KHON
KHON by Paing TaKhon.
လုံအောင် ခြုံထားတဲ့ စောင်လေးမို့
ရာသီပြောင်းမှာ မစိုးရိမ်ဘူး။
ဒီလိုချစ်ခြင်းမေတ္တာဆိုတာမျိုးက
သူကိုင်ထားတဲ့ ကော်ဖီခွက်လေးမှာတောင်
နှလုံးသားတွေက တဆတ်ဆတ်နွေးနေရတုန်းပဲ ..
#ပိုင်တံခွန်
အမှန်တရားတွေ
နေကြတ်နေတဲ့
ခဏမှာ
ပြန်ပေးဆွဲခံရတဲ့
အနာဂတ် . . .
ဝေးကွာခြင်းက ကျွန်တော်တို့ကို
အကြွေစေ့လေးရဲ့ ခေါင်း နဲ့ ပန်းလို
နီးစပ်နေပေမယ့် . . .
မတွေ့ရရှာဘူး
ဒါပေမယ့် . . .
အဲဒီအကြွေစေ့လေးလို
ခေါင်း နဲ့ ပန်း
ကျောချင်းကပ်မိလို့လည်း
တန်ဖိုးရှိနေတာထင်ပါရဲ့ ။
#ပိုင်တံခွန်
📝 16 . 10. 2021
🕯
အလင်းအတွက်
ငိုခဲ့ရတဲ့
မျက်ရည်စက် . . .
တစ တစ
ပေးဆပ်ရတဲ့
ပျော်ရွှင်မှု . . .
အသက်နဲ့
လောင်းကြေးထပ်ရတဲ့
ပါရမီဖြည့်ဖက် . . .
#ပိုင်တံခွန်
လက်စားချေခြင်းဆိုတာ
စိတ်ကူးထဲမှာ အကြိမ်ကြိမ်သွေးနေတဲ့
ဓားတွေ …
အသက်တွေကို
အထပ်ထပ် နှုတ်ယူတတ်တဲ့ ဓားသွားတွေကို
သိမ်းဆည်းရတာက
လူ့စိတ် …
#ခွင့်လွှတ်ခြင်း
#ပိုင်တံခွန်
အလွမ်းတွေ
သိမ်းဆည်းထားရတာ
မစွန့်လွှတ်နိုင်တဲ့
လောဘ …
လိုချင် တပ်မက်မှုမှာ
ပုထုဇဉ်ဟာ
အသားမကျ …
#ပိုင်တံခွန်
မင်း အသက်ရှူသံလေးတောင် ငါမကြားရတော့ဘူး
အမှန်မမြင်နိုင်တဲ့ ငါ့နှလုံးသားက
မင်းရှိနေသေးတယ်ဆိုတာ တဖွဖွပြောနေတုန်း …
မင်းကတိမတည်ခဲ့ဘူး။
ငါပိုင်ဆိုင်တဲ့ မျက်လုံးလေးတောင်
ဝမ်းနည်းအောင် လုပ်ရက်တယ်
#မင်းကတိမတည်ခဲ့ဘူး
#ပိုင်တံခွန်
18/05/2022
🖤
အလွမ်းတွေကို အဆက်မပြတ်
သွယ်တန်းထားပေမယ့် ….
ခလုတ်တွေက ဆက်သွယ်မှု ဧရိယာပြင်ပ
အိပ်မက်တွေ တောင်လိုပုံနေတဲ့ အခန်းမှာ
အအိပ် မက်ရင်း
ပစ္စုပ္ပန်တွေသာ အရွယ်ရောက်လာခဲ့ …
#ပိုင်တံခွန်
ချည်နှောင်မှုမှာ
သံယောဇဉ်ဆိုတာ
အသွားတုံးတဲ့ ဓား။
အကြိမ်ကြိမ် ခုတ်ချပေမယ့်
အဖန်ဖန် ရှင်သန်ဆဲပဲ ….
#ပိုင်တံခွန်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
11081