ဘာလို့ တခြားထက် ပိုထူးခြားတာလဲဆိုရင် -
💎 Patented Technology: ဆဲလ်အဆင့်ထိ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ မူပိုင်နည်းပညာကြောင့် ရလဒ်က သိသိသာသာ မြန်ဆန်ပါတယ်။
💎 Pure & High Quality: အဆီအကျိတ် (Stem Cell) ကနေ သန့်စင်ထုတ်ယူထားတဲ့ ပရိုတင်းဓာတ်တွေ အပြည့်အဝပါဝင်လို့ အသားအရေ ပြုပြင်မှုမှာ ပြိုင်ဘက်မရှိပါဘူး။
💎 Visible Results: တစ်ကြိမ်လုပ်ရုံနဲ့တင် အသားအရေ ကြည်လင်လာတာ၊ ချွေးပေါက်ကျဉ်းတာနဲ့ အရေးအကြောင်း သက်သာတာကို လက်တွေ့မြင်ရလို့ လူကြိုက်အများဆုံး ဖြစ်နေတာပါ။

Freya မှာ ဘာလို့ လုပ်သင့်တာလဲ?
အခုဆိုရင် ဒီလိုနာမည်ကြီး ASCE+ Exosome ကို Freya မှာ စနစ်တကျ ရယူနိုင်ပါပြီ။
✅ Brand စစ်မှန်ကြောင်း ရာနှုန်းပြည့် အာမခံခြင်း
✅ သန့်ရှင်းသပ်ရပ်ပြီး စံချိန်စံညွှန်းမီတဲ့ ဝန်ဆောင်မှု
✅ ကျွမ်းကျင်သူ Dermatologist ကိုယ်တိုင် အသေးစိတ် လုပ်ဆောင်ပေးခြင်း

နာမည်ကြီး Brand ရဲ့ အရည်အသွေးကို Freya ရဲ့ အကောင်းဆုံး ကုသမှုနဲ့အတူ ပိုင်ဆိုင်လိုက်ပါ။ ✨

📞 Booking တင်ရန်: 09-5641654 or CB
📍 လိပ်စာ: No. 108(3A), Kyun Taw Road, Sanchaung Township, Yangon.

05/05/2026

ခွဲစိတ်စရာမလိုဘဲ သွယ်လျတဲ့ V-Shape မျက်နှာလေး ပိုင်ဆိုင်ချင်ပါသလား? 💎

မေးရိုးကြီးလို့ပဲဖြစ်ဖြစ်၊ မျက်နှာအချိုးအစား ပိုသွယ်ချင်လို့ပဲဖြစ်ဖြစ် Botox (Jawline Slimming) က အထိရောက်ဆုံးပါ။

မေးရိုးကြွက်သားတွေကို လျော့ချပေးပြီး မျက်နှာလေးကို ပိုမိုသွယ်လျ ပေါ်လွင်စေမှာ ဖြစ်ပါတယ်။

Selfie ရိုက်တိုင်း ယုံကြည်မှုရှိရှိ ပြုံးနိုင်ဖို့ Freya Botox က ကူညီပေးပါရစေ။

✌🏻မျက်နှာကို သွယ်လျပြီး V-Shape ပေါ်စေခြင်း
✌🏻ဘေးထွက်ဆိုးကျိုးမရှိဘဲ စိတ်ချရခြင်း
✌🏻ပုံမှန်အတိုင်း လူမှုပတ်ဝန်းကျင်သို့ ချက်ချင်းသွားလာနိုင်ခြင်း

ယခုပဲ Booking တင်ပြီး အလှတိုးလိုက်ရအောင်!

03/05/2026

၂ ရက်၊ ၃ ရက်အတွင်းမှာ သိသိသာသာ တင်းရင်းပြောင်ဝင်းသွားစေမယ့် "Chemical Peeling" ရဲ့ လျှို့ဝှက်ချက် ✨

မှန်ကြည့်တိုင်း အသားအရေက ညိုမွဲနေသလိုပဲလား? အသားအရောင်မညီတာ၊ ဆားဝက်ခြံနဲ့ ချွေးပေါက်ကျယ်တာတွေကြောင့် စိတ်ညစ်နေရပါသလား?

အသားအရေကို Instant Glow ဖြစ်သွားစေပြီး ၂ ရက်၊ ၃ ရက်အတွင်းမှာတင် တင်းရင်းပြောင်ဝင်းတဲ့ အကျိုးကျေးဇူးကို ရရှိစေမယ့် Chemical Peeling ကုထုံးရှိပါတယ်ရှင်။

Chemical Peeling ဆိုတာ ဘာလဲ? 🤔
Chemical Peeling ဆိုတာ အသားအရေအတွက် အထူးထုတ်လုပ်ထားတဲ့ ဆေးရည် (Peeling Solutions) တွေကို အသုံးပြုပြီး ဦးရေပြားပေါ်က ဆဲလ်သေတွေနဲ့ ပျက်စီးနေတဲ့ အပေါ်ယံအလွှာကို ဖယ်ရှားပေးတဲ့ ကုထုံးပါ။ ဒါမှသာ အောက်က နုပျိုကြည်လင်တဲ့ ဆဲလ်အသစ်လေးတွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်ရှင်။

ဘာကြောင့် Chemical Peeling ကို လုပ်သင့်တာလဲ? 💡
✅ Quick Result: လုပ်ပြီး ၂ ရက်၊ ၃ ရက်အတွင်းမှာတင် အသားအရေက တင်းရင်းပြီး ပြောင်ဝင်း (Glow) လာတာကို မြင်တွေ့ရမှာပါ။
✅ အမာရွတ်နှင့် အမည်းစက်များ သက်သာခြင်း: ဝက်ခြံကြောင့်ကျန်ခဲ့တဲ့ အမည်းစက်တွေနဲ့ နေလောင်ဒဏ်တွေကို ပါးလျသွားစေပါတယ်။
✅ ချွေးပေါက်ကျဉ်းပြီး အသားချောမွေ့ခြင်း: ချွေးပေါက်ထဲက အညစ်အကြေးတွေကို သန့်စင်ပေးလို့ အသားအရေ texture က ပိုပြီး နုညက်သွားစေပါတယ်။

ဘယ်လို အသားအရေပိုင်ရှင်တွေ လုပ်သင့်သလဲ? ✨
• အသားအရေ ညိုမွဲပြီး Glow မရှိသူတွေ။
• အသားအရောင် မညီညာသူတွေ။
• ဆားဝက်ခြံနဲ့ ချွေးပေါက်ကျယ်တဲ့ ပြဿနာ ရှိသူတွေ။
• အရေးအကြောင်း အနည်းငယ် ရှိနေသူတွေအတွက် အထူးသင့်တော်ပါတယ်။

Freya မှာ ဘာလို့ ယုံကြည်စိတ်ချစွာ လုပ်နိုင်သလဲ? ✨
Freya Skin Clinic မှာတော့ လူနာတစ်ဦးချင်းစီရဲ့ Skin Type ပေါ်မူတည်ပြီး Medical Grade ဆေးရည်တွေကိုသာ အသုံးပြုပါတယ်။ ဆရာဝန်ကိုယ်တိုင် အနီးကပ် ကြီးကြပ်ပေးတာကြောင့် အသားလောင်မှာကို လုံးဝစိုးရိမ်စရာမလိုဘဲ စနစ်တကျနဲ့ အလှပဆုံး Result ကို ရရှိစေမှာပါရှင်။

ဒီ Peeling ကုထုံးကို ၂ ပတ်တစ်ခါလောက် ပုံမှန်လုပ်ပေးမယ်ဆိုရင် အသားအရေထဲက ဆဲလ်ဟောင်းတွေကို ပုံမှန်ဖယ်ရှားပေးပြီး ဆဲလ်သစ်တွေကို အမြဲမွေးဖွားပေးနေတာကြောင့် "အမြဲနုပျိုဆေး" ဆောင်ထားသလိုမျိုး အိုမင်းရင့်ရော်မှုကို တားဆီးပေးပြီး အသားအရေက အမြဲစိုပြည်တင်းရင်းဝင်းပနေမှာ ဖြစ်ပါတယ်ရှင်

📍Address: No.108/3A, Kyun Taw Road, Sanchaung
📍Google map: https://maps.app.goo.gl/FAdZpcucKAx4c5aR9?g_st=ic
☎️ Call Us: 09 564 1654

01/05/2026

ချိုင်းချွေးထွက်လွန်လို့ အင်္ကျီမှာ ချွေးကွက်တွေထင်ပြီး လူကြားထဲ လက်မြှောက်ဖို့ ဝန်လေးနေရပါသလား? 💦

ပူအိုက်တဲ့ ရာသီဥတုမှာ Roll-on တွေခဏခဏလိမ်းလည်း မသက်သာတဲ့အပြင် အနံ့အသက်ကြောင့်ပါ စိတ်အနှောင့်အယှက် ဖြစ်နေရတယ်ဆိုရင် Underarm Botox Treatment က သင့်အတွက် အကောင်းဆုံးအဖြေပါပဲ။

Freya မှာ Underarm Botox လုပ်ရင် ဘာတွေထူးခြားမလဲ?
• Hyperhidrosis (ချွေးထွက်လွန်ခြင်း) ကို ထိရောက်စွာ ကုသပေးခြင်း: ချွေးထွက်စေတဲ့ အာရုံကြောတွေကို ထိန်းချုပ်ပေးလို့ (၈၀-၉၀)% ထိ ချွေးထွက်ခြင်းကို လျှော့ချပေးပါတယ်။
• Say Goodbye to Odor: ချွေးမထွက်တော့တဲ့အတွက် ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ကိုယ်နံ့ဆိုးတွေကိုပါ တစ်ခါတည်း ကင်းစင်စေပါတယ်။
• No More Stains: အင်္ကျီလက်အောက်မှာ ချွေးကွက်ထင်တာမျိုး မရှိတော့လို့ ကြိုက်တဲ့အရောင်ကို ယုံကြည်မှုရှိရှိ ဝတ်ဆင်နိုင်ပါပြီ။
• Quick & Safe: နာရီဝက်အတွင်း ကုသမှုပြီးမြောက်ပြီး နာကျင်မှုမရှိဘဲ ချက်ချင်းအလုပ်ပြန်လုပ်နိုင်ပါတယ်။

ကုသမှုအာနိသင်
တစ်ကြိမ်လုပ်ထားရုံနဲ့ (၆ လ ကနေ ၉ လ) အထိ အာနိသင်ခံပြီး၊ ပုံမှန်ထိုးပေးခြင်းဖြင့် ချွေးထွက်နှုန်းကို ရေရှည်အတွက် သိသိသာသာ လျော့နည်းသွားစေပါတယ်။

"ချွေးနံ့ကင်းစင်ပြီး လန်းဆန်းတဲ့ နေ့ရက်တွေကို Freya နဲ့အတူ ပိုင်ဆိုင်လိုက်ပါ" 🕊️

📞 Booking တင်ရန်: 09-5641654
📍 လိပ်စာ: No. 108(3A), Kyun Taw Road, Sanchaung Township, Yangon.

29/04/2026

Whitening Drip သွင်းတော့မယ်ဆိုရင် ဒါလေးတွေ အရင်ဖတ်ကြည့်ရအောင်! ✨

ခုတလော Skincare group တွေနဲ့ Beauty group တွေထဲမှာ ပျိုမေတို့ အမေးအများဆုံးက "Whitening Drip သွင်းရင် တကယ်ဖြူလား?" "ဘေးထွက်ဆိုးကျိုး ရှိလား?" ဆိုတာပါပဲ။

စိတ်ဝင်စားနေကြတဲ့ ပျိုမေတို့အတွက် သိထားသင့်တဲ့ အချက် (၄) ချက်ကို Freya Skin Clinic က မျှဝေပေးချင်ပါတယ်ရှင်။ ✨

၁။ Whitening Drip ဆိုတာ ဘာလဲ?
Whitening Drip ဆိုတာ ဗီတာမင်စီ (Vitamin C)၊ Glutathione နဲ့ တခြား Antioxidants တွေကို သွေးကြောထဲကနေ တိုက်ရိုက်ထည့်သွင်းပေးတာပါ။ အစာအိမ်ကနေ တစ်ဆင့်မသွားတော့ဘဲ ခန္ဓာကိုယ်က တိုက်ရိုက်စုပ်ယူနိုင်လို့ သောက်ဆေးထက် ပိုမြန်မြန် ထိရောက်စေတာပါ။

၂။ တကယ်ပဲ ဖြူလာမှာလား?
Drip သွင်းတာဟာ "ချက်ချင်း ဟက်ချလောင်ဆိုပြီး ဖြူသွားတာ" မျိုး မဟုတ်ပါဘူး။ သူက အသားအရေထဲမှာရှိတဲ့ Melanin (အမည်းရောင်ခြယ်ပစ္စည်း) ထွက်ရှိမှုကို လျှော့ချပေးပြီး အသားအရေကို ကြည်လင်လာစေတာပါ။ ပုံမှန်လေး သွင်းပေးရင်တော့ အသားအရောင် မညီတာနဲ့ နေလောင်ဒဏ်တွေကို သက်သာစေပြီး Inner Glow လို့ခေါ်တဲ့ အတွင်းကလာတဲ့ ကြည်လင်မှုကို ရစေမှာပါ။

၃။ ဘယ်သူတွေ သွင်းသင့်သလဲ?
• နေလောင်လို့ အသားအရေ ညိုမွဲနေသူတွေ။
• အသားအရေ မညီမညာ ဖြစ်နေသူတွေ။
• အလုပ်များပြီး ပင်ပန်းနွမ်းနယ်နေလို့ အသားအရေ ပျက်စီးနေသူတွေအတွက် အထူးသင့်တော်ပါတယ်။

၄။ ဘာကို အဓိက သတိထားရမလဲ? (အရေးကြီးဆုံး!)
Drip သွင်းတော့မယ်ဆိုရင် ဈေးပေါတာထက် "ဘေးကင်းဖို့" က ပထမပါ။
• ဆေးအရည်အသွေး (Medical Grade) ဟုတ်မဟုတ်?
• ဆရာဝန် ကိုယ်တိုင် တိုင်ပင်ဆွေးနွေးခြင်း
• စနစ်တကျ ဆေးစစ်ခြင်း: အရေးကြီးဆုံးက ဆေးမသွင်းခင် လက်ရှိကျန်းမာရေး အခြေအနေနဲ့ ကျောက်ကပ်လုပ်ဆောင်ချက်ကို သေချာစစ်ဆေးဖို့ပါ။ ဘာရောဂါအခံမှမရှိဘဲ အဖြေ Normal ဖြစ်မှသာ စနစ်တကျ သွင်းပေးရမှာ ဖြစ်ပါတယ်။

💡 အကြံပြုချက်:
Whitening Drip သွင်းပြီးရင်လည်း အပြင်ထွက်ရင် Sunscreen လိမ်းဖို့နဲ့ ရေများများသောက်ဖို့ မမေ့နဲ့ဦးနော်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 108/3A, Kyun Taw Street, Sanchaung
Yangon
11111

Opening Hours

Monday 09:00 - 13:00
Tuesday 09:00 - 13:00
Wednesday 09:00 - 13:00
Thursday 09:00 - 13:00
Friday 09:00 - 13:00
Saturday 09:00 - 17:00
Sunday 13:00 - 17:00