All Is Well "Health & Wellness Hub"
"Stay your life full-lived, we promise to be well"
အပူချိန်ကလည်း နေ့တိုင်းတိုးနေတော့... ခန္ဓာကိုယ်က အပူဒဏ်ကို မခံနိုင်တော့တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ?
အပြင်ထွက်ရင်ပဲဖြစ်ဖြစ်၊ အိမ်ထဲမှာနေရင်ပဲဖြစ်ဖြစ် နွေရာသီရဲ့ ရန်သူတော်ဖြစ်တဲ့ ဒီရောဂါ (၅) မျိုးကို အထူးသတိထားကြရအောင်
🔹 𝐇𝐞𝐚𝐭 𝐒𝐭𝐫𝐨𝐤𝐞 - အပူချိန်ပြင်းပြင်းကြောင့် အပူလျှပ်ခြင်း
🔹 𝐃𝐢𝐚𝐫𝐫𝐡𝐞𝐚 - ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း
🔹 𝐃𝐞𝐡𝐲𝐝𝐫𝐚𝐭𝐢𝐨𝐧 (ရေဓာတ်ခမ်းခြောက်ခြင်း)
🔹 𝐂𝐡𝐢𝐜𝐤𝐞𝐧𝐩𝐨𝐱 - ရေကျောက်ရောဂါ
🔹 𝐌𝐢𝐠𝐫𝐚𝐢𝐧𝐞 - အပူဒဏ်ကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားရခြင်း
သင့်မိသားစုနဲ့ သူငယ်ချင်းတွေ သိရအောင် ဒီ 𝐏𝐨𝐬𝐭 လေးကို 𝐒𝐡𝐚𝐫𝐞 လိုက်ပါဦးနော် ✨
10/05/2026
အားကစားစလုပ်ပြီဆိုတာနဲ့ လူအများစုလုပ်လေ့ရှိတဲ့ အမှားတစ်ခုရှိပါတယ်။
အဲ့ဒါကတော့ -
ကိုယ့်ခန္ဓာကိုယ်ရဲ့ "𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧" ကို မသိဘဲ သူများလုပ်သလို လိုက်လုပ်မိတာပါပဲ။
❌ ဒူးနာနေတာကို ပြေးစက်ပေါ် တက်ပြေးမိရင်...
❌ နှလုံးအားနည်းတာကို မသိဘဲ အပြင်းအထန် ဆော့မိရင်...
ဒါဟာ ကျန်းမာရေးအတွက် မဟုတ်ဘဲ ခန္ဓာကိုယ်ကို နှိပ်စက်သလို ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် "𝐒𝐦𝐚𝐫𝐭 ကျကျ လေ့ကျင့်ခန်းလုပ်သူတိုင်းရဲ့ လျှို့ဝှက်ချက်" ကတော့ 𝐏𝐫𝐞-𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐂𝐡𝐞𝐜𝐤𝐮𝐩 လုပ်တာပါပဲ။
လေ့ကျင့်ခန်းလုပ်ကာမှ ဒဏ်ရာရသွားတာမျိုး မဖြစ်ရအောင် 𝐀𝐥𝐥 𝐈𝐬 𝐖𝐞𝐥𝐥 မှာ 𝐏𝐫𝐞-𝐅𝐢𝐭𝐧𝐞𝐬𝐬 အရင်စစ်ဆေးပြီးမှ စိတ်ချလက်ချ စတင်လိုက်ပါ ✨
10/05/2026
စကားလုံးတွေနဲ့ ဖော်ပြလို့မရနိုင်တဲ့ အမေ့ရဲ့ ကျေးဇူးတရားတွေအတွက် ဒီနေ့ကျရောက်တဲ့ "အမေများနေ့" မှာ... အမေများအားလုံးကို ဂါဝရပြုလိုက်ရပါတယ် ရှင့် …🙇♀
✨ ဘဝရဲ့ ဘုရားတစ်ဆူဖြစ်တဲ့ "အမေ" ကျန်းကျန်းမာမာနဲ့ သက်ဆုံးတိုင် နေထိုင်သွားနိုင်ပါစေ။
✨ ကိုယ်ကျန်းမာ စိတ်ချမ်းသာလို့ ချစ်ရတဲ့ သားသမီးတွေနဲ့အတူ နေ့ရက်တိုင်းကိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ လို့ “𝐀𝐋𝐋 𝐈𝐒 𝐖𝐄𝐋𝐋 “ မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ် ရှင့် ..💌
𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐭𝐡𝐞𝐫'𝐬 𝐃𝐚𝐲 𝐭𝐨 𝐚𝐥𝐥 𝐭𝐡𝐞 𝐚𝐦𝐚𝐳𝐢𝐧𝐠 𝐦𝐨𝐦𝐬🌹
#အမေများနေ့ #မေတ္တာရှင်အမေ #အမေများနေ့ &clinic
#အမေများနေ့
09/05/2026
💡 အဖြေမှန်မှာ - C. ၇-၉ နာရီ ဖြစ်ပါတယ်!
ဘာကြောင့် ၇-၉ နာရီ အိပ်သင့်တာလဲ?
🤔 အိပ်ရေးဝဝ အိပ်စက်ခြင်းက သင့်အတွက် ဒီလို "Superpowers" တွေကို ပေးစွမ်းနိုင်လို့ပါ - •
🧠 Brain Power: မှတ်ဉာဏ်ကောင်းစေပြီး ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ချနိုင်စေတယ်။ •
🛡️ Immunity: ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးလို့ ဖျားနာမှုကို အကာအကွယ်ပေးတယ်။ •
😊 Mood Booster: စိတ်ဖိစီးမှုနဲ့ စိတ်တိုလွယ်တာတွေကို လျှော့ချပေးပြီး စိတ်ကြည်လင်စေတယ်။ •
💪 Performance: နောက်တစ်နေ့ တက်ကြွလန်းဆန်းစွာနဲ့ အလုပ်လုပ်နိုင်စွမ်းကို 100% ပြည့်စေတယ်။ ညဘက်ဖုန်းကြည့်တာကို အိပ်ခါနီး ၁ နာရီအလိုမှာ ရပ်နားလိုက်ပါ။ ဖုန်းကထွက်တဲ့ Blue Light ဟာ သင့်ဦးနှောက်ကို "နေမဝင်သေးဘူး" လို့ လှည့်စားတတ်လို့ အိပ်မပျော်ဖြစ်တတ်ပါတယ်။
"ဒီညတော့ ဖုန်းလေးချပြီး စောစောအိပ်စို့နော်!"
✨💤 ဒီ Quiz လေးကို သဘောကျတယ်ဆိုရင် သင့်သူငယ်ချင်းတွေထဲက အိပ်ရေးပျက်နေတဲ့ "ဇီးကွက်" လေးတွေကို Mention ခေါ်ပြီး ဗဟုသုတဝေမျှပေးလိုက်ပါဦး! ယနေ့ညမှာရော သင် ၈ နာရီပြည့်အောင် အိပ်ဖို့ အစီအစဉ်ရှိလား?
&WellnessHub
08/05/2026
💤 Friday Quiz Time!
ဒီနေ့ခေတ်မှာ အလုပ်တွေရှုပ်ပြီး ဖုန်းတွေကြည့်ရင်း
အိပ်ချိန်ကို လျော့နည်းလာကြပြီနော်…
ဒါပေမယ့် အိပ်စက်ခြင်းက ခန္ဓာကိုယ်အတွက် "Recharge" ပါပဲ ⚡
👉 ကဲ… သင်ဘယ်လောက်သိလဲ စမ်းကြည့်ရအောင်!
📋 မေးခွန်း
အရွယ်ရောက်ပြီးသူတစ်ယောက်အတွက်
တစ်ညတာ အကောင်းဆုံး အိပ်ချိန်က ဘယ်လောက်လဲ?
A. ၄-၅ နာရီ
B. ၆-၇ နာရီ
C. ၇-၉ နာရီ
D. ၁၀-၁၂ နာရီ
💬 Comment မှာ သင့်အဖြေကို ရေးခဲ့ပါ!
✔️ မှန်/မမှန် Answer ကို နောက်ပတ် မနက်ဖြန် ပြောပြမယ်နော် 😉
&WellnessHub
05/05/2026
"ဝိတ်ချမယ် 𝐆𝐲𝐦 ဆော့မယ်" ဆိုပြီး စိတ်အားထက်သန်စွာနဲ့ ဖိနပ်အသစ်၊ အင်္ကျီအသစ်တွေဝယ်ပြီးမှ...
လေ့ကျင့်ခန်းလုပ်လို့ တစ်ပတ်လောက်အကြာမှာ -
❌ ဒူးနာလို့၊ ခါးနာလို့ ပြန်နားလိုက်ရတဲ့ အဖြစ်မျိုး ကြုံဖူးပါသလား? ❌
ကျန်းမာရေးအတွက် အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် "အန္တရာယ်ကင်းဖို့" ကအရေးကြီးဆုံးပါပဲ ☝🏻
ကားတစ်စီး ခရီးဝေးမထွက်ခင် 𝐂𝐡𝐞𝐜𝐤-𝐮𝐩 လုပ်သလိုပဲ...
သင့်ခန္ဓာကိုယ်ကိုလည်း မပြေးခင်မှာ အဆင်သင့်ဖြစ်၊ မဖြစ် အရင်စစ်ဆေးဖို့ လိုပါတယ်။
✔️ ဒီအတွက် စစ်ဆေးမှုလုပ်ဖို့ကို 𝐏𝐫𝐞-𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭 လို့ ခေါ်ပါတယ်။ ✔️
ဘာကြောင့် 𝐏𝐫𝐞-𝐅𝐢𝐭𝐧𝐞𝐬𝐬 ကို မဖြစ်မနေ စစ်ဆေးသင့်တာလဲ? 💡
🔵 "မတော်တဆမှုကို ကာကွယ်ဖို့" - ကိုယ်က သွေးတိုးရှိနေတာကို မသိဘဲ ပြင်းထန်တဲ့ 𝐖𝐞𝐢𝐠𝐡𝐭 မတာမျိုး၊ နှလုံးအားနည်းတာကို မသိဘဲ 𝐂𝐚𝐫𝐝𝐢𝐨 အပြင်းအထန်လုပ်တာမျိုးဟာ ကျန်းမာခြင်းကနေ ဘေးဖြစ်စေနိုင်ပါတယ်။
🔵 "ဒဏ်ရာရမှာ ကြောက်စရာမလိုတော့ဘူး" - ကိုယ့်ရဲ့ ကြွက်သားနဲ့ အရိုးအဆစ် အခြေအနေကို သိထားတော့မှ ကိုယ်နဲ့တကယ်ကိုက်ညီမယ့် 𝐖𝐨𝐫𝐤𝐨𝐮𝐭 𝐏𝐥𝐚𝐧 ကို ဆွဲလို့ရမှာပဲဖြစ်ပါတယ် ။
🔵 "ရလဒ် ပိုမြန်မြန်မြင်ရဖို့" - ကိုယ့် 𝐁𝐨𝐝𝐲 ထဲမှာ 𝐅𝐚𝐭 ဘယ်လောက်ရှိလဲ၊ 𝐌𝐮𝐬𝐜𝐥𝐞 ဘယ်လောက်ရှိလဲ သိရတဲ့အတွက် ဘယ်လိုစားသောက်ပြီး ဘယ်လိုဆော့ရမလဲဆိုတာ ပိုပြီး တိကျသေချာသွားပါတယ်။
𝐀𝐥𝐥 𝐈𝐬 𝐖𝐞𝐥𝐥 ရဲ့ 𝐏𝐫𝐞-𝐅𝐢𝐭𝐧𝐞𝐬𝐬 𝐂𝐡𝐞𝐜𝐤𝐮𝐩 မှာ ဘာတွေပါမလဲ?
✅ 𝐇𝐞𝐚𝐫𝐭 & 𝐁𝐏 -လေ့ကျင့်ခန်းလုပ်ရင် ခံနိုင်ရည်ရှိမယ့် နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်။
✅ 𝐁𝐨𝐝𝐲 𝐒𝐜𝐚𝐧 - 𝐅𝐚𝐭 % နဲ့ 𝐌𝐮𝐬𝐜𝐥𝐞 % ကို အသေးစိတ်တိုင်းတာခြင်း။
✅ 𝐏𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐓𝐞𝐬𝐭: ကိုယ်နေဟန်ထား (𝐏𝐨𝐬𝐭𝐮𝐫𝐞) မှန်၊ မမှန်နဲ့ သက်လုံစစ်ဆေးခြင်း။
✅ 𝐄𝐱𝐩𝐞𝐫𝐭 𝐀𝐝𝐯𝐢𝐜𝐞: စစ်ဆေးချက်ရလဒ်ပေါ်မူတည်ပြီး လိုက်နာရမယ့် အချက်များကို အကြံပေးခြင်း။
" စနစ်တကျနဲ့ ဘေးကင်းဖို့ 𝐀𝐥𝐥 𝐈𝐬 𝐖𝐞𝐥𝐥 မှာ အရင်စစ်ဆေးပါ"
အသေးစိတ် သိရှိလိုပါက 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ကနေ တစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ် ရှင့်🙌✨
အသေးစိတ် သိရှိလိုပါက -
“ 🩺 “ 𝐀𝐋𝐋 𝐈𝐒 𝐖𝐄𝐋𝐋 “ 🩺 𝐇𝐞𝐚𝐥𝐭𝐡 & 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐇𝐮𝐛 “
☎️ 𝟎𝟗 𝟒𝟎𝟗𝟖𝟖𝟖𝟔𝟖𝟖 (𝐏𝐡𝐨𝐧𝐞 )
☎️ 𝟎𝟗 𝟒𝟎𝟗𝟖𝟖𝟖𝟔𝟖𝟖 (𝐕𝐢𝐛𝐞𝐫)
⏱️ 𝐂𝐥𝐢𝐧𝐢𝐜 𝐇𝐨𝐮𝐫𝐬 - (𝟗:𝟎𝟎 𝐀𝐌 - 𝟖:𝟎𝟎 𝐏𝐌 )
🪧 𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝐍𝐨. 𝟑𝟒, 𝐆𝐫𝐨𝐮𝐧𝐝 𝐟𝐥𝐨𝐨𝐫, 𝐓𝐡𝐢𝐫𝐢 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐲𝐚𝐲𝐧𝐢 𝐍𝐨𝐫𝐭𝐡 𝐐., 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧 𝟏𝟏𝟏𝟏𝟏, 𝐌𝐲𝐚𝐧𝐦𝐚𝐫.
01/05/2026
လူတွေက အောင်မြင်မှုရဲ့ အသီးအပွင့်တွေကိုပဲ မြင်ကြပေမယ့်…
အဲ့ဒီအသီးအပွင့်တွေ ဝေဆာလာဖို့အတွက် "အလုပ်သမား" တွေရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ၊ ချွေးစက်တွေနဲ့ အချိန်တွေကို အများကြီး ရင်းနှီးခဲ့ရတာပါ။ 📢
ဒီနေ့ ကျရောက်တဲ့ မေလ (၁) ရက်နေ့မှာတော့ မနားမနေ ကြိုးစား ပေးနေကြတဲ့ "မမြင်ကွယ်ရာက သူရဲကောင်းများ" အားလုံးကို လှိုက်လှဲစွာဖြင့် ဂုဏ်ပြုလိုက်ပါတယ်ရှင့်🙇🏻♀️
ကြိုးစားခဲ့သမျှတွေအတွက် ဒီနေ့တော့ ကိုယ့်ကိုယ်ကိုယ် ဆုချတဲ့အနေနဲ့ ကိုယ်ရော စိတ်ပါ အားပြန်ဖြည့်နိုင်ဖို့ အပြည့်အဝ အနားယူကာ ပျော်ရွှင်စရာကောင်းတဲ့ အလုပ်သမားနေ့လေး ဖြစ်ပါစေကြောင်း “𝐀𝐥𝐥 𝐈𝐬 𝐖𝐞𝐥𝐥” မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ✨
&wellness #မေလ(၁)ရက်နေ့ #အလုပ်သမားနေ့
30/04/2026
" ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်... 📿🙏🏻”
ယနေ့ကျရောက်တဲ့ နေ့ထူးနေ့မြတ်လေးဟာဆိုရင် - ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားရာ ✨“ကဆုန်လပြည့်နေ့” လေးပဲဖြစ်ပါတယ် ။
ထိုနေ့လေးမှာ - မြန်မာပြည်သူပြည်သားအားလုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြီးပြည့်စုံပြီး မြတ်ဗုဒ္ဓရဲ့ တရားတော်ရိပ်မှာ လူသားအားလုံး အေးချမ်းကြပါစေ။
“ညောင်ရေအေးအေး၊ သွန်းကာလောင်းလို့... မေတ္တာရေစင်၊ ဖျန်းကာပက်လို့... စိတ်မှာကြည်လင်၊ ကုသိုလ်ဆင်တဲ့... မြတ်သော 'ကဆုန်လပြည့်နေ့' ဖြစ်ပါစေကြောင်း🩺 “ 𝐀𝐥𝐥 𝐈𝐬 𝐖𝐞𝐥𝐥 ” မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ရှင် 🙇🏻♀️
#ကဆုန်လပြည့်နေ့ #ညောင်ရေသွန်းပွဲတော်
27/04/2026
ကျန်းမာရေးမှာတော့ "ကံ" ကို ပုံမအပ်လိုက်ပါနဲ့ ? 💁🏻♀️
ဘာကြောင့်လဲဆိုတော့ -
ရောဂါတစ်ခုဖြစ်လာမှ ကုသရတဲ့ စရိတ်နဲ့ စိတ်သောကရောက်ရတာဟာ ကာကွယ်ဆေးထိုးရတဲ့ တန်ဖိုးထက် အဆပေါင်းများစွာ ပိုများပါတယ်။☝🏻
ကာကွယ်ဆေးထိုးထားခြင်းက သင့်ခန္ဓာကိုယ်အတွက် "သံချပ်ကာ" ဝတ်ဆင်ထားသလိုပါပဲ။
ကာကွယ်ဆေးထိုးထားသူနဲ့ မထိုးထားသူ ဘာကွာလဲဆိုရင်တော့ -
✅ ကာကွယ်ဆေးထိုးထားသူ-
• ရောဂါပိုးဝင်ရောက်မှုကို ခုခံနိုင်စွမ်း (𝐈𝐦𝐦𝐮𝐧𝐢𝐭𝐲) မြင့်မားခြင်း
• ကူးစက်ခံရလျှင်တောင် ပြင်းထန်လူနာအဆင့် မရောက်အောင် ကာကွယ်ပေးနိုင်ခြင်း
• ဆေးရုံတက်ရနိုင်ခြေနဲ့ အသက်အန္တရာယ်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်ခြင်း
❌ ကာကွယ်ဆေးမထိုးထားသူ:
• ရောဂါပိုးဝင်ရောက်မှုကို ခုခံနိုင်စွမ်းမရှိဘဲ ခန္ဓာကိုယ်က တိုက်ရိုက်ထိခိုက်နိုင်ခြင်း
• ရောဂါအခံရှိလျှင် နောက်ဆက်တွဲ ပြဿနာများ ပိုမိုပြင်းထန်နိုင်ခြင်း
• မိသားစုဝင်တွေဆီ ပိုးကူးစက်နိုင်ခြေ ပိုများလာနိုင်ခြင်း
ဘာကြောင့် 𝐕𝐚𝐜𝐜𝐢𝐧𝐞 ကို အလေးထားသင့်တာလဲ?
𝟏. 𝐒𝐚𝐟𝐞𝐭𝐲 𝐅𝐢𝐫𝐬𝐭 - ကိုယ့်ကိုယ်ကိုယ်ရော ကိုယ်ချစ်ရတဲ့သူတွေကိုပါ ကာကွယ်ပေးနိုင်ခြင်း
𝟐. 𝐋𝐨𝐧𝐠-𝐭𝐞𝐫𝐦 𝐇𝐞𝐚𝐥𝐭𝐡 - နာတာရှည် နောက်ဆက်တွဲ ဝေဒနာတွေကနေ ကင်းဝေးနိုင်ခြင်း
𝟑. 𝐏𝐞𝐚𝐜𝐞 𝐨𝐟 𝐌𝐢𝐧𝐝 - ဘယ်သွားသွား ဘာလုပ်လုပ် စိတ်အေးလက်အေး ရှင်သန်နိုင်ခြင်း
🩺 𝐀𝐋𝐋 𝐈𝐒 𝐖𝐄𝐋𝐋 မှာ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး စနစ်တကျ ဆွေးနွေးတိုင်ပင်နိုင်သလို အကောင်းဆုံးဝန်ဆောင်မှုတွေလည်း ရရှိနိုင်ပါတယ်
ဒါ့ကြောင့် "သင့်မိသားစုထဲမှာရော ကာကွယ်ဆေးအစုံအလင် ထိုးပြီးကြပြီလား❓
"ဒီ 𝐏𝐨𝐬𝐭 လေးကို ကိုယ်ချစ်ရတဲ့သူတွေ မြင်အောင် 𝐒𝐡𝐚𝐫𝐞 ပေးပြီး ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းလိုက်ရအောင် " 📢
အသေးစိတ် သိရှိလိုပါက -
🩺 “ 𝐀𝐋𝐋 𝐈𝐒 𝐖𝐄𝐋𝐋 “ 🩺 𝐇𝐞𝐚𝐥𝐭𝐡 & 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐇𝐮𝐛
☎️ 𝟎𝟗 𝟒𝟎𝟗𝟖𝟖𝟖𝟔𝟖𝟖 (𝐏𝐡𝐨𝐧𝐞 )
☎️ 𝟎𝟗 𝟒𝟎𝟗𝟖𝟖𝟖𝟔𝟖𝟖 (𝐕𝐢𝐛𝐞𝐫)
⏱️ 𝐂𝐥𝐢𝐧𝐢𝐜 𝐇𝐨𝐮𝐫𝐬 - (𝟗:𝟎𝟎 𝐀𝐌 - 𝟖:𝟎𝟎 𝐏𝐌 )
🪧 𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝐍𝐨. 𝟑𝟒, 𝐆𝐫𝐨𝐮𝐧𝐝 𝐟𝐥𝐨𝐨𝐫, 𝐓𝐡𝐢𝐫𝐢 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐲𝐚𝐲𝐧𝐢 𝐍𝐨𝐫𝐭𝐡 𝐐., 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧 𝟏𝟏𝟏𝟏𝟏, 𝐌𝐲𝐚𝐧𝐦𝐚𝐫.
#ကာကွယ်ဆေး #ကျန်းမာရေးဗဟုသုတ
24/04/2026
💁🏻♀️ ချစ်ရတဲ့ မိဘဘိုးဘွားတွေမှာ ဆီးချို၊ သွေးတိုးရှိနေရင် သားသမီးတိုင်းမှာ စိုးရိမ်စိတ်က အမြဲရှိနေတတ်တာ “သဘာဝ” ပါပဲ
အလုပ်တွေ ဘယ်လောက်ပဲများများ၊ ကိုယ်တိုင်က အဝေးရောက်နေလို့ပဲဖြစ်ဖြစ် မိဘတွေရဲ့ ကျန်းမာရေးကို နေ့စဉ်နဲ့အမျှ မျက်ခြေမပြတ် စောင့်ကြည့်ပေးနိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်ကူလှပါဘူး။ 🏥
အလုပ်တွေ အရမ်းများနေတဲ့နေ့မျိုးမှာ... နယ်က မိဘတွေဆီ ဖုန်းဆက်ဖို့ မေ့သွားတတ်ပေမယ့် -
"အဖေ သွေးတိုးနေလား" "အမေ ဆေးသောက်ပြီးပြီလား" ဆိုတဲ့ စိုးရိမ်စိတ်ကတော့ ရှိတတ်ကြပါတယ်
ကိုယ်တိုင် အနီးကပ် မစောင့်ရှောက်နိုင်တဲ့ အားနာစိတ်တွေကို 𝐀𝐥𝐥 𝐈𝐬 𝐖𝐞𝐥𝐥 က ဖြည့်ဆည်းပေးပါရစေ။ 📢
"ဆီးချိုနဲ့ သွေးတိုး" ဆိုတာ ဆရာဝန်နဲ့ တစ်လတစ်ကြိမ် ပြသရုံနဲ့ မလုံလောက်ဘဲ နေ့စဉ်နေထိုင်မှုပုံစံနဲ့ တိုင်းတာချက် (𝐃𝐚𝐭𝐚) တွေအပေါ် မူတည်ပြီး စနစ်တကျ ထိန်းညှိပေးဖို့ လိုအပ်တဲ့ ရောဂါမျိုးတွေ ဖြစ်ပါတယ်။
𝐀𝐥𝐥 𝐈𝐬 𝐖𝐞𝐥𝐥 (𝐇𝐞𝐚𝐥𝐭𝐡 & 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐇𝐮𝐛) မှာ -
✅ 𝐃𝐚𝐢𝐥𝐲 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠 (နေ့စဉ် စောင့်ကြည့်စစ်ဆေးခြင်း)
✅ 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐳𝐞𝐝 𝐅𝐨𝐥𝐥𝐨𝐰-𝐮𝐩 (တစ်ဦးချင်းအလိုက် မှတ်တမ်းတင်ခြင်း)
✅ 𝐃𝐫𝐮𝐠 𝐄𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞𝐧𝐞𝐬𝐬 𝐑𝐞𝐯𝐢𝐞𝐰 (သောက်ဆေးများ ထိရောက်မှု စစ်ဆေးခြင်း)
✅ 𝐃𝐚𝐢𝐥𝐲 𝐇𝐞𝐚𝐥𝐭𝐡 𝐑𝐞𝐜𝐨𝐫𝐝 (တိကျသော ဒေတာမှတ်တမ်း)
✅ 𝐄𝐦𝐞𝐫𝐠𝐞𝐧𝐜𝐲 𝐀𝐥𝐞𝐫𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 (အရေးပေါ် ကြိုတင်ပြင်ဆင်မှု)
ကျန်းမာရေးဒေတာတွေ တိကျနေမှ... သင့်ဆရာဝန်နဲ့ တိုင်ပင်တဲ့အခါမှာလည်း အထိရောက်ဆုံး ကုသမှုကို ရရှိမှာပါ ။
"အချိန်မရွေး နေရာမရွေး ကျန်းမာရေးအတွက်... 𝐀𝐋𝐋 𝐈𝐒 𝐖𝐄𝐋𝐋"
အသေးစိတ် သိရှိလိုပါက -
“ 🩺 “ 𝐀𝐋𝐋 𝐈𝐒 𝐖𝐄𝐋𝐋 “ 🩺 𝐇𝐞𝐚𝐥𝐭𝐡 & 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐇𝐮𝐛 “
☎️ 𝟎𝟗 𝟒𝟎𝟗𝟖𝟖𝟖𝟔𝟖𝟖 (𝐏𝐡𝐨𝐧𝐞 )
☎️ 𝟎𝟗 𝟒𝟎𝟗𝟖𝟖𝟖𝟔𝟖𝟖 (𝐕𝐢𝐛𝐞𝐫)
⏱️ 𝐂𝐥𝐢𝐧𝐢𝐜 𝐇𝐨𝐮𝐫𝐬 - (𝟗:𝟎𝟎 𝐀𝐌 - 𝟖:𝟎𝟎 𝐏𝐌 )
🪧 𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝐍𝐨. 𝟑𝟒, 𝐆𝐫𝐨𝐮𝐧𝐝 𝐟𝐥𝐨𝐨𝐫, 𝐓𝐡𝐢𝐫𝐢 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐲𝐚𝐲𝐧𝐢 𝐍𝐨𝐫𝐭𝐡 𝐐., 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧 𝟏𝟏𝟏𝟏𝟏, 𝐌𝐲𝐚𝐧𝐦𝐚𝐫.
#ကျန်းမာရေးဝန်ဆောင်မှုများ #ကျန်းမာခြင်း # #ဆီးချို #သွေးတိုး
Click here to claim your Sponsored Listing.
Category
Website
Address
No. (34), Ground Floor, Thiri Mingalar Street, Myayni North Quarter, Sanchaung Township
Yangon
11111
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 20:00 |
| Sunday | 09:00 - 20:00 |