Makeup by Theint

Makeup by Theint

Share

makeup artist

Photos from Makeup by Theint's post 01/05/2026

ကိုယ့်အသားရည်လေးကောင်းဖို့ Skincare Class လေးတက်မလား ? Skincare ဆိုင်လေးဖွင့် ချင်လို့ Skincare အကြောင်းတွေ ပိုနားလည်ချင်လား ?
ဒါဆို သိမ့်ရဲ့ Skincare Online Class လေးလာတက်ပါရှင့်

အသားရည်ကောင်းနေရင် မျက်နှာပြောင် နဲ့ အပြင်ထွက်ရင် လဲ လှနေရော , Makeup လိမ်းရင်လဲ လှနေတာ မလို့ Skin ကောင်းနေဖို့က ဒီဘက်ခေတ်မှာ အဓိက ဖြစ်နေရောနော်

သူများကို skincare ညွှန်းဖို့ပဲ ဖြစ်ဖြစ် ကိုယ့် skincare တွေ ကို နည်းမှန်မှန် နဲ့ သုံးနိုင်ဖို့ ဖြစ်ဖြစ် ပိုပြီး skincare အကြောင်းတွေ သိချင်ရင် သိမ့် မှာ Skincare နဲ့ ပတ်သတ်ပြီး အတန်းလေး 2 ခုဖွင့်ပေးထားပါတယ်

Class 1 လေးက ကိုယ့်အသားရည်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဘာသာ Skincare ရွေးချယ် နိုင်အောင် Skincare တွေ အကြောင်း ပိုသိစေမဲ့ အတန်းလေး

Class 2 က Skincare ဆိုင်လေးဖွင့်မလိုပဲ ဖြစ်ဖြစ် ဖွင့်ထားပြီးသားပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ Customer တွေကို Skincare တွေ သေချာ ညွှန်းနိုင်စေမဲ့ အတန်းလေး ပါ

Class 1 ရဲ့ သင်တန်းကြေးလေးက 30000 နဲ့ Class 2 ရဲ့ သင်တန်းကြေးက 35000 လေးပါရှင့်

အတန်းလေး 2 ခုလုံးက Telegram ကနေ တစ်ယောက်ချင်းစီ သင်ရမဲ့ Private အတန်းလေးတွေပါ

( ❌ Video Call ❌အတန်းမဟုတ်ပါဘူးနော် , စာလေးတွေ ပို့ပြီး သင်ပေးတာပါ ✅ )

သင်တန်းအချိန်လေးတွေက တစ်ရက်ကို 1 နာရီ ခွဲ ကို 2 ရက် သင်ရမှာပါ ...ရက်နဲ့ အချိန်က သိမ့်နဲ့ ညှိပြီး အားတဲ့ အချိန်လေး သင်လို့ရပါတယ်ရှင့်

တစ်ယောက်ချင်းစီ သင်ရတာမလို့ အမေးအဖြေလေးတွေလဲ စိတ်ကြိုက်လွတ်လွတ်လပ်လပ် မေးလို့ရပါတယ် ...သင်တန်းကာလ 2 ရက် 1:30 အချိန်မှာ အမေးအဖြေလေးတွေက စောင့်စရာမလိုပါဘူး စာလေးတေတွေ သင် တစ်ခါထဲ မေး တစ်ခါထဲ ဖြေပေးမှာပါ

နောက်ပိုင်း လဲ သိချင်တာလေးတွေရှိရင် မေးလို့ရပြီး သိမ့်အားတာ နဲ့ ဖြေပေးပါတယ် ရှင့်

ဒီအတန်းလေးမှာ သင်ပေးမဲ့ သင်ခန်းစာ လေးတွေက

🌸 Class 1 🌸

🌼မိမိ ကိုယ်ကို အသားရည် ထိန်းသိမ်းနည်း
🌼Routine တစ်ခု ထဲ တူတူ တွဲသုံးရင် ပိုကောင်းစေမဲ့ Ingredient များ
🌼Routine တစ်ခုထဲ တူတူ တွဲမသုံးသင့် တဲ့ Skincare Ingredient များ
🌼Skincare တွက် ပါဝင်တဲ့ Ingredients များ​၏ ကောင်းကျိူး / ဆိုးကျိုးများ
🌼Double Cleansing လုပ်နည်း
🌼Exfoliant ဆိုတာ ဘာလဲ နဲ့ နည်းလမ်းမှန်မှန် Exfoliant လုပ်နည်း
🌼Skincare Step By Step ( e.g Toner , serum , moisturizer ) အလိုက် အသားရည်ကို အကျိုးပြုပုံ
🌼အသားရည်အလိုက် Skincare Step ရွေးခြယ်ပုံ
🌼ကိုယ့်အသားအရည် အလိုက် အသုံးဝင် မဲ့ Skincare ingredient ရွေးခြယ် နည်း
🌼Eyecream ရွေးခြယ်နည်း
🌼Skincare / Cosmetic တွေမှာ PAO အရေးပါပုံ
🌼PH Level အရေးပါပုံ
🌼သတိထားရမဲ့ Purging
🌼Skincare Trend များအကြောင်း

🌸 Class 2 🌸

🌼Customer ရဲ့ အသားရည် အလိုက် ညွှန်းပေးနိုင်မဲ့ Skincare တွေ
🌼Skincare Step By Step ( For All Skin Type )
🌼Skincare Ingredients များအကြောင်း
🌼Skincare Step By Step ရွေးခြယ်နည်း
🌼Skincare Step By Step အလိုက် အသုံးဝင်ပုံ ( Toner , Serum , etc .... )
🌼Doubel Cleansing / Triple Cleansing ရဲ့ ကောင်းကျိုးနဲ့ လုပ်နည်း
🌼တူတူ တွဲမသုံးသင့်တဲ့ Ingredient များ
🌼တူတူ တွဲသုံးရင် အာနိသင် ပိုရှိစေမဲ့ ingredient များ
🌼Exfoliant လုပ်နည်းနဲ့ Exfoliant လုပ်ခြင်းရဲ့ ကောင်းကျိုး များ
🌼PAO အရေးကြီးပုံနဲ့ Exp ရဲ့ ဆိုးကျိုးများ
🌼PH Level အရေးကြီးပုံ
🌼Skin Barrier အကြောင်း
🌼Suncream ရွေးခြယ် နည်း , Suncream အရေးပါပုံ နဲ့ spf ++ တွေရဲ့ အဓိပ္ပာယ်
🌼သတိထားရမဲ့ Purging
🌼Skincare Trend များအကြောင်း
🌼Customer Complaint ဖြေရှင်းနည်း

စတဲ့ Skincare တဲ့ ပတ်သက် တဲ့ Do & Don't လေးတွေ သိမ့်က သင်ပေးမှာပါ ..ကြေငြာထားတဲ့ သင်ခန်းစာ လေး တွေ အပြင် တခြားထပ်သိချင်တာလေးတွေလဲ မေးလို့ရပြီး သိမ့်သိတာမှန်သမျှ အကုန် sharing လုပ်သွားပေးမှာပါရှင့်

ပြီးတော့ ကိုယ့်မှာ ရှိတဲ့ Skincare လေးတွေ က ကိုယ် နဲ့ ကိုက်ညီရဲ့လား ?

ကိုယ့်ဖြစ်ချင်တဲ့ skin goal နဲ့ ကိုယ်သုံးနေတာတွေ ကိုက်ရဲ့လား ?

ဝက်ခြံတွေ , အမဲစက် အမာရွတ်တွေ ဘယ်လို ingredient တွေ သုံးရမလဲ ? အသားကြည်ဖို့ ဘယ်လို ingredient တွေ သုံးသင့်လဲ ? ဆိုတာ ပြောပြပေးသွားမှာပါ

သိမ့်ကိုယ်တိုင် အခုထိ အလှပဆေးခန်းတွေ မသွားသေး ပဲ နဲ့ Skincare တွေ နဲ့ပဲ အသားရည် ထိန်းသိမ်း လာတာ မလို့ ယုံကြည်စွာ လာတက်လို့ရတယ်နော်

သင်တန်းလေးတက်ချင်တယ်ဆို Messenger မှာ လာရောက် စုံစမ်း စာရင်းပေးသွင်းလို့ ရပါတယ်ရှင့် 🌸

Skincare Class မဟုတ်ပဲ သိမ့်စီမှာ Online Self Makeup Class လေးတွေလဲရှိတာမလို့ Makeup အတန်းလေးတွေ လဲ တက်လို့ရတယ်နော် 😉

Photos from Makeup by Theint's post 07/04/2026

Online Skincare Class လေးက နောက်လ ထဲဆို ဈေးတက်မှာမလို့ အခု 20000 နဲ့ တက်ချင်ရင် ဒီလကုန်ထိ နောက်ဆုံးနော်

5 လပိုင်းကစပြီး သင်မဲ့ သင်ခန်းစာတွေ update ထပ်လုပ်ပြီး တခြားအသစ်သစ် စဉ်းစားထားတာလေးတွေ အများကြီး ပါလာမှာ မလို့ online skincare class လေးကို update ထပ်လုပ်ထားပြီး သင်မှာ မလို့ နောက်လ ထဲ အသစ်တွေအတွက် stay tuned နော် 🩷

Online Skincare Class ရော Online Makeup Class ရော အများကြီး ယုံကြည်ပြီး လာတက်ပေးကြလို့ သိမ့်တကယ် ကျေးဇူးအများကြီး တင်ပါတယ်နော် 🥰

Photos from Makeup by Theint's post 03/04/2026

သိမ့်တို့ အိမ်လေးက Beach နဲ့ နီးတယ်
အိမ်ကနေဆို လမ်းလျှောက်သွားရင်လဲ ရတယ်
Corniche တစ်လျှောက် က Beach ကြီး ပဲ အိမ်နားမှာတင် Beach က 2 ခုရှိတယ် , ဒီနေရာလေးက corniche beach , ပိုလှပြီး ပိုစုံတယ်
အရမ်းသာယာတာ ...အရမ်းလဲ အေးတယ် စိမ့်နေတာပဲ ..ဆောင်းရာသီဆို ဒီထပ်အေးတယ် ...Coffee ဆိုင်လေးတွေလဲရှိတယ် , ကလေးတွေ ဆော့ဖို့ ကစားကွင်း တွေလဲရှိတယ် , စက်ဘီး စီးဖို့ လဲ လမ်းတွေ ရှိတယ်
သားလေး စက်ဘီးစီးဖို့ လိုက်ပို့ပေးရင်း မိသားစုလေး အနားယူကြပေါ့
ကမ်းခြေက Coffee သောက်ရင် စဉ်းစားမိတာက ချောင်းသာပ ပုစွန်ကင်ပဲ 🥹
စားချင်လိုက်တာပေါ့
ပင်လယ်ရေလှိုင်းသံလေးတွေ နားထောင်ရင် ကော်ဖီပဲ သောက်ပေါ့ ခုတော့ ဟီး

Photos from Makeup by Theint's post 31/03/2026

ချစ်သူဖြစ်ပြီး 4 လအကြာမှာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ...အခုတော့ အိမ်ထောင်သက်တန်း 6 နှစ်တောင်ရှိသွားခဲ့ပြီ

4 လထဲနဲ့ လက်ထပ်ကြမလား ဆိုတော့ လက်ခံ ခဲ့သော တစ်ခုထဲသော အကြောင်းက ပေးထားတဲ့ ပြောထားတဲ့ စကားတွေဆို ဘယ်တော့ မဆို တည်အောင် ကြိုးစားပေးတဲ့ သူမလို့ပါ

ကိုကို ကလေ အမြဲ သူလုပ်ပေးနိုင်တာပဲ ကတိပေးတယ် ...ပေးတဲ့ကတိ ဘာအကြောင်းရှိရှိ တည်နိုင်အောင်ကြိုးစားတယ် ...ဒါတစ်ခုထဲနဲ့ သိမ့် သူကို လက်ထပ်ခဲ့တာ
ယောကျာ်းကောင်း ဆိုတာ သိခဲ့တာ ...ဒီနေ့ထိတော့ မမှားခဲ့ဘူး

4 လထဲ နဲ့ တည်နိုင်မှာပေါ့ ဆိုရအောင်လဲ တကယ် စိတ်ပါတဲ့ တစ်ကယ့်စိတ်ရင်းရှိတဲ့ သူ့စိတ်ကို မြင်ခဲ့လိုပါ ...ပြောလိုက်တဲ့ စကားရဲ့ အလေးအနက်ထားခြင်း မထားခြင် ကိုလဲ မြင်နေရတာပဲလေ

လူဆိုတာ ပြောင်းလဲ တတ်တာမလို အမြဲ 100% မပြောင်းလဲ နိုင်ဘူးလို့ လက်မခံထားပေမဲ့ ကိုကို နဲ့ တူတူရှိခဲ့တဲ့ 6 နှစ်ကျော် 7 နှစ်နီးပါးမှာ တော့ ကိုကို က သူ့ရဲ့ အကောင်းဆုံး တွေ ပဲ သိမ့် နဲ့ သားလေး အပေါ်ပေးခဲ့တာ

Right Time , Right Person ဖြစ်ခဲ့တာပေါ့ ...ကိုကို ကို အမြဲ ပြောဖြစ်တယ် ...ကိုကို နဲ့ စကားစပ်ရင်းပြောဖြစ်တာ ဟိုးရင် က သိမ့် နဲ့ ကိုကို နဲ့ နေတာ တစ်လမ်းပဲ ခြားပေမဲ့ မတွေ့ဖူးကြဘူး ...အဲ့အချိန်သာတွေ့ပြီး ချစ်ခဲ့ကြရင် ကွဲမှာလို့ ...တကယ့်စစ်မှန်တဲ့ သူကို စစ်မှန်တဲ့ အချိန်မှာ တွေ့ဖို့ကလဲ အရေးကြီးခဲ့တာ

တောင်းဆို စရာမလိုအောင် လိုက်ချင်တယ် ခေါ်ပါ ကလေးမပါပဲ မသွားရဘူးနော် လို့ ပြောစရာမလိုအောင် ဘယ်သွားသွား ခေါ်သွား ( အလုပ်ကိစ္စလဲ ရရင်ရသလိုခေါ်နေလို့ ) ကိုကိုရယ် ကိုယ့်ဘာသာပဲ သွားပါ , မလိုက်တော့ပါဘူး ပြောရတဲ့ အထိ

သိမ့်မပါတဲ့နေရာဆို မသွားတော့ဘူး လုပ်တတ်လို့ ရတယ် သွားပါ ဆိုပြီး အမြဲ တွန်းလွှတ်ရတယ် ( နောက်ပိုင်း သူ့မှာ သူငယ်ချင်း , အပေါင်းအသင်း တွေ နည်းလာလို့ ပေါင်းပါ , လိုက်သွား နဲ့ ) အမြဲ တွန်းနေရတာ

UAE ပြောင်းတော့လဲ 3 လထဲနဲ့ သူရအောင်ခေါ်ရှာတယ် ...ခွဲနေရတဲ့ 3 လလုံး 2 ယောက်လုံး ငိုလိုက်ရတာ ဆိုတာ

မိန်းမကြိုက်တာလုပ် , ဟင်းချက်ချင်ချက် မချက်ချင်ရင် သူအားရင် ချက်ပေးခဲ့တယ် , သူမအားရင် ဝယ်စားလိုက်နော် ပင်ပန်းရင် ချက်မနေနဲ့ အမြဲပြောတာ , UAE က work & life balance မမျှဘူးနော် ..အလုပ်ချိန် အရမ်းများတယ် ...အဲ့ကြားထဲက အဝတ်လျှော် ပန်ကန်ဆေးက ခုထိ သူပဲ လုပ်တာ သိမ့်က ဆပ်ပြာနဲ့ မတည့်လို့ ...ပိတ်ရက်ဆို လဲ ဟင်းအမြဲ ချက်ကျွေးသေးတာ

အိမ်ထောင်ကျတော့ အမြဲ ပျော်ရွှင်နေတာတော့ မဟုတ်ဘူး ...အိမ်ထောင်အပူ မိသားစု အပူ တွေရှိတော့ တစ်ခါတစ်ရံတော့လဲ စကားများတာတွေရှိတာပေါ့ ...ဒီလိုပဲ တူတူ ရင်ဆိုင်ကျော်ဖြတ်ရတာပေါ့

အိမ်ထောင်စကျထဲက ကိုဗစ်ရယ် ကိုစစ်ရယ် ရင်ဆိုင်ခဲ့ကြပြီး အခု UAE မှာတောင် missile တွေ ရင်ဆိုင် နေကြရတုန်း 🙂‍↔️
လမ်းတွေကတော့ မလွယ်ကူခဲ့ဘူး

ဒါပေမဲ့ ဘာတွေ ဖြစ်ဖြစ် အမြဲ အနားရှိပြီး ဂရုစိုက်ပေး တာတွေ နဲ့တင် အများကြီး ကျေးဇူးတင်ပါတယ် , ချစ်တယ် ကိုကို

Photos from Makeup by Theint's post 25/03/2026

အခု နာမည် ကြီးနေတဲ့ Loreal Elvive Glycolic Gloss Shampoo လေး ကြိုက်လား ကောင်းလား ဆိုရင် ပုံသာ ကြည့်တော့ သုံးနေတာ 6 လ မကတော့ဘူး ...9 လပိုင်းတုန်းက တင်ပေးဖူးသေးတယ်

တကယ်တော့UAE မှာ ဒီ Shampoo လေးတွေကတန်တယ် ...ရန်ကုန်မှာ review တွေ တော်တော်ကောင်းနေလို့ ပြန်တင်ပေးပါ ...ရန်ကုန် ကသူတွေတင် မဟုတ် UAE က သူတွေ try ကြည့်နော်

UAE က သူဆို 1 ဗူးထဲမဝယ်ပါနဲ့ ..2 ဗူး sale လေးတွေဝယ်ပါ ..LuLu , carrefour မှည စိတ်ချရပါတယ် ...သိမ့်ဝယ်တာဆို 2 ဗူး တွဲ 19 , 20 လောက်ပဲရှိတာ ..တစ်ခါတစ်လေ ဈေးအရမ်းမချရင် 24/25 ပေါ့ ...

သူ့ budget နဲ့ သူ တော်တော်လေး သုံးကောင်းသောပါ

သိမ့်က တော့ သူ့ရဲ့ Combing Cream နဲ့ တွဲသုံးတာ ..cream လေးလဲ သုံးနေတာ 8 လပိုင်းထဲက ခုထိ မကုန်သေးဘူး ..ခံတယ် စေးကပ်တာလဲ မရှိဘူး ပြောင်ပြောင်လေး

Shampoo & Conditioner လဲ perfect ပဲနော် ...သိမ့်လို ဒီနေ့လျှော်နောက်နေ့ အဆီပြန် သမားအတွက်လဲ အရမ်းမဟုတ်ပေမဲ့ 2 ရက်လောက်တော့ ခံတယ်..အိအိလေးနဲ့ weight ရှိတယ် ...ပုံသွင်းလို့ လဲ ကောင်းတယ် ...Shine ဖြစ်နေရော

07/03/2026

တောင်းပန်ပေမဲ့ မရပ်နေပါဘူးနော် ....အရင်နေ့တွေထပ် ပို ပစ်နေတာ နော် ...မိုးလင်းထဲ alarm တွေမြည်နေတာ ...အခု ညအထိနော် ...အရင်ကိုဆို မနက် မြည်ရင် ည မမြည်ဘူး ...များသောအားဖြင့် ညမြည်တယ် ...ဒီနေ့ကတော့ တစ်နေကုန် မြည်နေတာရှင် ..မနက်ကဆို ဖုန်းက alarm မြည်ပြီး ချတာ အသံကနီးလွန်းလို့ ပြတင်းပေါက် ကွဲပြီတောင်ထင်တာ 🥴

Photos from Makeup by Theint's post 01/03/2026

သိမ့်က လက်ရှိ အခု Abu Dhabi မှာ နေနေတာပါ ....ကလေး နဲ့ ဆိုတော့ ဘာမှန်း မသိနိုင်တဲ့ အခြေအနေမှာ Emergency Bag ပြင်ပြီး စောင့်နေရတာပေါ့ ....ဒါပေမဲ့ အရမ်းဆိုးရွားနေတာမျိုးလဲ မဟုတ်ပါဘူး ...မိုးပေါ်မှာတော့ တောက်လျှောက် ပစ်ချနေကြပေမဲ့ မြေပြင်မှာတော့ အကုန်အေးဆေးပါပံ ..တချို့ ကလေးတွေတောင်ထွက်ဆော့နေကြတုန်းပါပဲ ...မနေ့ကဆို Dubai ကတော့ လူနေ နေရာတွေ ပစ်ချတဲ့ အစတွေ ပြန်ကျပြီး မီးလောင် တာတွေ ဒဏ်ရာ ရတာတွေ နည်းနည်းရှိပါတယ် ...မနေ့က Abu Dhabi Yas Mall ဘက်မှာဆို ပစ်ချလို့ ပြန်ပြုတ်ကျတာတွေဆို မြင်ရပါတယ် ...မနေ့ကလဲ Abu Dabi မှာ တစ်ယောက် -- ပြီး ဒီနေ့လဲ အိမ်နဲ့ သိပ် မနီးမဝေးမှာ ပစ်ချတဲ့ အစ မှန်လို့ ကလေးတစ်ယောက် နဲ့ အမေ တစ်ယောက် ဒဏ်ရာ ရတယ် လို့ သတင်းတွေ ဖတ်ရပါတယ် ...အိမ်ထဲ နေရင်တော့ လုံခြုံတယ် ဆိုပေမဲ့ ကိုယ့်တိုက်ပေါ် ကျလာရင်လဲ ဘယ်နားပြေးရမယ်မှန်း မသိပါဘူး ...UAE အစိုးရကတော့ အကောင်းဆုံး ပြန်ကာကွယ်ပေးနေပြီး အိမ်ထဲမှာပဲ နေဖို့ နဲ့ အခုဆို ကျောင်းတွေပါ 4 ရက်နေ့ထိ အကုန် အိမ်မှာပဲ သင်ခိုင်းပါတယ် ....

ညကဆိုလဲ 12:30 ကြီး မပစ်ခင် 15 မိနစ်အလို Alarm တွေ ထမြည်တာ အသံတွေက စူးပြီး ရင်တုန်ပန်းတုန် တော့ရှိကြတာပေါ့ ....

ဒါပေမဲ့ အောက်မှာတော့ အရမ်းစိုးရိမ်စရာ မရှိသေးပါဘူး ...တစ်ခါတစ်ခါ နံရံတွေတုန်ပြီး အသံကြီးတွေ ကြားနေရတာလေးကို လန့်နေတာ တစ်ခုပဲ

ဈေးဆိုင်တွေလဲ ပုံမှန် ဖွင့်ထားပြီး ရုတ်ရုတ်သဲသဲ မရှိသေးပါဘူး ...လိုရမယ်ရတော့ အပိုဝယ်ထားပြီး Cash လေးတော့ ဆောင်ထားကြနော် ...

Photos from Makeup by Theint's post 11/02/2026

Skincare Online Class လေး ပြန်ဖွင့်ပါပြီနော် 🌼

ဒီဘက်ခေတ်မှာ Glow Skin , Healthy Skin ဆိုတာ Trend နော် ...Makeup မပါပဲ အပြင်သွားရင်တောင် လှနေစေဖို့ , Makeup လိမ်းရင်လဲ Perfect ဖြစ်ဖို့ဆိုတာ အောက်ခံ Skin ကောင်းနေမှ ရမှာပါ ...

ဒီအတန်းလေးက ပိတ်ထားတာ ကြာပါပြီ ...ခဏခဏ လာမေးကြလို့ရယ် ပုံစံ အသစ် နဲ့ ပြန်ဖွင့်လိုက်တာပါ ...Skincare နည်းဆိုတာက ကိုယ့်ဘာသာ ရှာဖတ် လေ့လာ ရင် နည်းမှန်မှန် သုံးနိုင်ပေမဲ့ တချို့ စာရှာဖတ်ဖို့ အချိန် မရတဲ့ သူတွေရယ် , ဘယ် ingredient နဲ့ ingredient နဲ့ တွဲသုံးရင် အသားရည် ပိုကောင်းစေလဲ ? ဘယ်ဟာတွေက တွဲသုံးလ်ို့ မရဘူး လဲ ? မသိတဲ့ သူတွေ , Skincare တွေ နေ့စဉ် အမျှ လုပ်နေပေမဲ့ မျက်နှာ အရည်က ကောင်းမလာဘူး ..ဒီတိုင်းက ဒီတိုင်းပဲ ...ဝက်ခြံ အမာရွတ် တွေလဲ မသက်သာဘူး ...စသဖြင့် Skincare နဲ့ ပတ်သက် တဲ့ Knowledge အကုန် သိမ့်က Sharing လုပ်ပေးပြီး သိမ့် နဲ့ တူတူ တိုင်ပင်ပြီး သင်ရမှာပါ

သိမ့်ဆိုလဲ အခုထိ အလှအပ ရေးရာ ဆေးခန်း အကူအညီ မယူပဲ အခုထိ Skincare Only နဲ့ ထိန်းသိမ်းလာတာပါ

အရင်လို Group မဟုတ်တော့ဘဲ Private ပဲ သင်တော့မှာ မလို့ သိမ့် နဲ့ ပိုပြီး နီးနီး ကပ်ကပ် ပြောဆိုလို့ရပါတယ် ...တိုင်ပင်လို့ရပါတယ်

ဒီအတန်းလေးမှာ သင်ပေးမဲ့ သင်ခန်းစာ လေးတွေက

🌼မိမိ ကိုယ်ကို အသားရည် ထိန်းသိမ်းနည်း
🌼Routine တစ်ခု ထဲ တူတူ တွဲသုံးရင် ပိုကောင်းစေမဲ့ Ingredient များ
🌼Routine တစ်ခုထဲ တူတူ တွဲမသုံးသင့် တဲ့ Skincare Ingredient များ
🌼Skincare တွက် ပါဝင်တဲ့ Ingredients များ​၏ ကောင်းကျိူး / ဆိုးကျိုးများ
🌼Double Cleansing လုပ်နည်း
🌼Exfoliant ဆိုတာ ဘာလဲ နဲ့ နည်းလမ်းမှန်မှန် Exfoliant လုပ်နည်း
🌼Skincare Step By Step ( e.g Toner , serum , moisturizer ) အလိုက် အသားရည်ကို အကျိုးပြုပုံ
🌼ကိုယ့်အသားအရည် အလိုက် အသားရည် ထိန်းသိမ်း သင့်ပုံ

စတဲ့ Skincare တံ့ ပတ်သက် တဲ့ Do & Don't လေးတွေ သိမ့်က သင်ပေးမှာပါ

ပြီးတော့ ကိုယ့်မှာ ရှိတဲ့ Skincare လေးတွေ က ကိုယ် နဲ့ ကိုက်ညီရဲ့လား ?

ကိုယ့်ဖြစ်ချင်တဲ့ skin goal နဲ့ ကိုယ်သုံးနေတာတွေ ကိုက်ရဲ့လား ?

ဝက်ခြံတွေ , အမဲစက် အမာရွတ်တွေ ဘယ်လို ingredient တွေ သုံးရမလဲ ? အသားကြည်ဖို့ ဘယ်လို ingredient တွေ သုံးသင့်လဲ ? ဆိုတာ ပြောပြပေးသွားမှာပါ

သင်တန်းက private class တစ်ယောက်ချင်းစီ တက်ရမှာ ဆိုပေမဲ့ သင်တန်းကြေးလေးကတော့ အရင်လိုပဲ 20000 ကျပ်ပါပဲရှင့်

သင်တန်း ကာလက 3 ရက်ပါ ...3 ရက်မှာ 1 ရက် 1 နာရီ စီ သင်တန်းသူနဲ့ သိမ့် နဲ့ အားတဲ့ အချိန်ညှိပြီး သင်မှာပါ ...တစ်ခါထဲ အပြန်အလှန် reply စောင့်စရာ မလိုပဲ ပိုထိရောက်စေချင်လို့ပါ ....သင်တန်းပြီးသွားလဲ မေးချင်တာလေးတွေရှိရင် မေးလို့ ရပါတယ် ( ဒါကတော့ အားတဲ့ ချိန်လေးတွေ ပြန်ဖြေထားပေးမှာပေါ့နော် )

စိတ်ဝင်စားလို့ တက်ချင်တယ် , စုံစမ်းချင်တယ်ဆို message box မှာ အသေးစိတ် စုံစမ်းနိုင်ပါတယ်ရှင်

သိမ့်မှာ Skincare Calss တင် မဟုတ်ပဲ Online Makeup Private Class လဲ ရှိတာ မလို့ Makeup Class လေးတွေပါ တက်လို့ရတယ်နော်

ပုံလေးတွေက လက်ရှိပုံပါ ...Only Skincare & No Effect ပါ

05/02/2026

Other - ဘာလို့ Vlog တွေ သိပ်မရိုက်တော့တာလဲ

Me - 😑😑😑

04/02/2026

ကိုယ့်မျက်နှာကိုယ် အလှဆုံးဖြစ်အောင် ဘယ်လို ပြင်ရမလဲ မသိရင် သိမ့်စီမှာ Online Makeup Class လေးလာတက်ပါ ....ကိုယ့်မျက်နှာ အနေအထားအလိုက် , ကိုယ်လိုချင်တဲ့ makeup look , ကိုယ်နဲ့ ပုံစံ ကို သိမ့် နဲ့ သေချာ တိုင်ပင်ပြီး သိမ့်က သင်ပေးမှာ

Video File နဲ့ ရှင်းပြပြီး သင်ပေးတာ ဆိုပေမဲ့ တစ်ချိန်ထဲမှာ ပြင်ပြီး သိမ့်က လိုတာ ပိုတာ တစ်ခါထဲ ရှင်းပြပြီး ပြောမှာ မလို့ မတတ်မှာ စိတ်မပူနဲ့နော်

သင်တန်းကြေးက
2 day , Makeup look 2 ခုကို 50000 နဲ့
4 day , Makeup look 4 ခုကို 80000 ပါ

အကုန် basic ကနေ သင်ပေးတာ မလို့ ဘယ်သူမဆို တတ်လို့ရတယ်နော် ...အသေးစိတ်သိချင်ရင် Cb မှာ စုံစမ်းပေးနော် ❤️

Photos from Makeup by Theint's post 24/01/2026

ဒါကလေ အချိန် မရှိတဲ့ သူတွေ အတွက် 5 minutes makeup အဆင်ပြေသောနော် ..မိန်းကလေးတိုင်း ဆောင်ထားသင့်တယ်😉

မနက်တိုင်း သားကျောင်းပို့ဖို့ ထမင်းချိုင့် ပြင် သားကိုရေချိုး ကိုယ်ရေချိုးပြီးရင် skincare လိမ်း Cushion လိမ်းပြီးရင် အခုတလော hearty heart ရဲ့ speedy skinny brow လေး နဲ့ jelly pop လေးပဲ သုံးဖြစ်နေတာ ...သူက blush stick ဆိုပေမဲ့လေ
အချိန်မရတော့ တစ်ခုချင်းစီ မသုံးချင်တော့လို့ ပါးရော နှုတ်ခမ်းရော jelly pop လေးပဲ သုံးလိုက်တော့တယ် ...မြန်လဲမြန် လှလဲ လှလို့ နေ့တိုင်းလိုလို သုံးဖြစ်နေတာ

တစ်ခုပဲနော် jelly pop က ပါးမှာ ချက်ချင်း blend ပေးမှ ရမယ်နော် ခြောက်တာ အရမ်းမြန်တယ် ...တင်ပြီးတာ နဲ့ blend နိုင်မှ ရမှာနော် မဟုတ်ရင် အကွက်လိုက်ဖြစ်နေ လိမ့်မယ်

hearty heart ရဲ့ မျက်ခုံးမွှေးဆွဲတံလေးတွေ သိမ့်စီမှာ အစုံရှိတယ် ...အရင်ကတော့ skinny brow အမြဲ သုံးဖြစ်တယ် ..အခု speedy skinny brow လေး ထပ်ပို့ပေးထားတော့ သုံးကြည့်တော့လေ ပိုပြီး သဘာဝ ဆန်ပြီး ပိုခံတယ် ...သိမ့်က မျက်ခုံး မခံတဲ့ ထဲ ပါတော့ မသုံးခင် မျက်ခုံးနေရာ ကို ပေါင်ဒါ အုပ်ပြီး မှ အမြဲ ဆွဲတာ ...အဲ့လိုသုံးရင် တစ်နေကုန် ခံတယ် ( ဘယ်တံဆိပ် ဖြစ်ဖြစ် သိမ့် မျက်ခုံးကိုက မခံတာ အဲ့ကြောင့်မလို့ အမြဲ သိမ့်က မျက်ခုံး မဆွဲခင် မျက်ခုံးကို ပေါင်ဒါ သေချာ လိမ်းပြီး မှ ဆွဲတာ )

ဈေးလေးတွေကလဲ တန်တာ မလို့ စမ်းသုံးကြည့်လို့ ရအောင်ပါ ...သိမ့်ကတော့ မနက်တိုင်း သားကျောင်းပို့ရင် ဒါလေးနဲ့ အဆင်ပြေနေတာ မလို့ sharing လုပ်ပေးတာပါ

Cushion review ကတော့ collection လေးရေးပေးဖို့ ရှိလို့ နောက်မှ သက်သက်ရေးပေးမယ်နော်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon