N O T H I N G

N O T H I N G

Share

D e i t y

Photos from N O T H I N G's post 29/11/2021

ကံကောင်းတဲ့မိန်းကလေးဆိုတာ
ပိုက်ဆံချမ်းသာတဲ့သူနဲ့ တွဲရတာမျိုးလည်း မဟုတ်ဘူး
ရုပ်ချောတဲ့သူကို ရည်းစားတော်ရတာမျိုးလည်း မဟုတ်ဘူး

ကိုယ့်ဘေးမှာရှိတဲ့ ယောက်ျားတစ်ယောက်က
ကိုယ်ဘယ်လိုအချိန်မှာ ဘာကိုလိုအပ်နေတယ်ဆိုတာ
အလိုက်သတိနဲ့ ဖြည့်ဆည်းပေးတတ်တဲ့လူမျိုး ဖြစ်နေတာကိုမှ ကံကောင်းတယ်လို့ခေါ်တယ်

ကိုယ့်ဘေးကလူက ဘယ်လောက်ပဲ ပိုက်ဆံရှိပါစေ
ဘယ်လောက် ရုပ်ချောပါစေ
ဘယ်လောက် အမှားမလုပ်ပဲ မှန်ကန်နေပါစေ
ကိုယ့်အတွက် အသုံးမဝင်ဘူးမှန်း သိလာတဲ့အခါ
အရာရာက အလကားပဲ

ကြင်နာရကောင်းမှန်းမသိ ဂရုစိုက်ရကောင်းမှန်းမသိ
ကိုယ်တိုင်လည်း မချစ်ပြတတ်
သူများလာချစ်မှာလည်း မလိုလားဘူးဆိုတာမျိုးက
ကောက်ရိုးပုံ စောင့်တဲ့ ခွေးလိုပဲ

တကယ့်ယောက်ျားကောင်းဆိုတာ ကိုယ့်ချစ်သူကို
အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တတ်တဲ့
အားငယ်နေချိန်ဆို အားပေးပြီး ကြင်နာတတ်တဲ့ ယောက်ျားမျိုးကို ခေါ်တယ်

အလုပ်တွေ မအားမလပ်နိုင်အောင် ကြိုးစားနေရလို့ဆိုရင်တော့ တမျိုးပေါ့

ဒါတောင် ချစ်တတ် ကြင်နာတတ်တဲ့ ယောက်ျားက အားတဲ့အချိန်မှာ သတိတရနဲ့ ဘာလုပ်နေတယ် ဘယ်သွားနေတယ်ကအစ မေးစရာမလိုအောင် ပြောပြချင်စိတ် ရှိပြီးသား

မိန်းမတစ်ယောက်ရဲ့ ဝဋ်ကြွေးအကြီးဆုံး
အချိန်ဆိုတာ ကိုယ့်ကို မချစ်တတ် မကြင်နာတတ်
ဂရုမစိုက်တတ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ ဘေးမှာ ရှင်သန်နေထိုင်ရခြင်းပဲ

မင်းတို့မိန်းမတွေ ဘာမဟုတ်တာလေးကို ပုံကြီးချဲ့နေကြတယ်လို့ ထင်ချင်ထင်လိမ့်မယ်

ဒါပေမယ့် Relationship ရှိတဲ့ မိန်းမချင်းအတူတူ
သူများ ဂရုစိုက်ခံ ကြင်နာယုယခံနေရတာမြင်ရင်
ဥပေက္ခာပြုခံရတဲ့မိန်းမတွေ ဘယ်လောက် ဝမ်းနည်းရလဲဆိုတာ ခံစားဖူးတဲ့သူတိုင်း သိတယ်

မလိုအပ်ဘူးလို့ ကိုယ်ထင်တဲ့အရာတစ်ခု
အရေးမပါဘူးလို့ ကိုယ်ထင်တဲ့အရာတစ်ခုက
တဖက်သားအတွက် မရှိမဖြစ် လိုအပ်နေတတ်တယ်ဆိုတာ သတိထားပေးပါ

crd
#စာလွှာ

29/11/2021

ကိုယ်စကားတွေအများကြီး
တီတီတာတာနဲ့ပြောချင်တာဆိုလို့
မင်းပဲရှိတာမို့ ပစ်မထားလိုက်ပါနဲ့💜

29/11/2021

မမြတ်နိုး Post ကိုဖတ်ဖတ်ချင်းတုန်းက
ငါ့ရည်းစားကိုသာ အဲ့လိုလာစနှိုက်ရင် ဒုက္ခပဲလို့
အရင်တွေးမိပြီး စိတ်ပူသွားတာကွာ သိလား
ပြီးမှ ငါ့မှာ ရည်းစားမရှိတာ သတိရပြီး
စိတ်အေးသွားတာရယ်
Moral of the story: ရည်းစားထားရင် ပူလောင်ရ

crd

28/11/2021

ဝေးသွားမယ့်အကြောင်းတွေရှိရင် ဝေးမှာပဲတယ့်..

ဝေးမယ်ဆိုလည်း ကျနော့်အနားကပဲ
ဝေးမှာကို ပြောတာမလား❤

28/11/2021

ကိုယ့်ကြောင့်များ မတော်တဆ
သူ့ နှုတ်ခမ်းလေး မဲ့သွားခဲ့ရင်
ရာဇဝတ်မှုမြောက်နေမလားလို့
ဘုရားတမိတယ်....

crd

28/11/2021

ကိုယ်ဟာ တစ်ယောက်ယောက်ကိုချစ်ချင်တာလား
တစ်ယောက်ယောက်ကချစ်တာကိုခံချင်တာလားမကွဲဘူး
တစ်ခါတစ်လေ
ကိုယ်ကလည်းချစ်ပေးပီး ကိုယ့်ကိုလည်းပြန်ချစ်ပေးတာမျိုးလည်းလိုအပ်တယ်
ဘယ်လိုပုံစံဖြစ်ဖြစ် တစ်စုံတစ်ယောက်က ထားခဲ့လို့ ဝမ်းနည်းနေတယ့် ကောင်လေး ဆို ကျနော်ပဲဖြစ်နေခဲ့တာ
အချစ်စစ်တွေတကယ်ရှိတယ်ဆိုရင်
ကျနော်ကချစ်ပေးတယ့်သူပဲဖြစ်ပီး အချစ်ခံရတယ့်သူက
ကျနော်မဟုတ်တယ့်အခြားတစ်ယောက်ပါပဲ....❤

28/11/2021

အသစ်အဆန်းဆိုသိပ်မက်မောကြတာနော်
ချစ်သူသက်တမ်းကြာရင်
လူသစ်တွေ့တာနဲ့သာယာမက်မောချင်ကြတော့တာပဲ
ဘယ်အရာမှအမြဲတမ်းအသစ်ဖြစ်မနေဘူး
ဟောင်းသွားဦးမှာပဲ
ဒါကိုနားလည်ထားရင် ကိုယ်မြတ်နိုးတန်ဖိုးထားဖူးသူတစ်ယောက် ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်ပြီးသားလူတစ်ယောက်တည်းကိုပဲ တစ်နေ့ပြောင်းတိုင်းအသစ်ကပြန်စချစ်ချင်တာပဲ တခြားအသစ်အဆန်းတွေကခဏပါပဲ ဒါတွေလည်းရိုးသွားဦးမှာပဲဆိုတာကိုနားလည်ထားတဲ့အခါ ကိုယ်နဲ့ဆိုးတူကောင်းတူချစ်သူရည်းစားအပေါ် ဖောက်ပြန်ခြင်း သစ္စာမဲ့ခြင်းမျိုးကိုအလွယ်တကူစိတ်လိုက်မာန်ပါမလုပ်မိတော့ဘူး
“We’re still together and finally you’re mine”လို့ကြွေးကြော်နိုင်ဖို့အခက်ခဲတွေတော့အများကြီးဖြတ်ကျော်ရမှာပေါ့

crd

27/11/2021

ဟိုလူကချစ်သလိုလို ဒီလူကချစ်သလိုလိုနဲ့
တကယ်တမ်းကြ ဘယ်သူမှမချစ်ဘူး 😑

27/11/2021

ကိုယ့်အတွက်သီးသန့်မဟုရင်ဘယ်အရာမှမလိုချင်ဘူး🍀

27/11/2021

တစ်ယောက်နဲ့ တစ်ယောက် တွဲကြတဲ့အခါ
ဘယ်လိုသူတွေက ပိုမြဲလဲဆိုရင်
တစ်ယောက်ဒဏ်ကို တစ်ယောက်ခံပေးနိုင်တဲ့
အတွဲတွေက မြဲသွားကြတာပါပဲ။

ချစ်ခြင်းမေတ္တာတစ်ခုကို တည်ဆောက်တဲ့အခါမှာ
တစ်ယောက်နဲ့ တစ်ယောက်က သည်းခံနိုင်ဖို့ ပိုပြီး
လိုအပ်ဆုံးအရာပါပဲ။

ကိုယ်နဲ့ ချစ်နေတဲ့ တစ်ယောက်ဟာ
တစ်ခုခုဆို ခံစားလွယ်တဲ့သူ ၊ အတွေးလွန်တတ်တဲ့သူ
အချစ်ကြမ်းလွန်းတဲ့သူ ဖြစ်နေတယ်ဆိုရင် ပိုပြီးတော့ကို
နားလည်ပေးနိုင်မှကို ဖြစ်တာပါ ။

အချစ်ခံရတဲ့ဒဏ်ကိုမခံနိုင်တာတို့
ချုပ်ခြယ်တဲ့ဒဏ်ကို မခံနိုင်တာတို့ ၊
ရစ်တဲ့ဒဏ်ကို မခံနိုင်တာတို့ဆိုရင်
အဲ့ဒီ့အတွဲတွေဟာ အချိန်ကြာကြာ မတွဲနိုင်ကြဘူးရယ်။
ချက်ချင်းပြတ်တာပါပဲ။

တစ်ချို့တွေ ပြောတတ်ကြတဲ့
ကျွန်တော့် ဒဏ်ခံနိုင်မှ တွဲဆိုတဲ့ စကားတွေဟာ
တစ်ကယ်ရှိလို့ ပြောနေကြတာပါ။

တစ်စုံတစ်ယောက်ကို ချစ်တော့မယ်ဆိုရင်
သူ့ဒဏ်ကိုခံနိုင်မှ အဆင်ပြေပါမယ် ။

credit ခဲတံ

Photos from N O T H I N G's post 26/11/2021

ကဲ...အကွက်လေးတွေလှတယ်နော်
ဦးသူယူဟေ့.....🤤💖

25/11/2021

ပိုင်ရှင်ရှိမှန်းသိရင်
ရှေ့ဆက်မတိုးပါနဲ့ ကွာ
ဘာမှမဆိုင်တဲ့ မင်းတောင်လိုချင်နေရင်
ပိုင်ဆိုင်ထားတဲ့ငါက ဘယ်လောက်‌တောင်
မြတ်နိုးလိမ့်မလဲ☹💖

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon