Beauty & Health

Beauty & Health

Share

Be smart, Be healthy.

19/07/2024

" 𝟏𝟗 𝐉𝐔𝐋𝐘 "
19.07.2024 ရက်နေ့တွင်ကျရောက်သော (၇၇)နှစ်မြောက် "အာဇာနည်နေ့"

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
ခေတ်အဆက်ဆက်မြန်မာပြည်လွတ်လပ်ရေးအတွက် အသက် ချွေး သွေး ပေးဆပ်ခဲ့သောအာဇာနည်သူရဲကောင်း ရဟန်းရှင် လူအပေါင်းအားရိုသေလေးစားစွာ ဦးညွတ်ဂါဝရပြုပါသည်။

#အာဇာနည်နေ့
'_Day

28/09/2023

ဘယ်လိုအသားအရေပိုင်ရှင်မျိုးလဲ???

28/09/2023

အချိန်တိုင်းပျော်ရွှင်ချမ်းမြေ့စွာနေပါနော်…

28/09/2023

သူပြောမှပဲ😁🤪🤪🤣😂

28/09/2023

Collagen တွင်ပါဝင် Hyaluronic Acid ၏ကောင်းကျိုးများကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ....

1. အရေပြားရေဓာတ် : Hyaluronic acid သည် အစွမ်းထက်သော အစိုဓာတ်ကို ထိန်းညှိပေးသည့် ဓာတ်တစ်မျိုးဖြစ်ပြီး အစိုဓာတ်ကို ထိန်းညှိပေးသည်။ လိမ်းပေးခြင်းဖြင့် အသားအရေကို ရေဓာတ်ထိန်းပေးနိုင်ပြီး နုပျိုနေစေပါသည်။

2. အရေးအကြောင်းများနှင့် လိုင်းကောင်းခြင်းများကို လျှော့ချပေးသည်- အရေပြားအစိုဓာတ်ကို ထိန်းသိမ်းပေးခြင်းဖြင့် hyaluronic acid သည် အရေးအကြောင်းများနှင့် လိုင်းကောင်းများကို လျော့ပါးစေပြီး အသားအရေကို ချောမွေ့စေပါသည်။

3. အသားအရည် ပျော့ပျောင်းမှုကို မြှင့်တင်ပေးသည်- ၎င်းသည် အရေပြားတင်းရင်းမှုနှင့် တင်းမာမှုကို ထိန်းသိမ်းရန်အတွက် အရေးကြီးသော ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးသည်။ ဒါက ပိုပြီးနုပျိုတဲ့ အသားအရေကို ရရှိစေနိုင်ပါတယ်။

4. Wound Healing: Hyaluronic acid သည် တစ်သျှူးများ ပြုပြင်ခြင်းနှင့် ပြန်လည်ရှင်သန်ခြင်းကို ကူညီပေးခြင်းဖြင့် ဒဏ်ရာများ ပျောက်ကင်းစေရန် ကူညီပေးပါသည်။

5. အဆစ်ကျန်းမာရေး- ဆေးဘက်ဆိုင်ရာအခြေအနေများတွင် hyaluronic acid ထိုးခြင်းကို အဆစ်များကို ချောဆီစေပြီး အရိုးအဆစ်ရောင်ခြင်းကဲ့သို့ အခြေအနေများတွင် နာကျင်မှုကို သက်သာစေရန် အသုံးပြုသည်။

6. Anti-Inflammatory: ၎င်းတွင် ရောင်ရမ်းမှုကို ဆန့်ကျင်သည့် ဂုဏ်သတ္တိများ ပါ၀င်ပြီး ယားယံနေသော အသားအရေကို သက်သာ ပျောက်ကင်းစေပါသည်။

7. ကျိန်းစပ်ခြင်းမရှိသော- Hyaluronic acid သည် အရေပြားအမျိုးအစားအများစုတွင် ယေဘုယျအားဖြင့် ကောင်းစွာခံနိုင်ရည်ရှိပြီး ယားယံမှုဖြစ်စေရန် မဖြစ်နိုင်ပေ။

8. Antioxidant Protection: ၎င်း၏ Antioxidant ဂုဏ်သတ္တိကြောင့် UV rays နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကြောင့် ဖြစ်ပေါ်လာသော ဓာတ်တိုးပျက်စီးမှုများမှ အရေပြားကို ကာကွယ်ပေးနိုင်သည်။

9. လိုက်ဖက်ညီမှု- ၎င်းကို အခြားသော အသားအရေထိန်းသိမ်းမှုဆိုင်ရာ ပါဝင်ပစ္စည်းများနှင့် ထုတ်ကုန်များနှင့် တွဲဖက်အသုံးပြုနိုင်ပြီး ၎င်းကို အသားအရေထိန်းသိမ်းမှုလုပ်ရိုးလုပ်စဉ်များတွင် စွယ်စုံရဖြစ်စေသည်။

ဤအကျိုးကျေးဇူးများသည် hyaluronic acid သည် အသားအရေထိန်းသိမ်းမှုနှင့် အရိုးအဆစ်ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်များတွင် ရေပန်းစားပြီး ထိရောက်သောပါဝင်ပစ္စည်းဖြစ်လာစေသည်။

14/05/2023

အ​ရေးကြုံကေ ဆက်သွယ်လို့ရအောင်ပါ Arakan Rescue Network 🚑
အရပ်ဖက် အခမဲ့လူနာတင်ယာဉ်များကွန်ယက်
ရခိုင်ပြည်မြောက်ပိုင်း မြို့နယ်အလိုက် အရေးပေါ် ဆက်သွယ်ရန် ဖုန်းနံပါတ်များစုစည်းမှု

၁။ မောင်တောမြို့
အသင်းအမည် - KRN (Since-2018)
မောင်တောမြို့နယ် ကရုဏာကွန်ရက်
Karuna Rescue Network,Maungdaw
☎️- 09450559011/ 09250242566 / 09421724020 / 09892527974
https://www.facebook.com/maungdawhealth/

၂။ ဘူးသီးတောင်မြို့
အသင်းအမည်-
WDAB (Since-2016)
အနောက်တံခါးလူမှုကူညီကယ်ဆယ်ရေအသင်း
Western Door Rescure
Association,Buthidaung
☎09444237366,09250453511
☎ 09423144689
https://www.facebook.com/WDAB-Emergency-Service-1197632806945013/

၃။ ဘူးသီးတောင်မြို့
အသင်းအမည်-ရွှေဘူးသီး ပရဟိတအသင်း
ဆက်သွယ်ရန်ဖုန်းနံပါတ်များ -
📞09 454 915 800
📞09 421 702 224
📞09 264 918 290
📞09 250 760 664
📞09 263 111 200
📞09 451 216 133

https://www.facebook.com/103878008700801/posts/134480255640576/

၄။ စစ်တွေမြို့
ရွှေကရုဏာဖေါင်ဒေးရှင်း
☎09254032849,09421742424
☎ 09254033646
https://www.facebook.com/shwe.keruna

၅။ စစ်တွေမြို့
အသင်းအမည်-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
☎ဆက်သွယ်ရန်☎
📞09421712136📞
📞09755866100📞 (ရုံးဖုန်း)
📞09421765245📞
📞09261652117📞 (သွေးတာဝန်ခံ)
📞09668598083📞 (ရေတာဝန်ခံ)
📞09261853694📞 (oxygen တာဝန်ခံ)
https://www.facebook.com/104410934280813/posts/628258428562725/

၆။ ပုဏ္ဏားကျွန်းမြို့
အသင်းအမည် (PDYO)
Ponnagyun Development Youth Organization
☎09421746797,09422383826
☎09422383817,09422383827 https://www.facebook.com/pngdevyouth/

၇။ ကျောက်တော်မြို့
အသင်းအမည်-
ဖြူစင်မေတ္တာပရဟိတအသင်း
☎09261648068,09261071938, 09421734353
☎09259786025,09253075710 https://www.facebook.com/profile.php?id=100060181620952&mibextid=ZbWKwL

၈။ မြောက်ဦးမြို့
အသင်းအမည်-
ကရုဏာလှိုင်းသွေးအလှူရှင်များအသင်း
☎09250830644,09260259115
https://www.facebook.com/580917072050244/

ဖုန်းနံပါတ်များ Update မဖြစ်ပါက Comment တွင်ဖြည့်စွပေးနိုင်ပါသည်။

သင်၏ Share ဖြင့် အသက်ကယ်ပါ ၊ ကုသိုလ်ယူပါ ။
Source - WDAB
(ကရုဏာ- သတင်းနှင့်ပြန်ကြားရေး)
☎️ - 09421762178

ကရုဏာလှိုင်း သွေးအလှူရှင်များအသင်း မြောက်ဦးမြို့၊ရခိုင်ပြည်နယ် Interest

13/02/2023

ဖေဖော်ဝါရီ ၁၃ ရက်နေ့ မှာကျရောက်သော နိုင်ငံ့ဖခင်ကြီး မွေးနေ့မှာ အားလုံးကျန်းမာကြပါစေလို့ ဆုတောင်းပေးပါတယ်

06/09/2022

ကိုယ့်ရဲ့စွမ်းဆောင်ရည်အမြင့်ဆုံးရဖို့ အချစ်နဲ့ထိတွေ့လိုက်ပါ။

ချစ်ခြင်းမေတ္တာဟာ လူသားတစ်ယောက်အတွက် အရေးကြီးပါတယ်။ ချစ်ခြင်းမေတ္တာဟာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို များစွာသက်ရောက်မှုရှိပါတယ်။ လူတစ်ယောက်ရဲ့ဘဝဟာ ချစ်ခြင်းမေတ္တာကြောင့် အများကြီးပြောင်းလဲသွားနိုင်ပါတယ်။

ချစ်ခြင်းမေတ္တာလို့ပြောလိုက်ရင် လူတွေက မိန်းမနဲ့ယောကျ်ားတို့ကြားကအချစ်အကြောင်းကိုပဲမြင်တတ်ကြပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာ ချစ်သူရည်းစား၊ အိမ်ထောင်သည်တွေကြားမှမဟုတ်ပါဘူး၊ မိဘနဲ့သားသမီး သူငယ်ချင်းမိတ်ဆွေတွေကြားမှာလည်း ရှိပါတယ်။

ဒီတော့ ချစ်ခြင်းမေတ္တာဟာ ကျွန်တော်တို့အပေါ်ဘယ်လိုသက်ရောက်မှုရှိနေလဲဆိုတာကြည့်လိုက်ကြရအောင်။

ချစ်ခြင်းမေတ္တာဟာ လူတစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာအပေါ်သက်ရောက်မှုကြီးမားပါတယ်။ အချစ်ကြောင့် လူတစ်ယောက်ရဲ့ဘဝတစ်ခုလုံးပြောင်းလဲသွားနိုင်ပါတယ်။

ပုံမှန်အားဖြင့် ချစ်ခြင်းမေတ္တာဟာ စိတ်ဖိစီးမှုကိူလျော့ကျစေပါတယ်။ လူတစ်ယောက်ဟာ တစ်ချိန်မဟုတ်တစ်ချိန်မှာ စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုနဲ့ကြုံတွေ့ရမှာပါပဲ။ အဲ့လိုအခြေအနေမျိုးကြုံလာရပြီဆိုရင် က်ုယ့်ကို စိတ်ပိုင်းဆိုင်ရာအရအားပေးမယ့်သူတွေရှိဖို့လိုအပ်ပါတယ်။

ဒါ့ပြင် ချစ်ခြင်းမေတ္တာကြောင့် ခန္ဓာကိုယ်ကအောက်ဆီတိုစင်(oxytocin)၊ ဒိုပါမင်း(dopamine) နဲ့ ဆီရိုတိုနင်(serotonin) စတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။ အဲဒီဟော်မုန်းတွေက လူတစ်ယောက်ရဲ့စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှူတွေကိုလျော့ကျစေပါတယ်။

လေ့လာချက်တွေက ချစ်ခြင်းမေတ္တာဟာ ခန္ဓာကိုယ်ကျန်းမာရေးအပေါ်ကိုလည်း သက်ရောက်မှုရှိပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်တာက လူတစ်ယောက်ကိုအသက်ရှည်စေနိုင်ပါတယ်။ အထီးကျန်နေတဲ့လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ ပုံမှန်လူတွေထက် ပ်ိုမိုဆိုးရွားနိုင်ပါတယ်။

မိဘ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေကြား ကောင်းမွန်တဲ့ relationship တစ်ခုပိုင်ဆိုင်ထားတာက ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေပါတယ်။ ကိုယ့်ကိုဂရုစိုက်မယ့်လူတွေကြောင့် စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးက ပိုမိုကောင်းမွန်လာမှာပါ။

ကျွန်တော်တိူ့လူသားတွေဟာ ပေါင်းသင်းဆက်ဆံရေးသတ္တဝါတွေဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ relationship တွေ တည်ဆောက်ဝန်းရံထားတဲ့အခါမှာ ကျွန်တော်တို့ရဲ့ အလုပ်တွေကို အကောင်းဆုံးစွမ်းဆောင်ရည်နဲ့လုပ်ဆောင်လာနိုင်မှာပါ။

ကိုယ့်ရဲ့ Best Version ကို တည်ဆောက်လိုက်ပါ။
Dr. Thuta

28/07/2022
19/07/2022

ယနေ့ ဇူလိုင်လ (၁၉)ရက်နေ့
၇၅ နှစ်မြောက်အာဇာနည်နေ့တွင်
ကျဆုံးသွားလေပြီးသော အာဇာ‌နည်ခေါင်းဆောင်ကြီးများအားလုံးအား ယနေ့ထက်တိုင် အောက်မေ့သတိရလွမ်းဆွတ်ကာ ဂါရဝပြုလိုက်ရပါသည်။

#၁၉ဇူလိုင်မမေ့နိုင် 🥀

&health

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 7, 4th Floor, Padonmar, Sanchaung
Yangon
951