Miss Universe Nail art & Spa

Miss Universe Nail art & Spa

Share

Miss Universe Nail art & Spa
*Lady only*

Miss Universe Nail art & Spa ဆိုင်တွင်
-Nail art
-Manicure & Pedicure
-Spa (foot / hand /under arm/ body)
-Waxing (Foot / under arm)
-Oil massage (foot /body)
-Sauna
-Whiting Treatment (facial / body)

Photos from Miss Universe Nail art & Spa's post 05/08/2014

မတင်ဖြစ်တာကြာလို့မေ့နေမှာဆိုလို့....ပုံလေးတင်လိုက်ပါတယ်

Photos 28/07/2014

တစ်လ တစ်ကြိမ် မျက်နှာကို ဆေးကြောသင့်ပါတယ်

မျက်နှာ အသားအရေဟာ လူတစ်ယောက် အတွက် အရေးကြီးဆုံး ဖြစ်ပါတယ်။ ဒါ့ကြောင့် မည်သူမဆို မျက်နှာကို အလေးထား သင့်ပါတယ်။ ဆေးကြော တာက မိမိဘာသာ အိမ်မှာ မျက်နှာသစ်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ မျက်နှာ အကြော များကို နှိပ်နယ်ပေးခြင်း မျက်ရိုးများကို နှိပ်နှယ်ပေးခြင်း မျက်နှာ ပေါင်တင်ခြင်း စသည်တို့ကို ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ မိမိ အဆင်ပြေမယ့် ဆိုင် (သို့) အိမ်မှာဖြစ်ဖြစ် လုပ်ပေးနိုင် ပါတယ်။

ခဏခဏ မျက်နှာကို ဆေးကြောဖို့ မသင့်ပါဘူး။ မျက်နှာ အသား
အရေဟာ ပါးလွှာတဲ့ အတွက် ခဏခဏ ဆေးကြောပါက အသားအရေကို ပျက်စီးနိုင် ပါတယ်။ ဒါကြောင့် တစ်လ တစ်ကြိမ်လောက် ဆေးကြော ပေးခြင်းဖြင့် လုံလောက် ပါတယ်။

ဒီလို ဆေးကြော သန့်စင်ပေး လိုက်သည့် အတွက်ကြောင့် စိတ်ပေါ့ပါး လွတ်လပ်စေရုံသာမကဘဲ မိမိကိုယ်ကိုယ် ရုံကြည်မူပါ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ မျက်နှာနှင့် မျက်ရိုး တစ်ဝိုက်ကို နှိပ်နှယ် ပေးလိုက်ခြင်း ကလည်း ခန္ဓာကိုယ် အတွင်းပိုင်း အကြောတွေနဲ့ ဆက်စပ်နေလို့ သင့်ကျန်းမာရေးကို ထောက်အကူ ပြုစေမှာဖြစ် ပါတယ်။

လှပချင်သူပဲ ဖြစ်ဖြစ် ကျန်းမာရေး လိုက်စားသူပဲ ဖြစ်ဖြစ် လုပ်ပေး သင့်ပါတယ်။

လှပပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။

Ref - healthandbeauty
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Photos 28/07/2014

ခန္ဓာကိုယ်အတွက် ခွန်အားကို ဖြစ်စေနိုင်သော သဘာဝ အစားအစာများ

ခန္ဓာကိုယ်တွင် ခွန်အားများ မရှိဖြစ်နေမယ် ဆိုပါက ဆေးသောက်စရာ မလိုဘဲ သဘာဝက ပေးတဲ့ အစားအစာ တွေနဲ့ပဲ ခွန်အားပြည့်အောင် ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် ခွန်အားကို ဖြစ်စေနိုင်တဲ့ အစား အစာများကို ရေးသားလိုက် ရပါတယ်။

ပျားရည်

ပျားရည်ဟာ အနည်းငယ် မှီဝဲလိုက်ရုံဖြင့် ခွန်အားကို များစွာရရှိစေနိုင် ပါတယ်။ ဒါတင်မက သေးပါဘူး ချောင်းဆိုးခြင်း အစားမကြေ ခြင်းနှင့် အခြားသော ရောဂါတွေ အတွက်လည်း ကောင်းမွန် တာကြောင့် မှီဝဲသင့်တဲ့ ဆေးကောင်း တစ်လက် ဖြစ်ပါတယ်။

ကြက်ဥ

ကြက်ဥကတော့ လူတိုင်းသိပြီးသား ဖြစ်တဲ့ ခွန်အားဖြစ် အစားအစာတစ်မျိုး ဖြစ်တာမို့ စားသင့်ပါတယ်။

အားလူး

အာလူးဟာလည်း ခန္ဓာကိုယ်အတွက် ခွန်အားကို ရရှိစေနိုင်ပါတယ်။ အလုပ်ကြမ်း လုပ်နေသူများ အဖို့ အားလူးကို နေ့စဉ် မှီဝဲသင့်ပါတယ်။

ငှက်ပျော်သီး

ငှက်ပျော်သီးကတော့ ခွန်အားဖြစ် အသီးတစ်ခု ဖြစ်တဲ့အပြင် စားရတာလည်း လွယ်ကူစေပါတယ်။

ပန်းသီး

ပန်းသီးကလည်း ဆေးကောင်းတစ်လက် ဖြစ်ပါတယ်။ ကုပ်ကွေးရောဂါများ ဖြစ်လို့ အားအင်မရှိဘူးဆိုရင် ပန်းသီးကို စားပးပါက ခွန်အားရရှိစေနိုင်ပါတယ်။

Ref -healthnews
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

Amazing Tips for Beautiful Blush 28/07/2014

Amazing Tips for Beautiful Blush When it comes to a bright and pretty face, blush makes all the difference. But it can also really ruin a perfectly good makeup day. Use these tips to apply blush the right way and avoid looking like a clown.

27/07/2014

https://www.facebook.com/missuniversespa

Miss Universe Nail art & Spa Miss Universe Nail art & Spa
*Lady only*

Photos 26/07/2014

ဝက်ခြံအတွက် နည်းလမ်းကောင်း တစ်ခု

တကယ်ကောင်းပြီး ငွေကြေအကုန်အကျ သက်သာစေမှာမို့ မျှဝေပေးလိုက်ရ ပါတယ်။

အဲဒါကတော့ ဝက်ခြံများနှင့် အဖုများ စတာတွေကို ရှားစောင်း လက်ပပ်ကို အသုံးပြုပြီး
ကုသတာပဲ ဖြစ်ပါတယ်။ ရှားစောင်း လက်ပပ်၏ အနှစ်ရည်ကို လိမ်းပေးခြင်း အာဖြင့်
ဝက်ခြံများနှင့် အဖုများကို လျော့ပါး သက်သာ စေမှာဖြစ် ပါတယ်။

ဒါကြောင့် ဝက်ခြံပေါက်သူများ ပြုလုပ်ပေး ပါလို့ တိုက်တွန်းပါရစေ။

L.A. COLORS Cosmetics Myanmar

Photos 23/07/2014

အသားအရေကို ဆိုးကျိုးပေးသော အရာငါးမျိုး

၁။ အမူအကျင့်

တချို့ တွေက မျက်မှောင် ကျုံ့ကြည့်တာ၊ နဖူးကို တွန့်ကြုတ်တာ စတဲ့ အမူ အကျင့် လေးတွေ ရှိတတ် ပါတယ်။ ဒါ့အပြင် ညအိပ်တဲ့အခါ ဘေးစောင်း အိပ်တာက သင့်အသားအရေကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်း တွေ ပေါ်စေပါတယ်။

၂။ နေရောင်ခြည်

နေရောင်ခြည်ဟာ အသားအရေ အတွက်တော့ အဆိပ်အတောက်ပါပဲ။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီတွေက အရေပြား နုပျိုမှုကို ဖျက်ဆီးပေးတာတွေပါ။ ဝက်ခြံ၊ တင်းတိပ်နဲ့ နေလောင်ကွက်တွေ ကိုလည်း ဖြစ်ပေါ်စေပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်ကို မထိတွေ့တာ အကောင်းဆုံးပါ။ နေရောင်ထဲ မဖြစ်မနေ ထွက်ရမယ် ဆိုရင်တော့ နေရောင်ကာ ခရင်မ်လိမ်းပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။

၃။ အိပ်ရေး မဝခြင်း

အိပ်ရေး မဝတာကလည်း သင့်အရေပြား အတွက် ဆိုးကျိုး တစ်ခုပါပဲ။ အိပ်ရေး မဝတာကြောင့် အရေပြား အတွက် ကော်လာဂျင် ထုတ်လုပ်မှုကို နှောင့်နှေး စေပြီး အရေးကြောင်း ဖြစ်ပေါ် စေပါတယ်။ ပုံမှန် အိပ်ချိန်ရအောင် အိပ်စက်ပါ။

၎။ အချိုနှင့် အငန်ဓာတ်

အသားအရေ တင်းရင်းနေစေဖို့ အဓိက ထောက်ပံ့ ပေးနေတဲ့ အရာက ကော်လာဂျင် တွေပါ။ အချို၊ အငန်တွေ အစားများတာကြောင့် အရေပြားမှာ ရှိတဲ့ ကော်လာဂျင်တွေကို ပျက်စီး စေပါတယ်။ အချိုစာ၊ အငန်စာတွေက သင့် အရေပြား တင်းရင်းမှုကို ဖျက်ဆီးနေတဲ့ အဓိက တရားခံပါ။

၅။ လှုပ်ရှားမှု မရှိခြင်း

လှုပ်ရှားမှု မရှိတာကြောင့် သင့်ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှု မကောင်းနိုင် ပါဘူး။ သွေးလှည့် ပတ်မှု မကောင်းတဲ့အခါ အရေပြားမှာရှိတဲ့ ဆံခြည်မျှင် သွေးကြောလေးတွေဆီကို သွေးသွား လာမှု နည်းသွားစေပါတယ်။ ဒီလို သွေးလှည့်ပတ်မှု နည်းတာက အရေပြားဆီကို အစာ အာဟာရ ထောက်ပံ့မှု နည်းစေပြီး အရေပြားကျန်းမာရေးကို ထိခိုက်စေပါတယ်။ အရေပြား နုပျိုစေဖို့၊ ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက သင့်အရေပြားအတွက် အကျိုး ရှိစေပါတယ်။

BY GOOD HEALTH

Photos 23/07/2014

Drinking Water Hydrates the Skin

Water will keep the skin moist and supple, while also clearing out toxins. Keep your skin hydrated and healthy by drinking at least 8 glasses of water, if not more daily!

Proven Tips for Healthy & Younger Skin 23/07/2014

Proven Tips for Healthy & Younger Skin How to prevent premature aging and look your absolute best

DIY Beauty: 30 Things You Can Make at Home 23/07/2014

DIY Beauty: 30 Things You Can Make at Home You'll be surprised how many natural and effective makeup and beauty products you can easily make with household ingredients.

10 Intense Metallic Eye Looks 23/07/2014

10 Intense Metallic Eye Looks Looking for some makeup that have all eyes on you? Try one of these dramatic eye makeup looks for your next night out or social event.

Want your business to be the top-listed Nail Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No(37), Eaiksartaya Street, Kyauk Myaung Qtr, Tamwe Township
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00