May Oo A.lin.gar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Oo A.lin.gar, Beauty, cosmetic & personal care, Ysngon, Yangon.
ဒေါင်းမြီး set
Set လိုက်ရပါတယ်
ခွဲလိုချင်လည်းရပါတယ်
အရမ်းရောင်းရတဲ့ ကာတီးယားလေး ၁၅၀၀၀
06/05/2025
အရမ်းလှသောလေး 15000 ပါ
တခါဝယ် အမုန်းဝတ်
Stainless steel မို့ ရေ ချွေး chemical. Lotion ကြိုက်ရာထိ အရောင်မကျဘူး
ရေ ချွေး ဆပ်ပြာ လိုးရှင်း ကြိုက်ရာထိ daily ဝတ်တာတောင် နှစ်ချီခံတယ်နော်
26/01/2025
သကြားပါဝင်တဲ့အစားအစာ တစ်ခုခုကို စားလိုက်ရင် ယေဘုယျအနေနဲ့ လူကို စိတ်ပျော်ရွှင်စေတယ်လို့ အများက ယူဆကြပါတယ်။ မုန့်အချိုလေးစားရရင် ပျော်တယ်။ စိတ်က ကျေနပ်သွားတယ်ပေါ့။ ဒါက ဘာလို့လဲဆိုတော့ သကြားက ဦးနှောက်ထဲက Cerebral cortex မှာ သွားပြီး Reward system ကို လှုံ့ဆော် လိုက်လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့မကောင်းတဲ့အချက်က ဒီပျော်ရွှင်မှုကို လူကစွဲလမ်းသွားတယ်။ ဒါက ဒိုပါမင်း (Dopamine) စွဲလမ်းမှုတစ်ခုလိုပါပဲ။ ကိုယ်သဘောကျတဲ့အရာတစ်ခုကို လုပ်လိုက်ရင် လူကပျော်သွားတယ်။ ပြီးတော့ အဲ့ဒီအရာကို ခနခန ပြန်လုပ်ချင်လာတယ်။ ဒီလိုကနေ စွဲလမ်းမှုတစ်ခု (Sugar Craving) ဖြစ်လာပါတယ်။ သကြားပါတဲ့အချိုရည်အအေး တစ်နေ့တစ်ခွက် သောက်တဲ့သူက တစ်ရက်လောက်မသောက်ရရင် မနေနိုင်ဖြစ်လာ တယ်။
နောက်တစ်ခုက သကြားကို စားစားပြီးချင်းမှာတော့ ဗိုက်ပြည့်သွားတယ်၊ အားရှိသွားတယ်လို့ ခံစားရပေမယ့် နှစ်နာရီကြာပြီးတဲ့နောက်မှာတော့ အိပ်ချင်ငိုက်မြည်းလာတာတွေ၊ အချိုထပ်တောင့်တတာမျိုးတွေ ခံစား လာရတတ်ပါတယ်။ အဲ့လိုကနေ နောက်တစ်ခါ ထပ်ပြီး သကြားပါတဲ့အချိုမုန့်တစ်ခုခုကို ထပ်စားဖို့ အကြောင်း ပေါ်လာပြန်ပါတယ်။
ရေရှည်သကြားစားသုံးမှုများလာတဲ့အခါမှာ ဆိုးကျိုးများစွာ ဖြစ်လာနိုင်ပါတယ်။ သကြားဟာ သွေးကြော တွေကတဆင့် ခန္ဓာကိုယ်အနှံ့အပြားမှာ ဦးနှောက်ကနေပြီး ခြေဖျားအထိ သူမရောက်နိုင်တဲ့ နေရာမရှိပါဘူး။ သွေးကြောထဲမှာ သကြားတွေများလာပြီဆိုတာနဲ့ ခန္ဓာကိုယ်ကနေ Security System အနေနဲ့ အင်ဆူလင် (Insulin) ထွက်လာပါတယ်။ သကြားတွေကို သူက နေရာချပြီး သုံးစွဲပေးဖို့ စီစဉ်ပါတယ်။ ဦးနှောက်၊ ကြွက်သား တွေဆီကို သုံးစွဲဖို့ ပို့ပေးမယ်ပြီးရင် ပိုလျှံနေတာတွေကို အသည်းဆီပို့ပြီး ထရိုက်ဂလစ်စရိုက် (Triglyceride) အဆီအတွေအဖြစ်ပြောင်းကာ သိုလှောင်တာမျိုးတွေ လုပ်ပါတယ်။ ဒါကြောင့် အဝလွန်ခြင်းနဲ့ အသည်းအဆီဖုံးခြင်း တွေကလည်း သကြားနဲ့ ဆက်စပ်နေပါတယ်။
သကြားစားသုံးမှုလွန်ကဲလာရင် အင်ဆူလင်ကို ထုတ်ပေးရတဲ့ ပန်ကရိယက အလုပ်အလွန်အကျွံ လုပ်ရတဲ့အခါ အားနည်းလာပြီး အင်ဆူလင် ပုံမှန်မထုတ်ပေးနိုင်ရင် ခန္ဓာကိုယ်ရဲ့ ပုံမှန်စနစ်တွေကို ပျက်စီးသွား စေနိုင်ပါတယ်။ ပန်ကရိယက ပုံမှန်လုပ်ငန်းဆောင်တာအတိုင်းမလည်ပတ်နိုင်တော့တဲ့အခါ ဆီးချိုရောဂါအစပျိုး တာတွေ ဖြစ်လာနိုင်တယ်။ ဆီးချိုရောဂါရှိပြီးသားသူတွေမှာလည်း ပိုဆိုးလာတာတို့၊ ခြေလက်တွေ သွေးမလျှောက်ဘဲ ထုံကျဉ်တာ၊ ပုပ်သွားတာ (Gangrene)၊ ကျောက်ကပ်ပျက်စီးတာတွေအထိ ဖြစ်လာနိုင်ပါတယ်။ အင်ဆူလင်တွေရဲ့ အလုပ်လုပ်နိုင်စွမ်းကျဆင်းလာတဲ့အခါ (Insulin Resistance) သွေးထဲမှာ သကြားဓာတ်တွေကို ပိုလို့ များလာစေပါတယ်။ အဲဒီအခါ နောက်ဆက်တွဲတွေ ဖြစ်တဲ့ သွေးကြောတွေမှာ စုပုံပြီး သွေးကြောတွေ ကျဉ်းလာတယ်။ သွေးတိုးရောဂါကနေပြီး နှလုံးသွေးကြောကျဉ်းနဲ့ နှလုံးရောဂါအမျိုးမျိုးတွေ ဖြစ်ပြီး အဲဒီနောက် ဦးနှောက်က သွေးကြောလေးတွေပါ ပိတ်ဆိုခဲ့ရင် လေဖြတ်တာတွေဖြစ်နိုင်ပါတယ်။
သကြားဟာ သွားပိုးစားတာ၊ သွားကိုက်တာ၊ ကြွေလွှာတွေပျက်စီးတာအပြင် ဝက်ခြံဖြစ်လွယ်တာ ခန္ဓာကိုယ်ကို မြန်မြန်အိုမင်းရင့်ရော်စေတာ၊ အရိုးအဆစ်မြစ်တွေရောင်လာနာလာတာကနေ ကင်ဆာရောဂါတွေ အထိ ဖြစ်စေပါတယ်။ သကြားက မှတ်ဉာဏ်ကိုလည်း ထိခိုက်စေတဲ့အပြင် အော်ဇိုင်းမားရောဂါ၊ စိတ်ဓာတ်ကျခြင်း၊ လိင်မှုကိစ္စတွေမစွမ်းဆောင်နိုင်ခြင်း၊ အန္တရာယ်များပြီး ပြင်းထန်တဲ့အပြုအမူ (Violent behavior) တွေ ပြုမူ လာခြင်း စတဲ့ လက္ခဏာပေါင်း များစွာကို ဖြစ်စေနိုင်ပါတယ်။
စာတမ်းတစ်ခုမှာ ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေ သကြားစားသုံးမှုများခြင်းဟာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့အပြုအမူတွေဖြစ်တဲ့ အစားအသောက်အလွန်အမင်းစွဲလမ်းမှုကနေ မူးယစ်ဆေးစွဲလမ်းမှုအထိ ပြောင်းလဲလာနိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာမူမမှန်ခြင်းစတဲ့ သက်ရောက်မှုတွေရှိကြောင်း တင်ပြထားပြီး သကြား လျှော့ပြီး သုံးစွဲဖို့ ရေးသားထားတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ခုနစ်နှစ်က Tedx Talk တစ်ခုမှာလည်း အသက် ခုနစ်နှစ်အရွယ်ကတည်းက ဆီးချိုရောဂါအမျိုးအစားတစ်ကို ခံစားလာခဲ့ရပြီး Low Carb Diabetes Association ရဲ့ Founder တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဂျိုဒီ စတာနစ်လော ကလည်း ကြွက်တွေမှာလုပ်တဲ့ စမ်းသပ်စစ်ဆေးချက် တစ်ခုအရ အချိန်အကြာကြီး သကြားကိုစားသုံးခြင်းဟာ ကလေးဘဝမှာအလွဲသုံးစားပြုမူခံရခြင်း၊ နှိပ်စက်မှုဒဏ် ခံရခြင်းလောက်နီးပါး ဦးနှောက်ပျက်စီးမှုဒဏ် ခံစားရတယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ အသားအရေလှနေချင်ရင်၊ တစ်နေ့တာလုံး ကျန်းမာလန်းဆန်းပြီး အလုပ်လုပ်နိုင်ဖို့ဆိုရင်တော့ ခေါင်းအစခြေအဆုံး ဆိုးကျိုးများစွာပေးတဲ့ သကြားကို အတတ်နိုင်ဆုံးလျှော့ပြီးစားသုံးကြဖို့ အကြံပေးလိုပါတယ်။
References:
https://youtu.be/tic7X3ET4gE?si=oET09ljDj96I9pTJ
https://www.healthline.com/nutrition/too-much-sugar -qs
https://www.webmd.com/diabetes/features/how-sugar-affects-your-body
https://pmc.ncbi.nlm.nih.gov/articles/PMC9323357/
26/01/2025
SADOER ရဲ့ hair essence 5000
09/01/2025
Sunscream 9500
09/01/2025
နှုတ်ခမ်းခြောက်ပြီး ကွဲနေလို့
နှုတ်ခမ်းခြောက်ပြီးကွဲတာကို အင်္ဂလိပ်လို chapped lip လို့ခေါ်တယ်။ တချို့က cracked lip လို့လည်း သုံးတယ်။ ဆေးစာမှာတော့ cheilitis လို့ခေါ်တယ်။တကယ်တော့ နှုတ်ခမ်းရောင်ရာက ကွဲတာပါ။
နှုတ်ခမ်းကွဲတာ အစားအသောက် အနေအထိုင်နဲ့ ဆိုင်တယ်။ ရောဂါကြီး မဟုတ်ပေမယ့် ပြဿနာတော့ အတော်ပေးတယ်။ တချို့ကရာသီပေါ်လိုက်ပြီးဖြစ်တယ်။ ပူလွန်းအေးလွန်းတဲ့ရာသီမျိုး၊ခြောက်သွေ့ပြီးရေဓာတ်နည်းတဲ့ပတ်ဝန်းကျင်နဲ့ နေလောင်ဒဏ်ကြာင့် ဖြစ်တတ်တယ်။ အလေ့အကျင့်တခုခုရှိရင်ဖြစ်တယ်။ ဥပမာ (လျှာသတ်တတ်သူ၊ပါးစပ်နဲ့ အသက်ရှုသူတွေ)က သူများထက်ထူးဖြစ်တာ တွေ့တတ်တယ်။ အမျိုးသမီးတွေမှာ နှုတ်ခမ်းလိမ်းဆေးတွေနဲ့ဓာတ်မတဲ့တာကလည်းဖြစ်ကြတယ်။ရေဓာတ်နည်းတာ၊ အာဟာရဓာတ်ချို့တဲ့တာ၊အနာခွက်ပေါက်တာ၊အအေးမိတာတွေကနေလည်း နှုတ်ခမ်းကွဲတတ်သေးတယ်။
လက္ခဏာတွေက နှုတ်ခမ်းမျက်နှာပြင်ကကွဲလို့ နှုတ်ခမ်းကရဲပြီး နာတယ်။အလွှာသုံးလွှာကို ထိတယ်။ ပါးစပ်ဘေးပတ်လည်ကperioralskin ၊ နှုတ်ခမ်းစပ်က vermilion border နဲ့ နှုတ်ခမ်းအတွင်းသားlabialmucosa တွေမှာ ဖြစ်လေ့ရှိတယ်။ ခြောက်သွေ့ရုံမက ကွဲတဲ့နေရာမက သွေးယိုတတ်တယ်။ အငန်ပါတာက နှုတ်ခန်းအပြင်လွှာကို ခြောက်သွေ့စေတယ်။ အပူအစပ်စားရင် ပိုဆိုးဦးမယ်။ ရေခဲ၊ချောကလက် မစားပါနဲ့။
တခါတရံနှုတ်ခမ်းကွဲတာကရေဓာတ်ခမ်းခြောက်မှုလွန်ကဲတာ(Severe dehydration) ကြောင့်လည်းဖြစ်တတ်တယ်။ ရုတ်တရက် အဖျားကြီးတာ၊အပူဓာတ်လွန်ကဲတာ၊ဝမ်းသွားတာ၊သတိလစ်တာ၊မေ့မြောတာတွေနဲ့တွဲလာတတ်တယ်။အသက်အန္တရာယ်စိုးရိမ်ရလို့ ချက်ချင်းကုသသင့်တယ်။ ရောဂါတွေကလည်း နှုတ်ခမ်းကွဲတာကို ဖြစ်စေတယ်။အောက်ပါရောဂါတွေရှိမရှိ သတိပြုသင့်တယ်။
* Diabetes.
* Kawasaki Disease.
* Sjogren's Syndrome.
* Macrocytosis.
* Sexually transmitted diseases.
ဘာတွေဖြစ်မလဲ
မကုရင် ဘာဖြစ်မလဲနှုတ်ခမ်းကွဲတာကြာလာတာနဲ့ အပြင်လွှာက ပိုပျက်ဆီးလာတယ်။ အက်ကွဲကြောင်းတွေကနေ ဗက်တီးရီးယား၊မှိုပိုး စတာတွေဝင်လာရင် ကုသဖို့လိုတယ်။ ရေဓာတ်ခမ်းခြောက်မှုများရင် အမြန်ဆုံးကုပါ။ကြာရင် ကျောက်ကပ်ကိုထိခိုက်တာမျိုးဖြစ်နိုင်တယ်။
အကြံပြုချက်
(၁)ရေများများသောက်ပါ(နေ့စဉ် ရေခွက် ၈-၁၀ခွက်လောက်သောက်ပါ)။ရိုးရိုးရေပဲရွေးသောက်ပါ။
(၂)အများအားဖြင့် လိမ်းဆေးလိမ်းခိုင်းတယ်။ဆေးမလိမ်းခင် ပျက်ဆီးပြီး ကွဲနေတဲ့အရေပြားလွှာကို ခပ်ဖြညိးဖြည်းချင်း ခွါပြီးမှ ဆေးလိမ်းပါ။ သွေးထွက်အောင် မခွါပါနဲ့။
(၃) အစိုဓာတ်ထိန်းတဲ့လိမ်းဆေး vaseline or vitamin E or glycerin-based ointment ကိုအောက်ကခံပါ။ ဆေးတွေက ခြောက်သွေ့လွယ်လို့ ထပ်ကာထပ်ကာ လိမ်းပေးသင့်တယ်။
(၄)lip balm တွေလည်း သုံးလို့ရတယ်။ ဒီဆေးသုံးတဲ့အခါ သဘာဝပစ္စည်း beeswax, shea butter, coconut butter, almond oilပါတဲ့ဆေးတွေ ရွေးသုံးပါ။ လိုအပ်ရင် ထပ်လိမ်းပါ။
(၅) ပြီးမှအပေါ်က lip stick တထပ်ဆိုးသင့်တယ်။ သတိပြုရမှာက တချို့နှုတ်ခမ်းဆိုးဆေးတွေကလည်း နှုတ်ခမ်းကို ခြောက်သွေ့စေနိုင်တယ်။ နှုတ်ခမ်းဆိုးတဲ့အခါ အနံအရသာ ပါတာမျိုး ရှောင်ပါ။
(၆) သွားတိုက်ဆေးသုံးတဲ့အခါ ဖလိုရိုက်ပါတာတွေ ရှောင်သင့်တယ်။သူက နှုတ်ခမ်းခြောက်တာကို ပိုဆိုးစေတယ်။
(၇) သောက်ဆေးတွေထဲက ဗီတာမင် အေ၊ဘီတူး၊စီ၊အီးပါတာတွေ ရွေးသောက်ပါ။ vitamin B2 5-30mg နေ့စဉ်သောက်ပါ။ ဘေးထွက်ဆိုးကျိုး ဆီးဝါတာ ရှိနိုင်တယ်။
(၈)နှုတ်ခမ်း ပိုးဝင်တာရှိရင် တက်ထွာ ဆိုက်ကလင်း လိမ်းဆေး တနေ့ သုံးကြိမ် လိမ်းပေးပါ။
(၉) ဝမ်းချုပ်လွယ်သူတွေ ဝမ်းမှန်ပါစေ၊ လိုအပ်ရင် ဝမ်းပျော့ဆေး milk of magnesia (သို့) bisacodyl မျိုးထည့်သောက်ပါ။
နှုတ်ခမ်းကွဲရင် ရှောင်စရာတွေလဲရှိနေဦးမယ်
(၁)နှုတ်ခမ်းကိုက်တတ်တဲ့အကျင့်ရှိရင်ပြင်ပါ။နှုတ်ခမ်းကို လျှာနဲ့မသပ်နဲ့။ နှုတ်ခမ်းခြောက်မယ်။
(၂)အပူအစပ် အငန် လုံးဝရှောင်ပါ။ ပီကေမဝါးပါနဲ့။
(၃)နှုတ်ခမ်းဆိုးဆေးထဲမှာ propyl gallate ပါရင်မသုံးနဲ့။ ဓာတ်မတဲ့တာ အဓိကဖြစ်စေတဲ့ဓာတုဆေးတမျိုးဖြစ်တယ်။
(၄)သွားတိုက်ဆေးထဲမှာ အမြှုပ်ထစေတဲ့ sodium lauryl sulphateပါတာမျိုး မသုံးသင့်ဘူး၊ပြောင်းပါ။ အကောင်းဆုံးက fluoride free toothpaste ပဲသုံးပါ။
(၅)သွေးကျဆေး propranolol ရေရှည်သောက်ရင်လည်း နှုတ်ခမ်းကွဲတတ်သေးလို့ သတိပြုပါ။
(၆)ဖြစ်တာက တပတ်မက ကြာပြီးမသက်သာရင် ဆရာဝန်နဲ့ စနစ်တကျပြသင့်တယ်။ ရောဂါလား ပြဿနာလား ဆရာဝန်က ခွဲခြားပေးလိမ့်မယ်။ ရောဂါကြောင့်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆက်ကုသင့်တယ်။
ဒေါက်တာ အေးမင်းထူး
အရေပြားအထူးကုဆရာဝန်။
09/01/2025
အင်ပြင်ထခြင်း
လူငါးယောက်မှာ တစ်ယောက်ဟာ သူတို့ဘဝတစ်လျှောက် တစ်ကြိမ်မဟုတ် တစ်ကြိမ်ဆိုသလို အင်ပြင်ထတတ်ကြတယ်။ အင်ပြင်ထတယ်ဆိုတာ အရေပြားမှာ အဖုအပိန့်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ အင်ပြင်ထစေတဲ့အကြောင်းရင်း အမျိုးမျိုးရှိနိုင်တယ်။ ဓာတ်မတဲ့တာ၊အရက်သောက်တာ၊ စိတ်ဖိစီးမှု၊ ဆေးဝါး၊ အစားအသောက်နဲ့ ဆိုင်တတ်တယ်။အခွံမာသီး၊ ငါး၊ မြေပဲ၊ ကြက်ဥ၊ ပင်လယ်စာ စတာတွေ မတဲ့တာရှိနိုင်တယ်။
အင်ပြင်ထစေသော အကြောင်းရင်းများ
-အစားအသောက်
-ဆေးဝါး(penicillin, sulphur, asprin, ibuprofen)
-အင်းဆက်ပိုးမွှား
-ပတ်ဝန်းကျင်အပူချိန်ပြောင်းလဲခြင်း
-သွေးသွင်းခြင်း
- အိမ်မွေးတိရိစ္ဆာန်များ
- ပန်းဝတ်မှုန်၊ ရနံ့
လက္ခဏာရပ်များ
အင်ပြင်ရဲ့ လက္ခဏာတွေက အဖုအပိန့်၊ အဖီပြင်လိုက်ခြင်းက အရေးပါတယ်။ အဖုအပိန့်က ရဲတာ သို့မဟုတ် ယားယံတာရှိတယ်။ မျက်နှာရဲတာလည်း ရှိနိုင်တယ်။ အသားအရည် ခြောက်သွေ့တာ၊ ပူလောင်လာတာ စတဲ့ခံစားချက်မျိုး ရှိနိုင်တယ်။ အင်ပြင်သဘောက ခန္ဓာကိုယ်အနှံ့ နေရာမရွေး အချိန်မရွေး ဖြစ်နိုင်ပါတယ်။ အင်ပြင်ထွက်တဲ့ အဖုအပိန့် ပုံစံ တူညီချင်မှ တူညီလိမ့်မယ်။ ဖြစ်ပြီးရင် ပျောက်တာမြန်တယ်။ ပြန်ပေါ်တာလည်း မြန်တတ်တယ်။ အင်ပြင်လက္ခဏာရပ်ထဲမှာ ခြင်ကိုက်သလို အဖီထတာကို wheals လို့ သုံးတယ်။ လက်နဲ့ ဖိကြည့်လို့ အရောင်ဖျော့သွားတာ(blanching)ရှိရင် အင်ပြင်ထတယ်လို့ ယေဘုယျ ကောက်ချက်ချနိုင်တယ်။ ရှားရှားပါးပါး အင်ပြင်ကွက်ဟာ လချီ၊ နှစ်ချီပြီးကြာတာမျိုးလည်း ရှိနိုင်ပါတယ်။
အင်ပြင်အနီကွက်ထခြင်းဟာ အရေပြားပေါ်မှာရှိတဲ့ သွေးကြောတုံ့ပြန်မှုတစ်မျိုး ဖြစ်တယ်။ ဓာတ်မတဲ့တဲ့အခါ ယားယံဆဲလ်(mast cells)တွေကနေ ယားယံစေတဲ့ဓာတ် (histamine) တမျိုးထွက်လာပါတယ်။ ဒီဓာတ်က ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းကို ဖြစ်စေတယ်။ အဖီထစေတယ်။
အင်ပြင်ထတဲ့အခါ acute(ရက်တိုဖြစ်တာ) နဲ့ chronic(နာတာရှည်ဖြစ်တာ)ဆိုပြီးနှစ်မျိုးရှိတယ်။ ခြောက်ပတ်အတွင်း ရက်ပိုင်းဖြစ်တာကို acute urticariaလို့ ခေါ်ပါတယ်။ နာတာရှည် အင်ပြင်ဆိုတာ ခြောက်ပတ်ထက်ကျော်ပြီး နေ့စဉ်ဖြစ်ပေါ်တဲ့ လက္ခဏာရပ်မျိုးကို ခေါ်ပါတယ်။ နှစ်မျိုးစလုံးဟာ သာမန်လက္ခဏာကနေ အသက်ရှုကျပ်ပြီး လူ့အသက်ကို ထိခိုက်တာမျိုး ဖြစ်နိုင်တယ်။ ဒါ့ကြောင့် ဖြစ်လာရင် ဂရုစိုက်သင့်ပါတယ်။
တခါတရံ အင်ပြင်က အရေပြားဖောရောင်ခြင်း(angioedema) နဲ့ မှားတတ်ပါတယ်။ angioedema ဆိုတာ အရေပြားမျက်နှာပြင်အောက်ဆဲလ်တွေ ရောင်ရမ်းလာတာဖြစ်ပါတယ်။ အလာဂျီ၊ ဆေးဝါး၊ မွေးရာပါ အင်ဇိုင်းဓာတ်ချို့တဲ့တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ angioedemaရဲ့ လက္ခဏာတွေက လည်ပင်း၊ ခြေ၊လက်၊ မျက်လုံးနဲ့ ပါးစပ်တစ်ဝိုက်ရောင်ရမ်းလာတာ၊ အသက်ရှုကျပ်ပြီး အစာမျိုရခက်တာမျိုးကို ခေါ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်များရာကဖြစ်တဲ့ cholinergic urticaria (အင်ပြင်တစ်မျိုး) လည်း ရှိသေးတယ်။ တချို့က heat bump လို့လည်း ခေါ်တယ်။
အင်ပြင် ဟုတ်မဟုတ် သိဖို့ မခက်ပါဘူး။ ကျွမ်းကျင်ဆရာဝန်က အလွယ်တကူ ခန့်မှန်းသိရှိနိုင်ပါတယ်။ အင်ပြင်အများစုဟာ အစာမတဲ့ခြင်း (food allergy)တွေကြောင့် ဖြစ်တယ်။ မြေပဲ၊ ပုဇွန် မတဲ့သူက စားပြီး ချက်ချင်းဖြစ်လာတယ်။ နာတာရှည်အင်ပြင်ထတာ(chronic hives)မျိုးမှာ မျိုးရိုးနဲ့ အနေအထိုင်ကိုပါ စနစ်တကျမေးရတယ်။ ဥပမာ ခွေး၊ကြောင် စတဲ့ အိမ်မွေးတိရိစ္ဆာန်ရဲ့ အညစ်အကြေး၊အမှုန်အမွှားတွေက ဓာတ်မတဲ့ခြင်းကို ဖြစ်စေတယ်။
ကုသနည်း
အင်ပြင်ထလာရင် အလွယ်ကူဆုံး ရေအေးဝတ်ကပ်လို့ ရတယ်။ လိမ်းဆေးထဲမှာ မိတ်ထွက်ရင်သုံးတဲ့ Calamine lotion လိမ်းလို့ရတယ်။ ပူတာ၊ ယားယံနာကို သက်သာစေတယ်။ ယားယံဓာတ် အထွက်နည်းဖို့ antihistamine အမျိုးအစား အယားပျောက်ဆေး တမျိုးမျိုးသောက်သင့်တယ်။ burmeton, cetrizine, fexofenadine အစရှိတဲ့ဆေးဝါးတွေ သုံးစွဲနိုင်ပါတယ်။ နာတာရှည်အင်ပြင်အတွက် ketotifen (mast cell stabilizer) လို ဆေးမျိုး လိုပါတယ်။ အယားပျောက်ဆေးတွနဲ့ မသက်သာရင် အဲဒီထက်ပိုမြင့်တဲ့ အရောင်ကျဆေးတွေ သောက်သုံးရတယ်။ prednisolone, dexamethasone, hydrocortisone စတဲ့ဆေးတွေ သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး အမျိုးမျိုးကို အသုံးပြုရမယ်။ ဆိုးရွားပြင်းထန်တဲ့ အဆင့်မှာတော့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ မကုသရင် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်။
ဓာတ်မတဲ့သူ ရှောင်ရမည့် အစားအသောက်များ
-မြေပဲ
-ချောကလက်
-ကွကျဥအကာ
-အခွံမာသီးများ
-ဘယ်ရီသီး
-စတော်ဘယ်ရီသီး
-နာနတ်သီး
-ခရမ်းချဉ်သီး
-နို့နှင့် နို့ထွက်ပစ္စည်းများ
-အကြေးခွံပါငါး
-ပင်လယ်စာ
-အရက်၊ဘီယာ၊ဝိုင်
-အချဉ်ဖောက်ထားသော အစားအစာ
မှတ်ချက် - တယောက်နဲ့တယောက် အစားအသောက် ရှောင်ကျဉ်ရမှာတွေ မတူညီတာ သတိပြုပါ။ ဓာတ်မတဲ့သူ၊ အင်ပြင်ထတတ်သူတွေဟာ ကုသခြင်းထက် ကာကွယ်ခြင်းကို ပိုမိုအလေးပေးလုပ်ဆောင်သင့်တယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
09/01/2025
JM ရဲ့ booster toner ကတော့ လူတော်များများကြိုက်ကြတယ်
27500
09/01/2025
Tee tree ပါလို့ ဝက်ခြံသမားလည်း သုံးလို့ရ
၁၉၅၀၀
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Ysngon
Yangon