Shwe Khant

Shwe Khant

Share

သဘာဝကို ချစ်မြတ်နိုးသူများအတွက်
'"လင်းလက်"'

Photos from လင်းလက်သဘာဝထုတ်ကုန်အမျိုးမျိုးဖြန့်ချိရေးပင်ရင်းနတ်မောက် ၂'s post 10/02/2025
Photos from Shwe Khant's post 03/02/2025

သွေးတွေ သန့်စင်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့စားသင့်တဲ့ #အစားအစာ(၇)မျိုး

ခန္ဓာကိုယ်က အလုပ်တွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ သွေးတွေကို လိုအပ်ပါတယ်။
သွေးမှာ ညစ်ပတ်တဲ့ သွေးရယ်လို့တော့ မရှိပါဘူး။ ဒါပေမယ့် သွေးဆဲလ်တွေ ကျန်းမာနေမှ သွေးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ကင်းမှာ ဖြစ်ပါတယ်။

ကျောက်ကပ်နဲ့ ဘေလုံးက သွေးတွေကို သန့်စင်ပေးဖို့ အဓိက တာဝန် ယူထားကြပြီး ဒီအစိတ်အပိုင်းတွေကနေ သွေးတွေကို အကောင်းဆုံး သန့်စင်ပေးနိုင်ဖို့ အစားအသောက် အနေအထိုင်တွေကနေ
တဆင့် အားဖြည့်ပေးလို့ ရပါတယ်။

သွေးတွေ သန့်စင်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာ တွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ဆိုရင်

✅✅✅သောက်ရေ

ရေက သဘာဝ အဆိပ်အတောက် ဖယ်ရှာပေးတဲ့အရာပါ။ ရေက ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပါတယ်။ အဆိပ်တွေကို ဆီးကနေတဆင့် စွန့်ထုတ်ပေးသလို ခန္ဓာကိုယ်အနှံ့ကို ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပို့ဆောင်ပေးပါသေးတယ်။

✅✅✅သံပုရာရည်

သံပုရာရည်က သွေးသန့်စေသလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ သံပုရည်မှာပါတဲ့ ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်သတ္တိရှိတာကြောင့် ဆဲလ်တွေကို ကျန်းမာစေပါတယ်။

သွေးထဲမှာ ဗိုင်းရပ်စ် အများစု မရှင်သန်နိုင်စေဖို့ လုပ်ဆာင်ပေးပြီး pathogens တွေကို ဖယ်ရှားပေးပါတယ်။ မနက်ခင်း အစားမစားခင် ရေနွေးထဲကို သံပုရည် ညှစ်ထည့်ပြီး သောက်ပေးတာက သွေးသန့်စေမှာပါ။

✅✅✅ပင်စိမ်း

ပင်စိမ်းက ဘက်တီးရီးယားကို တိုက်ဖျက်ပေးနိုင်သလို ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ပင်စိမ်းရဲ့ နောက်ထပ် အာနိသင်တစ်ခုက သွေးသန့်စေတာပါ။ အသည်းနဲ့ ကျောက်ကပ်က အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

ပင်စိမ်းက ဆီးကနေတဆင့် သွေးထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးပါတယ်။ ရေနွေးဆူဆူထဲကို ရေစင်အောင် ဆေးထားတဲ့ ပင်စိမ်းရွက် ၆ ရွက်ကနေ ၈ ရွက်လောက် ထည့်စိမ်ပြီး သောက်ပေးလို့ ရပါတယ်။

✅✅✅နနွင်း

နနွင်းက အနာကျက်စေနိုင်သလို သွေးတွေကိုလည် သန့်စင်ပေးနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။

နို့ပူပူတစ်ခွက်ထဲကို နနွင်း လက်ဖက်ရည်ဇွန်း တဝက်စာထည့်ပြီး သောက်ပေးလို့ ရပါတယ်။

✅✅✅ပန်းဂေါ်ဖီစိမ်း

ဗီတာမင် C၊ omega-3 fatty acids၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ phosphorus၊ မဂ္ဂနိစ်တို့ ကြွယ်ဝတဲ့ ပန်းဂေါ်ဖီစိမ်းကလည်း သွေးတွင်း အဆိပ်
အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။

✅✅✅ဘလူးဘယ်ရီ

ဘလူးဘယ်ရီသီးလေးတွေက သွေးသန့်ပေးသလို အသည်းကိုလည်း သန့်စင်ပေးပါတယ်။ အသည်းကင်ဆာဆဲလ်တွေ ဖြစ်မလာစေဖို့လည်း ဟန့်တားပေးပါတယ်။

✅✅✅ထန်းလျက်

ထန်းလျက်ကလည်း သွေးသန့်ပေးနိုင်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ သွေးကြောထဲက ‌သွေးထဲတွေကို ကူညီဖယ်ရှားပေးနိုင်တာကြောင့် သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။

ဒီအစားအစာတွေကတော့ သွေးသန့်စေတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

#သွေးသန့်စေတယ်ဆိုပေမဲ့ တန်ဆေး လွန်ဘေး ဖြစ်နိုင်တာကြောင့် အလွန်အကျွံ မစားဖို့တော့ လိုပါတယ်။

; မူရင်းရေးသားသူအားလေးစားလျက်
Crd
#လင်းလက်သဘာဝထုတ်ကုန်အမျိုးမျိုးလက်လီလက်ကားဖြန့်ချီရေး

Photos from Shwe Khant's post 03/02/2025

ဇန်နဝါရီလတစ်လလုံးရောင်းအားအကောင်းဆုံးအတွဲလေး
#ပျားမန်ကျည်းမျက်နှာသစ်ဆပ်ပြာ
#ဒန့်ဒလွန်မျက်နှာသစ်ဆပ်ပြာ

#ဆေးမြစုံအမှုန့်

#လင်းလက်သဘာဝထုတ်ကုန်အမျိုးမျိုးလက်လီလက်ကားဖြန့်ချီရေး

02/02/2025
25/01/2025

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေတွက်နိုင်တဲ့ ဘက်တီးရီးယားပိုးမွှားများ

ရောဂါပိုးမွှားအများစုက ပူနွေးစိုစွတ်တဲ့ နေရာကို သဘောကျပြီး သူတို့အတွက် အသက်ရှင်ရတာလည်း လွယ်ကူသလို အကောင်ရေ ပွားများရတာလည်း ပိုလွယ်ပါတယ်။

လက်အခြောက်ခံစက်ဟာ အပူ၊ အအေး ၂မျိုးလုံးဖြင့် လေမှုတ်ထုတ်ကာ လက်ကိုအခြောက်ခံဖို့ပဲ ဖြစ်ပါတယ်။

အဓိကပြဿနာက စက်ထဲမှာ ရှိနေတဲ့ ဖုန်မှုန့်တွေအပြင် အသုံးပြုသမျှ လူတိုင်းရဲ့ ရောဂါပိုးပေါင်းများစွာ၊ အပေါ့အလေးသွားပြီးလို့ ထွက်လာတဲ့ အနံ့အသက်နဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးပေါင်းများစွာ အထဲမှာ ခိုအောင်းနေပါတယ်။

• ဖျားနာခြင်း• ချောင်းဆိုးခြင်း
• နှာစေးခြင်း• အအေးမိတုပ်ကွေး
• ဗိုက်အောင့်ဗိုက်နာ • ဓာတ်မတည့်ခြင်း
• အသားယားယံစေခြင်း • ဝမ်းပျက်ဝမ်းလျှောအပြင် တခြားရောဂါပေါင်းများစွာကို ဖြစ်စေနိုင်တဲ့ ရောဂါပိုးမွှားတွေအပြင် မစင်ထဲမှာသာ တွေ့ရတတ်တဲ့ ပိုးမွှားတွေလည်း ပါနိုင်ပါတယ်။

⚠️⚠️⚠️လက်အခြောက်ခံစက်ကို အသုံးပြုတဲ့အခါ နဂို ဆပ်ပြာနဲ့ ရေနဲ့ သေချာဆေးထားပြီးသားလက်ပေါ်ကို ရောဂါပိုးတွေနဲ့ ပြည့်နှက်နေတဲ့ လေပြင်းတွေက အရှိန်ပြင်းပြင်းနဲ့ ဝင်လာပြီး လက်ပေါ်ကို ရေတွေကို ခြောက်စေကာ ရောဂါပိုးတွေက လက်ပေါ်မှာ ကျရောက်နိုင်ပါတယ်။

ဒီနေရာမှာ တစ်ခုပြောချင်တာက ရောဂါပိုးမွှားတွေသည် လေထဲမှာ အမြဲရှိနေနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ လူပေါင်းများစွာ ဝင်ထွက်သွားလာတဲ့အခါ သူတို့ ရှူသွင်းရှူထုတ်လိုက်တဲ့လေထဲမှာရော၊ အပြင်မသန့်ရှင်းတဲ့ လေထု၊ ဖုန်မှုန့်တွေဟာ ကိုယ့်အသားမှာ ကပ်ငြိနေနိုင်ပါတယ်။

⚠️⚠️⚠️ကွာသွားတာတစ်ခုက လက်အခြောက်ခံစက်တွေက ကိုယ့်လက်အရေပြားပေါ်ကို တိုက်ရိုက်ကျလာတဲ့အတွက် ပိုးကောင်ရေပေါင်းများစွာက တစ်ပါတည်း ကပ်ငြိလာတာဖြစ်ပြီး ကျန်တဲ့ အခြေအနေတွေကတော့ ကပ်ငြိခဲ့ရင်တောင်မှ ပိုးကောင် တစ်ကောင်၊ နှစ်ကောင်လောက်ပဲ ကပ်နိုင်ပါတယ်။

✅✅✅ဒါကြောင့် အများသုံးသန့်စင်ခန်းတွေ ဝင်ပြီး ပြန်ထွက်လာတဲ့အခါ လက်ကို ဆပ်ပြာနဲ့ ရေနဲ့ သေချာဆေးကြောပါ။ ရေစိုနေတဲ့ လက်ကို လက်အခြောက်ခံစက်အစား တစ်သျှူးနဲ့ပဲ သေချာသုတ်ပေးပါ။ ဒါက ပိုစိတ်ချရပြီး ဘေးကင်းပါတယ်။

အကယ်လို့ တစ်သျှူးမထားပေးထားဘူးဆိုရင်တော့ ဒီအတိုင်း ထွက်လာပါ။ ၂ မိနစ်လောက်နေရင် လက်ပေါ်က ရေတွေက သူ့ဘာသာခြောက်သွားပါလိမ့်မယ်။ ဒီကိစ္စကို သေချာလေး ဂရုစိုက်ဖို့ တိုက်တွန်းပေးလိုက်တယ်နော်။

ကျန်းမာရေးဗဟုသုတများ ရရှိစေရန် ဆေးအိမ်ကြီး ဆေးဆိုင်မှ တဆင့် ပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး

ဆေးအိမ်ကြီးဆေးဆိုင်မှ ရရှိနိုင်သော တိုင်းရင်းဆေးများကိုလည်း ဝင်ရောက်လေ့လာ မေးမြန်းနိုင်ပါတယ်နော်

; မူရင်း‌ေရးသားသူအား လေးစားလျက်
Crd
HelloSayarwon မှ ကူးယူဖော်ပြပါသည်။

https://hellosayarwon.com/healthy-habits/general-hygiene/hand-dryers-in-public-restrooms-are-bacteria-bombs/

22/01/2025

#ဝက်ခြံသမားများအတွက်လင်းလက်အာလူးမျက်နှာသစ်ဆပ်ပြာ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mingalardone
Yangon